Saturday, September 15, 2012

မြန်မာပြည်က စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဟာ အခြားနိုင်ငံက ဒီမိုကရေစီ စနစ်ထက် ပိုကောင်းတယ်ဆိုတာ အမေရိကန် သံရုံးများရှေ့ မွတ်စလင်တွေ အကြမ်းဖက်ဆန္ဒပြမှု့တွေက သက်သေပြနေပြီလော

 မြန်မာပြည်က ပြောနေတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာ ကို တခြားနိုင်ငံတွေ လိုက်နာ ကျင့်သုံးရတော့မယ်။ ဒီမိုကရေစီ ဘိုးအေ ဆိုတဲ့  အင်္ဂလန်မှာ မွတ်စလင်တွေ မင်းမရှိတဲ့ တိုင်းပြည် လို အမေရိကန် သံရုံးရှေ့မှာ စည်းမရှိ ကမ်းမရှိ  လုပ်နေကြတယ်။ ဂျာမဏီ သြစတြေးလျား  တခြား အာရပ်နိုင်ငံတွေ ကျင့်သုံးတဲ့ ဒီမိုကရေစီ စနစ်  နဲ့ မြန်မာ အစိုးရ ပြောတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဘာကွာသလဲ ဘယ်ဟာ ကောင်းသလဲ ဆိုတာ  သိလာပြီ။၊ မြန်မာပြည်မှာ ဒီမိုကရေစီ စနစ်အရ ဆန္ဒပြလို့ ရပေမဲ့ ခု  အမေရိကန် သံရုံးတွေရှေ့မှာ  မွတ်စလင်တွေလုပ်နေတဲ့ အကြမ်းဖက် ဆန္ဒပြသလိုမျိုး  ဘယ်တော့မှ မရဘူးဆိုတာ ယုံတယ်။၊ အဲလို ဆန္ဒပြရင် အစိုးရ နဲ့  စစ်တပ်၊ ရဲတွေက ချက်ချင်း တုန့်ပြန်မယ်ဆိုတာ ကျုပ်တို့ ယုံပြီးသား။
အမေရိကန် အစိုးရနေရာမှာ  မြန်မာ အစိုးရသာဆိုရင်  ပြသာနာ အရင်းခံ အခြားဘာသာကို စောက်ကားထားတဲ့ ရုပ်ရှင် ရိုက်တဲ့သူ နဲ့ သရုပ်ဆောင်တွေကို ခုချိန်ဆို ဖမ်းထားပြီးတာ ကြာပေါ့၊ 
လစ်ဗျား၊ တူနီးရှား၊သြစတြေးလျ ၊ အင်္ဂလန် အစိုးရ နေရာတွေမှာ မြန်မာ အိုးရသာဆိုရင်   စည်းမဲ့ ကမ်းမဲ့ ဆန္ဒပြနေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး၊ ချက်ချင်း လက်ငင်း တုန့်ပြန် ဖမ်းဆီးမှာ သေချာတယ်။

တရုတ်မှာ မွတ်စလင်တွေ အဲဒီနိုင်ငံတွေမှာ ဆန္ဒပြသလို ပြရဲလား?
တူနီးရှား အမေရိကန်သံရုံးထဲ ၀င်၍ မရသဖြင့် လုံခြုံရေးဂိတ်မှ ကျည်ကာမှန်ကို စိတ်ရှည်လက်ရှည် အုတ်ခဲဖြင့် ထုခွဲနေကြစဉ် ..


ဒီမိကရေစီ ဘိုးအေ အင်္ဂလန်မှာ ဒီလို အခြားနိုင်ငံ အလံ မီးရှို့နေတာကို ရဲတွေ ဘာမှ ၀င်မတား

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးတောင်းဆို

နိုင်ငံရေးအကျဉ်းသား ၃၉၀ ကျော် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေး (ဓာတ်ပုံ- Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးတောင်း ဆိုသည့် လက်မှတ်ထိုး လှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေး ထိုး ကာ ထောင်အ တွင်း ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားအား လုံး လွှတ်ပေး ရန် တောင်း ဆိုလိုက်သည်။

ယခုနှစ် အမေရိကန်မူးယစ်ဆေးတိုက်ဖျက်ရေး အမည်မည်းစာရင်းတွင် မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့ကို ဆက်လက်ထည့်သွင်းထား

ဝါရှင်တန်၊ စက်တင်ဘာ - ၁၅

အမေရိကန်ပြည်ထောင်စုသည် မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့အား ၎င်း၏မူးယစ်ဆေးမှောင် ခိုတင်ပို့မှု တိုက်ဖျက်ရေးအမည်မည်းစာရင်းတွင် ယခုနှစ်၌ဆက်လက်ထည့်သွင်းလိုက်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့် အမေရိကန်နိုင်ငံ အကျိုးစီး
ပွားအတွက် မြန်မာနိုင်ငံကို အကူအညီပေးရန် ထိုက်တန်သေးကြောင်း အမေရိကန်ကပြောကြားခဲ့သည်။

ရွှေဝါရောင် နှစ်ပတ်လည် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်နှစ်ပတ်လည်အခမ်း အနားကို စက်တင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီတွင် အဆိုပါ တော်လှန်ရေးတွင် အကျဉ်းကျခံခဲ့ရသော ဆရာတော် ဦးကောဝိဒက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း ယင်းအခမ်းအနားဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးကပြောသည်။

စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး

GDP တွင် စက်မှုကဏ္ဍ၏ လက်ရှိ ပါဝင်မှုပမာဏသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ရမည်ဟု သမ္မတ ဦးသိန်းစိန်က လမ်းညွှန်ခဲ့သည် (ဓာတ်ပုံ- Reuters)
အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်လာရသော်လည်း စက်မှုကုန်ထုတ်လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော

မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့် မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ေ ကြာင်း ဝေဖန်သံများ ကို NLD က သိရှိနား လည်သည်။ (ဓာတ်ပုံ- Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအား ထားသော ပါတီ မဖြစ်စေရေး အတွက် ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း၊  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းနေရာအား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။

“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (ဒုတိယပိုင်း)

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ေ ရး လုပ် ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု

ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဖယ်ရှားရေး လက်မှတ်ထိုး တောင်းဆိုရန် စီစဉ်

ပဲခူးတိုင်း ဥက္ကံမြို့ တိုက်နယ် ဆေးရုံ (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ)
ပဲခူးတိုင်း တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အ မှတ်၂ ပြည်ထောင်စုကြံ့ ခိုင်ရေး ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်အား ကိုယ်စားလှယ် နေရာမှ ဖယ်ရှားပေးရေး လက်မှတ်ထိုး တောင်းဆိုမှုပြုလုပ်ရန် စီစဉ်နေကြသည်။

အမျိုးသား ကျန်းမာရေးအတွက် အသုံးဝင်သော လမ်းညွှန်ချက်များ



အမျိုးသားတွေ အခုထက် ပိုမိုကျန်းမာလာဖို့အတွက် ဖော်ပြပေးမယ့် လမ်းညွှန်ချက်တွေက အိမ်မှာ လိုက်နာနိုင်တဲ့ အလွယ်နည်းတွေ ဖြစ်ကြပါတယ်။  ဒီနည်းလမ်းတွေက အလုပ်လုပ်ေ တဲ့ အမျိုးသားတွေ၊ ကျောင်းတက်နေဆဲ အမျိုးသားတွေ၊ အိမ်ထောင်ရှင် အမျိုးသားတွေ စတဲ့ အမျိုးသား အားလုံးအတွက် ပိုမိုကျန်းမာလာစေမယ့် နည်းလမ်းတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံထုတ် လက်ပ်တော့များတွင် ကြိုတင် ထည့်သွင်းသည့် ဗိုင်းရပ်စ်များ ပါဝင်နေ

Microsoft ကုမ္ပဏီမှ ဒစ်ဂျစ်တယ် ပြစ်မှု ယူနစ်မှာ တရုတ်နိုင်ငံမှ ကွန်ပြူတာ ထုတ်လုပ်သူများသို့ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေချိန် အတွင်းတွေ့ရှိမှု အသစ်  တစ်ခုကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
 တွေ့ရှိချက်များထဲတွင် ၎င်းတို့ အနေဖြင့် Window အော်ပရေးတင်း စနစ်များကို တရားမဝင် ထည့်သွင်းနေသည်ကို တွေ့ရှိခဲ့ရသည့် အပြင် အန္တရာယ် ဖြစ်စေနိုင်သည့် Malware များ မှာလည်း စက်ကို ဝယ်ယူစဉ်ကပင် ပါဝင်လာသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

စာမေးပွဲချိန် ကာလအတွင်း အချိန်မီစေရန် မ.ထ.သ ယာဉ်လိုင်းများ ပြေးဆွဲပေး သွားမည်

လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ စတင် ကျင်းပပြုလုပ် သွားမယ့် တက္ကသိုလ်ကျောင်း အသီးသီးမှ စာမေးပွဲတွေမှာ ဖြေဆို မယ့် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲ ဖြေဆိုချိန်မှာ ယာဉ်လိုင်းများ အခက်အခဲ မရှိဘဲ အချိန်မီ စေဖို့ မ.ထ.သ ဗဟိုမှ ပြေးဆွဲပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ပေးရာမှာ လက်ရှိ ကျောင်းများကို ပြေးဆွဲ လျက်ရှိနေတဲ့ ယာဉ်လိုင်းများ ကိုသာ စာမေးပွဲရက်ပိုင်း အတွင်းမှာ အချိန် ခပ်စိပ်စိပ်၊ မြန်မြန်နဲ့ အထူး အလေးထား ပြေးဆွဲပေးရေးကို ကြပ်မတ် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

မွတ်ဆလင် ဘာသာဝင်များကမ္ဘာတဝန်း ဆန္ဒပြမှု ပြန့် နှံသွားပြီး

 တမန်တော်ရုပ်ရှင်ဇာတ်လမ်းတိုအပေါ်  စိတ်ဆိုးနေကြသော အစ္စလာမ်ဘာသာဝင်တို့ သည် အမေရိကန်သံရုံး ရုံးစိုက်ရာနိုင်ငံပေါင်း
၂၀ကျော်တွင် ဆန္ဒပြနေကြသည်။

အမေရိကန်သံအမတ် အသတ်ခံခဲ့ရသည့် တမန်တော် မိုဟာမက်ကို လှောင်ပြောင်တဲ့ရုပ်ရှင်



Downlaod လုပ်ချင်ရင်  ဒီကို နှိပ်ပါ။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းစံပြကျေးရွာ ဂရိတ်ဝေါလ်နဲ့ နီကယ် စက်ရုံများမပိတ်ရေး ဆန္ဒပြ

မြေယာနစ်နာမှုများ ဥပဒေနဲ့အညီ ရရှိရေး၊ စက်ရုံအလုပ်သမားများ၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရေးကို ဦးတည်ပြီး ပြုလုပ်တဲ့ လူထုဆန္ဒပြပွဲတစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းစံပြကျေးရွာမှာ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ပါတယ်။ ဆန္ဒပြဖို့ အင်အား ၁၀၀၀ တင်ထားပေမယ့် ၃၀၀ သာခွင့်ပြုခဲ့ပြီး ဆန္ဒပြပွဲမှာ အဖွဲ့အစည်းများက မှတ်တမ်းရယူပေမယ့် အနှောက်အယှက် ပေးတာမျိုးမရှိပါဘူး။ ဂရိတ်ဝေါလ်နဲ့ နီကယ် စက်ရုံများက အလုပ်သမားများအပါအ၀င် မောင်းကုန်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက လာရောက်စုရုံးဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံပိတ်ဖို့ ပြောဆိုသံများကြားနေတာ ကြောင့် စက်ရုံမပိတ်ရေးနဲ့ နစ်နာတဲ့မြေယာတွေအတွက် ဥပဒေနဲ့အညီပြန်လည်ရရှိဖို့ ငြိမ်းချမ်းစွာ ကြွေးကြော် ဆန္ဒပြကြတာဖြစ်ပါတယ်

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒလိုင်လားမား ပွင့်ပွင့်လင်းလင်းပြောကြား

ချင်းမိုင် (မဇ္ဈိမ)။          ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ အလွန်အမင်းချိုးဖောက်နေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားကပြောကြားလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရခေါင်းဆောင်များနှင့် ဒီမိုကရေစီလိုလားသူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံလိုကြောင်း ပြောကြားလိုက်သည်။

၁၀၀% လာရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ စိုးရိမ်ချက်


ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများသည် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိရန် မျှော်လင့်နေကြောင်း ပြည်ပလုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အများစုမှာ ဘဏ်လုပ်ငန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ စွမ်းအင်နှင့် ခရီးသွားကဏ္ဍများကို အများဆုံး စိတ်ဝင်စားလျက်ရှိကြပြီး ယင်းလုပ်ငန်းများတွင် ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ရရှိလိုကြောင်း မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ကိုင်နေသော Yoma Strategic Holdings မှာ အမှုဆောင်ဥက္ကဋ္ဌ Mr. Serge Pun ကနေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗားရှင်း စင်တာတွင် ကျင်းပခဲ့သည့် Myanmar Global Investment Forum တွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။

အဓိက နှင့် သာမည (အယ်ဒီတာ အာဘော်)

များမကြာမီ အရှေ့တောင် အာရှတွင်ရော အာရှတိုက်တွင်ပါ အတောက်ပဆုံး ကြယ်ပွင့် တစ်ပွင့် ဖြစ်လာရန် အခြေအနေ ကောင်းများစွာ ရှိနေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုသည် ၂နှစ်မပြည့်သည့် ကာလတို အတွင်းမှာပင် ရင့်ကျက်သည့် ဒီမိုကရေစီ သဘောသဘာဝများနှင့် ဆင်တူသည့် အခြေအနေ အချို့ ပေါ်ပေါက်ခဲ့ပါသည်။ ထိုအခြေအနေ တို့သည် အလွန် လျင်မြန်လှသည့် အပြောင်းအလဲများကြောင့် ထွက်ပေါ်လာသောဒီမိုကရေစီ အခြေခံ ပွတ်တိုက်မှုများ ဖြစ်ပါသည်။ မြန်မာ့

NDFပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ်

NDF ပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ် ရန်ကုန်၊ စက်တင်ဘာ ၁၂
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကို အာရှတိုက် နိုင်ငံရေး ပါတီ များ အသင်းဝင် အဖြစ် ဝင်ရောက်ရန်ဖိတ်ခေါ်ကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံ မှ နိုင်ငံတကာ ဆက်ဆံရေး ဒုတိယဝန်ကြီး Mr.Ai Ping က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားသည်။

ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့


ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့သမ္မတ ဦးသိန်းစိန် စက်တင်ဘာ လကုန်တွင် အမေရိကသို့ သမ္မတအဖြစ် ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်သည် မြန်မာ-အမေရိက ဆက်ဆံရေးတွင် အရေးကြီးသော အချိုးအကွေ့ ဖြစ်သောေ ကြာင့် ထိုခရီးစဉ်ကို နှစ်ဘက်စလုံးက ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်သည်။တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငြံ ဖစ်ပြီး နိုင်ငံတကာ တွင် သြဇာကြီးမား လှသည့်

၈၈ ကျောင်းသားများ ဖားကန့်သို့ သွားရောက်မည်

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုနှင့် အဖွဲ့ဝင်အချို့မှာ စက်တင်ဘာ ၁၆ ရက်တွင် ဖားကန့်မြို့သို့ သွားရောက်၍ ထိုဒေသတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ရင်ဆိုင်နေရသော လူနေမှုဘ၀အခြေအနေများကို သွားရောက်လေ့လာကာ၊ သွားရောက်အားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မောင်းတောမှာ ရခိုင်တိုင်းရင်းသား တစ်ဦးကို ဘင်္ဂါလီ ကုလားတွေ ၀ိုင်းရိုက်


ဓားဖြင့်အခုတ်ခံရသူအမည်မှာ ဦးအောင်လှဖြူ၊ အသက်(၆၂)နှစ် ဦးခေါင်းဒါးဒဏ်ရာရှိပါသည်။ ယခုလက်ရှိ မောင်တောဆေးရုံကိုရောက်ရှိနေပါသည်။ သတင်းအား ဆက်လက်စုံစမ်းရာ ယာတဲစောင့်နေသူမှာ ဦးအောင်လှဖြူ တစ်ဦးတည်းမဟုတ်ပဲ ဇနီးဖြစ်သူပါပါရှိကြောင်းသိရသည်။ 

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမြင်ကွင်း(ဓါတ်ပုံ- TheVoiceWeekly)


ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်(ဓါတ်ပုံ)


ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို

အိအိတိုးလွင် အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)
ပြည်တွင်းဂျာနယ်တစ်ခုတွင် အတိ အလင်းဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန်ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသားများ က ယခုလ ၈ ရက်နေ့ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း ငြင်းဆိုလိုက်သည်။

[ Voice Of The Day ]

နိုင်ငံရေးသမား ဟူသည် မြို့ရွာ ရပ်ကွက် ထဲတွင် မကြောက်တမ်း၊ မရွံ့တမ်း ရှေ့လှမ်း တက်ရုံဖြင့် မဖြစ်နိုင်။ တိုက်ပုံ ဝတ်ရုံ၊ ခေါင်းပေါင်း ပေါင်းရုံဖြင့်လည်း မရနိုင်။ နိုင်ငံနှင့် ပြည်သူအတွက် မည်သို့သော စွန့်လွှတ် အနစ်နာ ခံနိုင်မှု မျိုးဖြင့် ပါဝင် ဆောင်ရွက် နိုင်သည်၊ မည်သည့် နေရာ၊ မည်သည့် အခန်း ကဏ္ဍမှ ပါဝင် ရလျှင် ဖြစ်စေ မိမိ၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက် နိုင်မည်၊ ပြည်သူ တစ်ရပ်လုံး
အကျိုး မည်သို့ ရှေးရှု လုပ်ဆောင် နိုင်မည် စသည့် နောက်လိုက် ကောင်း စိတ်ဓာတ် ရှိရန် ဦးစွာ

အွန်လိုင်း ဘဏ်စနစ်နှင့် လုံခြုံရေး ကဒ်များ ပြုလုပ်ခြင်း တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၄ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်း အပါအဝင် ပုဂ္ဂလိက ဘဏ်များ၏ အွန်လိုင်း ဝန်ဆောင်မှုများ အတွက် အဓိက လိုအပ်ချက်များ ဖြစ်သော ငွေအသွင်းအထုတ် စက်များ တပ်ဆင်ခြင်းနှင့် လုံခြုံရေးကဒ်များပြုလုပ်ခြင်းကို Be One Group of Companies က တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ International Operation Director Mr. M John Aung Tu က ပြောကြားသည်။

ဒေါ်ပျိုနဲ့ ပါလီမန်ဒီမိုကရေစီ

ခုခေတ် နိုင်ငံရေး အခြေအနေကြီးကို ကြည့်ရင်း ကိုဖိုးသော်တယောက် ငယ်ငယ်တုန်းက ဖြစ်ခဲ့ပျက်ခဲ့ တာတွေကို သတိရ မိတယ်။ သူငယ်ငယ်တုန်းက ထူးထူးခြားခြား လူတချို့ကို တွေ့ခဲ့ဖူးတယ်။ မှတ်မိနေတာ တခုကဒီလို။ ဖိုးသော် ခြောက်တန်း ကျောင်းသား ဘဝမှာ သူတို့မိသားစု တခုလုံး အောက်ပြည်ကနေ စီးပွားရေးပို အဆင်ပြေမယ်ထင်တဲ့ အညာဖက်က မြို့တမြို့ကို ပြောင်းလာခဲ့ ကြတယ်။ မှတ်မှတ်ရရ အဲသည့်နှစ်က ပြည်သူ့ဆန္ဒခံယူပွဲ ဆိုတာကြီး ကျင်းပခဲ့တဲ့ နှစ်ပေါ့။ ၁၉၇၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်လို့ မှတ်မိထားတယ်။

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများ စတင်ဖေါ်ပြ (ဓါတ်ပုံ)

ပုသိမ်မြို့နယ် NLD ရုံး ဗဟိုက 'အသိအမှတ်မပြု'

ရန်ကုန် (မဇ္ဈိမ) ။       ။ ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။ပါတီ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ထုတ်ပြန်မှုတရပ်တွင် ပုသိမ်မြို့ အမှတ် ၅၇၂ စကားဝါလမ်း အမှတ် ၃ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ရုံးသည် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်မပြုသဖြင့် တရားဝင်ရှိနေသော အဖွဲ့ချုပ် ရုံးခန်း မဟုတ်ပါ” ဟု ဖော်ပြပါရှိသည်။

မန္တလေး ကျူးကျော်မြေများ ပြန် သိမ်းမည်

မန္တလေးက ကျေးရွာသူ ရွာသားများ
မန္တလေးတိုင်းဘက်မှာတော့ မြို့နယ်သုံးမြို့နယ်က  ကျေးရွာတွေ က ထောင်ချီတဲ့ အိမ်ခြေတွေကို စက်တင်ဘာလမှာ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ မန္တလေးတိုင်းဒေသကြီး  အာဏာပိုင်တွေ က ပြောဆိုလိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အမြန်ဆုံးပြောင်းကြဖို့ မန္တလေး စည်ပင်ဘက်က ခေါ်ပြီး သတိပေးတြာ ဖစ်တဲ့အတွက် ကျေးရွာသူ ရွာသားတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတာပါ။ ဒီအကြောင်း အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ပြည်ပ လက်လီအရောင်းဆိုင် အိန္ဒိယမှာ ဖွင့်ခွင့်ပြု

ဧရာမ လက်လီဆိုင်ကြီးတွေ ဖြစ်ကြတဲ့ Wal-Mart, Tesco နဲ့ Carrefour တို့လို နိုင်ငံခြား ကုမ္ပဏီတွေကို အိန္ဒိယ နိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်ပါတယ်။ အိန္ဒိယ အစိုးရရဲ့ သောကြာနေ့က ကြေညာချက်ကြောင့် ကုန်အမျိုးအစား တမျိုးမက ရောင်းချတဲ့ ကုန်စုံဆိုင်တွေမှာ နိုင်ငံခြား လုပ်ငန်းတွေ အနေနဲ့ အစုရှယ်ယာ အများစု ပိုင်ဆိုင်ခွင့် ရတော့မှာပါ။

အခက်ကြုံသော်လည်း အမေရိကန် နောက်ဆုတ်မည်မဟုတ်

(လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ် )
လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ အလောင်းတွေ အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama က အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်သံရုံးတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဒေသအနှံအပြား နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှု ကျင်းပမည်

အခုလာမယ့် စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို အရပ်ဘက် လူ့အဖွဲ့အစည်း (၂၃) ဖွဲ့ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ပွဲတွေချက်ချင်းရပ် ဆိုတဲ့ ကြွေးကြော်သံ နဲ့အတူ မြန်မာနိုင်ငံ ဒေသအနှံအပြားမှာ လှုပ်ရှားမှုတွေကို အသွင်အမျိုးမျိုးနဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ရွှေသံလွင်ကွန်ဒိုမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ရွှေတွံတေးဆရာတော် မအူပင်မြို့  လေးအိမ်စုတွင် SKYNET အင်တာနက်လှူ

ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံတေးဆရာတော် အရှင်ဝါယမသည် ဧရာဝတီတိုင်း၊ မအူပင်မြို့၊ လေးအိမ်စုကျေးရွာ၌ ကျင်းပသော ဒုတိယအကြိမ် ကျေးရွာဖွံ့ ဖြိုးရေးနှင့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး SKYNET ကျပ် ၁၅ သိန်းကို လှူဒါန်းခဲ့ သည်။ဟောပြောပွဲ ဆက်လက်ကျင်းပရာ ရွှေတွံတေးဆရာတော်က သာသနာပြု ဦးဆောင်လူငယ်များအေ နနဲ့ ယဉ်ကျေးမှုထိန်းထိမ်းဖို့  -ကိုယ့်ကိုယ်ကို သာသနာပြုပြီးမှသူများကိုဟောပြောဖို့  - အမှန်တရား ကို မြတ်နိုးဖို့  - ဗုဒ္ဓ၀ါဒဟာ ကိုယ်တိုင်ကျင့်ရတဲ့ဝါဒဖြစ်လို့ သမာဓိအားကောင်းအောင် ကျင့်ကြဖို့ တိုက်တွန်းခဲ့သည်။

အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)

ကြောက်ဖော် ကြောက်ဖက်များသို့
ဗုဒ်္ဓဘာသာ အလိုအရ ဂျာနယ်သမားများ ရှေးယခင်ဘ၀များက ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးမှု ရပ်ဆိုင်းပြီး၊ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကံ အကျိုးပေးချိန်တန်ပြီလို့ ဆိုရပါမယ်။ ဥခွံထဲက ထွက်ကာစ ကြက်ပေါက်ကလေးတွေနဲ့တောင် တူနေချည်သေးရဲ့။ အမှောင်ထုထဲ ကနေ အလင်းထဲ ရောက်ကာစ ဘယ်က အန္တရာယ်များ ငါ့အပေါ် ကျရောက်လာပါ့မလဲလို့ ဇက်ကလေးပုပြီး လောကကို မရဲတရဲ အကဲခတ်နေတုန်းပဲ ထင်ပါရဲ့။ မထင်တဲ့ နေရာကနေ သိမ်းငှက်ကြီး ပေါ်လာ ချီသွားပြီး အစားခံရမလားပေါ့။

တူနီးရှားနိုင်ငံ အမေရိကန်သံရုံးအနီးမှ ဆန္ဒပြမှုများ(ဓါတ်ပုံ)


ကြေးနီးစီမံကိန်း ရပ်မည်မဟုတ်

မုံရွာမြို့လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့် ဖို့ ဒေသခံ တောင်သူတွေရော လယ်သမားတွေေ ရာ ပြည်သူ့အကျိုးဆောင် ကွန်ယက်ကပါ ထိန်းသိမ်းခံရာက လွတ်လွတ်ချင်း ဆက်တိုက် ဆန္ဒပြကန့်ကွက်နေပေမယ့် မြန်မာနိုင်ငံ ဦးပိုင်လီမီတက်ကတော့ ဒီ စီမံကိန်းကို ရပ်တန့်ဖို့မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ ဒါပေမယ့်လို့ ဒေသခံတွေနဲ့ ဥပဒေလမ်းကြောင်းအရ ညိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ပြောပါတယ်။ ရိုက်တာသတင်းဌာနက ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများပျံ့နှံ့

အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ရုပ်ရှင်ကားကို အကြောင်းပြုပြီး အရှေ့အလယ် ပိုင်း ဒေသ မှာ လေးရက်မြောက်အဖြစ် အကြမ်းဖက် ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပါတယ်။ အဲဒီလို ဆန္ဒပြမှုတွေကြောင့် ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန် အဖွဲ့အစည်းတွေ လုံခြုံရေးကို ပိုမိုတင်းကြပ်ထားလိုက်ပါတယ်။

ယာဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု များအား အရေးယူ သွားမည်

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ ကြီးကြပ်မှု အောက်ရှိ ယာဉ်လိုင်း များမှာ ယာဉ်မောင်းတွေ အနေနဲ့ မော်တော်ယာဉ်မောင်း နေစဉ် အတွင်း ဖုန်းပြောဆိုခြင်းများ ပြုလုပ်မှုကို ယခုလက စတင်ပြီး ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။