Monday, September 10, 2012

တရားမျှတမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး ကိစ္စ နှင့် ကျွန်တော်၏ အတွေးခေါင်ခေါင်

ခု ခုတလော ကျွန်တော်တက်နေတဲ့ကျောင်းက လိုအပ်ချက်အရ Philosoply (လောကအမြင်) စာအုပ်တွေ ဖတ်နေဖြစ်တယ်။ ပြောရရင် ဖီလော်ဆော်ဖီဆိုတာ ကျနော်နဲ့အတော်ဝေးပါတယ်။ ခုဖတ်ဖြစ်တော့၊ ကျောင်းက ဆွေးနွေးပွဲတွေမှာ ပြောဆို ငြင်းခုန်ကြတော့ မြန်မာနိုင်ငံနဲ့ယှဉ်လို့ စဉ်းစား စရာတွေလည်း ဖြစ်လာခဲ့တယ်။ ဖီလော်ဆော်ဖီ (လောကအမြင်) ဆိုတဲ့ သဘောမှာက ဒီသဘောတရား ဆရာကြီးတွေက သစ္စာ (အမှန်တရား) (Truth)၊ ယုံကြည်မှု (Belief) နဲ့ ဖွင့်ဆိုကျိုးကြောင်း ရှင်းပြချက်

အလုံ၊အထက(၄) ကျောင်းတွင် ဗုံးတွေ့

ယနေ့၊ နေ့လည်ပိုင်း ရန်ကုန်၊ အလုံ အထက(၄) ကျောင်း အလံတိုင်အောက်တွင် ဗုံးတွေ့ရှိသောကြောင့် ကျောင်းအတွင်းမှ ရဲလုံခြုံရေးများက ယူဆောင်သွားခဲ့ကြောင်း၊ ကျောင်းတွင်း ဗုံးတွေ့ရှိသည်ကို ကျောင်းသားမိဘများသို့ အသိမပေးပဲ ဖုံးထားကြောင်း မကျေနပ်သော သူငယ်တန်း (A) မှ ကျောင်းသား မိဘတဦးကြေ့ပာသည်။ “ဒီလောက်အရေးကြီးတဲ့ သတင်းကို ဘာဖုံးထားတယ်၊ မီဒီယာတွေကိုလည်း မပြောဘူး၊ ခုလို ကလေးတွေ နေတဲ့ ကျောင်းမှာ ဗုံးထောင်ရက်တဲ့ ယုတ်မာ

Don't Shoot


 

နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်တို့အကြား ဆွေးနွေးမဲ့ နေရာ ငြင်းခုန်နေ

နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ မြန်မာအစိုးရတပ်နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်တို့အကြား ဆွေးနွေးမဲ့ နေရာ ငြင်းခုန်နေတဲ့အတွက် နောက်ထပ်ဆွေးနွေးပွဲ ချက်ချင်းမဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။ ဒီတကြိမ် ဆွေးနွေးပွဲမှာ အစိုးရဘက်က ဒုကာကွယ်ရေးဦးစီးချုပ်ပါ တက်ရောက်မှာမို့ နေပြည်ေ တ်ာမှာ ဆွေးနွေးဖို့ အစိုးရဘက် က စာရေးကမ်းလှန်းထားတယ်လို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းက ဒီဗီဘီကိုပြော ပါတယ်။ ကေအိုင်အိုပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကလည်း အခုလို နှစ်ဘက်စစ်ရေးတင်းမာနေချိန်မှာ နေပြည်တော်မှာ တွေ့ဆုံဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ တရုတ်နယ်စပ်မှာဘဲ တွေ့လိုကြောင်း ပြန်လည်ပြောကြားထားပါတယ်
From -DVB

ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းအတွင်း ပုပ်ပွနေသော ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ နေအိမ်တိုက်ခန်း တစ်ခန်းတွင် အသက် ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂျကာတာမြို့အား မြန်မာ့ပြည်ရိုဟင်ဂျာအရေးနှင့်ပါတ်သက်ပြီးအသေခံဗုံးခွဲမည့်သူဖမ်းဆီးမိ။


ဂျကာတာဆင်ခြေဖုန်းရပ်ကွက်တွင် အကြမ်းဖက်သံသယရှိသူ အင်ဒိုနီရှား အမျိုးသားတဦးလက်နက်ချ အဖမ်းခံကာ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသော ရိုဟင်ဂျာများအားပြုမှုများကို မကျေနပ်သည့် အတွက် ဂျကာတာရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက် ရန်ကြံရွယ် ခဲ့သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူမှ အေအက်ပီ သတင်းသို့ ထုတ်ဖေါ်ပြောကြား ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကုမ္ပဏီဝန်ထမ်းက အမျိုးသားသီးသန့် အိမ်သာတွင် ကျည်ဆန်များ တွေ့ရှိ


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာ ဌာနအနီးရှိ အိမ်သာတွင် ကျည်ဆန်များ တွေ့ရှိသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အထူးတင်းကျပ် ထားကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “အရေအတွက်ကိုတော့ လုံခြုံရေး အနေအထား အရ ပြောလို့မရပါဘူး။ လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေး အပြည့်အဝထားရှိတဲ့အပြင် လေယာဉ်စီး မယ့်သူတွေ အားလုံးကိုလဲ တစ်ဦးချင်းစိစစ်တယ်။ ဝတ်လာတဲ့

ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ်

 ချင်းမိုင်(မဇ္ဈိမ)။။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ လူနေရပ်ကွက် အတွင်းရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ကန့်ကွက် သွားမည် ဖြစ်ကြောင်း ကော့သောင်းရှိ နိုင်ငံရေး  ပါတီ သုံးခု၏ ပူးပေါင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု ဒေသခံ ပါတီ တာဝန်ရှိသူများက ပြောသည်။

လွှတ်တော်အထက်မှာ ဘယ်သူမှ မရှိဘူးလား



(အယ်ဒီတာ့ အာဘော်)

ညီသစ် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၈ မိနစ်

ယခုလပိုင်း လွှတ်တော်အတွင်းတွင် ကိုယ်စားလှယ်များနှင့် အခြေခံဥပဒေ ခုံရုံးတို့အကြား အငြင်းပွားမှု၏ နိဂုံးသည် သမ္မတကြီး ဦးသိန်းစိန်၏ ခုံရုံးအဖွဲ့ဝင် ကိုးဦးကို ရာထူးမှ နှုတ်ထွက် ခွင့်ပြုဆိုသည့် ကြေညာချက်ဖြင့် အဆုံးသတ်သွား ပြီဟု ခန့်မှန်းရသော်လည်း ထိုအရေးကိစ္စ၏ နောက်ဆက်တွဲတွင် လွှတ်တော်ကို သမ္မတက မလွန်ဆန်နိုင်ဟူသော ယူဆချက် ပေါ်ပေါက်လာသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ အမေရိကန်သံရုံးမှထုတ်ပြန်ချက်

From -ပေါ်ပြူလာဂျာနယ်

ကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ကို မြေမျိုရာမှ ရခိုင် ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရွှေစေတီ ဆရာတော်က ပြောကြား

အမေရိကန် အာရှနဲ့ ပစိတ်ဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph  Yun နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို စက်တင်္ဘာလ ၈ ရက်နေ့ကနေ ၉ နာရီထိ လာရောက် လည်ပတ်သွားခဲ့ပါတယ်။ရခိုင်ကို လာလည်တဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးနဲ့ အဖွဲ့ ။အခုလို လာရောက် လည်ပတ်စဉ်မှာ ရခိုင် လူထု လူတန်းစား အဖွဲ့ပေါင်းစုံက လူပုဂ္ဂိုလ်တွေ၊ ရဟန်းတော်တွေ၊ နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး

လွှတ်တော်အမတ်ဆိုတာ ဥပဒေပြုရေး အာဏာပဲရှိတာ။ ပြဿနာ ဖြစ်တိုင်း တိုက်ရိုက် ထွက်တားနိုင်တဲ့ အုပ်ချုပ်ရေး အာဏာ မရှိဘူး။ ပြဿနာ ဖြစ်တိုင်း ထွက်တားနိုင်တဲ့ အုပ်ချုပ်ရေး အာဏာရှိတာ အစိုးရပဲ။

နည်းနည်းမှားနေကြတယ် ထင်တယ်။ လွှတ်တော်အမတ်ဆိုတာ ဥပဒေပြုရေး အာဏာပဲရှိတာ။ ပြဿနာ ဖြစ်တိုင်း တိုက်ရိုက် ထွက်တားနိုင်တဲ့ အုပ်ချုပ်ရေး အာဏာ မရှိဘူး။ ပြဿနာ ဖြစ်တိုင်း ထွက်တားနိုင်တဲ့ အုပ်ချုပ်ရေး အာဏာရှိတာ အစိုးရပဲ။ ဒါကို ခွဲခြားပြီး နားလည် စေချင်ပါတယ်။

လွှတ်တော်က ပြဿနာကို တိုက်ရိုက် ဖြေရှင်းနိုင်ရင်၊ ပြဿနာကို တိုက်ရိုက် ဖန်တီးနိုင်စွမ်းလည်း ရှိသွားလိမ့်မယ်။ အဲဒီ အခါ .. အရင်က နအဖ ခေတ်လို ... စစ်ယူနီဖေါင်း ဝတ်တိုင်း၊ ဘောင်းဘီ ချွတ်တိုင်းနဲ့ အစိုးရ ဝန်ထမ်းတိုင်းကို ကြောက်နေရသလို .. အစိုးရလည်းကြောက်ရ၊ လွှတ်တော်လည်း ကြောက်ရ ဖြစ်ပြီး ... ကြောက်စရာ လူတွေ ထောင်ချီပြီး တိုးလာတာပဲ အဖတ်တင်လိမ့်မယ်။

လွတ်တော်ဆိုတာ အဲဒီ ဖြစ်နေတဲ့ ပြဿနာတွေကို မတိုးပွားအောင်နဲ့ ပြေပြေလည်လည် ဖြစ်အောင် ဖြန်ပြေပေးတဲ့ လူကြီးတစ်ယောက်ရဲ့ လုပ်ရပ်ကိုသာ လုပ်နိုင်စွမ်း ရှိသူတွေ ဖြစ်တယ်။ သူတို့ရဲ့ အဓိက တာဝန်ကတော့ ပြဿနာတွေကို အသေးစိပ် အချိန်ယူ လေ့လာပြီး ပြည်သူတွေရဲ့ ဒုက္ခတွေ နောက်ထပ် တကြိမ်မှာ အလားတူ မခံစားရအောင် .. ဥပဒေနဲ့ တားမြစ်နိုင်ဖို့ ဥပဒေ ပြဌာန်းရေးကိုသာ အဓိက လုပ်ဆောင်နိုင်သူတွေသာဖြစ်တယ်။
From -ကိုထိုက်Facebook

ပုတ်ပွနေသော မိန်းကလေး အလောင်းတွေ့

ကမာရွတ်မြို့နယ် ဗဟိုလမ်း အမှတ် ၁၉၅ (ခိုင်ရွှေဝါ ဆိုက္ကားဂိတ်မှတ်တိုင် အနီး) နေအိမ်တိုက်ခန်း တစ်ခုတွင် အသက် ၁၃ နှစ် အရွယ် အိမ်ဖော် မိန်းကလေး တစ်ဦး အသတ်ခံခဲ့ရကြောင်း အဆိုပါနေရာသို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
အသတ်ခံရသော မိန်းကလေး၏ အလောင်းမှာ ပုတ်ပွနေပြီး အဆိုပါတိုက်ခန်း၌ ၄င်းနှင့် အတူ နေထိုင်သူမှာ MRTV-4 ရုပ်/သံဌာန တွင် အစီအစဉ်တင်ဆက်သူ တစ်ဦးဟု သိရှိရပြီး ကမာရွတ်ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း ၄င်းက ဆက်လက် သတင်းပေးပို့သည်။
From-TheVoiceWeekly

ဘုရင်ကြီးရဲ့ အပြာရောင်သွား (သို့) Bluetooth

" ဟေ့ . . မင်းဖုန်းက Bluetooth ကိုဖွင့်လိုက် . . ငါ့ ဖုန်းထဲက Ringtone အမိုက်စားလေးပေးမလို့ " အဲ့ဒီလို စကားမျိုးကို ကိုယ်တိုင်မပြောဖူး မကြုံဖူးရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ ပြောနေသံကို
လူတော်တော်များများ ကြားဖူးပါလိမ့်မယ် ။ Bluetooth လို့ နာမည်ဆန်းဆန်းလေးပေးထားတဲ့ ကြိုးမဲ့ သတင်းအချက်အလက် လွှဲပြောင်းပို့ဆောင်ရေး နည်းလမ်းလေးတစ်ခုကို နည်းပညာခေတ်ကြီးထဲမှာ အတော်လေး ရင်းနှီး ကုန်ကျပါပြီ ။Bluetooth Mouse , Bluetooth Headset , Bluetooth Keyboard စတဲ့ အပြာရောင်သွားလေးတွေကိုသင့် ပတ်ဝန်းကျင်တနေရာရာမှာတော့ တွေ့မြင်နေကျဖြစ်မှာပါ ။

ခေတ်ပြောင်း စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာရန် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား

ခေတ်ပြောင်း စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာရန် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။

ကချင်ပြည်နယ်၌ ရှမ်းမျိုးနွယ်စုများသည် ပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့် ရှိကြောင်းခန့်မှန်း ငြိမ်းချမ်းရေးရရှိရန် လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ စဉ်းစားရမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူးပြောကြား


ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအနက် ရှမ်းလူမျိုးစုဦးရေသည် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် ပြည်နယ်တွင်းမှ တိုင်းရင်းသား လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ ဆွေးနွေးရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။

ဝါးရုံစွန်းမှ လူပွဲစား ပြဿနာ

မိုင်အဲမလီ
တဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးမှာအလုပ်အကိုင်ရမယ်ဆိုပြီး၂၀၁၂ ဇွန်လ ၂၁ ရက်နေ့ က မြ၀တီ ကို ပါသွားတဲ့ လှည်းကူးမြို့နယ် ၀ါးရုံစွန်းကျေးရွာက ရွာသား ၁၁ ဦးထဲမှာ ၆ ဦး ပြန်ရောက်လာ ပါတယ်။

စက်ရုပ်နေရာကိုအစားထိုးမယ့် ပိုးဟပ်ကွန်မန်ဒိုတပ်ဖွဲ့

စက်ရုပ်နေရာမှာ အစားထိုးတော့မယ့် ပိုးဟပ်တွေကို အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်က တက္ကသိုလ် တစ်ခုမှာ ဖန်တီး အောင်မြင်ခဲ့ပါတယ်။ဒါကို နိုင်ငံတကာက ပိုးဟပ်ဂျိမ်းဆဘွန်းလို့ဆိုပါတယ်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုသည် ရေရှည် ဖြစ်သော ပြုပြင်ပြောင်းလဲ ရေး ဖြစ်ရန်လို


နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်ကျော် ကြာမှ ပြန်လည်ေ ရာက်ရှိလာခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မှ ဒေါက်တာနိုင်အောင် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရ (အန်စီဂျီယူဘီ) မှဒါက်တာသောင်းထွန်း တို့နှင့် မြန်မာ အင်ဒီပဲန်ဒင့် တို့ တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ်   ဖော်ပြ လိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ မကြာမီသွားမည်

ပြီးခဲ့သည့် စနေနေ့က ရန်ကုန်မြို့၌ ဥပဒေ ပညာရှင်များနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောနေသော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
အမေရိကန် နိုင်ငံ၏ အမြင့်ဆုံးနိုင်ငံသား ရွှေတံဆိပ်ဆု လက်ခံရန်အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း ပထမဆုံး အမေရိကန် ခရီးစဉ်ကို လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

ဒီချုပ်မှ စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ကြေငြာချက်တစ်စောင်ထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗဟိုညီလာခံကော်မရှင်မှ
စက်တင်ဘာ လ ၁၀ ရက်စွဲပါ ဗဟိုအလုပ် အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြေငြာချက်တစ်စောင်ကိုထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်
ယင်းကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွင့်လှစ်ထားရှိသော ပြည်နယ်၊ တိုင်း၊ခရိုင်၊မြို့နယ် ရုံးခန်းအသီးသီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်မှ အပ အခြားသော ပါတီအဖွဲ့အစည်း အစုအဖွဲ့၊ တသီးပုဂ္ဂလတို့ စီစဉ်သော အစည်းအဝေးများ ဆွေးနွေးပွဲများကို ကျင်းပခွင့်မပြုကြောင်းဖြင့်ဖော်ပြထားသည်။
From -ပေါ်ပြူလာဂျာနယ်

ဇိုမီးလွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းတည်ထောက်လိုက်ကြောင်း ဇိုမီးအမျိုးသားကာကွယ်ရေးကော်မတီမှ ကြေငြာချက်တစ်ရပ်ထုတ်ပြန်

From -ပေါ်ပြူလာဂျာနယ်

၃၈ လမ်း ( အလယ် )မီးလောင်ကျွမ်းမှု ဖြစ်ပွား နောက်ဆက်တွဲ သတင်း

၃၈ လမ်း မီးလောင်မှုတွင် မီးလောင်ဒဏ်ရာများဖြင့်သေဆုံးနေသူမှာ အသက်(၇၀)အရွယ် လေဖြတ်နေသူ အမျိုးသားကြီးတစ်ဦးဖြစ်ပြီး၊ မီးမလောင်မီသေဆုံးခြင်းလော၊ မီးသင့်၍ သေဆုံးခြင်းလောဆိုသည်ကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
From -ပေါ်ပြူလာဂျာနယ်

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-
အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီး အသစ်တွေ ကတိသစ္စာ ပြုခဲ့ကြပါပြီ။ ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။

ထိန်းသိမ်း ခံထားရသော ရွာသူ ၁၂ဦး အား ပြန်လွှတ် ပေးရန် တောင်းဆို (TheVoiceWeekly)


အင်တာနက်မြန်နှုန်းအကြောင်း ISP တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် စကားစမြည်



အင်တာနက်သုံးစွဲသူတွေ အမြဲတမ်း စိတ်ဝင်တစား     မေးမြန်းပြောဆိုနေကြတဲ့ အင်တာနက်မြန်နှုန်းအကြောင်းကို LSP ( Local Service Provider) တစ်ခုမှ တာဝန်ရှိသူ တစ် ဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ပြန်မယ်ဆိုရင် အပြီးပြန်မယ်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကျန်းမာရေး ဆိုးရွားနေပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိနေ ကြောင်း ဧရာဝတီသတင်းဌာနမှ သတင်းရေးသားခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော အား သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက သမ္မတဦးသိန်းစိန်မှ ပြန်လာခွင့်ပြုကြောင်း ဆက်သွယ် အကြောင်းကြားလာခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇော၏ နောက်ဆုံး ကျန်းမာရေး အခြေအနေ၊ ပြည်တော်ပြန် ခရီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက်

သာကေတမြို့မှာ ဆလွန်းကားအဖြူရောင် ရေထဲထိုးကျ









သာကေတမြို့နယ်၊ ရှုခင်းသာလမ်းပေါ်ရှိ နဂါးပျံတည်းခိုခန်းရှေ့တွင် စက်တင်ဘာ ၈ ရက်က တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ဆလွန်းကားအဖြူရောင်သည် စီးနင်းနေသည့်စက်ဘီးနှစ်စီးကိုတိုက်မိ၍ လမ်းဘေးရေကန်အတွင်းသို့ ကျသွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် စက်ဘီးစီးသူနှစ်ဦးမှာ ဒဏ်ရာရ၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဓာတ်ပုံ- စောပြည့်စုံ
From -7DayNewsJournal

ဆွီဒင်မှ အိမ်တွင်းဖြစ် နျူကလိယဓာတ်ပေါင်းဖို တည်ဆောက်သူ

ပြီးခဲ့တဲ့ နှစ် သြဂုတ်လဆန်းက သတင်း ဖြစ်ပါတယ်။ အိမ်တွင်းဖြစ် နျူကလိယ တာဘိုင်တည်ဆောက်ပြီး ကမ္ဘာကျော်သွားတဲ့ သာမန်လူတစ်ယေက် ဖြစ် ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီး ဆွီဒင်နိုင်ငံ အနောက်တောင်းပိုင်း Aengelholm မြို့ ငယ်မှာ နေထိုင်တဲ့ Richard Handl အမည်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အိမ်တွင်း မီးဖိုချောင်မှာပဲ ရေဒီယို သတ္တုကြွပစ္စည်း များ ဖြစ်တဲ့ radium, americium နဲ့ uranium များကို ကိုယ်တိုင် ချက်ပြုတ်ပါတယ်။ ပြီးတော့ ရေနွေးငွေ့

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီးတွင် ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအားနန်ချွန်ဆိပ်ကမ်းသို့  ဖမ်းဆီးခေါ်ဆောင်သွား

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး  ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားကြောင်း။
 ပထမသတင်းဖြင့် နောက်ဆက်တွဲ သတင်း (10-9-2012 ရက်နေ့ 
နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ

၂၃၇ ဧကကျော်ရှိသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခကျပ် ၇၄၀၀၀ ကျော်ဖြင့် Mother Industrial ကုမ္ပဏီလီမိတက်သို့ စက်မှုဝန်ကြီးဌာနမှ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေး

၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ပါ အချက်များအရ သိရသည်။

ခုံရုံးနုတ်ထွက်သွားသော်လည်း သင်ခန်းစာယူစရာများကျန်နေ

နေပြည်တော်ရှိ လွှတ်တော်သို့ပြန်လည်ရောက်ရှိလာသော်လည်း ကျနော့်စိတ်အာရုံကိုပြန်လည်စုစည်း မှုမပြုလုပ်နိုင်ခဲ့ပါ။အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုစွပ်စွဲပြစ်တင်ခြင်း လုပ်ငန်းစဉ်များ ကို အမျိုးသားလွှတ်တော်က စတင် ခဲ့ပြီဖြစ်သောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်၍ နုနယ် သည့် ဒီမိုကရေစီခရီးလမ်းတွင်( Institution ) များအချင်းချင်း ပြင်းထန် သော ထိပ်တိုက်ရင်ဆိုင်ေ တွ့ခြင်း မျိုးကိုေ ရှောင်ရှားစေလိုသည့် စိတ်စေတနာကြောင့် ကျနော်သိပ်မပျော်ပါ။  စိတ်စေတနာ အပြင် နောက်ပြန် လှည့်သွားနိုင်ခြေများလည်း ရှိလေမည်လားဟု စိုးရိမ်စိတ်ကလည်းရှိနေခဲ့သောကြောင့်ဖြစ်ပါသည်။

အာရှနိုင်ငံများ ကုန်သွယ်ရေးအဟန့်အတားများပိုမို ဖယ်ရှားပေးရန် ဟီလာရီကလင်တန် တိုက်တွန်း

ဘလာဒီဗော့စတော့၊ စက်တင်ဘာ - ၈ ပစိဖိတ်ဒေသ လွတ်လပ်စွာကုန်သွယ်မှုပေါ်ထွန်းလာရေးအတွက် ကုန်သွယ်ရေးဆိုင်ရာ အဟန့်အတားများကို ဖယ်ရှားပေးစေလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေသတွင်းနိုင်ငံများကိုတိုက်တွန်းပြောဆိုကြောင်း BBC သတင်းဌာန ကရေးသားဖော်ပြသည်။ ရုရှားနိုင်ငံ၊ ဘလာဒီဗော့စတော့ ဆိပ်ကမ်းမြို့ တွင် စက်တင်ဘာလ ၈ ရက်နေ့က စတင်ကျင်းပသော အာရှပစိဖိတ်ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က ယင်းသို့ပြောဆိုခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်သို့ စတင်ဖွင့်လှစ်ခဲ့သည့် သောကြာနေ့မှစ၍ ယနေ့အထိ တင်ပြစာ(၅၀)ကျော် ရောက်ရှိထာြး

နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်သို့ စတင်ဖွင့်လှစ်ခဲ့သည့် သောကြာနေ့မှစ၍ ယနေ့အထိ တင်ပြစာ(၅၀)ကျော် ရောက်ရှိထားပြီး ဖြစ်ပါသည်။ 
 သမ္မတရုံး Mail Box ဖွင့်လှစ်ရခြင်း အကြောင်းအရင်းအောက်ပါအတိုင်း ဖြစ်ပါသည်- ၁။ နိုင်ငံတော်သမ္မတကြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့်မူဝါဒများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ ထင်မြင်ယူဆချက်များ၊ အကြံပြုချက်များ သိရှိနိုင်စေရန်၊

အမေရိကန် သံတမန်အဖွဲ့ ရခိုင်သို့ရောက်ရှိ၊ အတူယှဉ်တွဲနေထိုင်ရေး သဘောထားကိုမေး

1-1ရခိုင်ပြည်နယ် အရေး၌ ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းများတွင် ထိရောက်စွာကူညီနိုင်ရေးအတွက် အဖွဲ့ဝင် (၁၁) ဦးပါ အမေရိကန် သံတမန်အဖွဲ့သည် စက်တင်ဘာ (၈) ရက်နေ့ မနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Joe Yun ၊ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲဌာန ကိုယ်စားလှယ် Hans ten Feld တို့ ပါဝင်သော သံတမန်အဖွဲ့သည် Air Mandalay လေကြောင်းခရီးဖြင့် စစ်တွေသို့ ရောက်ရှိလာခြင်းဖြစ်သည်။

စားပွဲသောက်ပွဲအမြင်မှ အဓိပ္ပါယ်လေးနက်သော ပွဲအဖြစ်မြင်စေချင်

"ဒီးကူ" တဲ့ တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင်တော့ "ဒီး"ဆိုတာက ထမင်း "ကူ"ဆိုတာကတော့ ထုပ်တာပေါ့။ ဒါပေမယ့် ဒီးကူရဲ့ အထိမ်းအမှတ်ကတော့ နှိုင်းရက်စရာ ဘာမှမရှိသလို ကရင်နီလူမျိုးတွေ သူ့ကျွန်ဘ၀ကနေ လွှတ်မြောက်တဲ့ အနေနဲ့ ဒီးကူပွဲတော်ဆိုပြီး ကရင်နီအမျိုးသားတွေက ပြုလုပ်လာကြတာ ရှေ့ယခင်ကတည်းကပါပဲ။

မတူပီမြို့ပေါ်တွင် USDP က ပါတီစည်းရုံးရေး လက်တွေ့ဆင့်ပွားသင်တန်းပို့ချ

ချင်းပြည်နယ်မတူပီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယခု ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျေးရွာ စည်း ရုံးရေး လက်တွေ့ဆင့်ပွား သင်တန်းပို့ချကြောင်း သိရသည်။
သင်တန်းကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြုလုပ်ကြပြီး မတူပီမြို့နယ် ၆၈ အုပ်စုမှ သင်တန်း သား ၅၈ ဦးတက် ရောက် ကြောင်း၊ သင်တန်းဆရာများအဖြစ် ဦး ကျွန်ဘိတ်( အတွင်းရေးမှူး- ချင်းပြည်နယ်)၊ ဦးအောင်ထန်း(ပြည်နယ် အလုပ်အမှု ဆောင်ကော်မတီဝင်)၊ ဦး ရာမ်သန်း (ခရိုင် အလုပ်အမှုဆောင်ကော်မီတီဝင်)၊ ဦး

လိုင်ဗား ရေလှောင်တမံဆက်စပ်ဒေသနှင့် ဇိန်မှုတောင်အား ဘေးမဲ့တောသတ် မှတ်ရေး ကွင်းဆင်းမည်

ယခင် စစ်အစိုးရ လက်ထက် ၁၉၉၇ ခုနှစ်ကတည်းက ဇိန်မှုတောင်အပါအ၀င် လိုင်ဗားရေလှောင် တမံ ဆက်စပ်ဒေသအား ဘေးမဲ့တောအဖြစ်သတ်မှတ်ရေးလုပ်ငန်းစဉ်ကို လက်ရှိ အစိုးရသစ်က ဆက်လက်အကောင်အထည်ဖော်မည်ဟု ကြားသိရ သည်။

ပြည်သူ့ရဲနဲ့ လူငယ်ပူးပေါင်းပြီး ၁၅ သိန်းဖိုး ပစ္စည်းခိုးယူသူ ဖမ်းဆီးအရေးယူ


ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင်ကယ် နှစ်စီး ၊ ငွေသား တသိန်း၊ မိုဘိုင်းဖုန်း ကာလတန်ဖိုး ကျပ်ငွေ ၁၅ သိန်းတန် ခိုးယူသူ ဟားခါးမြို့ဟောင်းရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ်ရှိသူ Ngun Ling  ဆိုသူအား ပြည်သူ့ရဲနှင့် ရပ်ကွက် လူငယ်များပူးပေါင်းပြီး ဖမ်းဆီးနိုင် ခဲ့သည်ဟု သိရသည်။

အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းပြောကြား


ရန်ကုန်၊ စက်တင်ဘာ၊ ၈
အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ ယွင်းခဲ့ပါက လျော်ကြေး အနေဖြင့် ပြန်လည်ပေးအပ် သွားမည်ဖြစ်သည့် အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ေ ဆာင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်း ကပြောသည်။ ယခုလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ

အိုင်စီတီညွှန်းကိန်းအရ အင်တာနက်အသုံးပြုသူလူဦးရေ ခြောက်သိန်းအထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ၊ ၆
၂၀၁၁ ခုနှစ်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏အင်တာနက် အသုံးပြုသူဦးရေသည် ၅ သိန်းကျော်မျှသာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်သြဂုတ်လအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက် များအရ အင်တာနက် အသုံးပြုသူဦးရေသည် ၆ သိန်းဝန်းကျင် အထိရှိလာခဲ့ပြီဟုသိရ သည်။ နှစ်ဝက်တာကာလအတွင်း အင်တာနက် အသုံးပြုသူဦးရေသည် သိန်းဂဏန်း ၀န်းကျင် တိုးတ
က် လာ ခဲ့ခြင်းဖြစ်ပြီး

[ Voice Of The Day ]


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားရာတွင် အခွန် တံဆိပ်ခေါင်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ ဖြေကြားချက်သည် ယေဘုယျ ဆန်ပါကြောင်း၊ ဖြေကြားချက်များ ယေဘုယျ မဆန်ရန်နှင့် လက်တွေ့ကျင့်သုံး နေသည့်စနစ်၊ နည်းလမ်းများ လိုအပ်နေသည်၊ လွဲနေသည် ဆိုပါကလည်း အမြန်ဆုံး ပြုပြင် ပြောင်းလဲရန် လိုပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်း မေးမြန်းသည့် အခါ ထိထိရောက်ရောက်နှင့် လိုအပ်ပါက မည်သည့် နေရာတွင် မည်ကဲ့သို့ ဖြစ်နေသည်ကို သက်သေ အထောက်အထား များဖြင့် မေးမြန်းရန်နှင့် ဖြေကြားသူများ

အသွင်သစ် အစိုးရနှင့် အားလုံးပါဝင်သော နိုင်ငံတည်ဆောက်ရေး


ပြင်ဆင် ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် ပညာရှင်များ အများအပြား ပါဝင်လာခဲ့ရာ အောင်မြင်သည့် နိုင်ငံများရှိ တက္ကသိုလ်နှင့် အစိုးရ အဖွဲ့အကြား ပညာရှင်များ စုန်ချည်ဆန်ချည် ကူးချည် သန်းချည် ဖြစ်စဉ်မျိုး နောင်တွင် တွေ့ကြရတော့မည့် အလားအလာပင် ဖြစ်သလို မြန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် မူဝါဒကောင်းများ ချမှတ်နိုင်ရေး၊ အိုင်ဒီယာကောင်းများ ဖော်ထုတ်နိုင် ရေးတွင် အားလုံး ပါဝင် နိုင်ရေး အခြေခံ ကျသော ခြေလှမ်းကြီး တစ်လှမ်းလှမ်း လိုက်ခြင်းဖြစ်သည်။

Hacker များနှင့် DDOS တိုက်ခိုက်မှုများအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းပြောကြား

ရန်ကုန်၊ စက်တင်ဘာ၊ ၆
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် Hacker များနှင့် DDOS တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် ရတနာပုံ တယ်လီပို့မှ ၀န်ထမ်းများကိုမှာကြားခဲ့သည်ဟုသိရသည်။ 

မောင်ရင်လောင်းကို နတ်ပြဖို့လိုသလား



ဘုန်းဘုန်းတို့ မြန်မာပြည်မှာ နွေရာသီ ကျောင်းပိတ်ရက် ရောက်လာပြီဆိုရင် မြို့လည်းမြို့ အလျောက် တောလ ည်းတော အလျောက် ရှင်လောင်းလှည့်ပွဲတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။ ကားနဲ့တစ်မျိုး၊ ဆင်တွေမြင်းတွေနဲ့တစ်ဖုံ၊ လှည်းနဲ့တစ်လှည့်၊ လူနဲ့တစ်ထမ်း စီတန်းကာ လှည့်လည်လေ့ရှိကြတဲ့ ရှင်လောင်းလှည့်ပွဲမှာ ဘုရားကျောင်းကန်အနားသွားပြီး ဘုရားကိုပတ်လို့ နတ်စဉ်ရှာကာ မောင်ရင်လောင်းကို နတ်ပြကြတဲ့ အလုပ်ကလည်း အဟုတ်ကိုဖြစ်ပြီး

NCGUB ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း ပြည်တော်ပြန်မလား

)

NCGUB ညွှန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း- ဓာတ်ပုံ- VOA ( မြန်မာပိုင်း
ညွှန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာစိန်ဝင်းကို နံမည်ပျက်စာရင်း ( Blacklist ) က ပယ်ဖျက်ပေးလိုက်တဲ့ စာရင်း မှာ ပါဝင်လာပြီးနောက် သူ့အနေနဲ့ ပြည်တော်ပြန်၊ မပြန် ကိစ္စကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း က မေးမြန်ထားတာကို ပြန်လည် ကူးယူေ ဖာ်ြ ပပေး လိုက်ပါတယ်။

လူသတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဘရာဇီး ဂိုးသမား

Bruno နှင့် အသတ်ခံရသူ ဘရာဇီးမော်ဒယ် Eliza၊ ဓာတ်ပုံ- mail online
ဘရာဇီး ဘောလုံးအသင်း ဂိုးသမား Bruno Fernandes de Souza ဟာ မော်ဒယ် သရုပ်ဆောင် Eliza Samudio ကို သတ်မှုနဲ့ စွပ်စွဲ ရုံးတင်ခံ နေရပါတယ်။

BBC သတင်းဌာန ရန်ကုန်တွင် ရုံးခွဲ ဖွင့်မည်

ယခင် တပ်မတော် အစိုးရ လက်ထက် အတိုက်အခံ မီဒီယာအဖြစ် သတ်မှတ်ထားသော ဘီဘီစီ သတင်းဌာန၏ မြန်မာပိုင်း အစီအစဉ် ရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် လာရောက် ဆွေးနွေး နေပြီဖြစ်ကြောင်း BBC Global News မှ ဒါရိုက်တာ PETER HORROCKS က The Voice Weekly သို့ ပြောကြားသည်။
From-The Voice Weekly

စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့နယ် တရားရုံးနှင့် မုံရွာခရိုင်တရားရုံးအတွင်းသက်သေခံ အဖြစ်သိမ်းဆည်းထားသောဆိုင်ကယ်များက အမြင်မတော်ဖြစ်နေ။

တိုင်းဒေသကြီးအစိုးရအဖွဲရုံးစိုက်ရာ ရုံးကြီးနှင့် တစ်ဝင်းထဲ တစ်ခြံထဲလိုပြော ရလောက်အောင် နီးနီး ကပ်ကပ် ရှိနေသော တရားရုံး အတွင်း ဆိုင်ကယ်များက အများပြည်သူ အမြင် မတင့်တယ်ဖွယ် ရှိနေသည်။

ဒါကိုလေလံ တင်ရောင်း မယ် ဆိုရင်လဲအမြ န်ရောင်းသင့် တယ်။ ဒီလို  မှမဟုတ်လို့ တရားလို/ခံတွေ ကိုပြန်ပေးရမှာ ဆိုရင်လည်း အမြန်ပြန်ပေး သင့်တယ်။အခုလို မိုးရွာ နေပူ ဒဏ်နဲ့ဆိုရင် အကုန် ပျက်စီးမယ် ။ပြန်ရမယ့်သူတွေလည်း နစ်နာ တယ်။ပြန်မပေးရတော့လို

ဝတ်ပြုဆုတောင်းဖို့သွားကြတဲ့ ရွာသားများ အာဏာပိုင်က တားဆီး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့  ဆုတောင်းပြည့်ဘုရားကို  ဒီကနေ့ ၀တ်ပြု ဆု
တော င်းဖို့ သွားရောက်ကြတဲ့ ၀က်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို ဖြတ်ကူးခွင့်မပြုဘဲ တားဆီး ပိတ်ပင်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

၁၀-၉-၂၀၁၂ ရက်နေ့သတင်းများ

- ဂါဇာကို  အစ္စရေး လေကြောင်းက တိုက်ခိုက်  click
- စာကြည့်တိုက်နည်းပညာသင်တန်း ပို့ချ click
- APEC ခေါင်းဆောင်တွေ ရုရှားမှာ စုဝေး click
- ကမ္ဘာ့စီးပွားရေး တိုးတက်ရေး APEC ခေါင်းဆောင်တွေ ဆွေးနွေး click
- ရသေ့တောင်မြို့တွင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား တရက်ကြို ကျင်းပ click
- ရှမ်းလူမျိုးများကို နိုင်ငံသားအဖြစ် ထိုင်းလက်ခံ  click
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကို ရောက်ရှိ click 
- လွှတ်တော်ကော်မတီနဲ့ ဥပဒေပညာရှင်တွေ တွေ့ဆုံ click
- ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် ကြေးနီစီမံကိန်း ဘေးထွက်ဆိုးကျိုး ဟောပြော click    
- ဥပဒေစိုးမိုးရေးကော်မတီနဲ့ ပညာရှင်တွေ တွေ့ဆုံ click
- တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဋ္ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး click
- မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်တို့မှ ၇၃ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား click 
- ၈၈ မျိုးဆက် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ click
- ၆၄ နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ KNPP ဦးဆောင်ကျင်းပ click
- အစ္စရေးမှာ ဂျူးလူငယ်တွေကို ရဲက ဖမ်းဆီး click
- အမေရိကန် သမ္မတလောင်းတွေ အပြိုင်မဲဆွယ် click
- NY မြို့ လေဆင်နှာမောင်း ဝင် click
- ဟောင်ကောင်မှာ ရွေးကောက်ပွဲ ကျင်းပ click
- တရုတ်ပညာရေးအစီအစဉ်ကို ဟောင်ကောင် ပယ်ချ click
- အင်းလေး ဖယ်ခုံ လယ်မြေသိမ်းမှု click 
- မသန်းစွမ်း အိုလံပစ် ပိတ်ပွဲကျင်းပ  click

ကေအိုင်အေ မှ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေ

ကေအိုင်အေသောင်းကြမ်းသူအဖွဲ့မှ အင်အား(၂၀)ဦးခန့်သည် အရပ်ဝတ်ဖြင့် စက်တင်ဘာ(၈)ရက်နေ့ ညသန်းခေါင်အချိန်တွင် မိုးကောင်းမြို့နယ် နောင်ပုံရွာထဲသို့ ၀င်ရောက်လာပြီး အမျိုးသမီးငယ်(၂)ဦး အပါအ၀င် လူငယ်(၆)ဦးအား တနိုင်းဘက်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

မီဒီယာ ဥပဒေ အသစ်ပြန်လည် ရေးဆွဲမည်

သတင်းမီဒီယာများ ပါဝင်ခြင်း မရှိဘဲ ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲ ခဲ့သော မီဒီယာ ဥပဒေကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)က အသစ် ပြန်လည် ရေးဆွဲမည် ဖြစ်ကြောင်း မကြာသေးခင်က ခန့်အပ်ခြင်း ခံရသော ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN) ကိုယ်စားလှယ်တို့ တွေ့ဆုံမှု အစီရင်ခံစာမှ သိရသည်။

ဦးဥတ္တမနေ့ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ပထမဆုံး တက်ရောက်


မြန်မာ့ လွတ်လပ်ရေး မီးရှူး တန်ဆောင်ဟု ရခိုင် တိုင်းရင်းသားများ တင်စား ခေါ်ဝေါ်ကြသော ဆရာတော် ဦးဥတ္တမ၏ ၇၃ ကြိမ်မြောက် အထိမ်းအမှတ် နေ့ကို စစ်တွေမြို့ ဦးဥတ္တမ ခန်း မ တွင် ယနေ့ ကျင်းပရာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပြည်နယ် ဝန်ကြီးချုပ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဦးဦးလှသိန်း က ပြောကြားသည်။

ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံ ထူထောင်ရန် အကြမ်းဖက်ဘင်္ဂလီ (၁၁) ဖွဲ့ ပူးပေါင်း


RSO ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်ဒရော်ဘင်တောင်တန်းဒေသ (ရွာတော်ခရိုင်)နှင့် ဖလောင်းချိတ်မြို့ (Cox's Bazar) ကြားတွင် တိမ်မြုပ်နေသည့် ရခိုင်ပြည်နယ်ကို အစ္စလမ်မိတ်နိုင်ငံ တစ်ခုအဖြစ်ထူထောင်ရန် စိုင်းပြင်နေကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၁) ဖွဲ့ ပူးပေါင်းပြီး လှုပ်ရှားမှု တချို့အား ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သြဂုတ်လ ၅ ရက်နေ့ ထုတ် ဘင်္ဂလားဒေ့ခ်ျ ဖလောင်းချိတ် သတင်း(Cox's Bazar news) စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။