Monday, July 30, 2012

အစိုးရ ဌာနများတွင် အဂတိလိုက်စားမှု့များရှိဆဲဟု လွှတ်တော်ကော်မတီ ၀န်ခံ

( ထုတ်ပြန်ရုံ နှင့် မပြီးပါ။ အရေးယူမှု့တွေပါ စသင့်ပါပြီ  

အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ ယနေ့အထိအမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီထုတ်ပြန်
ယနေ့အချိန်အထိ အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ အမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟုပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ထုတ်ပြန်လိုက်သည်။

ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် (အယ်ဒီတာ့အာဘော်)

(၂ဝ၁၂ ခုနှစ်၊  ဇူလိုင် ၃ဝ ရက်)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်အတွင်း တိုင်းရင်းသား မျိုးနွယ်စု တစ်ရာ ကျော်တို့ ပေါင်းစည်း နေထိုင် လျက်ရှိသည်။ နိုင်ငံတော် လွတ်လပ်ရေး ပြန်လည် ရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ  ရက်မှစ  ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ၁၉၇၄ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တို့ကို ပြဋ္ဌာန်း ခဲ့သည်။ ယင်း ဥပဒေများတွင် တိုင်းရင်းသား လူမျိုးများ အပါအဝင် နိုင်ငံ သား များ၏ တန်းတူညီမျှ အခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေးများ၊ ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ အခွင့်အရေးများ ပြဋ္ဌာန်း ထားသည်။ သို့သော် တိုင်းရင်း သားမျိုးနွယ်စုများ နေထိုင်သည့် နယ်စွန်နယ်ဖျား ဒေသများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည်။

တပ်ဖွဲ့ဝင်များ ဘယ်လောက်ဘဲသေသေ၊ ငတေမာရင်ပြီးရော

အစိုးရတပ်နဲ့ KIO/KIA တို့ကြားစစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာ လွန်ခဲ့တဲ့နှစ် ဇွန်လ(၉)ရက်နေ့မှ အခုထိတိုက် နေတုန်းပါဘဲ။ ဒီလကုန်ဆိုရင် ၁၃လတောင်ကြာမြင့်ခဲ့ပါပြီး နှစ်ဖက်အကျအဆုံးဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် နှစ်ဖက်စလုံးမှာတော့ အကျအဆုံးရှိမှာအမှန်ပါဘဲ။ တိုက်ပွဲအရေအတွက်တော့ တွေကိုတော့ အတိအကျ မမှတ်ထားပေမယ့် တိုက်ပွဲပေါင်း ၂၀၀၀ နီးပါးလောက်ရှိနေပြီးဖြစ်တယ်လို့သိရှိရပါတယ်။ တိုက်ပွဲတိုင်းကို တစ်ဖက်တစ်ယောက် ဆီဘဲကျဆုံးအုံး နှစ်ဖက်ပေါင်း ၄၀၀၀တော့သေကုန်ပါပြီး။ ဒါတောင် ဒဏ်ရရတဲ့သူမပါသေးပါဘူး။ ဒါပေမယ့်လဲ တိုက်ပွဲတိုင်းမှာ ၂ဖက်အကျအဆုံး အညီဆိုတာတော့မဖြစ်နိုင်ပါဘူး။ နေ့စဉ်နဲ့အမျှ အင်တာနက် သတင်းတွေမှာတော့ KIA/KIO လူကြီးတွေရဲ့ စေခိုင်းချက်နဲ့ ရေးသားပြီး တိုက်ပွဲဖြစ်ရင် အစိုးရတပ်သားတွေ ဘယ်လောက်သေတယ် KIA မျိုးချစ်တပ်မတော်က အကျအဆုံး မရှိဆိုပြီးရေးသားဖတ်ရှုနေကြရပေမယ့် တကယ်တမ်းမှာတော့ KIA ဘက်ကကြီးဘဲ တိုက်ပွဲဖြစ်တိုင်း ၃ယောက် ၄ယောက် လောက်ကို ကျဆုံးနေတာပါ။ ဒဏ်ရာရသူတွေလဲမနည်းတော့ပါဘူး။

ရခိုင်ပြည်နယ်အနှံ့ နိုင်ငံတော်အလံ လွှင့်ထူ၍ သမ္မတကို ဂုဏ်ပြု

ရခိုင်ပြည်နယ် တ၀န်း၌ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို ဂုဏ်ပြု လွှင့်ထူ ကြိုဆို နေကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်အတွင်း နိုင်ငံတော်အလံများ လွှင့်ထူထားစဉ် (ဓာတ်ပုံ – သွေးသစ္စာ facebook မှ)

“ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်”


from- Popular Myanmar News Journal

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ်ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော်အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ် တာ၊ ဖြေရှင်းချင်ရင် Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား) ဖြေ ရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြု ပါလို့ တောင်းဆို လာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု ၄င်းကပြောသည်။ ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"အိန္ဒိယ ပဲစိုက်ရာသီ ရာသီဥတု မကောင်း၍ မြန်မာ့ပဲဈေးမြှင့်ရောင်း"



မြန်မာ့ပဲများ အဓိကတင်ပို့ရောင်းချသည့် မွန်ဘိုင်းဈေးကွက်ရှိရာ အိန္ဒိယနိုင်ငံတွင် ပဲစိုက်ရာသီဥတု မမှန်ကန်သဖြင့် မြန်မာ့ပဲများ ဈေးမြှင့်ရောင်းချနေကြသလို အရောင်းသွက်နေကြောင်း မန္တလေးပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။
"သူတို့နိုင်ငံမှာ ပဲစိုက်ရာသီဥတု မမှန်လို့ မစိုက်နိုင်ကြသေးဘူး။ အိန္ဒိယပဲအထွက်လျော့မယ်ထင်လို့ ပြည်တွင်းက ဈေးမြှင့်ရောင်းနေ ကြတာ"ဟု မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း (မန်းပဲကုန်သည်ဒိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ဖို့ ကမ္ဘာကျော် ရေကူးသမားလာမည်

ကမ္ဘာ့အကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီးဖြစ်တဲ့ ရန်ကုန်မြစ်ထဲ နစ်မြုပ်နေတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီး ပြန်လည်ဆယ်ယူနိုင်ဖို့အတွက် ကမ္ဘာ့အတော်ဆုံး ရေငုပ်ရှာဖွေသမား အင်္ဂလိပ်လူမျိုး Mike Hatcher ဟာ ရန်ကုန်မြို့ကို သြဂုတ်လထဲ လာပြီး တိုင်ပင် ဆွေးနွေး အကောင်အထည် ဖော်ကြတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဆို ခေါင်းလောင်းကြီး ရေထဲ ရောက်နေတာ နှစ်ပေါင်း ၄၀၀ ရှိပါပြီ။

ဦးအောင်သိန်းလင်း လွှတ်တော် အမတ် မှ ပြုတ်ဖို့ နီး


ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းရေး လက်မှတ် စုဆောင်းရာတွင် ယနေ့ နေ့လည် တစ်နာရီခွဲ အချိန်ထိ လက် မှတ် ၂၀၀ ခန့်ရရှိပြီး ဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်လျှက်ရှိရာ အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်ရရှိမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေးအတွက် ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းရေး အခန်း ) တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲ ဆန္ဒရှင်များက အဆိုပါ လွှတ်တော်ကိုယ်စားလှယ် အား တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုပါက မဲ ဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရမည်ဟု ပါရှိသည့် အတွက် တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ရှစ်သောင်းကျော်သာ ရှိသောကြောင့် ကန့်ကွက်သူ ဦးရေ ရှစ်ရာကျော် ရရှိမည်ဆိုပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ကို တာဝန်မှ ပြန်လည် ရုပ်သိမ်း နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မီးရထားဝန်ကြီးဌာနမှ ဆိုင်ခန်းများ ပြဿနာ

from  -http://blog.irrawaddy.org/2012/07/blog-post_4913.html


ရန်ကုန်၊ဇူလိုင်၂၈ ဆိုင်ခန်းပိုင်ရှင်နာမည်မပေါက်ခြင်းကြောင့် ကာလရှည်ကြာပြသနာဖြစ်နေခဲ့သည့် မီးရထား ၀န်ကြီးဌာနအပိုင်၊ အင်းစိန် ဗဟိုလမ်း၊ဈေးကုန်းအရှေ့မှ ဆိုင်ခန်း ၁၄ ဆိုင် ထဲမှ ၆ ဆိုင်အား ယနေ့နံနက် ၅ နာရီခွဲခန့်မှစတင်ပြီး မိးရထားဝန်ကြီးဌာနမှ ၀န်ထမ်းများ ဖျက်သိမ်းနေကြပါတယ်။

စာမသင် ဆေးမကု တဲ့ ဒေါက်တာ

http://1.bp.blogspot.com/-PblXr7Dyijg/UBYCMQY_sHI/AAAAAAAAGXU/GvprNKFm4aA/s1600/htoo.jpg
စာမသင်ဘူး ဆေးမကုကူး စာလာမမေးနဲ့ ပါးရိုက်ပစ်မယ်

လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွားရောက်မည်


ရန်ကုန်၊ဇူလိုင်-၃၀
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ လာမည့်နှစ်တွင်အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်က ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ချစ်ကြည်ရေးသံတမန် မစ္စတာ ယိုဟေး ဆာဆာကာဝါ နှင့် နေပြည်တော်၍တွေ့ဆုံစဉ် သူမ၏ခရီးစဉ်အား ပြောကြားသွားခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၏ ရာသီဥတုသာယာလှပချိန် ချယ်ရီပန်းများပွင့်သည့် မတ်လကုန်ခန့်တွင် သွားရောက်လည်ပတ်ရန် ရည်ရွယ်ထားသည်ဟု သူမကပြောကြားကြောင်း ဆာဆာကာဝါ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
 
from - https://www.facebook.com/7daynews?ref=stream

လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ

from - http://fine-leaves.blogspot.com/2012/07/blog-post.html
မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင် ကို ကိုင်တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင် ကိုင်နိုင်ပြီလား ဆိုတော့လည်း အဲသလို မဟုတ်ပြန်သေးဖူး။ မြို့ကြီးပြကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ဒေသတွေက နိုင်ငံသားတွေအဖို့ မှတ်ပုံတင်ကဒ်ပြား ရရှိဖို့ လွယ်ကူပေမယ့် နယ်စွန်နယ်ဖျား လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက

ပြည်တွင်းစစ် ( ကဗျာ)

ပြည်တွင်းစစ်
……………………………………..
ငါ့အိပ်မက်ကိုလည်းမက်ခွင့်ပြုပါ
မင်းအိပ်မက်ကိုလည်းခံစားခွင့်ပြုပါ
ရာသီတွေကမတည်ငြိမ်သေးဘူး
ကောင်းကင်ယံကကြယ်စင်တွေလည်းကြွေနေဆဲပေါ့။
လင်းကြက်တွန်သံတွေကခက်တိတ်တိတ်ပါပဲ
တည်ငြိမ်သလို မတည်ငြိမ်သလိုရေလှိုင်းကြားက
ဗေဒါပင်ငယ်လေးတွေကလက်လှုပ်လှုပ်
သံစဉ်လိုက်ဖို့စောင့်နေကြသူတွေကအများသား
ရေးလိုက်ခြစ်လိုက်ကြတဲ့ကျောင်းသားလေးတွေ
“ယုံလိုက် ယုံလိုက်”လို့ဆိုပြီးရေထဲဆင်းသွားကြတာ
ပြန်လာတော့ ငါးစာ တွေနဲ့ပေါ့..။
ချက်မယ် ပြုတ်မယ်ဆိုတုန်းအိုးဖွင့်လိုကတော့
ကြွက်မစုံတွဲကစိတ်ဆိုးသွားပြန်ပါလေရော
ခက်မိပါရဲ…………….
အပြင်ဘက်ကိုကြည့်မိတော့လည်း
နွားသိုးတစ်ရှည်းကမျက်စောင်းတွေထိုးလို့ပါလား
တငွေ့ငွေ့လောင်နေတဲ့စပါးကျီတိုက်ကြီးကို
မကြည့်မိဖို့လည်းအားတွေတင်ထားနေမိပြီ၊
သားသားဗိုက်ဆာပြီဖေဖေ
သမီးထမင်းစားချင်တယ်ဖေဖေ
သံစဉ်မညီ၊ကဗျာမပီတဲ့အသံဗလံတွေက
ငါ့နားထဲမှာပဲ့တင်ထပ်လို့ပေါ့…။
တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေကြားမှာ
ကိုယ်ထည်တစ်ခုကိုဘေးမှာလွယ်ရင်း
ချောင်ကျကျနေရာလေးတစ်ခုမှာ
ဖျာစုတ်လေးတစ်ခုကိုခင်းရင်း
ဟောင်းနွမ်းတဲ့စောင်လေးခြုံကာ
အိပ်မက်တစ်ခုကိုမက်နေခဲ့မိပါရဲ့
အဲဒါ………………..
“ပြည်တွင်းစစ်တွေငြိမ်းချမ်းပါရစေ”တဲ့…

. . . . . . ပြောပြချင်ပါတယ် (၁)

Eleven Media မှ ဆောင်းပါးများဖြစ်ပါသည်။


. . . . . . ပြောပြချင်ပါတယ် (၁)

Written by သန်းထွဋ်အောင်   
Sunday, 20 May 2012 11:26


7333
ကျွန်တော့်မှာ နိုင်ငံခြားသား အသိမိတ်ဆွေဆိုတာ မရှိသလောက် နည်းပါတယ်။ သံရုံးတွေနဲ့လည်း မခင်ဘူး။ NGO တွေနဲ့လည်း မသိဘူး။ နိုင်ငံတကာ ဂျာနယ်လစ်တွေနဲ့ လည်း မရင်းနှီးပါဘူး။ ကျွန်တော် ဧည့်ခံပွဲတွေလည်း တက်လေ့မရှိဘူး။ Dinner တွေလည်း ရှောင်တယ်။ မြန်မာမိတ်ဆွေတောင် နည်းလာမှတော့ နိုင်ငံခြားသားဆို ပိုလို့ဆိုးတာပေါ့။ ဒါပေမယ့် အခုနှစ်လ၊ သုံးလလောက်မှာ ကျွန်တော့်ဆီ နိုင်ငံခြားသား ဧည့်သည်တွေ ရောက်ရောက်

. . . . . . ပြောပြချင်ပါတယ် (၂)


Written by သန်းထွဋ်အောင်   
Sunday, 27 May 2012 09:56


7341
ကိုနေတိုး မဖြစ်စေချင်ပါ
ကျွန်တော်မန္တလေးသား မဟုတ်ပါဘူး။ မန္တလေးမှာ အနေကြာခဲ့တာနဲ့ ကျွန်တော့်ကို မန္တလေးသားလို့ ထင်ကြပါတယ်။ ဒါကြောင့် စကားနည်းနည်းလေးများများ ပြောမိရင် အပြော ကတော့ရွှေမန်းပဲလို့ ငယ်ငယ်တုန်းက သူငယ်ချင်းတချို့က နောက်ကြပါတယ်။ မန္တလေးသားဆိုရင် အပြောက ခပ်ကောင်းကောင်းလို့ ဆိုချင်ကြပါတယ်။ အခုတော့ ဒီစကား ခေတ်မစားတော့ပါဘူး။ အခုတလော ဒီနှစ်ထဲမှာအပြောနဲ့ ပတ်သက်တဲ့ စကားတစ်ခွန်းကို လူငယ်၊ လူလတ်တချို့ ပြောလာကြပါတယ်။ “ပြောတာကတော့ ကိုနေတိုးကြီးပဲ ဖြစ်နေပြီ” ကိုနေတိုးဆိုတာ ရုပ်ရှင်မင်းသားနေတိုး အပြောကောင်းတာ မဟုတ်ပါဘူး။ No Action talk only (NATO) 

. . . . . . ပြောပြချင်ပါတယ် (၃)


PDF Print
Written by သန်းထွဋ်အောင်   
Saturday, 16 June 2012 22:36

(၁)

ဒီနှစ် Eleven Media Group ရဲ့ ၁၂ နှစ်ပြည့်ကိုတော့ Staff  Party သဘောမျိုးပဲ လုပ်ဖြစ်ပါတယ်။ မနှစ်က ကျွန်တော်ပြောခဲ့တဲ့ စကားတချို့ကိုကောက်ပြီး Staff တွေကို စကားပြောဖြစ်ပါတယ်။ တရုတ် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ရဲ့ တံခါး တွေကို ဖွင့်လိုက်ပါ။ လေကောင်း လေသန့်နဲ့အတူ ခြင် ယင် ပိုးမွှားတွေ ၀င်လာနိုင်ပါတယ်။ အစိုးရအနေနဲ့ ရဲရဲတင်းတင်းသာ တံခါးဖွင့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ မီဒီယာတွေ၊ ပြည်သူတွေအနေနဲ့ ဒီပိုးမွှားတွေရဲ့ အန္တရာယ်ကို အစိုးရနဲ့အတူ ၀ိုင်းဝန်း ဖြေရှင်း ကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။

. . . . . . ပြောပြချင်ပါတယ် (၄)





(၁)

၁၀ နှစ်တာ ကာလလုံးလုံး ရှားရှားပါးပါး စကားပြောဖော်၊ ပြောဖက်၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ အကြံဉာဏ်တောင်းနေကျ ဆရာဦးစိန်ဝင်း ဆုံးသွားတာ တခြားလူတော့ မသိဘူး။

. . . . . . ပြောပြချင်ပါတယ် (၅)


Written by သန်းထွဋ်အောင်   
Sunday, 29 July 2012 11:08


ထိုင်းနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးခေါင်းဆောင်များကို Nation Multimedia Group ၏ ဥက္ကဋ္ဌ Suthichai Yoon နှင့်အတူ NMG (၄၁)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲတွင် တွေ့ရစဉ်
စာမရေးဖြစ်တာ တစ်လလောက် ရှိပါပြီ။ ခရီးထွက်နေတာ၊ နေမကောင်းတာ၊ ဒါပေမဲ့ စာရေးပျင်းတာက အဓိကပါပဲ။ တစ်လဆိုတော့လည်း ရေးစရာတွေက အများကြီး၊ တွေးတောစရာတွေက အများကြီးပါပဲ။ ရှေ့ခရီး ဆက်နိုင်တဲ့ မျှော်လင့်ချက်တွေက အပြည့်၊ နောက်ပြန်လှည့် သွားနိုင်တဲ့ အတားအဆီး အနှောင့်အယှက်တွေက ဒီထက်တောင် ပိုများမလားပဲ။

ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ သတင်းစာပါ ကြော်ငြာ ၂ ခု

from- http://blog.irrawaddy.org/2012/07/blog-post_5370.html




နိုင်ငံပိုင် ကြေးမှုံသတင်းစာတွင် ဖော်ပြပါရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော် ပြိုင်ပွဲ ၀င်ခေါ်ဆိုမှုကြော်ငြာ ၂ ခုပါ။ ပထမ တခုကတော့ ပြိုင်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်း သီချင်းပေး ဖို့ကြရန်ဖြစ်ပြီး နောက်တခုကတော့ ပြိုင်ပွဲဝင် ရုပ်ရှင်ကားများ ပေးပို့ကြရန် နှိုးဆော်ထားခြင်းပါ။

လွတ်လပ်ခြင်း အနုပညာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအနေနဲ့ သတ်မှတ်ထားတဲ့ အတိုင်း ပေးပို့နိုင်ပါပြီတဲ့။

FREEDOM ဆိုတဲ့ စကားလုံးကို ထင်ထင်ရှားရှားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံကို အခုလို သတင်းစာတွေမှာ တဖြည်းဖြည်းချင်း မြင်တွေ့လာရတာ ဟာ ထောက်ခံသူများအတွက် ၀မ်းသာစရာဖြစ်ပါတယ်။

၃၀.ရ.၂၀၁၂ ရက်နေ့သတင်းများ

 -လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင် click
-မြန်မာ့နိုင်ငံရေး အင်အားစုတွေနဲ့ ကင်တားနားတွေ့မည် click
-နိုင်ငံခြားခရက်ဒစ်ကဒ်များ ၂၀၁၃ မှာ သုံးစွဲနိုင်မည် click
 -ပေါင်းလောင်းရေတကာစီမံကိန်း click
- ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေး ဖို့ဒ်ဝိန်းမိသားစု ပြင်ဆင် click
- သာစည်မြို့ ပြာမကျရေး (ဒို့အရေး) click
- မန္တလေး လူမှုရေးလုပ်ငန်း ၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း click
- ရခိုင်ပါတီနှစ်ခု ညှိနှိုင်းရန် ALD အဆင်သင့်ဖြစ်နေပြီဟုဆို click
- အလုပ်သမားသမဂ္ဂ ဖွဲ့လို့ အလုပ်ထုတ်ခံရ click
- မြန်မာ့နိုင်ငံရေး အင်အားစုတွေနဲ့ ကင်တားနား တွေ့မည် click
- နှစ်သီးစား သုံးသီးစား စစ်တပ်အရာရှိများ click
- လျှပ်တစ်ပြက်ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ click
- မြန်မာအားကစားသမားတ၀က် အိုလံပစ်က ထွက်ပြီ click
- ပြည်သူ့ကြားက ပြည်သူ့စကား (အသံ) click
- မိတ္ထီလာ စည်ပင်အရာရှိ မြေသိမ်း click
- လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံခြားသား ပိုများ click
- ရွှေတိဂုံ၌ ဧည့်နိုင်ငံခြားသားများ အင်တာနက် Wi-Fi အခမဲ့ သုံးခွင့်ပြုမည် click
- ရွှေတိဂုံဘုရားရှိ စဥ့်ကူးမင်း ခေါင်းလောင်းထိုးခွင့် ပိတ်တော့မည် click
- ဧရာဝတီတိုင်းဒေသကြီးက တရားစီရင်ရေး နိုင်ငံတော်နှင့် ပြည်သူ သိစေရန် (ပေးစာ) click


ဒီလို စစ်သားလဲ ရှိပါတယ်

ဒီလို နေရင် ပြည်သူချစ်မြှာ
ကျိုင်းတုံ ဘိုးဘွားရိပ်သာ အနီးတဲ့ 
မြန်မာ စစ်သားများ