Thursday, November 1, 2012

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ -

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ -

နိုဝင်ဘာလ ၁ရက် ၂၀၁၂ခုနှစ် ၊ သတင်း - Myanmartandawsint Newspaper

ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့်အခါ ရထားပေါ်သို့ ဈေးသည်ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ်ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာတွဲများပေါ်သို့ လူခွဲတက်ရောက်လာပြီး ရထားထွက်သည့်အခါ ညအမြန် ရထားများ၊ နံနက်စောစောဆိုက် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏ လက်ဆွဲ တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊ အတက်တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ (ရန်ကုန်ဘက်အထွက်) ရထားခုံး ကျော်တံတားကြီးအရောက်တွင် ခရီးသည်များ ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေးကိုယူကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

 

ဈေးရောင်းသူများမှာလည်း ဈေးဘန်းများဖြင့် ဈေးရောင်းခြင်းကို ဟန်ပြ၍ ပြန်အမ်းငွေများ မအမ်းဘဲ ထွက်ပြေးခြင်း၊ ပစ္စည်းများကိုလည်း လစ်လျှင်လစ်သလို လုယက်၊ ခိုးယူထွက်ပြေးခြင်းစသည်တို့ကြောင့် ခရီးသည်များမှာ ပဲခူးဘူတာရောက်လျှင် အမြဲသတိထားနေကြရပါသည်။

 

ထို့ကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားများပေါ်သို့ နေ့စဉ်တက်ရောက်ပြီး ခရီးသည်များ၏ ပစ္စည်းများ၊ ငွေများ၊ ခရီးဆောင်အိတ်များကို ခိုးယူ၊ လုယက်ပြီး မီးရထားခုံးကျော်တံတားကြီးပေါ်မှ တစ်ဆင့် ထွက်ပြေးလွတ်မြောက်နေသော ပဲခူးဘူတာမှ ဒုစရိုက်သမားများ၊ ဈေးသည်ဟန်ဆောင်၍ လုယက်မှု ကျူးလွန်နေသူများအား ပဲခူးဘူတာမှ မီးရထားလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များမှ ရှင်းလင်းပေးနိုင်ပါ ရန်နှင့် ပဲခူးဘူတာသို့အ၀င်၊ အထွက်နေရာများမှနေ၍ ကင်းပုန်းဝပ်စောင့်ကြပ်ဖမ်းဆီးခြင်းဖြင့် ဒုစရိုက်မှု ကျူးလွန်နေသူများ ဘေးရန်မှ ကာကွယ်တားဆီးပေးနိုင်ပါရန် မီးရထားစီး ခရီးသည်များမှ လိုလားနေကြသည်။
ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့်အခါ ရထားပေါ်သို့ ဈေးသည်ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ်ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာတွဲများပေါ်သို့ လူခွဲတက်ရောက်လာပြီး ရထားထွက်သည့်အခါ ညအမြန် ရထားများ၊ နံနက်စောစောဆိုက် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏ လက်ဆွဲ တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊ အတက်တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ (ရန်ကုန်ဘက်အထွက်) ရထားခုံး ကျော်တံတားကြီးအရောက်တွင် ခရီးသည်များ ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေးကိုယူကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

မန္တလေး ကျွန်းလုံးဥသျှောင်မှာမီးလောင် (ဓါတ်ပုံ)

၃၁ အောက်တိုဘာ ၂၀၁၂ ည (၉ )နာရီခွဲခန့်က မန္တလေး ချမ်းမြသာစည်မြို့နယ် ၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ၊ အကွက် (၅၀၇) ၊ စစ်ကိုင်း-မန္တလေး ကားလမ်းပေါ် အရှေ့ဘက်ခြမ်းမှာ မီးလောင်နေစဉ်။

သြစတြေးလျားရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်။

သြစတြေးလျားရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်။
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သြစတြေးလျားနိုင်ငံတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို အခကြေးငွေမယူဘဲ သြစတြေးလျား လူမှုကွန်ယက်နှင့် ချိတ်ဆက်မိအောင် ကူညီဆောင်ရွက်ပေးသည့်အပြင် သူမ၏ အားလပ်ချိန်အတွင်း၌ လူမှုအသိုင်းဝိုင်းကို ကူညီပေးနေသော ကြောင့် ၀န်ကြီးချုပ်မှ ထိုသို့ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၅ရက်နေ့က Cathy Brunton မြို့ရှိ Italian Social Club of Werribee ခမ်းမဆောင်တွင် နော်စေးထူးအဲ့မိုး ရိုကို သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က ကိုယ်တိုင် လာရောက်ဂုဏ်ပြုကာ ယင်းဆုကို ဆုချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

နော်စေးထူးအဲ့က “ကျမ ဒီဆုကို ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ မထင်မှတ်ဘဲ ရသွားတဲ့အတွက်ကြောင့် အရမ်းပျော်လို့မဆုံး ဖြစ်မိ တယ်။ နောက် ဒီဆုကိုရတာ ကရင်တမျိုးသားလုံးရတယ်လို့ ခံစားရတယ်။ အခု ကျမဟာ ကရင်လူမျိုးဖြစ်တယ်ဆိုတာ ဝန်ကြီး ချုပ်သိသွားတော့ အရမ်းကျေနပ်အားရမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သြစတြေးလျားနိုင်ငံတွင် ရောက်ရှိအခြေချနေသည့် ကရင်လူငယ်များသည် သူမနည်းတူပင် လူမှုရေးလုပ်ငန်း တွင် တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်ကြပြီး ကရင်လူမျိုးများ၏ ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း သူမက ပြော ဆိုသည်။

Prime Minister’s Above and Beyond Award ဆုသည် သြစတြေးလျနိုင်ငံရှိ လူမှုရေးလုပ်ငန်းအရေးကို စိတ်ရောကိုယ်ပါ စွမ်း စွမ်းတမံ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူများကို တနှစ်တစ်ကြိမ် နှစ်စဉ် ရွေးချယ် ဂုဏ်ပြု ပေးအပ်လျှက်ရှိသည်။

နော်စေးထူးအဲ့မိုးရိုသည် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကျပြီးနောက်ပိုင်း ၁၉၉၉ခုနှစ် တွင် သြစတြေးလျားနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခဲ့ပြီး ခင်ပွန်းသည် စောထူးစောနှင့် သားတစ်ဦး၊ သမီးတစ်ဦး ရှိသည်။

သူမသည် လက်ရှိ သြစတြေးလျား လူမှုကွန်ယက်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ကာ ၎င်းကွန်ယက်၏ လုပ်ငန်းများကို ဆက် လက် လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိကျောင်းနှင့် ညီအစ်ကိုလိုနေထိုင်သူ

ဗဟိုအမေရိက၊ ကော်စတာရီကာနိုင်ငံရှိ တောတွင်း တစ်နေရာတွင် ဖြစ် သည်။

အခြား တံငှာသည် တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေလုနီးနီးဖြစ်နေသော မိကျောင်း တစ်ကောင်ကို Chito အမည်ရ တံငှာသည် က တွေ့ရှိခဲ့သည်။ ထို့ကြောင့် လှေေ

ပ်ါဆွဲတင်ခဲ့ပြီး အိမ်သို့ခေါ်ဆောင်ပြုစုခဲ့သည်။

ရခိုင်အရေး ဧရာဝတီမီဒီယာမှ ကို အောင်ဇော် ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်တင် ပြောဆို


နိုင်ငံတော်က ရခိုင်အရေးနှင့် ပါတ်သက်၍ သွေးထိုး လှုံ့ ဆော်သူများ နှင့်နောက်ကွယ်က ကြိုးကိုင်သူများ ကို ဖမ်းဆီး အရေးယူတော့မည် ဆိုသော ကြေညာချက် သတင်း ထွက်ပေါ်လာသည် ။
သို့ အတွက်ကြောင့် ပြည်တွင်းပြည်ပမှ မည်သူကကြိုးကိုင်နေကြသည်၊ မည်သူက သွေးထိုးလှုံ့ ဆော်နေသည် ကို လေ့လာကြည့်လျှင်ရှေးဦးစွာ ပြည်ပမှ ဧရာဝတီ အယ်ဒီတာ အောင်ဇေါ်ကို တွေ့ ရမည်ဖြစ်သည် ။

မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်။

မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်။
=====================================

(၁) ဧရာဝတီ အယ်ဒီတာမင်းကြီးများ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍ မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေကြည့်စေလိုပါသည်။ (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။)

မိန်းမ နည်းပညာ ပညာရှင်များ အလိုရှိသည်

Google ကုမ္ပဏီ၌ သတင်း အချက်အလက် သည်သာ ဘုရင်ဧကန် အမှန်ဖြစ်သည်။ ယခုတော့ Google ကုမ္ပဏီက ဘုရင်မတွေ ဘယ်လိုမွေးရမလဲ ခေါင်းစားနေ ပါသည်။
စီလီကွန် တောင်ကြား တစ်ခုလုံး ဒုက္ခပေးနေသည့် ပြဿနာတစ်ခု ရှိသည်။ မိန်းမ ဝန်ထမ်းများ မည်သို့ စုဆောင်း မလဲ၊ မည်သို့ ထိန်းသိမ်းမလဲ ဆိုသည့် ပြဿနာဖြစ်သည်။ ဒါကို Google ကဖြေရှင်းပေး ချင်နေသည်။

ကလေးသူငယ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ် ( ကလေးသူငယ် အကျဉ်းသားများအကြောင်း)

ကလေး သူငယ် အကျဉ်းသား တစ်ဦး မာလာလာ Malala Yusufzai လေးက အခုထိ အသက်ရှုစက်နဲ့ နေရတုန်းလို့ ဆိုပါတယ်။ သူက အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်ပါ။ မိန်းကလေးတွေ ပညာသင်ကြားခွင့် ရအောင် ပြောဆိုခဲ့တဲ့အတွက် တာလီဘန် တစ်ယောက် ရဲ့ သေနတ် နဲ့ ပစ်ခတ်တာကို ခံရသူပါ။ တကယ်တော့ သူတို့ လူ့အဖွဲ့အစည်းမှာ မိန်းကလေး ဆိုတာ ပညာတတ်စရာ မလိုဘူးလို့ ခံယူတတ်ကြတာကိုး။

ပိုက်ဆံချေး၍ ကရမည့်ပွဲအတွက် ခံဝန်ထိုးထားရတဲ့ ပန်းသီး




နိုင်ငံတော်အား ထိခိုက်နစ်နာစေနိုင်သော ပြတ်လုံးများ မပျက်ရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသော လူရွှင်တော်ပန်းသီး၏ တကိုယ်တော်နိုင်ငံရေး ဟာသတင်ဆက်မှုကို နိုဝင်ဘာ (၅)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။

“ သူတစ်လူ ငါတစ်မင်း လွှတ်တော်တွင်း ဗလောင်ဆူစေမယ့် PR စနစ် ”

သွးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း နောက်ဆက်တွဲ(၂)
 “အစက ရိုးရိုး -- နောက်တော့ တစ်မျိုးတိုးလို့ ချစ်ပြန်ဆိုပဲ .. ဆိုပဲ… ” ဆိုသည့် ရေဒီယို သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြမည်ထင်ပါသည်။ လူငယ်များကတော့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မည် ။ ရေဒီယိုခေတ်တွင် လူဖြစ်လာ ကြသည့် အသက်၄၀ ကျော် ပုဂ္ဂိုလ်များ ကတော့ ကြားဖူးသူများပါလိမ့်မည် ။ယနေ့ နိုင်ငံရေးလောကတွင် ပါဝင်ပတ်သက် နေသည့် လူလတ်ပိုင်း

မြန်မာ အားကစားသမားတွေ လူကောင် သေးကုန်ကြပြီ


အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပသော ၂၆ ကြိမ်မြောက် ဆီးဂိမ်း ပိတ်ပွဲ အခမ်းအနား(ဓာတ်ပုံ – theseagames2011.blogspot.com)
ဦးမြသန်းထိုက်သည် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေး စခန်း(Gold Camp)တွင်လည်း တာဝန်ရှိသူ တဦး ဖြစ်သည်။

"တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ "

ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ မှ ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တရားစီရင်ရေးကော်မတီ မှ ဥက္ကဌ သူရဦးအောင်ကို တို့မှ ပြည်နယ် နှင့်တိုင်း မှ တရားသူကြီးချုပ်များနှင့် တွေ့ဆုံနေကြောင်း သိရသည်။အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က

ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်လွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၆ ယောက်အထိပင်ရှိနေ

ယနေ့(နိုဝင်ဘာ ၁ ) တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာ မကြုံဖူးလောက်အောင်များပြားနေကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ခွင့်ယူသူအရေအတွက်မှာ ၁၅၅ ဦးရှိပြီး လွှတ်တော်ပထမနေ့အစီအစဉ်ကတည်းကခွင့်ယူသူမှာ ၉ ဦးရှိပြီး၊ ယနေ့ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်လွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၆ ယောက်အထိပင်ရှိကြောင်း သတင်းရရှိသည်။

တအိမ်ထောင် ကလေးတစ်ယောက်စံနစ် တရုတ်ပြင်သင့်ပြီ


တရုတ်နိုင်ငံက လူကြိုက်နည်းလှတဲ့ တအိမ်ထောင် ကလေးတယောက်နှုန်း ပေါ်လစီကို ပယ်ဖျက်ပြီး ၂၀၁၅ ခုနှစ်မှာ တအိမ်ထောင် ကလေး ၂ ယောက်နှုန်း မွေးခွင့်ပြုဖို့ တရုတ်နိုင်ငံက သြဇာရှိတဲ့ သုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒေတာစင်တာ တည်ဆောက်ရန် စီစဉ်ထားသော်လည်း လျှပ်စစ်မီး အဆင်မပြေသေး

နိုင်ငံတကာအဆင့်မီ Data Center တစ်ခုကို မြန်မာသတင်းအချက် အလက်နှင့် ဆက်သွယ်
ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရှေးရင်းလီမိတက်နှင့် ဂျပန်နိုင်ငံမှ Hitachi လီမိတက်
ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်အတွင်း တည်ဆောက်သွားနိုင်မည်ဖြစ်သော်လည်း ၎င်း Data Center
အတွက် လျှပ်စစ်မီးသည် အဓိကလိုအပ်ချက် ဖြစ်နေကြောင်း Myanmar ICT Development

မိုဘိုင်းအင်တာနက်အသုံးပြုခကို ဒေတာပမာဏဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုရာတွင် ကောက်ခံသည့်
အင်တာနက်အသုံး ပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်း
ကို နိုဝင်ဘာလတွင် စတင်ကာပြောင်းလဲ ကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ပတ်စ်ပို့သက်တမ်းအားလုံး ၅နှစ်သက်တမ်း တိုးမြှင့်ပေးပြီ

ရန်ကုန်-နိုဝင်ဘာ၁
ပတ်စ်ပို့(မြန်မာနိင်ငံကူးလက်မှတ်)သက်တမ်းကို ၃နှစ်မှ ၅နှစ်သက်တမ်းသို့ တိုးမြှင့်လိုက်ကြောင်းယနေ့ထုတ်နိင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ယခင်က သင်္ဘောသားပတ်စ်ပို့သက်တမ်း
၅နှစ် ၊အလုပ်သမား ပတ်စ်ပို့သက်တမ်း လေးနှစ်နှင့် အခြားပတ်စ်ပို့သက်တမ်း သုံးနှ စ်သတ်မှတ်
သတ်မှတ်ထား ရာမှ ယခုနိုဝင်ဘာ၁ရက်နေ့ ပတ်စ်ပို့ စတင်လျှောက်ထား သူများနှင့်သက်တမ်းတိုးသူများအား ၅နှစ်သက်တမ်း စတင် ထုတ် ပေးသွားမည်ဟုသိရသည်။
From -ပေါ်ပြူလာ

မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက်ထွက်ပေါ်

ဗဟန်းမြို့နယ်၊ သံလွင်လမ်းက မိုးဟေကို နေအိမ်၊ ဓာတ်ပုံ- Myanmar Celebrity.com

အာက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။ 

ဧရာဝတီတိုင်းဝန်ကြီးက လွှတ်တော်အမတ်များကိုတောင်းပန်





  သန့်စင်ငြိမ်းချမ်း~

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းကလွှတ်တော် ကိုယ်စား လှယ်များ အပေါ် ၎င်းပြောဆိုခဲ့သည်များကို ယမန်နေ့ကကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တောင်းပန်စကား ပြောကြားခဲ့သည်။ 

တရားဝင် ငွေလဲစင်တာ လိုင်စင်များ ချပေးတော့မည်

တရားဝင် ငွေလဲကောင်တာ တခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် တရားမ၀င် ဒေါ်လာမှောင်ခိုဈေးကွက် ပပျောက်ရေးနှင့် နိုင်ငံတကာ ငွေလဲဈေးကွက်ပုံစံ ဖြစ်ပေါ်စေရန် ယခုနှစ်ကုန်ပိုင်းမှ စတင်ပြီး ငွေလဲလှယ်စင်တာ (Money Changer) ဖွင့်လိုသူများကို တရားဝင်လိုင်စင်များ ချထားပေးရန် စီစဉ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုလိုက်သည်။

ပိုက်ဆံသာရှိပြီး ဘာမျှမရှိသူများနှင့် ဖြေရှင်းမရသေးသော ကွမ်း၊ အမှိုက်ပြဿနာ


ကိုကို(စက်မှုတက္ကသိုလ်) 
ဒီတစ်ပတ်ထဲမှာ ရောင်စုံနဲ့ ထုတ်လာတဲ့ ကြေးမုံသတင်းစာထဲက ကာတွန်းဆရာကျော်မိုးဇော်(မင်္ဂလာဒုံ)ရဲ့  ကာတွန်း ကလေး ကိုဖတ်လိုက်ရတာ အတော်သဘောကျသွားပါတယ်။ ကာတွန်းက နောက်ဆုံးပေါ်  ကားကြီး တစ်စီးပေါ်က လူတွေကား မောင်းသွားရင်း ရှေ့ကသူက ကွမ်းတံတွေးထွေးချ၊ နောက်ကလူက အမှိုက်ပစ်ချသွား တာကို လမ်းဘေး တစ်နေရာကနေရပ်ကြည့်နေတဲ့ ကျောင်းသားကလေးတစ်ယောက်နဲ့  ကျောင်းဆရာတစ်ယောက်က 'ကားအကောင်း စားကြီး စီးပြီး စိတ်ဓာတ်အကောင်းစားတွေမရှိကြပါလား' ဆိုပြီး ဝေဖန်လိုက်တဲ့ပုံဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ဆုံကြမယ့် ထိုင်းလူမျိုး တစ်ထောင်ကျော် တာချီလိတ်မြို့ကို သွားရောက်ဖို့ ပြင်ဆင်နေ

မြန်မာပြည်ကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ဆုံကြမယ့် ထိုင်းလူမျိုး တစ်ထောင်ကျော်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး တာချီလိတ်မြို့ကို သွားရောက်ဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့တတွေဟာ ရှပ်နီဝတ်အဖွဲ့တွေ၊ ဖွေ့ထိုင်းပါတီက နိုင်ငံရေးသမားတွေ၊ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ကြည်ညိုတဲ့ အစိုးရ၀န်ထမ်းတချို့ဖြစ်တယ်လို့ ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်သူ မစ္စက် ကျင်းနန်းဒါး ကျန်ထောင်းရဲ့ ပြောစကားကို မာတိချွန်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ တာချီလိတ်မြို့ပေါ်က ကျောင်းတိုက်တစ်ခုမှာ အလှူပွဲတစ်ခု လာကျင်းပတာဖြစ်ပြီး တာချီလိတ်မြိုံ ရီဂျီးနားဟိုတယ်မှာ နိုဝင်ဘာလ ၂ ရက်ကနေ ၃ ရက်ထိ နှစ်ရက်နေပြီးရင် ၄ ရက်နေ့မှာ နေပြည်တော်ကို ပြန်မယ်လို့ သူကဆိုပါတယ်၊
From -DVB

တရုတ် နိုင်ငံ အတွက် သူလျှို လုပ်ပေးခဲ့ သူဟု ယူဆရသည့် စစ်ဘက် ဆိုင်ရာ အရာရှိဟောင်း သုံးဦး တရုတ် (တိုင်ပေ) ဖမ်းဆီး


တရုတ် နိုင်ငံ အတွက် သူလျှို လုပ်ပေးခဲ့သူဟု ယူဆ ရသည့် အငြိမ်းစား အရာရှိကြီး သုံးဦးကို တရုတ် (တိုင်ပေ)မှ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူများက ထုတ်ဖော် ပြောကြား ခဲ့သည်။

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ

မန္တလေး၊အောက်တိုဘာ-၃၁

မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆီးရီးယားလေတပ်အကြီးအကဲအား တော်လှန်ရေးတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်

ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များသည် လေတပ် စစ်ဦးစီးအား လုပ်ကြံ သတ်ဖြတ်လိုက်ကြောင်း အစိုးရ သတင်းဌာနက ဖော်ပြခဲ့သည်။ ဆီးရီးယား အစိုးရက ဒမတ်စကက်တွင် လုပ်ကြံမှု ဖြစ်ပွားခဲ့ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာ သွားခြင်း ဖြစ်သည်။ မြို့တော် ဒမတ်စကက်တွင် အစိုးရ ဆန့်ကျင်ရေး

ရခိုင်ပြည်နယ် ကျောက်နီမော်မှာ မူဆလင်ကျေးရွာကို ပြောင်းရွှေ့ပေးဖို့ တောင်းဆို



ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျောက်နီမှော်ကျေးရွာအုပ်စု မှာ နေထိုင်တဲ့ မူဆလင်ဘာသာဝင်တွေကို နေရာပြောင်းရွှေ့ပေးဖို့ ဒေသခံ ရခိုင်လူမျိုး (၆၀၀၀) ကျော်က ကျောက်နီမှော် ရွာပတ်ပတ်လည်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ရာမှာ လူတစ်ဦးသေးဆုံးခဲ့ပြီး

ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်




ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ် ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာ သံရုံးရဲ့ သံရုံး ယာယီ တာဝန်ခံကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။ 

ရခိုင်အရေး နိုင်ငံတကာ ကြားဝင်ဖို့ အာဆီယံ တောင်းဆို



မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ မူစလင်တွေကို အစွန်းရောက်တဲ့အခြေအနေဆီ ရောက်သွားစေနိုင် ပြီးတော့ ဒေသ တခုလုံးရဲ့ တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ အကြီးအကဲက ပြောလိုက်ပါ တယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့