Thursday, November 8, 2012

အိုဘားမားအနိုင်ရရှိမှုက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုခိုင်မာ လာစေနိုင်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး အပြောင်းအလဲကို တွန်းအားပေးခဲ့သည့် အမေရိကန်သမ္မတ ဘာရက် အို ဘားမား သည် သူ၏ ဒုတိယအကြိမ် သမ္မတ သက်တမ်းကို ဆက်လက်ထမ်းဆောင် မည်ဖြစ် ရာ မြန် မာနိုင်ငံရေးပြောင်းလဲမှု သည် ပိုမိုခိုင်မာပြီး နောက်ကြောင်း ပြန်လှည့်နိုင် မည့် အနေအထားဖြစ် လာ နိုင်ဖွယ်မရှိဟုသုံးသပ်သူများက ဆိုသည်။

တရုတ် နိုင်ငံ ဂရိတ်ဝေါလ် မဟာ တံတိုင်း၌ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့်သက်ကြီး ဂျပန် ခရီးသည် သုံးဦး သေဆုံး




ရုတ်နိုင်ငံအတွင်းရှိ ဂရိတ်ဝေါလ် မဟာတံတိုင်း၌ ရုတ်တရက် နှင်းမုန် တိုင်း များ ပြင်းထန်စွာ ကျဆင်းလာ မှုကြောင့် သက်ကြီး ဂျပန် ခရီးသည် သုံးဦး သေဆုံး ခဲ့ကြောင်း ပေကျင်းနှင့် တိုကျိုတို့မှ တာဝန်ရှိသူ များ က နိုဝင်ဘာ ၅ ရက်တွင် ပြောကြား ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားလာရောက်မယ့် သတင်းကို မြန်မာအစိုးရ အတည်ပြု

 
ဒုတိယသက်တမ်းအတွက် နောက် တစ်ကြိမ် ပြန်လည်အရွေးခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ မြန်မာအစိုးရအရာရှိတစ်ဦးက အတည်ပြု ပြော ဆိုကြောင်းသိရပါတယ်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ကူးစက်ယားနာ ဝေဒနာ ခံစားနေရ

 
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် တရုတ်နိုင်ငံ နယ်စပ်အနီးရှိ မဂါးယန် စစ်ပြေး ဒုက္ခသည် စခန်းတွင် ရေကြောင့်ဟု ယူဆရသော အရေပြားရောဂါ တမျိုး ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

နှစ်ဘက်စလုံးမှ သေနတ်အပါအ၀င် လက်နက်မျိုးစုံ နှစ်ထောင်ကျော် ရခိုင်ပြည်နယ်၌ သိမ်းဆည်း



နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်၌   လက်နက်များသိမ်းဆည်း အပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ပြီး သည့်နောက်   ဒေသန္တရ လုပ် သေ နတ်( ၁၇၆)လက်၊လှံ(၄၄၇)ချောင်း၊လေး(၉၃)လက် ၊မြှား(၅၄၅)ချောင်း၊ ဂျင်ကလိ(၁၁၃၀) ခု၊ လေးခွ (၂၈၉)လက်  သိမ်းဆည်းရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူုးရုံးမှ သိရသည်။

နေပြည်တော် နဲ့ Facebook


ပြည်သူ့လွှတ်တော်ကလည်း  အထင်ကရ လူမှုကွန်ရက်မီဒီယာတခုဖြစ်တဲ့ Facebook က တဆင့် ပြန်ကြားရေးလုပ်ငန်းတွေ တိုက်ရိုက် လုပ်ကိုင်နေ ပါပြီ။ဒီတော့ ... ပြည်သူ့လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်တွေကို အွန်လိုင်း ကနေ ချက်ချင်းသိနိုင်ပါတယ်။

ထီလက်မှတ်ဈေးဘာကြောင့်ကြီး

နယ်၌ထီရောင်းချသူများ သည် ထီလက်မှတ်များကို တစ် ဆင့်ဝယ်ယူ၍ ရောင်းရာမှာ ထီ လက်မှတ်တစ်စောင်အနည်းဆုံး  ၂၁၃ကျပ်မှ၂၄၂ကျပ်ထိပေးဝယ်ယူနေ   ကြရသည်ဆို၏။ ထိုကဲ့သို့ နယ်မြို့   များက ထီဆိုင်များမှာနာမည်ကြီး ထီဆိုင်များမှတစ်ဆင့် ၀ယ်ယူ ရောင်းကြရသဖြင့် ထီတစ်စောင်   (၃၀၀)ကျပ်ဖြစ်နေရခြင်းဖြစ်သည် ဆို၏။

“ခေါင်းဆောင်သစ်ထွက်ပေါ်လာမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပါတီကွန်ဂရက်”

တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈)ကြိမ်မြောက် ကွန်ဂရက်အား ပေကျင်းမြို့ တီအန်မင် ရင်ပြင်ရှိ Great Hall တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံအား လာမည့်ဆယ်နှစ်တာ ကာလအတွင်း ဦးဆောင်မှုပေးမည့် ခေါင်းဆောင်သစ်ခန့်အပ်မည့်

ပဲဆီပုံး အတွင်း ဝှက်ယူလာသော ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီး ရမိ


မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက်ရှိ မြစ်ကြီးနား- ဗန်းမော်သွား စက်လှေဆိပ်တွင် တရားမဝင် ကျောက်စိမ်း အရိုင်းတုံး များကို နိုဝင်ဘာ ၄ ရက်က ဖမ်းဆီး ရမိခဲ့သည်။

လမ်းဖို့ရန်အတွက်မြေတူးစဉ် ဗုံးတစ်လုံးတွေ့ရှိ ၊ အင်းယားကန်အတွင်းမှ အမျိုးသားအလောင်းတစ်လောင်းတွေ့ရ (ရန်ကုန်သတင်း)

 
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်မနက်(၁၀) နာရီခန့်က ကြည့်မြင်တိုင် မြို့နယ်၊ပန်းလှိုင် မီးရထားဝန်း၊ ကရင်အမျိုးသား ရပ်ကွက်တွင် ကလေးငယ် တစ်ဦး မှ လမ်းပြင်ရန်အတွက် မြေတူး စဉ် ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုတော် ဒီဖြိုး ထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိဟု သတင်းပျံနှံ့နေ




လူငယ်များအကြား ရေပန်းစားသော နာမည်ကြီးအဆိုတော် ထက်အောင်လှိုင် ခေါ် ဒီဖြိုးထံမှ စိတ်ကြွေ ဆးပြား များ ဖမ်းဆီးရမိကြောင်း မူခင်း သတင်းဂျာနယ် မူခင်းသတင်းဂျာနယ် - အတွဲ (၁၆) ၊ အမှတ် (၅၀)တွင် ဖော်ပြထားကြောင်း Facebook တွင် ပျံနှံ့နေပါသည်။ 

အိုပါး gana style (ကိုရီယား) ၊ အိုပါး (မြန်မာစတိုင်)၊ အိုပါး (‘Obama Gangnam Style’) ဗွီဒီယိုဖိုင်

သိမ်းကြီး ဈေးက ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား

ရန်ကုန်မြို့တော်၏ စီးပွားရေး  အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ်အရပ် ရပ်မှ ရဟန်းရှင်လူမိဘပြည်သူများ  နှင့် ကမ္ဘာလှည့်ခရီးသွားများဝယ် ယူအားပေးကြသော အဆင့်မြင့်  ဈေးကြီးဖြစ်သည်။ သို့သော်လည်း   သိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန်  လမ်းတစ်လျှောက်တွင် ဘီယာဆိုင်  များဖွင့်လှစ်ရောင်းချသဖြင့် အများ  ပြည်သူတို့ ခုံကျော်တံတားများမှ ဈေးအတွင်းသို့ဝင်ထွက်သွားလာ  ရာတွင် စိတ်အနှောက်အယှက် ဖြစ်နေကြကြောင်း သိရသည်။

ဗင်နှင့် ပရိုဗောက်ထက် Sticker ကြော်ငြာ ပိုမိုရရှိနေသည့် ချယ်ရီ


 
ချယ်ရီကားများမှာ အခြားကားများထက် ကြော်ငြာခနှုန်းထားပိုမို  သင့် လျော်     ခြင်း  ကုမ္မဏီနှင့် ကားသမားများ နှစ်ဖက် အဆင်ပြေခြင်းေ ကြာင့် စတေ ကာကြော်ငြာ ရရှိမှုမှာ အခြားကား အမျိုးအစား များထက် ပိုမို များပြား လာခြင်းဖြစ်ကြောင်း  ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများထံက သိရသည်။

ခုနှစ်နှစ်ရပ်ဆိုင်းခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲများ ပြန်လည်စတင်မည်

(Bangkok Post သတင်းစာမှ 7 Nov 2012 ရက်စွဲပါ Border meetings reviveafter 7-year hiatus ကိုဘာသာပြန်ဆိုသည်)
နှစ်နိုင်ငံနယ်စပ်ဒေသဆိုင်ရာဆွေးနွေးပွဲကို ခုနှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနှင့်မြန်မာနိုင်ငံတို့   နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံ၏ပြည်တွင်းရေး အရှုပ်တော်ပုံများကြောင့် ယင်းဆွေးနွေးပွဲမှာပြီးခဲ့သည့် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

What is sexy???? မြန်မာ အမျိုးသမီးလေးတွေ ဖတ်စေချင်ပါတယ်.....


ဒီနေ့ခေတ် မိန်းကလေးတွေ အတွက် Sexy ဖြစ်တယ်ဆိုတာက ၀တ်စားဆင်ယင်မှုကို ပြောတာလို့ ထင်ကြ ပြီးတခြား အချက်တွေကို မေ့နေကြပါတယ်။ ဒီ Article မှာသင်မေ့နေတဲ့ အဓိက အချက်တွေ ကိုထောက်ပြ ထားပါတယ်။
မနေ့က ကျွန်မရဲ့ မောင်လေးနဲ့ သူ့သမီး အကြောင်း ပြောဖြစ်ကြ တယ်လေ။ ဒီငါးနှစ်အရွယ် လက်တောက်လောက် တူမလေးဆီက အရွယ်နဲ့ မလိုက်အောင် ကြားလိုက်ရတာက "ဆက်စီ (sexy) ဖြစ်ချင်နေ

တပ်မတော်က နောက်ကြောင်းပြန်လှည့်သွားမှာကို ဘယ်တော့မှမစိုးရိမ်ပါနဲ့


ယနေ့အချိန်အခါမှာ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ရဲ့ မောင်းနှင်အားနဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ကဏ္ဍပေါင်းစုံက Reform လုပ်နေတဲ့အချိန်မှာ အခက်အခဲတွေ၊ အတားအဆီးတွေ ကြုံတွေ့ရမှာကလည်း မလွဲမသွေပါပဲ။ အဲဒီအခက်အခဲတွေ၊ အတားအဆီးတွေ ရင်ဆိုင်ကျော်လွှားဖို့နဲ့ ယခင်အစိုးရအဆက်ဆက် အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ယဉ်ပါးနေတဲ့ အစိုးရ၀န် ထမ်းတွေ၊ ပြည်သူတွေရဲ့ အရိုးစွဲနေတဲ့ Mindset တွေ

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက် အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်



ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့် မြန်မာဘောလုံးအသင်းသည် ဖီဖာ ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ယခင်လထက် အဆင့် ၂၈ နေ ရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း သည် ရမှတ် ၁၄၉ မှတ်ဖြင့် ယခင်လ အဆင့်ရပ်တည်ချက် ၁၈၄ ထက်

အင်းစိန်ထောင်တွင် နှစ်ရှည်ကျခံနေရသော AIDS ဝေဒနာသည်တစ်ဦး အသေခံ ဆန္ဒပြ



အင်းစိန်အကျဉ်းထောင်တွင်  နှစ်တစ်ရာကျော် အပြစ်ဒါဏ် ကျခံနေရသော ခုခံအားကျ ဆင်းမှု ဝေဒနာသည်တစ် ဦးဖြစ်သည့် ဦးအုန်းသန်းမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုချက်ဖြင့် အင်စိန်ထောင်ဆေးရုံ အပေါ်ထပ်မှ ခုန်ချကာ အသေခံဆန္ဒပြမှုတစ်ရပ် အောက်တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးမှုခံခဲ့ရသည့် ကျေးရွာသုံးရွာတွင် နေအိမ်များပြန်လည်ဆောက်လုပ်ပြီးစီးနေပြီ ဖစ်သဖြင့် ဒုက္ခသည်များ ပြန်လည်ပြောင်းရွှေ့နေ



မောင်တောမြို့နယ်အတွင်းမီးရှို့ဖျက်ဆီးမှုခံခဲ့ရသည့် ကျေးရွာသုံးရွာ တွင်နေအိမ်များပြန်လည် ဆောက်လုပ်ပြီး စီးနေပြီဖြစ်သဖြင့် ဒုက္ခသည် များ ပြန်လည်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆူပူ အကြမ်းဖက်မှုကိုခံစားခဲ့ ရသော ဝေသာလီ၊ ရွှေ ရင်အေးကျေးရွာနှင့် ခရေမြိုင်ကျေးရွာရှိ တိုင်းရင်းသားဒေသခံများ

အဓမ္မ ပြုကျင့်တဲ့ အာဖဂန် ရဲတွေ ထောင်ချခံရ



အာဖဂန် နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ယောက် ကို အတင်း အဓမ္မ ပြုကျင့် ခဲ့တဲ့ ရဲ ဝန်ထမ်း တစ်ယောက်ကို ထောင်ဒဏ် ၁၆ နှစ် အပြစ် ပေးလိုက် ပါတယ်။အခုနှစ် မေလ တုန်းက ရဲ ဝန်ထမ်း အမျိုး သားတွေ အုပ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊

သံတွဲမြို့ဂျာမေဗလီကို စစ်ဆေးရာလက်နက်များ တွေ့ရှိသဖြင့် တာဝန်ရှိသူ နှစ်ဦးအားဖမ်းဆီး စစ်ဆေး


သံတွဲမြို့ပေါ်ရှိ ဂျာမေဗလီမှ လက်နက်များတွေ့ရှိသဖြင့် လူနှစ်ဦးကို ဖမ်းဆီးကာ ရုံးတင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။အဆိုပါ လက်နက် များကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သံတွဲမြို့ ၊အမှတ်(၃)ရပ်ကွက်၊ ဂျာမေဗလီ ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့

တောင်ကြီးမြို့တွင် အင်တာနက်လိုင်းများ၊ GSM ဖုန်းလိုင်းများ နှေးကွေး ပြတ်တောက်နေ

တနင်္ဂနွေနေ့မှ စတင်ပြီး  တောင်ကြီးမြို့တွင်  အင်တာနက်လိုင်းများ၊  GSM ဖုန်းလိုင်းများ နှေးကွေး ပြတ်တောက်နေသဖြင့်  အင်တာနက်ဆိုင်များ၊ GSM ဖုန်း သုံးသူများ ညည်းတွားနေကြရသည်။     ဖုန်းအသုံးပြု သူဒေ သခံ တစ်ဦးကလည်း ဆက်လို့ရလိုက်၊ မရလိုက် ဖြစ်နေကြောင်း ပြော သည်။

သမ္မတအိုဘားမား အနိုင်ရမှု မြန်မာကြိုဆို



အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama ပြန်ပြီး အနိုင်ရတဲ့အတွက် မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး အရှိန်ကို ပိုပြီးတိုးမြှင့်သွားမယ်လို့ ယုံကြည်ကြောင်း သမ္မတရုံးပြောခွင့်ရ သူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အမျိုးသားဒီမိုကရေစီ

နိုင်ငံတော်သမ္မတဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ- ဥရောပဆွေးနွေးပွဲ (အေဆမ်) ထိပ်သီး အစည်း အဝေး တက်ရောက် ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ- ဥရောပဆွေးနွေးပွဲ (အေဆမ်) ထိပ်သီး အစည်းအဝေး တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော် သို့ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိသည်။

တာချီလိတ်မှာ မူးယစ်ဆေး၊ ဒေါ်လာနဲ့ လက်နက် ဖမ်းမိ



ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့မှာ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာဖြစ်သူ တစ်ယောက်ရဲ့နေအိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာ ရာဘ ခေါ် စိတ်ကြွ ဆေးပြား အလုံးရေ ၅ သိန်းကျော်နဲ့ သေနတ် တစ်လက် အပါအ၀င် သိန်းနဲ့ချီ တဲ့ နိုင်ငံခြားငွေတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဂျာမန် အိမ်ရှေ့ မင်းသမီးအား ဒေါ်အောင်ဆန်းစုကြည် မှလက်ခံတွေ့ဆုံစဉ်။ (ဓါတ်ပုံ)




7-11-12 ညနေ (6:30) တွင် တော်ဝင်ကုမုဒ္ဒာ ဟိုတယ်တွင် Germany Princess H.H. Princess Inaara the Begun Aga Khan နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ ဆုံစဉ်ပုံရိပ်များ-----

လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၂၀ ကျော်ကို ကယ်ထုတ်



ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်း ပုံဖြတ်ပြီး လှောင်ပိတ် ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က   ဒီနေ့မနက် သွားရောက် ကယ်ထုတ် နိုင်ခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လာအိုနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်း၊ မိသားစုဝင် များအား တွေ့ဆုံ

 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ မိသားစုဝင်များ အား နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် ဗီယင်ကျန်း မြို့ရှိ ဒေါင်ချန်း ဧည့် ဂေဟာ၌ တွေ့ဆုံသည်။

သမ္မတအိုဘားမား အနိုင်ရမှု နိုင်ငံတကာ ဂုဏ်ပြုချီးကျူး



အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတ Barack Obama အနိုင်ရခဲ့တဲ့အပေါ် ကမ္ဘာ့ ခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုလိုက်ကြပါ တယ်။သမ္မတ အိုဘားမားအနေနဲ့ သူ့ရဲ့ ပြိုင်ဘက် ရီပတ်ဘလစ်ကင် သမ္မတလောင်း Mitt Romney ကို အင်္ဂါနေ့မှာ ကပ်ပြီး အနိုင်ရခဲ့တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က နွေးနွေး ထွေးထွေး

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်



စံခလပူရီ (မဇ္ဈိမ) ။        ။ မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ် လာရာမှ မြန်မာရေတပ်က ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိ

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခအရေး သဘေားထား ကြေညာချက်ထုတ်ပြန်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသေဆုံးမှု များနဲ့ ရခိုင် ပဋိပက္ခများကို အမြန်ဆုံး လက်တွေ့ကျကျ ထိရောက် စွာ ဖြေရှင်း ကြဖို့ တောင်းဆို လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်တွေ က နိုဝင်ဘာ လ ၅ ရက်နေ့က ရခိုင်ပြည်နယ်က ပဋိပက္ခအရေးနဲ့

တရားစီရင်ရေးဥပဒေ ပြင်ဆင်ရန် ဦးသိန်းညွန့်ကို တာဝန်ပေး


 
တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က “တရားသူကြီးတွေ အနေနဲ့ သွားရောက် စစ်ဆေးတာ မရှိခဲ့ဘူး၊ မစစ်ဆေး ရတာကလည်း ဘတ်ဂျက် မရှိတာရယ်၊ အကျဉ်းထောင်၊ အချုပ်ခန်း၊ ရဲဘက် စခန်းတွေ ဟာ ပြည်ထဲရေး လက်အောက် ရောက်နေ တာကြောင့်ဖြစ်တယ်” လို့ ပြည် သူလွှတ်တော် မှာ ဖြေကြားပါတယ်။

သူရိယ စွမ်းအင် စက်သုံးဆီ အရောင်းဆိုင်မှာ ဆီအခြင်အတွယ် မပြည့်မှု အားတိုင်ကြားခြင်း

"စစ်ဆေးရေး အဖွဲ့မှ စက်သုံးဆီ မပြည့်သဖြင့် သတိပေးစာ ပေးပို့ ထားသော်လည်း သူရိယစွမ်းအင် စက်သုံးဆီအရောင်းဆိုင်မှာ   ပြည် သူ လူထုအား ရောင်းချရမည့် ဆီများအား ပွဲစားများအား ခိုးထုတ်ရာင်းချလျှက်ရှိ" ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဆီအခြင်အတွယ်

ရိုဟင်ဂျာဒုက္ခသည် စက်လှေ ဘင်္ဂလား ပင်လယ်အော်မှာ တိမ်းမှောက်



လူတွေအဆမတန် တင်ဆောင်လာတဲ့ စက်လှေတစီး ဗုဒ္ဓဟူးနေ့မှာ နစ်မြုပ်ခဲ့ပြီး အဲဒီအပေါ်မှာ လိုက်ပါလာတဲ့ လှေစီးပြေး ရိုဟင်ဂျာ မူဆလင် ဒုက္ခသည် ၈၅ ယောက် ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာဝန်ရှိ သူတွေက ပြောပါတယ်။