Monday, July 16, 2012

စစ်တွေမြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့်အတူ လူသတ်လက်နက်မျိုးစုံတို့အားဖမ်းဆီးမိပြန်


Written by သဇင်ဥ    Monday, 16 July 2012 15:29    PDF Print E-mail
Sittweစစ်တွေမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ ၂၉ ဦးနှင့်အတူ လူသတ်လက်နက်မျိုးစုံတို့အား သက်ဆိုင်ရာမှ သောကြာနေ့က ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ယင်းဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်နယ်စပ်လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဦးထိန်လင်းက စနေနေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ၊ ရခိုင်ပြည်နယ် အစိုးရပြန်ကြားရေးအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုပေါက်စက အခုလိုရှင်းပြသည်။

အဆိုတော်ရန်ရန်ချန်း ဘာသာရေး တိုက်ခိုက်မှုမပြုလုပ်ခဲ့ဟုငြင်းဆို


ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်းက လူမှုရေးကွန်ယက် ဖေ့(စ်) ဘွတ်များ၌ ဘာသာရေးတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ လူမျိုးအရေးကိစ္စနှင့် စပ်လျဉ်း သည့်စာများကို ၄င်းပုံနှင့် တကွတွဲဖက်၍ အင်တာနက် စာမျက်နှာများ၌ ဇူလိုင် ၁၄ရက်နေ့ က စ၍ဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး ၄င်းက ငြင်းဆို လိုက် ခြင်းဖြစ်သည်။

“ကျွန်တော့် သူငယ်ချင်း နေဘုန်းလတ်အကျဉ်း ကမလွတ်ခင် တုန်းက နေဘုန်းလတ်နာမည်ကိုလက်ဝါးမှာရေးခဲ့ကြတဲ့ ဓာတ်ပုံတွေကို သူတို့  က ကွန်ပြူတာနဲ့ပြန်ပြင်ပြီး လုပ်ထားကြတာပါ။ ဘာသာရေး အဓိကရုဏ်းဖြစ်ဖို့ အဓိက သူတို့ ကလုပ်နေကြတာပါ။ ကျွန်တော်လုပ်တယ်ဆိုတာ မယုံကြည်ကြဖို့ ပါ။” ဟု ၄င်းကဆက်ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင် (၁၆) ရက်နေ့ နေ့ လည်(၁)နာရီတွင် Park Royal Hotel မှာပြုလုပ်တဲ့ဂီတအလွှာသစ်သတင်းစာ ရှင်းလင်းပွဲ မှာလည်းသတင်းသမားတချို့ အားရှင်းလင်းအသိပေးခဲ့သေး၏။

တရားမ၀င် ကျွန်းသစ်တံခါး ၁၃ တန်ဖမ်းမိသော်လည်း အရေးမယူပါ (မိုးမခပေးစာ)

သက်ဦးမောင်
ဇူလိုင် ၁၆၊ ၂၀၁၂
 လာဘ်ပေး လာဘ်ယူ ပပျောက်ရေးဥပဒေကြမ်းထွက်ပေါ်လာတဲ့အတွက် ဟင်္သာတမြို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆင့်ဆင့်ဖြစ်သော ခရိုင်ရဲ တပ်ဖွဲ့မှူး ဦးမြင့်ဆွေ (တာဝန်ခံ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကိုကို၊ သတင်းတပ်ဖွဲ့မှူး ဦးထွန်းသိန်း၊ ဓနခရိုင်တပ်ဖွဲ့မှူ၊ သစ်တောဦးစီးဌာ န၊ အမှတ် (၁) ရဲစခန်းတာဝန်မှူး၊ အမှတ် (၁) ရဲစခန်းနယ်ထိန်း အင်ချပ် မင်းသက်လှိုင်၊ စသုံးလုံးက ကိုဝင်းဇော်အဖွဲ့တို့သည် ဟင်္သာတမြို့ သို့ဝင်လာသော တရားမ၀င်သစ်ကားများကို အပေါ်ဌာနတစ်ခုစီအတွက် ငွေ ၅၀၀၀၀ (ငါးသောင်း)၊ အောက်ဌာနတစ်ခုစီအတွက် ငွေ ၂၀၀၀၀ (နှစ်သောင်း) တို့ကို သက်ဆိုင်ရာဌာနတို့မှ ၀န်ထမ်းတွေက လာဘ်ယူမှုမြောက်မှာစိုးသဖြင့် ခရိုင်ဓနသတင်းပေး ကိုခင်မောင်မြင့် (၀န်ထမ်းမဟုတ်) မှ ယူပြီး ကိုယ်စားလှယ်အဖြစ် ငွေကောက်ဖို့ထားရှိပြီး ပြီးမှ လိုက်ပေးပါတယ်။ ကိုခင်မောင်မြင့်သည် တိုင်းရဲမင်းကြီး မျိုးသန့်အထိအဆင်ပြေသူဖြစ်သဖြင့် နေပြည်တော်အဆင့်မှသာ ထိထိရောက်ရောက် လာစစ်မှသာ အမှုမှန်ပေါ်နိုင်ပါတယ်။

ရိုဟင်ဂျာအရေး ထောက်ခံမှုအပေါ် တိုက်ခိုက်မှုများ ကြုံရခြင်း

ရိုဟင်ဂျာအရေး ထောက်ခံမှုအပေါ် တိုက်ခိုက်မှုများ ကြုံရခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Burma Campaign UK (BCUK) အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စအပေါ် ထောက်ခံပါသည်။ Burma Campaign UK အဖွဲ့က ဤသဘောကို ထုတ်ဖော်ပြောဆိုခြင်းသည် အံ့သြဖွယ်မဟုတ်သလို၊ အငြင်းပွားဖွယ် ကိစ္စတခုလည်း မဟုတ်ပါ။

မိမိတို့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ရိုဟင်ဂျာ
ပြည်သူများ လူ့အခွင့်အရေး ခံစားရရှိခွင့် ရှိရမည် ဆိုသည့်အချက်နှင့် နိုင်ငံတကာ ဥပဒေများအရ ပုံမှန် အခွင့်အရေးနှင့် ကာကွယ်ပေးမှုများ ခံစားရရှိပိုင်ခွင့် ရှိရမည်ဆိုသည်ကို မည်သူတဦးက သဘောကွဲလွဲ အငြင်းပွားပါအံ့နည်း။

သို့သော်လည်း အချို့သောသူများက ဤသို့သဘောထား ထုတ်ဖော်ပြောဆိုချက်အပေါ် ဒေါသအမျက် ချောင်းချောင်း ထွက်ကြသည်။ Burma Campaign UK အဖွဲ့၏ ဝန်ထမ်းများကို မုဒိမ်းကျင့်သင့်သည်၊ သတ်ပစ် သင့်သည်ဟုပင် ထုတ်ဖော်ပြော ဆိုသည်များကြုံကြရသည်။ မိမိတို့ခံယူသည်မှာ မိမိတို့ "အပြစ်မသင့်"၊ "သင်ခန်းစာ ပေးရမည့်သူများ" လည်းမဟုတ်ပါ။ "ကြိုးစင်တင် အပြစ်ပေးရမည့်သူများ" လည်း မဟုတ်ပါ။ ဤသို့သော အမြင်များနှင့် များစွာသော ရိုင်းပြအောက်တန်းကျသည့် တိုက်ခိုက်မှုစာများ မိမိတို့ထံ အီးမေးလ် ပေးပို့ခဲ့ကြသလို၊ YouTube/ Facebook စသည့် လူမှုကွန်ရက်စာမျက်နှာ များတွင်လည်း တင်ပို့ဖော်ပြသည်ကို တွေ့ခဲ့ကြရပါသည်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။

နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာအစိုးရအနေနှင့် တိုင်းပြည်တွင်း ဝန်ဆောင်မှုများ ပေးရန်အတွက် နိုင်ငံခြားကုမ္ပဏီ သုံးခုအထိ ဖက်စပ် လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုနိုင်သည်။

ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော

ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော

Hits: 875





ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ Public Relations ASEAN ၏ တွဲဖက် ညွှန်ကြားရေးမှူး Mr. Anthony Nelson (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အခြေခံအဆောက်အဦ လိုအပ်ချက်နှင့် ပြင်ဆင်ရမည့် စိန်ခေါ်မှုများစွာရှိနေကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ Public Relations ASEAN ၏ တွဲဖက် ညွှန်ကြားရေးမှူး Mr. Anthony Nelson က
ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သည့် အမေရိကန် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ၄င်းက
အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိသော အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီသည် အမေရိကန် ထိပ်တန်းစီးပွားရေး ကုမ္ပဏီ ၃၈ ခုကို ခေါ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လေ့လာ နေကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခြေခံလိုအပ်ချက်များစွာ ရှိနေကြောင်း ၄င်းက ဆိုသည်။

၁၆.၇.၂၀၁၂ ရက်နေ့ နေ့စဉ်သတင်းများ

-ကုလဝန်ထမ်းများ ဖမ်းဆီးထားမှု မြန်မာ ဖြေရှင်းရမည်ဟုဆို (Click Here)
- ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့်မပြု (Click Here)
- အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့် (Click Here)
- တရုတ်ပြည်တွင်းမှ ကချင်ဒုက္ခသည်စခန်းများ ဖယ်ရန် မလိုတော့ (Click Here)
- အာဇာနည်နေ့ ကျင်းပခွင့် မြို့နယ်အချို့တွင် အပိတ်ခံနေရဆဲ(Click Here)
- ရန်ကုန်တွင် လယ်သမား ၂၀၀ ခန့် ဆန္ဒပြ(Click Here)
- ပန်းတောင်းမြို့ လယ်သမားများကို စစ်တပ်က တရားစွဲ (Click Here)
- ကျောက်ဆည် အထပ်သားစက်ရုံဆန္ဒပြမှု ညှိနှိုင်းပြေလည် (Click Here)
- ပိတ်ဆို့မှု ရုပ်သိမ်းရေး ကိုယ်စားလှယ်ကိစ္စ NLD ဝေဖန် (Click Here)
- NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း (Click Here)
- တိုင်း​ရင်း​သား​ဝန်ကြီး​များ​ကို ကက်ဘိနက်ထဲ ထည့်​ရေး​အဆို ပလပ်ခံရ(Click Here)
- တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ ဆွေးနွေးမည် (Click Here)
- သမ္မတနှင့် ဒီမိုကရေစီ ၁၀ ပါတီ နေပြည်တော်တွင် တွေ့မည်(Click Here)
- ဒုတိယသမ္မတရာထူးအတွက် အမည်စာရင်း မသိရသေး (Click Here)
- ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ (ဓာတ်ပုံ) (Click Here)
- ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော (Click Here)
- ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည် (Click Here)
-

ဂျူးလီယပ် ဆီဇာ လက်ထက်က cyber ၀ှက်နည်း

  ရှေးတုန်းက ရောမခေတ် သူရဲကောင်း စစ်သူကြီးဂျူးလီယက် ဆီဇာ က စစ်ပွဲတွေ ဆင်နွဲရင် နောက်ကဌာနချုပ်မှာ ကျန်ခဲ့တဲ့ သူ့လူတွေနဲ့ အဆက်အသွယ်ပြုတဲ့ အခါ အောက်က နည်းအတိုင်း စာတွေ ၀ှက်ပြီးမှ ပို့တယ်တဲ့. ။ သူ့ခေတ် သူ့ခါမှာတော့  လုံခြုံခဲ့မှာပေါ့။ ခုခေတ်မှတော့ အဲလို ၀ှက်ရင် Hacker ဆိုသူတွေက ရယ်ပါလိမ့်မယ်။။ ခုတော့ 3DES ၊ AES တို့ နည်းလမ်းသုံးပြီး မိမိ Data တွေ ၀ှက်ပြီးမှ အွန်လိုင်းမှာ ဆက်သွယ်ကြပါတယ်။
   ပုံတွေကို CCNA   Security စာအုပ်ထဲက ယူထားတာပါ။

                                                                 ဂျူးလီယာက်ဆီဇာ

ခိုးဝင်လာတဲ့ ဘင်္ဂါလီ ကုလားတွေ အကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပုံ



သူခိုးက လူဟစ်သည် BBC

သူခိုးက လူဟစ်သည် BBC

by Mg Mike Mike on Friday, July 13, 2012 at 6:52pm ·

12-July-2012 မှာ ဘီဘီစီကနေပီး ဖေ့စ်ဘုတ်အပါအ၀င် အင်တာနက် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွပ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှုတွေဟာ ကိုယ်ကျင့်တရားကို ဘယ်လောက် ဖောက်ဖျက်နေသလဲ၊ တန်ပြန် အကျိုးဆက်တွေ ဘာတွေ ရှိလာနိုင်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ သတင်းအစီအစဉ်တစ်ခု ထုတ်လွှင့်သွားပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ပေမယ့် သူတို့လိုချင်တဲ့ ပုံစံ၊ လိုချင်တဲ့ လမ်းကြောင်းပေါ်ကို ၀င်ရောက်ဆွေးနွေးသူ ပါမလာရင် အတင်းကို ဖြတ်ချတဲ့ အာဏာရှင် အကျင့်တွေလည်း ထပ်မံဆိုးရွားစွာ တွေ့ရပါတယ်။


ဘီဘီစီ ကျင့်ဝတ် ဆိုတာကို နားလည်ရဲ့လား

ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားသော်ငြား ဘီဘီစီမှ ၀င်ရောက် ပြောဆိုသည့် ကိုမျိုးခေါ် မျိုးသာထက်ဟာ အမှန်ကို ထောက်ပြဝေဖန် ပြောဆိုလာသူများကို အတင်းစကား စ ဖြတ်ချပစ်တာသည် ဆွေးနွေးပွဲ တစ်ခုရဲ့ လုပ်ရပ်နဲ့ မတူပဲ လုပ်ပိုင်ခွင့်ကို ကိုင်ထားကာ မိမိလိုချင်သည့် ပုံစံ ၀င်မလာပါက ရှင်းထုတ်ပစ်သည့် အာဏာရှင်ပုံစံ ဖြစ်နေသည်ကို တွေ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်ပါတယ်။ သာမန် သတင်း အစီအစဉ်လေးကိုပင် အာဏာရှင် ဆန်ဆန် ပြုမူ ကျင့်ကြံနေသည်ကို တွေ့ရသည်မှာ လွတ်လပ်သည့် သတင်းဌာန ဆိုသည့်စကားနှင့် အတော်ပင် ဆန့်ကျင်နေပါတယ်။

ဘီဘီစီမှ ခေါင်းစဉ်ကို ကြည့်လိုက်ရုံနှင့်ပင် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွတ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှု လို့ ရေးသားထားသည့်အချိန်သည် ရိုဟင်ဂျာများ မြန်မာပြည်အနောက်ဘက် ရခိုင်ဒေသမှာ နယ်မြေကျူးကျော်၊ ဒေသခံ ရခိုင်လူမျိုးတွေကို အကြမ်းဖက် သတ်ဖြတ်ပြီး သူခိုးက လူဟစ်နေချိန်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။ မတရားခံရတဲ့အပြင် သူခိုးက လူဟစ်တာကို ခံနေရတဲ့ မြန်မာတွေရဲ့ အွန်လိုင်းပေါ်က ပေါက်ကွဲနေမှုများ၊ အထူးသဖြင့် အဆိုပါ မီးစအား မတောက်လောင် တောက်လောင်အောင် အစပျိုးခဲ့သည့် ဘီဘီစီနှင့် ပြည်ပအခြေစိုက် မြန်မာပြည်နှင့် ပါတ်သက်သည့် မီဒိယာများကို ဝေဖန်နေမှုများအား ရပ်တန့်သွားစေရန် အားထုတ်ခြင်း တစ်ခုပဲ ဖြစ်ပါတယ်။


ဆိုရှယ် မိဒီယာရာများ၏ အကျိုးသက်ရောက်မှုဟာ အကောင်းလား အဆိုးလား

ထိုအထဲတွင် ၀င်ရောက် ဆွေးနွေးသွားသည့် မြန်မာနိုင်ငံ၏ ဘလော့ဂါဟု ခေါ်သော၊ မည်သို့ မည်ပုံ ကြိုးစားလိုက်မှန်း မသိသော်လည်း အနောက်တိုင်း မီဒိယာများ၏ စင်တော်ကောက်မှုဖြင့် ထင်ပေါ်သွားသည့် ဘလော့ဂါ နေဘုန်းလတ်မှလည်း အွန်လိုင်းအား မီဒီယာကျင့်ဝတ်ကို မသိလျင် မသုံးနဲ့ဟု အာဏာရှင် ဆန်ဆန် ပြောဆိုသွားတဲ့အပြင် အီလက်ထရောနစ် ဥပဒေသာမက အခြားသော ဥပဒေများနှင့်လည်း အရေးယူနိုင်တယ်လို့ ချိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။ ဘလော့ဂါ နေဘုန်းလတ် ဆိုသည်မှာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူခံရသည့် အွန်လိုင်းဘလော့ဂါ တစ်ယောက် ဖြစ်ပါတယ်။ နေဘုန်းလတ် ဘာတွေ လုပ်ခဲ့လည်း၊ ဘာတွေ တိုင်းပြည်အတွက် စေတနာထားလည်း သူအသိဆုံးသာ ဖြစ်ပါတယ်။

မဲမဲမြင်ရာ တွေ့သမျှကို အကုန်ထောင်ထဲ ထည့်နေသော စစ်အစိုးရအတွက် ရေဒီယို နားထောင်သည်ပင် အမြင်ကတ်ပါက အီလက်ထရောနစ် ပုဒ်မနှင့် ဖမ်းဆီး ထောင်ချသည့်အချိန်တွင် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မှာ နေဘုန်းလတ် ထောင်ထဲရောက်တဲ့အချိန် ပြည်ပ မီဒီယာတွေရဲ့ ထောင်ကျသူများကို မီဒီယာပေါ် မြှောက်စားမှုနဲ့ ထင်ပေါ်သွားတာ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ သို့သော်လည်း မိမိကိုယ်တိုင် ထောင်ထဲရောက်နေစဉ်က ဆန့်ကျင်ခဲ့တဲ့ အီလက်ထရောနစ် ပုဒ်မကို ယခုလို အချိန်မှာ တွင်တွင်သုံးနေတာ စဉ်းစားစရာပင် ဖြစ်ပါတယ်။

ဘလော့ဂါတို့ ရှေ့ပြေး၊ Citizen Journalist တို့ခောတ်စလို့ ယခင်က မီဒီယာတွေ ကြွေးကျော်ခဲ့တဲ့ ဆောင်ပုဒ်တွေ အခုတော့ မြောင်းထဲရောက်ကုန်ပီလို့ ယူဆရမလို ဖြစ်နေပါတယ်။ မီဒီယာ ကျင့်ဝတ် ဆိုတဲ့နေရာမှာ ဘီဘီစီ သတင်းဌာနကြီးကော မီဒီယာကျင့်ဝတ် ညီရဲ့လား မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံနှင့် ပါတ်သက်လျင် တာဝန်ယူမှု ကင်းမဲ့သော သတင်း ထုတ်ပြန်မှုတွေ တွင်တွင်လုပ်ခဲ့တဲ့ ဘီဘီစီဟာ ၎င်းတို့ ထုတ်လွှင့်တဲ့ သတင်းမှားယွင်းနေပါက ပြည်သူလူထုကို တောင်းပန်ရန် မဆိုထားနှင့် မသိချင်ဟန် ဆောင်တာကို အားလုံးလည်း အသိပင် ဖြစ်ပါတယ်။

ထို့အတူပင် သတင်းအစီအစဉ် တစ်ခုအနေဖြင့် ဆွေးနွေးသည်ဟု ခေါင်းစဉ်တပ်ပါက ဆွေးနွေးရန် ဦးတည်ထားသည့် ခေါင်းစဉ်နှင့် အချက်အလက်များ ကိုက်ညီနေပါက ဟိုဘက်ဒီဘက် အမြင်ကို အပြန်အလှန် ပြောဆိုခွင့်ရှိရမှာ ဖြစ်သော်လည်း မိမိလိုချင်သည့် အဖြေထွက်မလာသဖြင့် ဆွေးနွေးနေသည့် တစ်ဖက်သားအား အလျင်အမြန် ဖြတ်ချလိုက်သည့် မျိုးသာထက်ရဲ့ သတင်းသမား မပီသမှု၊ မီဒီယာကျင့်ဝတ် မပီသမှု၊ သတင်းတင်ဆက်သူ မပီသမှုကိုလည်း အတိုင်းသား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သို့ဖြစ်သည့်အတွက် စကတည်းက ယဉ်သကိုး ဆိုသကဲ့သို့ နေဘုန်းလတ်မှ ပြောခဲ့သည့် မီဒီယာကျင့်ဝတ်သိမှ အွန်လိုင်းကို သုံးရမည် ဆိုလျင် ဘီဘီစီမှ နာမည်ကြီး သတင်းထောက်အပါအ၀င် သတင်းတင်ဆက်သူများကော မီဒီယာကျင့်ဝတ်နဲ့ ညီရဲ့လားဆိုတာ မေးခွန်းထုတ်တာနဲ့တင် နောက်ကောက်ကျသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကြောင့် ပြည်သူတွေ အွန်လိုင်းမီဒီယာ၊ အထူးသဖြင့် ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့ဘွတ်ကို သုံးစွဲနေတာကို သူတို့ မကျေမလည် ဖြစ်နေတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။

အားလုံးသိကြသည့်အတိုင်း ရိုဟင်ဂျာ ကိစ္စစတင် ဖြစ်ပေါ်လာသည်မှ ယနေ့အချိန်ထိ မျက်နှာဖုံး ကွာကျလာခြင်း၊ ပင်ကိုယ် အစွယ် တဖွားဖွား ပေါ်လာခြင်း၊ တိုင်းရင်းသား ရခိုင်လူမျိုးများ ဘ၀ ဆင်းရဲနိမ့်ကျနေခြင်း၊ တစ်ဖက်သတ် အနှိမ်ခံနေရခြင်း စတာတွေဟာ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွသူများကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများကြောင့်သာ ရိုဟင်ဂျာများ စနစ်တကျ ကြိုတင် ကြံစည်ထားတဲ့ နယ်မြေ ဖဲ့ထုတ်မယ့် အကြံအစည်တွေကို ပြည်သူအများ သိခွင့်ရခဲ့ပီး မျက်လုံးတွေ ပွင့်သွားတယ် ဆိုရင်လည်း မမှားပါဘူး။

ထို့အတူပင် ဖေ့ဘွတ်ပေါ်မှ အသံများကြောင့် မြန်မာနိုင်ငံ အစိုးရမှ အရေးပါသည့် မြစ်ဆုံ စီမံကိန်းမှသည် အခြားသော ကိစ္စရပ်များတွင်ပါ အရေးတယူ လုပ်ဆောင်ခဲ့ကြရတာကို သတိထားမိရင် သိနိုင်ပါတယ်။ ဒါဟာ ဆိုရှယ် မီဒိယာကို အကျိုးရှိရှိ အသုံးချနိုင်တဲ့ အကျိုးကျေးဇူးရဲ့ ရလာဘ်တွေပဲ ဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆို အကောင်းရှိလျင် အဆိုးရှိမှာ ဖြစ်ပါတယ်။ မိုက်မိုက်တို့ ဗုဒ္ဓမြတ်စွာဘုရားသော်မှ သတ္တ၀ါတွေကို နိဗ္ဗာန်လမ်းကြောင်းကို ပို့ဆောင်ဖို့ ဘုရားအဖြစ်ကနေ တရားရေအေး အမြိုက်ဆေးတွေ တိုက်ကြွေးခဲ့သော်ငြား ယောက္ဖအရင်းဖြစ်တဲ့ ဒေ၀ဒတ်ရဲ့ မကျေနပ်မှုနှင့် အသေသတ်ရန် ကြံစည်ခဲ့တာတွေကို ရှိခဲ့တာ သာဓကပါပဲ။


သို့ဖြစ်သည့်အတွက် ဖေ့ဘွတ်အား အကောင်းအနေဖြင့် အသုံးပြုသူများ ရှိသကဲ့သို့ တလွဲဆံပင်ကောင်းစွာ အသုံးပြုနေသူများလည်း ဒုနဲ့ဒေးပင် ဖြစ်ပါတယ်။ ထို့အတူပင် ဖေ့ဘွတ်၏ ထိရောက်မှုအား သတိထားမိလာသဖြင့် ကောလာဟလ ထုတ်လွှင့်လိုသူများမှ ၎င်းတို့လိုရာ ပုံဖော်ရန် ဖေ့ဘွတ်မှ တင်ဆက်နေတာများကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဖေ့ဘွတ်အား တနည်းအားဖြင့် တင်စားရလျင် အရောင်များစွာ ပါဝင်သော ရေစီးကြောင်းများစွာဖြင့် စီးဆင်းနေသော အရောင်စုံသည့် မြစ်တစ်စင်းအနေနှင့် တင်စားရမှာ ဖြစ်ပါတယ်။

ဖေ့ဘွတ်ဟု အမည်တွင်သည့် မြစ်အတွင်းတွင် စီးဆင်းနေသည့် အရောင်များတွင် မည်သည့်အရောင်များသည်၊ မည်သည့်နေရာမှ မြစ်ဖြားခံလာသည့် ရေစီးကြောင်းသည် အဆိပ်အတောက်ကင်း၍ မည်သည့်နေရာ မည်သည့်အရောင်များသည် အဆိပ်အတောက်နှင့် မယုံကြည်ရသည် ဆိုသည်ကို လူအများ ခွဲခြား သိမြင်၍ ဖတ်ရှုနေကြပြီး ဖြစ်ပါတယ်။ ထိုအထဲတွင် ဘီဘီစီသည် မည်သည့်အဆင့် ရှိသည် ဆိုသည်ကို စာရှုသူများ မှတ်ချက်နှင့်ပင် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် ဖေ့ဘွတ် ပေါ်လာခြင်းသည် နိုင်ငံရေးအား စိတ်ဝင်စားသည့် တက်ကြွလှုပ်ရှားသည့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ အနေဖြင့် အန္တရာယ်ကင်းစွာ နိုင်ငံရေးအား ပါဝင်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်ရမှာဖြစ်ပြီး လမ်းကြောင်းမှားနေသူများကို တည့်မတ်သွားရန်မှာ သက်ဆိုင်ရာ မီဒီယာများနှင့် သြဇာသက်ရောက်သည့် ပုဂ္ဂိုလ်များ၏ စွမ်းဆောင်မှုဟာ အရေးပါပါတယ်။ လွန်စွာ အကျိုးရှိသည့် လမ်းကြောင်းတစ်ခုအား ပိတ်ပင်ရန် ကြိုးစားအားထုတ်သည်မှာ အလွန်ပင် မိုက်မဲသည့် အပြုအမူနှင့် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါတယ်။

အချုပ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ အွန်လိုင်းလွှတ်တော်ဟု အမည်တွင်နေသည့် ဖေ့ဘွတ်သည် မြစ်ဆုံ၏ အလှအပများကို ဖျက်စီးရန် ကြိုးစားအားထုတ်သည်များကို တားမြစ်နိုင်ရုံသာမက၊ မတရားမှုများစွာအား အများပြည်သူ သိရှိစေ၍ အစိုးရ၏ မှားယွင်းသည့် လမ်းကြောင်းအား တစ်ဖက်တစ်လမ်းမှ ထောက်ပြပေးနေနိုင်သည့်အပြင်၊ ပြည်သူလူထုတို့၏ နိုင်ငံရေး အသိအမြင်ကို ကြွယ်ဝလာစေရန် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနေသည့် အရင်းအမြစ် တစ်ခုပင် ဖြစ်ပါတယ်။ သို့ဖြစ်သည့်အတွက် ဘီဘီစီ၏ အဆိုပါ အစီအစဉ်သည် ရှေးယခင်က မိမိတို့ လိမ်သမျှ ခံနေရသည့် ပြည်သူပြည်သားများ ကိုယ်တိုင် စူးစမ်းလေ့လာမှုနှင့် အကျိုးသက်ရောက်မှုများအား မနာလို မရှုစိမ့်သဖြင့် ကဖျက်ကယက်လုပ်ရန် ကြိုးစားအားထုတ်သည့် အပြုအမူဟုသာ သတ်မှတ်လိုက်ရပါတယ်။




မူရင်းလင့်       https://www.facebook.com/notes/mg-mike-mike/%E1%80%9E%E1%80%B0%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%80%80-%E1%80%9C%E1%80%B0%E1%80%9F%E1%80%85%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9-bbc/453813624637068

ရဲတိုက် ဗုဒ္ဒဘာသာပြောင်း

ဒု-ဗိုလ်မှူးကြီးအောင်ကြီး ခြစားမှုများထပ်မံထွက်ပေါ်

ဒု-ဗိုလ်မှူးကြီးအောင်ကြီး ခြစားမှုများထပ်မံထွက်ပေါ်
Written by သဇင်ဥ    Sunday, 15 July 2012 11:49    PDF Print E-mail
Aung-Gyiမောင်တောမြို့နယ်အတွင်း မြန်မာဘင်္ဂလီများထံမှ လာဒ်အမြောက်အများစားမှုဖြင့် ဒု-ဗိုလ်မှူး ဦးအောင်ကြီးအား ဇူလိုင်လ ၇ ရက်နေ့က နယ်ပြည်တော်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ၎င်းအမှုများနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသူ ထောက်လှမ်းရေးအရာရှိ ဦးအောင်ဆန်းနေနိုင်အောင်အား ယခုသတင်းပတ် သောကြာနေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မောင်တောမြို့ ခရိုင်ရုံးမှ အတည်ပြုပြောသည်။
ဒုဗိုလ်မှူးကြီး ဦးအောင်ကြီးက အကြမ်းဖက်သောင်းကျန်းမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူ အကြမ်းဖက်ခေါင်းဆောင် ၃ ဦးထံမှ ကျပ် သိန်း၉၀၀ စီ ယူပြီးခြစားကာ လွှတ်ပေးလိုက်ကြောင်း မောင်တောမြို့ နစကအသိုင်းအ၀ိုင်းတွင် ကောလဟလသတင်းများ ထွက်ပေါ်နေသည်။
မောင်တောမြို့နယ်တွင် ဒု-ဗိုလ်မှူးကြီး ဦးအောင်ကြီး ကိုင်တွယ်ခဲ့သော ဘဏ်အကောင့်ထဲသို့ သောကြာနေ့က လာဒ်ငွေများဟု ယူဆရပြီး ၀င်လာသည့် ကျပ် သိန်း ၈၀၀ အား ဘူးသီးတောင်မြို့ ဗျူဟာက သိမ်းဆည်းလိုက်ကြောင်း နစကအောက်ခြေတပ်ဖွဲ့ သတင်းများအရ သိရှိရသည်။
ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးမှူးဋ္ဌာနချုပ် (စကခ) ၁၅ ဗိုလ်မှူးချူပ်ကျော်သက် ဦးဆောင်သော တပ်မ လက်အောက်တွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိပြီး၊ မောင်တောမြို့နယ် မြောက်ပိုင်းဒေသအတွင်း ခမရ ၅၅၁နှင့် ခမရ ၅၆၄ စစ်ကြောင်းများ လှုပ်ရှားနေကြောင်းနှင့် တောင်ပိုင်းတွင် ခမရ ၅၃၆၊ ၅၆၅နှင့် ခမရ ၅၃၇ စစ်ကြောင်းများ လှုပ်ရှားနေကြောင်း စုံစမ်းသိရှိရသည်။ ကျန်စစ်ကြောင်းများပါ များမကြာမီလှုပ်ရှားနိုင်ရန် ပြင်ဆင်မှုများ ရှိနေသည်ဟု စစ်တပ်သတင်းရပ်ကွက်က ဆိုသည်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသအခြေစိုက် စစ်ကြောင်းတပ်ဖွဲ့များမှာ ခြစားမှုနှင့် မုဒိန်းမှုများ မကြာခဏ သတင်းများ ပေါ်ပေါက်လျက်ရှိနေသောကြောင့် ယခုအခါ ပြည်နယ်တိုင်းမှူး ကိုကိုနိုင် ကိုယ်တိုင် မောင်တောမြို့တွင် အခြေစိုက်ပြီး ကွပ်ကဲကိုင်တွယ်လျက်ရှိနေကြောင်း သိရှိရသည်။




မူရင်းလင့်    http://arakantimes.net/burmese/index.php/2012-02-24-06-58-57/282-2012-07-15-04-54-33

၁၆.၇.၂၀၁၂

-အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်  ( Click Here)

-ပုလောမြို့နယ် NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု  (click Here)
-မြန်မာဆေးရုံနှစ်ခုအတွက် GE လျှပ်စစ်ကုမ္ပဏီ ဓာတ်မှန်စက်များ ရောင်း  (Click here)
-မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး အစွမ်းကုန် ကြိုးပမ်းမည်  (Click Here)
-အမေရိကန် ကမ္ဘာလှည့်ခရီးသည်နှစ်ဦး အီဂျစ်မှာ ပြန်ပေးဆွဲခံရ  (Click Here)
-မြန်မာနိုင်ငံမှာ မျှော်လင့်တာထက် ပိုမိုပွင့်လင်း ( Click here)
-လူမှုရေး သယဇာတ  ဖြစ်ဖို့ ခေါင်းအေးအေး စဉ်းစားရမယ် (Click Here)
-ရန်ကုန်မှာ လယ်သမားတွေ ဆန္ဒပြ ( Click here)
-ဆီးရီးယားမှာ ပြည်တွင်းစစ်ဖြစ်နေပြီလို့   ICRC ပြော  ( Click Here)
-လွှတ်တော်မှာ တိုင်းရင်းသား အခွင့်အရေး အဆိုတင်  ( Click here)