Wednesday, October 3, 2012
ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးစိုက်ထုတ်မှုများနှင့်သာ ပြုလုပ်နေရ
အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေး စိုက်ထုတ်မှုနှင့် သာ ပြုလုပ်နေရသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
တောင်ကြီးပြည်တော်သာ၌ ဆေးရုံဆောက်လုပ်စဉ် ပန်းရံလုပ်သား(၆)ဦး ငြမ်းပြို၍ သေဆုံး
တောင်ကြီးမြို့၊ပြည်တော်သာ ရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်း အမှတ်(၂၂)ရှိ ဆေးရုံသစ်တည်ဆောက်လျက်ရှိသော (၇) ထပ်တိုက်၌ ကွန်ကရစ်လောင်းစဉ် ဆင်ထားသည့် ငြမ်းများ ပြိုကျကာ ပန်းရံအလုပ်သမား (၆)ဦး သေဆုံး ခဲ့ကြောင်း မြို့ခံများထံက သိရှိရသည်။     
ဆရာ မောင်ဝံသ အဆုတ်ကင်ဆာဖြစ်နေ
 ကျွန်တော့် ကျန်းမာရေးဆေးစစ်ပြီး အခြေအနေ (မောင်ဝံသ)
မိတ်ဆွေများခင်ဗျာ
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။
အောက်တိုဘာ ၃ မှာ အဖြေတွေရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ် ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဘီဘီစီ Hardtalk နှင့် အင်တာဗျူး
BBC။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အတွက် အနှစ်နှစ်ဆယ် နီးပါး နေအိမ်မှာ အကျယ်ချုပ် ကျခံ ခဲ့ရသလို ထောင်နဲ့ချီတဲ့ ပုဂ္ဂိုလ်တွေလည်း အကျဉ်းကျ ခံခဲ့ရပါတယ်။ ဒီ စစ် အစိုးရ ထဲမှာ ပါဝင်ခဲ့တဲ့ ဦးသိန်းစိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအတွက် တောင်းပန်စကား ပြောဖို့ အစီအစဉ် ရှိပါသလား။
အိမ်ဖြူတော်၏ ကွန်ပျူတာစနစ်များ ဆိုက်ဘာတိုက်ခိုက်ခံရ
(ဝါရှင်တန် အောက်တိုဘာ ၂)
သမ္မတ အိမ်ဖြူတော် အတွင်း၌ ရှိသည့် ကွန်ပျူတာ စနစ်များသည် ဟက်ကာများ၏ ဆိုက်ဘာ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော် လည်း ယင်းတိုက်ခိုက် မှုကို တားဆီးနိုင်ခဲ့သည့် အပြင် လုံခြုံရေး အဆင့် သတ်မှတ်ထား သည့် ကွန်ရက်များမှာ တိုက်ခိုက်ခံခဲ့ ရခြင်း မရှိကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၁ ရက်တွင် အတည်ပြု ပြောကြား ခဲ့သည်။
အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုသည် မကြာခဏ ဖြစ်လေ့ရှိသည့် ဆိုက်ဘာ
၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ် တူ ဖြစ်သူမောင်ဝေအောင် အရက်ဆိုင်က အပြန် ကားတိုက်ခံရ
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားတွင် ယမန်နေ့ည သန်းခေါင်အချိန်မှာ လူငယ်များ အချင်းများရာမှ ကားဖြင့် တိုက်သည့်အတွက် မောင်ဝေအောင် အမည်ရှိ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၀၀ ကျော်အား ထုတ်ပယ်
မန္တလေးတိုင်းဒေသကြီးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂၁၂ ဦးအား တာဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီးအောင်ကျော်မိုး က ပြောသည်။
မြန်မာ့အပြောင်းအလဲ အမေရိကန်တွင် မှတ်ကျောက်တင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကန်နိုင်ငံ ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခဲ့ကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကပြောသည်။
လောင်းကစားဒိုင် အား တိကျသေချာသည့် အထောက်အထားပေး က ဖမ်းဆီးမည်ဟုဆို
နိုင်ငံသားများ၏ အကျင့် ပျက်ပြားအောင် စီးပွားရေး ဆန်ဆန် ပြုလုပ်နေသည့် လောင်း ကစားဒိုင်များအား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ ထိရောက်စွာ အရေးယူမှု မရှိဟု လွှတ်တော်ကိုယ်စား လှယ်များ တင်ပြမှုအပေါ် တိကျ သေချာသည် ထောက်အထား ပေးပါက ဖမ်းဆီးသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။
မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ပါဝင်ရန် အဆိုအတည်ပြု
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်ဝင်းအား မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့တွင် ပါဝင်နိုင်ရန် ပထမအ ကြိမ် ရန်ကုန်တိုင်းဒေသကြီး စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထ နေ့တွင် အတည်ပြုခဲ့သည်။
အနာဂတ်မဲ့ နေလောင်ပန်းလေးများ
ရန်ကုန်ဘူတာကြီး၏ နံနက် ခင်းသည် ထုံးစံအတိုင်း ရှုပ်ယှက် ခတ်လှုပ်ရှားနေသည်။ မြို့ပတ်ရ ထားက ရှုးရှုးရှဲရှဲဖြင့် ထိုးဆိုက် လာသည်နှင့် လူများစွာ ဝေါခနဲ က တိုက် ကရိုက်ဆင်းလာကြသည်။ ဒီ မြင်ကွင်းက မထူးဆန်းပါ။ဘူတာ ကြီးသို့ ဝင်ထွက်သွား လာဖူးသူများအတွက် နည်းနည်းမှ မထူးဆန်း။
၈၈ ကိုမင်းကိုနိုင်နှင့်အဖွဲ့ ကျောက်ဆည်တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး အခမ်းအနားသို့တက်ရောက်
မန္တလေးတိုင်းဒေသ ကြီးသို့ရောက်ရှိနေကြသည့် ၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ခေါင်းဆောင်သော  အဖွဲ့သည် ယနေ့နံနက်(၁၀း၁၅)နာရီတွင် ကျောက်ဆည်မြို့ မြို့တော် ခန်းမ၌ပြုလုပ်  သည့်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ေ ဆာင်ရေး အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
အင်းစိန်တွင် အဘိုးအို တစ်ဦးကို ရထားတိုက် မှုဖြစ်ပွား
ရန်ကုန်ဘူတာကြီးမှ အင်းစိန်သို့ ထွက်ခွာလာသည့် စက်ခေါင်းအမှတ် DF 1251 မြို့ပတ် ရထား သည် ယနေ့ နေလည် ၁၂ နာရီခွဲခန့်က အင်းစိန်မြို့နယ် ရွာမကျောင်းလမ်းနှင့် ဘူတာရုံ လမ်းကြားတွင် အသက်ကြီး အဖိုးအို တစ်ဦးကို တိုက်မိ၍ သေဆုံး သွားကြောင်း မျက်မြင်တွေ့ရှိသူ များက The Voice Weeklyသို့ ဆက်သွယ်ပြောကြားသည်။
အဆိုပါ ရထားတိုက်မှုကြောင့် အဖိုးအို မှာ ၂ပိုင်းပြတ် သေဆုံးနေကြောင်း ၎င်းက ပြောကြားသည်။
 From- The Voice Weekly
လက်ပံတောင်းတောင်အရေး ဒေသခံများ၏တောင်းဆိုချက် ပယောဂပါသည်ဟု ဦးပိုင်ဆိုခြင်း ၈၈ ငြင်း
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံတောင်သူများ၏ တောင်းဆိုချက်များသည် ၄င်းတို့၏ ပင်ကိုသဘာဝအတွေးအခေါ် အယူအဆမဟုတ်ဘဲ ပယောဂပါနေသည်ဟု စီးပွားရေးဦးပိုင်မှ မုံရွာကြေးနီစီမံကိန်းဒါရိုက်တာ ဦးမောင်မောင်တင့်က စက်တင်ဘာလ ၂၆ ရက်တွင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်းရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။
တရားမဝင်နိုင်ငံသား စိမ့်ဝင်မှုကာကွယ်ရေး အမျိုးသားစီမံကိန်း ချမှတ် ရန်လိုဟု သမ္မတအကြံပေး ဆို
လူဦးရေများပြားသော နိုင်ငံနှစ်ခုကြား ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် တရားမဝင်နိုင်ငံသား စိမ့်ဝင်မှုကို ကာကွယ်ရန် အမျိုးသားစီမံကိန်းချမှတ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ၏ နိုင်ငံရေး အကြံပေးဦးကိုကိုလှိုင်က ပြောသည်။
အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး
ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှ ဆင်းရဲချို့ တဲ့ နေကြသည့် မိသားစုများနေထိုင်နိုင်ရန်အိမ်များဆောက်
လုပ်ပေးမည့် ပရဟိတ ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန် အတွက်သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချလျှက်ရှိနေပါတယ်။
မည်သည့်တောင်းဆိုချက်မှမရသေး၍ အင်းစိန် မိုးကောင်းကင်အထည်ချုပ်စက်ရုံအလုပ်သမားများ ယနေ့ ဆန္ဒဆက်ပြ
မည်သည့်တောင်းဆိုချက်ကိုမှ လိုက်လျောမှုမရရှိသေးသည့် အတွက် အင်းစိန် SKY APPAREL GROUPကုမ္ပဏီ၏ မိုးကောင်းကင် အထည်ချုပ်စက်ရုံ အလုပ်သမားများက ယနေ့နံနက်တွင် ဆန္ဒ ဆက်ပြ၍ အခွင့်အရေးများတောင်းဆိုနေကြကြောင်း စက်ရုံဝန်ထမ်းတစ်ဦးကပြော သည်။
လောပိတရေအားလျှပ်စစ် စီမံကိန်းတစ်လျှောက်ရှိ မြေမြှုပ်မိုင်းများ ဖယ်ရှားပေးရန် ဒေသခံများ တောင်းဆို
လုံခြုံရေးအကြောင်းပြကာ မြှုပ်နှံထားသော လောပိတရေအား လျှပ်စစ်စီမံကိန်းတစ်လျှောက်ရှိ မြေမြှုပ်မိုင်းများအား ဖယ်ရှားပေးရန် ကယားပြည်နယ်ဒေသခံများက တောင်းဆိုလိုက်သည်။
"ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်သော ဆိုက်ဘာရာဇဝတ် ဥပဒေ ပြဋ္ဌာန်းခြင်းကြောင့် ဖိလစ်ပိုင်အစိုးရအား လူ့အခွင့်အရေးအုပ်စုများ ရှုတ်ချ"
ဖိလစ်ပိုင် အစိုးရက ဖေ့စ်ဘွတ်နှင့် တွစ်တာကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်များတွင် အသရေ ပျက်စေသော မှတ်ချက်ရေးသားသူများ အား ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်သော ဆိုက်ဘာ ရာဇဝတ် ဥပဒေ တစ်ရပ်အား ပြဋ္ဌာန်းလိုက်ခြင်းကြောင့် လူ့အခွင့်အရေး အုပ်စုများ၏ အပြင်းအထန် ဝေဖန် တိုက်ခိုက်မှုကို ခံနေရသည်ဟု The Economic Times သတင်းစာအရ သိရသည်။ အွန်လိုင်း ရာဇဝတ်မှု ကျူး လွန်ခြင်း၊ ကာမရာဂ ထကြွစေသော အရာများ ဖြန့်ဝေခြင်း၊ ဆိုက်ဘာစနစ်များ ဖောက်ထွင်း ခံရခြင်း နှင့်
လိုသလို အလွဲသုံးနိုင်သည့် ဥပဒေများ ဖျက်သိမ်းရမည်ဟု ဒေါ်အောင် ဆန်းစုကြည် ဆို
ပြည်သူများ၏ အခြေခံအခွင့်အရေးကို မရရှိစေဘဲ အာဏာပိုင်များ လိုသလို အလွဲသုံးနိုင်သည့် ပုဒ်မ ၁ဝ(က)၊ (ခ)၊ ပုဒ်မ ၅ ကဲ့သို့ ဥပဒေများ ကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်၌ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွ င်းပြောကြား ခဲ့သည်။
နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် ရခိုင်ဒေသလူထုအစည်းအဝေးမှ နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုချက်တို့အား ဆုံးဖြတ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စက်တင်ဘာ ၂၅၊၂၆ ရက် နေ့များက ကျင်းပခဲ့သည့် ရခိုင်ဒေသလူထု အစည်းအဝေးကြီးမှ နယ်စပ်လုံခြုံရေး၊ ဘင်္ဂါလီမွေးဖွားနှုန်းကို ထိန်းချုပ်မည့် ဥပဒေပြဋ္ဌာန်းရေး အပါအ၀င် နိုင်ငံတော်အစိုးရသို့ တင်ပြ တောင်းဆိုချက် ၁၈ ချက်၊ကန့်ကွက်ချက် ခြောက်ချက်နှင့် အကြံပြုချက် သုံးချက်ကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည်
ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင် ဆင်နေကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။
လွှတ်မပေးဘူး
ရာဇ၀တ်မှုကျူးလွန်သူတွေကို လွှတ်မပေးဘူးလို့ ဦးသိန်းစိန်က ပြော လိုက်တယ်။ လွှတ်မပေးဘူးလို့သာ ဆိုတယ် - ရာနဲ့ချီ၊ ထောင်နဲ့ချီ လွတ်ငြိမ်းသက်သာခွင့်ပေးနေတဲ့ထဲမှာ နိုင်ငံရေးသမားက အနည်းစု၊ ရာဇ၀တ်မှု ကျူးလွန်သူတွေက အများစုပါနေတာပဲမဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလိုလျှင် အခြေခံဥပဒေပြင်ဆင်မှု ဦးစားပေး လုပ်ဆောင်သင့်
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဆိုလျှင်ကြိုဆိုေ ကြာင်း နိုင်ငံတော်သမ္မတ၏ပြောကြားချက်သည် သံတမန်ရေးအရ ရလဒ်ကောင်းများ ပေါ်ထွက်လာရန် ပုဂ္ဂိုလ်ရေးအရ ပြောကြားခြင်းဖြစ်ပြီး အမှန် တကယ်ဖြစ်စေလိုလျှင် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ဦးစားပေးဆောင်ရွက် သင့်ကြောင်း မြန်မာနိုင် ငံရှေ့နေများကွန်ရက် အဖွဲ့ဝင်ဖြစ်သူ ဦးကိုနီက ပြောသည်။
ဘုန်းကြီးကျောင်းများ တိုက်ခိုက်မူ ဒက္ကားတွင် ကန့်ကွက် ဆန္ဒပြ
ဒက္ကားတွင် ဆန္ဒပြ ကန့်ကွက်နေကြစဉ်
တက္ကသိုလ် ဆရာ ဆရာမများ၊ ပန်းချီဆရာများ၊ အနုပညာရှင်များ အပါအ၀င် လူပေါင်း ၅၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အပေါ် တိုက်ခိုက်မူကို ယမန်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး
မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန် ကူးရန် ဗြောင်ကျစွာ စည်းရုံး လာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး
 ညွန့်လှိုင်က ပြောကြားသည်။
အိမ် သို့မဟုတ် နေရာ
 လူအယောက် နှစ်ဆယ်ခန့်က ၀ါးကပ် ဝင်းထရံများ ကို ဖြိုလဲနေသည်။ အိမ်ဖျက်ရာတွင် ထွက်လာ သော သစ်သား အမှိုက်တို အမှိုက်စ များလည်း ဟို တစ်စ သည်တစ်စ ပြန့်ကျဲလျက် ရှိသည်။ တဲအိမ်ကို ဖျက်လိုက် သဖြင့် ရလာသော ဝါးထရံများနှင့် မျော တိုင်များ ကို ကလေး လူကြီး အသွယ်သွယ် တို့က နိုင် သလောက် သယ်ယူ နေကြသည်။ အမိုးဖျက်ကာ ချထားသည့် အသစ်စက်စက် သွပ်ရောင်
မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ နယ်စပ်တွင် တွေ့ဆုံ
နှစ်နိုင်ငံ အလံတင် တပ်မှူး အဆင့် ဆွေးနွေးပွဲကို မြန်မာနှင့် ဘင်္ဂ လာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ အကြား ယမန်နေ့က ဘင်္ဂ လာဒေခ်ျ့ အပိုင် နယ်စပ် ကျေးးရွာ တစ်ခု ဖြစ်သော ခေါင်းတုံး တွင် ပြုလုပ်ခဲ့သည်။နစကနှင့် ဘီဂျီဘီ တပ်မှူးများ ယခုလို မကြာခဏ တွေ့ဆုံကြ သည်။
ပဋိပက္ခကြောင့် ပျက်စီးသွားသော ရခိုင်အိမ်များအတွက် ဗုဒ္ဓရုပ်ပွားတော် နှစ်ထောင်ကျော် ပင့်ဆောင်လှူဒါန်း
ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နိုင်ရန် ဥာဏ်တော် ၄ လက်မ အမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၂ဝ၁၅ ဆူကို အောက်တိုဘာ ၃ ရက်မှ စတင်ပင့်ဆောင် လှူဒါန်းနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီမှ သိရသည်။
ကြက်ဥ ဈေးကျလို့ ထိုင်းမှာ ဆန္ဒပြ
  ကုန်ဈေးနှုန်းတွေ တက်လို့ မြန်မာနိုင်ငံမှာ ဆန္ဒပြဖူးတာပဲ ကြားဖူးတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်း ကျလို့ ထိုင်းနိုင်ငံမှာတော့ ဆန္ဒပြကြတယ်။ ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတ၀ိုက်က အသေးစား ကြက်မွေးမြူရေး လုပ်ကြတဲ့ လယ်သမား ၁၀၀ လောက်က အစိုးရ ရုံးရှိရာ ဂိတ်ပေါက်သွားပြီး ကြက်ဥဈေးတွေ ရုပ်တရက် ကျသွားလို့ အစိုးရ အိမ်တော် အပေါက်ဝမှာ ကြက်ဥတွေ ပစ်ပေါက်ခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဒီမိုကရေစီအကူးအပြောင်းများကို ချီးကျူးဂုဏ်ပြုရင်း အမေရိကခရီးစဉ်ကို အဆုံးသတ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့ဥရောပ၊ တောင်အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ၏ ဒီမိုကရက်တစ်အကူးအပြောင်းပုံစံများကို ချီးကျူးဂုဏ်ပြုရင်း ၄င်း၏ ၁၇ ရက်ကြာမြင့်သည့် အမေရိကခရီးစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်သည်။
အာရှ၏ ကိုလိုနီခေတ် နောက်ဆုံးခံတပ်ကြီးကို ထိန်းသိမ်းခြင်း
Photo
အေပီသတင်းဌာနမှ ဒဲန်းနစ်ဂရေး၏ ဆောင်းပါးကို အောင်ထွန်းဦး ဘာသာပြန်သည်။အာရှမှာ ဒီလိုနေရာမျိုး ဘယ်နေရာမှာ မှ နောက်ထပ် မရှိတော့ပါဘူး။ လူမျိုးစုမျိုးစုံကြားမှာ ရာစုနှစ်တစ်ခုထက်ပိုပြီး ပကတိအတိုင်း လန်းလန်းဆန်းဆန်းနဲ့ အရောင်အသွေးစုံလင်စွာ ရှိနေခဲ့တဲ့ ခန့်ညားပြီး အညတရဖြစ်တဲ့ ကိုလိုနီခေတ် အဆောက် အအုံတွေ ရာပေါင်းများစွာနဲ့ ပြည့်နှက်နေတဲ့ မြို့ရှုခင်းတစ်ခုပါ။
ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း
Bankaladaskembussyဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ရဟန်းတော်များ၏ လုံခြုံရေး အာမခံ ချက် ပေးရန် အတွက် ဘန်ကောက်မြို့ ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင်  မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ် ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကျောင်းများ ကို အကြမ်းဖက် ၍ ဒါကာတက္ကသိုလ် ကျောင်း သူကျောင်းသား ၃၀၀ ကျော် ချီတက် ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့ Cox’s Bazaar မြို့တွေ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို
 အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း သားတွေ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြ ပါတယ်။
ပြည်သူများ၏ လက်ရှိ ပကတိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကိုက်ညီသော သမဝါယမ လုပ်ငန်းများဖြစ်အောင် ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်
သမဝါယမ ဝန်ကြီးဌာနသည် သမဝါယမ လုပ်ငန်းများဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရေး ပံ့ပိုးနိုင်ရန်အတွက် ပြည်သူများ၏ လက်ရှိ ပကတိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကိုက်ညီသော သမဝါယမ လုပ်ငန်းများဖြစ်အောင် မည်သို့တိုးတက် ပြုပြင်ပြောင်း လဲ ဆောင်ရွက်သွားရ မည်ဆိုသည်ကို ဝိုင်းဝန်း ဆွေးနွေးဖော်ထုတ် အကောင်အထည်ဖော်ဆောင်ရွက် ကြရန် ပြည်ထောင်စု ဝန်ကြီး ဦးကျော် ဆန်းက အောက်တိုဘာ ၂ ရက်နေ့နံနက် ၉ နာရီခွဲတွင် သမဝါယမဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည့် သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။
ဆူဇူကီးဖလား ခြေစစ်ပွဲ အောက်တိုဘာ ၅ ရက်နေ့စတင်မည်
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံဆူဇူကီး ဖလားခြေစစ်ပွဲ ကို အောက်တိုဘာ ၅ ရက်မှစတင်၍ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင်ဝင်းတွင် ကျင်းပမည်ဖြစ်သည်။
အစ်မ ဘော်ဒီဂတ် တိုင်ချီတိုလေး
အစ်မ၏ ဘော်ဒီဂတ် တိုက်ချီတိုခွေးကလေး။
ကျုပ် ဒီဆောင်းပါးလေးကို ရေးထားတာ ကြာပါပြီ။ အကြမ်း ရေးထား တာ ပေါ့ဗျာ။ အကြောင်း အရာ တိုက်ဆိုင်လာတဲ့ တစ်နေ့ကျ အချော ရေးမယ်ပေါ့။ ၂၀၁၁ ဒီဇင်ဘာလလို့ ထင်တာပဲ။ ဒေါက်တာ တင်မျိုးဝင်း က ခွေးကလေးတစ်ကောင် ဓာတ်ပုံနဲ့ 'သတိ ခွေးကိုက်တတ်သည်' လို့ ဗီနိုင်းနဲ့လုပ်တာ ကြည့်လိုက်တော့ 'တိုင်ချီတို'ပုံနဲ့၊ ကျုပ် ပြုံးမိတယ်။ ဒါ ကျုပ်အစ်မ အစီအစဉ်ဖြစ်ရမယ်။
၂၀၁၅ မှာ အင်န်အယ်လ်ဒီပဲ နိုင်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင် ဘာလ ၂၇ ရက်နေ့မှ စတင်တွက်ခဲ့ပါက ယခုနှစ်တွင် ၂၄ နှစ်တိတိ ပြည့်ပြီ ဖြစ်သည်။ ထို ၂၄ နှစ်တာအတွင်း ပါတီကို စတင် တည်ထောင်ခဲ့သူ ကိုးဦးအနက် လက်ရှိ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် သုံးဦးသာ ပါတီတွင် ကျန်ရှိနေတော့ရာ ထိုသုံးဦး အနက် တစ်ဦး အပါအ၀င်ဖြစ်သည့် ၀ါရင့် နိုင်ငံ ရေးသမားတစ်ဖြစ်လဲ သတင်းစာဆရာ ကြီး ဟံသာဝတီ ဦးဝင်းတင်ကို မြန်မာတိုင်း(မ်)ဒု-သတင်းစာတည်း ကျော်ဆုမွန်က စက်တင်ဘာလ ၂၄ ရက်နေ့ က တွေ့ဆုံမေးမြန်းခဲ့သည်။
ရုရှားနိုင်ငံ၏ ဗုဒ္ဓသာသနာ အနုပညာနှင့် ဓာတ်ပုံပြပွဲကို ရွှေတိဂုံစေတီ၌ ပြသလျက်ရှိ
ပြပွဲ၌ ပြသထားသည့် အနုပညာလက်ရာများကို ဧည့်သည်တော် များ လေ့လာကြည့်ရှုနေစဉ်။
ဓာတ်ပုံ-ရတနာရုရှားနိုင်ငံ၏ ဗုဒ္ဓသာသနာအနုပညာ နှင့် ဓာတ်ပုံပြပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့ အထိ ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်း၌ ပြသလျက်ရှိသည်။
စီမံခန့်ခွဲမှုကောင်းမွန်သော မျိုးဆက်သစ်များ ပေါ်ထွက်လာရေး ပညာရေးကိုပြုပြင်ရန်လို
ရခိုင်ပြည်နယ် မင်းပြားမြို့၌ ဖယောင်းတိုင်မီးဖြင့် စာကျက်နေ သည့် ကျောင်းသူကလေးများ။
ဓာတ်ပုံ-ကောင်းထက်နိုင်ငံတော်အတွက် အရည်အချင်းရှိသော လူ့အရင်းအမြစ်များ၊ တတ်သိ ကျွမ်းကျင် စီမံခန့်ခွဲအုပ်ချုပ်တတ်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ်ခေါင်းဆောင် များ ပေါ်ထွက်လာရေးအ တွက် မြန်မာ့ပညာ ရေးစနစ်အားအကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ပညာရေး အသိုင်းအ၀ိုင်းမှ ကျွမ်းကျင်သူ များက ဆွေးနွေးခဲ့သည်။
Obama နဲ့ Romney ဗုဒ္ဓဟူးနေ့ စကားစစ်ထိုးပွဲ အတွက် ပြင်ဆင်
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား (Barack Obama) နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း မစ်တ် ရွမ်မ်နီ (Mitt Romney) တို့ဟာ ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ဒီကနေ့ အင်္ဂါနေ့မှာ ပြင်ဆင် နေကြပါတယ်။
ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ
အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင
်းရရှိသည်။
သမ္မတ ဦးသိန်းစိန်နှင့် စကား စမြည်
 သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- http://asiasociety.org
သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုမှာ ရှိနေချိန် နယူးယောက်မြို့မှာ ရှိတဲ့ New York Times က ပင်တိုင် ဆောင်းပါးရှင် မစ္စတာ Bill Keller နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က အင်တာဗျူး ဖြစ်ပါတယ်။ 
စက်တင်ဘာလ ၂၇ ရက် နေ့က Asia Society တွင်လည်း ပရိတ်သတ်တဦးရဲ့ မေးခွန်းတွေကို ဦးသိန်းစိန် က အလားတူ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ 
အားတော့နာတယ်……….ဒါပေမဲ့ ပြောပေးပါဦး ကိုသူရ(ဇာဂနာ)ရေ
ကိုသူရ ရေ ..ကိုသူရရေ..လို့ ခွန်းကြီးခွန်းငယ်အော်ပြီး တိုင်တည်လိုက်ပါ ပြီ။ ဒီနေရာမှာ ကိုသူရ(နာမည်ကျော် လူ ရွှင်တော်(ကိုဇာဂနာ)နောက်က ““ရေ”” ဆိုတဲ့စကားလုံးထည့်လိုက်တာကိုတော့ ဦးစွာတောင်းပန်ပါရစေ။ ဒါကလည်း နာမည်ကြီး ဓမ္မကထိကဆရာတော်(ကြာနီကန် ဆရာတော်)ေ ဟာပြောခဲ့ဖူးတာ မှတ်မိနေ လို့ပါ။ကြာနီကန်ဆရာတော်က လူတွေ   ကြောက်လန့်ပြီး တအံ့တသြယောင်ပြော   ပြောကြတဲ့အခါ ““ဘုရားရေ..ဘုရားရေ”” လို့ တကြသတဲ့။ ဒါ အင်မတန်ရိုင်းတဲ့ကိစ်္စ   ပဲတဲ့။ ““မောင်ရေ”” ““မရေ”” ““တော်ရေ”” ““မိန်းမရေ”” ““ယောက်ျားရေ”” လို့အများ ပြောကြတဲ့ ““ရေ”” စကားလုံးကို ““ဘုရား””   နောက်ကကပ်ပြီး 
ရွှေ(၇)ပိဿ ၊ ကျပ်သိန်းပေါင်း (၆)သောင်းကျော် အလိမ်ခံရ
ရွှေအရောင်းအ၀ယ်ဖလှယ် မှုမှ ထွက်ပေါ်လာသည့်အကျိုး အမြတ်များကို ခွဲဝေပေးမည်ဟု မက်လုံးပေးခဲ့သည်ကို ယုံစားမိ သဖြင့် ရွှေချိန် (၇)ပိဿာ၊ ကျပ် သိန်းပေါင်း (၆)သောင်းကျော်၊ အလိမ်ခံခဲ့ရကြောင်းသိရသည်။
စက်တင်ဘာလ (၂၉)ရက်၌ နယူးယောက် Queens Collage တွင် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်မှ ကောက်နုတ်ချက်
နိုင်ငံခြားသားတွေဟာ တစ်နှစ်ခွဲအတွင်း ဖိုရမ်တွေ အများကြီး လုပ်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ပို့ချလို့ အခုလောက် နားလည်ပါတယ်။ PR ကို နားလည်လာတယ်။ သူတို့ပို့ချလို့ ခင်ဗျား တို့နဲ့တွေ့ရတဲ့ဟာတွေကို ကျွန်တော်တို့ နားလည်လာတယ်။ သာမန်အားဖြင့် ကျွန်တော်တို့ ၀န်ကြီး(၃၀)လောက် ရှိမယ်။  နိုင်ငံသားတို့၊ မီဒီယာတို့ကို (၄) ယောက်ထက် ပိုမတွေ့ရဲဘူး။ တကယ် ပြောတာ။ ကျွန်တော်ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ဒီလောက်ပဲတွေ့ရဲတယ်။ ကျန်တဲ့လူမတွေ့ရဲဘူး။ ဘာဖြစ်လို့
ဟောင်ကောင်သင်္ဘော တိုက်မှု ရေယာဉ်ဝန်ထမ်း ၆ ဦးကို အရေးယူ
Hong Kong မှာ လူအနည်းဆုံး (၃၇) ဦး သေဆုံးသွားရတဲ့ သင်္ဘော (၂) စင်း တိုက်မိတာကနေ အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေ ဆက်လက်ရှာဖွေနေတဲ့အချိန်မှာပဲ ရဲကတော့ အဲဒီ သင်္ဘောတွေ က ရေယာဉ်ဝန်ထမ်း (၆) ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအပေါ် စွဲချက်တွေ ရုပ်သိမ်းဖို့ HRW တိုက်တွန်း
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အမှတ်တံဆိပ်။
မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ မကြာခင်က ငြိမ်းချမ်းရေးအတွက် ချီတက် ဆန္ဒပြသူတွေကို အရေးမယူသင့်ဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း လိုက်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဆန္ဒပြ ပွဲတွေမှာ ပါဝင်ခဲ့သူ ၁၃ ဦးကို မြန်မာအစိုးရကနေ တရားစွဲဆိုထား တာကို ပြန်ရုပ်သိမ်းသင့်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရစွပ်စွဲချက် ရိုဟင်ဂျာငြင်းဆို
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့ Cox’s Bazaar မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေးယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း