Sunday, August 26, 2012

၂၆-၈-၂၀၁၂ ရက်နေ့သတင်းများ


- လယ်သမား ၂,၀၀၀ ကျော် လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူ click
- မိုးထိမိုးမိ ရွှေတူးဖော်ရေး အလုပ်သမားခေါင်းဆောင်တွေ ၈၈ မျိုးဆက်ထံ အကူအညီ တောင်းခံ click
- လွှတ်တော်ရေးရာကိစ္စနှင့် ပါတီညီလာခံ ကျင်းပရေး အန်အယ်လ်ဒီ ဆွေးနွေး click
- သမ္မတ အိုဘားမားက ပြိုင်ဘက် ရွမ်နီကို ဝေဖန် click
- ဆီးရီးယားမှာ လူသေးအလောင်း အမြောက်အများတွေ့ရှိ   click
- ရခိုင်အတွက် အင်ဒိုနီးရှားအကူအညီတွေ စရောက်  click
- နာဆာအာကာသယာဉ် အင်္ဂါဂြိုလ်ပေါ်ဆင်းသက်   click
- အာကာသယာဉ်မှူး အမ်စထရောင်းအတွက် ဂုဏ်ပြုပွဲတွေကျင်းပ   click
- နယူးယောက် ရဲတပ် ကျည်သင့်လို့ ဒဏ်ရာရကြ click

ဂျာမနီတိရစ္ဆာန်ရုံတွင် ကျားတစ်ကောင်က ဝန်ထမ်းအမျိုးသမီးအား ကိုက်သတ်

ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ရှိ တိရစ္ဆာန်ရုံ တစ်ခုတွင် ကျားတစ်ကောင် သည် လှောင်အိမ်ထဲမှ လွတ်မြောက်လာကာ တိရစ္ဆာန်ရုံဝန်ထမ်း အမျိုး သမီး တစ်ဦးအား ကိုက်သတ်ခဲ့ကြောင်း သိရသည်။

ဆေးဝန်ထမ်း၏အသက်ကို ကယ်တင်ရန် မိုင် ၂၀၀၀ ခရီးကို ဗြိတိန်စစ်သင်္ဘော ခုတ်မောင်း

ဗြိတိသျှ တော်ဝင်ရေတပ်မှ စစ်သင်္ဘော တစ်စင်းသည် ဝေးလံသီခေါင်လှသည့် ကျွန်းလေးတစ်ခုပေါ်မှ အရေးပေါ် အကူအညီ တောင်းခံမှုကြောင့် မိုင်(၂၀၀၀) ခရီးကို အလျင်စလို ခုတ်မောင်းခဲ့ရကြောင်း သိရသည်။

မန်ယူအသင်းသို့ အူစိန်ဘော့တ် လာရောက်လည်ပတ်

မန်ချက်စတာ ယူနိုက်တက် အသင်းသို့ အလည်အ ပတ် ရောက်ရှိ လာသည့် ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့တ်သည် ယူနိုက် တက်၏ ဂျာစီဖြင့် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သည်။

စတုတ်နှင့်အာဆင်နယ်ပွဲစဉ် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံး

အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် ယှဉ်ပြိုင်ရာတွင် အာဆင်နယ် အသင်းသည် စတုတ်ခ်စီးတီး၏ အိမ်ကွင်း ဘရစ်တနီ ယာတွင် ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည်။

အမေရိကန်တရားရုံးဆုံးဖြတ်ချက်အပေါ် Samsung အယူခံဝင်မည်

စမတ်ဖုန်းများနှင့် Tabletကွန်ပျူတာများ ထုတ်လုပ်ရောင်းချမှုတွင် Samsungက Appleထံမှ ဒီဇိုင်းကို ခိုးယူခဲ့ကြောင်း အမေရိကန် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် Samsungက အယူခံဝင် မည် ဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀ါရှင်တန်ဒီစီမြန်မာကွန်မြူနီတီ စက်တင်ဘာ ၂၀ မှာ တွေ့ကြမယ့် အစီအစဉ် တစေ့တစောင်း

ဝါရှင်တန်ဒီစီက ဆက်သွယ်ရေးတာဝန်ခံ ဒေါက်တာနီနီခင်နှင့် မိုးမခမေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်မှာ ပထမဦးဆုံး မြန်မာကွန်မြူနီတီတွေ့ ဆုံပွဲ အဖြစ် စက်တင်ဘာ ၂၀ မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ပုံတင် အတုဖြင့် ကျပ်သိန်း ငါးထောင် ချေးငှားသည့်အမှု ၅ နှစ်ကြာပြီးနောက် ဖေါ်ထုတ်

အမည်ရင်း၊ မွေးသက္ကရာဇ် နှင့် အဖအမည်တို့ကို ပြင်ဆင်ထားသည့် မှတ်ပုံတင် အတုဖြင့် ဦးမျိုးနိုင်(ခ) ဦးမင်းကျော်ဇောက ငွေကျပ် သိန်း ၅ ထောင်ကို ၂၀၀၇ ခုနှစ်တွင် ချေးငှားခဲ့သည့် အမှုကို ယခုလ ၁၅ ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးခဲ့ကြောင်း မော်လမြိုင်မြို့ မြို့ခံများက ပြောသည်။

New D-Wave Facebook စာမျက်နှာနှင့် D-Wave စာစောင်တို့ သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူက တုံ့ပြန်

Facebook လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ပုဂ္ဂိုလ်ရေးအ ပုပ်ချမှုများကို လုပ် ဆောင်လာသောNew D-Wave Facebook
 Account နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  မှ ထုတ်ဝေနေသော D-Waveစာစောင် တို့ သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအုန်းကြိုင် က တုံ့ပြန်ပြောဆိုခဲ့သည်။

အမေရိကန် အားကစား သံတမန် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ


မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်အလို့ငှာ အမေရိကန်ကြေးစား ဘတ်စကက်ဘောအားကစားသမားများနှင့် နည်းပြများကို 'အားကစားသံတမန်'များအဖြစ် ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြာင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးမှ တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

ကချင်စစ်ပြေးဒုက္ခသည်များကို ဖိအားပေးပြန်ပို့နေသည်ဟူသော သတင်းများ မှန်ကန်မှုမရှိဟု တရုတ်အစိုးရငြင်းချက်ထုတ်


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသားစစ်ပြေးဒုက္ခသည်များကို စစ်မက်ဖြစ်ပွားလျက်ရှိသော ဇုန်များအတွင်းသို့ ဖိအားပေး ပြန်ပို့လျက်ရှိသည်ဟူသော လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲပြော ဆိုမှုများမှာ မှန်ကန်မှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက်နေ့တွင် ငြင်းပယ် လိုက်သည်။

မာနကြီး တာတွေကို ရှောင်နေတယ် မိုးဟေကို




မိုးဟေကိုက လတ်တလောမှာ ဟိန်းဝေယံနဲ့ ဗီဒီယို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အထက်မြန် မာပြည် မှာတော့ မြင့်မြတ်နဲ့ မိုးဟေကို ပါဝင်တဲ့ “အသည်းကွဲနေသည်” ဗီဒီယိုကား ထွက်ထားတယ်လို့ မိုးဟေကိုကပြောတော့ မိုးဟေကိုက ရန်ကုန်မှာ မထွက်သေးတာကြောင့် နယ်ပရိသတ်တွေ အဲဒီကားအပေါ် အားပေးမှု ဘယ်လိုရှိ လဲလို့ ပြန်မေးတာကြောင့် ကြိုက်ကြကြောင်းပြောတော့ ကျေနပ်သွားတာ သတိထားမိ ပါတယ်။

မြ၀တီမြို့ ၊အမှတ်(၃)မူလတန်း လွန်ကျောင်း၌(NFPE)Non Formal Primary Education (ကျောင်းပြင်ပမူလတန်းပညာရေး) သင်ကြားမှုစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း

မြ၀တီမြို့၊  အမှတ်(၅) ရပ်ကွက် တွင်ရှိသော  ယခင်အမှတ်(၃)   မူလတန်းလွန်ကျောင်း ယခု အမှတ်(၂) အလယ်တန်းကျောင်းခွဲ တွင်(NFPE)Non Formal Primary Education (ကျောင်းပြင်ပ မူလတန်းပညာရေး)သင်ကြားမှုအား မြ၀တီမြို့နယ်တွင် (၂.၇.၂၀၁၂)

နောက်ဆုံးရရှိထားသော ဖားကန့် စစ်ပြေးဒုက္ခသည်စာရင်း

ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာလယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရုပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။

ကေအိုင်အေတပ်ဖွဲ့များ တနိုင်းမြို့ပေါ်တွင် အရပ်သားယောင်ဆောင်၍ သွားလာလှုပ်ရှားနေ

ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်နေရာတွေ မှာ ကေအိုင်အေတပ်မဟာ () မှ အဖွဲ့ ၀င်များ အရပ်ဝတ်များ ၀တ်ဆင်ကာ လှုပ်ရှားသွားလာလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။

မြို့သစ်ကြီးကျေးရွာတွင် ရွာသားတစ်ဦး KIA တပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းနင်းမိ

ကေအိုင်အေမှ အောင်လော့ဒ်ကျေးရွာနေသူများအား သတ်မှတ်ချိန်အတွင်း သွားလာရန် ညွှန်ကြား

မြန်မာအစိုးရဘက်မှ တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲရက် ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ ကေအင်န်ယူ

ကရင်အမျိုးသားအစည်းအရုံးက သဘောထားကြေညာချက်ကို သြဂုတ်လ ၂၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရုပ်ရှင်လောကမှာ လွတ်လပ်ခွင့်တွေ ရလာတဲ့အတွက် ဝမ်းသာပါတယ် ခိုင်နှင်းဝေ

အခုအနုပညာ လှုပ်ရှားမှုတွေမှာ လွတ်လပ်ခွင့်တွေ ရလာပြီဆိုတော့ စုန်းကားတွေ သရဲကားတွေ ရိုက်ကြတယ်။ ပရိသတ်တွေက မြန်မာ သရုပ်ဆောင်တွေ လုပ်တာကို မကြည့်ခဲ့ရဘူး။ 

ပလက်ဖောင်းပေါ်မှ မြန်မာမလေးများ

အရင်တုန်း ကဆိုရင် ဒီအကြောင်းဟာ ရေးလို့မရတဲ့ အတွက် မျိုချ ပစ်လိုက်ရမှာပါ။ ခုတော့ရေးလို့ ရပြီထင်ပါတယ်။ ရေးပါရစေ နော်။ ကျွန်မဟာ ပလက်ဖောင်းပေါ်မှာ မတ် တတ်ရပ်ပြီး ဖောက် သည် စောင့်နေတဲ့ ကောင်မလေးတွေကို မြင်ဖူးတာ မကြာလှသေးပါဘူး။

တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ခလေးဘဝ)


မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ကောလိပ် ကျောင်းသားဖြစ်ပြီးစက သတ္တိသွေးပြ၍ ဖခင်ဖြစ်သူ ဦးဖာ၏ အုပ်ဂူရှိရာ၊ နတ်မောက်မြို့ သုသာန်သို့ ညအချိန်မတော် သွားရောက်ကာ၊ ဖခင်၏ အုပ်ဂူပေါ်တွင် ဖခင်သက်စေ့ ဖုရောင်းတိုင်များကို စိတ်အေးလက်အေး ထွန်းညှိပြီးမှ မြို့တွင်းသို့ ပြန်လာခဲ့ပုံ၊ သူရဲတစ္ဆေ အကြောင်းကို လူအများ ဒဏ္တာရီ သဖွယ် ပြောနေကြသော်လည်း တကယ်စင်စစ် သရဲတစ္ဆေ ဟူ၍္မရှိကြောင်း လက်တွေ့ပြသပုံတို့ကို ဤဂျာနယ်တွင် ဖော်ပြပြီး ခဲ့လေပြီ။

ထိုင်းရောက် ရွှေပြောင်း မြန်မာ အလုပ်သမားများ အကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရား မ၀င်) များတွင် မြန်မာနိုင်ငံသား အများ ဆုံး ၀င်ရောက် လုပ်ကိုင် လျှက် ရှိသော နိုင်ငံမှာ ထိုင်းနိုင်ငံပင်ဖြစ်သည်။