Thursday, October 11, 2012

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း

စံခလပူရီ (မဇ္ဈိမ) ။        ။ ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်၍ အောက်တိုဘာလ ၁၃ ရက်နေ့၌ မြဝတီမြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အော်မော်အေး ပြောသည်။

တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ၈၈ အဖွဲ့အား ထိပါးပြောဆိုခြင်းနှင့်ပတ် သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) က ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက် လိုက်သည်။

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး

တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ  ချစ်ကြည်ရေးခရီးသွားခဲ့တဲ့ သမ္မတ
ဦးသိန်းစိန်ဟာ ခရီးစဉ် အဆုံးသတ်ပြီး ဒီကနေ့ ညပိုင်းမှာ မြန်မာနိုင်ငံ ကို ပြန် လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မှာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့ သလို အရေးပါတဲ့ သဘောတူစာချုပ်နှစ်ခုကိုလည်း လက်မှတ်ရေးထိုး ခဲ့တယ်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေး မှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။ အကြောင်းစုံကို ဦးစံမိုဝေက တင်ပြပေးထားပါတယ်။

ရန်ကုန်တွင် ဆာလဖျူရစ် အက်ဆစ် ပြင်းပါသော ငရုတ်ဆီထုပ်များ တွေ့

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်တို့ရှိ လက်လီ အရောင်းဆိုင်များတွင် ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌ အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြု ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice Weekly သို့ ပြောကြားသည်။

ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန်မှု ဗမာပြည် ကွန်မြူနစ် ပါတီ ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် နယ်ချဲ့များကို တွန်းလှန် တိုက်ခိုက် ခဲ့သည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန် သွားသည့် အတွက် ဗမာပြည် ကွန်မြူနစ် ပါတီက ကြေညာချက် တစ်စောင်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ခဲ့သည်။

ရင်းနှီးမြှုပ်နှံမည့်သူများ နိုင်ငံရေရှည်အကျိုးနှင့် မိမိအကျိုးကြည့်ပြီး စဉ်းစဉ်းစားစားလုပ်သင့်ဟု မြန်မာ့လူထုခေါင်းဆောင်ပြော

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်သူများအနေဖြင့်    မြန်မာနိုင်ငံ တွင် ရေရှည် အကျိုးရော၊ မိမိ၏ရေရှည်အကျိုးရော ကြည့်ကာ စဉ်းစဉ်းစား စားလုပ်သင့်ကြောင်း မြန်မာ့လူ ထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် က အောက်တိုဘာလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာက ငါးဖမ်းသမား ၂၈၉ ဦး ဘင်္ဂလာဒေခ်ျ့က ကယ်တင်

တက်ကနက် ချောင်းတွင် ဆိပ်ကပ်ထားသော
 စက်လှေများ
ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ကမ်းကပ်လာသူ  မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၈၉ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ ထိန်းသိမ်း ထားသည်ဟု သိရသည်။
ငါဖမ်းစက်လှေ ၃၆ စီးနှင့် အတူ နတ်မြစ်ဝတွင် တည်ရှိသော စိန့်မာတင်ကျွန်း (အုန်းကျွန်း) အနီး ယမန်နေ့က ကမ်းကပ်လာစဉ် ဘင်္ဂလာဒေခ်ျ နယ်ခြား စောင့်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု ဆိုသည်။

မြန်မာ့အကြွေးများ ဂျပန် ကူရှင်းပေးမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အကြီးဆုံး မြီရှင်ကြီးများ ဖြစ်ကြသည့် ဂျပန်၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ် ADB တို့က ၎င်းတို့ ရရန်ရှိသည့် အကြွေးများကို လာမည့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရှင်းလင်းမည်ဟု သိရသည်။

NLD အသက်မွေးဝမ်းကျောင်း ပညာ ကျောင်းများ ဖွင့်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူငယ်များအတွက် အသက်မွေး ၀မ်းကျောင်းပညာသင်ကြားနိုင်ရန် မြို့နယ်၊ ဒေသများအလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဟု သိရသည်။

ခေါင်းရွက်ဗျက်ထိုး ဈေးသည်တစ်ဦးလျှင် ကျပ်၎သောင်းခွဲနှုန်း ထုတ်ချေးမည်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အထောက် အကူ ဖြစ်စေရန် အတွက် ရန်ကုန်မြို့တော် ရှိ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များကို တစ်ဦးလျှင် ကျပ် ၄သောင်းခွဲ နှုန်းဖြင့်  ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဗဟိုသမဝါယမ အသင်း လီမိတက်၏ အကြီးတန်း မန်နေဂျာ ဦးသိန်းဇော်ထွန်း က အောက်တိုဘာလ ၁၀ ရက်နေ့က ပြောကြားသည်။

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ တရားရုံး ၁၀ ခုတွင် အမှုဖွင့်ခံထားရ

Peace-One-Day-5 ပြည်တွင်းစစ် ရပ်စဲရန် ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ပွဲအား ဦးဆောင်ခဲ့သူ လေးဦး ကို ရန်ကုန်တိုင်းအတွင်းရှိ ၁ဝ မြို့နယ်တရားရုံး များက တရားစွဲဆိုခြင်းသည် သမ္မတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့်  မကိုက်ညီကြောင်း တရားစွဲဆိုခြင်းခံထားရသူ ကိုမိုဃ်းသွေး က ပြော သည်။

မွန်ခွဲထွက်ခေါင်းဆောင်နေအိမ်ကို ချိတ်ပိတ်ရန်ထပ်မံလာရောက်

မွန်ခွဲထွက်အဖွဲ့ ဥက္ကဋ္ဌ နိုင်စိုက်ချမ်း၏ မော်လမြိုင်မြို့ရှိနေအိမ်ကို အိမ်ပိုင်ဆိုင်မှုအငြင်းပွားပြဿနာ အကြောင်း ပြ ၍ ယမန်နေ့နံနက်တွင် မွန်ပြည်နယ်တရားရုံးက ချိတ်ပိတ်ရန်ထပ်မံလာရောက်ခဲ့သည်ဟု သိရ သည်။

ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ၄င်းနေအိမ်၌ မွန်သံဃာတော် ၃၀ ပါးအား ဆွမ်းကျွေးပွဲ အလှူပြု လုပ်နေစဉ် ရဲလုံခြုံရေးဝန်ထမ်းများနှင့်အတူ တရားရုံးအရာရှိများ လာရောက်ခဲ့ကြပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စကားအငြင်းခုံဖြစ်ခဲ့ကြသည်ဟု နိုင်စိုက်ချမ်းက ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးဖိတ်ကြားလွှာ

 
 

တရုတ်ပြည်မရန် ကင်းဝေးရန် ထိုင်ဝမ် စစ်တပ်တည်နေရာကို Apple မြေပုံတွင် မပေါ်စေလို

ထိုင်ဝမ်(တရုတ် တိုင်ပေ)အစိုးရအနေဖြင့် Apple ၏ မြေပုံ Application တွင် ၎င်းတို့ စစ်တပ်တည်နေရာကို မဖော်ပြစေလိုကြောင်း သိရသည်။

ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့် ရေဒါစခန်းများကို Apple မြေပုံတွင်
မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရ သည်။ ယင်းကဲ့သို့တောင်းဆိုမှုမျိုးကိုလည်း Google မြေပုံ စနစ် က တည်း က ထိုင်ဝမ်တို့ ပြုလုပ်ပြီး မှုန်ဝါးဝါးဖြင့်သာ ဖော်ပြခဲ့သည်။ ယခု လည်း Apple ၏ မြေပုံ (Apple Map app) ပေါ်လာပြီ ဖြစ် သည့်အတွက် ယခင်ကဲ့သို့တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

KIA စစ်သားများကြောင့် သေဆုံးသွားတဲ့ အကိုအတွက် အရေးယူးပေးဖို့ သမ္မတကြီး ဦးသိန်းစိန်ထံသို့ တိုင်စာ


သေဆုံးသွားတဲ့ ကျွန်မအကိုအတွက်
အဖြစ်မှန်ပေါ်ပေါက်စေခြင်သည့် ရည်ရွယ်
ချက်ဖြင့် ကျွန်မသည် သမ္မထံတင်ပြ
ထားသော်လည်း ယခုအချိန်ထိ တစ်စုံ
တစ်ရော ပြောဆို ရာခြင်းမရှိသေးပါသဖြင့်
ရွှေမြန်မာမီဒီယာအနေဖြင့် တစ်ဆင့်ပြန်ကြားပေးစေလိုပါတယ်ရှင် ...

မန္တလေးတွင် တရားဥပဒေစိုးမိုးရေးကို အာဏာပိုင်များ စွက်ဖက်ဟု ဆို

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဆန္ဒပြမှုများအပေါ် တရားစွဲမှု၊ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာပြီးနောက် မန္တလေးတိုင်းတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေ သေးပြီး ဥပဒေပိုင်းတွင် အုပ်ချုပ်သူ အာဏာပိုင်များက ဝင်ရောက်စွက်ဖက် မှုများ ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ဦးသိန်းညွန့် က ပြောဆိုလိုက်သည်။

ပြောင်ပြောင်တင်းတင်းလူ့အခွင့်အရေးချိုးဖောက်နေမှု

KIA တပ်မဟာ(၅) မှ ဗိုလ်မှူး ခေါင်လွန်းမှ ခေါင်းဆောင်ပြီး KIA တပ်သား (၂၀) ဦးခန့် သည် အောက်တိုဘာ (၉) ရက်နေ့လည်ပိုင်းတွင် မြစ်ဆုံ အရှေ့ဘက် မေခမြစ်ကမ်းဘေးရှိ သဲဝိုင် အနီးတစ်ဝိုက်ရှိ တောင်ယာ လုပ်ကိုင်နေသူများနှင့် ရွှေကျင်နေသူများမှ စုစုပေါင်း(၂၁) ဦး အား လူသစ်အဖြစ်ဖမ်းဆီးသွားပြီး ထိုဖမ်းဆီးသွားသူများတွင် အမျိုးသမီး (၅) ဦးပါဝင်ကြောင်းသိရသည်။

ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သောအချက်အလက်များကို ဖော်ထ်ုရတန်ဒေါ်အောဆင်န်းစုကြည်တိုက်တွန်း

Oct 10, 2012 4:47:18 AM တာဝန်မဲ့ရေးသားသော အတင်ာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သောအချက်အလက်များကို တာဝန်သိသူများကေဖ်ာထုတ်ထောက်ပြရန် တာဝ်ရနှိသည် ဟု မြန်မာ့ဒီမိုကေရစီခေါင်းဆောင်ဒေါ်အောဆင်န်းစုကြည်က ပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဥပဒေ ပြင်ပေးရန် လွှတ်တော်တင်မည်


နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးနိုင်ခြင်းမရှိဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အား ပြန်လည် ပြင်ဆင်ပေးရန် အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

စင်္ကာပူမှာ ဇာဂနာ ဘာပြောသလဲ

 လူရွှင်တော်ကြီးဇာဂနာ စင်္ကာပူမှာ ရထားစီးရင်း သုံးသပ်ချက်ပေးပုံကို တစုံတယောက်က အသံဖမ်းထားတာ အခု အဲဒီသုံးသပ်ချက် အွန်လိုင်းမှာ ရောက်နေပါပြီ။
အသံဖိုင်ကို ၁၅ မိနစ်လောက် ကြာအောင် နားထောင်ရပါလိမ့်မယ်။ အသံလည်း ကြည်ပါတယ်။ ပြောသမျှကိုလည်း စာစီစာရိုက်လုပ်ထားတော့ ကြည့်ရတာ ပိုပြီး အဆင်ပြေကြမှာပါ။

၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်

နယူးဒေလီ (မဇ္ဈိမ) ။ ။၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက် ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း ၃၀ ခန့်အကြာတွင်မှ ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ လိုက် သည်။

အမေစု ဖွံ့ဖြိုးရေးကိစ္စများဆွေးနွေးရန်သုံးခွမြို့သွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ် ၊အောက်တိုဘာ (၁၁)ရက်နေ့ နံနက်(၉)နာရီ(၁၅)မိနစ်တွင်အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်သုံးခွမြို့နယ် ညီလာခံကျင်းပရေးကော်မရှ င်၊ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ဒေသဆိုင်ရာဖွံ့ဖြိုးရေး ကိစ္စများဆွေးနွေးရန် အတွက် သုံးခွမြို့သို့ရောက် ရှိခဲ့သည်။ ဥက္ကဌအားအဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ပြည်သူများ၊ အမေ့အိမ်ကျောင်းမှေ ကျာင်းသာ

ဂျီအက်စ်အမ်ဖုန်းများ အလိုအလျောက် ငွေဖြတ်ခံရသော ပြဿနာဖြေရှင်းပေးနေပြီဟုဆို

မြန်မာ့ဆက်သွယ်ရေး၏ Server Error ကြောင့် ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်း သုံးစွဲသူများ ကြုံတွေ့ခဲ့ကြရသော ဖုန်းလက်ကျန်ငွေပမာဏထဲမှ ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရသည့် ပြဿနာကို ပြန်လည်ဖြေရှင်းပြီြး ဖစ်ကြောင်း သက် ဆိုင်ရာဌာနများမှ သတင်းရရှိသည်။

ပြည်ပဘဏ်များကို ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုထားခြင်းမရှိသေး

ပြည်တွင်း၌ ဘဏ်များ ဖွင့်လှစ် ခြင်းကို မည်သည့်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကိုမျှ လောလော ဆယ်တွင် ခွင့်ပြု ထားခြင်းမရှိ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် ကပြောကြား သည်။

ယခုရက်ပိုင်းတွင် ပထမဆုံး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဘဏ်အဖြစ် Mandalay Capital ဘဏ်ကို အမေရိကန်ဒေါ်လာတစ်သန်းဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံသားက ဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း သတင်း များထွက်ပေါ်နေသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက် ( ကြေညာချက် အမှတ် ၁ဝ /၂ဝ၁၂ )

ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသည် မြန်မာနိုင်ငံ ဖြတ်သန်း ခဲ့သော နိုင်ငံရေး အနေအထား အရပ်ရပ်၊ ဖြစ်ရပ် အထွေထွေနှင့် တိုင်းရင်းသား အချင်းချင်း အကြား နိုင်ငံရေး ယုံကြည်မှု မရရှိ နိုင်ခဲ့ သည့် ဖြစ်ရပ် အဝဝ တို့ကို သင်ခန်းစာ ယူ၍ ပြည်တွင်း ငြိမ်းချမ်းရေး အပြီးတိုင် ရရှိရေးနှင့် စပ်လျဉ်းသည့် သဘောထား ရပ်တည်ချက်ကို အောက်ပါ အတိုင်း ထုတ်ပြန်လိုက်သည်-

ပညာရေးစနစ် မည်မျှပြောင်းပြောင်း ကျောင်းသားလိုက်မပြောင်းလျှင် တိုးတက်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ကော့မှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းအတွင်းရှိ စာသင် ခန်းများသို့ ဝင်ရောက်ပြီး ကျောင်း သူ ကျောင်းသားတွေကို လက်ရှိတက်နေ သည့်ကျောင်းနှင့် ပတ်သက်ပြီး အကြိုက်ဆုံးနှင့် မကြိုက်ဆုံးအရာဆို ပြီး မေးမြန်းသည့်အခါတွင် ကျောင်း သူတစ်ဦးက ကျောင်းနှင့်ပတ်သက်ပြီး စာသင်ရသည်ကို ကြိုက်နှစ် သက် ကြောင်းပြောပြခဲ့ပြီး ကျောင်းသားတစ် ဦးက စာမရသည့်အခါ ဝိုင်းကဲ့ရဲ့ကြ သည်ကို မကြိုက်ေ ကြာင်း ပြောပြ သည်။

ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့များ မြန်မာသို့ ငွေထုတ်ချေးနိုင်ရန် အမေရိကန် ပိတ်ဆို့မှုရုပ်သိမ်း

အမေရိကန်သမ္မတ အိုဘားမားသည် ကမ္ဘာ့ဘဏ်ကဲ့သို့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများ အား မြန်မာ သို့ ငွေထုတ်ချေးမှုကို အမေရိကန်က ပိတ်ဆို့အရေးယူထားမှုအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ယခုအခါ စစ်အုပ်ချုပ်ရေး လက်အောက်၌ ဆယ်စုနှစ်များစွာ ရှိခဲ့သော မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှုများ အားလုံးကို ထင်ထင်ရှားရှားပင် ရုပ်သိမ်းပြီးသလောက် ဖြစ်နေပြီဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်းကလည်း အမေရိကန်ကွန်ဂရက်သည် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့ အပါအ၀င် ကမ္ဘာ့ဘဏ္ဍာရေး အဖွဲ့အစည်းများအား မြန်မာသို့ ငွေထုတ်ချေးပိုင်ခွင့် ပိတ်ပင်ထားခြင်းကို သမ္မတအိုဘားမားမှ အဆုံးသတ်စေနိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြု ခဲ့ပြီးဖြစ်သည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြ၀တီတွင် ပြုလုပ်မည်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူ တူးစေး ဖိုးက အောက်တိုဘာလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

မုံရွာမြို့ပေါ်ရှိ အနှိပ်ခန်းနှင့်ကေတီဗွီများတွင် အမျိုးသမီးငယ်များဝင်ရောက်လုပ်ကိုင်လျက်ရှိ

ရောင်စုံမီးသီးများ ထွန်းညှိ၍ မော်ဒန်မြင့်ကားသစ်များ တန်းစီထိုးထားရာ မုံရွာမြို့ပေါ်ရှိ ကေတီဗွီများနှင့် အနှိပ်ခန်းများတွင် မြန်မာအမျိုးသမီးငယ်များ ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်း အနှိပ်ခန်းတွင်ကိုယ်တိုင် သွား ရောက် အနား ယူခဲ့သူတစ်ဦးက ပြောပြသည်။
“အသက်နဲ့အယှက်ကို ချိန်ညိပြီး ၀မ်းစာရေးအတွက်လုပ်ကိုင်နေရတာပါလို့ သာစည်လမ်း အနှိပ်ခန်းထဲမှာ မြန်မာအမျိုးသမီငယ်တစ်ဦးက ပြောတယ်”ဟု သွားရောက်အနားယူခဲ့သူက ဆက်လက်၍ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအား စွပ်စွဲပြစ်တင်မည့်ကိစ္စ ရွှေ့ဆိုင်း

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးအစိုးရသို့ စွပ်စွဲပြစ်တင်မည့် ကိစ္စ ယခုလ ၁၉ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေး အစီအစဉ်များသို့ ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပုဂ္ဂလိက ဓါတ်ဆီဆိုင်များ သုံးလီတာပန့်များ စံနှုန်းသတ်မှတ်ထုတ်ပြန်

တစ်ဂါလံလျှင် ၄ ဒသမ ၅၄၆ လီတာ ထွက်ရှိရန် ပုဂ္ဂလိက အရောင်းဆိုင် များ၏ လီတာပန့်များအား ချိန်ညှိစံကိုက်ရန် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းမှ ညွှန်ကြားလိုက်ပြီဖြစ်ကြောင်းသိရသည်။
ပုဂ္ဂလိကအရောင်းဆိုင် များ၏ လီတာပန့်များသည် တစ်ဂါလံလျှင် ၄ ဒသမ ၅ လီတာ နှင့်ချိန် ညှိရောင်း ချနေခြင်းကို ၄ ဒသမ ၅၄၆ လီတာဖြင့် ချိန်ညှိကာ တစ်ပြေးညီ သတ်မှတ်ရောင်းချရန် ညွှန်ကြားခြင်းဖြစ်သည်။

ယုဇန ဆီအုန်း စက်ရုံကို တရားစွဲမည့် အစီစဉ် ပျက်ပြယ်

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာ ရပ်ကွက်ရှိ ယုဇန ကုမ္ပဏီပိုင် ဆီအုန်း စက်ရုံကို ရပ်ကွက်သူ ရပ်ကွက်သားများက တရားစွဲဆိုမည့် အစီအစဉ်မှာ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းက တာဝန်ယူ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည့် အတွက် ပျက်ပြယ်သွားရကြောင်း ဒေသခံများက ပြောကြားသည်။

"သူတို့က(မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူး) တာဝန်ယူပြီး မစွဲပေးဘူးလို့ ပြောတယ်။" ဟု သာကေတမြို့ နယ် ၆ ရပ်ကွက်မှ ဦးစန်းလှိုင်က The Voice Weekly သို့ ပြောကြားသည်။

ဆိုးရွားသည့် ရာသီဥတုဒဏ် အုန်းဖျန်စခန်း ဒုက္ခသည်များ ခံစားနေရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်းဒုက္ခသည် စခန်း တွင် အောက်တိုဘာလ ၈ရက်နေ့မှ စတင်ကာ မိုးများ အဆက် မပြတ် ရွာသွန်း၍ လေပြင်းများ တိုက်ခတ်သည့်အပြင် မြူခိုးများ ထူထပ်စွာ ကျရာက်သောကြောင့် စခန်းတွင်းနေ ဒုက္ခသည်များ မှာ လက်ရှိအချိန်တွင် ဆိုးရွားသည့် ရာသီဥတုဒဏ် ခံစားနေကြရသည်။

ဖားကန့် ရှိ လုံးခင်းကြီး တွဲဖက် အထက်တန်းကျောင်းဝန်း အာပီ၈ျီဗုံးတစ်လုံး ကျရောက်ပေါက်ကွဲ

ဖားကန့် မြို့ ၆ မိုင်အကွာရှိ လုံးခင်းကြီး တွဲဖက် အထက်တန်းကျောင်းဝန်းအ တွင်းသို့ ယမန်နေ့မနက် ပိုင်းကျောင်းချိန်အတွင်း အာပီ၈ျီဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံ ကျောင်းဆရာ တစ်ဦး ကပြောသည်။

လူထုနဲ့သံဃာတော်တွေက လက်မခံပေမယ့် အိုအိုင်စီရုံးဖွင့်ဖို့ ပြင်ဆင်

ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အတွင်းရေးမှူးချုပ်ရဲ့ ပြီးခဲ့တဲ့ ရှေ့ပြေးခရီးစဉ်အတွင်း စက်တင်ဘာ ၁၁ ရက်နေ့က အိုအိုင်စီနဲ့ နယ်စပ်ရေး ရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြပါ တယ်။

ရှေးဟောင်းအမြောက်ကြီးတူးဖော်တွေ့ရှိခဲ့ခြင်း

ပြည်သူရင်ပြင်၌ အဆောက်အဦးဆောက် လုပ်ရန်အတွက် တွင်းတူး စဥ်မြေ ဆယ်ပေ အနက် အရောက်တွင် ရှေးဟောင်း အမြောက်ကြီး တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းထောက်များ အလိုရှိသည်

Living Color Media က ထုတ်ဝေမည့် နေ့စဉ်ထုတ် သတင်းစာနှင့် Online မီိဒီယာ လုပ်ငန်း များတွင် တာဝန် ထမ်းဆောင်ရန် အတွက် နေပြည်တော် အပါအဝင် အောက်ဖော်ပြပါ မြို့ကြီး များမှ သတင်းမီဒီယာ လုပ်ငန်း စိတ်ပါဝင်စားသူ ဒေသခံ သတင်းထောက်များ အလိုရှိသည်။

ကွန်တိန်နာတွင်းတွေ့ရှိတဲ့လက်နက် အကောက်ခွန်မှ အဓိကတာဝန်ရှိ

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနမှ အဓိကတာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။

ယင်းစုံစမ်းစစ်ဆေးမှုအစီရင်ခံစာမှာ အောက်တိုဘာလ၁၀ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။

Miss Internet ဆု ရဖွယ်ရှိတဲ့ နန်းခင်ဇေယျာ


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း နိုင်ငံတကာမယ်ပြိုင်ပွဲကြီးရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့  Miss Internet ဆုအတွက် အွန်လိုင်းမှာ မဲပေးနေတာ နန်းခင်ဇေယျာက မဲအများဆုံး ရနေပါပြီ။

ဈေးကွက်ဝင်ဖြစ်လာတဲ့ သတင်းထောက် လောက

 သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထဲက မြန်မာပြည်တွင်း သတင်း မီဒီယာလောက သားများ အတွက် လမ်းစ တွေ ပွင့်လာ ချိန် နိုင်ငံ ပိုင် သတင်းစာကြီး တစောင်ဖြစ်တဲ့ ကြေးမုံ သတင်းစာ ကလည်း  အသွင်ြေ ပာင်း၊ အမြင် ပြောင်းပြီး ပြည်သူ ဗဟိုပြု သတင်းများကို ဖော်ပြဖို့ မူဝါဒ ချပြီးနောက်ပိုင်း အလွတ်သတင်းထောက်တွေ ခေါ်ယူတဲ့ ကြော်ငြာတွေ ထည့်လာပါတယ်။

နေပြည်တော်ကို ဗုဒ္ဓဘုရားရှင် ကြွချီခဲ့

နေပြည်တော်ကို ဂေါတမမြတ်စွာဘုရား ကြွချီခဲ့ဖူးတယ်လို့ ဒီကနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။
ဆောင်းပါးရှင်က ဒေါက်တာခင်မောင်ညွန့် ဖြစ်ပါတယ်။
မြစိမ်းတောင်ကို ကြွရောက်ခဲ့တာလို့ ဆိုပါတယ်။

တိုယိုတာ ကား ၂ သန်းကျော် ကုမ္ပဏီ ပြန်သိမ်း

ဂျပန်နိုင်ငံက တိုယိုတာ ကား ကုမ္ပဏီကြီးက ကား တံခါး စနစ်တခု ချို့ယွင်းမှုကြောင့် ကမ္ဘာတ၀န်းက တိုယိုတာ ကားအစီး ရေ ပေါင်း ၇.၄၃ သန်းကို ပြန်လည် သိမ်းဖို့ ကုမ္ပဏီက ယမန်နေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။ 

မြန်မာပြည်မှာ ဘာ ဈေးနှုန်းတွေတက်နေသလဲ

ရန်ကုန်မြို့ရှိ ဟိုတယ်တခုတွင် အခန်းခကို 
တွက်ချက်နေသည့် ဧည့်သည်တဦး
ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်း၊ အိမ်ယာမြေဈေးနှုန်းများ အပြိုင် အဆိုင် လေ့လာသုံးသပ်သူ များက ဆိုပါတယ်။ အထူး သဖြင့်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေက စက်ရုံဆောက်ဖို့မြေတွေ၊ ရုံးတွေ အတွက် ၀ယ်လိုအားတွေ မြင့်တက်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်တွေ အလုံးအရင်းနဲ့ ဝင်ဖို့ပြင်

သီလဝါ ဆိပ်ကမ်း အပါအဝင် မြန်မာ့ လမ်းတံတားနဲ့ 
အခြေခံ အဆောက်အဦတွေ ဖွံ့ဖြိုးရေး
 ဂျပန်က မြန်မာကို ကူညီမယ်
မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီ လို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက ဒီနေ့ တိုကျိုမှာ ပြုလုပ် တဲ့ မြန်မာ့ အကြွေးပြန်ဆပ်ရေး နိုင်ငံ တကာငွေကြေးအေဂျင်စီ များ အစည်း အဝေးမှာ ကြေညာလိုက်ပါတယ်။

ရခိုင်တွင် ညမထွက်ရအမိန့် အချိန်ကန့်သတ်မှု လျှော့ချ

ယခုနှစ် ဇွန်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် 
စစ်တွေမြို့ရှိ ရခိုင်ရွာများနှင့် ဘင်္ဂါလီရွာများကြား
တွင် လုံခြုံရေးယူနေသော စစ်သားတဦး
ရခိုင်ပြည်နယ်အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄ ) ကို အချိန် ကန့်သတ်မှု လျှော့ချလိုက်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့နှင့် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော် တို့တွင် ည ၇ နာရီမှ နံနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခုအခါ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လျှော့ချလိုက်ခြင်း ဖြစ်သည်။

NLD အသက်မွေးဝမ်းကျောင်း ပညာ ကျောင်းများ ဖွင့်မည်

သုံးခွတွင် မိန့်ခွန်းပြောနေသော NLD ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူငယ်များ အတွက် အသက်မွေး ၀မ်းကျောင်း ပညာ သင်ကြားနိုင်ရန် မြို့နယ်၊ ဒေသ များ အလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဟု သိရသည်။
ထိုကျောင်း ဖွင့်ရသည့် အဓိကရည်ရွယ်ချက်သည် မျှော်လင့် ချက်ပျောက်နေ သည့် လူငယ်များ၊ အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ် များ မဖြစ်စေရန်၊ အသက်မွေးဝမ်းကျောင်း တခုအဖြစ် ရပ်တည်နိုင်စေ ရန် အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည် က ရန်ကုန်တိုင်း သုံးခွ မြို့နယ် ပြည်သူများကို ယနေ့ ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရထံ ရခိုင့်အရေး အချက်(၅)ချက်အား စစ်တွေသံဃာထု တောင်းဆို

သံဃာထုက ရခိုင်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့တွင် စစ်တွေမြို့မှ သံဃာတော်များ က အချက်(၅)ချက် တောင်းဆို ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

OIC ကိုလက်မခံခြင်း၊ များမကြာမီက ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအား ဘင်္ဂလား ဒေ့ရှ်အစိုးရအနေဖြင့် ကာကွယ်စော င့်ရှောက်ပေးရန် စသည့်အချက်များကို ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

UN မှ ကချင်ပြည်နယ် အပါအ၀င် ပြည်နယ် ၅ခု၏ ဒေသဖွံ့ ဖြိုးရေးအတွက် ကူညီမည်

Photo: UN ကချင်းပြည်နယ် အပါအ၀င် ပြည်နယ် ၅ခု၏ ဒေသဖွံ့ ဖြိုးရေးအတွက် ကူညီမည်

 October 11th, 2012

မြန်မာနိုင်ငံ ချင်းပြည်နယ်အပါအ၀င် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖေါ်ဆောင် နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂက ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အပြည်ပြည် ဆိုင် ရာကြက်ခြေနီအဖွဲ့ တို့  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ ဆုံစဉ် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ဖေါ်ပြထားသည်။

ထို့ နောက် ၀န်ကြီးသည် ပြင်သစ်သံအမတ်ကြီး Mr. Thiery Mathou နှင့်တွေ့ ဆုံရာတွင် ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖေါ် ဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် “၀”ဒေသ အခြေခံ ကျမ်းမာရေးအခြေအနေ၊ ရခိုင်ပြည်နယ် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေးအခြေအနေ၊ ကရင်ပြည်နယ် နေရာပြန်လည်ချထားရေးနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။

သို့ သော် ငွေရေးကြေးရေးမည်၍မည်မျှကူညီမည်ကိုမူ အစိုးရသတင်းစာက ဖေါ်ပြထားခြင်း မရှိသော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး တနင်္လာနေ့ ထုတ် မဇ္ဈိမသတင်းတွင် အဆိုပါပြည်နယ် များအတွက် အမေရိကန် ဒေါ်လာ ၁၄၄ သန်းကူညီမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ယင်းအကူအညီကို သက်ဆိုင်ရာတာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲတရပ်ကျင်းပပြုလုပ်အပြီး ကူညီရေးအစီအစဉ် စတင်မည်ဖြစ်ကြောင်း၊ ယင်းအကူအညီကို ယခုနှစ် ဒီဇင်ဘာလမှစတင်အ ကောင်အထည်ဖေါ်ဆောင်ရွက်သွားဘွယ်ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ စစ်တမ်း ကောက်ယူချက်အရ ချင်းပြည် နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်း ၁၄ ခုအနက် ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် အဆင်းရဲဆုံး ပြည်နယ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် အဆင်းရဲဆုံးဖြစ်သော ချင်းပြည်နယ်အတွက် ၂၀၁၁ခုနှစ်တွင် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) က ကျပ်ငွေ သန်း ၉၉၀၀ ခန့် ကိုလည်းကောင်း၊ အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၆ သန်းကို လည်းကောင်း ထုတ်ချေးခဲ့သည်ဟု သိရသော်လည်း ယခုအထိမည်သည့် ဖွံ့ ဖြိုးရေးလုပ်ငန်း များတွင် အသုံးပြုနေသည်ကို အစိုးရက တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။

( khonumthung)


မြန်မာနိုင်ငံ ချင်းပြည်နယ်အပါအ၀င် ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်ပြည်နယ် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖေါ်ဆောင် နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂက ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေကြေးရမ္မက်နှင့် ချောက်ကမ်းပါးထက်က ဘဝဈေးပွဲတော် သို့မဟုတ် အမှောင်ခြမ်းမှ အနွမ်းပန်းများ



”အစ်ကို သွားမလား”ရုတ်တရက် ဘေးနားတိုးကပ်ပြီး မေးလိုက်သည့်  အသံကြောင့် ကြောင်တောင်တောင်ဖြစ် သွား မိ၏။ နောက်မှ ညဥ့်ငှက်တို့၏ အစာရှာ သံမှန်းခန့်မှန်းလိုက်မိသည်။  မသွား သေးပါဘူးကွယ်ဟု

မြန်မာက ငါးဖမ်းသမား ၂၈၉ ဦး ဘင်္ဂလာဒေခ်ျ့က ကယ်တင်


ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသောမုန်တိုင်းကြောင့် ကမ်းကပ်လာ သူ မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၈၉ ဦးကိုဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့မှထိန်းသိမ်း ထားသည်ဟု သိရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ရှမ်းပြည်နယ် လူထုသဘောထား တောင်းခံသွားမည်



ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ရှမ်းပြည်နယ်မှ လူထုသဘောထားကို တောင်းခံမည်ဟု SNLD မှ ဦးစိုင်းလိတ်က ပြောသည်။
”ပြည်သူရဲ့ သဘောထားက ဘယ်လို ရှိသလဲ။ သူတို့ရဲ့ အမြင်တွေ ကို စုပေါင်းပါဝင်တယ် ဆိုရင် ငြိမ်းချမ်းရေး အတွက် ပိုပြီး အောင်မြင်နိုင်တာပေါ့”ဟု ၄င်း ကပြောသည်။
ပထမအဆင့် အနေဖြင့် နိုဝင်ဘာလ အတွင်း ရှမ်းပြည်နယ်မှ ရှမ်း အနွယ်ဝင် တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့်  CRPP နှင့် RCSS အပါ အဝင် ပြည်သူ့စစ် များ၏ သဘော ထားများကို ရန်ကုန်မြို့တွင် ခေါ်ယူ ၍

ကလောမြို့တွင် အသက်(၄၄)နှစ် ယောင်္ကျားတစ်ဦး ကြိုးဆွဲချသေဆုံး


 ရှမ်းပြည်နယ်၊ ကလောမြို့၊ မှိုင်းလုံးတောင်
(မိုက္ကရိုဝေ့ပ်)အနီးတွင် အောက်တိုဘာလ(၈)

ရက်ညပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေ

ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။



သေဆုံးသူကတော့ ဦးမြင့်သန်း၊အသက်(၄၄)နှစ်၊ ကျပန်းလုပ်ကိုင်ပြီးတော့ ကလောမြို့၊ရပ်ကွက်(၃) မှာ နေထိုင် သူ ဖြစ်ပါတယ်။ကော်သားပင်သစ်သားကိုင်းမှာ နိုင်လွန်ကြိုးကိုချီပြီး

မုန်တိုင်းကြောင့် ရခိုင်တွင် ပျက်စီးမှု မရှိဟု ကနဦး သတင်းရ


ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ယမန်နေ့ကမုန်တိုင်းဖြတ်သန်း ဝင်ရောက်ခဲ့ မှုကြောင့် မောင်တောနှင့်ဘူး

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဥပဒေပြင်ရန် ခက်မည်


http://burma.irrawaddy.org/wp-content/uploads/2012/10/001.jpg 


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန် ခက်ခဲကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြော ဆိုကြသည်။

လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ သမ္မတ အရည်အ ချင်းပြဌာန်း ချက်ကို ပြင်ဆင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ လက်ရှိ

လားရှိုးတွင် ငြိမ်းချမ်းရေး စကားပြော




ရှမ်းပြည် တပ်မတော်မြောက်ပိုင်း SSA-N နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီတို့သည် လားရှိုးမြို့ရွှေလီခန်းမတွင် တွေ့ဆုံနေကြကြောင်း သတင်းရရှိသည်။