Sunday, July 29, 2012

လေးဖြူ ဓါတ်ပုံ





ခချယ်တွင်စုဆောင်းထား လူသစ်များအား KIA ရင်း(၁)သို့ ခေါ်ဆောင်



ဇူလိုင် ၂၅ရက်
      ကေအိုင်အေ ရင်း(၂၇)ခွဲ(၁)ခွဲမှူးနောင်အောင်နဲ့အဖွဲ့ဟာ အူလန်ပါမြို့နယ်မှူး ဘရန်အောင်ဟာ မနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ခချယ်တွင်းအတင်းအဓမ္မ ဖမ်းဆီးစုဆောင်းထားတဲ့ လူသစ်(၃၅)ဦးကို ရင်း(၁) ဂျာမိုင် စခန်းကို ဖမ်းဆီး ခေါ်ဆောင်ဖို့ နန့်ယားရွာသို့ရောက်ရှိနေပါသည်။

            
     ခချယ်ရွာမှလူငယ်လေးတွေကတော့ သူတို့ကို လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားမှာစိုးလို့ တောတွေ တောင်တွေ ထဲမှာသွားရောက် ပုန်းအောင်းနေကြပါတယ်။ ရွာမှာ ယောကျာင်္းသားဆိုလို့ မသွားနိုင်မလှုပ်နိုင်တဲ့ အဖိုးအိုတွေသာ ကျန်ခဲ့ ပါတယ်လို့ ခချယ်ရွာမှ အမျိုးသမီးတစ်ဦးက KDN သတင်းထောက်တစ်ဦး အားပြောပြခဲ့ပါသည်။

UN fair

Photo
ရခိုင်က NGO တွေက ပုံထဲက အတိုင်းပဲ

မိခင်မှ မွေးဖွားပြီးချိန် ရက်(၂၀)ကျော်မှ ဦးခေါင်းကြီးလာသော ကလေးငယ်အား ကူညီဆောင်ရွက်ပေးရန်လိုအပ်နေ

 from - http://www.hotnewsweekly.com/archives/7710
စာရေးသူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်း မောက်မြို့နယ်သို့ မြေထောက်ပဲ နှင့် မြေပဲဝယ်ရန် ရောက်ရှိခဲ့ပါသည်။ ထိုသို့ သွားရောက်စဉ် ဗန်းမောက် မြို့နယ်တွင်းရှိ ကျွဲကောကြီးရွာ တွင် ကလေးတစ်ယောက် ဦးခေါင်းကြီးနေသည်ကို မြင်တွေ့ ခဲ့ရပါသည်။ ထိုသို့ ထူးခြားစွာ ခေါင်းကြီးနေသော ကလေးမိခင် အား စာရေးသူ မေးမြန်းခဲ့ပါ သည်။
စာရေးသူမေးမြန်းရာတွင် ကလေး၏ မိဘမှာ ကိုမောင်တိုး+ မမိသေးဖြစ်ပြီး ကလေး၏ နာမည်မှာ မောင်ရှိန်းနိုင်နိုင်ဖြစ်ပါ သည်။ မိခင်မှ ကလေးကို ကိုယ် လက်အင်္ဂါအကောင်းပကတိ မွေးဖွားပြီး ရက်ပေါင်း (၂၀)အရ တွင် မိခင်ရော ကလေးပါ ဖျား သဖြင့် အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးရုံတက်ရပါသည်။ ဆေးရုံဆင်းပြီးချိန်တွင် မိခင်ရော ကလေးပါ ကျန်းမာရေးကောင်း လာသော်လည်း ကလေးမှာ တဖြည်းဖြည်းနှင့် ခေါင်းကြီးလာ ပါသည်။
ယခုဆိုလျှင် ကလေးမှာ အသက်တစ်နှစ်ကျော်လာသော် လည်း အခြားကလေးများကဲ့သို့ ပုံမှန်အနေအထား မတွေ့ရချေ။ မိမိနို့ရည်အားသောက်သုံးနိုင်သော် လည်း ခန္ဓာကိုယ်မှာ ပျော့ဖတ် ဖတ်နေပါသည်။ စာရေးသူသည် ကလေး၏ မိခင်အား “ခွဲစိတ်ကုသ လို့ မရနိုင်ဘူးလား”ဟု မေးကြည့် ပါသည်။ ကလေးမိခင်မှ ကလေး ဦးခေါင်းကြီးပြီး ဒုတိယအကြိမ် ဆရာဝန်နှင့် ပြန်ပြရာတွင် မြို့နယ်ဆရာဝန်မှ “အောင်မြင် မယ်၊ မအောင်မြင်ဘူးကိုတော့ အတိအကျပြောလို့ မရပါဘူး။ ခွဲစိတ်လို့တော့ ရပါတယ်”ဟု ပြောပါသည်။ ““ဆရာဝန်ပြောပေ မယ့် ကျွန်မတို့မှာ ငွေကြေးက လည်း မတတ်နိုင် ဘယ်လိုအကူ အညီတောင်းရမယ်ဆိုတာ မသိ လို့ ဆရာဝန်အား ဘာမှပြန်မပြော ဘဲ ပြန်လာခဲ့ပါတယ်””ဟု စာရေး သူအား ပြောပြပါသည်။
ထို့ကြောင့် ထိုကလေးအား ကူညီဆောင်ရွက်ပေးလိုပါက ထို ကလေး၏ မိဘနှင့် တိုင်ပင်နိုင်ပါ သည်။ ပြီးလျှင် ဆရာဝန်နှင့် တိုင် ပင်ပြီး အလှူရှင်မှ ကူညီဆောင် ရွက်ပေးနိုင်ကြောင်း တင်ပြလိုက် ပါသည်။ ကလေး၏ မိခင်မှလည်း ခွဲစိတ်ကုသဖို့ ဆန္ဒရှိကြောင်း စာရေးသူအားပြောပြပါသည်။

မွှေးမွှေး (အင်းတော်)


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများ

အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်း အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ရေးဟာ အဓိက အကျဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုများ ထိရောက်စွာနှိမ်နင်းနိုင်ဖို့အတွက် Terrorist Intelligence Unit တွေကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားကြပါတယ်။ ဒီယူနစ်တွေက Terrorist Intelligence Process တွေကို အသုံးပြုပြီး သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သတင်းရယူခြင်း၊ အကြမ်းဖက်သမားဟု သံသယဖြစ်နိုင်ချေ ရှိသူများနှင့် ထောက်ခံအားပေးနေသူများကို ဖော်ထုတ်ခြင်း၊ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်အဖွဲ့အစည်းများအား ဖော်ထုတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု၊ ဘဏ္ဍာရေး ဆက်နွယ်မှု၊ ဖြစ်စဉ်ဆက်နွယ်မှု စသည်များကို ဆက်စပ်လေ့လာဆန်းစစ်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်ကြပါတယ်။

ကွန်ကရစ်လမ်းခင်းခ တစ်ပေ တစ်သောင်းကျပ်

နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေရန် အသိပေးအပ်ပါသည်။
ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း၌
ကွန်ကရစ်လမ်း ခင်းနေပါသည်။

ထိုသို့ခင်းရာ၌ လမ်းဘယ်ညာနှစ် ဘက်ရှိအိမ်များကို လမ်းခင်းခ ၁ပေလျှင် ၁၀၀၀၀/ကျပ် တောင်းခံပါသည်။ ခြံမျက်နှာစာပို ကျယ်သူများ ပိုကုန်ကျပါသည်။
မတတ်နိုင်၍ မပေးနိုင်ဟု ပြောသော်လည်း တာဝန်ရှိသူ များကမပေး မနေရဟု ဆိုပါသည်။

ထို့ကြောင့်ကျွန်တော်တို့လို ဆင်းရဲသား မတတ် နိုင်သူများ အတွက်ဆောင်ရွက်ပေးစေ လိုကြောင်း သမ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများ သိစေရန် မေတ္တာရပ်ခံအပ်ပါသည်။

ငါးသိုင်းချောင်းမှ ပြည်သူတစ်ဦး

သစ်တင်ကားကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ကြပ် အောင်သန်းထိုက်အား ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးမှ မတရားရိုက်နှက် ခဲ့မှုအပေါ် တိုင်ကြားစာ..




၂၀၁၂ခုနှစ် ခုနှစ်၊ ဇူလိုင်လ (၁၇ရက်နှင့် ၁၈ရက်)ရက်နေ့များက ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှ ဒုတိုင်းတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘိုဘိုဦးသည် ဓနုဖြူ မြို့မရဲစခန်းမှ ကျွန်းတံခါး (၁၃)တန် တင်ဆောင်လာတဲ့ သစ်ကား ဖမ်းဆီးသည့် အမှုနှင့် ပတ်သက်ပြီး ဓနုဖြူမြို့တွင် ညအိပ် စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးခဲ့ရာတွင် ဒုရဲမှူးကြီး ဘိုဘိုဦးမှ သစ်ကားကို ဖမ်းဆီးလိုက်သော  ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ဟင်္သာတခရိုင် သစ်တောဦးစီးအရာရှိ၊ ဓနုဖြူသစ်တော အရာရှိတို့၏ ရှေ့တွင် ရိုက်ပုတ် နှိပ်စက်ခဲ့သဖြင့် ဓနုဖြူဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရပါသည်။

ဥပဒေအရဆိုလျှင် မှုခင်းဆေးစာ ပေးပြီး အရေးယူ ရမည်ဖြစ်ပါသည်။ အဆိုပါဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ရိုက်နှက် နှိပ်စက်သူမှာ အထက်အရာရှိကြီး ဒုရဲမှူးကြီး ဘိုဘိုဦး ဖြစ်နေသဖြင့် မည်သူကမျှ အရေးယူနိုင်ခြင်း မရှိဖြစ်နေပါသည်။ တာဝန်အရ သစ်ကားအား ဖမ်းဆီးခဲ့မှုတွင် ရဲဒုတပ်ကြပ် အောင်သန်းထိုက်အား ထိုကဲ့သို့ ကြီးနိုင်၊ ငယ်ညှဉ်း အနိုင်ကျင့်နှိပ်စက်မှုတွေဟာ ယခုကဲ့သို့ ခေတ်စံနစ် ပြောင်းသွားချိန်မှာ မရှိသင့်တော့ပါ။ သို့ပါသော်လည်း ကျွန်တော် တို့ရဲတပ်ဖွဲ့တွင် ကြီးနိုင်ငယ်ညှဉ်း၊ အနိုင်ကျင့် အထက်လူကြီးများကို မဖြစ်မနေ ငွေပေးဖားယားလုပ်မှ အဆင်ပြေမှု ရှိနေပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် ဘယ်လောက် စွမ်းစွမ်းတမံ တာဝန်ကျေပွန်အောင် လုပ်ဆောင် ပါသော်လည်း အထက်လူကြီးများမှ မကြိုက်ကြပါ။ ငွေပေးနိုင်မှ အဆင်ပြေတယ် မျက်နှာရသလို ဖြစ်နေပါတယ်..။

ဒီထက်မက အဖြစ်အပျက်တွေ ရှိပါသေးတယ်၊ သစ် ၁၃တန် တရားခံများအား ပြေးခိုင်ပြီး တာဝန်အရ ဖမ်းတဲ့ ရဲတွေကျတော့ ပြသနာ ရှာနေပါတယ်။ သစ်ကားကို လွတ်မပေးဘဲ ဖမ်းခဲ့တယ်ဆိုတဲ အကြောင်းပြချက်နဲ့ ရုံးခန်းပိတ်ပြီး သစ်သားတုတ်ဖြင့် ရက်စက်စွာ ရိုက်ပုတ်ခဲ့သဖြင့် ယခုအခါ တာဝန်ကျေပွန်မှုနဲ့ မတရား ညှင်းပန်းနှိပ်စက် ခံရတဲ့ ရဲဒုတပ်ကြပ် အောင်သန်းထိုက် ဓနုဖြူဆေးရုံမှာ တက်ရောက် ကုသနေရတဲ့ အကြောင်းကို နိုင်ငံတော်သမ္မတကြီးနှင့် တကွ ပြည်ထဲရေးဝန်ကြီးဌာန။ နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့များ အဖြစ်မှန်ကို သိစေရန် တင်ပြပေးဖို့ ဒီမိုဝေယံမှ တဆင့်တောင်းဆို  တင်ပြလိုက်ရပါတယ်..။
 အဖြစ်မှန် ပေါ်ပေါက် စေလိုသူ..

၂၀၁၅ ရွေးကောက်ပွဲနှင့် ကြံခိုင်ရေးပါတီ

 အင်တာနက် သတင်းတွေ၊ FB တွေမှာ အင်တာနက်သုံးသူ အချင်းချင်း ပြောပုံ ဆိုပုံတွေကို သေချာ ဆန်းစစ်ကြည့်၇င်တော့ ၂၀၁၅ မှာ ကြံခိုင်ရေး ပါတီ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး၊ သမ္မတ ဦးသိန်းစိန် က လွတ်လပ်ရေးရပြီးေ နာက်ပိုင်းမှာ ပြည်သူတွေ အချစ်ခံရဆုံး၊ အကြိုက်နှစ်သက်ဆုံး သမ္မတ ဖြစ်နေပေမဲ့  ကြံခိုင်ရေး ပါတီကတော့ ခုချိန်ထိ အဆဲခံနေရတုန်းပါ။ ခုလဲကြည့်ပါ အင်တာနက် သတင်းတွေအရ ဦးအောင်သိန်းလင်း နဲ့ တရုတ်မီဒီယာတစ်ခု အင်တာဗျူးကို ဖတ်ပြီး ဦးအောင်သိန်းလင်းကိုရော၊ြ့ကံခိုင်ရေး ပါတီကိုရော ဝေဖန်နေကြပြီ။ သမ္မတ ကြီး ဘာကြောင့် ပြည်သူတွေ ချစ်ခင်ခံရသလဲ၊ နိုင်ငံတကာက လေးစားရသလဲ၊  သူ့ လို စိတ်မွေး။ သူပြောတဲ့ အတိုင်း အောက်ခြေ က အုပ်ချုပ်ေ၇း အဖွဲ့ အစည်းတွေက  လိုက်လုပ်၊ ရင်တော့ ပြည်သူတွေရဲ့  ကြည်ဖြူမှု့ ပြန်ရနိုင်ပါတယ်။ ခုတိုင်း ဆက်သွားရင်တော့  ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲလို မဲတွေက NLD ပါတီ ဆီ ရောက်သွားပါလိမ့်မယ်။

  
အောက်ကတော့ ဦးအောင်သိန်းလင်း သတင်းပါ။


၂၉.၇.၂၀၁၂ ရက်နေ့သတင်းများ

- ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည် click
- ၈ လေးလုံး ၂၄ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပနိုင်ရေး ဆွေးနွေး click
- စစ်တပ် ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့ click
- ရခိုင်ပဋိပက္ခ စုံစမ်းရေး ကုလ လူ့အခွင့်အရေးမဟာမင်းကြီး တောင်းဆို click
- ဒုက္ခသည်ထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူ ပါဝင်နိုင် click
- ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို click
- မြန်မာ-ဘင်္ဂလာအကြား ပါ့စ်ပို့စီးပွားရေးသမားများ အခက်အခဲကြုံနေရဆဲ click
- စာနယ်ဇင်းလောက အဟန့်အတားလုပ်ရပ်များကို ယာယီ စာနယ်ဇင်းသမဂ္ဂကော်မတီ ကန့်ကွက် click
- လူထုကို ဗဟိုပြုပြီး နိုင်ငံအပြောင်းအလဲ ဆောင်ရွက်ရန် ဒေါ်သန်းမြင့်အောင် ဆွေးနွေး click
- နေပြည်တော်က မဲဆန္ဒရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ click
- ရွေးကောက်ပွဲစနစ်ပြောင်းဖို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ click
- အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ မြန်မာနိုင်ငံ (သတင်းသုံးသပ်ချက်) click
- ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေး စိုးရိမ် click
- မြ၀တီတွင် MOU ပုံစံဖြင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်နေသော အလုပ်သမား ၇၀၀ ပွဲစားထံတွင် ငွေလိမ်ခံရ click
- တရုတ်-မြန်မာနယ်စပ် ကျောက်မျက်ဈေးကွက် click
- ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ဥက္ကလံ ဓမ္မဧရိပ်တွင် ပထမဦးဆုံး တရားပွဲ ကျင်းပမည် click
- မစိုးရိမ်တိုက်သစ် ကျောင်းဆောင် ရေစက်ချပွဲ click
- အိုလံပစ်ပြိုင်ပွဲဝင် မြန်မာအသင်း click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် - အမှတ် (၄၃၂) click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၆) click
- ပဒိုင်းသီး မစားဘဲ ရူးသူများ (ကာတွန်း) click