Thursday, August 2, 2012

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိ

Vice Senior General Min Aung Hlaing, right, at the world heritage site Mahabodhi Temple at Bodhgaya in the Gaya District in Bihar State, India, on Thursday, August 2, 2012.  Photo: AFP 
အိန္ဒိယနိုင်ငံက  ဖိတ်ကြားမှုကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ဟာ မနေ့က (သြဂုတ်လ၁ရက်နေ့) ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယနိုင်ငံကို ရက်သတ္တ တစ်ပတ်ကြာ အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။ မြန်မာစစ်တပ် အကြီးအကဲဟာ ယနေ့မှာ ဗုဒ္ဓဂါယာသို့ရောက်ရှိခဲ့ပြီး တစ်ပတ်ကြာ ခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony နဲ့တ ကွ အိန္ဒိယ စစ်တပ် ကြည်း  ရေ  လေ ဗိုလ်ချုပ်ကြီးတွေနဲ့တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး အိန္ဒိယ အရှေ့ပိုင်း ကြည်းတပ်နဲ့ ရေတပ် စစ်ဦးစီးဌာနချုပ်တွေကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ 

ဝ' တပ်ဖွဲ့နှင့် ရှမ်းတပ်ဖွဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုကို ဖြေရှင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ ဝ' ပြည်  သွေးစည်းညီညွတ်ရေး  တပ်မတော် (UWSA) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့ အကြား နားလည်မှု လွဲမှားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Fang ခရိုင်နှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွါးခဲ့ရသည့် တင်းမာမှုများသည် ယခုအခါ ပြေလည်သွားပြီ  ဖြစ်ကြောင်း နှစ်ဘက်အရာရှိများကပြောသည်။

ပူတာအိုနှင့် မချမ်းဘောတွင် ဆန်ပြတ်လပ်နေဟု ဒေသခံများက ပြော

ဖနိဒါ | ကြာသပတေးနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် မြောက်ဖျားပိုင်း ပူတာအိုနှင့် မချမ်းဘော မြို့နယ်များအတွင်း ယမန်နှစ် ဆန်စပါး အထွက်နည်းခဲ့သဖြင့် နယ်ကျေးရွာများတွင် ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု ပူတာအိုမြို့ခံများက ပြောသည်။

““ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စ က်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် ကျပ်သန်းပေါင်း နှစ်ထောင်ကျော်ဆုံးရှုံး””


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ငါးမိုင်အကွာ၊ ရေတွင်းကျေးရွာအနီးရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံတွင် ယနေ့(သြဂုတ် ၁ရက်) မွန်းလွဲမှ စတင်ကာ လေးနာရီကျော်အကြာ မီးလောင်ပေါက်ကွဲမှုကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၂၂၁၆ သန်းပျက်စီးဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဦးသိန်းစိန်သည် စစ်တွေကို မနက်ဖြန် သွားမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။

“ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

မြစ်ဆုံဒေသတွင် သစ်ခိုးထုတ်ယူခြင်း

ကျိန်ခရန်ကျေးရွာနှင့် တန်ဖဲကျေးရွာ ( မြစ်ဆုံဒေသ)တွင် သစ်ခိုးထုတ်ယူခြင်း

စာပေစိစစ်ရေး ၀န်ထမ်းတစ်ဦး သတင်းလွတ်လပ်ခွင့် ကော်မတီ အစည်းအဝေး သို့ တိတ်တဆိတ်တက်ရောက်


ရန်ကုန် ၊ သြဂုတ် ၂

ယမန်နေ့က ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်သော သတင်းလွတ်လပ်ခွင့် ကော်မတီ( ယာယီ)ဖွဲ့စည်းသည့် အခမ်းအနားတွင် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနမှ ၀န်ထမ်းတစ်ဦး တိတ်တဆိတ် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မီဒီယာသမားများထံမှသိရသည်။

“ NLD နှင့် ကြံ့ခိုင်ရေးပါတီများအပါအ၀င် နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့များပထမဆုံးအကြိမ်သန်လျင်တွင် ၀ါဆိုသင်္ကန်း စုပေါင်းကပ်လှူ”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ NLD နှင့် အခြားနိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများ စုပေါင်းပါဝင်သည့် ပထမဆုံး အကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို သန်လျင်မြို့၌၀ါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ၂ရက်နေ့ န့လည်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအလှူပွဲသို့ သန်လျင်မြို့ နတ်စင် တစ် ရာကျောင်း တိုက်ဆရာတော် ဘန္ဒန္တပညာတေဇက နိုင်ငံရေးပါတီများနှင့်အဖွဲ့အစည်းများအား

လျှို့ ဝှတ် အကြောင်းကြားစာ ပို့ရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန မှ အကြောင်းကြား


ပြည်တွင်း ခရီးသွား ကုမ္မဏီများနှင့် ချုပ်ဆိုထားသော စာချုပ်ပါ စည်းကမ်းများ ဖောက်ဖျက်သည့် ဟိုတယ်များကို လျှို့ ဝှတ် အကြောင်းကြားစာ ပို့ရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန မှ ပြည်တွင်းခရီးသွား ကုမ္မဏီများကို စာပေးပို့ထားသည်။ ထိုစာများ ကို ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ရေနွေးအိုးတည်ရာမှ ဓါတ်လိုက်သေဆုံးမှုတစ်ခုဖြစ်ပွား

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ဇူလိုင်လ(၃၀)ရက်နေ့ မနက်ကိုးနာရီခွဲ  ၀န်းကျင်ခန့်တွင် အသက်(၄၀)၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဇီးကုန်းကျေးရွာတောင်ပိုင်းတွင် နေထိုင်သူ ကိုကျော်လင်း(အသက်၄၀၊၀န်းကျင်)သည် လျှပ်စစ်ဖြင့် ရေနွေးအိုးတည်နေစဉ် ပလပ်ခေါင်းကို လှမ်းကိုင် ရာမှ  မြေကြီးအစိုဓါတ်ကြောင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေဘိုဆေးရုံကြီးတွင် အလောင်းအား ဆေးစစ်ချက်ရယူခဲ့ပြီး ရွှေဘိုရဲစခန်းနှင့် လျှပ်စစ်ရုံးမှလည်း လာရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
from -https://www.facebook.com/ElevenMediaGroup

( ၀ါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း )

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်း လာခဲ့တယ် လို့  သိရပါတယ်။

မြေနီကုန်း မီးပွိုင့်အနီး ယာဉ် ငါးစီးဆင့် တိုက်မှုဖြစ်

လင်းကိုကိုထက် | ကြာသပတေးနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာ ထူထပ်သော မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမို ကြန့်ကြာသွားစေခဲ့သည်။

သမ္မတနှင့် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး တွေ့ဆုံမည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ အခုရက်ပိုင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပြီး အဓိက အချက် သုံးချက်ကို တင်ပြတောင်းဆိုသွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

ဦးသန့်နေထိုင်ခဲ့သောအိမ်ကို ပြတိုက်ငယ်ဖွင့်လှစ်နိုင်ရန် မိသားစုပြင်ဆင်


ရန်ကုန်-သြဂုတ်၂
၁၉၅၀ပြည့်နှစ်များက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၀န်ကြီးချုပ် ကိုယ်ရေး အရာရှိဘ၀က နေ ထိုင် ခဲ့သော နေ အိမ်အား မကြာမီပြန်လည်ပြုပြင်ကာ ဦးသန့်၏  ဘ၀အစိတ်အပိုင်းနှင့်သူ၏အလုပ်နှင့်ပတ်သက်သည်များကို အိမ်၏ အစိတ်အပိုင်းအချို့တွင် ပြတိုက်

India ရောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးသို့ ထပ်မံသွားရောက်မည်

ရန်ကုန်၊ သြဂုတ် ၂
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူး မြို့ နယ်သို့ သြဂုတ်လ ၃ ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း NLD သတင်းနှင့် ပြန်ကြားရေးဌာန ထံမှ သိရှိရသည်။

MJA ၏ သဘောထားကြေညာချက်အချို့ကို Eleven Media Group လက်မခံ

PDF
သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA) ဖြစ်မြောက်ရေး ကော်မတီ၏ သဘောထား ကြေညာချက်မှ စာနယ်ဇင်း ကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေး ဖော်ပြထားသည့် အချက်ကို Eleven Media Group က လက်မခံကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

တက္ကသိုလ်ကျောင်းသားများနှင့် ကျေးရွာသားများရန်ပွဲအချိန်မီထိန်းသိမ်းနိုင်

မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနောက်ပိုင်းနေထိုင်သူ မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင်ပအဆောင်နေ ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် မကျေနပ်သော ဇလုပ်ကျေးရွာ ဆရာတော်များနှ င့်ကျေးရွာသူကျေးရွာသား(၅၀)ခန့်သည် မုံရွာစီးပွားရေးတက္ကသိုလ်အနီး ပြင်ပဘော်ဒါဆောင်များတွင် ရိုက်နှက်သူများကို  လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်အနောက် ဘက်ရှိ အီကိုကင်း

ဒေါ်အောင်ဆန်းစုကြည် နှင့် ကင်တားနားတွေ့ဆုံ (ဓါတ်ပုံ)

“ဘီလူး အသားမစားတော့ဘူး” ဟု အိပ်မက် မက်ခြင်း


 ဘီလူး အသားမစားတော့ဘူး” ဟု အိပ်မက် မက်ခြင်း
ဘိန်း ဘု ရင်ဘွဲ့ ခံ ခွန်ဆာရဲ့ လက်ရင်း တပည့် MTA လက်ကျန်ဟောင်းကြီး  ကျောက်ယွက်ဆစ် ရေ..
သျှမ်းပြည်နယ် ထဲမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး လုပ်နေတယ် လို့ ပြောင်ပြောင်ကြီးညာနေပါပေါ့လားဗျာ...ကျုပ် လက်ရှိ သျှမ်းပြည်နယ် ထဲမှာနေတာ ၅၇ နှစ်ရှိပြီ.. ခင်ဗျားထက် ၃ နှစ်လောက်ကြီးတယ်... အရှက်မရှိခင်ဗျားမို့ပြောရဲတယ်... ခင်ဗျားပြောနေတာတွေက မျက်နှာမှာ သနပ်ခါး ၊  ပေါင်မှာသေးကြောင်း ဆိုသလို ဖြစ်နေပါပေါ့ဗျာ.....

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

                                                                                                                                                                       စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။

ကချင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ ခံစားချက်ကိုရေးထားတာပါ။

ဝါဆိုလပြည့်နေ့တွင် ရွှေတိဂုံဘုရားမှာ ဘုရားဖူးများဖြင့်စည်ကား

 

photo-7dayNewsJournal


ရွှေမင်းသားဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်တွေအတွက် လှူဒါန်း

Photo: ရွှေမင်းသားဖောင်ဒေးရှင်းမှ ကချင်စစ်ဘေးဒုက္ခသည်များအတွက် ၈၈မျိုးဆက်ကျောင်းသားများသို့ ချိုင်းထောက်အစုံ (၃၀)နှင့် ဘီးတပ်ထိုင်ခုံ (၃)စီး လှူဒါန်းခြင်း အခမ်းအနားကို
၁.၈.၂၀၁၂ ခုနှစ် နံနက် ၁၀ နာရီတွင် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းနှင့် တေးသံရှင် ဂျေညီညီ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြသည်။ရွှေမင်းသားဖောင်ဒေးရှင်းမှ ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် ၈၈မျိုးဆက်ကျောင်းသားများသို့ ချိုင်းထောက် အစုံ(၃၀)နှင့် ဘီးတပ် ထိုင်ခုံ (၃)စီး လှူဒါန်းခြင်း အခမ်းအနားကို၁.၈.၂၀၁၂ ခုနှစ် နံနက် ၁၀ နာရီတွင် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းနှင့် တေးသံရှင် ဂျေညီညီ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြသည်။

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ

 ၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တပ်ချုပ် အိန္ဒိယသွား

ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်     















မူရင်းလင့်  http://www.mwdmedia.net/2012/08/blog-post_2.html

RCSS/ SSA တပ်ဖွဲ့ဝင် (၇) ဦး “၀” တပ်ဖွဲ့က ဖမ်းဆီး

ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/ SSA တပ်ဖွဲ့ဝင် (၇) ဦးအား ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
ထိုင်းမြန်မာ နယ်စပ်တလျောက်သို့ ရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များ၏ စိုက်ပျိုးရေး လုပ်ငန်းအတွင်း ကူညီ ဆောင်ရွက်ပေးနေသော SSA တပ်မဟာ (၇၂၇) မှ တပ်ဖွဲ့ဝင်များ ယခုလ (၃၀) ရက်နေ့ က ဖမ်းဆီးခံခဲ့ရသည်ဟု နားကောင်းမှူး ဒေသခံ တဦးက အခုလို ပြောသည်။

အိန္ဒိယနှင့် မြန်မာစစ်ရေး၊ လုံခြုံရေး ပူးတွဲဆောင်ရွက်မှုမြှင့်တင်

နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးတွဲဆောင် ရွက်မှုကို မြှင့်တင်တဲ့ အနေနဲ့ မြန်မာ့ တပ်မတော်က စစ်သည်တွေကို အိန္ဒိယနိုင်ငံက ပိုမိုလေ့ကျင့် သင်တန်းပေး သွားဖို့နဲ့ လက်နက် မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ ကူညီသွားဖို့ ဆုံးဖြတ် လိုက်ကြောင်း အိန္ဒိယ အစိုးရကမနေ့က  ပြောဆိုလိုက်ပါတယ်။
 

မင်နီတားခံ ကာတွန်းများ၏ တစ်ခေတ်အလွန်

ရေးသားသူ- ဥက္ကာကိုကို

တိုက်ပုံ၊ ခေါင်းပေါင်းဝတ်ဆင်ထားသည့်  လူတစ်ဦးက  အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟု
ကမ္ပည်းထိုးထားသော အုတ်ဂူရှေ့သို့ သွား၍ “ငွေစက္ကူအသစ်မှာ ဗိုလ်ချုပ်ပုံမပါတာ ၀မ်းနည်းမိ ပါတယ် ခင်ဗျာ”ဟုပြောနေသည်။ ဤတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အုတ်ဂူထံမှ အသံပြန်ထွက်လာပါသည်။ ထိုအသံမှာ “၀မ်းမနည်းပါနဲ့ ကိုယ့်လူ၊ လာဘ်ပေးလာဘ်ယူကို ဒီငွေနဲ့ လုပ်ကြတာ  ဆိုတော့  ငါ့ပုံနဲ့ဆို ငါလည်းကြံရာပါ ဖြစ်နေမှာ။ ဒီအတိုင်းပဲကောင်းပါတယ်”ဟူ၍ဖြစ်လေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်တားနားတွေ့မည်

ဒီနေ့  ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်