Saturday, December 8, 2012

ဒေါ်အောင်ဆန်းစုကြည် နတ်မောက်၌ အမျိုးသားနေ့ မိန့်ခွန်းပြော

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရန် နတ်မောက်၌ အခမ်းအနား ပြင်ဆင်ထားသည်ကို ဤသို့တွေ့ရစဉ်(ဓာတ်ပုံ – နန်းဆိုင်နွမ်/ဧရာဝတီ)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျရောက်သည့် ၉၂ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အနေနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏ ဇာတိမြို့နတ်မောက်တွင် ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်း ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ ကြိုးကိုင်သူများကို ပြည်သူလူထုထံ အသိပေးမည်


တစ်ကျော့ပြန်ပဋိပက္ခကြောင့်လူပေါင်း၉၀နီးပါး သေဆုံးခဲ့သောရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင် လှုံဆော်လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်းချပြအသိပေးသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက
 ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦးနှင့် အဓိကမူကြီးနှစ်ချက် သဘောတူညီမှုရရှိ


ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ကြား အဓိကမူကြီးနှစ်ချက်ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ Pu Thomas Thang Nouက ပြော

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံအမတ်များ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ  
Saturday, 08 December 2012

မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာ
သံအမတ်များ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရဲချုပ်
ကျော်ကျာ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အပါအ၀င် နိုင်ငံခြားသံအမတ် ၅ ဦးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါလာပြီး နံနက်ပိုင်းတွင် စစ်တွေသို့ ရောက်ရှိလာခဲ့ကာ ရခိုင်အပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ထိုသို့လာရောက်လေ့လာခြင်းကို
ကျေးဇူးတင်ကြောင်း ဒုတိယသမ္မတက ဦးစွာပြောကြားကာ ယင်းနောက်
နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ်
အတွင်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များနှင့် လက်ရှိအစိုးရမှဆောင်ရွက်
ချက်များ၊ လိုအပ်ချက်များကို ဗွီဒီယိုမှတ်တမ်းများနှင့်တကွ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂ အဖွဲအစည်းဆိုင်ရာ မြန်မာနိုင်ငံနိုင်ငံဌာနေ ကိုယ်စားလှယ်က ဦးစွာ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး သူ၏
ထင်မြင်ယူဆချက်များနှင့် ဖြစ်သင့်သည်များကို ရှင်းလင်းတင်ပြပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန် သံအမတ်များကလည်း လာရောက်ရခြင်း အကြောင်းများကို အကျဉ်းမျှ ပြောကြားသွားခဲ့ကြောင်း သိရသည်။

ထို့နောက် မင်းပြားမြို့နယ်ရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းဖြစ်သည့် စပါးလေ၊ ကျောက်တော်မြို့နယ်ရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းဖြစ်သည့်
တောင်ဘွေ၊ မောင်တောမြို့နယ်ရှိ မီးလောင်ပျက်စီးသွားသော ရခိုင်ရွာများဖြစ်သည့် မောရ၀တီ၊ ရွှေရင်အေးနှင့် သရေကုန်းဘောင်ရွာများသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံနုတ်ဆက်ခဲ့ကြောင်းနှင့် မေးမြန်းချက်များကို ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပေါက်တောမြို့နယ်ရှိ ကြယ်နီပြင်ကျေးရွာနှင့် စစ်တွေမြို့နယ်ရှိ အုန်းတောကြီး ကယ်ဆယ်ရေးစခန်း၊ အုန်းတော်ကြီးနှင့်
မင်းဂံ၊ ဒုံးတိုက်ကွင်းများသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်း
လည်း သိရှိရပါသည်။

Eleven Media Groupမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံတကာသံ အမတ်များ ဒီဇင် ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေး စခန်း များသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရဲချုပ်ကျော်ကျာ်ထွန်း၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အပါအ၀င် နိုင်ငံခြားသံအမတ် ၅ ဦးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်ပါလာပြီး နံနက်ပိုင်းတွင်

မထသ (ဗဟို)တွင် ပြီးခဲ့သည့် (၄) လအတွင်းအမှု အများဆုံးမှာ မချေမငံပြောဆိုသည့်အမှု အများဆုံးဖြစ်


မထသ (ဗဟို)တွင် ပြီးခဲ့သည့် (၄) လအတွင်းအမှု အများဆုံးမှာ
မချေမငံပြောဆိုသည့်အမှု အများဆုံးဖြစ်
Saturday, 08 December 2012

ရန်ကုန်မြို့အတွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများအားအကြောင်း
အမျိုးမျိုးကြောင့် တိုင်ကြားရာတွင် ယာဉ်နောက်လိုက်များမှ မချေမငံပြောဆိုဆက်ဆံမှုနှင့် ယာဉ်စီးခပိုတောင်းခြင်းသည်အများဆုံး
ဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။

အဆိုပါတိုင်ကြားရာတွင် ပြီးခဲ့သည့် လေးလအတွင်း မချေမငံပြောဆို
ဆက်ဆံမှုသည်စုစုပေါင်း (၈) မှုရှိပြီး ယာဉ်စီးခပိုတောင်းခြင်းမှာ (၆) မှုရှိကြောင်းသိရှိရသည်။

အလားတူ အသက်အန္တရယ်ဖြစ်လောက်အောင် အရှိန်ပြင်းစွာမောင်းနှင်မှုမှာ (၂)မှုရှိကြောင်းကိုလည်း သိရှိရသည်။ ယင်းတိုင်ကြားမှုများသည် မထသ (ဗဟို) သို့(၄) လအတွင်း ဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်
လည်းကောင်းတိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။

“မထသ(ဗဟို)အနေနဲ့က ကျွန်တော်တို့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေဆီကို
တင်ပြပြီးတော့ သင်တန်းတွေဖွင့် ပါတယ်။ အခြေခံသင်တန်းဆို ၂နှစ်မပြည့်သေးတဲ့သူတွေကို ဆွေးနွေးပါတယ်။ ၂ နှစ်ကျော်သွားတဲ့
သူတွေကိုလည်းမွမ်းမံသင်တန်းဆိုပြီးဆွေးနွေးပါ တယ်။” ဟု မထသ 
(ဗဟို) ဥက္ကဌဦးလှအောင်က ပြောကြားသည်။

မထသ (ဗဟို)အနေဖြင့် သင်တန်းများဖွင့်လှစ်သင်ကြားနေပြီးယခုလို
တိုင်ကြားနေမှုများဖြစ်ပေါ်နေရခြင်းမှာ ယာဉ်မောင်းများနှင့်
ယာဉ်နောက်လိုက်များ၏ အသက်အရွယ်အပိုင်းအခြားရဖြစ်ကြောင်း
သိရသည်။

“ဒီလိုတွေလုပ်နေပေမယ့်လည်းအခုလိုဖြစ်စဉ်တွေဖြစ်နေတာတွေ
တွေ့နေတော့လေ့လာကြည့်တဲ့အခါမှာယာဉ်နောက်လိုက်တွေ ရဲ့ အသက်အပိုင်းခြားကိုသုံးသပ်ကြည့်တဲ့အခါမှာ အသက် (၃၀)ပတ်ဝန်းကျင်က
အများစု ဖြစ်နေတာကိုတွေ့ရတယ်။ သုံးသပ်မိ တာကလူငယ်သဘာဝ
အရဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဓာတ်တွေကိုပိုပြုပြင် ပေးဖို့လိုတာကို
သုံးသပ်မိတယ်။”ဟု မထသ (ဗဟို) ဥက္ကဌက ဆက်ပြောသည်။

မထသ (ဗဟို) သည် သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် မွမ်းမံ
သင်တန်းအမှတ်စဉ် (၁/၂၀၁၁) မှ (၁၁/ ၂၀၁၂) ထိ ယာဉ်မောင်း (၄၃၈) ဦး၊ယာဉ်နောက်လိုက် (၆၅၃) ဦး သင်တန်းပို့ချပေးခဲ့ပြီး အခြေခံ
သင်တန်းအမှတ်စဉ် (၁/ ၂၀၁၁) မှ (၁၃/ ၂၀၁၂) ထိ ယာဉ်မောင်း   (၄၅၂) ဦး၊ယာဉ်နောက်လိုက် (၇၆၈) ဦးအား သင်တန်းများ ပို့ချပေးခဲ့ကြောင်း သိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroupရန်ကုန်မြို့အတွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများအားအကြောင်း အမျိုး မျိုးကြောင့် တိုင်ကြားရာတွင် ယာဉ်နောက်လိုက်များမှ မချေမငံပြောဆို ဆက်ဆံ မှုနှင့် ယာဉ်စီးခပိုတောင်းခြင်းသည်အများဆုံးဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။
အဆိုပါတိုင်ကြားရာတွင် ပြီးခဲ့သည့် လေးလအတွင်း မချေမငံပြောဆိုဆက်ဆံမှုသည်

Apple -Siri ဖြင့် GM ကားများကို အသံဖြင့် ထိန်းချုပ်နိုင်မည်

 
Apple -Siri ဖြင့် GM ကားများကို အသံဖြင့် ထိန်းချုပ်နိုင်မည်
Saturday, 08 December 2012 

iPhone တစ်လုံးရှိမယ်၊ iOS 6 ဗားရှင်း ဖြစ်မယ်ဆိုရင် General Motors ကားများကို ထိန်းချုပ်လို့ရမယ့် စီမံကိန်းကို အမေရိကန် GM တို့ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၇ လော့အိမ်ဂျလစ်မော်တော်ယာဉ် ပြပွဲမှာ ယင်းနည်းပညာကို ဝင်ရောက် ပြသသွားခြင်း ဖြစ်ပြီး Siri- အသံစေခိုင်းနည်းပညာနဲ့ GM ကားတစ်စီးရဲ့  လုပ်ငန်းဆောင်တာ တော်တော်များများကို ထိန်းချုပ်လို့ရ မှာ ဖြစ်ပါတယ်။ ပထမဆုံး Integrated လုပ်ပေးထားတဲ့ ကားများကတော့ Chevrolet Sonic LTZ, RS, Spark 1LT နဲ့ 2LT တို့ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ယင်းကားများမှာ ပါဝင်တဲ့ GM ထုတ် ကား OS ဖြစ်တဲ့ MyLink infotainment system ကို ချိတ်ပေးရမှာ ဖြစ်ပါတယ်။ Bluetooth ပါဝင်ပြီး Siri နဲ့ join လုပ်ပြီးချိန်မှာတော့ လိုသလို ခိုင်းစေလို့ ရပါပြီ။ ဥပမာ- ကားမောင်းနေရင်း လမ်းမသိတဲ့အခါ လှမ်းမေးနိုင်ပြီး ကား Speaker တွေ ကနေ အလိုအလျောက် ဖြေပေးမှာ ဖြစ်ပါတယ်။ ကိုယ် ဖွင့်ချင်တဲ့ သီချင်းကို အသံထွက်လိုက်ရုံနဲ့ Siri ကရှာဖွေပေးပြီး ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ရာသီဥတု အခြေအနေ၊ ကားအတွင်းခန်း အပူချိန်၊ ခရီးမိုင် အကွာအဝေး၊ ဆီစားနှုန်း အစရှိသဖြင့်တို့ကို စက္ကထရီ တစ်ဦးပမာ မေး သမျှတောက်လျှောက်ဖြေပေး သွားမှာ ဖြစ်ပါတယ်။

Apple ရဲ့  Siri ကိုအသုံးပြုဖို့ ဆက်သွယ်ထားတဲ့ ကုမ္မဏီ ၉ခုထဲက GM က ပထမဆုံး ဖြစ်ပြီး ယခုလို စမ်းသပ်အောင်မြင်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထုတ်မယ့် GM ရဲ့  ကားတော်တော်များများမှာ ယင်းနည်းပညာကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား၊ ဂျပန် အစရှိတဲ့ ကုမ္မဏီများလည်း အလားတူ နည်းပညာ ကုမ္မဏီများနဲ့ တွဲဆက်ပြီး အသံနဲ့စေခိုင်းမယ့် စနစ်များ ကြိုးစား ဖန်တီးလျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: eetimes
ColayOnline:AutomobileiPhone တစ်လုံးရှိမယ်၊ iOS 6 ဗားရှင်း ဖြစ်မယ်ဆိုရင် General Motors ကားများကို ထိန်းချုပ်လို့ရမယ့် စီမံကိန်းကို အမေရိကန် GM တို့ စတင် မိတ်ဆက် လိုက်ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၇ လော့အိမ်ဂျလစ်မော်တော်ယာဉ် ပြပွဲမှာ ယင်းနည်းပညာကို ဝင်ရောက် ပြသသွားခြင်း ဖြစ်ပြီး Siri- အသံစေခိုင်းနည်းပညာနဲ့ GM ကားတစ်စီးရဲ့  လုပ်ငန်းဆောင်တာ တော်တော်များများကို ထိန်းချုပ်လို့ရ

ထိုင်းထောင်များရှိ မြန်မာအကျဉ်းသားတွေလွှတ်ပေးရန် မေတ္တာရပ်ခံ

 
ထိုင်းထောင်များရှိ မြန်မာအကျဉ်းသားတွေလွှတ်ပေးရန် မေတ္တာရပ်ခံ
Saturday, December 08, 2012

ထိုင်းနိုင်ငံအကျဉ်းထောင်များထဲတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၁ သောင်းကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထံ မေတ္တာရပ်ခံ 
ခဲ့ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ရှိ မြန်မာသံအမတ် ဦးတင်ဝင်း က ထိုင်းနိုင်ငံခြားရေးဝန်ကြီး စူရဖုန်း တိုးဝိကျတ် ချိုင်းကွန်း နှင့် ယခုလ ၆ ရက် နေ့က တွေ့ဆုံစဉ်တွင် ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီ မြန်မာ ပိုင်း အစီအစဉ်က
ဖော်ပြခဲ့သည်။ 

“မြန်မာနိုင်ငံသား အကျဉ်းသားတွေထိုင်းအကျဉ်းထောင်တွေမှာ
ရှိနေတာလေ၊ တစ်သောင်းကျော်လောက် ရှိတယ်လို့ အကြမ်းမျဉ်း သိရတာပေါ့၊ ရှိသလောက်စာရင်းလေးတွေပြုစုပို့ပေးပြီးတော့၊ ဝန်ကြီးကိုပြောခဲ့တာ၊ လွတ်ငြိမ်း ချမ်းသာခွင့်လို သက်သာခွင့်လို ဟာမျိုးလေးတွေ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံခဲ့တာ” ဟု ဦးတင်ဝင်း က ပြောဆိုထားသည်။ 

ထိုင်းနိုင်ငံ၏ နေ့ကြီးရက်မြတ်များထဲက ထိုင်းဘုရင်ကြီး နှင့် ဘုရင်မကြီး မွေးနေ့များတွင် နိုင်ငံတွင်း အကျဉ်းထောင်များရှိ အကျဉ်းသား အချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိပြီး ယင်းသို့ လွှတ်ပေးရာတွင် ထိုင်းအကျဉ်းထောင်တွေထဲက မြန်မာ အကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ မြန်မာသံအမတ်ကြီး က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ 

ထိုင်းထောင်များထဲတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားအများစုသည် မူးယစ်ဆေးဝါးမှု များဖြင့် ဖြစ်ကြောင်း သို့သော်လည်း မြန်မာနိုင်ငံသား
အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်၊ သက်သာခွင့်များ ရရှိစေရန်
မြန်မာသံရုံးအနေဖြင့် ထိုင်းအစိုးရထံ ထပ်မံ မေတ္တာရပ်ခံပေးသွား
မည်ဖြစ်ကြောင်း သိရသည်။ 

“ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ လိုအပ်တဲ့၊ ဌာနတွေ အကြီးအကဲတွေကို ဆက်ပြီးတော့ မေတ္တာရပ် ခံပေးမယ်ပေါ့၊ အထူး သဖြင့်တော့ တရားရုံး
လို့ယူဆရတာပေါ့၊ ဆက်ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်၊ အဲတော့ ကျနော်တို့က အခါအားလျှော်စွာ သူ့ကိုဆက်ပြီးတော့ မေတ္တာရပ်ခံ
ရဦးမှာပေါ့” ဟု ဦးတင်ဝင်း က ဖြေကြားထားသည်။

မြန်မာအစိုးရသစ်လက်ထက် အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ် ပြုလုပ်ရာတွင် နိုင်ငံသား အကျဉ်းသားများ အပြင် နိုင်ငံခြားသား အကျဉ်းသားများ ပါဝင်ရာ ထိုအထဲ၌ အကြောင်းအမျိုးမျိုး ဖြင့် မြန်မာ
အကျဉ်းထောင်များတွင် အကျဉ်းကျနေသော ထိုင်းနိုင်ငံသားများလည်း ပါဝင်သည်။

မကြာခင်ရက်ပိုင်းအတွင်းကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မိတ်ဝတ်မပျက်စေရေးဟုဆိုကာ ယခုလ ၅ ရက်နေ့ ထိုင်းဘုရင်မွေးနေ့ မတိုင်မီ နိုင်ငံတွင်းရှိ အကျဉ်းထောင်များထဲမှ အကျဉ်းသား ၈ ဦး ကို မြန်မာအစိုးရက လွှတ်ပေးကြောင်း ယခုလ ၃ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင်ဖော်ပြ ထားသည်။ 

ထိုအထဲတွင် ယခုနှစ်ဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ်
အတွင်း ရော်ဘာစိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား များကို ဖမ်းဆီးထားပြီး လူဝင်မှု ကြီးကြပ်ရေး (လ၀က) ဥပဒေ၊ သစ်တော ဥပဒေ ပုဒ်မနှင့် လက်နက် ကိုင်ဆောင် သည့် အမှု တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်ခွဲ ချမှတ်ခံထား ရသူများလည်းပါဝင်ခဲ့သည်။ 

ကျော်ခ
ဧရာဝတီထိုင်းနိုင်ငံအကျဉ်းထောင်များထဲတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၁ သောင်းကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထံ မေတ္တာရပ်ခံ ခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြို့ရှိ မြန်မာသံအမတ် ဦးတင်ဝင်း က ထိုင်းနိုင်ငံခြားရေးဝန်ကြီး စူရဖုန်း တိုးဝိကျတ် ချိုင်းကွန်း နှင့် ယခုလ ၆ ရက် နေ့က တွေ့ဆုံစဉ်တွင် ယင်းသို့ တောင်းဆို

ပန်းပွင့် တစ်သိန်းငါးသောင်းနှင့် IC Show ပါဝင်မည့် ပန်းပွဲတော်

 
ပန်းပွင့် တစ်သိန်းငါးသောင်းနှင့် IC Show ပါဝင်မည့် ပန်းပွဲတော်
Saturday, 08 December 2012 

IC Show ပါဝင်မည့် ပြင်ဦးလွင် ပန်းပွဲတော်ပြပွဲတွင် လာရောက်
ကြည့်ရှုလေ့လာသူများပြားလာနိုင် ကြောင်း ဦးစီးကျင်းပပြုလုပ်မည့် ထူးကုမ္ပဏီမှ သိရှိရသည်။

"မိုးတွင်းမှာတောင် တစ်နေ့ကို လူဦးရေ ၂၀၀၀ လောက်ပဲဝင်တယ်။ အခုလိုရာသီဥတု၊ ပွဲတော်အချိန် တွေနဲ့ဆို တစ်နေ့ကို ၂သောင်းခွဲ၊ ၃သောင်းလောက်ဝင်နိုင်တယ်။ IC Show ပွဲနေ့ဆို လူပိုဝင်လာနိုင်
တယ်"ဟု ပြင်ဦးလွင် ထူးကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးဝေအောင်က ပြောသည်။

အဆိုပါ ပွဲတော်တွင် ပန်းအပွင့်ရေ တစ်သိန်း ငါးသောင်း၊ ပန်းအမျိုးပေါင်း (၂၆)မျိုးနှင့် အရုပ် (၈၃)ရုပ် တို့်အား စုစုပေါင်း ကျပ်သိန်း (၃၀၀)၀န်းကျင်
အသုံးပြုကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခင်ကျင်းပပြုခဲ့သော ပန်းပွဲတော်အတွေ့အကြုံများအရ ရက်ပိုင်းအတွင်း ဟိုတယ်၊ စားသောက်ဆိုင်၊ ဒေသတွင်းထွက်ကုန်ရောင်းဝယ်ရေး စသည့် လုပ်ငန်းများလည်း  ပိုမိုအဆင်ပြေမှုရှိလာတတ်ကြောင်း ဒေသခံများက ဆိုသည်။

"ဒီနှစ်ပန်းပွဲတော်ကို လာရောက်လေ့လာသူတွေများပြားလာနိုင်တယ်။
ပြင်ဦးလွင်က ကမ္ဘာလှည့်ခရီးသည် စိတ်ဝင်စားတဲ့ မြို့လဲဖြစ်တယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအတွက် တော်တော်လေး ၀င်ငွေကောင်းလာနိုင်တယ်"ဟု ပြင်ဦးလွင် ကန်တော်ကြီးအနီးရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အဆိုပါ ပန်းပွဲတော်ကို ဒီဇင်ဘာ (၁၅)ရက်နေ့မှစတင်ကာ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပပြုလုပ်မည့် ပန်းပွဲတော် သည် (၇)ကြိမ်မြောက်ဖြစ်ကာ တရုတ်၊ ထိုင်း၊ ဂျပန်နိုင်ငံတို့မှ မှာယူစိုက်ပျိုးထားသော ပန်းမျိုးစေ့များစွာပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပန်းပွဲတော်များသို့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာတို့မှ အဓိက လာရောက် ကြည့်ရှုလည်ပတ်သူများပြားပြီး လီလီပန်း၊ ကျားပါးစပ်၊ ခရစ္စမတ်၊ ပင်စိမ်းရောင်စုံ၊ ကြက်မောက် စသည့်ပန်းများပါဝင်မည်ဖြစ်ကာ ဥယျာဉ်ဝင်ကြေးမှ တစ်ဦးလျှင် ကျပ် (၁)ထောင်ဖြစ်ပြီး IC Show ၀င်ကြေး လက်မှတ်ခမှာ တစ်ဦးလျှင် ကျပ် (၇၀၀၀) ဖြစ်ကြောင်း သိရှိရသည်။

ငြိမ်းချမ်း (မြစ်မခ)
Myit Makha MediagroupIC Show ပါဝင်မည့် ပြင်ဦးလွင် ပန်းပွဲတော်ပြပွဲတွင် လာရောက်ကြည့်ရှုလေ့လာ သူများပြားလာနိုင် ကြောင်း ဦးစီးကျင်းပပြုလုပ်မည့် ထူးကုမ္ပဏီမှ သိရှိရသည်။
"မိုးတွင်းမှာတောင် တစ်နေ့ကို လူဦးရေ ၂၀၀၀ လောက်ပဲဝင်တယ်။ အခုလိုရာသီဥတု၊ ပွဲတော်အချိန် တွေနဲ့ဆိုတစ်နေ့ကို ၂သောင်းခွဲ၊ ၃သောင်းလောက်ဝင်နိုင်တယ်။ IC

တူရကီ နိုင်ငံခြားသား ၄ ဦး ပျောက်ဆုံးနေကြောင်း သတင်းမှာ မမှန်ကန်ကြောင်း သိရ

လွန်ခဲ့သော ဒီဇင်ဘာလ (၃) ရက်နေ့က စစ်တွေမြို့နယ်တွင် အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေသော တူရကီ နိုင်ငံခြားသား ၄ ဦးပျောက်ဆုံးနေကြောင်း သတင်းမှာ မှန်ကန်မှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိ သူတစ်ဦး ၏ ပြောကြား ချက် အရ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကောက်မတီ ဥက္ကဌ

ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီးဆေးရုံတွင် အလှူငွေ သိန်း ၈၀ လှူဒါန်း


ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီးဆေးရုံတွင် အလှူငွေ သိန်း ၈၀လှူဒါန်းခဲ့ပြီးနောက် နှုတ်ခွန်းဆက် စကားပြောကြား  ခဲ့သေးကြောင်းသိရသည်။

နံနက် ၈နာရီ ၄၅ မိနစ်ခန့်က တောင်တွင်းကြီးမြို့၊ ဆတ်သွားရွာတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ဖခင်ဗိုလ်ချုပ်၏

ထူးထူးခြားခြား ငှက်ပျောဖီး


နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာနေ (အငြိမ်းစား) ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီ၏ နေအိမ်ခြံဝင်းအတွင်းရှိ ငှက်ပျောပင်မှ ငှက်ပျောခိုင် တစ်ခိုင်တွင် ငှက်ပျောဖီး ၁ဝ ဖီးရှိသည့် အနက် ထူးထူးခြားခြား ငှက်ပျောဖီးတစ်ဖီးတွင် ငှက်ပျောသီး အလုံးရေ

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး သုံးဖက်မြင် လမ်းမပန်းချီ

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး သုံးဖက်မြင် လမ်းမပန်းချီ

ဂင်းနစ် စံချိန် ဆု နှစ်ဆု ရထားတဲ့ 3D ပန်းချီ အနုပညာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး 3D Street Art နဲ့ ကမ္ဘာ့အရှည်ဆုံး 3D Street Art ဆိုပြီး နှစ်ဆု ရရှိထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လေး ရက်ကြာမြင့်ခဲ့ ပါ တယ်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အနောက်ပိုင်းက လမ်းတစ်နေရာ မှာ ဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်းကတော့ ဧရိယာ ၁၁၆၄ စတုရန်း မီတာ ရှိပါတယ်။  3D ပန်းချီဆရာ Joe နဲ့ Max အမည်ရ မှ အဖွဲ့ တစ်ခု ဖွဲ့လို့ ကြိုးစားဖန်တီး ခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် သူတို့ ဖန်တီးထားတဲ့ 3D Street Art ဟာ ကမ္ဘာ့အကြီးဆုံး နဲ့ အရှည်ဆုံး 3D Street painting အဖြစ် ဂင်းနစ် စံချိန်တင်ခဲ့ကြောင်း သိရပါ တယ်။ 
--
ဖန်တီးပုံ ဗီဒီယို - http://youtu.be/GwNeukAmxJw

http://www.innewsmyanmar.com/2012/12/blog-post_444.html

----- ဂင်းနစ် စံချိန် ဆု နှစ်ဆု ရထားတဲ့ 3D ပန်းချီ အနုပညာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး 3D Street Art နဲ့ ကမ္ဘာ့အရှည်ဆုံး 3D Street Art ဆိုပြီး နှစ်ဆု ရရှိထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လေး ရက်ကြာမြင့်ခဲ့ ပါ တယ်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အနောက်ပိုင်းက လမ်းတစ်နေရာ မှာ ဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်းကတော့ ဧရိယာ ၁၁၆၄ စတုရန်း မီတာ ရှိပါတယ်။ 3D ပန်းချီဆရာ Joe

အရည်အသွေးနိမ့် ကျောက်စိမ်းသား များကို မြန်မာငွေဖြင့် ရောင်းမည်

အရည်အသွေးနိမ့် ကျောက်စိမ်းသား များကို မြန်မာငွေဖြင့် ရောင်းမည်
Saturday, 08 December 2012

ရုပ်တုနှင့် အလှဆင် ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုသော အရည်အသွေးနိမ့် ကျောက်စိမ်း အသားကျောက် များကို နေပြည်တော်ရှိ မဏိရတနာ ခန်းမ၌ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပမည့် ကျောက်မျက် ပြပွဲတွင် ပြသ ရောင်းချ သွားမည်ဖြစ်ကြောင်း အရောင်းပြခန်း တာဝန်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲထွဋ်က
ပြောကြားသည်။ အဆင့်နိမ့် ကျေက်များကို မြန်မာနိုင်ငံသား များအတွက်
 ရောင်းချခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြသရောင်းချမည့် ကျောက်စိမ်းအတွဲ အရေအတွက် မသိရှိရ သေးကြောင်းနှင့် တင်ဒါ ကို ချက်ချင်း တင်ပြီး ချက်ချင်းဖောက် စနစ် ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း အမှတ်(၂) သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အရည်အသွေးနိမ့် ကျောက်စိမ်း ရောင်းချမည့်ပွဲတွင် နိုင်ငံခြား ငွေဖြင့် ကျောက်မျက်ရတနာများ နှင့်ပုလဲများကိုပါ ရောင်းချသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းရိုင်းများ တူးဖော်ရာတွင် အရည်ကျောက် အဆင့်မြင့် အသားကျောက် များ နှင့် အဆင့်နိမ့် ကျောက်များလည်း ထွက်ရှိကြောင်း အဆိုပါ ပုဂ္ဂိုလ် ထံ မှ စုံစမ်း သိရှိရသည်။

The Voice Weeklyရုပ်တုနှင့် အလှဆင် ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုသော အရည်အသွေး နိမ့် ကျောက်စိမ်း အသားကျောက် များကို နေပြည်တော်ရှိ မဏိရတနာ ခန်းမ၌ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပမည့် ကျောက်မျက် ပြပွဲ တွင် ပြသ ရောင်း ချ သွားမည်ဖြစ်ကြောင်း အရောင်းပြ ခန်း တာဝန်ရှိသူ ဒုတိယ ညွှန်ကြားရေး မှူး ဦးရဲထွဋ်က ပြောကြားသည်။ အဆင့်နိမ့် ကျေက် များကို မြန်မာနိုင်ငံ

ကမ်းရိုးတန်းတလျှောက် အဆင့်မြင့် ခေတ်မှီရေယာဉ်များ တိုးချဲ့ပြေးဆွဲမည်

ကမ်းရိုးတန်းတလျှောက် အဆင့်မြင့် ခေတ်မှီရေယာဉ်များ တိုးချဲ့ပြေးဆွဲမည် 
Saturday, 08 December 2012

ဧရာဝတီ-ချင်းတွင်း-သံလွင်မြစ်များနှင့် ရခိုင်-တနသာင်္ရီကမ်းရိုးတန်း
တလျှောက်တွင် ခရီးသည်တင် အဆင့်မြင့် (စပိဘုတ်) ခေတ်မှီ
ရေယာဉ်များ ပြေးဆွဲသွားမည် ဖြစ်ကြောင်း အလင်းသစ် သင်္ဘော
ရေကြောင်းလိုင်းမှ သိရှိရသည်။  

ထိုသို့ ပြေးဆွဲပေးနိုင်ရန်အတွက် အဆင့်မြင့်ခေတ်မှီ (စပိဘုတ်) အမြန်ယာဉ်များအား မလေးရှားနိုင်ငံမှ (၁၀)စင်း၊ စင်္ကာပူနိုင်ငံမှ (၂၀)စင်း၊ ဂျပန်နိုင်ငံမှ(၂၀)စင်း တို့မှ အသီးသီး မှာယူထားပြီး ၂၀၁၃ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

"ခရီးသည်တွေ အချိန်ကုန်သက်သာအောင်လို့ ဒီလိုစပိဘုတ်များ တိုးချဲ့ပြေးဆွဲသွားမယ်၊ အခုဆို ဂျပန်တို့၊ကိုရီးယား တို့ကနေ
ရေကြောင်းနဲ့ကုန်သွယ်ဖို့ ကမ်းလှမ်းထားတာရှိတာမို့ စပိဘုတ်စီးရေကို (၃)လတခါလောက်တိုးချဲ့ပြီး အစီး(၃၀၀)လောက်ထိ တိုးချဲ့သွားဖို့ရှိပါတယ်” ဟု အလင်းသစ် သင်္ဘောရေကြောင်းလိုင်းမှ ဥက္ကဌ ဦးတာနိုင်က
ပြောသည်။  

လက်ရှိတွင် အလင်းသစ်သဘောင်္ရေကြောင်းလိုင်းမှ မြန်မာ့ကမ်းရိုးတန်း
ပင်လယ်ပြင်တွင်း သင်္ဘော ရေယာဉ် အစင်းပေါင်း (၄၀)ဖြင့်
ပြေးဆွဲပေးလျှက်ရှိကြောင်း ၄င်းရေကြောင်းလိုင်းမှ သိရှိရသည်။  

အဆိုပါ ခရီးသည်တင် အဆင့်မြင့် ခေတ်မှီရေယာဉ်များကို ၂၀၁၃ခုနှစ် မတ်လကုန်ပိုင်းမှစတင်၍ ပြေးဆွဲ သွားမည်ဖြစ်ပြီး ရေယာဉ်အမျိုးအစား A-HSC-CODE-2022,WORK BOOT,AIR သုံးထပ် အမြန်ရေယာဉ်တို့ဖြင့် တနသာင်္ရီကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းဒေသများဖြစ်သော
ကော့သောင်း-မြိတ်-ထားဝယ်-မော်လမြိုင်-ရန်ကုန်-ပုသိမ်-သံတွဲ-
တောင်ကုတ်-မြောက်ဦး-စစ်တွေ မြို့ခရီးစဉ်များသို့ အဓိကထား
ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရှိရသည်။  

ထိုရေယာဉ်များပေါ်တွင် ခရီးသည်များအဆင်ပြေစွာသွားလာနိုင်ရန်အတွက် ဆရာဝန်တစ်ဦး၊ သူနာပြု(၄)ဦး၊  ရေကူးကျွမ်းကျင် ၀န်ထမ်း(၆)ဦးပါဝင်ကာ လ္ဘက်ရည်၊ အအေး၊ နေ့လည်စာများ ကိုလည်း ၀န်ဆောင်မှုအနေဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရီးစဉ်များအတွက် ရေယာဉ်ကြာမြင့်ချိန်များအား နေ့ချင်းပြန် အနည်းဆုံး အချိန်(၅)နာရီမှ အများဆုံး အချိန်(၁၁) နာရီ သတ်မှတ်ထားပြီး ခရီးစဉ်ပေါ်မူတည်၍ လက်မှတ် နူန်းထားများ အသီးသီး သတ်မှတ် ထားကြောင်းကိုလည်း သိရှိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup ဧရာဝတီ-ချင်းတွင်း-သံလွင်မြစ်များနှင့် ရခိုင်-တနသာင်္ရီကမ်းရိုးတန်းတလျှောက်တွင် ခရီးသည်တင်အဆင့်မြင့် (စပိဘုတ်) ခေတ်မှီ ရေယာဉ်များ ပြေးဆွဲသွား မည် ဖြစ်ကြောင်း အလင်း သစ် သင်္ဘောရေကြောင်း လိုင်းမှ သိရှိရသည်။
ထိုသို့ ပြေးဆွဲပေးနိုင်ရန်အတွက် အဆင့်မြင့်ခေတ်မှီ (စပိဘုတ်) အမြန်ယာဉ်များအား မလေးရှားနိုင်ငံမှ (၁၀)စင်း၊ စင်္ကာပူနိုင်ငံမှ (၂၀)စင်း၊ ဂျပန်နိုင်ငံမှ(၂၀)စင်း တို့မှ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Saturday, 08 December 2012

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၅) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၆ နာရီတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းကျောင်း အနော်ရထာ တပ်ရင်း ဗိုလ်လောင်း တန်းစီကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက် ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဇနီး
ဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ်
ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိ များ၏ မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း အရာရှိ များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုး များနှင့် အတူ ညစာ သုံးဆောင်ကြသည်။ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် သဘင်ဆောင်၌ မြဝတီ တေးဂီတ အဖွဲ့နှင့် မြဝတီ အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၅)သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၆ နာရီတွင် ပြင်ဦးလွင်မြို့ စစ် တက္ကသိုလ်ဗိုလ်လောင်း သင်တန်းကျောင်း အနော်ရထာတပ်ရင်း ဗိုလ်လောင်း တန်းစီ ကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ
Saturday, 08 December 2012

အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ ဆိုလာပယ်နယ် ပန်းခြံကျယ်ကြီး တစ်ခုကို ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံထဲမှာ တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

တရုတ်ပြည်မှာ တည်ရှိတဲ့ ဆိုလာပန်းခြံထက်တောင်ကျယ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်မှာ တည်ရှိပြီး လျှပ်စစ်အား ထုတ်လုပ်နိုင်မှုက ၆၀၀ မီဂါဝပ်အား ရှိပါတယ်။ တရုတ်ပြည်က
အကြီးဆုံး ဆိုလာပန်းခြံက ထုတ်လုပ်နိုင်မှုထက် သုံးဆလောက်များပါတယ်။ 

လက်ရှိ အိန္ဒိယနိုင်ငံရဲ့  လျှပ်စစ် စွမ်းအင်လိုအပ်ချက် ၆ ရာခိုင်နှုန်းစားကို ထုတ်လုပ် ပေးနေပါတယ်။ သက္ကရာဇ် ၂၀၂၀ အရောက်မှာတော့ ၁၆ ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် တိုးချဲ့ လျက် ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ၁၀၀၀ မီဂါဝပ် 
အား ထုတ်လုပ်နိုင်အောင် တိုးချဲ့ တည်ဆောက်လျက် ရှိပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံရှိ Gujarat Solar Park ဟာ ကမ္ဘာ့အကြီးဆုံး ဆိုလာ ပန်းခြံ တစ်ခုအဖြစ် ၂၀၁၃ မှာ ပြိုင်ဘက်မရှိ မှတ်တမ်းတင်တော့မှာ ဖြစ် တယ်လို့ သိရပါတယ်။
--
Ref: tech-art
International news for myanmar အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ဆိုလာပယ်နယ် ပန်းခြံကျယ်ကြီးတစ်ခုကို ကမ္ဘာ့ အကြီး ဆုံးနေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံထဲမှာ တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။
တရုတ်ပြည်မှာတည်ရှိတဲ့ ဆိုလာပန်းခြံထက်တောင်ကျယ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက် ပိုင်း Gujarat ပြည်နယ်မှာ တည်ရှိပြီး လျှပ်စစ်အား ထုတ်လုပ်နိုင်မှုက ၆၀၀ မီဂါဝပ်အား ရှိပါတယ်။ တရုတ်ပြည်ကအကြီးဆုံး ဆိုလာပန်းခြံက ထုတ်လုပ်နိုင်မှုထက်

သတ္တုလုပ်ငန်းရှင်များအသင်း အမှုဆောင်များရွေးချယ်ရန် အကြိုသတင်းစာရှင်းမည်


မန္တလေးတွင်ပြုလုပ်မည့် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ အမှုဆောင်နှင့် ဗဟိုအမှု ဆောင်ရွေးချယ်ပွဲနှင့်

အစ္စရေး F-16 စစ်လေယာဉ် အင်ဂျင်များ အခိုးခံရ

အစ္စရေး F-16 စစ်လေယာဉ် အင်ဂျင်များ အခိုးခံရ

အစ္စရေး နိုင်ငံ အလယ်ပိုင်း လေတပ် အခြေစိုက် စစ်စခန်း တစ်ခုမှ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် F-16 စစ်လေယာဉ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော အမေရိကန်လုပ် အင်ဂျင် အများအပြား ခိုးယူခြင်း ခံခဲ့ရကြောင်း   စစ်ဘက်ဆိုင်ရာ သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ခိုးယူမှုနှင့် စပ်လျဉ်း၍ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ဘက် သို့မ ဟုတ် အရပ်ဘက်ကြား ပူးပေါင်း လိမ်လည်မှု ဖြစ်နိုင်ဖွယ် ရှိသည်ဟု ၎င်းအဖွဲ့က စုံစမ်း တွေ့ရှိခဲ့ကြောင်း အစ္စရေး နိုင်ငံ၏ ဝေါလ်လာ အင်တာနက် ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းအင်ဂျင် များကို သံတိုသံစ အဖြစ် ရောင်းချရန် ခိုးယူခဲ့ဖွယ် ရှိသည်ဟု ရဲတပ်ဖွဲ့က ယူဆခဲ့ကြောင်း၊ ခိုးယူမှု ဖြစ်ပွားခဲ့သည့် အချိန်ကို တိတိကျကျ မသိရှိကြောင်း ၎င်းဝက်ဘ်ဆိုက်တွင် ဆက်လက် ဖော်ပြထားသည်။ 

အဆိုပါ ခိုးယူမှုနှင့် ပတ်သက်၍ ထင်မြင် သုံးသပ်ချက် ပေးရန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူက ငြင်းဆိုခဲ့ပြီး စုံစမ်း စစ်ဆေး မှုနှင့် ပတ်သက်သည့် အစီရင် ခံစာများကို စစ်ဘက်ဆိုင်ရာ ရှေ့နေထံသို့ ပေးပို့လိမ့်မည် ဖြစ်ကြောင်း တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယခင်နှစ်က တဲလ်အဗစ်မြို့ အနီးရှိ တဲလ်နော့ဖ် လေတပ် အခြေစိုက် စခန်းမှ F-15 နှင့် F-16 စစ်လေယာဉ် များ၏ အစိတ်အပိုင်း များကို သူခိုးများက ခိုးယူ ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သံတို၊ သံစ အရောင်းအဝယ် သမားများ အသုံးပြုသည့် ဂိုဒေါင်များ အတွင်း၌ ရှာဖွေတွေ့ရှိ ခဲ့ ကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/global/item/1166-2012-12-08-10-26-22
အစ္စရေး နိုင်ငံ အလယ်ပိုင်း လေတပ် အခြေစိုက် စစ်စခန်း တစ်ခုမှ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် F-16 စစ်လေယာဉ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော အမေရိကန်လုပ် အင်ဂျင် အများအပြား ခိုးယူခြင်း ခံခဲ့ရကြောင်း စစ်ဘက်ဆိုင်ရာ သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ခိုးယူမှုနှင့် စပ်လျဉ်း၍ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ဘက် သို့မ ဟုတ် အရပ်ဘက်ကြား ပူးပေါင်း လိမ်လည်မှု ဖြစ်နိုင်ဖွယ် ရှိသည်ဟု ၎င်းအဖွဲ့က စုံစမ်း တွေ့ရှိခဲ့ကြောင်း အစ္စရေး နိုင်ငံ၏ ဝေါလ်လာ အင်တာနက် ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းအင်ဂျင် များကို သံတိုသံစ အဖြစ် ရောင်းချရန် ခိုးယူခဲ့ဖွယ် ရှိသည်ဟု ရဲတပ်ဖွဲ့က

တောင်ကြီးမြို့သံဃာ ဆန္ဒဖေါ်ထုတ်ပွဲမှာ မပါဝင်ပေမယ့် ဒကာနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူ

တောင်ကြီးမြို့သံဃာ ဆန္ဒဖေါ်ထုတ်ပွဲမှာ မပါဝင်ပေမယ့် ဒကာနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူ

8/12/2012

တောင်ကြီးမြို့မှာ နိုင်ငံ့အရေးနှင့် ပတ်သက်ပြီး စီတန်းလှည့်လည်တဲ့ သံဃာများရှိသလို လောကီအကြောင်း စိတ်မ၀င်စားပဲ ပြည်သူနဲ့ပေါင်းပြီး လမ်းခင်းကုသိုလ်ယူနေကြတဲ့ သံဃာများလည်းရှိပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းနေကြာလမ်းမှာဖြစ်ပါတယ်။ ဘုရားဖြူရပ်ကွက်မှာ တည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းက ကြည်ညိုဖွယ်ရာ သံဃာတော်တွေပါ။ 

ဒေသခံ ပြည်သူတွေနဲ့အတူ ကြမ်းတမ်းနေတဲ့ ကျောက်ခင်း ဗြုံးလမ်းပေါ်ကို ဒေသခံပြည်သူများ သွားလာရအဆင်ပြေစေရန်နဲ့ သံဃာတော်များ ဆွမ်းခံ ကြွချီတဲ့အချိန်မှာ သက်တောင့်သက်သာ ရှိစေဖို့ဆိုပြီး ရပ်ကွက်နေပြည်သူ (၂၀) ဦးလောက်နဲ့ သံဃာတော် (၅)ပါးခန့်တို့ ကွန်ကရစ်လမ်း ပြုလုပ်နေတာဟာ မြင်ရသူ ရင်အေးစရာ ကျေနပ်စရာတွေပါ။

သံဃာတော်တွေကိုယ်တိုင် ပေါက်ပြား၊ ဂေါ်ပြားတွေကိုင်ပြီး ကွန်ကရစ်လမ်း ပြုလုပ်ဆောင်ရွက်နေကြတာရယ်၊ ရပ်ကွက်နေ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘယ်သူမှ ခိုင်းစေခြင်း အမိန့်ပေးခြင်း မရှိဘဲ တာဝန်သိစိတ်နဲ့ ကွန်ကရစ် လမ်းတည်ဆောက်ဖို့ ရေသယ်သူ၊ မြက်ရှင်းသူ၊ မဆလာသယ်ယူသူ၊ ဖျော်သူတွေနဲ့ တက်ညီလက်ညီ လုပ်ကိုင်နေကြတာကို မြင်တွေ့ရပါတယ်။

အလုပ်ကြမ်း မလုပ်နိုင်တဲ့ အဘိုးအဘွားအရွယ်တွေက ရေနွေးကြမ်း၊ သစ်သီး စတဲ့ စားစရာတွေနဲ့ ဧည့်ခံနေတာဟာလည်း မြင်ရသူအပေါင်းရဲ့ ရင်ကို အေးမြစေခဲ့ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက ၀ိုင်းဝန်းကူညီလိုသူတွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့ ယူဆမိပါတယ်။ 

လမ်းခင်းရာမှာ ကုသိုလ်ယူလုပ်ကိုင်နေတဲ့ ဆရာတော်တစ်ပါးကို “အရှင်ဘုရားတို့ မနေ့က ဆန္ဒဖော်ထုတ်ပွဲမှာ မပါဘူးလား” လို့ မေးမြန်းလျှောက်ထားတဲ့အခါမှာ “ဘုန်းကြီးတို့ သိတောင်မသိလိုက်ဘူး လောကီအကြောင်းတွေ စိတ်မ၀င်စားဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ 

ဇော်ပိုင်ရဲ့ မြင်ရသူ ရင်အေးလောက်တယ် သီချင်းကို ကြားရသူ ရင်အေးလောက်တယ်ဆိုပြီး ဖျက်ဆိုရမလိုပါပဲခင်ဗျာ ။

ဒီဇင်ဘာလ ၇ ရက်နေ့မှာ တောင်ကြီးမြို့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဆရာတော်သံဃာတော်တွေရဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတာကို ဒေသခံ တိုင်းရင်းသားပြည်သူများရဲ့ ရင်ကို အေးမြစေလား ဆိုတာကိုတော့ ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ အဖြေကိုသာ စောင့်ကြည့်မှ ရပါတော့မယ်။တောင်ကြီးမြို့မှာ နိုင်ငံ့အရေးနှင့် ပတ်သက်ပြီး စီတန်းလှည့်လည်တဲ့ သံဃာများ ရှိသလို လောကီအကြောင်း စိတ်မ၀င်စားပဲ ပြည်သူနဲ့ပေါင်းပြီး လမ်းခင်း ကုသိုလ် ယူနေ ကြတဲ့ သံဃာများလည်းရှိပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းနေကြာ လမ်းမှာဖြစ် ပါ တယ်။ ဘုရားဖြူရပ်ကွက်မှာ တည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းက ကြည်ညိုဖွယ်ရာ သံဃာတော်တွေပါ။
ဒေသခံ ပြည်သူတွေနဲ့ အတူ ကြမ်းတမ်းနေတဲ့ ကျောက်ခင်း ဗြုံးလမ်းပေါ် ကို ဒေသ ခံပြည် သူများ သွားလာရအဆင်ပြေစေရန်နဲ့ သံဃာတော်များ ဆွမ်းခံ ကြွချီတဲ့အချိန်မှာ သက်တောင့်သက်သာ ရှိစေဖို့ဆိုပြီး ရပ်ကွက်နေပြည်သူ (၂၀) ဦးလောက်နဲ့

ကျန်းမာရွှင်လန်း မြင်းခွာရွက်အစွမ်း

ကျန်းမာရွှင်လန်း မြင်းခွာရွက်အစွမ်း

မြန်မာ့ဆေးကျမ်းများ အလိုအရ မြင်းခွာရွက်သည် အရသာ ခါးသက်သက်ရှိ၏။ စပ်ရှားရှားရှိ၏။ ချို၏။ ထက်မြက်၏။ သလိပ်ကိုပယ်တတ်၏။ အရေပြား ရောဂါ၊ ယားနာအဖုအပိမ့်များ၊ အနာပေါက်ရောဂါနှင့် နူနာတို့ကို ပျောက်ကင်း စေနိုင်သည်။

မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ် သောက်သော် ခွန်အားတိုးတက်စေ၏။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ ပျောက်ကင်းစေသကဲ့သို့ မြင်းခွာရွက်ကို အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးခြင်းဖြင့် အဆစ်အဆက်တို့၌ ဖြစ်သော လေအဖုအကျိတ် များပျောက်ကင်း စေနိုင်သည်။

ထို့အပြင် မြင်းခွာရွက်ကို အရည်ညှစ်၍ လက်ဖက် ရည်ဇွန်းအနည်းငယ် တစ်ဇွန်းခန့်တိုက်ပါက ကလေးငယ်များအအေးမိခြင်း၊ လေပြွန်ချောင်း ပူခြင်းပျောက်၏။ ဝမ်းသက်၍ သလိပ်ကိုလည်း ကျစေနိုင် သည်။

အရေပြား ရောဂါများအတွက် ၎င်း၏ အရွက်ညှစ်ရည်ဖြင့် လိမ်းကျံခြင်း၊ စားသောက်ခြင်းဖြင့် ပျောက်ကင်းစေခြင်း၊ ကိုယ်တွင် ရုတ်တရက် ထိခိုက်ရှနာဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်း၌ ၎င်း၏ အရွက်ကိုကြိတ်၍ ရသောအရည်ဖြင့် လိမ်းကျံပေးက ပျောက်ကင်း၏။ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် ဆီး၌ သွေးပါခြင်း တို့အတွက် မြင်းခွာရွက် ဖျော်ရည်ပြုလုပ်သောက်က ပျောက်ကင်းစေနိုင်သည်။ မြင်းခွာရွက်ကို ငရုတ်ကောင်း၊ ပျားရည်တို့နှင့် စပ်၍ သောက်ပါက အသက် ရှည်၏။ အနာရောဂါပျောက်ကင်းစေနိုင်သည်။ 

မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိ နာပျောက်ဆေး အဖြစ်လည်း ဖော်စပ်သုံးနိုင်သည့်အပြင် မြင်းခွာရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ရည် ခါးသဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေသည်။ မြင်းခွာရွက်အစိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင်ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း သို့မဟုတ် အရည်ညှစ် ၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာမျက်စိနာခြင်း၊ မျက်စိ ကျိန်းခြင်း များကို ပျောက်ကင်းစေ နိုင်သည်။

မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့် ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန်တွင် လျက်သော် နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်ကြောင်းကို စာဖတ်သူ ပရိသတ်များ သိရှိသုံးစွဲနိုင်စေ ရန်အတွက် မြင်းခွာရွက်အကြောင်း သိကောင်းစရာ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။ မြန်မာ့ဆေးကျမ်းများ အလိုအရ မြင်းခွာရွက်သည် အရသာ ခါးသက်သက်ရှိ၏။ စပ်ရှားရှားရှိ၏။ ချို၏။ ထက်မြက်၏။ သလိပ်ကိုပယ်တတ်၏။ အရေပြား ရောဂါ၊ ယားနာအဖုအပိမ့်များ၊ အနာပေါက်ရောဂါနှင့် နူနာတို့ကို ပျောက်ကင်း စေနိုင်သည်။
မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ် သောက်သော် ခွန်အားတိုးတက်စေ၏။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ  ပျောက် ကင်းစေ

ချောက်သံဃာတွေ ထိုင်သပိတ်ဆန္ဒပြ


လက်ပန်းတောင်းတောင်အရေး အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သတ်ပြီး ကန့်ကွက်ရှုံ့ချ ဆန္ဒပြတဲ့ ထိုင်သပိတ်ကို ဒီဇင်ဘာလ ၇ ရက် ဒီကနေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ က အေးစေတီ ဘုရား ရင်ပြင်တော်မှာ ဒေသခံ သံဃာ လေးဆယ်ဝန်းကျင်က ငါးနာရီ

ဒုသမ္မတကြီး ဒေါက်တာဆိုင်းမောက်ခမ်း နှင့် အဖွဲ့ ရခိုင်ပြည်နယ် မီးဘေးဒုက္ခသည်များအား ကြည့်ရှုကူညီအားပေး


ဒုသမ္မတကြီး ဒေါက်တာဆိုင်းမောက်ခမ်း နှင့် အဖွဲ့ ရခိုင်ပြည်နယ် မီးဘေးဒုက္ခသည်များအား ကြည့်ရှုကူညီအားပေး

8/12/2012

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ နိုင်ငံတကာ သံအမတ်တွေ၊သံအဖွဲ.၀င်တွေ၊UNနဲ့ NGO အဖွဲတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို.ကို ရောက်ရှိနေပြီး ပြည်နယ် အစိုးရအဖွဲရုံးမှာ အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ ၊တခြား မြို.မိမြို.ဖတွေနဲ့ တွေဆုံပြီးတော့
ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ့အဖွဲ့ ခရီးစဉ်မှာ ဒုသမ္မတနဲ့အတူ လူမှူဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌါန ၀န်ကြီး ဒေါ်မြတ်မြတ်အုံးခင်၊ကာကွယ်ရေးဝန်ကြီးဌါနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ၊ပြည်ထဲရေးဝန်ကြီးဦးခင်ရီ၊ တူရကီ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား သံအမတ်တွေနဲ့ UN တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mr. Ashok Nigam တို့ လိုက်ပါလာခဲ့ကြပြီး မင်းပြား၊ ကျောက်တော်နဲ့ မောင်တောမြို.နယ်၊ ပေါက်တောမြို.နယ်၊ စစ်တွေမြို.နယ်တို.မှာ ရှိတဲ့ မီးလောင်တဲ့နေရာတွေနဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
http://shannnews.blogspot.com/2012/12/blog-post_3003.html
 ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ နိုင်ငံတကာ သံအမတ်တွေ၊ သံအဖွဲ.၀င်တွေ၊UNနဲ့ NGO အဖွဲတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို. ကို ရောက်ရှိနေပြီး ပြည်နယ် အစိုးရအဖွဲရုံးမှာ အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ ၊တခြား မြို.မိမြို.ဖတွေနဲ့ တွေဆုံပြီးတော့ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းဆောင် ရွက် ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ့အဖွဲ့ ခရီးစဉ်မှာ ဒုသမ္မတနဲ့အတူ လူမှူဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌါန ၀န်ကြီး ဒေါ်မြတ်မြတ်အုံးခင်၊ ကာကွယ်ရေးဝန်ကြီးဌါနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး

ဘင်္ဂလားဒေ့ရှ်ရေတပ်၏ New Large Patrol Missile Craft (LPC)

 
ဘင်္ဂလားဒေ့ရှ်ရေတပ်၏ New Large Patrol Missile Craft (LPC)

 ဘင်္ဂလားဒေ့ရှ်ရေတပ်မှ မှာယူထားသော အရှည်(၆၄.၂) မီတာ၊အနံ(၉) မီတာ၊ တန်ချိန် (၆၄၈)တန်၊ အမြန်နူန်း(၂၈)မိုင် မောင်းနှင်နိုင်မည့် Large Patrol Craft (LPC) အမျိုးအစား စစ်ရေယာဉ်နှစ်စီးကို တရုတ်နိုင်ငံWuchang လွန်းကျင်းတွင် တည်ဆောက်လျက်ရှိပြီး  ပထမတစ်စီးကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ ဒုတိယတစ်စီးကို စက်တင်ဘာလတွင် လည်းကောင်း ရေချခဲ့သည်။ ဖော်ပြပါ စစ်ရေယာဉ်များသည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ လိုအပ်ချက်များနှင့်အညီ အံဝင်ခွင်ကျဖြစ်အောင် တည်ဆောက်ထားပြီး စွမ်းဆောင်ရည်မြင့်မားသည့် Platform ပုံစံဖြစ်သဖြင့် EEZ အထိ ရေကြောင်းကာကွယ်ရေး နှင့် ကင်းလှည့်စောင့်ကြပ်ရေး တာဝန်များကို ထမ်းဆောင်နိုင်သည်ဟု ဆိုသည်။အဆိုပါ LPC နှစ်စီးကို ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်၌ တပ်တော်ဝင်ပြုလုပ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ အလားတူ စစ်ရေယာဉ်မျိုးကို တရုတ်နိုင်ငံ မှ ပါကစ္စတန်နိုင်ငံ သို့ ရောင်းချခဲ့ပြီး ယခုနှစ် ဧပြီလတွင် တပ်တော်ဝင် ပြုလုပ်ခဲ့ပါသည်။လေ့လာသိရှိနိုင်ရန် တင်ပြလိုက်ပါသည်။

General characteristics

1. Displacement: 648 tonne

2. Length: 64 meter

3. Armament: 1x 76.2mm naval gun, 2x Oerlikon 20mm cannon, 8x C-802A AShM, 4x QW-2, 2x Type 730 CIWS, 2 x 6-tube EDS-25A 250mm ASW rocket launcher (18 rockets), Decoy Launcher

4. Electronic: Type 360 Surface search radar, Type 352 surface search and SSM control radar for C-802A, MR-123-02/76 Fire Control Radar for 76.2mm gun, Type 347G (Rice Bowl) fire control radar for 20mm cannon, LR66 radar for CIWS, ASW fire control system

5. Deck Design: Elevated foreword enhanced for better surface view

6. Bow Design: Bulbous Bow. The BN LPCs has the Bulbous Bow which the PNS Azmat Class lacks. A bulbous bow is a protruding bulb at the bow (or front) of a ship just below the waterline. The bulb modifies the way the water flows around the hull, reducing drag and thus increasing speed, range, fuel efficiency, and stability. Bulbous bows are used in vessels when:
The length is longer than about 15 metres (49 ft)
The vessel will operate in coastal and deep sea
The vessel will operate most of the time at or near its maximum speed.ဘင်္ဂလားဒေ့ရှ်ရေတပ်မှ မှာယူထားသော အရှည်(၆၄.၂) မီတာ၊အနံ(၉) မီတာ၊ တန်ချိန် (၆၄၈)တန်၊ အမြန်နူန်း (၂၈)မိုင် မောင်းနှင်နိုင်မည့် Large Patrol Craft (LPC) အမျိုးအစား စစ်ရေယာဉ်နှစ်စီးကို တရုတ်နိုင်ငံWuchang လွန်းကျင်းတွင် တည်ဆောက်လျက် ရှိပြီး ပထမတစ်စီးကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် လည်းကောင်း၊ ဒုတိယတစ်စီးကို စက်တင်ဘာလတွင် လည်းကောင်း ရေချခဲ့သည်။ ဖော်ပြပါ စစ်ရေယာဉ်များသည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ လိုအပ်ချက်များနှင့်အညီ အံဝင် ခွင်ကျဖြစ်အောင် တည်ဆောက်ထားပြီး စွမ်းဆောင်ရည်မြင့်မားသည့် Platform ပုံစံဖြစ်သဖြင့် EEZ အထိ ရေကြောင်း ကာကွယ်ရေး နှင့် ကင်းလှည့်စောင့်ကြပ်ရေး တာဝန်များကို ထမ်းဆောင်နိုင်သည်ဟု

ငွေဖြည့်ကတ်၊ ငွေစက္ကူနဲ့ ဘတ်စ်ကားမွန်းကျပ်ကျပ်

အရင်က စုတ်ပြတ်နေတဲ့ ငွေ စက္ကူတွေ ကိုင်ပြီး သုံးစွဲရတာကို ပြည်သူတွေ မမေ့လောက်သေးဘူး ထင်ပါ တယ်။ နောက်ပိုင်းတော့ အဲဒီအခြေအနေကနေ အနည်းအငယ် ကျော်လွန်ပြီး ပိုက်ဆံဟောင်း အစုတ်

ဆီယက်တယ်မှာ ပြုလုပ်မယ့် ဟောပြောပွဲ



အမေရိကန်ပြည်ထောင်စု ဆီယက်တယ်မြို့က Seattle Asian Art Museum မှာ ပြုလုပ်မယ့် မြန်မာပြည်ဆိုင်ရာ ဟောပြောပွဲကို စနေနေ့ ဒေသ စံတော်ချိန် မနက် ၉း၃၀ မှာ ပြုလုပ်ပါမယ်။ဟောပြော မယ့် သူက ဧရာဝတီသတင်းဌာန အယ်ဒီတာ အောင်ဇော်၊ အကြောင်း အရာက လတ်တလော မြန်မာပြည် စာနယ်ဇင်း အခြေ အနေ ဖြစ် ပါ