Sunday, August 26, 2012

ရုပ်ရှင်လောကမှာ လွတ်လပ်ခွင့်တွေ ရလာတဲ့အတွက် ဝမ်းသာပါတယ် ခိုင်နှင်းဝေ

အခုအနုပညာ လှုပ်ရှားမှုတွေမှာ လွတ်လပ်ခွင့်တွေ ရလာပြီဆိုတော့ စုန်းကားတွေ သရဲကားတွေ ရိုက်ကြတယ်။ ပရိသတ်တွေက မြန်မာ သရုပ်ဆောင်တွေ လုပ်တာကို မကြည့်ခဲ့ရဘူး။ 

ဒီလိုကားတွေဆိုရင် နိုင်ငံခြားမင်းသား၊ မင်းသမီးတွေပဲ လုပ်နိုင်တယ်လို့ ပရိသတ်က ထင်ပြီး အင်္ဂလိပ် ကားတွေပဲ ကြည့်ကြတယ်။ မြန်မာ မင်းသမီးတွေလည်း ဒီလို ကာရိုက်တာလေး လုပ်ခွင့်ရရင် လုပ်နိုင် တယ်။ လုပ်ပြခွင့်ရတယ်ဆိုတဲ့အတွက် ဝမ်းသာပါတယ်။

လုပ်ခွင့်ရတော့ ဒါရိုက်တာတွေလည်း ဇာတ်တွေရှာတယ်။ သရုပ်ဆောင်တွေကလည်း ဇာတ်ပေါင်းစုံ ရိုက်ရတဲ့ အတွက် အနုပညာ လုပ်ငန်းက ပိုကောင်းမွန်ပြီး တိုးတက်လာတာပေါ့။ ဒါရိုက်တာတွေက ဇာတ်ကို တကယ်ပီပြင်အောင် သင်ပေးသလို ကိုယ်တိုင်ကလည်း ဇာတ်ရဲ့ ကာရိုက်တာကို လိုတိုးပိုလျှော့ လုပ်ရတယ်။ ဒါရိုက်တာကလည်း လိုက်ထိန်းပြီး ပြောတယ်။ ကိုယ်တိုင် စာအုပ်တွေ ဖတ်ရ တယ်။ လေ့လာ ရတယ်။

ဗီဒီယိုကားတွေဆိုလည်း မြန်မာကားရော နိုင်ငံခြားကားရော အကုန်ကြည့်ပြီး လုပ်ရ တယ်။ လေ့လာ ရတယ်။ မိတ်ကပ်ဆိုရင် သရဲဆိုလည်း သရဲပုံစံ၊ စုန်းဆိုလည်း စုန်းပုံစံ ပီပြင်အောင် မိတ်ကပ်ဆရာတွေနဲ့ တိုင်ပင်တယ်။ တကယ်တော်တဲ့ ဖန်တီးရှင်တွေနဲ့ တိုင်ပင်တယ်။

သူတို့က လိုက်ပြီး ပြင်ဆင်ပေးတယ်။ ရုပ်ချိန်းလိုက်တာနဲ့ ထားရမယ့်စိတ် (Mood) ပါ ပြောင်းသွားတာပါပဲ။ ရုပ်ရှင်လောကမှာ လွတ်လပ်ခွင့်ရလာတဲ့ အတွက် ပျော်ရွှင်ပါတယ်။ ဝမ်းသာမိပါတယ်။

အင်းးး အင်းး။

1 comment:

  1. တစ်ကယ်လို့  အနုပညာလွတ်လပ်ခွင့်ဟာ ယဉ်ကျေးမှူ့ ကို ယိုယွင်းစေနိုင်
    တယ် ဆို၇င်ကော အနုပညာလွတ်လပ်ခွင့်ကို ထိမ်းသိမ်းသင့်သလားးးးးး

    ReplyDelete