Wednesday, December 19, 2012

မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော


၂၀ဝ၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင် လိုင်စင်’ (License to Rape) စာအုပ် သည် ပြည်ထောင်စု ငြိမ်း ချမ်းရေး  ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်း ပြောသကဲ့သို့ တဖက်နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်

မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ

Photo: မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ
Wednesday, 19 December 2012

ဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည် အာရုံခံအဖြေထုတ်စက် GP Sports စက်ကို   Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

ကစားနည်းမျိုးစုံမှ ကစားသမားများ အသုံးပြု၍ရသည့် အဆိုပါစက်အား Yangon UTD Fc မှ မလေးရှားလူမျိုးကြံ့ခိုင်ရေးနည်းပြ ဆရာက ယူဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ကစားသမားများကို ထိုစက်ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ အသင်းမှာ စမ်းသပ် အသုံးပြုနေတုန်းပါ အသင်းအတွက်နဲ့ ကစားသမား တွေ အတွက်ပါ၊ အကျိုးရှိမယ်ဆိုရင် ၀ယ်ယူမှာပါ  ”ဟု Yangon UTD Fc  သတင်းနှင့်ပြန်ကြားရေးမှ ကိုထွန်းထွန်းဝင်းက ပြောသည်။

ကစားသမားတစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်း၊ လုပ်အားနှုန်း ၊စွမ်းဆောင်ရည်၊ အားနည်းချက်၊ အားသာချက်များအား  GP Sports မှ အသေးစိတ်
အချက်အလက်ဖြင့် ဖေါ်ပြပေးမည်ဖြစ်ပြီး ဘောလုံး အားကစားနည်း သာမက အခြားအားကစားနည်းများတွင်လည်း အဆိုပါစက်ဖြင့် ကစားသမား၏ စွမ်းဆောင်ရည် များအား စစ်ဆေးနိုင်ကြောင်း သိရသည်။

“ ကစားသမားရဲ့ စွမ်းဆောင်ရည်စစ်ဆေးတဲ့ စက်ပါ၊ ကစားသမားတွေရဲ့
နှလုံးခုန်နှုန်းကအစ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆုံး စစ်ဆေးတဲ့စက်ပါ စက်က တော်တော် ကောင်းတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့
လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အတည်ပြု ပြောကြား သည်။

အဆိုပါစက်မှ ကစားသမားစွမ်းဆောင်ရည်၊လုပ်အားနှုန်းနှင့် ပတ်သက်၍ အဓိကသတ်မှတ်ပေးနိုင်ကြောင်းကိုလည်း သိရသည်။

ကြည်လင်းမှာ Goal.com မှ ချီးမြင့်သည့် အာရှအကောင်းဆုံး
ကစားသမားစာရင်းတွင် တစ်ကြီမ်ပါ ၀င်ခဲ့သူဖြစ်သည်။

၎င်းစက်ပစ္စည်းကို ၀ယ်ယူဖြစ်ပါက Yangon UTD Fc အသင်းအနေဖြင့် Myanmar National League တွင် ပထမဆုံးဝယ်ယူအသုံးပြုမည့်ု
မြန်မာနေရှင်နယ်လိဂ် ဘောလုံးကလပ်အသင်းဖြစ်လာမည်။

အဆိုပါစက်အား လက်ရှိတွင် ဥရောပထိပ်သီးဘောလုံးကလပ်
အသင်းများဖြစ်သည့် မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ရိးရဲယ်မက်းဒရစ်၊ အေစီမီလန်အစရှိသော အသင်းများတွင် အသုံးပြုလျှက် ရှိသည်။

မင်းဟိန်းထက်(မြစ်မခ)
Myit Makha Mediagroupဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည်အာရုံခံအဖြေထုတ်စက် GP Sports စက်ကို Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။ ကစားနည်းမျိုးစုံမှ ကစားသမားများ အသုံးပြု၍ရသည့် အဆိုပါစက်အား Yangon UTD Fc မှ မလေးရှားလူမျိုးကြံ့ခိုင်ရေးနည်းပြ ဆရာက ယူဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ကစားသမားများကို

Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်

Photo: Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်
Wednesday, 19 December 2012

Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ယမန်နှစ် ၂၀၁၁ မှာတုန်းကျတော့ နိုကီယာက ၃၀ ရာခိုင်နှုန်း၊ Samsung က ၂၄ ရာခိုင်နှုန်းနဲ့ ကွာခြားနေတာ ဖြစ်ပါတယ်။ ယခုတော့ ပြောင်းလဲ သွားပြီး Samsung က ဗိုလ်ဆွဲတော့မှာ ဖြစ်ပါတယ်။ Apple ကတော့ ဈေး ကွက် ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရသေးပြီး တတိယ နေရာ မှာပဲ ရှိနေ ပါသေးတယ်။
မော်ဒယ် Brand နဲ့ အလုံးရေ ထုတ်လုပ်မှုကလည်း Samsung နဲ့ Nokia တို့လောက်မများပြားလို့ ဖြစ်ပါတယ်။

Samsung ကတော့ တစ်နှစ်ထဲမှာကို မော်ဒယ်အမျိုးမျိုး တစ်ခုပြီးတစ်ခု ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို အသာစီးရယူခဲ့ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကလည်း ဈေးနှုန်းသက်သာခြင်း ဖြစ်ပြီး အရေအတွက် များပေမယ့် အရည်အသွေး အပိုင်းလည်း ကျဆင်းသွားမှု မရှိခြင်း ကလည်း နောက်ထပ် အောင်မြင်ရခြင်း တစ်ခု ဖြစ်ပါတယ်။

၂၀၁၂ နောက်ဆုံး လေးလတာ ကာလ စစ်တမ်းအရ Samsung မှ မိုဘိုင်းဖုန်း အလုံးရေ ၉၈ သန်း ရောင်းချရပြီး ၅၅ သန်းက စမတ်ဖုန်း ဖြစ် ပါတယ်။ Nokia ကျတော့ အလုံးရေ ၈၂ သန်းရောင်း ချရပြီး စမတ်ဖုန်း ကျတော့ ၇.၂ သန်းပဲ ရှိပါတယ်။ ဒါကလည်း အဓိက ကွာခြားသွားခြင်း ဖြစ် ပါတယ်။

သမိုင်းတစ်လျှောက် ယူလာတဲ့ နံပါတ် ၁ နေရာကို ဖယ်ပေးရတော့မယ့် Nokia အနေနဲ့ အနာဂတ်မှာ စိုးရိမ်စရာရှိကြောင်း ဝေဖန်ထားကြပါတယ်။ Lumia စမတ်ဖုန်း ရောင်းအားတက်ပေမယ့် မျော်မှန်းထား သလောက် ဖြစ် မလာသေးပါဘူး။ ဒါကြောင့် အနာဂတ်မှာ နံပါတ် ၂ ကနေတောင် ဆင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။

RIM နဲ့ HTC ကတော့ မိုဘိုင်းဈေးကွက် ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အတူတူ ရပ်တည်နေကြောင်း သိရပါတယ်။
--
Ref: techrader.
Aung Kham (TSJ team)
TechSpace JournalNokia က ဆယ်စုနှစ်တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာ

ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း



လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ရရှိတဲ့ အကျိုးကျေးဇူး ကတော့ ပြောမကုန်အောင် များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ)

ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ

Photo: ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ
Wednesday, 19 December 2012

ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း
ဒေသများတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး
လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရှိလာကြောင်း သိရသည်။

ထိုကဲ့သို့ အချဉ်တည်ရာတွင် အမျိုးသမီးများမှာ မုန်လာဥရေဆေးခြင်း
အတွက် မနက် ၆း၀၀ နာရီမှ ၈း၀၀ ထိ မုန်လာခင်း ပိုင်ရှင်များထံတွင် အလုပ်ဆင်းကြပြီး၊ ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အချဉ်တည်သော
အိမ်များတွင် အချဉ်တည်သည့် အလုပ်အား လုပ်ကိုင်ကြရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ အချဉ်တည်သောအိမ်အများစုမှာ တရုတ်လူမျိုးများ၏ နေအိမ်များဖြစ်ကြောင်း နှင့်  တရုတ်လူမျိုးများ၏ အိမ်တိုင်းလိုလို မုန့်ညှင်းချဉ် အပါအ၀င် အချဉ်တည်ကြောင်းသိရသည်။

အချဉ်တည်ရာတွင်အမျိုးသမီးများအားအဓိကအားထားနေရခြင်းမှာ မုန်ညင်းများအား အရွက်ဖျင်ခြင်း၊မုန်လာဥများအား လေးခြမ်းခွဲခြင်း စသည့် လုပ်ငန်းများ၌ အမျိုးသမီးများက ပို၍ ကျွမ်းကျင် သောကြောင့်ဖြစ်သည်ဟု အချဉ်တည်သည့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လောဘကြီးတယ်တော့မဟုတ်ပါဘူး၊ ကျွန်မတို့လည်း ရှာနိုင်တဲ့အချိန်လေး ရှာထားရတာ၊ ယောက်ျား လုပ်စာတစ်ခုထဲနဲ့ဆို သိပ်မချောင်လည်ဘူး”ဟု အသက် ၄၀ အရွယ်ခန့်အချဉ်တည် အမျိုးသမီး လုပ်သား တစ်ဦးက
ပြောသည်။

၎င်းတို့၏ တစ်ရက်တာဝင်ငွေမှာ မနက်ပိုင်း နှစ်နာရီအတွက် တစ်ထောင်ကျပ်ရှိကြပြီး အချဉ်တည်သောအိမ်တွင် တစ်နေကုန်   လုပ်ခအတွက် နှစ်ထောင်ကျပ်ရရှိကြောင်းနှင့်  အချိန်ပိုဆင်းနေ့ဖြစ်လျှင် ကျပ်သုံးထောင် အထိရရှိ သောကြောင့် တစ်နေ့လျှင် သုံးထောင်မှ
လေးထောင်အထိ ၀င်ငွေရရှိနေကြောင်း သိရသည်။

အဆိုပါဒေသများ၌ အမျိုးသားများမှာ တစ်ရက်လျှင် မနက် ၈း၀၀ နာရီမှ ညနေ ၄း၀၀ အထိ ခြုံရှင်းမြေပေါက်၊ ရေလောင်းအစရှိသည့် အလုပ်ကြမ်းများကို လုပ်ကိုင်ရပြီး လုပ်အားခမှာ သုံးထောင်မှ သုံးထောင့်ငါးရာကျပ်အထိ ရရှိကြောင်းကိုလည်း သိရသည်။

မုန်ညင်းချဉ်အနီတည်ရာတွင် မုန်ညင်းအား အရွက်ဖျင်ပြီးလျှင် အရိုးများအား နှစ်ရက်ခန့်နေလှန်းရပြီး၊အနည်းငယ် ဖန့်သွားသောအခါ အရိုးအား လှီးဖြတ်ခြင်း ရေဆေးခြင်းနှင့် ဆားအချိုမှုန့်၊ မဆလာ၊
ကြံသကာတို့ဖြင့် နယ်ရကာ တစ်ပါတ်ခန့်အိုးထဲတွင် အချဉ်တည်ထားပြီးလျှင်
ရောင်း၍ရသည့် အခြေအနေသို့ ရောက်ရှိကြောင်း နောင်ချိုမြို့မှ စားသောက်ကုန် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အဖြူမှာမူ အရွက်ဖျဉ်စရာမလိုပဲ တစ်ခါတည်းလှီး၍၊ ဆားနယ်ကာ၊ ထမင်းအနည်းငယ်ထည့်၍ အချဉ်တည်လျှင် တစ်ပါတ်ခန့်ကြာလျှင် စားး၍ရကြောင်းကိုလည်း သိရသည်။

“မုန့်ညှင်းချဉ်ကတော့ ခေါက်ဆွဲနဲ့ပဲစားစား၊ ဟင်းအနေနဲ့ပဲစားစား ဒီဒေသမှာတော့ ထုတ်လုပ်မှုက လောက်တယ် မရှိဘူး၊ အချဉ်တည်သမျှ ရောင်းရတယ်”ဟု ပြင်ဦးလွင်မှ မုန့်ညှင်းချဉ်
ထုတ်လုပ် ရောင်းချနေသည့် လူမျိုးခြားတစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အနီ(ရှမ်းချဉ်)နှင့် မုန်လာဥချဉ်တို့မှာ တစ်ပိဿာ
နှစ်ထောင်ကျပ် ဈေးရှိပြီး၊ မုန်ညင်းချဉ် အဖြူ (ဗမာချဉ်)မှာ တစ်ပိဿာလျှင် တစ်ထောင်ကျပ်ဝန်းကျင်ဈေးရှိကြောင်း ပြင်ဦးလွင် မြို့မဈေး အတွင်းက သိရသည်။

မုန်ညှင်းချဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ မပါမဖြစ်စားသုံးလေ့ရှိသည့် အရန်ဟင်းဖြစ်သည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroupပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း
ဒေသများတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရှိလာကြောင်း သိရသည်။ ထိုကဲ့သို့ အချဉ်တည်ရာတွင် အမျိုးသမီးများမှာ မုန်လာဥရေဆေးခြင်း အတွက် မနက် ၆း၀၀ နာရီမှ ၈း၀၀ ထိ မုန်လာခင်း ပိုင်ရှင်များထံတွင် အလုပ်ဆင်းကြပြီး၊ ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အချဉ်တည်သော

` မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်´

` မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား  တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်´

ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာလမ်းပိုင်း အချို့ ပျက်စီးမှုများ

ရှိနေ၍ ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး

၁ နှစ် မပြည့်မီ ယခုလ လယ်ပိုင်းတွင် ပျက်ဆီးမှု များ ကြုံတွေ့နေရခြင်း

ဖြစ်ကြောင်းသိရ သည် ။

`` အခု ပျက်ဆီးမှု ဖြစ်နေတာ တံတားပေါ်မှာ ရှိ တဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကို

တံတားတာဝန်ရှိသူတွေ က လုပ်နေကြတယ်၊ တစ်နှစ်မပြည့် ခင်မှာ ပင် ဒီလို ပျက်ဆီးမှု တွေ ဖြစ်နေတယ့်အတွက်

အခြားနေရာ တွေ ကို လည်း ပြန်ပြီး စစ်သင့်တယ်၊ တံတားက အသွား တစ်လမ်း၊ အပြန်တစ်လမ်း မဟုတ်တဲ့အတွက်

တံတားပေါ် မှာ ပြင်ဆင်မှု လုပ်ရင် ရှောင်ရ တိမ်းရတာ ခက်တယ် ၊ ဒီတံတားက မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုလည်း

ဆက်ထားပေးတယ် ၊ အခု ရာသီဆိုရင် ပုဂံညောင်ဦး ဘုရားဖူး ခရီးစဉ်တွေ များ တဲ့ အတွက် ဖြတ်သန်းသွားလာမှု လည်း

အရမ်းများတယ် ။ ဒါကြောင့် ဒီတံတားကို လုံခြုံ စိတ်ချမှု ရှိအောင် ပြန်ပြီး စစ်ဆေး သင့်ပါတယ်´´ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီတံတား ပခုက္ကူသည် မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်ပြီး တံတား တည်ဆောက်ချိန် သည် ၂ နှစ် ခန့် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ-ကိုကိုဇေ(ပခုက္ကူ)
‎ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာ လမ်းပိုင်း အချို့ ပျက်စီးမှုများ ရှိနေ၍ ပြင်ဆင် မှုများ ပြုလုပ်နေ ရကြောင်း သတင်းရရှိသည်။
ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍

Photo: ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍
မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု ထုတ်ပြန်  
Wednesday, 19 December 2012

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ
စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press 
က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KDDI အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲဖွင့်လှစ်ဖြစ်ပါက
ပြည်ပနိုင်ငံများတွင် KDDI ၏ ၁၀၀ ခုမြောက် ရုံးခွဲဖြစ်လာမည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ၏ အိုင်တီ အခြေခံအဆောက်အအုံနှင့် ထိန်းသိမ်းခြင်း၊ Operation ပိုင်းကို အဓိက ၀န်ဆောင်မှုပေးမည်ဟု သိရသည်။ ရန်ကုန်မြို့အတွင်း၌ KDDI Myanmar Business Center အမည်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်၏ ဒုတိယဘဏ္ဍာရေးနှစ်တွင် ဆက်တိုက်မြှုပ်နှံလာခဲ့ပြီး လတ်တလောတွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်သည့် စက်ရုံများ အဓိက
ဝင်ရောက် မြှုပ်နှံနေပြီး ကုမ္ပဏီကြီး အများစုမှာမူ နိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် စီမံကိန်းကြီးများတွင် ၀င်ရောက်ရန်အတွက် အဓိက ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဂျပန်နိုင်ငံ အနေဖြင့် ကုန်လမ်းပို့ဆောင်ရေး ဌာနနှင့် ပူးပေါင်းကာ စတင်မြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ယခုအချိန်အထိ များစွာနည်းပါးနေပြီး အမေရိကန်ဒေါ်လာ ၂၄၆ သန်းကျော်သာ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခြင်း၊ အကြိမ်ကြိမ် လာရောက်ဆွေးနွေးခြင်းများ ပြုလုပ်နေသော်လည်း ဆွေးနွေးသည့် အဆင့်တွင်သာ ရပ်နေခဲ့ပြီး အမှန်တကယ်မြှုပ်နှံသည့် ပမာဏမှာ အနည်းငယ်သာ ရှိခဲ့သည်။ ယခုနောက်ပိုင်း ဆက်တိုက်မြှုပ်နှံသည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး အမေရိကန်၏ နာမည်ကြီး ကုမ္ပဏီကြီးများကိုယ်တိုင် လက်တွေ့မြှုပ်နှံ လာသကဲ့သို့ မြှုပ်နှံမှုမှာလည်း မြန်ဆန်လျက်ရှိကြောင်း သိရသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ယခုလက်ရှိ ဆွေးနွေးခြင်း၊ ၎င်းတို့ ကိုယ်တိုင်လာရောက် လေ့လာခြင်းများ ပြုလုပ်ထားသည့် ကဏ္ဍများတွင်သာ အမှန်တကယ် ဆက်တိုက်မြှုပ်နှံခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ ပမာဏများစွာ မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအဖွဲ့တို့မှ စတင်အကောင်အထည်ေ ဖ်ာမည်ဖြစ်ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလျံချီကာ တိုးလာနိုင်သည်ဟု သိရသည်။

KDDI မ၀င်ရောက်မီ ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ရင်းနှီးမြှုပ်နှံမှုဌာန (China Mobile Oversea Investment Department) မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ့
ဆက်သွယ်ရေး ကဏ္ဍတွင် တရုတ်နိုင်ငံဖြင့် အများဆုံး ဆက်သွယ်
လုပ်ကိုင် နေရသည်။

Eleven Media Groupဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ

အချစ် ဇာတ်လမ်းတွေမှာ သရုပ်ဆောင်မည်ဟု ဆိုလာသည့် ဂျက်ကီချန်း

Photo: အချစ် ဇာတ်လမ်းတွေမှာ သရုပ်ဆောင်မည်ဟု ဆိုလာသည့် 
ဂျက်ကီချန်း
Wednesday, December 19, 2012

ကမ္ဘာကျော် အက်ရှင် မင်းသားကြီး ဂျက်ကီချန်းသည ၎င်းပါဝင် သရုပ်ဆောင် ထားသော ၁ဝ၁ ကားမြောက် ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် CZ12 ရုပ်ရှင်ကား အရောင်း မြှင့်တင်ရန် အတွက် မလေးရှား နိုင်ငံ ကွာလာ လမ်ပူမြို့သို့
ရောက်ရှိ နေကြောင်း သိရသည်။

ဂျက်ကီချန်းနှင့် အတူ တိုက်ကွမ်ဒို ကျွမ်းကျင်သည့် သရုပ်ဆောင် ကျန်းလန်ရှင်းနှင့် ရောင်ရှင်းတုန် တို့လည်း လိုက်ပါ လာကြောင်း သိရသည်။

ဂျက်ကီင်္ချန်းသည် ပြီးခဲ့သော အက်ရှင် ဇာတ်ကားများတွင် ကိုယ်တိုင် အနာခံကာ သရုပ်ဆောင် ခဲ့သော်လည်း နာကျင်မှုကို မခံနိုင်တော့သည့် အတွက် နောက် ပိုင်းတွင် ရိုက်ကူးမည့် ဇာတ်ကားများ၌ ကွန်ပျူတာ effects များကို အသုံးပြု သွားမည် ဖြစ်ကြောင်း CZ12 ရုပ်ရှင်ကားနှင့် စပ်လျဉ်း၍ ပြု လုပ်သည့် သတင်း စာ ရှင်းလင်း ပွဲတွင် ပြောကြား ခဲ့သည်။ ဂျက်ကီချန်းက အက်ရှင် ဇာတ်ကားများ အပြင် အချစ် ဇာတ်လမ်း တွဲများတွင်လည်း သရုပ်ဆောင် သွား မည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။

CZ12 ဇာတ်ကားအား ၇ နှစ်ကြာ အချိန်ယူ ရိုက်ကူးခဲ့ပြီး မလေးရင်းဂစ် သန်း ၁၅ဝ အကုန်အ ကျခံ ရိုက်ကူးထားကြောင်း သိရသည်။ အဆိုပါ ဇာတ်ကား တွင် ကိုရီးယား နိုင်ငံမှ ထိပ်တန်း မင်းသား တစ်လက် ဖြစ်သည့် ကွမ်ဆန်ဝူး ပါဝင် သရုပ်ဆောင် ထားသည်ဟု သိရသည်။

မြ၀တီကမ္ဘာကျော် အက်ရှင် မင်းသားကြီး ဂျက်ကီချန်းသည ၎င်းပါဝင် သရုပ်ဆောင်ထားသော ၁ဝ၁ ကားမြောက် ရုပ်ရှင် ဇာတ်ကား ဖြစ်သည့်

လွှတ်တော် ပြန်စတော့မည်

Photo: လွှတ်တော် ပြန်စတော့မည်
Wednesday, December 19, 2012

ပထမ အကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး များကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁ဝ နာရီတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေး များကို လည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကြာသပတေးနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို လည်းကောင်း စတင် ကျင်းပရန် ခေါ်ယူထားရာ အဆိုပါ အစည်းအဝေး များသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော် ကိုယ်စားလှယ် များထံသို့ ပေးပို့ထား ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေး ဖိတ်စာ လက်ခံ ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂ဝ) လွှတ်တော်ရုံးသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်ထက်မစော ၈ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ ကြရန်နှင့် ကိုယ်စားလှယ် အသိ အမှတ်ပြုလွှာနှင့် ကိုယ်စားလှယ် စိစစ်ရေး ကတ်ပြားတို့ကို ယူဆောင် လာကြရန် ဖြစ်ကြောင်း သတင်း ရရှိသည်။ပထမအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး များ ကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

Photo: ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား  
Wednesday, 19 December 2012 

ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား
ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး နှစ်ရှည်ငှားခွင့် ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်း
သိရှိရသည်။

“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ် ဆိုပြီးတော့ ယေဘုယျ လာတင်ထားတဲ့ သဘောပါ၊၊ ဘာမှ အတိအကျ မလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ကိုကိုးကျွန်းသည် ကုန်းမြေနှင့် အဆက်အစပ် မရှိသော ပင်လယ်ပြင်ထဲတွင် သီးခြားတည်ရှိနေသည့် ကျွန်းတစ်ခုဖြစ်ပြီး မပျက်စီးသေးသော သဘာဝ သယံဇာတ အများအပြား တည်ရှိနေကာ ကျွန်းပတ်လည်ရှိ ပင်လယ်ပြင်၏
ရေအရောင်သည် အမျိုးမျိုး ကွဲပြားခြားနားကြောင်း၊ ရေမှာ အလွန်ကြည်လင်
ကာ  ရေအောက် ၁၀ ပေအနက်အထိ ထိုးဖောက်မြင်တွေ့နိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၀ နှစ် ဆန်းပိုင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ကောက်ယူခဲ့သော ကိုကိုးကျွန်းအား
လေ့လာမှု အစီရင်ခံစာအရ သိရသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းအတွက် သဘာဝ အခြေခံနေရာ တစ်ခုဖြစ်ပြီး ယခင် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းက ကိုကိုးကျွန်း ခရီးစဉ်ကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ပြေးဆွဲခဲ့သော်လည်း မကြာမီရပ်နားခဲ့သည်။

ကိုကိုးကျွန်းသည် အက်ဒမန် ကျွန်းစုနှင့် ဆက်စပ်လျက်ရှိပြီး ၁၇ ရာစု အစပိုင်း ရခိုင်ရာဇ၀င်အရ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းရာဇာ လက်ထက် ၁၆၀၀-၁၆၁၃ တွင် ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီမှ ကူးသန်းရောင်းဝယ်
ရေးနှင့် သံတမန်ရေးရာ ကိစ္စများ ဆောင်ရွက်ရန် အက်ဒမန်ကျွန်းတွင် တစ်ထောက် နားခွင့်ပြုရန် တောင်းဆိုခဲ့ရာ ရခိုင်ဘုရင်မှ ခွင့်ပြုခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်တို့မှ အိန္ဒိယနိုင်ငံအား သိမ်းပိုက်စဉ် အက်ဒမန်
ကျွန်းအားလုံးမှာ အင်္ဂလိပ်လက်ထဲသို့ ကျရောက်ခဲ့ပြီး ၁၉၃၅ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်ထက်တွင် မြန်မာ- အိန္ဒိယ တွဲရေးခွဲရေး မဲခွဲဆုံးဖြတ်ခဲ့ရာ ခွဲရေးအနိုင်ရရှိသဖြင့် မြန်မာနိုင်ငံမှ ကျွန်းအား သီးခြားအုပ်ချုပ်ခွင့် ရရှိခဲ့သည်။

ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုကြောင်း လာရောက်တင်ပြသည့် ကုမ္ပဏီကိုမူ ထုတ်ပြန်ခြင်း မပြုဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြထားသည်ဟု
သိရသည်။

Eleven Media Group ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု

ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို

Photo: ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို
Wednesday, December 19, 2012

အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီးသည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။

မစ္စတာ ကီမူရာသည် ၁၈၉၇ ခုနှစ် ဧပြီ ၁၉ ရက်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန် ခဲ့သော ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးထက် ၁၅ ရက်သာ ငယ်ကြောင်း သိရသည်။ ဒီနာမန်ဖရီဒီနီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် အမေရိကန်
ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်၌ သေဆုံး ခဲ့ကြောင်း သိရသည်။

ကီမူရာသည် စာပို့လုလင်ဟောင်း တစ်ဦးဖြစ်ပြီး ၎င်းတွင် မြေး ၁၄ ယောက်၊ မြစ် ၂၅ ယောက် နှင့် တီ ၁၃ ယောက် ရှိပြီး ၎င်း၏သားဖြစ်သူ မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရသည်။

မြ၀တီအမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ

ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်

Photo: ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်
Wednesday, December 19, 2012

ကျန်းမာရေးစီမံခန့်ခွဲမှုအသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါMBA(Health Services Management) ဘာသာရပ်ကို သြစတြေးလျထိပ်တန်းတက္ကသိုလ် University of Ballaratမှ အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အချင်း
ပြည့်မှီသူများအတွက် တစ်စိတ် တစ်ပိုင်းပညာ သင်ထောက်ပံ့ကြေး
အဖြစ် စင်္ကာပူဒေါ်လာ (၃၀၀၀)ပေးအပ်သွားမည်ဖြစ်သည်။

“ မြန်မာနိုင်ငံက MBBS, Pham ဘွဲ့ ရတွေအတွက် ပိုပြီးသင့်တော်တဲ့  ပရိုဂရမ်တစ်ခုဖြစ်တယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

ဝင်ခွင့်လိုအပ်ချက်အနေဖြင့်ဘွဲ့တခုခုရရှိထားသူများ၊ သက်ဆိုင်ရာ
လုပ်ငန်းအတွေ့အကြုံ(၂)နှစ်ရှိထားသူများ လျှောက် ထားနိုင်ကြောင်းနှင့် အင်္ဂလိပ်စာလိုအပ်ချက်အနေဖြင့်IELTS 6 (သို့) TOEFL 550 ရှိထားရမည် ဖြစ်ပြီး ကျောင်းဝင် ခွင့်လမှာ မတ်၊ ဇူလိုင်နှင့်
နိုဝင်ဘာလတို့ ဖြစ်သည်။ သင်တန်းကာလမှာ တစ်နှစ် ဖြစ်ပြီး
ကျောင်းလခ စင်ကာပူဒေါ်လာ (၂၂၈၀၀) ကုန်ကျမည်ဖြစ်သည်။

ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ကျမ်းမာရေးဝန်ဆောင်မှု MBA သင်တန်း အကြောင်း ယခုကဲ့သို့ ဆိုသည်။

 “အရင်တုန်းက MBA ဆိုရင် စီးပွားရေးဘာသာရပ်အားလုံးကို General သဘောမျိုးသင်ယူရတာပါ။ အခုနောက်ပိုင်းMBA ဆိုရင် Marketing ၊ Accounting & Finance ၊ HR Management အစရှိတဲ့အထူးပြုမေဂျာတွေ ပါဝင်လာပါတယ်။ ဒီ MBA (Health Services Management) အထူးပြုကစီးပွားရေးစီမံခန့်ခွဲမူ့နဲ့ပတ်သက်တဲ့မော်ဂျူး(၈) ခု နဲ့ Health Service Management မော်ဂျုး(၄)ခု ပါဝင်တယ်။ Health Service Management အထူးပြု MBA ပို့ချတဲ့ ကျောင်း နိုင်ငံတကာမှာ အရေအတွက်နည်းနည်းပဲရှိပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ MBA သင်ယူသူများအနေဖြင့်  Social Responsibility ၊ Ethical နှင့် Sustainable Business နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်
နားလည်သဘောပေါက်နိုင်ကြောင်းကိုလည်း ၄င်းထံမှ သိရသည်။

Good Teaching ၊ Positive graduate outcome နှင့် Generic Skills တို့တွင်ကြယ်ငါးပွင့်ရရှိ၍ ACU ခေါ် Association of Common wealth Universityအဖွဲ့ဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် လက်တွေ့အသုံးတည့်သော ဘာသာရပ်များကို ပို့ချပေးနေသည့် တက္ကသိုလ်လည်းဖြစ်သည်။

MBA(Health Service Management) ဘာသာရပ်တွင် စုစုပေါင်းမော်ဂျူး
(၁၂)ခုကိုသင်ယူရမည်ဖြစ်ပြီး Accounting and Finance ၊ HR Management ၊ Marketing ၊ Business Economics  ၊ Contemporary Issures in Health Services Management ၊ Policy in Health Services Management Leadership in HSM နှင့် Evidence-based Practice in HSM တို့ကိုသင်ယူရမည်ဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် lectures ၊ tutorials ၊ workshops ၊ seminars နှင့်presentation ပုံစံတို့ဖြင့်သင်ယူနိုင်ပါသည်။

University of Ballarat ကို ၁၈၇၀တွင် တည်ထောင်ခဲ့ပြီးသြစတြေးလျ
အစိုးရ ရန်ပုံငွေကြေးထောက်ပံ့မူ့ ရရှိထားသော ကျောင်းသား
ကျောင်းသူပေါင်း (၂၅၀၀၀)ကျော် ပညာသင်ကြားနေသည့် တက္ကသိုလ်ဖြစ်သည်။

အသေးစိတ်သိလိုသူများအနေဖြင့်  CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇  နှင့် ၀၉ ၄၅၀၀ ၅၆၃၀၀ တို့သို့ဆက်သွယ် စုံစမ်းနိုင်သည်။

မြစ်မခ
Myit Makha Mediagroup ကျန်းမာရေးစီမံခန့်ခွဲမှု အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management

A.B.S.D.F ခေါင်းဆောင်အချို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ

Photo: A.B.S.D.F ခေါင်းဆောင်အချို့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များနှင့် တွေ့ဆုံ
Wednesday, December 19, 2012

မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသောA.B.S.D.F ခေါင်းဆောင်အချို့
သည် ယနေ့၊နံနက် ၁ဝးဝဝ နာရီတွင် ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များ ဖြစ်ကြသောကိုကိုကြီး၊ကိုမင်းဇေယျ၊ကိုဌေးကြွယ်၊
ကိုမြအေး၊ကိုပြုံးချိုတို့ကိုလာရောက်တွေ့ဆုံခဲ့ကြသည်။၊

A.B.S.D.F မှ ကိုသံခဲ၊ကိုဆလိုင်းယောအောင်နှင့်ကိုမြင့်စိုး၊ကိုဆန်နီ တို့ဦးဆောင်ကာအဖွဲ့ဝင်(၉)ဦးပါဝင်ကြောင်းသိရသည်။ 

သတင်းနှင့်ဓါတ်ပုံ- ၈၈မျိုးဆက်ကျောင်းသားများ
Popular Myanmar News Journal
မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသော A.B.S.D.F ခေါင်းဆောင် အချို့သည် ယနေ့၊နံနက် ၁ဝးဝဝ နာရီတွင်ရန်ကုန်မြို့ ၊ဝေဇယန္တာ

သံတွဲနှင့်မြောက်ဦးတွင် WCDMA ဖုန်း အသုံးပြုနိုင်တော့မည်

ကမ္ဘာလှည့် ခရီးသွားများလာရောက် လည်ပတ်မှုများသည့် သံတွဲ  မြောက်ဦး မြို့ နယ် တို့တွင် WCDMAဖုန်း များကို

ဘာသာစကား ၃၂ မျိုးကိုဘာသာပြန်ပေးနိုင်မယ့် COMET Talking Translator ပြည်တွင်းသို့ရောက်ရှိလာပြီ

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော COMET အမှတ် တံဆိပ် Talking Translator ပြည်တွင်း သို့ရောက်ရှိလာပါပြီ။ ၄င်း Translator သည်  မြန်မာ၊ မလေးရှား၊ တရုတ်၊ စပိန်၊ ကိုရီးယား၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် ဘာသာစကား ၃၂ မျိုးကို အပြန်အလှန်

မြန်မာပြည်လမ်းပေါ်က အမေရိကန် ဇိမ်ခံကား Cadillac CTS

Photo: မြန်မာပြည်လမ်းပေါ်က အမေရိကန် ဇိမ်ခံကား Cadillac CTS
Wednesday, December 19, 2012

General Motor ထုတ် Cadillac ဇိမ်ခံကားများဟာ ကမ္ဘာတစ်လွှား
ရေပန်းစားကား များ ဖြစ်ပါ တယ်။ မြန်မာပြည်မှာလည်း ရှိနေပါပြီ။
ရောက်လာနိုင်ငံ နည်းလမ်း နှစ်ခုတော့ အကြမ်းဖျင်းအားဖြင့် ရှိနေပါတယ်။ ဂျပန်လေလံဈေး ကနေ နဲ့ အေးဂျင့်မှာ မှာယူးပေးမှု ဖြစ် ပါတယ်။

ဂျပန်လေလံကနေ လာတာဆိုရင် သာမန် ဂျပန်ကနေ User car ဝယ်တဲ့ထုံးစံအတိုင်း ပဲ ဖြစ်ပါ တယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၅၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဒါက ၂၀၀၉ မော်ဒယ် ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ၃ထောင်ကျော်မှာ ရှိတဲ့အတွက် မြန်မာပြည်အရောက် အခွန် များနဲ့ တွက်လိုက်ရင် သိန်း ၁ထောင်ထက်တော့ မပိုပါဘူး။ သိန်း ၈၀၀ ကတော့ အနည်းဆုံး ဖြစ် ပါတယ်။ အေးဂျင့် ကမှာပေးမယ်ဆိုရင်တော့ တစ်ပတ်ရစ်ကား မဟုတ်ပဲ ဘရန်ဒီကား လည်း ဖြစ်တဲ့အတွက် ဈေးက သာမန် အမေရိကန်နိုင်ငံသားတွေဝယ်တဲ့ ဈေးအပြင် ထပ်ပေါင်းပေး ရတာမျိုးလည်း ရှိပါအုံးမယ်။ အနည်းဆုံးကတော့ သိန်း ၁၀၀၀ ပဲ ဖြစ်ပါတယ်။

သာမန် ကားဝယ်တဲ့သူမျာကတော့ ဆီစားကြီးလို့ မဝယ်ပါ ဘူး။
ငွေပိုနေတဲ့ ဇိမ်ခံကား ခရေဇီများကတော့ ဝယ်စီးပါ တယ်။
မြန်မာပြည်လမ်းပေါ်မှာလည်း တွေ့နေရပြီ ဖြစ်ပါတယ်။

သို့ပေမယ့် ၂၀၀၇ ထက်မကျော်တဲ့ မော်ဒယ် Cadillac CTS ကို ဂျပန်လေလံမှာ တွေ့ရင်တော့ သာမန် ဂျပန်ကားဝယ် သလိုပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ သိန်း ၅၀၀ ထက်တောင် နည်းနိုင်ပါတယ်။ သို့ပေမယ့် Cadillac ဟာ ဂျပန်လေလံဈေး ကွက်မှာ တက့ယ်ရှားပါး ကားဖြစ်နေပါတယ်။

အဓိကကတော့ တံဆိပ်ကြောင့် ဈေးကြီးပုံရပါတယ်။ အတွင်းမှာ ပါဝင်တဲ့ Accessory က အခြားမော်ဒယ်မြင့် ကား များထက် မပိုပါဘူး။ ၂၀၀၇ မော်ဒယ်အထက် မှာတောင် အတွင်း LCD တီဗီက ကိုယ်တိုင်ဝယ်တတ် ရတာမျိုး ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ကြားက ပထမမျိုးဆက်၊ ၂၀၀၇ အထက်က ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ဒီဇိုင်းက အဓိက ကွဲပြားတဲ့ ထူးခြားချက်ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် coupe, တံခါးလေးပေါက် sport ဆလွန်း၊ တံခါး ၅ပေါင် စတေရှင် ဝက်ဂွန် ဆိုပြီး သုံးမျိုးခွဲထုတ်ထားပါတယ်။ လက်ရှိမြန်မာပြည်မှာတော့ ဆလွန်း တွေ့ရပါတယ်။

ပထမမျိုးဆက်ထက် သာသွားတဲအပိုင်းက ကားရှေ့ ပိုင်း ဒီဇိုင်းနဲ့ အသုံးပြုတဲ့ သတ္တုဖြစ်ပါတယ်။ Safety အသားပေးတဲ့အတွက် ရှေ့ ပိုင်းပိုမာလာပြီး အင်ဂျင်ပါဝါ လည်း ထပ်မြင့်ထားပါတယ်။ ၂၀၀၂ အထက်မှာတုန်းက ၂၆၀၀ စီစီ အရွယ်ရှိတဲ့ ပစ်စတင် ၆လုံးပူး V အင်ဂျင်အ သုံးပြုခဲ့ပါတယ်။ ၂၀၀၇ အထက်မှာတော့ အနည်းဆုံး ၃၀၀၀ စီစီ ဖြစ်ပါတယ်။ အများဆုံး ၆၂၀၀ စီစီ အင်ဂျင် တောင် ထုတ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်နိုင် တဲ့ မြင်းကောင်
ရေအားက ၂၇၀ ထက်ပိုပါတယ်။ ၆၂၀၀ စီစီမှာဆိုရင်မြင်းကောင်ရေ ၅၅၀ အထက်မှာ ရှိပါတယ်။ ကားက Mid size Lux ဖြစ်ပါတယ်။ top speed- အမြန်ဆုံး ၁၅၀ အထက်ဖြစ်ပါတယ်။ CTS-V version ဆိုရင် တစ်နာရီ မိုင် ၂၀၀ နားကပ်တဲ့အတွက် ကမ္ဘာ့အမြန်ဆုံး ကားများ စာရင်းထဲတောင် Cadillac ဇိမ်ခံကားက ပါဝင်ပါသေးတယ်။

အဲယားကွန်း၊ လေအိတ်၊ ပါဝါဝင်းဒိုး၊ စမတ်ကီး၊ ရေဒီယို၊ စတာတွေအပြင် Navigation device, LCDတီဗီ၊ GPS, စပီကာ၊ Woofer, DVD player, Audio system, LED မီးလုံး၊ iPod ထိုး အသုံးပြုနိုင်သော အော်ဒီယိုစနစ် စတာတွေအပြင် အခြား ဇိမ်ခံပစ္စည်းများလည်း ပါဝင်ပါ တယ်။ အီလက်ထရောနစ် ပစ္စည်းတော်တော်များများ စုံစုံလင်လင် ပါရှိပါတယ်။ ကားငြိမ်အောင် ထိန်းပေးမယ့် Stability control, traction control တို့က Safety ပိုင်းမှာ အားဖြည့်ထားပါတယ်။

တံခါးလေးပေါက် ဆလွန်းကားဆိုရင် အရှည် ၁၉၁.၆ လက်မ၊ အကျယ် ၇၂.၅ လက်မ၊ အမြင့် ၅၈ လက်မ အရွယ်အစားရှိပါတယ်။ ဂီယာ ၆ချက်ထိုး ရိုးရိုးနဲ့ အော် တို နှစ် မျိုး တွေ့မြင်နိုင်ပါ တယ်။ နောက်ဘီးမောင်းစနစ် ကားနဲ့ လေးဘီးမောင်း စနစ်ကားဆိုပြီး ထုတ်လုပ်ထား ပါတယ်။ ဓာတ်ဆီစားတဲ့ အင်ဂျင်ကိုအသုံးပြု ထားပြီး လေးဘီးစနစ်မှာ အကုန်အကျများနိုင်ပါတယ်။

၂၀၀၇ မော်ဒယ်အထက် သိန်း ၁ထောင်အောက် ရှိတဲ့ ဂျပန်လေလံအောင် CTS မကြိုက်ရင်လည်း သိန်း ၁ထောင်အထက် ပရီမီယံ Cadillac များကို မှာယူစီးနိုင်ပြီ ဖြစ်ပါတယ်။ သူကနေ ခွဲထွက်တဲ့ STS ကားများလည်း လေလံထဲမှာ ရှိနေတတ်ပါသေးတယ်။

အောက်ပါ မြန်မာ လေလံဝဘ်ဆိုဒ်မှာ ရှာဖွေတွေ့ရှိနိုင် ပါတယ်။

http://www.colayonline.com.mm/automobile

ColayOnline:Automobile General Motor ထုတ် Cadillac ဇိမ်ခံကားများဟာ ကမ္ဘာတစ်လွှား ရေပန်းစားကား များ ဖြစ်ပါ တယ်။ မြန်မာပြည်မှာလည်း

တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ

Photo: တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ
Wednesday, December 19, 2012

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်
အတွက် လက်ရှိ ကြုံတွေ့နေရသည့် မြေဈေးနှုန်းကြီးမြင့်နေမှုကို
လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီးမှာ အဓိကလိုအပ်ချက်
ဖြစ်နေကြောင်းလည်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက ဆိုပါသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန 
အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ၂၀၂၈ ခုနှစ်အတွင်း အိပ်ခန်းယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း  အိပ်ခန်းပေါင်း ၃၅၀၀၀၀ စတင် တည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိဆောက်လုပ်မည့် အိမ်ရာ ၁၀၀၀၀ ကျော်မှာ စမ်းသပ်
ဆောက်လုပ်သည့် အိမ်ရာစီမံကိန်း ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိကာလ၌ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အိပ်ခန်း ၁၀၀၀၀ ပါဝင်မည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်း နှစ်ခုအတွက် လုပ်ငန်းဆောင်ရွက်
မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားပြီ
ဖြစ်ကြောင်းလည်း သိရှိရသည်။

“ရန်ကုန်မှာ အိမ်ရာစီမံကိန်းတွေ ဖော်ဖို့ဆိုရင် မြေနေရာနဲ့ငွေကြေး
အရင်းအနှီးက အဓိက လိုအပ်ချက် ဖြစ်နေတယ်။အိမ်ရာအတွက်
မြေနေရာလိုသလို တည်ဆောက်ဖို့အတွက်လည်း ငွေကြေးအရင်း
အနှီးက လိုပါတယ်။ ငွေကြေးအရင်းအနှီးအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊၊ ဧရာဝဏ်နဲ့ ရတနာစီမံကိန်းအတွက်တော့ တင်ဒါ ခေါ်ယူထားပါပြီ” ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။

“အိမ်ရာတွေ ဖော်ထုတ်ဖို့ စီစဉ်ထားသလို ပြည်သူ့အိမ်ရာတွေဖြစ်တဲ့ လမ်း (၅၀) လို၊ ရန်ကင်းအိမ်ရာ စတာတွေကိုလည်း လက်ရှိနေထိုင်နေတဲ့ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။    အိမ်ရာတွေ ဖော်ထုတ်တယ်ဆိုရာမှာလည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထားတွေ ဖြစ်ဖို့လိုပါတယ်။ မိသားစုတစ်ခုရဲ့ savingpower ကို မြှင့်တင်ပေးမှ အိမ်ဝယ်တာကို နောက်တစ်ဆင့်အနေနဲ့ လုပ်နိုင်မှာပါ။ အဲဒီတော့ လူတစ်ဦးချင်းရဲ့ ၀င်ငွေတိုးတက်လာမှာလည်း အိမ်ဝယ်နိုင်တဲ့
အဆင့်၊ အဆင့်အတန်းမီ နေနိုင်တဲ့ အနေအထားတွေ ရှိလာမှာပါ။ ဒါကြောင့် တစ်ဦးချင်းရဲ့ purchasing power အား ကောင်းအောင်လုပ်ပေးရမှာ
ဖြစ်ပါတယ်” ဟု မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင် ဦးသံမိုးက သုံးသပ်
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်
ဆောင်ရွက်လိုသူများ၊ တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသူ
များမှ ရန်ကုန်မြို့၏ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် အဆိုပြုထားကြောင်းလည်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရှိရသည်။

တန်ဖိုးနည်း အိမ်ရာများတွင် ပါဝင်မည့် အိမ်ခန်းများအား ဧရိယာ စတုရန်းပေ ၆၅၀ပေ၊ ၇၀၄ပေ၊ ၈၅၂ ပေ၊ ၉၀၀ပေ၊ ၁၀၅၄ ပေ၊ ၁၂၇၀ပေ စသည်ဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Eleven Media Groupရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန် အတွက် လက်ရှိ ကြုံတွေ့နေရသည့် မြေဈေးနှုန်းကြီးမြင့်နေမှုကို လျှော့

ပြည်ပရောက် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့ တန်ဖိုးနည်း အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များပြားလာ

Photo: ပြည်ပရောက် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့ တန်ဖိုးနည်း အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များပြားလာ
Wednesday, December 19, 2012

ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင် နေကြသော မြန်မာ နိုင်ငံသားများ အနေဖြင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း များအနက် တန်ဖိုးနည်း အိမ်ရာများတွင် ရင်းနှီး မြှုပ်နှံထားရန် စိတ်ဝင် စားမှု များပြားနေကြောင်း
ပြည် ပရောက် မြန်မာ နိုင်ငံသားများ ထံမှ သိရသည်။

မြန်မာနိုင်ငံ အတွင်းတွင် လတ်တလော နေထိုင်ရန် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံ ထားမှု အနေဖြင့် တန်ဖိုး သင့်တင့်သော ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်တို့တွင် တည်ဆောက် နေကြသည့် ပုဂ္ဂလိက ကန်ထရိုက် တိုက်များတွင် တိုက်ခန်းများ ဝယ်ယူ ရင်းနှီးမြှုပ်နှံ ထားမှုများ များပြားလာကြောင်း မိသားစု ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။

''များသောအားဖြင့် စင်ကာပူက ဝယ်တာ များပါတယ်။ နေဖို့အတွက် မဟုတ်ဘဲ ရင်းနှီး မြှုပ်နှံထားမှု အနေနဲ့ သူတို့ဟိုမှာ လုပ်ကိုင်ရှာဖွေ
နေတာကို ဒီမှာအိမ်၊ တိုက်ခန်းလေးတွေ ဝယ်ပြီး ရင်းနှီး ထားချင်ကြတာ။ အဲဒီလို ဝယ်တဲ့ အခါမှာလည်း တန်ဖိုးကြီး တိုက်ခန်းတွေမှာ ဝယ်ယူရင်းနှီး
မြှုပ်နှံတာထက် တန်ဖိုးနည်း တိုက်ခန်း တွေကို ပိုစိတ်ဝင်စား ကြတယ်။ သူတို့ တတ်နိုင်တဲ့ အလျောက်ပေါ့။ သိန်းတစ်ရာ ဝန်းကျင်လေးတွေ များပါတယ်။ 

ကျွန်တော်တို့အနေနဲ့လည်းတစ်အိမ်ပြီးတစ်အိမ်ဆက်လက် ဆောက်လုပ် နေတာမို့အလားအလာ ကောင်းလာနိုင်မယ့် နေရာ လေးတွေမှာ ဆောက်လုပ်
နေပါတယ်။ အဲဒီ နေရာတွေမှာ အခန်း ဈေးက ဈေးကွက်ကောင်း တဲ့ နေရာ တွေကတိုက်ခန်းတစ်ခန်းဈေးနဲ့ နှစ်ခန်းဈေးလောက် ဖြစ်နေတာမို့ ဆင်ခြေဖုံးဆိုပေမယ့်လည်းအလားအလာ ကောင်းကြပါတယ်''ဟု ငွေကြယ်အိမ် ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လတ်တလောတွင် ဆောက်လုပ်ရေး လုပ်ငန်းများ အလား အလာ ကောင်း လျက်ရှိပြီး နေထိုင်ရန် သော်လည်း ကောင်း၊ ရင်းနှီး မြှုပ်နှံရန် သော် လည်းကောင်း တန်ဖိုး နည်းပါးသည့် တိုက်ခန်းများ အရောင်းအဝယ် သွက်လျက်ရှိကာ အငှား ဈေးကွက်လည်း ခိုင်မာလျက် ရှိကြောင်း သိရသည်။ ဈေးနှုန်း မြင့်မားမှု ရှိသော ဈေးကွက် ခိုင်မာပြီးသည့် မြို့နယ်များထက် မြို့သစ်နှင့် မြို့တွင်း မြို့နယ်များသို့ ချိတ်ဆက်ရာတွင် အဓိက အချက်အချာ ကျသော နေရာများ ဖြစ်သည့် ဆင်ခြေဖုံး မြို့နယ်များတွင် ပိုမို အရောင်းအဝယ် ကောင်းလျက် ရှိကြောင်း သိရသည်။

ထိုသို့ ပြည်ပရောက် မြန်မာ နိုင်ငံသားများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသော တိုက်ခန်းများ၏ ဈေးနှုန်းများမှာ သိန်း ၈ဝ ဝန်းကျင်မှ သိန်း၂ဝဝ ဝန်းကျင် တိုက်ခန်းများ ဖြစ်ပြီး မြေညီထပ်မှ စတုတ္ထထပ် ဝန်းကျင်အထိ အခန်းများ
ဖြစ်ကြောင်း သိရသည်။

မြ၀တီ ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား များအနေဖြင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများအနက်

ကြက်သွန်ဖြူစိုက်တောင်သူများ အထိနာ


Photo: ကြက်သွန်ဖြူစိုက်တောင်သူများ အထိနာ
Wednesday, December 19, 2012

ယောမြို့နယ် တေးရွာမှကြက်သွန်ဖြူစိုက် တောင်သူကိုဝင်းမောင်
တစ်ယောက် အားသွန်ခွန်စိုက် ကြက်သွန်ဖြူစိုက်ပျိုးပြီးနောက် စာရင်းချုပ်လိုက်သောအခါ ကျပ်သိန်းနှစ်ဆယ်ကျော် ရှုံးနေသည်။ သူ၏လယ်ကွက် ၁၅ ကွက်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ သော ကြက်သွန်ဖြူများမှာ ယခုအခါ ရွာတွင် တစ်ပိဿာသုံးရာဈေးဖြင့်
ရောင်းသော်လည်း ၀ယ်သူမရှိဖြစ်နေသည်။

ကြက်သွန်ဖြူစိုက်၍ အထွက်ကောင်းသော်လည်း ဈေးမကောင်း၍ အရှုံးပေါ်နေသူမှာ ကိုဝင်းမောင်တစ်ယောက်တည်းမဟုတ်ပါ။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်နှင့် ယောမြို့နယ်ရှိ ယောချောင်း
တစ်လျှောက် တေးရွာ၊ စမ်းရေခုံးကျေးရွာ၊ ရေရှင်၊ တောင်ထက်၊ ပြင်လယ်၊ ကံကြီး၊ လယ်ဆော၊ နော်ရွာ စသော ကျေးရွာများရှိ ကြက်သွန်ဖြူစိုက်တောင် သူအများစုမှာလည်း အလားတူ ယခုနှစ်တွင် အရှုံးပေါ်သည်။

ယောမြို့နယ်သာမက ဆောမြို့နယ်အောက်ရှိ ကျောက်ထုမြို့နယ်ခွဲနှင့်
အခြားကြက်သွန်ဖြူ အဓိက စိုက်ပျိုးရာဖြစ်သော တောင်ကြီးမြို့နယ် အပါအ၀င် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင်လည်း အလားတူဖြစ်သည်။

“ကြက်သွန်ဖြူဈေးက တစ်ပိဿာ ၄၅၀၊ ၅၀၀ ကျပ်ကို ၀ယ်သူမရှိဘူး။ စိုက်ပျိုးစရိတ်က တစ်ပိဿာ ၈၅၀ လောက်ကျတယ်။ အများစုက
ဈေးတက်နိုးတက်နိုးနဲ့စောင့်ရင်း ရှုံးနေတာ” ဟု ယောမြို့နယ်
တောခလွန်ကျေးရွာမှ ကိုလင်းစိုးကပြောသည်။

ထိုသို့ ကြက်သွန်ဖြူဝယ်လိုအားနည်းပြီး ဈေးပြုတ်ကျကာ တောင်သူများ အရှုံးပေါ်နေသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ကမ္ဘာ့ဒုတိယ
စီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံမှ ကြူကုတ်ဟု အလွယ်ခေါ်သော တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးခြင်းဖြစ်သည်။ ထို့အပြင် ယခင်နှစ်ကဈေးကောင်း၍ ယခုနှစ်တွင် စိုက်ပျိုးမှုများပြီး အထွက်တိုးခဲ့ခြင်းမှာလည်း ဈေးကျခြင်း၏ အချက်တစ်ချက်ဖြစ်သည်။

“တောင်သူကတော့ ရှုံးတယ်။ သူရတာအများဆုံး ၅၀၀ လောက်ပဲ။ ရန်ကုန်ရောက်လည်း ရှမ်းကြက်သွန်ဖြူကို ၀ယ်မယ့်သူကို မရှိတာ။
ရောင်းအားက တစ်ဖြည်းဖြည်းကျလာတယ်။ ကြက်သွန်ဖြူက ၀ယ်လိုအားနည်းတယ်။ ရာသီက ကုန်ကာနီးပြီ လက်ကျန် တွေက
များသေးတယ်။ ဒီအချက်တွေကြောင့် ဈေးကျတာပေါ့” ဟု မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ
ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်းပြောသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ ပြည်တွင်းဈေးကွက်သို့ ဖြည်းဖြည်းချင်း ၀င်ရောက်လာသော တရုတ်ကြက်သွန်ဖြူများမှာအရွယ်ကြီးမှု၊
အခွံနွှာရန်လွယ်ကူမှု၊ ရောင်းပန်းလှမှုတို့ကြောင့် မြန်မာများက အထူးအားပေးကာ ဈေးကွက်ပိုမို ရရှိလာသည်။ ထို့ကြောင့် ယခုအခါ ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို ကြူကုတ် ကြက်သွန်ဖြူများက ဈေးကွက်ရရှိထားပြီဖြစ်ကြောင်း
ကြက်သွန်ဖြူဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

သို့သော် မြန်မာကြက်သွန်ဖြူတွင်လည်း အားသာချက်များရှိပါသည်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုမှာ တရုတ်နှင့်စာလျှင်
များစွာလျော့နည်းပြီး သဘာဝနှင့် ပိုမိုနီးစပ်အောင် စိုက်ပျိုးထား၍ ကျန်းမာရေးအတွက် သင့်လျော်ခြင်း၊ အရွယ်သေးသော်လည်း အနံ့၊ အရသာတို့မှာ ကြူကုတ်ထက်များစွာသာလွန်သည်။

မြန်မာနိုင်ငံ၏ အဓိကကောက်ပဲသီးနှံ ဈေးကွက်ဖြစ်သော ဘုရင့်နောင်ဈေးတွင် ဒီဇင်ဘာ တတိယပတ်၌ လက်ကားဈေး ကြူကုတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် ဈေးရှိသည်။
ပြည်တွင်းကြက်သွန်ဖြူများမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ၀န်းကျင်မှ ဈေးအများဆုံး ကျပ် ၁၂၀၀ ၀န်းကျင်သာရှိသည်။

“အစိုက်များလို့ ဈေးမကောင်းပါဘူးလို့ ဆိုနေမှ တရုတ်ဘက်က ကြက်သွန်ဖြူကို ကုန်သည်တွေကသွင်းတော့ တောင်သူတွေ အရှုံးပိုများတာပေါ့။ ဒီနှစ်တော့ အိမ်က ကြက်သွန်ဖြူမျိုးလေး မတုံးအောင်တော့ စိုက်တယ်။ အရင်နှစ်ကလို အားကျမခံ စီးပွားဖြစ်တော့ မစိုက်တော့ဘူး” ဟု ပေါက်မြို့နယ် ညောင်ဝန်းပေါက်ကျေးရွာမှ
တောင်သူမ၀င်းနွယ်သင်းကလည်းဆိုသည်။

“အရင်နှစ်တုန်းက ကျွန်တော့်ရဲ့ပွဲရုံမှာ ကုန်ပိဿာတစ်သိန်းဝန်းကျင်ပဲ ၀င်တာ။ ဒီနှစ်တော့ နှစ်သိန်းကျော်ထိဝင်တယ်။ ဒေသနဲ့တွက်ရင် အထွက်ကောင်းတယ်ပေါ့။ ဈေးကွက်အတွင်းမှာ ပြည်ပကြက်သွန်ဖြူတွေအ၀င်များတော့ မိရိုးဖလာမြန်မာကြက်သွန် ဖြူတွေ ဈေးကွက်ပျက်ပြီး ပွဲရုံတွေ မှာ လက်ကျန်များတယ်။ လက်ရှိပေါက်ဈေးက တစ်ပိဿာ ၃၀၀ ကနေ ၇၀၀ ထိပဲရတယ်။ မနှစ်က တစ်ပိဿာ ၂၀၀၀ လောက်ထိ ဈေးရခဲ့ဖူးတယ်။ အခု ကြက်သွန်ဖြူ ပြန်စိုက်နေကြပြီဆိုတော့ နောက်ဆုံးရာသီလို့ပြောရတယ်။ အသစ်မကုန်ခင် လက်ကျန်တွေများနေလို့ ကုန်သည်တွေစိတ်ပျက် နေပြီ။ အသစ်ပေါ်စက လှောင်ထားတဲ့သူတွေဆို ပိဿာတစ်ရာ လှောင်ရင် အခုချိန်ဆို ပိဿာသုံးဆယ်လောက်တော့ လျော့နေပြီ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ဖြူအဓိကတင်ပို့ရောင်းချသော ကိုကျော်မင်းလွင်ကပြောသည်။
၎င်းပြောသကဲ့သို့ပင် ကြက်သွန်ဖြူဈေးကွက်ပျက်မှုကြောင့်
တောင်သူများသာမက ကုန်လှောင်၍ပြန်လည်ရောင်းချသော ကုန်သည်များလည်း ဆုံးရှုံးမှုများသည်။

ယောနယ်၊ ဆောနယ်နှင့် ကြက်သွန်ဖြူစိုက်ပျိုးသော ဒေသများတွင်
နှစ်စဉ်ဆောင်းကာလ နတ်တော်လတွင် ကြက်သွန်ဖြူစိုက်ပျိုးပြီး 
တပေါင်းလတွင် ဖော်သည်။ အညာတွင် ကြက်သွန်ဖြူဈေးကွက်မှာ ပခုက္ကူမြို့မှာ အဓိကဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မုံရွာ၊ မော်လမြိုင် စသော နိုင်ငံတစ်ဝန်းသို့ ဆက်လက်ဖြန့်ဖြူးသည်။ ရှမ်းကြက်သွန်ဖြူများမှာ ရှမ်းပြည်နယ်နှင့် မန္တလေး၊ ရန်ကုန် စသော ဒေသများကို ဖြန့်ဖြူးသည်။

ထို့ကြောင့် ပြည်တွင်း၌စိုက်ပျိုးသော သီးနှံဖြစ်၍ တောင်သူများ အကျိုးရှိရန် ပြည်ပမှ တင်သွင်းခွင့် မပြုသင့်ဟု ဆိုသူများ လည်းရှိသည်။ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရန်အတွက် ပြည်ပမှ တင်သွင်းသင့်သည်ဟု ဆိုသူများလည်းရှိသည်။

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားမ၀င် ၀င်ရောက်နေသော ကြက်သွန်ဖြူများကို ယခုအခါ တရားဝင်သွင်းကုန်လိုင်စင် ခွင့်ပြု၍ တင်သွင်းခွင့်ပြုရန် ကြက်သွန်နီ/ဖြူ၊ စားဖိုဆောင်သီးနှံ အသင်းကို သဘောထားတောင်းခံထားသည်။ အသင်းက တရားဝင် တင်သွင်းခွင့်ပြုပါက အခွန်ကောက်ပြီး ပမာဏ ကန့်သတ်ရန်၊ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရန် အကြံပြုထားသည်။

သို့သော် အဆိုပါအသင်းမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ နည်းပြီး ပွဲရုံပိုင်ရှင်နှင့် ကုန်သည်များသာ များပြားသည့်အတွက် အများစုမှာ တရုတ်ကြက်သွန်ဖြူ ဈေးကွက်လွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှု ကိုယ်တိုင်ကြုံတွေ့မှုနည်းသည်။ 

အဓိကနစ်နာနေသည်မှာ တောင်သူများဖြစ်သည့်အတွက် စိုက်ပျိုးသူများ အရှုံးသက်သာရန် တရုတ်ကြက်သွန်ဖြူအ၀င်ကို ဖြစ်နိုင်ပါက တင်သွင်းခွင့်မပြုရန် (သို့ မဟုတ်) ပမာဏအနည်းငယ်ကိုသာ တင်သွင်းခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်အချို့နှင့်တောင်သူများ
ကပြောကြားသည်။

“ဘိုးဘွားလက်ထက်ကတည်းက မိုးဆိုစပါးစိုက်၊  ဆောင်းဆို
မြေပဲစိုက်၊ ဆောင်းအကုန် ကြက်သွန်ဖြူစိုက်ဆိုတာ မိရိုးဖ လာစိုက်ပျိုးရေးပါ။ သက်တမ်းတစ်လျှောက် ကြက်သွန်ဖြူနဲ့ စားဝတ်နေရေးအဆင်ပြေလာတာ ကြာပါပြီ။ တရုတ်ကြက်သွန်ဖြူ တွေဝင်လို့ တောင်သူတွေရှုံးတယ်
ဆိုပေမယ့် ပြည်တွင်းစားသုံးသူတွေအနေနဲ့ မြန်မာကြက်သွန်ဖြူကို အားပေးနေတယ်ဆိုရင် ရှုံးတာ မြတ်တာထက် မိရိုးဖလာဆက်စိုက်
နေဦးမှာပါ” ဟု ကိုလင်းစိုးက ဆိုသည်။ အလားတူ ကြက်သွန်ဖြူစိုက်ပြီး ကျပ်သိန်းနှစ်ဆယ် အရှုံးပေါ်နေသော အသက် ၃၇ နှစ်အရွယ် ကိုဝင်းမောင်တစ်ယောက်ကလည်း သူ၏အစီအစဉ်ကို အောက်
ပါအတိုင်းပြောသည်။

“ပြည်ပကိုလည်း မြန်မာကြက်သွန်ဖြူတွေတင်ပို့ခွင့်ရမယ်ဆိုရင် ကြက်သွန်ဖြူဈေး ခေါင်းမော့လာနိုင်မယ်လို့ ထင်တယ်။ တောင်သူတွေ
အားလုံးက ဈေးကွက်ဝယ်လိုအားနည်းလို့ဆိုပြီး ပြောင်းစိုက်မှာမဟုတ်ဘူး။ ကြက်သွန်ဖြူကို မိရိုးဖလာအနေနဲ့ စိုက်ကြဦးမယ်”။ 

ရေးသားသူ- မျိုးမင်းဦး၊ ဆွေမွန်၊ ရဲနောင်
7Day News Journal ယောမြို့နယ် တေးရွာမှကြက်သွန်ဖြူစိုက် တောင်သူကိုဝင်းမောင် တစ်ယောက် အားသွန်ခွန်စိုက် ကြက်သွန်ဖြူစိုက်ပျိုးပြီးနောက် စာရင်းချုပ်လိုက်သောအခါ ကျပ်သိန်းနှစ်ဆယ်ကျော် ရှုံးနေသည်။

မဂ္ဂဇင်း တစ်အုပ် ဖတ်ရင်း ဒီအကြောင်း ကို စိတ်ဝင် စားမိလို့ google ကနေ ရှာပြီးဝေမျှ လိုက်တာပါ.. စာနည်း နည်းတော့ ရှည်ပေ မဲ့ စိတ်ဝင် စားဖို့ ကောင်း လို့ပါ...

Photo: The Bermuda Triangle 

(မဂ္ဂဇင်းတစ်အုပ်ဖတ်ရင်း ဒီအကြောင်းကိုစိတ်ဝင်စားမိလို့ google ကနေ ရှာပြီးဝေမျှလိုက်တာပါ.. စာနည်းနည်းတော့ရှည်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းလို့ပါ...)

Tuesday, 18 December 2012
ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိတဲ့ နေရာအကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ အတွင်းဖြတ်သန်းသွားလာသမျှ သဘောင်္တွေ လေယာဉ် တွေအားလုံးနီးပါးဟာ ထူးဆန်းစွာပျောက်ကွယ်သွားတတ်ကြတဲ့ အတွက် မကောင်းဆိုးဝါ
း သေမင်းတြိဂံ ဆိုပြီးလည်း သမုတ်ခံထားရတဲ့ နေရာကြီးပေါ့..။ တော်တော်များများ ကဒီနေရာကို သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုအဖြစ် သဘောထားကြတယ်လေ..။

ဘာမြူဒါအတွင်း ပျောက်ဆုံးသွားတဲ့ သဘောင်္တွေ လေယာဉ်တွေထဲမှာ ဟိုးလေးတကြော် နာမယ်ကြီးသွားခဲ့ရတဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်..။ US ရဲ့ ဒုတိယသမ္မတဟောင်း Aaron Burr ရဲ့သမီးဖြစ်သူ Theodosia Burr Alston ဟာ South Carolina ကနေ New York မြို့ကို Patriol သဘောင်္နဲ့ လိုက်ပါလာရာမှာ ဘာမြူဒါတြိဂံ အတွင်းပျောက်ဆုံးသွားတယ် ဆိုပြီး လူတော်တော်များများက သဏ္ဍာရီသဖွယ် ပြောဆိုလေ့ရှိခဲ့တယ်..။ US ရေတပ်ကသဘောင်္တစ်ချို့ ဟာလည်း ဘာမြူဒါတြိဂံ ထဲဝင်ရောက်ပျောက်ကွယ် သွားခဲ့ဖူးတယ်..။ အဲ့ဒီထဲကမှ ဆုံးရှုံးမှု အကြီးမားဆုံးကတော့ 1918 ခုနှစ် မတ်လ 14 ရက်နေ့နောက်ပိုင်း သဘောင်္သား 309 ဦးပါဝင်တဲ့ USS Cyclops ပျောက်ဆုံးသွားမှုပဲဖြစ်တယ်..။ ဒါ့အပြင် US ရေတပ်ပိုင် Flight 19 ဟာလည်း 1945 ခုနှစ် ဒီဇင်ဘာ 5 ရက်နေ့မှာ အဲ့ဒီဘာမြူဒါ နားပျံသန်းရင်ပျောက်ဆုံးသွားခဲ့ပါတယ်..။ လေယာဉ် ကိုရှာဖွေဖို့ ထွက်ခွါသွားခဲ့တဲ့ လူ 13 ဦးပါ လေယာဉ်ဟာလည်း ထပ်မံပျောက်ဆုံးသွားခဲ့ပါတယ်..။ Flight 19 ရဲ့ ခေါင်းဆောင်နဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့ စဉ်က “ကျနော်တို့ ဘယ်ကိုရောက်နေလဲ မသိတော့ပါဘူး” ဆိုပြီးနောက်ဆုံး အကြောင်းပြန်ခဲ့ပါသတဲ့..။ ဒီလိုနဲ့ ဘာမြူဒါတြိဂံ အတွင်း သဘောင်္၊ လေယာဉ်ပျောက်ဆုံးမှုတွေဟာ သတင်းဂျာနယ်တွေမှာ ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။

1975 ခုနှစ်မှာတော့ Arisona Sble University မှ သုတေသနပညာရှင် စာကြည့်တိုက်မှုး Lawrence David Kusche ဟာ The Bermuda Triangle Mystrey Solved ဆိုတဲ့စာအုပ်ကိုရေးသား ထုတ်ဝေခဲ့ပြီး ဘာမြူဒါတြိဂံ ဖြစ်ရပ်တွေဟာ သဘာဝလွန် ဖြစ်ရပ်တွေမဟုတ်ပဲ ထူးခြားဆန်းကြယ်မှုတွေကို ယုံကြည်ချင်သူတွေရဲ့ ချဲ့ကားမှုသာဖြစ်တယ်..။ စာရေးဆရာတော်တော်များများဟာ ဂမ္ဘီရဆန်ဆန်ချဲ့ကားရေးလိုတာနဲ့ ပျောက်ဆုံးမှုတော်တော် များများဟာ ရာသီဥတု ဆိုးဝါးပြင်းထန်နေတဲ့ အချိန်မှာဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုထိန်ချန် ထားခဲ့ကြတယ်လို့ ရေးသားထားခဲ့ပါတယ်..။ ဒါပေမဲ့ ပြသနာက သူဘယ်လိုဖြေရှင်းချက် ထုတ်ထုတ်.. သဘာဝလွန်လျှို့ဝှက်ဆန်းကြယ်တွေကို ယုံကြည်ချင်နေကြတဲ့ လူတွေရဲ့စိတ်ကြောင့် လို့ပဲဆိုရမလား.. ဘာမြူဒါတြိဂံ ဟာဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူတော်တော်များများက ယုံကြည်လက်ခံထားဆဲဖြစ်ပါတယ်...။

 Linn Khine.ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရှိတဲ့ နေရာ အကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ အတွင်းဖြတ်သန်းသွားလာသမျှ သဘောင်္တွေ လေ ယာဉ် တွေအားလုံး

ရန်ကုန်မြို့ ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင် ရွက်ခများ ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ တွင် ထပ်မံ တိုးမြှင့် မည်

Photo: ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံ တိုးမြှင့်မည်

Tuesday, 18 December 2012
ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို  လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သန့်ရှင်းရေးဌာန၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည့် စာနယ်ရှင်း လင်းပွဲမှ သိရှိရသည်။

ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ယခင်နှုန်းထား၏ နှစ်ဆသို့ တိုးမြှင့်ခဲ့ပြီး မြို့တွင်း Down Town  ခြောက်မြို့နယ်တွင် ယခင်သုံးလ တစ်
ကြိမ် ကျပ် ၉၀၀ အစား ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ မြို့တွင်းနှင့်  ဆက်စပ်(၉) မြို့နယ်ဖြစ်သော မင်္ဂလာ
တောင်ညွန့်၊ တာမွေ၊  အလုံ၊ ကြည့်မြင်တိုင်စသည်တို့တွင်  ယခင် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ ကျန် ဆင်ခြေဖုံး ၁၇ မြို့နယ်ဖြစ်သည့်  ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ ပိုင်း၊ တောင်ဥက္ကလာပ စသော မြို့နယ်များတွင် ယခင် သုံးလတစ်ကြိမ် ၄၅၀ ကျပ်အစား ၉၀၀ ကျပ်သို့ တိုးမြှင့်ကာ ကောက်ခံလျက် ရှိသည်။

ယင်းသို့ တိုးမြှင့်လိုက်သည့် နှုန်းထားများအနက် လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် မြို့တွင်း ဆက်စပ် ၉ မြို့နယ်ဖြစ်သော  မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့အားလုံးတွင် လက်ရှိသုံးလတစ်ကြိမ်  ၁၃၅၀ ကျပ်မှ ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ် အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့ နယ်တို့တွင်  လက်ရှိ သုံးလတစ်ကြိမ် ၉၀၀ ကျပ်မှ  ၁၃၅၀ ကျပ်သို့ ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း သိရ သည်။ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များနှင့် မြို့တွင်း ခြောက်မြို့နယ်မှာ ထပ်မံတိုးမြှင့် မည့်အထဲတွင် မပါဝင်ကြောင်း သိရသည်။

''အခု သန့်ရှင်းရေးဆောင်ရွက်ခ တိုးလိုက်တဲ့မြို့နယ်တွေမှာ အဲဒီမြို့နယ်တွေရဲ့ ဖွံ့ဖြိုးမှုအတိုင်းအတာ၊ လူနေမှုအဆင့်အတန်း၊ စီးပွားရေး လုပ်ငန်းများ များပြားလာမှု၊ အမှိုက် ထွက်ရှိမှုနှုန်းထားအပေါ် မူတည်ပြီး တိုးလိုက်တာဖြစ်ပါတယ်။ မြို့တွင်းနဲ့ ဆက်စပ်ကိုးမြို့ဆိုရင်လည်း ဖွံ့ဖြိုးမှု အတိုင်းအတာက၊ တိုးတက်လာ တဲ့ လူနေမှုအဆင့်အတန်းတွေက  မြို့တွင်းနဲ့ ဆက်စပ်နေတဲ့အတွက် အဲဒီမြို့နယ်တွေရဲ့ နှုန်းထားကို မြို့တွင်းနဲ့ တူညီအောင်လို့ ကျပ် ၁၃၅၀ အစား ကျပ် ၁၈၀၀ ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ် ''ဟု  သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် အမှိုက်သိမ်းဝန်ဆောင်မှုများအား တိုးမြှင့် ပြုလုပ်ရန် အစီအစဉ်နှင့် ပတ်သက်၍ ''အမှိုက်သိမ်းမှုနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး ၀န်ဆောင်မှုပေးဖို့အတွက် ပထမ အပိုင်းက ၀ါးကပ် အမှိုက်ကန်တွေကို ဖျက်သိမ်းပြီး အမှိုက်ပုံးတွေ ချပေးမယ်။ ပြီးတော့ လူအင်အားထက် ကားအင်အားကို ပိုပြီးသုံးမှာဖြစ်ပြီး ကားအစီးရေ ၄၀ ထပ်ပြီးဝယ်မှာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားခဲ့သည်။

''သန့်ရှင်းရေးဆောင်ရွက်ခ  တိုးမြှင့်တာနဲ့အတူ အမှိုက်သိမ်း ၀န်ဆောင်မှုတွေကို ဘယ်လိုတိုးမြှင့် ပေးမှာလဲ ။ ဆောင်ရွက်ခတိုးသလို ၀န်ဆောင်မှု ကောင်းတာကိုပဲ ပြန်ရချင်ပါတယ်။ အခုဆိုရင် သီးသန့် အမှိုက် အိပ်ဝယ်သုံးနေရတဲ့ ကုန်ကျစရိတ်ကလည်း ရှိနေပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ရှင်တစ် ဦးက ပြော ကြားခဲ့သည်။

Eleven Media Groupရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း

သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင်သေဆုံးသည်ကို တွေ့ရှိ

၁၇-၁၂-၂၀၁၂ ရက်နေ့ ၁၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး သစ်တောကြိုးဝိုင်းအတွင်း အကွက်အမှတ်(၂၁)တွင် တောဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်း

နန်းတော်ပျံကြီးဟု တင်စားခြင်း ခံရသည့် အမေရိကန် ဒေါ်လာ ၄ ၅ သန်းတန် ဇိမ်ခံ လေယာဉ်ကြီးကို ဆော်ဒီမင်းသား ဝယ်ယူ

Photo: နန်းတော်ပျံကြီးဟု တင်စားခြင်း ခံရသည့် အမေရိကန် ဒေါ်လာ ၄ ၅ သန်းတန် ဇိမ်ခံ လေယာဉ်ကြီးကို ဆော်ဒီမင်းသား ဝယ်ယူ
Tuesday, 18 December 2012

ကြွယ်ဝ ချမ်းသာသည့် ဆော်ဒီမင်းသား အယ်ဝါလိထ် ဘင်တာလာသည် အမေရိကန် ဒေါ်လာ ၄၈၅ သန်းတန်ဖိုးရှိ ကမ္ဘာ့တန်ဖိုး အကြီးဆုံး Airbus-A380 ဇိမ်ခံ လေယာဉ်ကြီး တစ်စင်းကို

ဝယ်ယူခဲ့ကြောင်း Arabian Business သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင်  ပြောကြား ခဲ့သည်။

ဆော်ဒီမင်းသားသည် မကြာသေးမီက အဆိုပါ ဝယ်သူစိတ်ကြိုက် အထူးထုတ် လုပ်ပေးထားသည့် ဇိမ်ခံ လေယာဉ် အတွက် အမေရိကန် ဒေါ်လာ ၄၈၅သန်း ပေးချေခဲ့ကြောင်း သိရသည်။

ဆော်ဒီ မင်းသား ဝယ်ယူသည့် အဆိုပါ လေယာဉ်ကြီးတွင် အိပ်ခန်း လေးခန်း တူရကီ ရေချိုးခန်း တစ်ခန်း၊ Rolls- Royce ကားထားရာ ဂိုဒေါင်တစ်ခု၊ ခန်းမတစ်ခု၊ ဘုတ်အဖွဲ့အစည်း အဝေးခန်း တစ်ခန်း၊ ဘုရားဝတ်ပြုသည့် အခန်း၊ ဘုရင့်ခန်းမဆောင် တစ်ခု၊ လေယာဉ် အတွင်းရှိ အထပ်များသို့ သွားလာနိုင်မည့် ဓာတ်လှေကား တစ်ခုတို့ ပါဝင်သည်ဟု သိရသည်။

၎င်းလေယာဉ်အား လာမည့်နှစ်တွင် ဆော်ဒီ အာရေဗျ နိုင်ငံသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း  Airbus  ကုမ္ပဏီမှ အရှေ့ အလယ်ပိုင်း ဌာနခွဲ ဥက္ကဋ္ဌက ပြောကြား ခဲ့သည်ဟု သိရသည်။

 mwdကြွယ်ဝ ချမ်းသာသည့် ဆော်ဒီမင်းသား အယ်ဝါလိထ် ဘင်တာလာ သည် အမေရိကန် ဒေါ်လာ ၄၈၅ သန်းတန်ဖိုးရှိ ကမ္ဘာ့တန်ဖိုး အကြီးဆုံး

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်
( မိုးမခ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့အရှေ့ဖက်မှာတည်ရှိပြီး ရှမ်းပြည်၊ ကချင်ပြည်တို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ လူဦး ရေ သန်းပေါင်း (၁၃၀၀) ခန့်ရှိပြီး မြန်မာပြည်ရဲ့လက်ရှိလူဦးရေကတော့ ၂၀၀၉နှစ်ကုန်မှာ သန်းပေါင်း (၆၀) နီးပါး လောက် ရှိပြီး ၂၀၁၀ အကုန်မှာတော့ (၆၁)သန်းကျော် ရှိလာတော့မှာ လို့ ဆိုပါတယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်အပြီး တပ်မတော်က ပြန်ပြီး ထပ်ဆင့်အာဏာ သိမ်းချိန်ကစလို့ တရုတ်အစိုးရဟာ န၀တ၊ နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာလိုက်တာ ဒီကနေ့ စစ် အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရ အထိပါပဲ။

● သူတို့မဟာဗျူဟာရည်ရွယ်ချက်
ပြည်ပသုတေသီတွေအဆိုအရ မြန်မာပြည်အပေါ်ထားတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၆) ချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ …
▪ တရုတ်ပြည်အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
▪ နယ်စပ်ဒေသလုံခြုံရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
▪ တရုတ်ပြည်ရဲ့လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
▪ တရုတ်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး။
▪ အိန္ဒိယနိုင်ငံ အင်အားကြီး ခေါင်းထောင်ထလာလာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်ရေး။
▪ မြန်မာနိုင်ငံနဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရေး။  စတာတွေ ဖြစ်ပါတယ်။

● မရှောင်လွှဲနိုင်တဲ့ ပင်မအကြောင်းရင်းခံတချို့
၂၀၁၁ခုနှစ်  စာရင်းအရဆို မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီးထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ပမာဏ (၂၈၃.၂) ဘီလျံ ကုဗမီတာရှိပြီး တရုတ်ပြည်မှာက (၈၀၀) ဘီလျံ ကုဗမီတာ ရှိပါတယ်။ ဒါကြောင့် တရုပ်ပြည်က သဘာဝဓါတ်ငွေ့သိုက် ပမာဏရဲ့ (၃)ပုံတပုံကျော်လောက် ရှိနေပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယ သမုဒ္ဒ ရာနဲ့ ဆက်စပ်နေတဲ့ မြန်မာ့ ရေပိုင်နက်ထဲက ဘင်္ဂလားပင်လယ်အော်နဲ့မုတ္တမပင်လယ်ကွေ့ထဲမှာ တည်ရှိပါတယ်။

တရုတ်ပြည်ဟာ စီးပွားရေးဖွံ့ဖြိုးလာတဲ့အတွက်ကြောင့် လောင်စာစွမ်းအင်တွေ ပိုပြီးလိုအပ်လာပါတယ်။ ပြည်ပက တင် သွင်းနေရတဲ့အပေါ် မှီခိုနေရမှုက ၂၀၀၃ခုနှစ်မှာ (၃၄%)၊ ၂၀၀၈ ခုနှစ်မှာ (၅၀%) ရှိလာပြီး ၂၀၂၀ခုနှစ်မှာ (၆၀%) ရှိလာမယ် လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ (၈၀%) ဟာ မလက္ကာရေလက်ကြားကတဆင့် ဖြတ် နေရပါတယ်။

အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့စီးပွားရေးအကြောင်းအချက်တွေက တရုတ်ပြည်ကို ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေလုပ်ဆောင်လာစေဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် စီးပွားရေးတိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတပိုင်းထုတ်ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ကုန်ကြမ်းရေသောက်မြစ်ရရာ ဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စခနည်းတဲ့ သယ်ယူပို့ဆောင် ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက် မုချအကျိုးရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ဆက်သွယ်ရေးလမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီ နိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချဖြစ်သွားစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။

နောက်ပီး ဧရာဝတီမြစ်ကို ယူနန်ပြည်နယ်ရဲ့လျှပ်စစ်စွမ်းအင်ရင်းမြစ်အဖြစ်ရော ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာတွေ၊ စတာတွေက လည်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ယူနန်က ထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်၊ သီလဝါဆိပ် ကမ်းအထိ ကုန်ကြောင်းရေကြောင်းနဲ့ သယ်ယူပို့ ဆောင်ဖို့စီမံကိန်းကလည်း အစီအစဉ် ရှိထားပါတယ်။ သီလ၀ါဆိပ်ကမ်း စီမံကိန်းမှာ အပိုင်း (၃)ပိုင်း ပါဝင်ပါတယ်။ ပထမ ပိုင်းက မြန်မာ-တရုတ်နယ်စပ် ဗန်မော်နားက ကွန်တိန်နာဆိပ်ကမ်း ကို ကားလမ်းနဲ့ ဆက်သွယ်တာ၊ ဒုတိယပိုင်းအနေနဲ့ ကွန်တိန်နာ ဆိပ်ကမ်းဆောက်တာနဲ့ တတိယပိုင်းက  ဧရာဝ တီမြစ်ရေ စီးကြောင်းနက်ဖို့ သောင်တူးဖော်တဲ့အပိုင်းတွေ ဖြစ်ပါတယ်။ တရုတ် ကွန်တိမ်နာပေါင်း နှစ်သန်းလောက် နှစ်စဉ် သယ်ပို့နိုင်မှာ ဖြစ်ပြီး ဧရာဝတီမြစ်ကို ဖြတ်လမ်းအဖြစ် အသုံးပြုပြီး အိန္ဒိယ-အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို တရုတ်ကုန်တွေ ပို့ဖို့ ပင်လယ်ရေလမ်းကြောင်းအနေနဲ့ အသုံးချဖို့ ဖြစ်ပါတယ်။ လောလောဆယ်ဆယ်တော့ ဒီစီမံကိန်းတွေဟာ ဧရာဝတီ မြစ်ဆုံစီမံကိန်းလိုပဲ အကြောင်းကြောင်းတွေကြောင့် ရပ်နားထားပါတယ်။

၁၉၉၇ ကစပြီး အနောက် နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု အကူအညီတွေရရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအကူ အညီတွေမှာ အကြီးဆုံး ရေသောက်မြစ် ဖြစ်လာပါတယ်။

● တမိုးလုံးဖျောက်ဆိပ် ဖြစ်နေတဲ့ တရုတ်စီမံကိန်းတွေ
၂၀၀၈ခု နှစ်ကုန် စာရင်းတွေအရဆို မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်း၊ ရေနံ-ဓါတ်ငွေ့နဲ့သတ္ထုတူးဖော်ရေးလုပ်ငန်း စတဲ့ စီမံကိန်းလုပ်ငန်းပေါင်း (၉၀)လောက် မှာ တရုတ်နိုင်ငံစုံကော်ပိုရေးရှင်း အနည်ဆုံး (၆၉)ခုလောက် ပါဝင်ပတ်သက်နေ ပါတယ်။ စီမံကိန်းတွေကတော့ ဆည်မြောင်း အငယ်စား ဆောက်လုပ်ခြင်းကအစ ကျောက်ဖြူကနေယူနန်ပြည်နယ်၊ ခွန်းမင်ထိ ရှည်တဲ့ ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးထိ  ပါဝင်ပါတယ်။

● ကန်ထရိုက်စာချုပ်တွေနဲ့နားလည်မှုစာချွန်လွှာတွေ
၁၉၉၉ ခုနှစ်အကုန်မှာ မြန်မာစစ်အစိုးရဟာ တရုတ်ပြည်နဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း  (၁.၄)ဘီလျံ သန်ပေါင်း (၁၄၀၀)တန်ဖိုးရှိတဲ့ နားလည်မှုစာချွန်လွှာပေါင်း (၅၀၇) ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ မှာ တရုတ်ကုမ္ပဏီတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၁)ဘီလျံ (သန်းပေါင်း ၂၁၀၀) တန်ဖိုး ရှိတဲ့ စီမံကိန်း (၂၉၃) ခု ကန်ထရိုက်စာချုပ် ချုပ်ဆိုလိုက်ပြီး ၂၀၀၄ခု မတ်လမှာ သဘောတူညီချက် (၂၁)ခု လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီ သဘောတူ ညီချက်တွေက အထူးချေးငွေနဲ့ စီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေး တို့ပါဝင်ပါတယ်။

၂၀၀၆ စက်တင်ဘာလအထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့စီမံကိန်းတွေနဲ့ အလုပ်သမား ကန်ထရိုက်စာချုပ်ပေါင်း (၈၂၅) ခု ရှိပါတယ်။

အများဆုံးကတော့ ၂၀၁၀ခုနှစ် စက်တင်ဘာလ (၇)ရက်ကနေ ၁၁ရက်နေ့ထိ  ဗိုလ်ချုပ်မှူးကြီးရဲ့ (၅)ရက်ကြာ တရုတ်ပြည် ခရီးစဉ်မှာ အတိုးမဲ့ချေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ (၄.၂)ဘီလျံ ထုတ်ချေးခဲ့ပါတယ်။ သဘောတူညီချက် စာချုပ်ကို တော့ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့တရုတ်ပြည်ဖွံ့ဖြိုးရေးဘဏ်ကော်ပိုရေးရှင်း (CDBC) တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီချေးငွေတွေကို အဓိက ကျောက်ဖြူ-ခွန်းမင် ဓါတ်ငွေ့ပိုက်လိုင်းနဲ့ရေနံပိုက်လိုင်း တည် ဆောက်ရေး တို့မှာ အသုံးပြုဖို့ဖြစ်ပါတယ်။

● ကျောက်ဖြူ-ခွန်းမင် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ခွန်းမင်မြို့ထိ သွယ်တန်းထားတဲ့ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း (၂)ခု ကို ၂၀၁၃ခုနှစ် မတ်လမှာ အပြီးတည်ဆောက်ဖို့ မှန်းထားပြီး ဇွန်လမှာ စတင်သယ်ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီပိုက်လိုင်းစီမံ ကိန်းကနေ မြန်မာအစိုးရက နှစ်စဉ် တနှစ်ကို နိုင်ငံခြားငွေ ဒေါ်လာ (၁)ဘီလျံ နဲ့ နှစ်ပေါင်း (၃၀) ခံစားရရှိမယ်လို့ သိရပါတယ်။ နောက်ပီး ဒီပိုက်လိုင်းတလျှောက် ကျောက်ဖြူကနေ ယူနန်ပြည်နယ်၊ ရွှေလီထိ ကီလိုမီတာ (၈၁၀) ရှည်တဲ့ ရထားလမ်းတခုလည်း တွဲဖက်ဖောက်လုပ်ပါ အုန်းမယ်။ ရခိုင်ကမ်းခြေ မဒေးကျွန်းမှာ အနောက်အာဖရိကနဲ့ အာဖရိက က သယ်လာမယ့် ရေနံတင်သင်္ဘောတွေ ဆိပ်ကပ်မယ့် ရေနက်ဆိပ်ကမ်းနဲ့ ရေနံစိမ်းတွေ သိုလှောင်မယ့် အဆောက်အဦးတွေကိုလည်း ဆောက်လုပ်နေပါတယ်။ ဒီရေနံစိမ်းတွေနဲ့ရွှေဂက်စ်ကထွက်မယ့် သဘာဝဓါတ်ငွေ့တွေကို ဒီပိုက်လိုင်းတွေကတဆင့် တရုပ်ပြည်ကို သယ်ယူကြမှာဖြစ်ပါတယ်။ “ပိုက်လိုင်းတလျှောက်ရ ထားလမ်း တည်ဆောက်ရ ခြင်း ရည်ရွယ်ချက်မှာ အိန္ဒိယသမုဒ္ဒရာမှာ စိုးမိုးနေတဲ့ အမေရိကန်ရေတပ် အန္တရာယ်ကို ကာကွယ်ဖို့ အရေးပေါ်လိုအပ် လာရင် တရုပ်တပ်အင်အားအလုံးအရင်းကို ရွှေ့ပြောင်းဖို့ ရည်ရွယ်ချက် ဖြစ်တယ်” လို့လည်း စစ်ရေးအကဲခတ်တွေက ဆိုပါ တယ်။

● ပင်လယ်ဆိပ်ကမ်းတွေနဲ့ အဝေးပြေးလမ်းမစီမံကိန်းတွေ
တရုတ်နိုင်ငံဟာ ပင်လယ်ဆိပ်ကမ်း၊ ရထားလမ်းတွေနဲ့ အဝေးပြေးလမ်းမတွေ တည်ဆောက်ဖို့ မြန်မာစစ်အစိုးရကို ကူညီနေပါတယ်။  လောလောဆယ်ဆယ် ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ကျောက်ဖြူ ပယ်လယ်ရေနက် ဆိပ်ကမ်းတွေ တည် ဆောက်နေပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်မှာ (၃၀၅) ကီလိုမီတာ ရှည်တဲ့ အဝေးပြေးလမ်းမတခုကို တည် ဆောက်ပေးထားပါတယ်။ မကြာမီ ရှမ်းပြည်မှာ အာရှတိုက်လုံးဆိုင်ရာဆက်သွယ်ရေးကွန်ယက်ရဲ့ နောက်ဆုံး အဆက် အသွယ်ဖြစ်တဲ့ လာရှိုးကို ဆက်သွယ်တဲ့ ၁၀၇ ကီလိုမီတာ ရှည်တဲ့ ရထားလမ်းတခု တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်ပြည်က နည်းပညာ၊ ပစ္စည်းတွေနဲ့ဆောက်လုပ်ရေးလုပ်သားတွေအကုန်လုံး ကူညီမှာ ဖြစ်ပါတယ်။

● စစ်ရေးထောက်ပံ့မှုနဲ့ ရေတပ်ဆိပ်ကမ်းတွေ
တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို (၂)ဘီလျံဖိုး စစ်ပစ္စည်းတွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ရောင်းချခဲ့ပါတယ်။ မြန်မာ ရေပိုင်နက်ကကျွန်း ပေါ်မှာ ရေတပ်အခြေစိုက်စခန်းတွေ ဆောက်လုပ်ခဲ့ပါတယ်။ မြန်မာပြည်ကို အဓိက လက်နက် တင် ပို့သူလည်း ဖြစ်ပါတယ်။ လက်နက်ပစ္စည်း ၉၀% ထောက်ပံ့ခဲ့တယ်။  ၁၉၈၉ခုနှစ်မှာ တရုတ်နိုင်ငံဟာ မြန်မာ စစ်အစိုးရ နဲ့အမေရိကန် ဒေါ်လာ (၁.၂)ဘီလျံ တန်ဖိုးရှိတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီ လုပ် ငန်းမှာ လက်နက်တွေ၊ စစ်ရေးနည်းပညာတွေနဲ့လေ့ကျင့်ရေးတွေ အကူအညီပေး ဖို့ ပါ,ပါတယ်။ ၁၉၉၀စုနှစ် အတွင်းမှာ တရုတ်ပြည်ဟာ မြန်မာစစ်အစိုးရကို အလတ်စားတင့်ကား အစီး (၁၀၀)၊ အပေါ့စားတင့်ကား အစီး(၁၀၀)၊ တိုက်လေယာဉ် (၂၆၈)စီး၊ လူစီးသံချပ်ကာယာဉ် အစီး (၂၅၀)၊ စွယ်စုံသုံးဒုံးစနစ်များ၊ ဟောင်၀၀်ဇာအမြောက်တွေ၊ လေယာဉ်ပစ်သေနတ် တွေ၊ မြေပြင်ကဝေဟင်ပစ်ဒုံးပျံတွေ၊ စိန်ပြောင်းတွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ဗုံးလောင်ချာတွေ၊ ထရပ်ကားကြီးတွေ၊ ကင်းလှည့် မော်တော်ဘုတ်တွေ၊ ပဲ့ထိန်းအမြန်ဒုံးယာဉ်တွေ၊ မိုင်းရှင်းကရိယာတွေနဲ့ စက်သေနတ်တင် မော်တော်ဘုတ် တွေ ရောင်းပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရက ဒေါ်လာ သန်း(၄၀၀) တန် နောက်ထပ် လက်နက်ရောင်းချရေးလုပ်ငန်း တခုကို လက် မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်အရ ဟယ်လီကော်ပတာတွေ၊ လက်နက်ငယ်တွေ၊ အမြောက်တွေလို ရေတပ်သင်္ဘော တွေနဲ့သံချပ်ကာယာဉ်တွေ လက်ခံရရှိခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ စစ်ထရပ်ကား အစီး (၂၀၀)နဲ့ စစ်သင်္ဘော (၅)စီး ပို့ခဲ့ တယ်။ ၂၀၀၂ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ တရုတ်ပြည်ဟာ ရေတပ်အရာရှိတွေကို လေ့ကျင့်ပေးခဲ့ပြီး မြန်မာပြည် တောင် ပိုင်း ကမ်းခြေ တလျှောက်မှာ ရေတပ်ပူးတွဲလေ့ကျင့်ရေးတွေ လုပ်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာ စစ်ထရပ်ကားအစီး (၄၀၀) ရောင်းချခဲ့တယ်။ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်း၊ မြိတ်နဲ့သီလ၀ါဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ တြိဂံပုံ ရေတပ် အခြေစိုက် စခန်း (၄)ခု ကို တည်ဆောက်ခဲ့ပါတယ်။

၁၉၉၀စုနှစ် အလယ်ပိုင်းက မြန်မာစစ်အစိုးရဟာ တရုတ်ထောက်လှမ်းရေးလုပ်ငန်းအတွက် ဇာဒက်ကြီးကျွန်းကို အသုံး ပြုခွင့်ပေးခဲ့ပါတယ်။ ဒီကျွန်းဟာ မြန်မာပြည်တောင်ဘက်အစွန်ဆုံး ကော့သောင်းအနီး ၀ိတိုရိယအငူနဲ့  မလှမ်းမကမ်းမှာ တည်ရှိပါတယ်။

● ရင်းနှီးမြှုပ်နှံမှု
၁၉၉၇ခုနှစ်အထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေး နည်းပါသေးတယ်။ တရုတ်လူမျိုးတွေရဲ့ မမြင်ရတဲ့ ရင်နှီးမြှုပ်နှံမှုတွေနဲ့စီးပွာရေးဖက်စပ်လုပ်ငန်းတွေမှာသာ များပြား လှပါတယ်။ အများစုက မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ ဆွေမျိုးတွေနာမည်နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ အဓိက မြို့ကြီးတွေမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီး၊ လုပ်ငန်းငယ် အတော်များများဟာ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တယ်။ လို့ သုတေသီ မောင်အောင်မျိုးက သူ့ရဲ့ ဗမာ့တပ်မတော်တည်ဆောက်ရေး စာအုပ်မှာ ပွင့်ပွင့် လင်းလင်း ထောက်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေဟာ စွမ်းအင်သုံးစွဲမှု တိုးလာနေလို့ သူတို့စွမ်းအင်ရင်းမြစ်တွေ ဖြည့်တင်းဖို့ မြန်မာနိုင်ငံကို အဓိက ခြေဦး လှည့်လာကြပါတယ်။ ဒီအထဲမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယားနှင့်စင်္ကာပူ နိုင်ငံတို့ဟာ ရေအားလျှပ်စစ် လုပ် ငန်း၊ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာပါတယ်။ တရုတ်နိုင်ငံက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ၀င်ရောက်မစွက်ဖက်ရေးမူကို ကိုင်စွဲထားပေမဲ့လည်း မြန်မာ နိုင်ငံအပေါ် ကျင့်သုံးနေတဲ့ စီးပွားရေးနဲ့နိုင်ငံရေးမူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာပဲ အခြေပြုထား တယ်ဆို တာ ရှင်းပါတယ်။ မြန်မာပြည်က သဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ်အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ငွေကြေး အထောက်အကူတွေ အများကြီး ပေးခဲ့ပါတယ်။ မြန်မာ့စွမ်းအင် ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ဘီလျံ နဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါ တယ်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် ပထမ (၃)လပါတ်ထိ စာရင်းအရဆို တရုတ်နိုင်ငံဟာ ရေအားလျှပ် စစ်ကဏ္ဍမှာ အမေရိကန် ဒေါ်လာ (၅)ဘီလျံ၊  သတ္ထုကဏ္ဍမှာ ဒေါ်လာ ၉၉၇သန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ (၂.၁၅)ဘီလျံ မြှုပ်နှံထားတာ ကြောင့်  လောလောဆယ်မှာ တရုတ် ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှုက (၈.၁၇) ဘီလျံ ရှိပါတယ်။ ၁၉၈၈က စမယ် ဆိုရင် မြန်မာ နိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စုစုပေါင်းဟာ ဒေါ်လာ (၂၀)ဘီလျံကျော်ရှိပါပြီ။ ဒီအထဲမှာ (၁၂.၃၂) ဘီလျံဟာ တရုတ် ပြည်ကလာပြီး ထိုင်းနိုင်ငံက (၉.၅၆) ဘီလျံနဲ့ ဒုတိယလိုက်ပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂၀၀၇ခုနှစ် နိုဝင်ဘာ လကုန်ထိ စုစုပေါင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန် ဒေါ်လာ (၁၄.၇) ဘီလျံ ရှိပြီး ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၇၃၉၁.၈၄၃) နဲ့ ပထမနေရာမှာရှိပြီး  တရုတ်ပြည်က ဒေါ်လာ (၄၇၅.၄၄၃)သန်းနဲ့ ဆဋ္ဌမ လိုက်ပါ တယ်။ အထူးသဖြင့် တရုတ်ပြည်ဟာ မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေ ပုံစံနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးတာတွေ၊ နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝ သယံဇာတ ပစ္စည်း ရှာ ဖွေရေးဘက် တွေမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာခဲ့တယ် ဆိုတာကို တွေ့ရပါတယ်။

နအဖ ရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လကုန်အထိ နိုင်ငံပေါင်း (၃၁) နိုင်ငံက အမေရိကန် ဒေါ်လာ (၃၂) ဘီလျံ နီးပါးလာရောက် မြှုပ်နှံထားပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍနဲ့ လျှပ်စစ် စွမ်းအားကဏ္ဍ နှစ်ရပ်မှာ အများဆုံးမြှုပ်နှံထားကြောင်း၊ အဆိုပါကဏ္ဍ နှစ်ခုထဲမှာ မြှုပ်နှံထားတဲ့ပမာဏဟာ မြှုပ်နှံမှု စုစုပေါင်းရဲ့ (၈၀) ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေကြောင်း သိရပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၉၅၆၈.၀၉၃) သန်းနဲ့ ပထမနေရာက ရှိနေပြီး တရုတ်ပြည်က ဒေါ် လာသန်းပေါင်း (၆၄၁၅ .၀၅၈)သန်း နဲ့ ဒုတိယနေရာက လိုက်ခဲ့ပါတယ်။

၂၀၁၁ခုနှစ် ဇန်န၀ါရီလ စာရင်းအရ မြန်မာပြည်မှာ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းဟာ အမေရိကန် ဒေါ်လာ (၃၅,၅၁၈.၄၄) သန်း ထိရှိလာပြီး  အဲဒီမှာ တရုတ်ပြည်က စုစုပေါင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၇.၉၄) ရာခိုင်နှုန်း နဲ့ ပထမနေရာ ရောက်လာပြီး ထိုင်းနိုင်ငံက (၂၆.၉၄)ရာခိုင်နှုန်းနဲ့ဒုတိယ ဟောင်ကောင်က (၁၆.၆၃) ရာခိုင်နှုန်းနဲ့ တတိယ နေရာကို ရောက်လာပါတယ်။

၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းက သမတဦးသိန်းစိန် အစိုးရလက်ထက် တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားအရဆို  တရုတ်ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမျြုပ်နှံမှု(FDI)ဟာ အမေရိကန်ဒေါ်လာ (၁၄)ဘီလျံနီးပါး ရှိလာပြီး စုစုပေါင်း နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ရဲ့ (၃၅) ရာခိုင်နှုန်း ရှိလာပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုထက် အတော်ကျော်တက်သွားပြီး  ပထမ နေရာမှာပဲ ဆက်လက်ဗိုလ် စွဲနေပါတယ်။

တရုတ်အစိုးရရဲ့တရားဝင်ထုတ်ပြန်တဲ့သတင်းတွေ အရဆို ၂၀၁၁ ခုနှစ် အကုန်မှာ တရုတ်ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဟာ (၂၀.၂၆) ဘီလျံထိ ရှိလာပြီး ဗမာပြည်မှာ အဓိက ရင်းနှီးမြှုပ်နှံသူ နေရာမှာ ရှိနေတယ်လို့ ဆိုပါ တယ်။

ဒီလိုနဲ့ တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ၊ စီးပွားရေးမြှုပ်နှံမှုတွေ တစတစ တိုးချဲ့လာနေပြီး မြန်မာ့စီးပွားရေးနဲ့ နိုင်ငံရေး ပင်မအသက်သွေးကြောနေ ရာတွေမှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာနေပါတယ်။

ဒီဖြစ်စဉ်တွေကို နှစ် ၂၀ ကျော် ကာလအကြာ ပြန်လှန်သုံးသပ်ကြည့်မယ်ဆိုရင် …
တရုတ်ပြည်ဟာ မြန်မာပြည်နဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပါပြီ။ တရုတ်ပြည်ကရတဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ အကူအညီတွေ၊ ချေးငွေတွေ၊ ဒေါ်လာဘီလျံနဲ့ချီတဲ့ ကုန်သွယ်မှုတွေ၊ လက်နက် တွေနဲ့စစ်ရေးနည်းပညာထောက်ပံ့မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ အထီးကျန်နေတဲ့ စစ်အာဏာရှင်အစိုးရဟာ ဆက်လက် တည်မြဲခဲ့ပြီး တောင့်တင်းကြံ့ခိုင်လာတယ်။ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မြန်မာပြည်ဟာ ဒေသတွင်းက အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားမှာ ရှိနေတာက ပထ၀ီအနေအထားအရ မဟာဗျူဟာအချက်အချာကျပြီး အလွန်အရေးပါတဲ့ ကုန်းမြေတံတားကြီး အနေအထားမှာ ရှိနေပါတယ်။ ဆင်မြူရယ်ဟန် တင်တန်ရဲ့အမြင်အရဆို ဟိန္ဒူဝါဒ၊ ဗုဒ္ဓ၀ါဒနဲ့ကွန်ဖြူးရှပ်အယူအဆတွေလွှမ်းမိုးတဲ့ ယဉ်ကျေးမှုပြတ်ရွေ့ကြောကြီးပေါ်မှာ ခွ ထိုင်ထားတဲ့ တိုင်းပြည် ဖြစ်နေတယ်။ လို့ဆိုပါတယ်။ ပထ၀ီအနေအထားအရ အင်မတန်အန္တရာယ် ရှိတယ်ဆိုတဲ့ သဘော ပါ။ စစ်အေးခတ် တလျှောက်လုံးမှာ ၁၉၆၂ခုနှစ်ကစတဲ့ ဗိုလ်နေ၀င်းကြီးစိုးတဲ့ စစ်အစိုးရ အပါအ၀င် လွတ်လပ်ရေးအစိုးရ အဆက်ဆက်က ဘက်မလိုက်ကြားနေတဲ့ နိုင်ငံခြားရေးဝါဒကို တသမတ်တည်း ဆွဲကိုင် ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်။ ဒါ ပေမဲ့ ၁၉၈၈ခုနှစ် ပြည်သူလူထုရဲ့ အထွေထွေ ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးမှာ အာဏာ ထပ်သိမ်းလိုက်တဲ့ ဗိုလ် စောမောင်နဲ့ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ တက်လာကတည်းက ဘက်မလိုက် ဆက်ဆံရေးမူဝါဒကို စွန့်ပစ်ပြီး တရုတ်အစိုးရနဲ့ပဲ တဖက်သတ် ဆက်ဆံလာရတဲ့ အခြေအနေဟာ ဒီကနေ့ ဦးသိန်းစိန်ရဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်များရဲ့ အစိုးရ လက်ထက် အထိပါပဲ။

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကလည်း ဆိုဗီယက် ယူနီယံပြိုကွဲအပြီး အမေရိကန်ပြည်ထောင်စုက တကိုယ်တော်စူပါ ပါဝါ ဖြစ်လာတဲ့ ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂရဲ့အစီအစဉ်တွေ က လည်း အမေရိကန်အကျိုးစီးပွားတွေ၊ တန်ဘိုးတွေနဲ့ တဆက်တစပ်တည်းဖြစ်လာနေတဲ့ အချိန်ကာလတွေလည်းဖြစ်နေတဲ့ အချိန်၊ တရုတ်အစိုးရကလည်း အရင်ကိုင်ဆွဲထားတဲ့ ကွန်မြူနစ်ပါတီချင်းဆက်ဆံရေးမူဝါဒကို စွန့်လွှတ်ပြီး အစိုးရချင်း ဆက်ဆံရေး မူဝါဒကို ပြောင်းပြီး အာဏာရစစ်အစိုးရနဲ့ပဲ ပြောင်းလဲဆက်ဆံလာတဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ နေပြည်တော်နဲ့ပီကင်းဆက်ဆံရေးအနေအထားတွေကြောင့် ဒေသတွင်းကတချို့နိုင်ငံ တွေ အထူးသဖြင့် အိန္ဒိယနိုင်ငံ အနေနဲ့ သူ့ရဲ့အရှေ့ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးကို အလေးထားတဲ့ အရှေ့ကြည့်(Look East) ဆိုတဲ့ မဟာဗျူဟာ မူဝါဒအပြောင်းအလဲတွေကို ချမှတ် လုပ်ဆောင်လာရတဲ့ အခင်းအကျင်းအနေအထားတွေ  ရောက်လာပါတယ်။

သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ခံကတုတ်လုပ်ပြီး ကာလုံကြိုးကိုင်ထားတဲ့ စစ်အုပ်စုအစိုးရကတော့ သူတို့ ရှင်သန်ဖို့အတွက်ဆို ဘယ်လိုနိုင်ငံတကာ ဖိအားမျိုးကိုမဆို ရင်ဆိုင်ဖို့ ဘာမဆို လုပ်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စစ်အစိုးရရဲ့ ခေတ်အဆက်ဆက်ပေါ်လစီတွေအောက်မှာ တရုတ်စီးပွား ရေးလုပ်ငန်းတွေ နေရာတကာမှာ တမိုးလုံဖျောက်ဆိပ်ဖြစ်လာခဲ့ရတာပါ။ တရုတ်အစိုးရကလည်း ဒေသတွင်းမဟာဗျူဟာ အခင်းအကျင်း လိုအပ်ချက်အရ မြန်မာပြည်အပေါ် နည်းမျိုးစုံနဲ့ သြ ဇာလွှမ်းမိုးထားနိုင်ဖို့ ကြိုးပမ်းနေမှာဖြစ်သလို ကမ္ဘာ့ အလည်မှာ အထီးကျန်ဖြစ်နေတဲ့ ကာလုံစစ်အုပ်စုဖက်ကလည်း သူတို့ အာဏာဆက်လက်တည်မြဲဖို့အတွက် မိတ်ဖက်ရှာ ရင်း အားယူရင်းနဲ့ တရုတ် အစိုးရအပေါ် တစတစ မှီခိုရတဲ့ကိန်း ဆိုက်ခဲ့တာပါပဲ။ ဒီအခြေအနေတွေအောက်မှာ ပြည်သူ တွေကို အပေါ်ယံဟန်ပြဒီမိုကရေစီ ပေးသယောင်လှည့်စားနေပြီး အမည်ခံ အရပ်သား အစိုးရ တဖြစ်လဲ စစ်အုပ်စု ကြီးစိုး တဲ့ စစ်အာဏာရှင်စနစ်သာ ဆက်လက် သက်ဆိုးရှည်နေမယ်ဆိုရင်တော့ မြန်မာပြည်ဟာ တရုတ်ပြည်အပေါ် မှီခိုနေရတဲ့ တရုတ်ပြည်ရဲ့သြဇာခံနိုင်ငံအဆင့် ကျရောက်မယ့် အလားအလာတွေ တစ တစ များလာနေပါတော့တယ်။

တနည်းပြောရရင် မြန်မာပြည်ဟာ စစ်တပ်ကျောထောက်နောက်ခံ ဦးသိန်းစိန်အစိုးရတဖြစ်လဲ စစ်အာဏာရှင်ကြီးတွေ ကြီးစိုးနေမှုကို မဖယ်ရှားနိုင်ဘဲ အပေါ်ယံ ဒီမိုကရေစီ ဗန်းပြနေတာတွေပဲ သက်ဆိုးရှည်နေခဲ့ရင်တော့ ၁၉ရာစုခေတ်က ဗြိတိသျှ ကိုလိုနီဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပြည်နယ်ရဲ့နယ်တနယ် ဖြစ်ခဲ့ရတဲ့ တိုင်းပြည်ဟာ ၂၁ရာစုခေတ်မှာတော့ တရုတ်နိုင်ငံရဲ့ဒေသတွင်းမဟာဗျူဟာရည်မှန်းချက်စီမံကိန်းထဲက နယ်ရုပ်ကလေးတရုပ် အဆင့်သာ ဖြစ်လာပြီး ရေ ရှည်မှာတော့ ကိုယ်ပိုင်အမျိုးသားလက္ခဏာ (National Identity) တစတစ ပျောက်ကွယ်လာမယ့် အန္တရာယ်ကို မလွဲမသွေ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။


မောင်တင့်တယ်
ဒီဇင်ဘာ ၁၉၊ ၂၀၁၂


● ကိုးကား။
၁။ ASEAN-India Connectivity: A Myanmar Perspective
၂။ ERI Website
၃။ DISCUSSION PAPER No. 66: Myanmar’s Economic Relations with China: Can China Supportthe Myanmar Economy? Toshihiro KUDO* July 2006
၎။ Burma’s Economy 2010: A Fresh Look at Some Elemental Issues , September 2010, By Sean TURNELL
၅။ Economic and Military Cooperation between China and Burma By Nyi Nyi Lwin
၆။ Internet News
၇။ BURMA’S CHINA CONNECTION AND THE INDIAN OCEAN REGION By Andrew Selth: September 2003
၈။ ပြည်တွင်းထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ

http://moemaka.com/?p=30309&fb_source=pubv1
တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့အရှေ့ဖက်မှာတည်ရှိပြီး ရှမ်းပြည်၊ ကချင်ပြည် တို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။လူဦးရေသန်းပေါင်း (၁၃၀၀) ခန့်ရှိပြီး မြန်မာပြည်ရဲ့လက်ရှိလူဦးရေကတော့ ၂၀၀၉နှစ်ကုန်

ထိုင်းနိုင်ငံ လူကုန်ကူးခံရသူ ၈ ဦး ပြန်လည်လွတ်မြောက်


လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊ နခွန်ပသွန်မြို့ ပန်းခြံမှာအလုပ်စေခိုင်းခြင်း ခံနေရ တဲ့ မြဝတီမြို့နယ်ကျောက်လုံးကြီးရပ်ကွက် မြန်မာပြည်သား(၈)ဦးကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သား

“ကမ္ဘာပျက်ကိန်း ကောလဟလ ဖြန့်ဝေသူများအား တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး”

“ကမ္ဘာပျက်ကိန်း ကောလဟလ ဖြန့်ဝေသူများအား တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး”

တရုတ်နိုင်ငံတွင် ကမ္ဘာပျက်မည့်နေ့နှင့် ပတ်သက်၍ ကောလဟလများ ဖြန့်ဝေသူ ၅၀၀ ကျော် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း @[262070863837170:274:RT News] တွင် ဖော်ပြသည်။ 

တရုတ်နိုင်ငံမြောက်ပိုင်း Qinghai ဒေသရှိ ဘာသာရေးဂိုဏ်းတစ်ဂိုဏ်း၏ အဖွဲ့ဝင် ၄၀၀ ကျော်ကို ကမ္ဘာပျက်မည့်နေ့ ကောလဟလ သတင်းအချက်အလက်များ ဖြန့်ဝေမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ယနေ့ ပြောကြားသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/20511
တရုတ်နိုင်ငံတွင် ကမ္ဘာပျက်မည့်နေ့နှင့် ပတ်သက်၍ ကောလ ဟလများ ဖြန့်ဝေသူ ၅၀၀ ကျော် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း

မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီပြော


ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ခြင်းနှင့်သွေးပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း စသည့်အချက် သုံးချက် ရှိသည့် အနက် မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှုကို သွေးဖြင့်ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်း

ကုလားများ ခုတုံး လုပ်၍ အသုံးချနေသလား သံသယ ဖြစ်ဖွယ်

ကားနံပါတ် ... KNU / KNLA P.C ပါ နံပါတ်ပြား အပြာရောင် ၉ဂ / ၂၁၃၇ ကားအား ကုလားကိုယ်တိုင်မောင်းပီး မြန်မာမိန်းခလေး ၂ ယောက်နှင့်အတူ ည၁၀ နာရီ ၁၅ မိနစ်တွင် K PARADISE (ကျော် ပါရာဒိုက်စ်) ထဲတွင် ယ္ခုအချိန်(11း50 pm)ထိ ရှိနေကြောင်း ... သံသယ ဖြစ်ဖွယ် တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို တိုင်ကြားရာ

မယ်ဆောက်မှ ထိုင်းသို့သွားသော မြန်မာအမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေ

ပဲခူးတိုင်း ဝေါ မြို့နယ်နေ အဖ ဦးနေဝင်း အမိ ဒေါ်ခင်စန်းဝင်း တို၏ သမီး ဖြစ်သူ မစုစုလှိုင်သည် မဲဆောက့်မှ ဘန်ကောက်သို့တက်သွားသည်ပြီး မိဘ

နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်း အဆင့်မြှင့်မည်

နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်း အဆင့်မြှင့်မည်

နေပြည်တော် -ဒီဇင်ဘာ၁၈
နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းအား နိင်ငံခြားဧည်များညအပန်းဖြေတည်းခိုပြီး
ဒေသတွင်းလည်ပတ်နိင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း
နေပြည်တော်ကောင်စီဝင် ဦးကံချွန်ကပြောသည်။
နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းသည် ပျဉ်းမနား-ပင်လောင်းကားလမ်း တောင်ကျကျေးရွာ
အနီးတည်ရှိကြောင်းသိရသည်။ syhနေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းအား နိင်ငံခြားဧည်များ ည အပန်းဖြေ တည်းခိုပြီးဒေသတွင်း လည်ပတ်နိင်ရန် စီစဉ်ဆောင်