Thursday, November 22, 2012

အရှေ့တောင်အာရှ အားကစားပွဲအမီ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များ ရောင်းချပေးမည်


မြန်မာနိုင်ငံ၌ လာမည့်နှစ် ဇွန်လခန့်မှ စတင်ကာ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များကို အရှေ့တောင်အာရှ အားကစားပွဲအမီ ထုတ်လုပ်ရောင်းချသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက နိုဝင်ဘာ ၁၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်

လယ်မြေများ ပြန်မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံ၍ ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်


ဝါဝါဝင်း ကုမ္ပဏီရှေ့ ၂၂ရက် ကြာ ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့သော် လည်း ထူးခြားမှု တစုံတရာ မရှိ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ လယ် သမားများက ၎င်းတို့ လယ်ယာမြေများ ပြန်လည် မရမချင်း အဖမ်းဆီးခံ၊ အသက်အသေခံပြီး ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း----

မြန်မာ့အလင်းရဲ့ အယ်ဒီတာ့အာဘော် (၂၁-၁၁-၂၀၁၂)



ဒီနေ့ (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့) ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကတော့ လန်ထွက်နေတာပါပဲဗျာ။ မြန်မာသတင်းစာတွေကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေက မကြာခဏ ပြောလေ့ရှိပါတယ်။ အသွင်သဏ္ဌာန်ပိုင်းမှာ သိသိသာသာ ပြောင်းလဲလာ တာကို မြင်တွေ့ရတာကတော့ အမှန်ပါပဲ။ ဒါပေမယ့်အနှစ်သာရပိုင်းနဲ့ ပတ်သက်လို့ ကတော့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိနေသေးပြီး သိသိသာသာကြီး ပြောင်းလဲသွားတာ ကိုတော့ မတွေ့ရသေးပါဘူး။ သတင်းစာကြီးတစ်စောင်လုံးမှာ ကဏ္ဍလေး ၃-၄ ခုလောက် ပြောင်းလဲသွားရုံနဲ့တော့ အနှစ်သာရပိုင်းတွေ ပြောင်းလဲနေပြီလို့ ပြောနိုင်

အလုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသားနှင့် အတင်းအဓမ္မလက်ထပ်ခိုင်းခဲ့သည့်ဖြစ်စဉ်မှ ပါဝင်သူ နှစ်ဦးအား ဖမ်ဆီးစစ်ဆေးလျက်ရှိ အဓိကပါဝင်ကျူးလွန်သူမှာ တိမ်ရှောင်နေ

 
မှုဆယ်မြို့ရှိ စားသောက်ဆိုင်၌ အလုပ်လုပ်ရမည်ဟုဆိုကာ တရုတ်နိုင်ငံ သို့ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံသားနှင့် အတင်းအဓမ္မ လက်ထပ်ခိုင်းခဲ့ သည့်  ဖြစ်စဉ်တွင်ပါဝင်ခဲ့သူနှစ်ဦးအား ဖမ်ဆီးစစ်ဆေးလျက်ရှိပြီး အဓိက ပါဝင်ကျူးလွန်သူမှာ တိမ်းရှောင်လျက်ရှိကြောင်း သတင်းရရှိသည်။ယင်းဖြစ် စဉ် တွင် မသဇင်ထွေးမောင် ၂၆ နှစ်မှာ ဇူလိုင်လ ၁၇ ရက်နေ့တွင်

တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ စည်းစိမ်ရှင်စားသောက်ဆိုင် မီးလောင်



တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ သံသုမာလမ်းနှင့် သစ္စာလမ်းထောင့် ရှိ စည်းစိမ်ရှင်စားသောက်ဆိုင်၏ ဂက်စ်အိုး ဂက်စ်ယိုစိမ့်ရာမှ ညနေ ၅ နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စားသောက်ဆိုင်

မြောက်ကိုရီးယားနှင့် ဆက်ဆံမှု မြန်မာလျှော့ချလာဟု အမေရိကန်ပြော


(RNW မှ 18 Nov 2012 ရက်စွဲပါ US says Myanmar stepping away from North Korea ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုလျှော့ချနိုင်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်မှုများကို လုပ်ကိုင်ထားပြီဖြစ်ကြောင်း သမ္မတအိုဘားမား၏ သမိုင်းဝင် မြန်မာပြည်ခရီးစဉ်မစတင်မီ အိမ်ဖြူတော်က ပြောကြားသည်။

ပြည်ပ အကူအညီပေးတဲ့ အခါမှာ ပြည်သူရဲ့ အင်အားကို ဖြည့်ပေးမှာလား၊အစိုးရရဲ့ အင်အားကိုဖြည့်ပေးမှာလား လို့ ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

 

ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီလန် ၀န်ကြီးချုပ်တို့ တွေ့ဆုံမှု အပြီးတွင် မီဒီယာတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က" မြန်မာနိုင်ငံကို ကူညီပေးမယ် လို့တော့ ပြောထားတာ ရှိပါတယ်။အဲဒီတော့ အန်တီ တို့ အနေနဲ့ ကပြောရရင် အကူအညီပေးတယ်ဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့ပေးပုံပေးနည်းက ဘယ် လိုကူညီမှာလဲပေးပုံပေးနည်းက အရေးကြီးပါတယ်။ပြည်သူရဲ့ အင်အားကို ဖြည့်ပေးမှာ

စည်းကမ်းမဲ့ ရဲတပ်သားတစ်ဦးကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝေဖန်ခံရ

 

မကူညီချင်နေပါ ဒုက္ခမပေးပါနဲ့ 
ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ကျေးရွာ၌ အသက် (၁၅)နှစ်အရွယ် အားရဲတပ်သားချစ်မွေး(အိမ်ထောင်ရှင်)က သား မယားအဖြစ် (၁၀)ရက်ခန့်ပြုကျင့်  ခဲ့ သည် ဆိုကာ ရဲစခန်းသို့တိုင်ကြား    ထားကြောင်း ကာယကံရှင်များနှင့် တာဝန်ရှိ သူ အချို့ထံက သိရှိရ သည်။

မြန်မာအစိုးရတပ်များ KIA တပ်မဟာ(၂) ဌာနချုပ်အား တိုက်ခိုက်ရန်ပြင်ဆင်



ဗမာစစ်တပ်မှ တပ်မ(၁)ခုဟာ ကချင်ပြည်နယ်မှာရှိတဲ့ KIA တပ်မဟော (၂)ကို တိုက်ခိုက် သိမ်းပိုက် ဖို့ ပြင်ဆင် နေကြောင်း ဒေသခံပြည်သူ များ ထံမှ သိရပါတယ် ။ ဒေသခံများ ပြောပြချက် အရ ဗမာစစ်တပ်မှ စစ်ယာဉ် တန်း များေ န့ စဉ်ဖြတ်သန်း သွားနေပြီး လက်နက်ကြီးများ၊ အမြောက်များ၊ ကျည်ဆံ ခဲယမ်းများပါ ပါရှိကြောင်း သိရပါတယ်။ မန္တလး-မြစ်ကြီးနား

ပူတာအိုကပြည်သူတစ်ဦး က ကေအိုင်အေကိုကြောက်နေတဲ့ ကချင် လွှတ်တော် အမတ်တွေ နှုတ်ထွက်ပေးပါတဲ့

တပ်မတော်က ပူတာအို ကပြည်သူတွေအတွက် စားနပ်ရိက္ဓာတွေပို့ဖို့ တံတားတွေပြင်၊လမ်းတွေပြင်လုပ်ေ န တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကမ္ဘာသိအောင် မီဒီယာကနေပြောခဲ့တယ်။အခု ကေအိုင်အေက အဲဒီအ လုပ်တွေကို နှောင့်ယှက်နေတယ်။ စစ်ကြောင်းတွေကို ရင်ဆိုင်မတိုက်ဘဲ မိုင်းတွေခွဲနေတယ်။ ပြည်သူတွေ အတွက် ပို့မယ့်ပစ္စည်းတွေ ပျက်စီးကုန်တယ်။ တပ်မတော်သားတွေထိခိုက်ကျဆုံးကုန်တယ်။ ကချင်ပြည်နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ

မြို့တော်ခန်းမရှေ့၌ တစ်ကိုယ်တော် ဆန္ဒပြသူ အဖမ်းခံရ


http://2.bp.blogspot.com/-D65ZediGLPg/UK37eG8Qw4I/AAAAAAAAilI/Oa-8oMcem70/s200/shwe+myanmar+group.jpg


စစ်ကိုင်းတိုင်း ကောလင်းမြို့ နယ်တွင် ဖြစ်ပေါ်နေသော သစ်ခိုးထုတ်မှုများ တွင်  အောက်ခြေ ဝန်ထမ်းများ  ပါဝင်ကြောင်း ဌာနဆိုင်ရာများသို့ တိုင်ကြားခဲ့သော်လည်း ထိထိရောက်ရောက် အရေးယူမှု မရှိသောကြောင့် ရန်ကုန်မြို့ မြို့တော်ခန်းမအနီးတွင် တစ်ကိုယ်တော်ဆန္ဒပြသူ

ကွေးညွှတ်နိုင်မည့် မိုဘိုင်းလ်ဖုန်း Samsung ထုတ်လုပ်မည်



https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-snc7/305588_10151148627344067_1960917101_n.jpg


တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီး Samsungသည်   ကွေးကောက်နိုင် သည့် Screenမျိုး တပ်ဆင်ထားမည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားကို ထုတ်လုပ်ရောင်းချရန် စတင်လုပ်ဆောင်နေကြောင်း သိရသည်။ ယင်းဖုန်းအမျိုးအစားသစ်ကို Samsungက သုတေသန ပြုလုပ် မှု နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး လာမည့်နှစ်အတွင်း

လာမည့်နှစ်မှ စတင်ကာ မလေးရှား နိုင်ငံသို့ သွားရောက် လုပ်ကိုင်သူများ အနေဖြင့် လုပ်ခလစာ ရင်းဂစ် ၉၀၀ အထိ တိုးမြှင့် ခံစားခွင့် ရရှိမည်



လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး မလေးရှား နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မယ့် သူတွေရဲ့ အခြေခံ လစာကို ၁ လ လျှင် ရင်းဂစ်၉၀၀ နဲ့ တိုးမြှင့် သတ်မှတ်ပြီး ခေါ်ယူဖို့ရှိ တယ်လို့ သုခစုစံ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက် အရ သိရပါ တယ်။ အခုလက်ရှိ မလေးရှား နိုင်ငံသို့ သွားရောက် လုပ်ကိုင်

အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်

ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး သို့မဟုတ် ချစ်သူခင်သူတစ်ယောက် ဆုံးပါး သွားခြင်းတို့သည် အသည်းကွဲခြင်းကို ဖြစ်စေပါသည်။ ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။ စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာ

ဘင်္ဂလာဒေခ်ျ့ သတင်းဌာနကြီး တစ်ခုက မလေးရှား လှေစီးသွားသူ အစစ်အမှန်ကို ဖေါ်ထုတ် ရေးသား


နိုင်ငံတကာ မီဒီယာအများစုက ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စက်လှေများဖြင့် ခိုးထွက်ပြီး မလေးရှားသို့ သွားလာနေကြသူများမှာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေး တိမ်းရှောင် လာရသူ  ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း  ထုတ်ဖေါ်ရေးသား နေကြခြင်းမှာ မဟုတ်မမှန်ဘဲ လိုသည်ထက် တမင်ချဲ့ကား ရေးသားနေကြသည်ဟု

လာမည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများတွင် မိုဘိုင်းဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်း ကျင် အထိ ကျဆင်းမည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (သတင်းအချက်အလက်နှင့် နည်းပညာ ဌာန) မှ UMTS/3G လိုင်း တစ်သန်း တပ်ဆင်တိုးချဲ့မည်ဖြစ်ကြောင်းသိရ သည်။ယင်းကြောင့် လာမည့် ဒီဇင်ဘာနှင့် ဇန်န၀ါရီလများတွင် မိုဘိုင်း ဖုန်းဈေးများ ကျပ် တစ်သိန်းခွဲဝန်းကျင်အထိ ကျဆင်းနိုင် ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ့ တက္ကသိုလ်ပညာရေး အဆင့်မြှင့်တင်ရန် အမေရိကန်တက္ကသိုလ် ၉ ခုနှင့်ပူးပေါင်းမည်

Photo: မြန်မာ့ တက္ကသိုလ်ပညာရေး အဆင့်မြှင့်တင်ရန် အမေရိကန်တက္ကသိုလ် ၉ ခုနှင့်ပူးပေါင်းမည်
==========================================================
မြန်မာနိုင်ငံရှိ တက္ကသိုလ်များ အဆင့်အတန်းမြှင့်တင်နိုင် ရေး အမေရိကန်တက္ကသိုလ် ကိုးခုဖြင့်ပူး ပေါင်း ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာပညာရေးအဖွဲ့အစည်း Institute of International Education (IIE) မှ ဝါရှင်တန်ဒီစီရှိ အမေရိ
ကန်တက္က သိုလ်အပါအဝင် အရီဇိုးနားပြည်နယ်တက္က သိုလ်၊ မြောက်ပိုင်း အရီဇိုးနားတက္ကသိုလ်၊ ဘောလ်ပြည်နယ်တက္ကသိုလ်၊ ဟာဝိုင်ရီပစိ ဖိတ်၊ မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ်၊ မက်ဆာချူးဆက် ဥပဒေဆိုင်ရာတက္ကသိုလ် နှင့် ဝါရှင်တန်တက္ကသိုလ် ၊ စတန်းဖို့ဒ်တက္ကသိုလ် တို့ ပါဝင်သည်။စုစုပေါင်း တက္ကသိုလ်ကိုးခုဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာ ရေးစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် မြန်မာတက္ကသိုလ်များ နှင့်ပူး ပေါင်း ဆောင် ရွက်ရေးမဟာဗျူဟာစီမံကိန်းလုပ်ငန်းအ တွက် အဆိုပါတက္ကသိုလ်များ ကိုရွေး ချယ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပူးပေါင်းဆောင်ရွက်မှုကို တက္ကသိုလ်ပညာရေးကဏ္ဍ ဦးဆောင်မှုအပိုင်းမှ စတင်လုပ်ဆောင်သွား မည်ဟု သိရသည်။
''မြန်မာနိုင်ငံက တံခါးပိတ်ဝါဒ ကြောင့် အခြေခံအဆင့်ကနေတက္ကသိုလ် အဆင့်အထိ နှစ် ၅ဝလောက် ကမ္ဘာကြီး နဲ့ပြတ်ကျန်နေခဲ့တယ်။ ကမ္ဘာ့နံပါတ် (၁)နိုင်ငံကြီးနဲ့ ပညာရေးဆိုင်ရာ အကူအညီ တွေရတာ တကယ့် အားဆေးတစ်ခုပါပဲ။ လူငယ်တွေ အနာဂတ်အတွက် ဝမ်းသာ စရာပါ။ ရတဲ့အခွင့်အရေး ကိုချုပ် ကိုင်ပြီး ပညာရေးကိုစီမံခန့်ခွဲတဲ့သူတွေ၊ တာဝန်ရှိသူ အကုန်လုံးနဲ့ပြောင်းလဲနိုင်ရပါမယ်။ သင်ရိုး ပြောင်း ရုံ၊စနစ်ပြောင်းရုံနဲ့ မပြီးပါဘူး''ဟု မြန်မာနိုင်ငံပုဂ္ဂလိကဆရာများအသင်းချုပ် မှ ဒေါက်တာ စိုးဝင်း ဦးက ပြောသည်။
''မြန်မာ့လူ့အခွင့်အရေးနဲ့ဒီမို ကရေစီအရေးမြှင့်တင်ဆောင်ရွက်ရေးမှာ အရင်တုန်းက လက်တွဲ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အမေရိကန်တက္ကသိုလ် တွေနဲ့ဆက်သွယ်ဆောင်ရွက် မှုတွေရှိခဲ့ပါ တယ်''ဟု ASEAN Study Centre ညွှန်ကြားရေးမှူး နှင့်နိုင်ငံတကာဌာနပါမောက္ခ ဒေါက်တာ ပတ်ခ်ခွန်းဟန်း က ပြည်ပမီဒီ ယာသတင်းဌာနထုတ်ပြန်ချက်တွင် ပြော ကြားထားသည်။

ယင်းကဲ့သို့ပူးပေါင်းမှုများနှင့် ပတ်သက်၍ Crown Education ၏အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်ဆန်း က ''ပူးပေါင်းဆောင်ရွက်မှုမှာ ထင်သာမြင်သာ တဲ့ဆောင်ရွက်မှုတွေ ဖြစ်ဖို့လိုတယ်။ ရန် ကုန်တက္ကသိုလ် ကပေးတဲ့ဘွဲ့တွေကို အမေ ရိကန်က အသိအမှတ်ပြုနိုင်တဲ့အထိဖြစ်ဖို့ လိုအပ်တယ်။ Student Exchange Pro-gram တွေအတွက် ဒီကဘာသာရပ်တွေနဲ့ အမေရိကန် ဘာသာရပ် တွေပူးပေါင်းပြီး Dual Award တွေပေးနိုင်ခဲ့ရင် ကျောင်း သားအတွက် အပြန်အလှန် အကျိုးရှိနိုင် မယ်''ဟု ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့ သည့် အမေရိကန်သမ္မတ အိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း၌လည်း ''ဒီနိုင်ငံရဲ့ အနာဂတ်ကို ဒီနိုင်ငံရဲ့လူငယ်တွေရဲ့ပညာရေး ကပဲ အဆုံးအဖြတ်ပေးမှာဖြစ်တဲ့အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ တစ်ချိန်က ကြီးကျယ် ခမ်းနားမှုကိုပြန်လည်ရရှိအောင် ဆောင် ကြဉ်းကြရ မယ်''ဟု ထည့်သွင်း ပြောကြားခဲ့သည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Yangon Media Group


မြန်မာနိုင်ငံရှိ တက္ကသိုလ်များ အဆင့်အတန်းမြှင့်တင်နိုင် ရေး အမေရိကန် တက္ကသိုလ် ကိုးခုဖြင့်ပူး ပေါင်း ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရ သည်။ထိုသို့ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာပညာရေးအဖွဲ့အစည်း Institute of International Education (IIE) မှ ဝါရှင်တန်ဒီစီရှိ အမေရိ
ကန်တက္က သိုလ်အပါအဝင် အရီဇိုးနားပြည်နယ်တက္က သိုလ်၊ မြောက်ပိုင်း

ဒီမိုကရေစီ တကယ်လိုလားရင် ဖွဲ့စည်းပုံကို ပြင်မှဖြစ်မယ်လို့ ဒေါ်စုကြည် ပြောကြား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အာင်ဆန်းစုကြည် က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီနည်းမကျတဲ့ လက်ရှိဖွဲ့စည်းပုံ
အခြေခံဥပဒေ
ကို မလွဲမသွေပြုပြင်ဖို့လိုကြောင်း ပြောဆိုလိုက်ပါ တယ်။
RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း

လောင်စာဆီ မှောင်ခို အကြီးအကျယ် တင်သွင်းခဲ့


https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/533775_352504064844758_276078042_n.png

ပရွှေသံလွင် အပါအ၀င် ကုမ္ပဏီကြီးတချို့ဟာ အကောက်ခွန် အနည်း ငယ်လောက်ပဲ ဆောင်ပြီး လောင်စာဆီ မှောင်ခိုတင်သွင်းမှုတွေ အကြီးအကျယ် လုပ်နေလို့ နိုင်ငံအတွက် ၁ နှစ် အခွန် ကျပ်ငွေ ၆၀ ဘီလီ
ယံလောက် နစ်နာနေကြောင်း ရန်ကုန်တိုင်း လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာဝင်းမြင့်က ပြောပါတယ်။

အသရေဖျက်မှုဖြင့် PDP ပါတီ ခေါင်းဆောင်များ အဖမ်းခံထားရ


မန္တလေးမြို့အခြေစိုက် ပြည်သူ့ဒီမိုကရေစီပါတီ (People Democracy Party – PDP) ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး မမှန်မကန်စွပ်စွဲမှု၊ အသရေ ဖျက်မှုတို့ဖြင့် ကချင်ပြည်နယ်အစိုးရက တရားစွဲဆိုထားသဖြင့် သက်ဆိုင် ရာဒေ သများ၌ တရား ရင်ဆိုင်နေရပြီး အာမခံမရဘဲ ဖမ်းဆီးခံထား ရကြောင်း PDP    ပါ တီ က ပြောသည်။

မီးတောင် တစ်ခု ပေါက်ကွဲမှု ဖြစ်ပွား

နယူးဇီလန် နိုင်ငံ မြောက်ပိုင်းကျွန်း အလယ်ပိုင်းရှိ တန်ဂါရီယို မီးတောင် သည် နိုဝင်ဘာ ၂၁ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ပေါက်ကွဲ ခဲ့ကြောင်း ဘူမိဗေဒနှင့် နျူကလီးယား သိပံ္ပပညာ ရပ်ဆိုင်ရာ တက္ကသိုလ် (GNS Science) မှ ထုတ်ပြန် ကြေညာ ခဲ့သည်။

ရခိုင်ဒုက္ခသည်များ အတွက် တစ်လ ဒေါ်လာ တစ်သန်းခန့် ကုန်ကျ


တစ်ကျော့ပြန် ပဋိပက္ခကြောင့် လူပေါင်း ၉၀ နီးပါး သေဆုံး ခဲ့သော ရခိုင်ပြည်နယ် တွင် ဒုက္ခသည် တစ်သိန်းကျော်ခန့် အတွက် နေထိုင် စားသောက် စရိတ် တစ်လလျှင် ဒေါ်လာ တစ်သန်းခန့် ကုန်ကျလျက် ရှိကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောကြားသည်။

မီတာဘီလ်များကို အွန်လိုင်းမှပေးဆောင်နိုင်ပြီ


အွန်လိုင်းမှ မီတာဆောင်နိုင်သောစနစ်ကို နေပြည်တော်နှင့် မန္တလေးမြို့ တွင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ သိရ
သည
်။ အဆိုပါဘဏ်တွင် Online Payment အကောင့် တစ်ခု ဖွင့် ကာ
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကွန်ဂိုနိုင်ငံရှိ အရေးပါသော မြို့တစ်မြို့ကို သူပုန်များက ဝင်ရောက်သိမ်းပိုက်



http://i48.tinypic.com/nywi0z.jpg


ကုလသမဂ္ဂ အနေဖြင့် ကွန်ဂိုနိုင်ငံတွင် အချက်အခြာ မြို့တစ်မြို့ကို သူပုန်များ ဝင်ရောက် သိမ်းပိုက်မှုအပေါ် မတားဆီးနိုင်ခဲ့သဖြင့် ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည်။ ခေါင်းဆောင်းအပြာ ဝတ်ဆင်သော ကုလသမဂ္ဂ တပ်များသည် အစိုးရ ဆန့်ကျင်ရေး အင်အားစု သူပုန်တပ်များ အင်နှင့်အားနှင့် ဝင်ရောက်လာချိန်တွင် ဂိုမာမြို့အား ဆက်လက် စောင့်ေ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများတွင် ခိုးဝင်လာသူနှင့် မူလနေထိုင်သူကို စစ်ဆေးနေဆဲဖြစ်ပြီး ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးပြောကြား (သတင်းအပြည့်အစုံ)


thn-21-11-12-5

ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသော ဘင်္ဂါလီများတွင် မူလနေထိုင် သူနှင့် ခိုးဝင်လာသူကို  ကွဲပြားစေရန် စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပြီးပါက ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာ ၂၁ရက်နေ့က ပြည်တွင်း၊ ပြည်ပ မီဒီယာ များနှင့်

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် အကျဉ်းကျ ခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်



တပ်မတော် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ် ကျခံ ခဲ့ရသော နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သော ဦးသိန်းထွန်းသည်။  အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ် အတွင်း ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် အရ လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ဝင်များ

Facebook က အလုပ်အကိုင် ရှာပေးမယ်



နှစ်အနည်းငယ်အတွင်း သုံးစွဲသူ တဟုန်ထိုး များလာနေတဲ့ Facebook က  အလုပ်အကိုင် ရှာဖွေရေးအတွက်ပါ သီးသန့် ဝန်ဆောင်မှု ပေးတော့ မယ် ဆိုပါတယ်။Facebook ရဲ့ လုပ်ရပ် ဟာ အလုပ်အကိုင် ရှာဖွေရေး ကွန်ရက်မှာ နာမည်ကြီးတဲ့ လင့်ခ်ဒင်  ( LinkedIn )  ကို ခြိမ်းခြောက် လိုက် တာပဲ ဖြစ်ပါတယ်။

"ရန်ကုန် တက္ကသိုလ်တွင် ၁၇ နှစ်ကြာ တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ဂုဏ်ထူးတန်း လာမည့်ပညာသင်နှစ်တွင် ပြန်လည်စတင်မည်"


၁၉၉၆ ခုနှစ် နောက်ပိုင်း ၁၇ နှစ်ကြာ ဂုဏ်ထူးတန်း တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် လာမည့်ပညာသင်နှစ်မှ စတင်ပြီး ဦးရေသတ်မှတ်၍ ပြန်လည်လက်ခံ သင်ကြားပေး သွား ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။

ကုလားများ၏တရားမ၀င်ဆောက်လုပ်ထားသောနေအိမ်များကိုဖယ်ရှားရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်းသိရှိရ

https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-prn1/c38.0.403.403/p403x403/65133_372988012792738_1740875232_n.jpg

စစ်တွေမြို့နယ်အတွင်း ဆောက်လုပ်လျက်ရှိသော နေအိမ်များစွာသည် တရားမ၀င်ဆောက်လုပ်ထားသဖြင့် ချက်ချင်း ဖယ်ရှားပေးရန် ပြည်နယ် အစိုးရ အဖွဲ့မှ ညွှန်ကြားထားကြောင်းသိရသည်။ထိုသို့တရား မ၀င်ဆောက်လုပ် ထားသော နေအိမ်များမှာ သဲချောင်းဝတ်ဝန်း ကျင်ရှိ နေအိမ်များဖြစ်ပြီး အစိုးရမှ ခွင့်ပြုချက်မရှိဘဲ ကိုယ်သဘောနှင့်

လက်ပန်းတောင်းတောင် သပိတ်စခန်း ၄ ခုအထိ တိုးချဲ့ဖွင့်လိုက်ပြီ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သပိတ်စခန်း (၄) ခုအထိဖွင့်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ဒီကနေ့ မှာတော့ လက် ပန်းတောင်းတောင်ခြေ သပိတ်စခန်းကနေ ညောင်ပင်ကြီး ရွာအထိ သံဃာတော်တွေနဲ့ ဒေသခံလူထု (၇၀၀)ကျော်ဟာ

အစ္စရေးနှင့်ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရ

http://graphics8.nytimes.com/images/2012/11/21/world/middleeast/20121121-GAZA-slide-4PBF/20121121-GAZA-slide-4PBF-articleLarge.jpg
ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး အစ္စရေးနှင့်ဟားမတ်စ်တို့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာသည်။ ထို့အတူ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာ ဟူကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားသည်။

အစ္စရေးဒုဝန်ကြီးချုပ်၏ အင်တာနက်အကောင့်များ hack လုပ်ခံရ

http://rt.com/files/news/anonymous-hack-israel-vice-prime-minister-200/i1e6e85de10777f68da0ce562fa656d09_facebook.jpg
အစ္စရေး ဒုတိယဝန်ကြီးချုပ် ဆေလ်ဗန်ရှလွန်းမ်၏ Facebook, Twitter, LinkedIn နှင့် YouTube အကောင့်များ hack လုပ်ခံရပြီး ပါလက်စတိုင်း ထောက်ခံအားပေးသည့် status updates များ တင်သွားခဲ့ကြောင်း သိရသည်။ အစ္စရေး ဒုတိယဝန်ကြီးချုပ်၏

လှိုင်သာယာ လယ်သမားတွေ ဆက်လက်တိုက်ပွဲဝင်



ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာ ၄ ရွာက လယ်သမားတွေဟာ လသာမြို့နယ်က ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြနေတာ ၃ ပတ်ကျော်ကြာအပြီး ဒီကနေ့မနက်ပိုင်းမှာ

မတရား ဖမ်းဆီးထောင်ချခံရ ရခိုင်အမျိုးသမီး လွတ်မြောက်ရေး RWU မှ သမ္မတဦးသိန်းစိန်ထံ စာရေး တောင်းဆို


http://www.narinjara.com/burmese/wp-content/uploads/2012/11/RWU.jpg

ထောင် (၂) နှစ် ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် မောင်တောမြို့မှ ရခိုင်အမျိုးသမီး တစ်ဦးအား ချွင်းချက်မရှိ ပြန်လွှတ်ပေးပါရန် ရခိုင်အမျိုးသမီး အစည်းအရုံး ( RWU) က သမ္မတကြီး ဦးသိန်း စိန်ထံ စာရေး မေတ္တာရပ်ခံလိုက်သည်။ဒက္ကားမြို့ အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး အနေဖြင့် အဆိုပါ ဒေါ်မသိန်းဆိုသူ အမျိုးသမီး

မလေးရှား လူမှောင်ခို သင်္ဘောသို့ လူတင်ပို့ရန်သွားသည့် စက်လှေနစ်၍ လူ ၁၀ ဦးပျောက်ဆုံး


http://www.narinjara.com/burmese/wp-content/uploads/2012/11/Bangladesh-coast-guard-rescue-team.jpg

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ဝရှိ စိန်မာတင်ကျွန်းမှ ပင်လယ်ထဲတွင် ရပ်နားထားသော လူမှောင်ခို သင်္ဘောပေါ်သို့  လူတင်ပို့ရန် သွာသည့် စက်လှေနစ်မြုပ်သွားသဖြင့် လူ ၁၀ နီးပါး ပျောက်ဆုံး နေသည်ဟု သိရသည်။နိုဝင်္ဘာလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းက လူပေါင်း ၄၀ ကို စိန်မာတင်ကျွန်းမှ တင်ဆောင်လာသော အဆိုပါ စက်လှေသည်

၂၀၃၀ မှာ မြန်မာတွေ သူဌေးဖြစ်မည်ဟု (ADB) က ထုတ်ပြန်


မြန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက် သွား ပါ က နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank

နျူကလီယားမပြန့်ပွားရေး မြန်မာလက်မှတ်ထိုးမည်



မြန်မာအစိုးရကအဏုမြူလက်နက်မပြန့်ပွားရေးနဲ့ပတ်သက်ပြီးတော့ နောက် ဆက်တွဲ လိုက်နာရမယ့် အချက်တွေကို နိုင်ငံတကာ အဏုမြူစွမ်း အင် အေဂျင်စီ IAEA နဲ့ သဘောတူ လက်မှတ်ရေးထိုးဖို့ သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်း မြန်မာအစိုးရဟာ မြောက်ကိုရီးယား၊ ရုရှားတို့နဲ့

ASEAN လူ့အခွင့်အရေး ကြေညာစာတမ်းကို အမေရိကန် ဝေဖန်



အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN မကြာသေးခင်ကပဲ အတည်ပြုခဲ့ တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းဟာ နိုင်ငံ တကာ စံချိန် စံညွှန်းတွေ နဲ့ မကိုက်ညီဘဲ ဒေသတွင်းမှာ ဖိနှိပ်အုပ်ချုပ်တဲ့အစိုးရတွေက သူတို့အကျိုးအတွက် တလွဲအသုံးချနိုင် တယ်လို့ အမေရိကန်ပြည်ထောင်စု က သတိပေးလိုက်ပါတယ်။

မွမ်ဘိုင်းအကြမ်းဖက်သမား အိန္ဒိယသေဒဏ်စီရင်




၂၀၀၈ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လူ ၁၆၆ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေထဲက တဦးတည်းသော အသက်ရှင်သန် ကျန်ရစ်သူကို အိန္ဒိယနိုင်ငံက သေဒဏ်စီရင်လိုက်ပြီဖြစ်ပါ တယ်။

CNF နှင့် ငြိမ်းကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့မည်




ချင်းအမျိုးသား တပ်ဦး (CNF) နှင့် အစိုးရ ကိုယ်စားလှယ်တို့ သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။