Monday, October 8, 2012

မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ

၁။  ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်း အတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊ ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ် နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည် မသိလူ (၁) ဦး၊ နေအိမ်

အစိုးရ နဲ့ ပုဂ္ဂလိကကျောင်းစနစ်

လွတ်လပ်ရေးရကတည်းက မြန်မာပြည်မှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကအလွတ်ပညာသင်ကျောင်းဆိုပြီး ကျောင်းနှစ်မျိုးရှိခဲ့ပါတယ်။ ၁၉၆၂ ခု စစ်အစိုးရအာဏာသိမ်းချိန်ကစပြီး ဆိုရှယ်လစ်စနစ် နိဂုံးချုပ်တဲ့ ၁၉၈၈ ခုနှစ်အထိ ပုဂ္ဂလိကကျောင်းတွေကို ပိတ်ပစ်တဲ့အတွက် အစိုးရကျောင်းပဲကျန်ပါတယ်။ ဒါပေမဲ့ အစိုးရကျောင်းကို အားမရသူတွေက အလွတ်ပညာရေးကို အားကိုးကြပါတယ်။ ဘာသာရပ်အလိုက် ကျူရှင်ပေးတာကို ၁၉၆၄ အလွတ်ပညာသင် ဥပဒေက ခွင့်ပြုတာမို့ အလွတ်ပညာသင်ကျောင်းတွေ မဆလ ဆိုရှယ်လစ်ခေတ်မှာလည်း ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း ဈေးကွက်စနစ်ကျင့်သုံးတဲ့အခါ ပုဂ္ဂလိကကျောင်းတွေ ပြန်လည်ခေတ်စားလာပါတယ်။

အမျိုးချစ်တဲ့ ကေအိုင်အေ ...


(အင်ဘန်လ) 

နိုင်ငံတော်ရဲ့ သတင်းထုတ်ပြန်ချက် တွေမှာ ကြားရတာကတော့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ဖြစ်တဲ့ "၀" အထူးဒေသ(၂)အဖွဲ့ ၊ မိုင်းလား အထူးဒေသ(၄) အဖွဲ့ ၊ ကလိုထူးဘော တပ်ဖွဲ့ (ယခင် ဒီကေဘီအေ)

အစိုးရ ငြိမ်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် SSA-N ထပ်မံတွေ့ဆုံမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA-N နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဗုဒ္ဓဟူးနေ့တွင် လားရှိုးမြို့၌ ထပ်မံတွေ့ဆုံရန်ရှိကြောင်း SSA ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလှ က ပြောသည်။

နာတာရှည်ရောဂါ အန္တရာယ် ဘန်ကောက်ဆေးရုံ ဒေါက်တာ သတိပေး


ရန်ကုန် (မဇ္ဈိမ) ။         ။ ဆီးချိုနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုသည် ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ် ချမ်းသာသော နိုင်ငံများတွင် အဖြစ်အများဆုံး ရောဂါဖြစ်သည့်အတွက် အထူး ဂရုစိုက်ရမည့် ရောဂါ ဖြစ်ကြောင်း ဘန်ကောက် ဆေးရုံကြီး၏ ဒါရိုက်တာ ဒေါက်တာ အဒ် လောပရာယွန် Dr. Ead Lorprayoon က ပြောဆိုလိုက် သည်။

လက်တုန့်ပြန်မှု မပြုသင့်ကြောင်း ရခိုင်တိုင်းရင်းသား ဝန်ကြီးပြော

demonstration2ရန်ကုန် (မဇ္ဈိမ) ။       ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သောဖြစ်ရပ်အတွက် မြန်မာနိုင်ငံမှ ရဟန်းသံဃာ နှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ များ ထပ်မံဖြစ်ပွားနေရာ ဘာသာရေး၊ လူမျိုးရေး လက်စားချေမှုများကိုမူ မပြုသင့်ကြောင်း ရန်ကုန်တိုင်းရှိ ရခိုင် တိုင်းရင်းသား ဝန်ကြီး ဦးဇော်အေးမောင် က ပြောဆိုလိုက်သည်။

ဘုန်းကြီးကျောင်းများကို ကာကွယ်ပေးရန် မြန်မာ နစက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို

ကောက်စ်ဘဇားခရိုင်တွင် မွတ်စလင် အစွန်းရောက်များ မီးရှို့ဖျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းကို ဘင်္ဂလား ဗုဒ္ဓဘာသာ ရဟန်းတော်တပါး စစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ – Reuters)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်ရှိ ဒူဆိုးရီကျေးရွာ စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးတွင် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို တောင်းဆိုလိုက်သည်။

OIC ရုံးဖွင့်မည်ကို ရခိုင်လူထု မလိုလား

OIC အဖွဲ့သည် အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံအား ကိုယ်စားပြုဖွဲ့သည့် အဖွဲ့တခုဖြစ်သည်
အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း OIC ရုံးကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ကြိုးပမ်းနေခြင်းအား ရခိုင်ပြည်သူအများစု က ကန့်ကွက်ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – ဧရာဝတီ)
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် ရှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြီးခဲသည့်စနေနေ့က  တွေ့ဆုံဆွေးနွေးသည်။

ချယ်ရီကား နှင့် ကျောက်ဂွမ်း (Asbestos)ပြဿနာ

ယခုရက်ပိုင်းအတွင်း တရုတ်  ပြည်မှ သွင်းလာသောချယ်ရီကား  များနှင့်ပတ်သက်၍ Australia နှင့် Singapore တို့မှစက်မှုလက်မှု  တွင်းထွက် (Industrial Mineral) တစ်မျိုးဖြစ်သော ကျောက်ဂွမ်း (Asbestos) ကိုအင်ဂျင် Gasket, Brake Lining   နှင့် Clutch Facing    စသည့် အပူခံနိုင်သည့် ကား  အစိတ်အပိုင်းများတွင် ထည့်သွင်း   အသုံးပြုထားကြောင်းတွေ့ရှိသဖြင့် 

တောင်ကိုရီယား သတင်းစာတွေက သမ္မတ ဦးသိန်းစိန် ကို Mr. Clean လို့တင် စား ခေါ်


သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောစဉ်။ ဓာတ်ပုံ -သမ္မတရုံးစာမျက်နှာ

ယခုနှစ် ၂၀၁၂ ခုနှစ်အတွက် ပေးအပ်မယ့် နိုဗဲလ် ငြိမ်းချမ်းရေး ဆု ခန့်မှန်းချက်အမည် စာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်နေကြောင်းသတင်းတွေ ထွက်ပေါ်နေပါတယ်။ 

မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ


၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကျေးလက်နေ ပြည်သူများအား ဂျီအက်စ်အမ် ၂.၇၅ မိုဘိုင်းဖုန်းများ နိုင်ငံ့ဝန်ထမ်းများအား ရောင်းချပေးသကဲ့သို့ အရစ်ကျငွေပေးချေသည့် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သို့ သော်မကြာမီကာလများအတွင်း နိုင်ငံ တကာနည်းတူ ဖုန်း Sim card  တန်ဖိုးများ လျှော့ချရတော့မည် ဖြစ်ရာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်း မရှိဘဲ ရောင်းချသည့်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့သည်။

စက်ရုပ်တောင်ပံများနှင့် ဂျက်စတင် ဘီဘာ

ဂျက်စတင် ဘီဘာတစ်ယောက် ဖျော်ဖြေပွဲ အစီအစဉ်တွင် စက်ရုပ် နတ်တမန် တစ်ပါးအသွင် ပြောင်းလဲသွားကြောင်း သိရှိရသည်။ ကနေဒါ ဆယ်ကျော်သက် Popဂီတ ကြယ်ပွင့်လေးသည် ၎င်း၏ နောက်ဆုံး ပြုလုပ်သော ဖျော်ဖြေပွဲတွင် ယန္တရားစက်ရုပ် တောင်ပံကြီးများ တပ်ဆင်ကာ ပရိသတ်များရှေ့တွင် သီဆို ဖျော်ဖြေသွားသည်။

ဒုံးကျည်ပစ်ခတ်နိုင်သည့် အကွာအဝေးတိုးမြှင့်မည့်ဟု တောင်ကိုရီးယားကြေညာ

မိမိတို့ နိုင်ငံမှ ပစ်ခတ်နိုင်သော ဒုံးကျည် အကွာအဝေးကို တိုးမြှင့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြု ကြေညာခဲ့သည်။ တောင်ကိုရီးယား အစိုးရသည် မိမိတို့၏ ကာကွယ်ရေး ကဏ္ဍအတွက် တပ်ဆင်ထားသော ဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကို (၁၈၅)မိုင်သာ ထားရှိမှုအား ပယ်ဖျက်ရန် သဘောတူညီခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆု သမ္မတဦးသိန်းစိန်ရမည်ပာု ခန့်မှန်း

ယခုနှစ် နိုဘယ်ဆုရာသီတွင်  ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိမည်ပာု ခန့်မှန်းသူများစာရင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါဝင်ကြောင်းသိရသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီက နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသူများ၏အမည်များကို တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးကော်မတီ၏ လုပ်ပုံကိုင်ပုံကိုလေ့လာပြီး ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို ထုတ်ပြန်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမည်စာရင်းပါဝင်ကြောင်း သိရသည်။

ပုဂံမြို့ဟောင်းတွင် အဆောက်အဦးအသစ်များ ရပ်တန့်စေရေး သမ္မတထံစာတင်မည်

ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်လို၍ ပုဂံမြို့ဟောင်း၌ အဆောက်အဦးအသစ်များ တိုးချဲ့ ဆောက်လုပ်နေ့သည့် ကိစ္စအား နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုကြမည် ဖြစ်သည်။
ပုဂံမြို့ဟောင်းနယ်မြေအတွင်းရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကဇာတ် ဖျော်ဖြေရေး၊ လူနေအိမ် များ ဆောက်လုပ်နေမှု အပေါ် နိုင်ငံတော်သမ္မတထံသို့ စာတင် သွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်းနယ်မြေ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သိရှိရသည်။

မလေးရှားသံအမတ်ကြီး ဦးဆောင်သည့်အဖွဲ့ ရခိုင်ဒုက္ခသည်စခန်းများသို့ သွားရောက်

ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့်ဒေသမှ ပြည်သူများအတွက် လူမှုရေးအကူ အညီ များပေးရန် ရောက်ရှိ နေသည့် မလေးရှားနိုင်ငံ သံအမတ်ကြီး H.E>Dr Ahmad Faisal Muhamad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ စစ်တွေမြို့ နယ်ရှိ ဘေးဒဏ်သင့်ဒုက္ခသည် စခန်း များသို့ အောက်တိုဘာလ(၈)ရက်နေ့က သွားရောက်လေ့လာခဲ့သည်။

တော်ဝင်သစ်အချောထည်စက်ရုံလုပ်သားများ ရုံးချုပ်အရှေ့၌ အလုပ်ရှင်နှင့်တွေ့ရန် တောင်းဆို

တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမား (၃၀၀)ကျော်သည် ၄င်းတို့တောင်းဆိုထားသည့် အချက်များ အား အလုပ်ရှင် ထံတင်ပြရန် ဦးးဝိစာရလမ်းပေါ်ရှိ တော်ဝင်မိသားစု ကုမ္ပဏီရုံးချုပ်ရှေ့တွင် အောက်တိုဘာလ (၈) ရက် နံနက်ပိုင်းက ကုမ္ပဏီပိုင်ရှင်အား တွေ့ဆုံရန် စုရုံးစောင့်ဆိုင်းမှု ပြုလုပ်နေကြကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာ အသင်း (မန္တလေးတိုင်းဒေသကြီး) ၏ သဘောထားကြေညာချက် ၁/ ၂၀၁၂


ရန်ကုန်အခြေခံပညာကျောင်းများ၌ အန္တရာယ်ရှိအစားအသောက်အကြောင်း ပညာပေးဟောပြောမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ မုန့်ဈေးတန်း များတွင် အန္တရာယ်ရှိသော အစားအသောက်နှင့် မုန့်ပဲသရေစာများ မရောင်း ချမိစေရန် စားသုံးသူကာကွယ်ရေးအသင်းနှင့် စည်းရုံးရေးနှင့် ပညာရေးကော်မ တီတို့မှ ပူးပေါင်းကာ အောက်တိုဘာလ ဒုတိယပတ်မှစ၍ ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာကို ဥပမာပေး၍ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားအား အပြောင်းအလဲလုပ်ရန် တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည်မှ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ လှုပ်ရှားမှု ဖြစ်ပေါ်လာသည်ကို ငြင်းဆန်၍မရကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများသည် မြောက်အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် မြန်မာတို့မှ အာဏာရှင်အစိုးရများကို ဖြုတ်ချပြီး အပြောင်းအလဲများနှင့် ပွင့်လင်းမှုတို့ ကို ဖော်ဆောင် ရန် တွန်းအားပေးနေကြောင်း ပြောကြားလိုက်သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ် လုပ်ငန်းရှင်များက အားမရဖြစ်နေ

နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုဥပဒေမူရေးဆွဲနေချိန်၌ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု နေကြသည့် အပေါ် တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များက အားရမှု မရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှုကြမ်းကို နိုင်ငံတော်သမ္မတမှလွှတ်တော်ဆီ ပြန်ချပေးနေချိန်တွင် အဆိုပါ ဥပဒေ၌ပါဝင်သည့် ကန့်သတ်ချက်များမှာ များပြားနေခြင်းကြောင့် ယခုကဲ့သို့ အားမရဖြစ် နေကြောင်း စီးပွားရေး လုပ်ငန်းရှင်တို့က ဆိုသည်။

သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်

ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာ မည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်း တွင်ဖော်ပြ ထားသည်။

သမ္မတမှ ပြင်ဆင် ပေးပို့လာသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းသည် ခရိုနီ နှင့်သက်ဆိုင် သည့်အချက်များကို ပယ်ဖျက်နိုင်မည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ ပြောကြား

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းအားပြန်လည်ပြင်ဆင်ပေးပို့လာသော နိုင်ငံတော် သမ္မတ သဘောထား မှတ်ချက်သည် ခရိုနီ(အစိုးရနှင့်ပူးပေါင်းသော စီးပွားရေးလုပ်ငန်းရှင် )အုပ်စုများအတွက် ပယ်ဖျက်နိုင်လိမ့် မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်း ( ပြည်သူ့လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှုး)က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး

"ကျွန်မတို့ နိုင်ငံပညာရေးစနစ်ကို အင်မတန်မှ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အင်မတန်မှကို အခြေအနေ ဆိုးနေ ပါတယ်။ အခြေခံပညာရေးစနစ်ဟာ ကလေးတွေအတွက် တကယ်ပညာပေးတဲ့စနစ်ကို မဟုတ်ပါ ဘူး။ ကျောင်း မသွားနိုင်တဲ့ ကလေးတွေ နှုန်းကလည်း အရမ်းကိုများပါတယ်။ နယူးယောက်မှာ ကလေးတိုင်းကျောင်း သွားရေး ကိစ္စနဲ့ပတ်သက်ပြီး ၀င်ပြီးဆွေးနွေးခဲ့တာရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစီအစဉ်တွေ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့က ရည်ရွယ်ချက်ရှိပါတယ်။ မကြာခင်လည်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခြေခံ ပညာရေးကိုလည်းလုပ်ရမယ်။ အဆင့်မြင့်ပညာရေးကိုလည်း လုပ်ရမယ်။ ဒီ့အပြင် အသက်မွေးဝမ်းကျောင်း ပညာနဲ့ ကျောင်းပြင်ပ ပညာရေးကိုလည်း လုပ်ရပါမယ်"

From- 7Day News Journal

မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေရှ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်

ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တရုတ်ခရီးစဉ်ကိစ္စ

"တရုတ်နိုင်ငံကို သွားဖို့က ဘာမှ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့လည်း သွားချင်တဲ့စိတ်တော့ရှိပါတယ်။ သွားချင် တဲ့စိတ်ဆိုတာကလည်း အမေရိကန် ပြည်ထောင်စုကိုသွားလို့ ဒီတရုတ်နိုင်ငံကနေပြီးတော့ စိုးရိမ်မှာ စိုးလို့ဆိုတဲ့ စိတ်နဲ့မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ အိမ်နီး ချင်းနိုင်ငံကြားမှာ ဆက်ဆံရေး ကောင်းဖို့ဆိုတာလည်း အရေးကြီးလို့ သွားချင်တဲ့စိတ်ရှိတာပါ။ တရုတ်နိုင်ငံ သူ၊ နိုင်ငံသားတွေ ကလည်း ကျွန်မတို့ကို တော်တော်လေး ဖေးဖေးမမ ရှိပါတယ်။ တရုတ်နိုင်ငံကပြည် သူတွေ နဲ့ မြန်မာပြည် သူတွေကြားမှာ ပိုပြီးရင်းနှီးမှု ရှိစေချင်လို့ သွားချင်တာပါ။ တရုတ်နိုင်ငံကပဲ ဖြစ်ဖြစ် အမေရိကန်ပြ ည်ထောင် စုကပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက ဟိုဘက်ဒီဘက် သိပ်ပြီးတော့ နီးစပ်သွားမှာ စိုးရိမ်မှုတွေကတော့ ရှိဖို့မလိုဘူးလို့ ထင်ပါတယ်"

From- 7Day News Journal

မျိုးဆက်သစ်ပြဿနာ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြုပြောကြား

"အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရုန်းကန်ခဲ့ရတာ အနှစ် ၂၀ ကျော်ပါပြီ။ အနှစ် ၂၀ ကျော်လို့လည်း အားလုံးသိတာလည်းမဟုတ်ဘူး။ အားလုံးမှန်တာလည်း မဟုတ်ပါဘူး။ အခုမှ အရင်တုန်းကထက်စာရင် ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေရလာလို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပီပီပြင်ပြင် ရပ်တည်နိုင်ဖို့ ကြိုးစားနေရတဲ့

စစ်တွေ အောင်မင်္ဂလာရပ်ကွက် လုံခြုံရေး တိုးမြှင့်ချထား

စစ်တွေမြို့တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည့် အောင်မင်္ဂလာ ရပ်ကွက် လမ်းအစမှ အဆုံး ပိတ်ထား ကာ လုံခြုံရေးတပ်များ တိုးမြှင့်၍ ချထားကြောင်း ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။
“စစ်တပ်ရော ရဲပါ အယောက် ၃၀ လောက် ချထားတာ၊ ရပ်ကွက် တစ်ခုလုံးကို ဖြတ်သန်းခွင့် မပြုတော့ဘူး” ဟု ၄င်းကပြောသည်။

သမ္မတလုပ်ရဲသည့် စိတ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာသွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁ နာရီ ခွဲအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။

လာဘ်ပေးလာဘ်ယူ ကိစ္စများကို မီဒီယာများက ဖော်ထုတ် ရေးသားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တရားဥပဒေ စိုးမိုးရေးနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို ဖော်ထုတ် ရေးသားကြ ရန် ဒေါ်အောင် ဆန်းစုကြည် က အောက်တိုဘာလ ၈ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်း ပြောဆို လိုက် သည်။ယင်းကဲ့သို့ ဖော်ထုတ် ရေးသားကြရာတွင် ပုဂ္ဂိုလ်ရေး ပုတ်ခတ် ရေးသားခြင်းမျိုး မဟုတ်ဘဲ တိတိ ကျကျ မှန်မှန် ကန်ကန် ရေးသားပေးကြရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။
From- The Voice Weekly

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန် မာနိုင်ငံ ၏ တရားစီ ရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ပါသည်။

စည်းကမ်းမဲ့အငှားယာဉ်များကိုလည်း မထသ ကိုင်တွယ်တော့မည်

ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော အငှားယာဉ်များ စည်းကမ်းဖောက် ဖျက်နေမှုများနှင့်ပတ်သက်၍ အလျှင် အမြန်အရေး ယူဆောင် ရွက်နိုင်ရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို) က သိရသည်။

သတင်းထောက်များအား လက်ကိုင်ဖုန်းတပ်ဆင်ပေး

မြန်မာ့အလင်းသတင်းစာကို   အသွင်သဏ္ဍန်နှင့်အနှစ်သာရပါ  ပြောင်းလဲ ထုတ်ဝေ လျက်ရှိရာ အောက်တိုဘာလ(၁၈)ရက်နေ့က စ၍ ရောင်စုံသ တင်းစာအဖြစ်  ပြောင်းလဲထုတ်ဝေသွားမည်ဖြစ်  သည်။မြန်မာ့အလင်း သတင်းစာ   အသွင်သဏ္ဍန်ပြောင်းလဲရေးနှင့် အနှစ်သာရပိုမို ရှိစေရေး အတွက်   ပြောင်းလဲဖော်ဆောင်ချိန်တွင်  သတင်းများအချိန်နှင့်တပြေးညီ   လျင်မြန်သွက်လက်စွာ သတင်း

အစ္စလာမ်ဘာသာသည် အကြမ်းဖက်တဲ့ဘာသာမဟုတ်ပါဘူး ဟု ၈၈ ကျောင်းသား ဦးကံညွန့်ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ် ပေါ်ခဲ့သော ဘာသာရေးစွဲ အစွန်း ရောက် အကြမ်းဖက်မှုများနှင့်ပတ် သက်၍ “၈၈”ကျောင်းသား၊ရွှေဝါ ရောင် သံဃာ့တော်လှန်ရေးတွင်   ဦးဆောင်ပါဝင်ခဲ့သူ ဦးကံညွှန့်မှ  ပြင်းထန်စွာ ရှုတ် ချကြောင်းနှင့် ယနေ့ကမ္ဘာပေါ်တွင် ယဉ်ကျေး သော လူ့အဖွဲ့အစည်း သို့ ဦးတည်   နေပြီဖြစ်သည့်အတွက် လူမျိုးရေး၊  ပုဂ်္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲများ ဆုပ် ကိုင်မထားသင့်တော့ကြောင်း သူ ၏သဘောထားကို ပြောပြခဲ့  သည်။

သမ္မတ တာဝန် ယူရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဆယ်ခုနှစ်ရက်ကြာ အမေရိကန် ခရီးစဉ်သို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်သော အောက်တိုဘာ ၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိမိအနေဖြင့် သမ္မတ တာဝန်ကို ယူရဲကြောင်း သတင်း မီဒီယာများသို့ ရဲဝံ့စွာ ပြောကြားသည်။

စစ်တွေ OIC ရုံးဖွင့်လှစ်ခြင်း ကန့်ကွက်ဆန္ဒပြပွဲ ယခုလ ၁၀ ရက်တွင်ပြုလုပ်ခွင့်ရရှိ

စစ်တွေတွင် OIC ရုံးဖွင့်လှစ်ခြင်းအား ကန့်ကွက်သည့်အနေဖြင့် စစ်တွေမြို့တွင်း အမျိုးသမီးထုသီးသန့် လှည့်လည်လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခွင့်ကို ယခုလ ( ၁၀ )ရက်နေ့ တွင်ဒေသတွင်း အစိုးရမှ နှုတ်ဂတိဖြင့် ပြုလုပ်ခွင့်ပေးလိုက်ကြောင်း ၄င်းဆန္ဒဖော်ထုတ်ပွဲ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဘာသာခြားတို့၏ ပန်းတိုင်နှင့် နိဗ္ဗာန်

အခြားဘာသာအားလုံးမှာ God လို့ခေါ်တဲ့ ဘုရားဟာ လူသားတွေရဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ကို ဘယ်သူမှ ဖန်ဆင်းထား တာ မဟုတ်ဘူး။ God ဟာ ထာဝရ တည်မြဲတယ်။ သူ့ကိုတော့ ဘယ်သူကမှ ဖန်ဆင်းထား တာမဟုတ်ဘူး။ ဘယ်သူကမှလည်း မဖျက်ဆီးနိုင်တဲ့ အနန္တ တန်ခိုးရှင်ဖြစ်တယ်။

တိုက်ပွဲကြားက မြေစာပင်များ


အမြင့်ငါးပေခန့် ရှိသော အုတ်နံရံ ကာထားသည့် ခြံဝင်းကျယ်ကြီးသို့ အဖြူရောင် Van ကား တစ်စီး ကွေ့ဝင် လိုက်သည်ကို ထင်းပုံကြားရှိ လူငယ် တစ်စု ကားဆီသို့ မဝံ့မရဲ ကြည့်နေကြသည်။ ၎င်းတို့ ဘေး တွင် ခြောက်ပေါက် ဟု ခေါ်သော ခြေထောက် ခတ်သည့် ထိတ်တုံးနှစ်စုံ ရှိနေသည်။

ဌာနပိုင်ဆိုင်ခန်းတွေကြောင့် အနှောင့်အယှက်ဖြစ်ရ

သာကေတမြို့နယ်၊ (၁) အနော်မာရပ်ကွက်ထိပ်ရှိဟိုတယ်၊  ခရီးဝန်ကြီး ဌာနပိုင်လူနေဆိုင်ခန်း များနှင့် ပတ်သက်ပြီး အဆိုပါ ဆိုင်ခန်းများအနီး အနားတွင် နေသောသူတစ်ဦးကအခုလို ဆက်သွယ်ပြောကြားခဲ့ပါသည်။
“ဂျာနယ်မှာရေးတဲ့အကြောင်း အရာတွေထဲက ခိုးယူခံရတဲ့ ပစ္စည်း  စာရင်းအတိအကျမသိပေမဲ့ဖြစ်စဉ် ကတော့ အားလုံးအမှန်တွေကြီး ပါပဲ။ အဲဒီသတင်းဖတ်ရတုန်းက ကျွန်တော်တို့တွေ စောင့်ကြည့်ကြ  သေးတယ်။

အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်းသည် ပုဂ္ဂိုလ်ရေးအရမဟုတ်ကြောင်း ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့် ပြော

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို ယနေ့နံနက်၁၀နာရီ တွင်စတင်ကျင်းပနေပြီဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန်လက်ခံရခြင်းသည် ဥပဒေနှင့်အညီသာပြုလုပ်ရခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး အရ ပြုလုပ်ခြင်း မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က လွှတ်တော်သို့ ၁နာရိခွဲခန့်ကြာပြောကြားသော မိန့်ခွန်းရာတွင် ထည့်သွင်းပြောကြား သွားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့တွင် ယနေ့ထပ်မံဆန္ဒပြမည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားခရိုင်နှင့် နေရာအချို့တွင် ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံဃာများက ယနေ့မွန်းလွဲပိုင်းတွင်လည်း ထပ်မံဆန္ဒပြဦးမည်ဟု သိရှိရသည်။

ဒဂုံဆိပ်ကမ်းလယ်ယာမြေ အရှုပ်အရှင်းများ မကြာမှ ပြေလည်သွားနိုင်ဟုဆို

ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ဖြစ်နေသည့် လယ်ယာမြေ အရှုပ်အရှင်း ကိစ္စများ မကြာမီအားလုံး အဆင်ပြေ သွားနိုင်ကြောင်း ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး ပါတီမှ အတွင်းရေးမှူး ဦးအေးမြင့်ကပြောကြားသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို


မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

ဘင်္ဂလာတွင် ဗုဒ္ဓသမိုင်းဝင်များ မီးရှိုးဖျက်ဆီးလုယူခံရသော ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး

BG Nasaka 7 12နစက-BGB အရာရှိအဆင့်တို့ ဘင်္ဂလာတွင် တနင်္ဂနွေနေ့က စတင်ပြီး ဗုဒ္ဓဘာသာဝင် နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ မီးရှို့ဖျက်ဆီးပြီး၊ ပိစ္စည်းဥစ္စာများ လုယူခံရနေသော အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ယမနေ့က ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

အမေရိကန်ပြည်ထောင်စုမှ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ နှစ်ပတ်လည် ဖွဲ့ စည်းပုံ ပြင်ဆင်အတည်ပြုရေးနှင့် ဗဟိုကော်မတီဝင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား

Amaree Buddhaအမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီ လိုမြို့ ရှိ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ နှစ်ပတ်လည် ဖွဲ့ စည်းပုံ စည်းမျဉ်းပြင်ဆင်အတည်ပြုရေးနှင့်ဗဟို အလုပ် မှုဆောင် ကော် မတီဝင် ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားတစ်ရပ်ကို အမာရီ လိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းတွင်း ရှိ ဇေယျသုခ ဓမ္မရိပ်သာ ခန်းမတွင် နေ့ လည် ၁ နာရီမှ ညနေ ၅ နာရီ ထိ အောင်မြင် စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

စိုက်ပျိုး စရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများကို ပထမဆုံး အကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်း

ကျောက်မောင်နှမကျေးရွာအုပ်စုမှ ခေါ်
ယူမေးမြန်းခံရသူ လယ်သမားများ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများကို မကျေနပ်သဖြင့် တိုင်ကြားသူ လယ် သမား ၈ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူမေးမြန်းခဲ့သည် ဟု သတင်း ရရှိသည်။

စစ်တွေမြို့ ဗလီကြီး ခြံဝင်း အတွင်း အိမ်တချို့ မီးလောင်မှုဖြစ်ပွါး


မီးလောင်သည်ကို ကြည့်ရှု့ရန် လာသူများ။
 သူတို့အား တိုက်ခိုက်ရန် လာသည်ဟု
 စွပ်စွဲခြင်းမှာ သဘာဝ နည်းလမ်းမကျပါ။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံ အနီးရှိ  ဗလီကြီးခြံဝင်း အတွင်း ယမန်နေ့က  မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
“ ဖြစ်တာက နေ့လည် ၂ နာရီမှာ ဖြစ်တာပါ။ မီးခိုတွေထွက်လာတော့ လုံခြံရေး တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မီးသတ်ကားတွေကို ခေါ်ယူပြီး မီးငြိမ်းသတ်ခဲ့တယ်။ နောက်ထပ် ၃ နာရီ ကျော်ကျော်မှာ တစ်ကြိမ် မီး ထပ်လောင်တာကိုတွေ့ရပါတယ်။ နောက်ပိုင်းတော့ မီးသတ် ကားတွေက ဘဲ ငြိမ်းသတ်လိုက်ပါတယ်” ဟု မျက်မြင် မောလိပ်ရပ် ကွက် ဒေသခံ တစ်ဦးက ပြောသည်။

သာသနာတော်ထိန်းသိမ်းရန် ကျောက်မဲလူငယ်အဖွဲ့က ပထမဆုံးအကြိမ်ဓမ္မစာပေဟောပြောပွဲပြုလုပ်

မြန်မာ့သာသနာတော်ကိုဖျက်စီးခုတုံးလုပ်သူများအန္တရာယ်မှ တားဆီးဖယ် ရှားနိုင်ရေး ကျောက်မဲမြို့နယ် အတွင်းရှိ တရားပွဲအကျိုးတော်ဆောင် လူငယ် အဖွဲ့မှ ကျောက်မဲမြို့အတွက် ပထမဆုံးအကြိမ် ဓမ္မစာေ ပဟော ပြောပွဲ တစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်


MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်


အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

The Burmese Python ဟု အမည်ပြောင်ခေါ်ကြသော အောင်လအန်ဆောင်သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစား အပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲ မရှိစံချိန်ရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ Rollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး နေရသည့် ကချင်တိုင်းရင်းသားများ နှင့်ပတ်သက်၍ အောင်လအန်ဆောင် က “ ကျွန်တော်ကငယ်ငယ်လေးက တည်းကမြန်မာနိုင်ငံမှာ ကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော် ကြားသိနေရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၁၃ ရက် မှာ ထိုးမယ့်ပွဲကနေ ရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊ လက်မှတ်ရောင်းရငွေတွေ အားလုံးကို ကချင်ဒုက္ခသည် တွေဆီကို လှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့ သူတွေဆီကိုလည်း ကျွန်တော့် မှာရှိတဲ့ နည်းလမ်းတွေနဲ့ အားပေး စကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကို ကျွန်တော်နားထဲမှာ အမြဲကြား နေရပါတယ်”ဟု ပြောကြားခဲ့သည်။

REF: EMG
Posted by Admin Team-NOM
MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်
ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ်အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာမည့် အောက် တိုဘာ လ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေကမ္ဘာ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ တားမြစ်ပေးရန် ဆင်ဖုံကျေးရွာလယ်သမားများတင်ပြ


 သို့
          နိုင်ငံတော် သမ္မတ
          နိုင်ငံတော်သမ္မတရုံး
          နေပြည်တော်
          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

                                                     ရက်စွဲ ။          ။ ၈ . ၁၀ . ၂၀၁၂
အကြောင်းအရာ ။        ။ ဇေကမ္ဘာကုမ္ပဏီမှ သိမ်းဆည်းရယူသွားသော လယ်မြေများနှင့် ပတ်သက်၍ လယ်သမားများ၏ နစ်နာမှုများ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးပါ၍ တင်ပြတိုင်ကြားခြင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးရာ ဖက်ရှင်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စား ဆင်ယင်မှုဟာ မြန်မာမိန်းကလေး များကြား မှာ ဖက်ရှင် တခု လိုဖြစ်နေတာ ကြာပါပြီ။ပြည်တွင်း ချည်းထည်ဈေးကွက်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချည်ထည် ရိုးရိုးလေး ဖက်ရှင်တွေ ကြောင့် ရောင်းအားအလွန်တက်လာတယ်ဆိုတာလည်း သတင်းတွေက ဆိုပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင်

ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏အမည်လည်း ပါဝင်ကြောင်း သိရသည်။

ပြည်ပသို့ တရားမဝင်ရွှေတင်ပို့ခြင်းများ ယခုနှစ်ပိုင်းတွင် ပိုမိုများပြား လာနေ ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြား

ကမ္ဘာ့ရွှေဈေးအမြင့်ဘက်သို့ ဆက်တိုက်ဦးတည်နေသည့်အတွက် ပြည်ပသို့ တရားမဝင်ရွှေတင် ပို့ခြင်းများ ယခုနှစ်ပိုင်းတွင် ပိုမိုများပြား လာနေ ကြောင်း မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးကျော် ဝင်း က ပြောကြားသည်။

ဆီးဂိမ်းရွက်လှေပြိုင်ပွဲကျင်းပမည့် မြေနေရာကိစ္စကြောင့် ဘူးကွဲကြီးရွာသား(၃)ဦး ထောင်ကျ

မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးအစားတွင် တစ်ခုအပါ အ၀င်ဖြစ်သည့် လှေလှော်ရွက်တိုက်အားကစား ပြိုင်ပွဲကျင်း ပမည့် မြေနေ ရာနှင့် ပတ်သက်၍ ဘူးကွဲကြီးကျေးရွာ အမှတ်(၄)လမ်းနေ မူလအုန်း ဥယျာဉ်ပိုင် ရှင်မိသားစုဝင် ကိုယ်စားလှယ်များအား ပုသိမ်မြိုနယ် တရားရုံးကမှ အလုပ်ကြမ်းနင့် ထောင်ဒဏ်(၂)လ စီချမှတ်လိုက်ကြောင်း သိရသည်။

ပညာရေး ပြင်ရန် အတွေးအခေါ် ပြင်ဖို့လိုဟု ၈၈ ပြော

မြန်မာနိုင်ငံ၏ နိမ့်ကျနေသော ပညာရေးစနစ်ကို ပြုပြင်ရန်မှာ အတွေးအခေါ် အရေးကြီးပြီးနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်နှင့် ပညာရေး၊ ကျန်းမာရေးစနစ် မည်သည်က ပိုအရေးကြီးသည်ကို ခွဲခြားရန်လိုအပ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ် (အင်းစိန်)တွင် ပြုလုပ် သည့် ဘာသာစုံ၊ တိုင်းရင်းသားစုံ ပါဝင်သော မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာဆွေးနွေးပွဲ တွင် ပြောကြားလိုက်သည်။ ပညာရေး အသုံးစရိတ် ပိုမိုမသုံးစွဲပါက အကျိုးရောက်မည် မဟုတ်ကြောင်း လည်း ပြောဆိုသွားသည်။

မူစလင်သူပုန်အဖွဲ့နဲ့ ဖိလစ်ပိုင်အစိုးရ ငြိမ်းချမ်းရေး သဘောတူညီမှုရ

ဖိလစ်ပိုင်နိုင်ငံက အကြီးဆုံး မူစလင် သူပုန်အဖွဲ့တခုနဲ့ ငြိမ်းချမ်းရေး အတွက် ပဏာမ သဘောတူညီချက်တွေ ရရှိခဲ့ပြီး နိုင်ငံတောင်ပိုင်းက လူပေါင်း ၁ သိန်း ၂ သောင်းလောက် သေကျေ ခဲ့ရပြီး ဖြစ်တဲ့ ဆယ်စုနှစ်နဲ့ချီ ခွဲထွက်ရေး ပုန်ကန်ထကြွမှုတွေ အဆုံးသတ်နိုင်ရေး ရည်ရွယ်ထားတဲ့ အကြောင်း အစိုးရက ကြေညာ လိုက်ပါတယ်။ Moro အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး MILF နဲ့ သဘောတူညီချက်အရ Bangsamoro လို့ အမည်ပေး ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်း ရရှိမယ့် မူစလင် ဒေသတခုနဲ့ လက်ရှိ အောင်မြင်မှု မရတဲ့ စနစ်ကို အစားထိုးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတ ဘန်နီနိုအကွီနို (Benigno Aquino) က တနင်္ဂနွေနေ့ တိုင်းပြည်ကို ရုပ်မြင်သံကြား က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောဆိုလိုက်တာပါ။

ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်သူပုန်များအကြား ၁၅ နှစ်ကြာ ဆွေးနွေးမှုအပြီးတွင် သဘောတူညီချက်မူဘောင်တစ်ခုရရှိ


ဖိလစ်ပိုင်အစိုးရနှင့် နိုင်ငံတွင်းရှိ အင်အားအကြီးဆုံး မွတ်စလင်သူပုန်အဖွဲ့ Moro Islamic Liberation Front (MILF) တို့အကြား ဆယ်စုနှစ် များစွာဖြစ်ပွားခဲ့သော အပြန် အလှန်တိုက်ခိုက်မှုများ အဆုံး သတ်နိုင်ရေး အတွက် သဘောတူညီချက်မူဘောင်တစ်ခုကို ရရှိခဲ့ကြောင်း သမ္မတဘင် နစ်နိုအကွီနိုက အောက်တိုဘာလ ၇ ရက် တွင် ကြေညာခဲ့သည်။

တောင် ကိုရီးယား၏ ဒုံးကျည် ပစ်ခတ်နိုင်မှု အကွာအဝေး တိုးမြှင့်မှု အမေရိကန် ခွင့်ပြုပြီ

မြောက် ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် ပိုမို ထိ ရောက်စေ ရန် အတွက် တောင် ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ ဒုံး ကျည်ပစ်ခတ်နိုင်မှု အကွာအဝေးကို ကီလိုမီတာ ၈ဝဝ အထိ တိုးမြှင့်ရန် အမေရိ ကန် ပြည်ထောင်စုက တရားဝင် ခွင့်ပြုလိုက် ပြီ ဖြစ်ကြောင်း တောင် ကိုရီး ယား အာဏာပိုင် များက အောက်တိုဘာ ၇ ရက် တွင် ထုတ်ဖော် ပြော ကြား ခဲ့သည်။
 
From- မြ၀တီ

နောက်ထပ် ရင်ခုန်စရာ သတင်းလေးပါ

မြန်မာနိုင်ငံ သမ္မတကြီး နိုဗယ်ဆု ပေးမည့်သူများ လျာထားစာရင်းထဲတွင် ပါဝင်... တကယ်လုပ်တဲ့ သူတွေကို တကယ်ပေးတယ် ဆိုရင်တော့ သမ္မတကြီး ရမှာပါ... ဘာလို့လဲ ဆိုရင် အခု ကမ္ဘာကို အံ့သြမှုတွေ ဖြစ်အောင် ကိုင်လှုပ်ပြီး အပြောင်းအလဲ တွေ မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်အောင် လက်တွေ့လုပ်နေတာ သမ္မတကြီးပဲလေ... :)
Thway Thit Sar
REF: i Love Myanmar , Thway Thit Sar
Posted by Admin Team-NOM

ဖိလစ်ပိုင် တောင်ပိုင်း မွတ်စလင်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရမည်

နိုင်ငံအတွင်း အကြီးဆုံး မွတ်စလင် သူပုန်အုပ်စု နှင့် ငြိမ်းချမ်းရေး မူဘောင်တစ်ခု သဘောတူညီမှု အဖြစ် နိုင်ငံတောင် ပိုင်း မွတ်စလင်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရမည် ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ အာကွီနိုက ပြောကြားသည်။

 ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား(သတင်းအပြည့်အစုံ)

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅) လမ်း အတွင်းရှိ အလုပ်ရုံတစ်ခုတွင်  အောက်တိုဘာလ ၇ ရက်နေ့ည ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင်  နေထိုင်သူများထံမှ သိရသည်။

ကလေးမြို့တွင် ခိုးဝင်ဘင်္ဂလီ လေးဦးကို အောက်တိုဘာလ (၇)ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိ

ကလေးမြိုတွင် ခိုးဝင်ဘင်္ဂလီလေး ဦးကို ၂၀၁၂-ခုနှစ်  အောက်တို ဘာလ ( ၇ )ရက်နေ့တွင် ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟု သိရှိရ ပါသည်။

အဆိုပါ ခိုးဝင်ဘင်္ဂလီလေးဦးကို ကလေးမြို့နယ် အနောက်မြောက်ဒေသ  လက်ပံချောင်းကျေးရွာတွင် ဖမ်းဆီးရရှိသည် ဖြစ်ကြောင်း သိရှိရပါသည်။

မြေပြင်မှာ လေယာဉ် ၂ စီး တိုက်

 မြေပြင်မှာ လေယာဉ် ၂ စီး တိုက်မိကြပုံ၊
ယာဉ်တိုက်မှုဆိုတာ များသော အားဖြင့် ကားတိုက်မှုလို့ပဲ မျက်စေ့ ထဲ မြင်နေကြမှာပါ။
အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ် ဘာရာဂျာ့စ် လေဆိပ်မှာ လေယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။

လစ်ဗျားဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ

လစ်ဗျားနိုင်ငံရဲ့ ယာယီ ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုတရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပြီး ရာထူးက ဖယ်ရှားလိုက်တဲ့ အတွက် စစ်ဒဏ်ခံခဲ့ရတဲ့ လစ်ဗျားနိုင်ငံ တည်ငြိမ်ရေးနဲ့ အစိုးရတရပ်အဖြစ် ဖွဲ့စည်းရေး အချိန်ပိုကြာမယ့် အလားအလာတွေ ပေါ်ပေါက်လာပါတယ်။ ၀န်ကြီးချုပ် Mustafa Abushagur က အဆိုပြုခဲ့တဲ့ အစိုးရအဖွဲ့ဝင် စာရင်းကို လက်မခံဘဲ တနင်္ဂနွေနေ့ က ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၄၄ မဲနဲ့ ကြားနေမဲ ၁၉ မဲနဲ့ ရာထူးက ဖယ်ရှားလိုက်တာပါ။

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီး စတင်

မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ၃ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် ကို ဒီကနေ့ စတင်လိုက်ပါပြီ။ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ ရည်ရွယ်ချက် နဲ့ သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ဖွံ့ဖြိုးရေး အကူအညီတွေကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သမ္မတရုံး က ပြောပါတယ်။  သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို တောင်ကိုရီးယား နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက် လာတဲ့အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ဘယ်လို သုံးသပ်ကြပါသလဲ။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။