Sunday, December 9, 2012

အယ်ဂျာဇီးယားရုပ်သံမှလိမ်လည်လုပ်ကြံဖန်တီးထား ခြင်းဘူးပေါ်သလိုပေါ်

အယ်ဂျာဇီးယား ရုပ်သံမှ ယနေ့မြန်မာစံတော်ချိန် ၁၂.၃၀ မှ စတင်၍ ပြသဆဲဖစ်သော HiddenGenocide အမည်ရှိ  documentary အမည်ခံ တင်ပြချက် တစ်ခုမှာ- အတုလုပ်ကြံ ဖန်တီးထားခြင်း ဖြစ်ကြောင်း သူတို့၏ တင်ပြပုံ အမှား တစ်ခုမှ စတင် ဖော်ထုတ် တွေ့ရှိရသည်။

အမျိုးသမီးတစ်ဦးမောင်းလာသော စက်လှေငယ်မှမော်တော်အားဝင်တိုက်မိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်  သပြုငူကျေးရွာအနီးတွင် နံနက် ၁၁နာရီ ၃၀ ခန့်က စက်တပ် ထားသော လှေငယ်မှ မကျီးလဟာကျေးရွာမှ ပုသိမ်သို့ ပြေးဆွဲနေသော ချမ်းမြေ့အေး အမည်ရှိ မော်တော်သည်သာပေါင်းမြို့မှ  နံနက် ၉ နာရီခန့်တွင် ပုသိမ်သို့ ထွက်ခွာခဲ့ရာ အမျိုးသမီး တစ်ဦးမောင်းနှင်လာပြီး အမျိုးသမီးနှစ်ဦးတင်ဆောင်လာသော စက်လှေငယ်မှ သပြုငူကျေးရွာအနီးတွင် အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိ ကြောင်း သိရသည်။

မြေပုံ ဒုက္ခသည် စခန်းတွင် ခိုက်ရန် ဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရ၊ ၇ ဦးဖမ်းဆီးခံ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မွတ်စလင်  ဒုက္ခစခန်းတွင် အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓါးခုတ်မူ ဖြစ်ပွားရာ တစ်ဦး ဒဏ်ရာရပြီး ၇ ဦးကို ရဲက  ဖမ်းဆီးသွားသည်ဟု သိရသည်။

Master ကတ် စတင်သုံးသည့် သုံးပတ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ကျပ်ငွေသိန်းပေါင်း ၉၆၀ ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ခန့် ဘဏ်မှ လက်ခံရရှိ

Master ကတ်အား မြန်မာနိုင်ငံတွင်  နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်အသုံးပြုသည့် သုံးပတ်ကျော်အတွင်း ကမ္ဘာလှည့်ခရီးသွားများ Master ကတ်ကို အသုံးပြု၍ မြန်မာကျပ်ငွေ သိန်းပေါင်း ၉၆၀ ခန့် ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ခန့်ဘဏ်မှ လက် ခံရရှိထားကြောင်း သမ၀ါယမလိမိတက်ဘဏ်မှ တာဝန်ရှိသူတစ်ဦး၏   ပြောကြားချက်များ အရ သိရှိရပါသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့  နောက်ဆုံး ထား ဖြေရှင်းပေး ရန် သံဃာတွေ တောင်းဆို

လက်ပံတောင်းတောင် ကြေးနီးမိုင်းသပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှု နဲ့  မီးလောင်ဗုံးတွေ နဲ့  ဖြိုခွဲ စဉ် မှာဒဏ်ရာ ရရှိ ခဲ့ တဲ့ သံဃာတော်တွေကို အစိုးရ အနေ နဲ့  တရားဝင်ဝန်ချ တောင်းပန် ဖို့  နဲ့ ဖမ်းဆီးထား တဲ့ သံဃာ နဲ့  ပြည်သူ တွေ ကိုအမြန် ဆုံး ပြန် လွှတ်ပေး ဖို့  တောင်း ဆို လိုက် ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ နိုင်ငံသား စိစစ်မှု ယာယီပတ်စ်ပို့များ မလုပ်ပါက မြန်မာနိုင်ငံ ပြန်ပို့မည်

Photo: ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ နိုင်ငံသား စိစစ်မှု ယာယီပတ်စ်ပို့များ မလုပ်ပါက မြန်မာနိုင်ငံ ပြန်ပို့မည် 
Saturday, 08 December 2012

ထိုင်းအစိုးရက  မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသားစိစစ်မှု ယာယီပတ်စ်ပို့လုပ်ရန် ၂၀၁၂၊ ဒီဇင်ဘာလ ၁၄ ရက်အား သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ပတ်စ်ပို့ မပြုလုပ်ပါက ဖမ်းဆီးပြီး နေရပ်ရင်း
မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ကြေညာထားကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မဟာချိုင်ရှိ စက်ရုံ၊အလုပ်ရုံများတွင် ၀င်ရောက် ဖမ်းဆီးနေမှုများရှိပြီး အလုပ်ရှင်က တာဝန်မယူသော အလုပ်သမားအချို့ ဗွက်တော၊ ဓနိတောများတွင် ပုန်းအောင်းနေကြရသောကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။ 

ထွက်ပြေးတိမ်းရှောင်သူများသည် တရားမ၀င် ရွေ့ပြောင်းအလုပ်သမားများ၊ ယာယီ နိုင်ငံကူးလက်မှတ် ရှိသော်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးသည့် အလုပ်သမားလက်မှတ် မရှိသောသူများဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးသူငယ်များပါ ပါဝင်နေကြောင်း သိရပါသည်။

တိမ်းရှောင်နေရသူများအား လိုက်လံကူညီပေးနေသော ရွှေတွံတေး
ဆရာတော်က “''ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာဘူးတွေကိုတော့
ထောက်ပံပေးထားတယ်။ ကယ်ရီကို ဘတ် ၁သောင်းခွဲပေးပြီး တက်လာသူတွေ၊ MOU နဲ့ တက်လာတဲ့သူတွေပဲ၊ မြန်မာအလုပ်သမား
တွေကို ငဲ့ညှာပြီး ထိုင်းအစိုးရအနေနဲ့ အဆင်ပြေအောင်ဆောင်ရွက်
စေချင်တယ်''ဟု မိန့်ကြားခဲ့သည်။

အလုပ်သမား ဥပဒေအရ MOU ပြုလုပ်စဉ်က ခေါ်ယူခဲ့သော အလုပ်ရှင်နှင့် အဆင်မပြေပါက နယ်စပ်အထိ ပြန်လာပြီးမှ အခြားအလုပ်ရှင်ကို
စောင့်ရကြောင်း၊ အလုပ်ရှင်နှင့် အဆင်မပြေသော အလုပ်သမားအချို့က နယ်စပ်အထိ ပြန်မလာတော့ပဲ ထိုင်းနိုင်ငံအတွင်း တရားမ၀င်
နေထိုင်ကြကြောင်းလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက
ပြောပြပါသည်။

ထိုင်းနိုင်ငံတွင် ယခင်က အလုပ်သမား မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ပြီး မှတ်ပုံတင်ခ ဘတ် ၃၈၀၀ မှ ဘတ် ၅၀၀၀ လောက်အထိ ကုန်ကျခံရပြီး ၂၀၁၀ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီချက်အရ ယာယီနိုင်ငံကူး
လက်မှတ်များ ပြုလုပ်ပေးခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အလုပ်သမားမှတ်ပုံတင်နှင့် ယာယီနိုင်ငံကူးလက်မှတ်အတွက် စုစုပေါင်း ဘတ် ၁ သောင်းဝန်းကျင် ကုန်ကျသောကြောင့် အလုပ်သမားများအတွက်  ခက်ခဲသည်ဟုလည်း သိရပါသည်။

အလုပ်လုပ်ခွင့် ဥပဒေအရ အလုပ်သမားလက်မှတ် ပြုလုပ်ပေးသော အလုပ်ရှင် တစ်ဦးတည်းထံတွင်သာ အလုပ်လုပ်ခွင့်ရပြီး အဆင်မပြေပါက အခြားအလုပ်ရှင်ထံ ပြောင်းလဲလုပ်ကိုင်ခွင့် မရှိသောကြောင့် အလုပ်သမားအချို့ အခက်အခဲကြုံနေကြရပါသည်။ 

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်ရှိပြီး ၁.၂ သန်းမှာ တရားဝင် အထောက်အထားရှိသူဖြစ်ကာ ၃ သိန်းခန့်မှာ တရားမ၀င် ၀င်ရောက်နေထိုင်သူများဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါသည်။

Eleven Media Groupထိုင်းအစိုးရက မြန်မာရွှေ့ပြောင်း အလုပ်သမားများအား   နိုင်ငံသားစိစစ်မှု ယာယီပတ်စ်ပို့လုပ်ရန် ၂၀၁၂၊ ဒီဇင်ဘာလ ၁၄ ရက်အား သတ်မှတ်ထားပြီး သတ်မှတ်ရက်အတွင်း ပတ်စ်ပို့ မပြုလုပ်ပါက ဖမ်းဆီးပြီး နေရပ်ရင်းမြန်မာနိုင်ငံသို့  ပြန်ပို့မည်ဟု ကြေညာထားကြောင်း သိရသည်။

"ပြုပြင်မှု အလွဲသုံးစားမှု နဲ့ အခွင့်ထူးခံစားမှု "

စစ်အစိုးရဟာ ၁၉၈၈ ကနေ ဒီကနေ့အထိ တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံကောင်းတွေကို တည်ဆောက်ပေးခဲ့တယ်လို့ အစိုးရသစ်မူဝါဒ ရှင်းလင်းတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ ကြိုးကိုင်သူများကို ပြည်သူလူထုထံ အသိပေးမည်

တစ်ကျော့ပြန်ပဋိပက္ခကြောင့် လူပေါင်း၉၀နီးပါး သေဆုံးခဲ့သော ရခိုင်ပြည်နယ်ပဋိပက္ခတွင်  နောက်ကွယ်မှကြိုးကိုင် လှုံဆော် လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထု ထံပွင့်ပွင့်လင်းလင်းချပြအသိပေးသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

တိုင်းပြည်ထူထောင်ရေး အမျိုးသားနေ့မှာ ဒေါ်စုတိုက်တွန်း

မြန်မာနိုင်ငံမှာ ပညာရေးစနစ်ဟာ အားနည်းလွန်းပြီး လူငယ်တွေ ပညာတတ်ဖြစ်အောင် အလုပ်အကိုင်ရအောင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့ တန်ဆောင်မုန်းလဆန်း ၁၀ ရက် စနေနေ့မှာ ကျရောက်ခဲ့တဲ့ (၉၂) ကြိမ်မြောက် အမျိုးသားနေ့မှာ နတ်မောက်ပြည်သူတွေကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ 

လက်ပန်းတောင်းတောင်ကိစ္စ သံဃာတော်တွေကို သာသနာရေးဝန်ကြီး တောင်းပန်

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြစခန်းတွေ ဖြိုခွဲခဲ့ရာမှာ ရဟန်းသံဃာတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက် ပြီး ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်တွေ ကို တောင်းပန်လျှောက်ထားတဲ့ အခမ်းအနားတစ်ရပ် မနေ့မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။

" ရခိုင်မှာစကားရှိတယ်၊စာပေရှိတယ်၊နယ်မြေရှိတယ်၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းရှိတယ်

ကုလသမ္မဂက လာတဲ့ အမျိုးသမီးကို သူကမေးလိုက်တဲ့  သတင်းကို ပြောပြတာပါ ။

 မြန်မာနိုင်ငံမှာ သမ္မတ-က-မြန်မာနိုင်ငံမှာ မရှိတဲ့  လူမျိုးကို ဘာဖြစ်လို့  နာမည်ထုတ်ပြီး ပြောရတာလဲလို့  သူမေးခဲ့ တယ်ဆိုတဲ့ အကြောင်း ပြောပြတာပါ။  သူပြောတဲ့ အခါ ဒါကိုရေဒီိယိုကတောင် မလွှင့်သေးပါဘူး ။ ကျွန်တော့်ကို သူပြောပြတော့ ကျွန်တော် စဉ်းစားမိဖြစ်လာပါတော့တယ် ။ 

ခြေလှမ်းတွေနောက်ကျနေတဲ့ မြန်မာအစိုးရ



ko nge  MDYနာမည်ခံ ဒီမိုကရေစီ

နှစ်ပေါင်း ၅၀ နီးပါး အာဏာပိုင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရ ဟာ နိုင်ငံတကာနဲ့ ဆက်ဆံ ရာမှာ သီးခြားဖြစ်နေပြီး နိုင်ငံတကာ လုပ်နည်း လုပ်ဟန်တွေနဲ့ ဝေးကွာ ခဲ့ပါတယ်။ နိုင်ငံကို ပြောင်းလဲလို တဲ့ တပ်မတော်ခေါင်းဆောင် တချို့နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ ပူးပေါင်းပြီး မြန်မာ့နိုင်ငံရေး အခြေအနေ ပိုမိုကောင်းမွန်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့နေပြည်တော်ဒီဇင်ဘာ၈။  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ (၉၂)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

တပ်မတော်ကာကွယ်ရေးဦးစီချုပ်က စစ်ရေးဆိုင်ရာသာမက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများ၌ ကျွမ်းဝင်သိရှိ နေအောင် လေ့လာရန် ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ ပြောကြား

စစ်ရေးဆိုင်ရာ လေ့လာအာရုံစိုက်မှုသာမက ဆက်နွှယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများတွင်ပါ ကျွမ်းဝင်သိရှိေ
နေအောင် ယခုကတည်း က လေ့လာသွားကြရန် ဒီဇင်ဘာလ ၇ ရက်က
ပြင်ဦးလွင်မြို့၌ ကျင်းပခဲ့သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း
အမှတ်စဉ်(၅၅) သင်တန်းဆင်းပွဲ အခမ်းအနားတွင် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်။