Saturday, November 24, 2012

စစ်ကိုင်း အောင်တော်မူ မြနန္ဒာ ဘုရားအနီးရှိ ရေသိုလှောင်ကန်ပြိုကျ

စစ်ကိုင်းတောင်ရိုးရှင်ဖြူရှင်လှဘုရားသို့သွားရာလမ်းအနီးအထက်မင်းဘူးချောင်တောင်ပေါ် ရှိ အောင်တော်မူ
မြနန္ဒာ ဘုရား အနောက်ဘက်တောင် ကမ်းပါး ယံတွင် ဆောက်လုပ် ထားသော ရေသိုလှောင်ကန်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရုတ်တရက် ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ "မနက်ခင်း ကထိန်လှူဒါန်းဖို့ ဆွမ်းချက်နေတုန်း ဝုန်း ဆို အသံကြီးကြားပြီး ပြိုကျတာ ရေကန်ပွင့် ထွက်ပြီး ရေတွေလျှံထွက်ကုန်တယ် ငလျင်လှုပ်တယ် ထင်ပြီး တော်တော် လန့်သွားကြတယ်" ဟု

မြန်မာ-အိန္ဒိယ ပူးပေါင်းသည့် Myanmar Institute of Information Technology (MIIT) နည်းပညာတက္ကသိုလ် မန္တလေးတွင် တည်ဆောက်ရန် စီစဉ်


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ မန္တလေးမြို့တော် ၇၃ လမ်း မဟာမန္တလေးမြို့တော် စီမံကိန်းအနီးတွင် Myanmar Institute of Information Technology (MIIT) တက္ကသိုလ် တည်ဆောက်ရန် ဆွေးနွေးလျက်ရှိကြောင်း မန္တလေးမြို့တော် အိန္ဒိယကောင်စစ်ဝန်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ တက္ကသိုလ်ကို အိန္ဒိယအစိုးရက ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ အိုင်တီနည်းပညာပိုင်းဆိုင်ရာ

စက်သုံးဆီမှောင်ခိုတင်သွင်းမှုကြောင့် နိုင်ငံတော်အခွန်ငွေများနစ်နာနေ

အစိုးရသစ်လက်ထက်မှစတင်၍ မြန်မာနိုင်ငံအတွင်း စက်သုံးဆီလွတ်လပ်စွာ တင်သွင်းရောင်းချခွင့် ပြုထားသော် လည်း မသမာသူအချို့မှ စက်သုံးဆီမှောင်ခို အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော် တင်သွင်းခဲ့သည့်အတွက် နိုင်ငံတော် အခွန်ငွေ ကျပ် ၆၀ ဘီလီခန့် နစ်နာဆုံးရှုံးခဲ့ရကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဝင်းမြင့် က ပြောကြား သည်။

ရခိုင်ပြည်နယ်မှ အိုးအိမ်မဲ့များအတွက် အရေးပေါ်အကူအညီများ ပို့ဆောင်

(Scoop Independent News မှ 24 Nov 2012 ရက်စွဲပါ "Emergency Aid for Displaced in Myanmar's Rakhine State"သတင်းကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မကြာသေးမီက လူမျိုးစုအဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူများအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ပို့ဆောင်မှုကိုစတင်နေပြီပာု ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက ယနေ့ထုတ်ပြန်ကြေညာ သည်။ယခုသီတင်းပတ်ဒူဘိုင်းမှ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်နှစ်ခုတွင် ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခသည်(IDPs)၁၇၅၀၀ ခန့်အတွက် မိသားစု နေနိုင်သောအရွယ် ယာယီရွက်ဖျက်တဲ ၃၅၀၀ ခန့် ပါဝင်မည်ပာု ဆိုသည်။

ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ

Photo: ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ။ ပထမဆုံးကိုယ့်ဖုန်းက Wi fi ကိုအရင်ဆုံးဖွင့်ပြီး ဘုရားက Hotspot ကို ချိတ်ပါ။ ပြီးရင် 188133 ကို mmspot ဆိုပြီး Message ပို့လိုက်ပါ။ Password ပြန်လာပါလိမ့်မယ်။ ပြီးရင် Browser ဖွင့်လိုက်တဲ့အခါ Password Code ထည်ရမဲ့ Page auto တက်လာပါလိမ့်မယ်။ ပြန်လာတဲ့ code ထည့်ပြီးသုံးနိုင်ပါပြီ။ ၄၅ မိနစ် ရမယ်ပြောပါတယ်။ ဒီဟာကိုအဲဒီ Connection သုံပြီးရေးပါသည်။ via Ko Char

from- အဘ ဥက္ကာကိုကို
ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ။ ပထမဆုံးကိုယ့်ဖုန်းက Wi fi ကိုအရင်ဆုံးဖွင့်ပြီး ဘုရားက Hotspot ကို ချိတ်ပါ။ ပြီးရင်       188133 ကို mmspot ဆိုပြီး Message ပို့လိုက်ပါ။Password      ပြန်လာပါလိမ့်မယ်။   ပြီးရင် Browser ဖွင့်လိုက်တဲ့အခါ Password Code      ထည်ရမဲ့ Page

မွတ်စလင်တွေကို ဘန်ကောက်ပို့ စ် အယ်ဒီတာအာဘော်က တွယ်လိုက်ပြီ...


Turkey would rather avoid questions when asked about the government's harsh treatment of its critics and Kurdish political activists.,ရိုဟင်ဂျာပြဿနာကို မွတ်စလင်ကမ္ဘာမှာ ပို၍ အာရုံစူးစိုက်မှုရလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြိး Ahmet Davutoglu ကို ရခိုင်ဒေသကို စေလွှတ်ခဲ့သော

အရက်မခိုးရ


ပွဲတော်ည မတိုင်ခင်တစ်ညမှာ လူတစ်ယောက်က အရက်အိုးတစ်လုံးကို အိမ်ရှေ့မှာ ချထားခဲ့တယ်။ ဒုတိယမနက်မှာ အိုးထဲကအရက်တွေ ၄ပုံ၁ပုံလျော့နေတာကို သူတွေ့တော့ "အရက်မခိုးရ" ဆိုတဲ့ စာတန်းကို အိုးပေါ်မှာ ရေးကပ်ထားလိုက်တယ်။ တတိယမနက်မှာ

မြန်မာ့တပ်မတော်ထုတ် လက်နက်ငယ်များ ပုံစံသစ်ဖြင့်ထွက်ရှိလာ


ယခင်က အစ္စရေးတပ်မတော်သုံး galil rifle များကို အတုယူပြီးထုတ်လုပ် သည်ဟု ပြော ဆိုနေသော မြန်မာ့တပ်မတော်(Myanmar Army-MA)စီးရီး လက်နက်များ အထဲမှ လက်နက်ငယ်များအား တရုတ်နိုင်ငံတပ
်မတော်သုံး QBZ ဒီဇိုင်းများဖြင့် ထွက်ရှိလာပါတယ် ။ ၄င်းQBZ များသည် Bullpup(မောင်းခလုတ် နောက် တွင်ကျည်အိမ် နှင့်မောင်းပြန် စစ်စတမ်

လယ်တီ ထီးတော်နှင့် စိန်ဖူးတော် ဦးအောင်မင်း လှူလို


စံခလပူရီ (မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ကြေးနီစံမံကိန်း ဧရိယာအတွင်းရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်မှ ထီးတော်နှင့် စိန်ဖူးတော်အား လှူဒါန်းလိုကြောင်း ဝန်ကြီး ဦးအောင်မင်း က သံဃာတော်များကို  လျှောက်ထားလိုက်သည်။

သံဖြူ ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ အတွင်းသိုကောင်းကင်မှ ထူးဆန်းစွာ ကျလာသည့် သံသတ္တုပစ္စည်းမျာ့းကျရောက်လာ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် သံဖြူ ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ အတွင်းသို့ ကောင်းကင်ပေါ်မှ အလျား ၂ ပေ ၆လက်မ၊ အနံ ၆ လက်မ၊ အလေးချိန် ၄ ပေါင်ခန့်ရှိ သည့် သတ္တု(သံကျွတ်) အပိုင်း

နေပြည်တော် ရာဇဌာနီလမ်းနှင့် ပန်းခင်းလမ်းဆုံ မီးပွိုင့်၌ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွား


ယနေ့ညနေလေးနာရီခန့်အချိန်တွင် ရာဇဌာနီလမ်းနှင့် ပန်းခင်းလမ်းဆုံ မီးပွိုင့်၌ ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ရာ ကားပေါ်ပါရှိသူ (၇) ဦး အနက် (၂)ဦးပွဲချင်းပြီးသေဆုံးက (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည် ။ သေဆုံးသူနှစ် ဦး မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး

ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ

ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အ
လိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

တိုင်းရင်းသားကျောင်းသားတွေနဲ့ နယ်စပ်ဝန်ကြီး ပြေလည်မှုတချို့ရရှိ


စစ်ကိုင်းတိုင်း ရွာသစ်ကြီး တိုင်းရင်းသားဖွံဖြိုးရေး တက္ကသိုလ်ကိုေ၇ွ့ ပြောင်းခံရတဲ့ မန္တလေး တိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ ဖြိုးရေး ဒီဂရီကောလိပ်က ကျောင်း သူ ကျောင်းသားတွေဟာ သူတို့ ရဲ့ မူလ ကျောင်းဟောင်းမှာ ပြန်လည် ပညာသင်ကြား ခွင့်ရ ရေးအတွက် တောင်းဆိုနေတာ ဒိကနေ့မှာတော့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ပြေလည်မှု တချို့ရရှိခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသကို ဒေါ်အောင်ဆန်းစုကြည်လာမယ်



မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပံတောင်းတောင်ကို လာရောက်လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း လက်ပံတောင်းတောင်ကို ယမန်နေ့က သွားေ ရာက်ခဲ့ပြီး သပိတ်မှောက် ခေါင်းဆောင် မသွဲ့သွဲ့ဝင်းနဲ့ လည်း တွေ့ဆုံခဲ့

ဖမ်းဆီးခံ ရခိုင်အမျိုးသား (၆) ဦး စစ်တွေတွင် ဒုတိယ အကြိမ် ရဲက ရမန်ယူ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ဖမ်းဆီးခံထားရသောရခိုင်အမျိုးသား ၆ ဦးကို စစ်တွေတွင် ရဲတပ်ဖွဲ့က နောက်ထပ် ရမန် (၆)ရက်ယူသည်ဟု သတင်းရရှိသည်။မြောက်ဦးမြို့မှစစ်တွေမြို့အမှတ်(၁)ရဲစခန်း သို့ ပြောင်ရွှေ့ လာပြီးနောက် ဒုတိယ အကြိမ် ရမန်ယူကာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသားများလည်း ပါဝင်စို့

ကြယ်ပြာ ~
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ေ ရးနေ့ အထိမ်းအမှတ်အနေဖြင့် စုပေါင်း လမ်းလျှောက်ပွဲ နဲ့  ဖျော်ဖြေပွဲ တစ်ခုကို ရန်ကုန်မြို့မှာ ယခုလ၂၅ ရက် (တနင်္ဂနွေနေ့) မှာ ပြုလုပ် သွားရန် ရှိပါတယ်။ 

ကသာမြို့နယ် မိုးတားလေးဘိနယ်အတွင်း တရားမ၀င်သစ်လုံးများဖမ်းဆီးမိ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် မိုးတား ဘိနယ် နန့်နာကြိုးဝိုင်းအတွင်းတွင် တရားမ၀င်သစ်လုံးများ၊      သစ်ခွဲသားများ၊
သစ်ခွဲစက်များကို ကသာ ခရ
ိုင်သစ်တော ဦးစီးဌာန မှ ဖမ်းဆီး မိခဲ့ေ ကြာင်းသိရပါသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ အာဆီယံနှင့် မြန်မာနိုင်ငံအပေါ် သဘောထားအမြင်



အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန်ပင်နက်တာတို့ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးရာ တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးမှ အာဆီယံဒေသည် ပိုမိုအရေးပါ လာကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးသည် အရေးကြီးကြောင်း၊ မလက္ကာ ရေလက်ကြား လုံခြုံရေးသည် ပင်လယ်ရေကြောင်း သွားလာရေးအတွက် အရေးကြီးကြောင်း၊

၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာာကြီး ပျက်သုဉ်းမည် ဆိုသော မာယာပြက္ခဒိန်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ


ကမ္ဘာကြီးအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ပျက်သုဉ်းမည်ဟု မာယာပြက္ခဒိန်တွင် ရေးသား ဖော်ပြထားခြင်း မရှိသည့် အချက်ကို ကျွမ်းကျင်သူများက ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။ကမ္ဘာပျက်မည့်နေ့ကို ကြိုတင် ဟောကိန်းထုတ်မှုမှာ စာရေးဆရာများနှင့် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ် သူများ၏ စိတ်ကူးစိတ်သန်း သာဖြစ်ပြီး မက္ကဆီကို

စဉ်းစားသုံးသပ်လာစရာလိုပြီဖြစ်သော တက္ကသိုလ်ဝင်တန်းမေးခွန်း

သင်ရိုးညွှန်တမ်း စာအုပ်တစ်အုပ်တွင် အခန်း (၁၂)ခန်း ပါဝင်ရာ (၄)ခန်းကျက်ရုံနှင့် အမှတ်(၆၀)၀န်းကျင်ရကာ    စာမေးပွဲအောင်မြင်နိုင်
သည်ဟုဆိုလျှင်       သင်အံ့ သြမည်လား။              အ
ံ့သြစရာမရှိပါ။
ယနေ့ မြန်မာနိုင်ငံ တွင် အရေးကြီးဆုံးဟုသတ်မှတ်ခံထားရသည့် တက္ကသိုလ်ဝင်တန်းစာ မေးပွဲ ၏ ဇီဝဗေဒမေးခွန်းပါ။ ကျောင်း သား/

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းပေးဖို့အတွက်ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်ဦးလှမောင်ရွှေတို့လာရောက်ညှိနှိုင်း

Photo: လက်ပံတောင်းအရေး ဦးအောင်မင်းလာညှိနှိုင်း
Saturday, November 24,2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးဖို့ အတွက် တောင်းဆို ဆန္ဒပြနေ ကြသူ တွေဆီကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ ဦးလှမောင်ရွှေ တို့ လာရောက်ညှိနှိုင်းခဲ့ကြပါတယ်။

ဘာတွေ ညှိနှိုင်းခဲ့သလဲဆိုတာကို အဲဒီက ဆန္ဒပြနေသူ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို ဆက်သွယ်မေးကြည့်တော့ အခုလာရောက် ကြရာမှာ အထက်ကိုတင်ပြဖို့ သပိတ်စခန်းရဲ့ဆုံးဖြတ်ချက်ကိုလာယူကြတာ
 ဖြစ်ကြောင်းအစောပိုင်းက မြန်မာနိုင်ငံ ထမင်းငတ်စဉ်တုန်းက တရုတ်က
 ကျွေးထားခဲ့လို့ တရုတ်ကို ကျေးဇူးဆပ်ရမယ်လို့ ပြောခဲ့ကြောင်း ပြော
ပါတယ်။

ဆန္ဒပြသူတွေက မြန်မာနိုင်ငံက သယံဇာတတွေ၊ ပဲခူးရိုးမလို သစ်တောကြီး
တွေ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ တရုတ်ကုပ်သွေးစုပ်တာ ခံနေရလို့ တရုတ်ကို ကျေးဇူးမဆပ်နိုင်ကြောင်း ပြန်လည် ပြောကြားခဲ့ရာမှာ ဝန်ကြီး
 တွေဘက်က သူတို့ဆုံးဖြတ်လို့မရတဲ့ကိစ္စ ဖြစ်လို့ အထက်ကို တင်ပြပေးမှာ
 ဖြစ်တယ်လို့ ပြောကြောင်း ဆိုပါတယ်။

အခု ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေထဲကို ဝင်ရတာကတော့ ဒီစီမံကိန်းကိုရပ်ပါလို့ တစာစာ အော်နေပေမယ့် လုံးဝမရပ်တဲ့အတွက်
ကြောင့် အခုလိုမှ ဝင်မတားရင်ရပ်မှာမဟုတ်လို့ အခုလို ဝင်တားရတာ
 ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာပိုင် တွေဘက်ကတော့ ခုထက်ထိ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံ သေးကြောင်း၊ ဒါပေမယ့်လည်း လက်နက်အင်အား အပြည့်၊ ရဲအင်အား အပြည့်နဲ့ လုံခြုံရေးတွေချထားတဲ့ အကြောင်းနဲ့ ဘယ်အချိန် ဘာလုပ်မလဲ မပြောတတ် ကြောင်းလဲ ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေး မြို့တွေ အပါအဝင် မြို့နယ် ၁၆ ခုလောက်မှာ ဆန္ဒပြပွဲ
 တွေလုပ်မှာကတော့ အခုလို နစ်နာဆုံးရှုံး နေမှု တွေများနေလို့ ထပ်တူ ခံစား ရသူတွေက ဒါဟာ မြန်မာနိုင်ငံရဲ့အရေးဆိုပြီး သူတို့ ရင်ထဲက ဆန္ဒအတိုင်း ဘယ်သူမှမလှုံ့ဆော်ဘဲ ဆန္ဒပြကြတာ ဖြစ်ကြောင်းလည်း
 ပြောကြားခဲ့ပါတယ်။

ဒီလို လက်ပံတောင်းတောင် အရေးတွေ ပိုပြီးကျယ်ပြန့်လာသလို ဖြစ်လာ
နေချိန်မှာ ပြည်သူ့လွှတ်တော်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လက်ပံတောင်းတောင် စီမံကိန်းနဲ့ပတ်သက်ပြီး အရေးတကြီးအဆိုတင်သွင်းခဲ့ရာမှာ လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။

အဲဒီ အဆိုအရ ပြည်သူလူထုက ယုံကြည်ကိုးစားတဲ့ပုဂ္ဂိုလ်၊အဖွဲ့အစည်းနဲ့
 ပြည်တွင်း ပြည်ပက ပညာရှင်တွေ၊ အဖွဲ့အစည်း တွေပါဝင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတော်အဆင့် ကော်မရှင်တရပ် ဖွဲ့စည်း ပြီးရင် ဒီစီမံကိန်းနဲ့ ပတ်သက်လို့ စစ်ဆေး တွေ့ရှိချက်တွေကို ပြန်လည် တင်ပြလို့ ဒေသခံတွေ
ရဲ့ နစ်နာချက်တွေကို ကျေနပ်အောင် ညှိနှိုင်းသွားမှာဖြစ်တယ်လို့ သိရ
ပါတယ်။

BBC
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးဖို့ အတွက်  တောင်း ဆို ဆန္ဒပြနေ ကြသူ တွေဆီကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ ဦးလှမောင်ရွှေ တို့ လာရောက်ညှိနှိုင်းခဲ့ကြ ပါ တယ်။ ဘာတွေ ညှိနှိုင်းခဲ့သလဲဆိုတာကို အဲဒီက ဆန္ဒပြနေသူ ဝက်မှေး ရွာသူ မသွဲ့သွဲ့ဝင်းကို ဆက်သွယ်မေးကြည့်တော့ အခုလာရောက်

အီဂျစ်နိုင်ငံတွင် သမ္မတမော်စီနှင့် Muslim Brotherhood အဖွဲ့အား ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိ


အီဂျစ်နိုင်ငံတွင် သမ္မတမော်စီနှင့် Muslim Brotherhood အဖွဲ့အား ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။ သမ္မတမော်စီက အစိုးအဖွဲ့ အခွင့် အာဏာကို၎င်းအနေဖြင့်ပိုမိုချုပ်ကိုင်ရန်ဒီမိုကရေစီမ ဆန်ေ သာ ဆောင် ရွက်မှုများအပေါ် ဆန္ဒပြသူများက ဒေါသတကြီး ကန့် ကွက်
ဆန္ဒပြခဲ့ကြသည်။

နယ်စပ်စည်ပင်ဝန်ကြီးကဒီဂရီကောလိပ်ကိုမူလနေရာ၌ ပြန်ဖွင့်နိုင်ရေးအတွက်ကျောင်းသားများ ကိုယ်စား သမ္မတထံ တင်ပြပေးမည်


မန္တလေး ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ဒီဂရီေ ကာလိပ် ကို မူလ နေရာ၌ ပြန်ဖွင့်နိုင်ရေး နိုင်ငံတော် သမ္မတကြီးထံ တင်ပြ သွားမည်ဟု နယ်စပ် ဒေသနှင့် စည်ပင် သာယာရေး ဝန်ကြီး ဋ္ဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းက နိုဝင်ဘာလ ၂၃ရက် နေ့လည်၁၂နာရီ တွင် ဆန္ဒပြ ကျောင်းသား များနှင့် တွေ့ဆုံရာ

ထိုင်းဝန်ကြီးချုပ်ယဉ်လတ်ရာထူးမှ နုတ်ထွက်ရန် ဘန်ကောက်မြိုတွင် လူဦးရေ ၁၀၀၀၀ ခန့် စုရုံးဆန္ဒပြ


ထိုင်းနိုင်ငံတွင်ဝန်ကြီးချုပ်ယဉ်လတ်အား ရာထူးမှနုတ်ထွက်ရန် တောင်း ဆို သည့် စုရုးဆန္ဒပြမှုများ ဘန်ကောက်မြို့၌ ယနေ့ စတင်ပြုလုပ်ကြ သည်။    ဆန္ဒပြပွဲများ  ပိုမိုအရှိန်ကောင်း ပြန့်နှံ့လာမည်ကို အာဏာပိုင်
များက စိုးရိမ်လျက်ရှိပြီး ရဲတပ်ဖွဲ့ ဆန္ဒပြ သူများအား မျက်ရည်ယိုဗုံးများ အသုံးပြုဖြိုခွင်းကြောင်း သိရသည်။ ယနေ့နံနက် ဘန်ကောက်

''လက်ပန်တောင်းတောင်စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကလွှတ်တော်တွင်အများမှန်ကန်နေသော်လည်းအများညီလို့ ဤကျွဲဖက်သည်ဆိုသောပုံစံမျိုးဖြင့်ဒီမိုကရေစီကျင့်စဉ်များမဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုဟုဆို''

ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ် ခင်စန်းလှိုင် က လက်ပန်တောင်းတောင်စီမံကိန်းနှင့်ပတ်သက်၍ အရေးကြီးအဆိုတင်သွင်းရာ လက်ရှိ လုပ်ဆောင်နေသောလက်ပန်တောင်းတောင်ကြေးနီစီမံကိန်းနှင့်  စပယ်ေ    တာင်၊ ကြေး    စင်တောင် စီမံကိန်းတို့၏ လူမှုဝန်းကျင်နှင့်သဘာ၀၀န်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၊ ပြည်သူ လူထုနှင့်အနာဂါတ်မျိုးဆက်အတွက် ရေတို၊ ရေရှည် သင့်လျော်သည့်တန်ဖိုးဖြတ်နိုင်သည့်

မြန်မာနိုင်ငံ၏ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင် အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေး

မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင် အ သုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ် ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့

ထိုင်းနိုင်ငံ အစိုးရမှ တရားမ၀င်အလုပ်သမား စုစုပေါင်း ၁၈၄၀၀၀ ခန့်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ရန် စီစဉ်နေ

ထိုင်းနိုင်ငံ အစိုးရမှ တရားမ၀င်အလုပ်သမား စုစုပေါင်း ၁၈၄၀၀၀ ခန့်ကို ဒီဇင်ဘာ ၁၄ ရက်  နောက်ဆုံးထားပြီး သက်ဆိုင်ရာနိုင်ငံများသို့  ပြန်ပို့ရန်  
စီစဉ်နေသည်။အလုပ်သမား ၀န်ကြီးဌာနမှ ဗိုလ်ချုပ် Pravit Khiengpol ကပြောကြားရာတွင် တရားမ၀င်အလုပ်သမား ၁၈၄၀၀၀ ရှိကြောင်း၊ မြန်မာ မှ ၄၅၀၀၀၊ ကမ္ဘောဒီးယားမှ ၄၀၀၀၀ နှင့် လာအိုမှ ၀င်ရောက်နေထိုင်သူ ၉၉၀၀၀ ရှိကြောင်းပြောကြားသည်။ လာအိုအစိုးရ အလုပ်သမား

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ တနင်္သာရီတိုင်း ဟောပြောပွဲ လူထုထောင်ချီ တက်ရောက်


၈၈မျိုးဆက်ကျောင်းတွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်မှာ ဒီကနေ့ မြိတ်မြို့ခံ လူထု ၃ ထောင်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲအခမ်းအနားမှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းေ ဆာင် ကို မင်းကိုနိုင်က လူမျိုး၊ ဘာသာမတူတဲ့ သူတွေ အတူတကွ နေထိုင်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်း၊ ချစ်ချစ်ခင်ခင်နေထိုင်ကြဖို့ လိုအပ်တယ်လို့ မြိတ်မြိ...ု့

သံတွဲ-ရန်ကုန်ကားများပေါ်တွင် မွတ်စလင်များမပါရေးကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်ပြန်

သံတွဲမြို့မှ ရန်ကုန်သို့သွားသောအဝေးပြေးခရီးသည်တင်ယာဉ်များတွင် အစ္စလာမ်ဘာသာဝင်များမပါရှိစေရေးကြပ်မတ်ရန် ခရိုင်အထွေထွေအုပ်ချု ပ်ေ ရးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။ ခရိုင်အုပ်ချုပ်ရေးမှူး မှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ

မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင်း (၄)ဦးကို ရဲကရိုက်နှက်ကာ ဖမ်းဆီး


စံခလပူရီ (မဇ္ဈိမ) ။       ။ နေပြည်တော်သို့ လမ်းလျှောက်ချီတက်နေကြ သည့် မိုးထိမိုးမိ ရွှေလုပ်သားများအားတောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ၏ မေတ္တာ ရပ်ခံချက်အတိုင်း မြို့လှမြို့အရောက်တွင် သုံးရက်ကြာ ရပ်နားပေးခဲ့သော် လည်းပြန်လည်ချီတက်သည့် သောကြာနေ့တွင်ပင် ခေါင်းဆောင်များ ရိုက်နှက် ဖမ်းဆီးခံလိုက်ရကြောင်း ရွှေလုပ်သားများ က ပြောသည်။

ကချင်ပြည်နယ်နေရာအနှံ့အပြားမှာ လူငယ်လူရွယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေသူများရှိနေ

ဆဒုံးမြို့နယ်ခွဲ မြောက်ဘက်မှာရှိတဲ့ မန်ဝိန်း-ဆိုင်လော်ဒေသက KIA ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရလာရတဲ့ ရွာသား အချို့ဟာ KIA လုံထန်စခန်းကိုရောက်ပြီးနောက် ဇူလိုင်လ ၁၇ ရက်နေ့မှာ ၃ ယောက်ဟာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။ ထွက်ပြေးသူတွေကို ရင်း(၃)က ဗိုလ်လဆိုင်းအဖွဲ့က လိုက်ရှာတာ ဇူလိုင်လ ၁၈ ရက်နေ့မှာ

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် စိတ်ကြွဆေးပြား ၃၀၀၀ မိ


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘင်္ဂလာဒေ့ရှ်ဘက်အခြမ်းရှိ ဆိုးတြိပါးရာ (ခေါ်) မြစ်နား ရွာနေ စောသိန်း၊ အောင်စောထွန်း၊ အောင်စောလှတို့ ၃ ဦးထံမှ မြန်မာနိုင်ငံဘက်မှ လာသည့် စိတ်ကြွဆေးပြား ၃၀၀၀ ဖမ်းဆီးရမိကြောင်း သိရသည်။ စစ်တကောင်းအခြေစိုက် အမှတ် (၇) တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးသည် ဝယ်ယူသူအဖြစ်

အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရိုဟင်ဂျာဟု သုံးနှုန်းခဲ့ခြင်း ကန့်ကွက်စာ ပို့မည်



အမေရိကန် သမ္မတအိုဘားမား၏ ရန်ကုန်တက္ကသိုလ်တွင် ပြောကြား ခဲ့သော မိန့် ခွန်း တွင် ရိုဟင်ဂျာဟု သုံးစွဲခဲ့သဖြင့် ရခိုင်အမျိုး သားကွန်ယက် က အမေရိကန်သံရုံးမှ တဆင့်၊၎င်းထံ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ ပို့သွားမည်ဟုသိရသည်။ "ရိုဟင်ဂျာကဲ့သို့ အသုံး အနှုန်းပေါ် လာပြီးတော့ အကြမ်းဖက်မှုတွေ ပေါ်ပေါက် လာတာပဲ၊

တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်


တိုင်းပြည်စီးပွားရေး ကောင်းလာရုံတခုတည်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်း သားရေးရာ အခွင့်အရေးတွေကို အလိုအလျောက် ဖြေရှင်းသွားနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။ မနေ့ က နေပြည်တော်မှာ ကျင်းပတဲ့ တိုင်းရင်းသားပါတီပေါင်းစုံက

ပီဒီပီ ပါတီခေါင်းဆောင် ၅ ဦးကို ကချင်ပြည်နယ်အစိုးရ ဖမ်းဆီး ထောင်ချ


ကချင်ပြည်နယ် ပြည်သူ့တိုးတက်ရေးပါတီ PDP က ထုတ်ဝေတဲ့ စာစောင် မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ချို့ အကျင့်ပျက်ချစားမှုတွေရှိေ ကြာင်း ထုတ်ေ ဝ ခဲ့ တာကြောင့် ပီဒီပီ ပါတီခေါင်းဆောင် ၅ ဦးကို ကချင်ပြည်နယ်အစိုးရက ဖမ်းဆီးလိုက်ပါတယ်။ပီဒီပီ ပါတီဥက္ကဌ အပါအဝင် ပါတီခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးပြီး  မြစ်ကြီးနားအကျဉ်းထောင်မှာ