Wednesday, October 17, 2012

KNUအတွင်းပြန်လည်သင့်မြတ်ရေးနှင့် ညီညွှတ်မှုရှိရန် KYO ဆွေးနွေး



ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း ပြန်လည်သင့်မြတ်စေရေးနှင့် စည်းလုံးညီညွတ်မှုဖြစ်လာရန် ထိုင်း- မြန်မာနယ်စပ်တစ်နေရာ တွင် ယမန်နေ့က ကရင်လူငယ်အစည်းအရုံး-KYO မှ ကမကထပြုလုပ်ကာ အစည်းအဝေး ကျင်းပခဲ့သည်။၎င်းအစည်းအဝေးတွင် လက်ရှိ ကေအဲန်ယူ အတွင်း ဖြစ်ပေါ်နေသည့် ပဋ္ဋိပက္ခရာများကို မည်သည့်နည်းလမ်းဖြင့် ဝိုင်းဝန်းဖြေရှင်းကြမည် ကို ကရင်လူငယ်အဖွဲ့အစည်းအသီးသီးများက

CNF က တပ်စခန်းနေရာ ကွင်းဆင်းလေ့လာ


သမ္မတ ဦးသိန်းစိန်နှင့် စီအဲန်အက်ဖ် အကြား ငြိမ်းချမ်းရေး သဘောတူညီချက်အရ ယခု လ အောက်တိုဘာလ ၁၀ ရက် နေ့က တည်းက  စပြီး စီအဲန်အက်ဖ် သည် ထန်တ လန်မြို့နယ် အတွင်း တပ်စခန်း နှင့် မိသားစု နေရာချထာရေးအတွက် ကွင်း ဆင်းလေ့ လာမှုပြုသည်ဟုသိရ သည်။

KNU အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပမည်

Karen_flagllo009
ကရင် အမျိုးသား အစည်းအရုံး (KNU) သည်  လာမည့် အောက်တိုဘာလ (၂၂) ရက်နေ့ ဝန်းကျင်၌ တပ်မဟာ (၇) ဌာနချုပ် စခန်းတွင်   အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပဖွယ် ရှိကြောင်း ဗဟို   ကော်မီတီဝင် တဦးဖြစ်သူ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အောင်မောင်အေးမှ ပြောပါသည်။

UNFC အဖွဲ့ဝင်များ ဂျပန်နိုင်ငံထွက်ခွာ



သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များသည် နိပွန် ဖေါင်ဒေးရှင်း၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံ ကို လေ့လာရန် ယနေ့ ညနေပိုင်းတွင် ဘန်ကောက်မှ တဆင့် ထွက်ခွာ သွားသည်ဟု ပြောရေး ဆိုခွင့်ရှိသူ ခွန်ဥက္ကာက ဆိုပါသည်။“အယောက် (၂၀) သွားမှာ ဖြစ်တယ်။ ခရီးစဉ်က (၇) ရက်ကြာမယ်။ သွားတဲ့ ရည်ရွယ်ချက်ထဲမှာ မြန်မာ တိုင်းရင်းသားတွေကို ဂျပန်က ဘာကြောင့် အကူ အညီပေးရသလဲ ဆိုတာကို ဂျပန် လူထုကို ရှင်းပြ တာလဲ ပါတယ်။

စစ်တွေမြို့ သဲချောင်းရွာမှ ဘင်္ဂလီ မှုဆလင် များထံမှ ပေးပို့လိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံ ဖမ်းဆီးရမိ



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထိုအသုဘကို သဲချောင်းရွာရှိ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအသုံးပြုသော သင်္ချိင်းသို့ သွားရောက်မြုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်များက ထည့်ပေးလိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံကို ဖမ်းဆီးရရှိကြောင့် Arakan Review မှ သတင်းရရှိသည်။

၃၂ ခုမြှောက် NLD ရုံး ရခိုင်က ချင်းကျေးရွာတွင် ဖွင့်လှစ်


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ၃၂ ခု မြှောက် ကျေးရွာ အဆင့် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ ကို ချင်းတိုင်းရင်းသား ကျေးရွာ တာရဲတွင် ယမန်နေ့ က ပြုလုပ်ခဲ့သည်။ တာရဲ ကျေးရွာသည်  အိမ်ခြေ ၃၅၀ ခန့်ရှိပြီး တောင်ကုတ်မြို့ အရှေ့ ဖက် တောင်ကုတ် ချောင်းဖျားတွင် တည်ရှိသည်။  ယခုကဲ့သို့ ချင်းတိုင်း ရင်းသား ကျေးရွာ တစ်ခုတွင် NLD ရုံးကို ပထမဆုံး အကြိမ် ဖွင့်လှစ်နိုင်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အမေး အဖြေ

“ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုရင် နိုင်ငံပိုင်သတင်းစာများဟာ အစိုးရအဖွဲ့ တစ်ခုတည်း၊ ဒါမှမဟုတ်အာဏာရပါတီတစ်ခုတည်းကို ကိုယ်စားပြုပြီး ရေး သားတင်ဆက်လို့ မရတော့ပါဘူး”

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့်အမေးအဖြေ
ရန်ကုန်မီဒီယာအယ်ဒီတာအဖွဲ့ မေးမြန်းသည်

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ(၃၅၄) ကို ပြင်ဆင်မည်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပေးအပ် ထားသော နိုင်ငံသားများ၏ ရပိုင်ခွင့် ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန် ရည်ရွယ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့် ဥပဒေပုဒ်မ(၃၅၄) ကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း သင်္ကန်းကျွန်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က The Voice Weekly သို့ ပြောကြားသည်။

OIC မှ မြန်မာအစိုးရထံ ဖြေရှင်းချက် တောင်းခံစာ တစ်စောင် ပေးပို့ ထား



စ္စလာမ် ဘာသာဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်း ထားသော OIC (အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့) ၏ ယာယီ ဆက်ဆံရေး ရုံးဖွင့်လှစ်ရေး ကိစ္စကို မြန်မာ အစိုးရက တရားဝင် ငြင်းပယ် လိုက်သော် လည်း အကြောင်းကြားစာ တစ်စုံတစ်ရာ ပေးပို့ခြင်း မရှိ သဖြင့် ဖြေရှင်း ချက် တောင်းခံစာ တစ်စောင် ပေးပို့ ထားကြောင်း OIC  ပြန်ကြားရေးဌာန မှ မစ္စ မဟာရက်ခီး ၏ ပြောကြား ချက်ကို VOA သတင်းဌာန တွင် ဖော်ပြသည်။

အမေရိကန် လက်ထောက် ဝန်ကြီး ၈၈ ခေါင်းဆောင်တွေနဲ့တွေ့



မြန်မာ လူ့အခွင့်အရေးကိစ္စတွေအပါအ၀င် ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်နေ တဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးကြဖို့အတွက် မြန်မာနိုင်ငံကို ရောက်နေ တဲ့ အမေရိကန် အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထော က် နိုင် ငြံ ခားေ  ရး ၀န်ကြီး မိုက်ကယ် ပေါ့စ်နာ (Michael Posner) နဲ့

"ရန်ကုန်ဆေးရုံကြီး အာဆီယံအဆင့်မီရေး ခေတ်မီစက်ပစ္စည်းများနှင့် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်"

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား အာဆီယံအဆင့်မီ ဆေးရုံကြီးဖြစ်လာစေရန် အတွက် ခေတ်မီရောဂါရှာဖွေရေး စက်ကိရိယာများနှင့် ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းများအား နိုင်ငံတော်အပိုင်းမှ စဉ်ဆက်မပြတ် ဖြည့် ဆည်းပေးရန်လိုအပ်ကြောင်း အဆိုပါဆေးရုံကြီးမှ အထွေထွေရောဂါကု ပါမောက္ခဆရာဝန်ကြီးတစ်ဦးက ပြောသည်။

ဟောင်ကောင်ရှေ့နေတစ်ဦးမှ မူးယစ်ရာဇာ စိုင်းနော်ခမ်းအတွက် အမှုလိုက်ပေးမည်

တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် ရွှေတြိဂံေ ဒသမူး ယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း အတွက် မိသားစုဝင်များ က ဟောင်ကောင်မှရှေ့နေတဦးအား အမှုလိုက်ပေးရန်ငှားရမ်းလိုက်ကြောင်း နီးစပ်သူတဦးကပြောသည်။

မြစ်ဆုံနှင့် ကြေးနီစီမံကိန်း ဖျက်သိမ်းမည်မပာုတ်

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ သက်တမ်းတစ်လျှောက် ဆက်လက်လုပ်ကိုင်မည်မပာုတ်ကြောင်း ကတိပြုထားသည့် ဧရာဝတီမြစ်ဆုံစီမံ ကိန်းနှင့် ပြည်သူလူထုကန့်ကွက်နေသည့်ကြားမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်လျက်ရှိသော မုံရွာမြို့ ရှိ ကြေးနီစီမံကိန်းအား မည်သည့် အကြောင်းနှင့်မှ ဖျက်သိမ်းသွားမည်မ ပာုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီကျင်းဝှာက ပြောကြားသည်။

အမေရိကန်စစ်သား ၂ဦးက ဂျပန်အမျိုးသမီး တစ်ဦးအား မုဒိမ်းပြုကျင့်

http://2.bp.blogspot.com/-ym8UBaKuQ6Q/UH5tzdqMnQI/AAAAAAAAalA/UNJC30QvLM4/s1600/_Troop.jpg
တရုတ်နှင့် ဂျပန်အကြား လက်ရှိဖြစ် ပွားနေသော အိုကီနာဝါကျွန်းအတွင်း  အမေရိကန် စစ်သား ၂ဦးက ဂျပန်  အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်ဂျပန်အာဏာပိုင်မှ ဖမ်းဆီးလိုက်သည်ဟု သိရသည်။ မုဒိမ်းပြုကျင့်သူ အမေရိကန်စစ်သား ၂ဦးမှာ အသက် ၂၃နှစ်ရွယ်စီရှိကြပြီး ၄င်းနှုစ်ဦး တို့အား အောက်တိုဘာ ၁၆ရက်နေ့က ဂျပန်ရဲတပ်ဖွဲ့မှဖမ်းဆီး  လိုက်သည် ဟု ဆိုသည်။

ဖားကန့် (၅)မိုင်စခန်း၌ မိုင်းဗုံးပေါက်၍ သားအဖနှစ်ဦး ညာခြေထောက်ကိုယ်စီ ပြတ်တောက်



ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်-ကားမိုင်း လမ်း ငါးမိုင်စခန်း တွင် ထောင်ထားသော မိုင်းဗုံးပေါက်ကွဲ၍ တာမခံရွာမှ န၀မတန်း ကျောင်း သူနှင့်၎င်း၏ ဖခင်နှစ်ဦးစလုံး ညာဘက်ခြေထောက်ပြတ်သွားကြောင်း သိရှိရသည်။အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်လင်းအားကြီး (၅)နာရီ (၃၀)မိနစ်ကတာမခံရွာမှ ဦးဝင်းမြင့်ထွန်းနှင့် န၀မတန်းကျောင်းသူ မမေဇွန် လှိုင်တို့သည်မိခင် နာရေးကိစ္စအတွက်အိမ်သို့ ဆိုင်ကယ်ဖြင့်အပြန် (၅)မိုင် စခန်းအနီးတွင်  ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

NLD အများအပြား ပြည်ခိုင်ဖြိုးဘက် ပါသွားပြီ

မကွေးမြို့၊ ဒေါင်းနေကျေးရွာမှ NLD ပါတီဝင် ၁၅ ဦး ခန့်  ပြည်ခိုင်ဖြိုး ပါတီ သို့ မကြာသေးခင် ရက်ပိုင်းက ကူးပြောင်းသွားကြောင်း သိရသ ည်။ နိုင်ငံ အနှံ့ အပြား  NLD ညီလာခံများ ပြုလုပ်နေချိန်တွင် ဤသို့ အလုံး အရင်းနှင့် ကူးပြောင်းမှု ဖြစ်ပွားခြင်း ဖြစ်သည်။

ရန်ကုန်အဝေးသင်တက္ကသိုလ် အွန်လိုင်း ဥပဒေဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ ဥပဒေပညာရပ် သင်ယူလိုသူများအတွက် အွန်လိုင်းမှ လေ့လာရမည့် ဘွဲ့လွန်ဥပဒေ ဒီပလိုမာသင်တန်းကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့် လှစ်သွားမည် ဖြစ်သည်။ ဆယ်လကြာမြင့်မည့် သင်တန်းအတွက် ဘွဲ့တစ် ခု ရရှိထားသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်ငါး သိန်း၊ မှတ်ပုံတင်ကြေး ကျပ်တစ်သောင်းနှင့် စာမေးပွဲကြေး ကျပ်သုံးေ သာင်း ပေးသွင်းရမည်ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အင်အားပြင်း အပူလှိုင်းဖြတ်နိုင်



မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အောက်တိုဘာလ ၁၅ ရက်မှစ၍ ၅ ရက်အတွင်း အင်အားပြင်းသော အပူလှိုင်းတစ်ခု ဖြတ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။ “ဖြတ်တဲ့အပူလှိုင်းက အင်အား တော်ေ တ်ာပြင်း တယ်။ အပူရှိန်ကို ဆိုလာ Index နဲ့ တိုင်းတဲ့အခါမှာ အများဆုံးက ၁၀ ရှိတယ်။ အခုဖြတ်မယ့် အပူလှိုင်းက ၁၀ ထိရှိတယ်” ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

ရှမ်းပြည်နယ်ဝန်ကြီး ခန့်အပ်တာဝန်ပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း၊ အမိန့်အမှတ် (၃၆/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးမှ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ အမိန့်အမှတ် (၃၇/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်) နေ့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲများကို တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အခကြေးငွေများ တောင်းခံနေသည့် အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယနေ့ မန္တလေးမြို့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် လူတစ်ဦးသေဆုံး

ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဘော လုံး      အကယ်ဒမီ     ကျောင်းအနီး ၇၂လမ်းနှင့်      ငုဝါလမ်းထောင့်တွင်
လမ်း ကြိတ် စက်ဖြင့် ကြိတ်မိသဖြင့်      အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

တရားရေးဆိုင်ရာ အဆောက်အဦး များ မှုလအတိုင်း ပြန်လည် ထားရှိရေး ရှေ့နေများ ကွန်ယက် ဆန္ဒပြ


 

 တရားရေးဆိုင်ရာ အဆောက်အဦး များ မှုလအတိုင်း ပြန်လည် ထားရှိေ ရး အတွက် ယနေ့ နံနက် ၁ဝနာရီ တွင် ရှေ့နေများ ကွန်ယက်မှ ရှေ့နေ အင်အား ၁၅ဝကျော်ခန့် က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းမှ ဘဏ်လမ်းရှိ စုပေါင်း တိုင်း တရားရုံးကြီး ရှေ့အထိ ငြိမ်းချမ်းစွာ စီတန်း လမ်းလျောက် ဆန္ဒပြ ခဲ့ကြကြောင်း တရား လွှတ်တော် ရှေ့ နေ ဦးကိုနီ က ပြောကြားသည်။

တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေးခြင်း

http://sphotos-h.ak.fbcdn.net/hphotos-ak-ash3/563990_481063401934303_364133137_n.jpg
မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတချို့က ရင်းနှီးမြှုပ်နှံမှုဘဏ်(Investment Bank)လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီဟုဆိုကာ ငွေကြေးနှင့် အစုရှယ်ယာထည့်ဝင်ကြရန် ကြော်ငြာမှုများရှိနေပြီး ယင်းသို့ လုပ်ရပ်များမှာ တရားမ၀င်ကြောင်းနှင့် ပြည်သူများ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး

Miss Internet Online Poll တွင် နန်းခင်ဇေယျာက ဦးဆောင်လျက်ရှိ

ဂျပန်နိုင်ငံ အိုကီနာဝါတွင် ကျင်းပပြုလုပ်လျက်ရှိသည့် Miss International 2012 ပြိုင်ပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Miss Internet Online Poll ဟူသည့် အင်တာနက် အသုံးပြုသူတို့ မိမိကြိုက်နှစ်သက်သော မယ်များကိုရွေးချယ်သည့် မဲကောက်ခံမှုများ ပြုလုပ်လျက်ရှိသည်ကို ရွှေလုံးပရိသတ်
များ သိရှိကြပေ  မည်။ ထို  မဲကောက်ခံမှုများတွင် မြန်မာမယ် နန်းခင်ဇေယျာ မဲဇယား၏ ထိပ်ဆုံးမှနေ၍ ဦးဆောင်လျက်ရှိသည်ကို အောက်ပါအတိုင်း
တွေ့ရ မည်ဖြစ် သည်။

KNU တပ်မဟာ(၆)မှ ကော့ကရိတ် မြို့နယ်ရှိ ဒေသခံအချို့ကို လူထု ရှင်းလင်းပွဲပြုလုပ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်း အရုံးကအဲန်ယူ တပ်မဟာ(၆)တွင် ကော့ က ရိတ်မြို့ နယ် အတွင်းရေးမှူး အပါအ၀င် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အချို့တို့သည် ထိုဒေသရှိ ကျေး ရွာများမှ လူထုများကို ယခုရက်ပိုင်းအ တွင်း ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်ရှိ တပ်မတော် တပ်ရင်းများကို တစ်ဆင့်ချင်းရုပ်သိမ်းသွားမည်ဟု ဦးအောင်မင်းဆို

အငြင်းပွားဖွယ်ဖြစ်နေသော ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင် ရှိ မြန်မာ့တပ်မတော် တပ်ရင်းများကို တစ်ဆင့်ချင်းရုပ်သိမ်းသွားမည်ဟု သိရသည်။ရှေးဦးစွာ တိုက်ပွဲဖြစ်ပွားရာ လက်တစ်ကမ်းအကွာရှိ စစ်တပ် ရင်းများကို နောက်တန်း စစ်စခန်း များသို့ ပြန်လည်ဆုတ်ခွာရန် စီစဉ် သွားမည်ဖြစ်ပြီး ယင်းနောက်တန်း စစ်မျက်နှာရှိ စစ်တပ်ရင်းများအား စစ်အခြေစိုက် နေရာများသို့ တစ် ဆင့်ချင်း ပြန်လည်ရုပ်သိမ်းသွား မည် ဖြစ်ကြောင်း သိရသည်။

မပြောချင်ပေမယ့်လည်း မပြောမဖြစ်လို့ ပြောရအုံးမယ် အပိုင်း(၁)

အောက်တိုဘာလ၊ ၈ ရက်နေ့က ထွက်ခဲ့တဲ့ The Myanmar Times ဂျာနယ်၊ အတွဲ ၃၃ မှာပါခဲ့တဲ့ ကာတွန်းဟန်လေးရဲ့ ကာတွန်းလေးတစ်ကွက်ကို ကြည့်ရင်းနဲ့ အတွေးတွေ နယ်ချဲ့မိပြီး ပြောစရာလေးတွေ ဖြစ်လာ ပါတယ်ဗျာ….။ ကာတွန်းကတော့ အစိုးရက ငြိမ်းချမ်းရေး ငှက်ကလေးတွေ လွှတ်နေတယ်.. ဘေးက စစ်ဝတ်စုံနဲ့ တစ်ယောက်က ငှက်ကလေးတွေကို ပစ်ချနေတာပါပဲ။

ရန်ကုန်တိုင်းညီလာခံကော်မရှင်က ဖုန်းငွေဖြည့်ကဒ် လစဉ် ထောက်ပံ့မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီညီလာခံမပြီးခင်ကာလ အထိ   ကော်မရှင်များအဖွဲ့ဝင်များ ခရိုင်(၄)ခုမှ ဥက္ကဌနှင့်    အတွင်းရေးမှူးများ  အတွက် တစ်လလျှင် ဖုန်းငွေဖြည့်ကဒ် တစ်ကဒ်စီ လစဉ် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဒီချုပ် ရန်ကုန်တိုင်းညီလာခံကျင်းပရေးကော်မရှင်က သိရသည်။

မြန်မာနိုင်ငံမှာ ITUC ရုံးခန်းဖွင့်မယ်

ITUC ခေါ် နိုင်ငံတကာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က မြန်မာ နိုင်ငံမှာ ရုံးခန်း လာရောက်ဖွင့် လှစ်ဖို့ ပြင်ဆင်နေပါတယ်။ဒီတော့ ဘယ်တော့လောက်မှာစပြီး ဖွင့်လှစ် ဖြစ်မလဲဆိုတာ   ကို အဲဒီ အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး မစ္စရှယ်ရွန်ဘာရိုးကို ဆက်သွယ်မေးကြည့်ေ တာ့ အခုလို ဖြေကြားခဲ့ပါတယ် ။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား ပြည်သူ့ပါတီ ပီပီ လုပ်ဆောင်သွားကြရန် သူရဦးရွှေမန်းမှာကြား

ပါတီတွင်းဒီမိုကရေစီကျင့်စဉ်များ ကျင့်သုံး၍ နိုင်ငံတော်ပြုပြ င်ပြောင်း လဲရေးလုပ်ငန်းစဉ်များ၌ ပါတီနှင့်ပြည်သူတသားတည်းဖြစ်စေ ရန်အ တွက် ဆောင်ရွက်သွားကြရန် ပါတီဝင်ကိုယ်စားလှယ်များအား ပြည် ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌက ပါတီညီလာခံ စတုတ္ထနေ့၌ ပြောကြား ခဲ့သည်။

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါ တီဝင်များ ၂၀၁၀ အငြင်းပွား ဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့ နယ် ဒေါင်းနေကျေးရွာ တွင်ပြုလုပ်ခဲ့ပြီးယင်းအခမ်းအနား သို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ

မွတ်ဆလင် hacker များမှ မြန်မာ ဗုဒ္ဓဘာသာ facebook group များအား hack လုပ်၍ Group Administrator အဖြစ် လိုက်လံ သိမ်းပိုက်နေခြင်း

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ခင်ဗျား..

အခု ရက်ပိုင်းများတွင် မွတ်ဆလင် Hacker တစုမှ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ ဆွေးနွေးပွဲများ လုပ်ရန် ဖွဲ့စည်းထားသော facebook group များ ကို hack လုပ်ပြီး group administrator အဖြစ် သိမ်းယူကာ သူတို့ရဲ့ မွတ်ဆလင် ပုံများကို Group Photo အဖြစ် ပြောင်းကာ လိုက်လံ သိမ်းပိုက်နေပါသည်။ မွတ်ဆလင် hacker များနှင့် facebook

အစ္စရေး ကွန်ပျူတာ ကွန်ရက်များ အတွင်း ထိုးဖောက် ဝင်ရောက်နိုင်ရန် အီရန် ဟက်ကာများ ကြိုးပမ်း

အီရန် ဟက်ကာများသည် အစ္စရေး ကွန်ပျူတာ ကွန်ရက်များ အတွင်း ထိုးဖောက် ဝင်ရောက် နိုင် ရန် နေ့စဉ်နှင့် အမျှ ကြိုးစားလျက် ရှိကြောင်း အစ္စရေး ဝန်ကြီးချုပ်  ဘင်ဂျမင် နေတန် ယာဟု  က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြား ခဲ့သည်။ထို့အပြင် အစိုးရ ဝက်ဘ်ဆိုက် များအတွင်း ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန်

မန္တလေး လေဆိပ်မှာလည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မယ်

မန္တလေးမြို့ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ     နိုင်ငံခြားသားတွေ
အတွက် ဆိုက်ရောက် ဗီဇာ (Visa on Arrival )    ထုတ်ပေးပါတော့မယ်။
အခုဆိုရင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့အတွက်       အဆင်သင့်ဖြစ်နေ
ပါပြီလို့ နေပြည်တော်ရှိလ၀က၀န်ကြီးဌာနကတာဝန်ရှိ         သူပြောကြား ချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။

နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဖွဲ့နိုင်ရန် ကြိုးပမ်းမည်ဟု မစုစုနွေး ပြော



နယူးဒေလီ (မဇ္ဈိမ) ။       ။ လယ်သမားများ၏ အခွင့် အရေးများ ကာကွယ်ပေးနိုင်မည့် နိုင်ငံလုံးဆိုင် ရာ တောင်သူ လယ်သမား သမဂ္ဂကြီး ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း မစုစုနွေး က ပြော သည်။တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ကာ ဖွဲ့စည်းနေကြောင်း မုံရွာမြို့ သို့ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကိုပယ်ဖျက်တော့မည်



မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရ သည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့ မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။

အမေရိကန်-မြန်မာ လူ့အခွင့်အရေး ပထမအကြိမ် ဆွေးနွေး



မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အမေရိ ကန်နဲ့ မြန် မာ လူ့အခွင့်အရေးကိစ္စ အချေအ တင် ဆွေးနွေး မှုတွေ လုပ်ဖို့အတွက် ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထော က် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ်စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန်

ရခိုင့်အရေးနှင့်ပက်သက်၍ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း


dr-aye-maung-b305

OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်လာမည် အပေါ် ကန့်ကွက်ဆန္ဒပြခြင်းများနှင့် မျက်မှောက် ကာလ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ခံစားနေကြ ရသော ပြဿနာ၊ အခက်ခဲများနှင့် ပက်သက်၍ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ(RNDP)မှ ဥက္ကဌ ဒေါက်တာေ အးမောင်အား အာရ်ကန်တိုင်းမ်စ် သတင်းဌာနမှ မခိုင်ခိုင်ထွန်း က တွေ့ဆုံမေးမြန်းခဲ့သည်။

ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံခရီး သတင်းစာရှင်းလင်း



မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ် တပ်ဦး (ABSDF) ခေါင်းေ ဆာင်ဟောင်းတွေက မြန်မာနိုင်ငံမှာ အစိုးရ အပေါ် ပိုင်း ပြောင်းလဲေ နပေမယ့် အောက်ခြေအဆင့် အာဏာပိုင်တွေ မပြောင်းလဲသေးဘူးလို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။