Tuesday, October 2, 2012

ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိ

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များကို စင်ကာပူကုမ္ပဏီမှ တင်သွင်းပေးခြင်းဟု သိရပြီး လတ်တလောတွင် ဖြစ်စဉ်အပြည့်အစုံအား သိရှိရခြင်း မရှိသေးသော်လည်း မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရသည်။ အဆိုပါ ကွန်တိန်နာ သယ်ဆောင်သည့် နိုင်ငံနှင့် ဆိပ်ကမ်းများကိုလည်း သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
From-EMG

ရန်ကုန်မြို့နားက ကိုရီးယားရွာများ



ရန်ကုန်မြို့ မြောက်ကိုရီးယား စားတော်ဆက်ရဲ့ ဖျော်ဖြေရေး  (ဓာတ်ပုံ - ဧရာဝတီ)

 ကိုရီးယားတို့ရဲ့ ကန်နမ်စတိုင်လ်က ကမ္ဘာကိုထိုးဖောက်လို က်တဲ့အတွက် ဒီနေ့ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မဟုတ်တော့ဘဲ ကိုရီးယားလိုက်ဇေးရှ င်းခေတ်ဖြစ်နေပြီလား။

မြန်မာပြည်မှာလည်း ကိုရီးယား ရုပ်သံဇာတ်လမ်း၊ ကိုရီးယား မုန်ညှင်းချဉ် စသဖြင့် ခေတ်စားလာအပြီး အခုနောက်ဆုံးတွေ့လာရတာကတော့ ကိုရီးယားကျေးရွာ ဖြစ်ပါတယ်။
အတိအကျ ပြောရရင် ရန်ကုန်ဝန်းကျင်က "ကိုရီးယားပုံစံ စံပြကျေးရွာ" ပါ။
သောကြာနေ့က ဗဟိုအစိုးရ၀န်ကြီးတယောက် ကိုရီးယားကျေးရွာရော က်သွားပုံ၊ လေ့လာစစ်ဆေး ပုံအလုံးစုံကို ဒီနေ့ထုတ် ကြေးမုံ သတင်းစာမှာ တွေ့ရမှာပါ။

စစ်တွေ မွတ်စလင် ရပ်ကွက် ပြောင်းရွှေ့ရန် ဒေသခံများလိုလား

စစ်တွေမြို့အခြေအနေ တည်ငြိမ်နေသော်လည်း အင်ဘာလာ ရပ်ကွက်အနီးတွင် လုံခြုံရေးများ ချထားသည် (ဓာတ်ပုံ- Reuters)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာ) အား မြို့ပြင်သို့ ပြောင်းရွှေ့ပေး ရန် ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို နိုင်ငံတော် သမ္မတထံ ပြည်နယ်အစိုးရအဖွဲ့ က တင်ပြထားကြောင်း သိရသည်။

ဆိုးသွမ်းပရိသတ်ကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် လုံခြုံရေး ပိုမိုတင်းကြပ်မည်

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFC U-22 ချန်ပီယံရှစ် ဘောလုံးပွဲတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့် အားပေးမှုကြောင့် ဒဏ်ငွေဆောင်ခဲ့ရသော မြန်မာ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် လုံခြုံရေးများ ပို၍ တင်းကြပ်သွားမည် ဟုဆိုသည်။

ကမာရွတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ဂရမ် ၆၀၀ ကျော်ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီးအရှေ့ ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့မှ တပ် ကြပ်ကြီး စိုင်းချစ်ဦး၊ ရဲတပ်၊ ဇင် မင်းထိုက် ၊ကမာရွတ်မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ထွန်း အေးမောင်နှင့် သက်သေ ဦးကြည်မြင့်၊ ဦးတင်ဝင်းတို့မှ ကြို တင် သတင်းရရှိချက်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရန် ကုန်မြို့ ကမာရွတ်မြို့နယ်၊ (၁)ရပ် ကွက်၊ အင်းစိန်လမ်း၊ IT လက်ဖက်ရည်ဆိုင်ရှေ့တွင် တရား ခံ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဦးဆောင်၍နယ်မြို့များတွင် လိုက်လံဟောပြော

မင်းကိုနိုင်ဦးဆောင်သော နယ်မြို့များတွင် လိုက်လံဟောပြော၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့် ကိုဂျင်မီတို့ ဦးဆောင်၍ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းစဉ်ြ ဖင့် ၂၀၁၂ခုနှစ်အောက်တိုဘာလ
၂ ရက်နေ့ မှ ၄ ရက်နေ့အထိ မိတ္ထီလာ မလှိုင် ကျောက်ဆည် သဲတော ၀မ်းတွင်း သာစည် ယင်းမာပင် ဘုရားငါးဆူ ရမည်းသင်း ပျော်ဘွယ် အစရှိသောမြို့ကြီးများတွင် လိုက်လံဟောပြော ခဲ့ကြောင်းသိရပါသည်။

Hello Hot News နားတစ်ရာဖော်ကောင်လုပ်သည် ဖော်လိုသူများ ဆက်သွယ်ကြပါ

MPT သိစေချင်
“Hot News ကလားရှင့်။ ကျွန်မ ပြောစရာလေးရှိလို့ပါ”
“ဟုတ်ကဲ့။ ပြောပါခင်ဗျ”
“ကျွန်မ နာမည် မမိုးစက်ပါ။ စာရေး ဆရာမပါ။ ကျွန်မရဲ့ဖုန်း ပျောက်သွား တယ်။ အဲဒါနဲ့ ၀ယ်တဲ့ကုမ္ပဏီ အီလိုက်  ကိုသွားတယ်။ အကျိုးအကြောင်းပြော တယ်။ စက်တင်ဘာ (၂၀) ရက်နေ့ကပါ။  ငွေ ၂သောင်း ၃ ထောင်သွင်းရတယ်။ ဖြတ်ပိုင်းမပေးဘူး။ ဖုန်းလိုင်းပိတ်ပေးဖို့  MPT ကိုလည်း ပြောတယ်။ ဒါပေမဲ့ အခု   ဖုန်းဆက်တဲ့ (၂၇) ရက်နေ့အထိ ဟိုဘက်   ရသွားတဲ့လူက ဖုန်းပြောနေတုန်းပဲ”

မိုးပြာဂိုဏ်းမှ ဘုန်းကြီးတစ်ပါးအား တရားစွဲဆိုထားရာတွင် မမှန်မကန်ဆုံးဖြတ်မည်စိုး၍ သံဃာတော်များအပါအ၀င် အောင်ပန်းဒေသခံ ၃၀၀ ခန့်က အောက်တိုဘာလ ၅ ရက် ညနေ ၃နာရီတွင် အောင်ပန်းမြို့လယ်မှ ဈေးအထိ ချီတက်ဆန္ဒထုတ်ဖော်မည်ြ

မိုးပြာဂိုဏ်းမှ ဘုန်းကြီးတစ်ပါးအား တရားစွဲဆိုထားရာတွင် မမှန်မကန်ဆုံးဖြတ်မည်စိုး၍ သံဃာတော်များအပါအ၀င် အောင်ပန်းဒေသခံ ၃၀၀ ခန့်က အောက်တိုဘာလ ၅ ရက် ညနေ ၃နာရီတွင် အောင်ပန်းမြို့လယ်မှ ဈေးအထိ ချီတက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း အဆိုပါပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးတိုးကပြောသည်။

Mark II တစ်စီး သိန်း ၃၀ သာရှိသည့် လိုင်စင်မဲ့ကားဈေးကွက် ကြီးထွားနေ

ပဲခူးတိုင်းဒေသကြီး၌ လိုင်စင်မဲ့ကား အရောင်းအ၀ယ်မြင့်တက်လျှက်ရှိပြီး ဈေးနှုန်းကွာဟမှုကြောင့် လိုင်စင်မဲ့ကားများအ၀ယ် လိုက်လာခြင်းဖြစ်ကြောင်း ကားပွဲစားများက သုံးသပ်ကြသည်။
 
 နိုင်ငံတော်အစိုးရမှ မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ ဖြေလျှော့မှုများ လုပ်ဆောင်ပေးနေသော်လည်း တရားမ၀င်နယ်စပ်မှ ကားတင်သွင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

အမှိုက်ကောက်သူများပင်ရှိလာသည့် ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ

ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် လွန်ခဲ့သည့်(၂) လမှ စတင်၍  အလှူရှင်များ၏ ထောက်ပံ့မှု မရရှိုခြင်းကြောင့်  ဒုက္ခသည်များ၏  စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း စခန်းတာဝန်ခံများထံက သိရသည်။
 
`ကချင်တွေမှာ အမှိုက်ကောက်တာ မမြင်ဖူးပေမယ့်။ ခုမြင်ရပြီ။ ဒီမနက် ကျွန်တော်ရဲ့အိမ်မှာ ကလေး တွေ အမှိုက်ပုံက ကော်ဗူးတွေ၊ ဖိုင်ဘာ၊ အိုးဖုံး အစုတ်ပလုတ်တွေ လာကောက်နေကြတယ်။ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်မိတယ်။´ ဟု ဗန်မော်မြို့နယ် ဒုက္ခသည်စခန်း တာဝန်ခံ ဆရာတူးဂျာက ပြောသည်။

ရာသီလာသော နေ့ရက်တိုင်း လန်းဆန်းနေစေရန်


မိန်းကလေးတွေရဲ့ ဘဝမှာ အပျိုဖော်ဝင်ချိန်မှစပြီး သွေးမဆုံးမချင်း (ကိုယ်ဝန်ဆောင်တာ၊ ပဋိသန္ဓေတားဆေး သောက်တာ၊ ရာသီထိမ်တာ စတဲ့ အကြောင်းရင်းတွေ မရှိဘူးဆိုရင်)  လစဉ် ဓမ္မတာ ရာသီလာလေ့ ရှိပါတယ်။ တစ်ကြိမ်ရာသီလာတိုင်း ပျမ်းမျှအားဖြင့် အချိန်သုံးရက်မှ ငါးရက်ခန့် ကြာမြင့်တတ်ပါတယ်။ ရာသီလာတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ ဗိုက်အောင့်တာ၊ လေပွတာ၊ ရင်သားနာကျင်တာ၊ အစာချဉ်ခြင်းတပ်တာ၊ စိတ်မသက်မသာ

သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း

  ယခုရက်ပိုင်းလပိုင်းအတွင်း တိုင်းပြည်၏ အုပ်ချုပ် ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ၊ အာဏာ (၃)ရပ်တို့အကြား ကြီးမားလှသော ပဋိပက္ခ တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးတွင်မူ   ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအငြင်းပွားမှု ပြဿနာသည် ပြေလည်သော ဖြေရှင်းဆောင်ရွက်မှု တစ်စုံတစ်ရာ မပေါ်ထွက်ခဲ့ဘဲ အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွားသည်အထိ ခရီးရောက်သွားခဲ့ကြပြီဖြစ်ပါ သည်။

မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းပိတ်၍ အိမ်ပြန်လာသည့် တက္ကသိုလ်ကျောင်းသူအား ဘောင်းဘီအတိုဝတ်၍ဟုဆိုကာ KIA စစ်သားတစ်ဦးက ပါးရိုက်

 ယခုရက်ပိုင်းအတွင်း  KIA စစ်တပ်အနေဖြင့် ပြည်နယ်အတွင်း၌  လူအခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ကချင်ဒေသခံများထံက သိရှိရသည်။
 
အောက်တိုဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီက မော်ဝမ်းလေးရပ်ကွက်နေ ကိုမင်းနိုင်အသက်(၄၂)မှ နေအိမ်၌ သတင်းစာဖတ်နေစဉ် KIAစစ်တပ်မှသေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဖားကန့်မြို့မော်ဝမ်းလေး ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

Apple ကထုတ် တဲ့ iOS 6 မှာ ပါဝင်လာသော နည်းပညာအသစ်များ

Apple ကထုတ် တဲ့ iOS 6 မှာ ပါဝင်လာသော နည်းပညာအသစ်များ
အခု Apple ကထုတ် လိုက်တဲ့ iOS 6 မှာ အသစ် ပါဝင်လာတာတွေ ကတော့ အများကြီးပါ။ အဲဒီ အထဲက နည်းပညာ အသစ်တွေကို ပြောရမယ် ဆိုရင်



တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ကိုယ်ထိလက်ရောက်မှု တိုင်ကြားမည်

တောင်ကိုရီးယား ပညာရှင်၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ခံခဲ့ရသည့် အထည်ချုပ် အလုပ်သမ နှစ်ဦး (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ)
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံကြသည့် တောင်ကိုရီးယား လုပ်ငန်းရှင်တချို့က မြန်မာအမျိုးသမီး အလုပ်သမား များအပေါ် လုပ်ငန်းခွင်တွင်း ကိုယ်ထိလက်ရော်စော်ကားမှု များပြားလာသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးနှင့် ကိုရီးယားနိုင်ငံသို့ အသိပေး တိုင်ကြားစာများ တရားဝင် ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင် ဦးအေးချိုက ပြောသည်။

စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ြီူပါတီမှာနာမည်ကြီးပါတီဖြစ် နေပြီး ပါတီတွင်းဖြစ်ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီ လာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးကြည်လင်းက ၂၀၁၂ခုနှစ်၊ စက်တင်ဘာ (၂၈)ရက်နေ့ မြို့ နယ် အစည်းအဝေးတွင် ပြော ကြားခဲ့သည်။

ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း


ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်းလူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး  အခန်းအတွင်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့  မွန်းလွဲ ၂နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊ ၇ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်၊ သုံးလွှာ၊ အခန်းအမှတ်---တွင် သေ ဆုံးသူမှာ Mr. James Allen Hagler (အမေရိကန်နိုင်ငံသား)၊ ၅၉နှစ်၊ (ဘ) Mr. Hagler, Passport No.452056579, Visa No. I.065812, Daewoo

ရှမ်းပြည်နယ် လွှတ်တော်ထဲက ကိုယ်စားလှယ်တဦးနဲ့ အင်တာဗျူး



 
 စိုင်းမောင်ကြီးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)က ဖြစ်ပါတယ်။
တောင်ကြီးတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်အထူးပြု သင်ကြားခဲ့သူပါ။
၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ရွေးကောက်ခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူပါ။
ထိုင်းနိုင်ငံမှာ လေ့လာရေးရောက်နေတဲ့ စိုင်းမောင်ကြီးနဲ့ ဒီမနက် တွေ့ဆုံ မေးမြန်းခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။ သူနဲ့ အဆက်အသွယ် ထပ်ရရင် ဧရာဝတီဘလော့အတွက် ထပ်ပြီးတော့ အင်တာဗျူးချင်ပါသေးတယ်။

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်

လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry ကသတ်မှတ်ခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစု ကြည်နေ့သတ်မှတ်ဖို့ မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာတွေအတွက်တော့

ပုဂံညောင်ဦးမြို့ ဘုရား ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရုပ်လုပ်ပြီး အလှူခံ

ပုဂံညောင်ဦးမြို့ မနူဟာဘုရား အရုပ်သွင်းပွဲကို စက်တင်ဘာ၂၉ရက် ညပိုင်းကကျင်းပရာ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အရုပ်များ  ပြသခဲ့ ကြောင်းသိရသည်။" အရင်နှစ်တွေနဲ့မတူ ဘူး။တွေ့နေကြ အရုပ်တွေမဟုတ်ဘူး ဆိုတော့ လူတွေ ပိုစိတ်ဝင်စားတာပေါ့"ဟုေ ဒသခံလိုင်စင်ရ ဧည့်လမ်းညွှန်တဦး ကပြောသည်။

ဘုန်းကြီးကျောင်း၁၄ကျောင်း မှကျောင်းသား ၊ကိုရင်များက အရုပ်ချိုးခြင်းဖြစ်ကြောင်း ၊ မနူဟာဘုရားပွဲကိုတော်သလင်း လဆန်း ၁၄ရက်နှင့်လပြည့်နေတွင် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် အရုပ်ပေါင်း၄၀ ခန့်ပြသခဲ့ေ ကြာင်းသိ ရသည်။ 
ပုဂံသစ္စာ
ကိုးကား -ပေါ်ပြူလာဂျာနယ်

အိမ်မွေးတိရစ္ဆာန်(ခွေး)များ လိုင်စင်ပြုလုပ်ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်


နေပြည်တော် စည်ပင် သာယာရေး ကော်မတီ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ တိရစ္ဆာန် ဆေးကု ဆရာဝန် အဖွဲ့သည် နေပြည်တော် လယ်ဝေး မြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များသို့ စက်တင်ဘာ ၂၇ ရက်က သွားရောက်၍ အိမ်မွေး တိရစ္ဆာန်(ခွေး) ငယ်စာရင်းများ ပြုစု၍ မှတ်ပုံတင် စာအုပ်၌ ပိုင်ရှင်၊ မျိုးစိတ်၊ မျိုးရိုး၊ အထီး၊ အမ၊ အသက်၊ ထင်ရှား အမှတ် အသားနှင့် အရောင်၊ ကိုယ်အလေးချိန်၊ အတိုင်းအတာ၊ ပုံပန်း

ပူတာအိုမှာ သီတဂူဆရာတော် ဆန်လှူ

သီတဂူဆရာတော် အရှင်ဉာဏိဿရက ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအို ခရိုင်သို့ ဆန်တတင်းခွဲဝင် အိတ်ပေါင်း ၁၀၀ သွားရောက် လှူဒါန်းမည် (ဓာတ်ပုံ- ဧရာဝတီ)
သီတဂူဆရာတော် အရှင်ဉာဏိဿရက ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအို ခရိုင်သို့ ဆန်တတင်းခွဲဝင် အိတ်ပေါင်း ၁၀၀ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာဆီယံမှာ မြန်မာတွေ ဘီယာသောက်တာ အနည်းဆုံး

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဘီယာသောက်တဲ့ နေရာမှာ ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးပါဘဲတဲ့။ ၂၀၀၁ ခုနှစ်က ဘီယာလီတာပေါင်း ၂.၆ ဘီလျံတောင် ရှိခဲ့ပါတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေထဲ ဘီယာ သောက်မှု အမြင့်ဆုံး ရောက်ခဲ့တာပါ။ 

အမေရိကန်က မြန်မာပြည်မှာ ဘာတွေဝယ်မှာလဲ

ဆန်စပါးကနေ အ၀တ်အထည်တွေ အထိ ပြီးတော့ ကျောက်မျက်ရတနာတွေ။ ဒါတွေက မြန်မာပြည်ရဲ့ အဓိကတင်ပို့ ကုန်တွေပါပဲ။အဲဒါတွေကို ပြီးခဲ့တဲ့နှစ်တွေ က အပိတ်ခံထားခဲ့ရတယ်။တရုတ်၊အိန်္ဒိယ   တို့လို အိမ်နီးချင်းနိုင်ငံတွေက ၀ယ်ယူနေ တာကလွဲရင်ပေါ့။အခုတော့ အဲဒီ အိမ်နီး ချင်းနိုင်ငံတွေက မြန်မာပြည်မှာ ရေနံနဲ့  သဘာဝဓာတ်ငွေ့တွေကိုပါ လိုချင်နေပြီ။

ဂျိုးဖြူပိုက်ကြီး အမှိုက်ပုံထဲမြုပ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နေပြည်သူများ မရှိမဖြစ် လိုအပ်သောရေကို မြောက်ပိုင်း ခရိုင် တစ်ခုတည်းမှာရှိသော ဂျိုး ဖြူ ဖူးကြီး၊ လှော်ကား (ခ)သာဓု ကန်နှင့် ယခုနောက်ပိုင်း ငမိုး ရိပ်အစရှိသော ရေလှောင်တာ တမံများမှတဆင့် ပြည်သူများ ထံ သို့ ရေပမာဏမြောက်များစွာ ဖြန့်ဖြူးပေးဝေနေ လျက်ရှိသလို

[ Voice Of The Day -TheVoiceWeekly]


“လူနာစောင့်က တရားခံလို့ ယူဆရတဲ့ အမျိုးသမီးကို ဆေးရုံမှာ တွေ့နေတော့ ယုံကြည်ပြီး ပေးလိုက်တဲ့ သဘောပဲ။ လူနာစောင့်ကို ဆန်ပြုတ်ဝယ် ခိုင်းပြီး အဲဒီ အမျိုးသမီးက ကလေးကို ယူထားလိုက်တာ။ ဆန်ပြုတ်ဝယ်ပြီး ပြန်လာတော့ သူရော၊ ကလေးရော မရှိတော့ဘူးလို့ သိရတယ်။ အခု တရားခံ လို့ ယူဆရတဲ့ အမျိုးသမီးရဲ့အကြောင်း တော်တော်များများကို သိထားပြီးပြီ။ အဲဒီ အမျိုးသမီးကို လူခိုးမှု ပုဒ်မနဲ့ အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်” ဟု အမှုကိုင်ရဲအရာရှိက ဆက်လက်ပြောကြားသည်။

ဒုတိယအကြိမ် နိုင်ငံတကာ ICT ပြပွဲ တွင် အဆင့်မြင့် နည်းပညာ ကုမ္ပဏီများ အဓိက ပါဝင်မည်

ရန်ကုန်၊ အောက်တိုဘာ ၂

နိုင်ငံတကာ နည်းပညာ ကုမ္မဏီများ အဓိက ပါဝင် ပြသကြမည့် ဒုတိယ အကြိမ် နိုင်ငံတကာ နည်းပညာပြပွဲ ကို အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ရန်ကုန်မြို့ ၊ ဦဝိစာရလမ်းရှိ တပ်မတော် ခန်းမ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း (MCIA) မှ မီဒီယာ တာဝန်ခံ ဦးဇော်လင်း က ပြောကြားခဲ့သည်။

တားမြစ်ဆေးသုံးစွဲမှု အားကစားလောကမှပြည်သူကြားပံျ့နှံ့


တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင် ရေးညီလာခံသို့ တက်ရောက်လာသူ ကိုယ်စားလှယ်များ၏ အဆိုအရ စွမ်း ဆောင်ရည်မြှင့်တင်ပေးသောတား မြစ်ဆေးများသုံးစွဲမှုသည် အားကစား လောကတွ
င်သာမက ပြည်သူ့ကျန်း မာရေးနယ်ပယ်သို့ပါပံျ့နှံ့လာကြောင်း သိရသည်။

၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ

ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။

ကိုယ်ကျိုးစီးပွားသမားတွေကို နောက်မှာ ချန်ထားဖို့ (ဗသုန်)

Crony ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် မြန်မာ အဓိဓာန်မှာ မြန်မာဘာသာဖြင့် ဘယ်လို ဖော်ပြထားသည် ဖြစ်စေ အဘိဓာန်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုက နားလည် လက်ခံကြတာ မဟုတ်ပါဘူး။ ဝေါဟာရတွေရဲ့ ၀ိပ္ပလ္လာသ, သဘောကို လိုက်ကာအဓိပ္ပာယ်တစ်မျိုးနဲ့ နားလည် နေကြပြီး အဲဒီလို နားလည်မှုကလည်း ကောင်းတဲ့အမြင်နဲ့ နားလည်တာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ အဲဒီတော့

မြို့နေ လူတန်းစားမပါ ကျေးလက်ဒေသများအား ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အရစ်ကျရောင်း မည်


တိုင်းနှင့်ပြည်နယ်အသီး သီးရှိကျေးလက်ဒေသများတွင်ဂျီအက်စ် အမ်မိုဘိုင်းဖုန်းများကိုအရစ်ကျပေး ချေစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ သိရသည်။
အဆိုပါကျပ်နှစ်သိန်းတန်ဂျီ အက်စ်အမ်ဖုန်းများကိုအောက်တိုဘာ ၁မှ ဒီဇင်ဘာ ၃၁ရက်နေ့ အထိေ ရာင်း ချပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ် တာဝန်ခံအင်ဂျင်နီယာများ ထံဆက် သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ဟိုချီမင်း နဲ့ ရန်ကုန်တက္ကသိုလ်ဒေါက်တာဘွဲ့


   ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း မြန်မာပြည်ကို လာရောက်ခဲ့ဖူးပါတယ်။ ၁၉၅၈ ခုနှစ်ကပါ။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်က ပေးအပ်တဲ့  ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ လက်ခံရယူခဲ့ပါတယ် တဲ့။ 

လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင်ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁

လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက The Voice Weekly သို့ ပြော ကြားသည်။

Obama နဲ့ Mitt Romney တို့ ပထမ အကျော့ စကားစစ်ထိုးပွဲ အတွက် ပြင်ဆင်

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား နဲ့ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း မစ်တ် ရွမ်မ်နီတို့ဟာ ဗုဒ္ဓဟူးနေ့လုပ်မယ့် ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေကြတာနဲ့အမျှ ဒီကနေ့မှာတော့ အများမြင်ကွင်းရှေ့မှာ သိပ်တွေ့ရဖို့မရှိပါဘူး။

မထသ တွင် ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ပါဝင်ဖွဲ့စည်းမည်

dnnt
ရန်ကုန် (မဇ္ဈိမ) ။         ။ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (မထသ)၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် ရာဖြတ် ကော်မတီတို့တွင် ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ပါဝင်ဆောင်ရွက် ခွင့်ရရန် စက်တင်ဘာ ၂၈ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် အတိုက်အခံအမတ် ဒေါက်တာ
ဒေါ်ညိုညိုသင်း က အရေးဆိုခဲ့ရာ မထသ တွင် လွှတ်တော်အမတ်များ ထည့်သွင်းဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီးက သဘောတူလိုက်သည်။