Thursday, May 16, 2013

ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၄၇၄၆၆၁ သေဆုံးခဲ့

Photo: ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၄၇၄၆၆၁ သေဆုံးခဲ့
Thursday, May 16, 2013

၁၉၆၅ ခုနှစ်ကနေ  ၂၀၀၉ ခုနှစ် အတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်း (၉) အကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူပေါင်း ( ၄၇၄၆၆၁) ယောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန ( Disaster Management Department) က ပြောပါတယ်။

အဲဒီ ဌာနရဲ့ ၀က်ဆိုက်မှာ ဖေါ်ပြထားရာမှာ ၁၉၆၅ ကနေ ၂၀၀၉ ခုနှစ် အတွင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ( ၄၇၄၆၆၁) ယောက် သေဆုံးခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ခုလို လူတွေ အများအပြား သေဆုံးတာကတော့ မုန်တိုင်းနဲ့ အတူ ဒီရေတွေ လိုက်တက်လာရာကနေ လူနေဒေသတွေကို ဖုံလွှမ်းသွားတဲ့ အတွက်  သေဆုံးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၇၀ ခုနှစ် နိုဝင်္ဘာလ ၁၂ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်းဟာ တစ်နာရီကို (၂၂၄) ကီလို မီတာနုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ဒီရေဟာ ၆ မီတာကနေ ၁၀ မီတာထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဆိုင်ကလုန်မုန်တိုင်းမှာ လူပေါင်း(၃)သိန်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

၁၉၉၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ တစ်နာရီကို ကီလိုမီတာ ( ၂၃၀) နုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ဒီရေဟာ ၆ မီတာကနေ ၇ ဒဿမ ၆ မီတာထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းမှာ လူပေါင်း ၁၃၈၈၈၂ ဦး  သေဆုံးခဲ့ပါတယ်။

၁၉၆၅ ခုနှစ် မေလ ၁၁ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းမှာ လူပေါင်း ၁၉၂၇၉ ဦး သေဆုံးခဲ့ပြီး တစ်နာရီ (၁၆၀) ကီလိုမီတာနုန်းနဲ့ တိုက်ခတ်ပြီး ဒီရေက ၃ ဒဿမ ၇ ကနေ ၇ ဒဿမ ၆ထိ မြှင့်တက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနှစ် ဒီဇင်္ဘာလ ၁၅ ရက်နေ့မှာလည်း ဒုတိ အကြိမ် တစ်နာရီ (၂၁၇) ကီလိုမီတာနုန်းနဲ့  မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၈၇၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းလာရင် ခိုလုံနိုင်ရန် ဆောက်ထားတဲ့ ဆိုင်ကလုန် စင်တာ။

ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းလာရင် ခိုလုံနိုင်ရန် ဆောက်ထားတဲ့ ဆိုင်ကလုန် စင်တာ။

၂၀၀၇ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်းဒါ ( Sidr) လို့ အမည်ရတဲ့ မုန်တိုင်းဟာ ပြင်းအား  တစ်နာရီ (၂၂၃) ကီလိုမီတာ ရှိပြီး လူပေါင်း ၃၃၆၃ သေဆုံးခဲ့ပြီး ၂၀၀၉ ခုနှစ် မေလ ၂၅ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ အိုင်လာ ( Aila) မုန်တိုင်းဟာ လူပေါင်း ၁၉၀ သေဆုံးခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ မုန်တိုင်း တိုက်ပေမယ့် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ အသေအပျောက် နည်းလာတာဟာ လူတွေအနေနဲ့ ကြိုတင်ကာကွယ်မူတွေကို ပြုလုပ်လာတဲ့ အတွက် ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေ တလျှောက်မှာ ရေတွေ ကျော်မ၀င် နိုင်အောင် တာတမံတွေကို ခိုင်ခန့်အောင်တည်ဆောက်တဲ့ အပြင် ကျေးရွာတိုင်းလိုလိုမှာ မုန်တိုင်းလာရင် ခိုလုံနိုင်အောင် ဧရာမ အဆောက်အအုံကြီးတွေ ဖြစ်တဲ့ ဆိုင်ကလုန် စင်တာတွေ တည်ဆောက်ထားတဲ့ အတွက် ဖြစ်ပါတယ်။

ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံလုံးမှာ ဆိုင်ကလုံစင်တာ သုံးထောင်ကျော်ရှိတယ်လို့ အစိုးရ စာရင်း ဇယားအရ သိရပါတယ်။ မုန်တိုင်းဒဏ်ကို နှစ်စဉ်လိုလို ခံနေရတဲ့ မြန်မာပြည်က ရခိုင်ဒေသမှာတော့ ခုအချိန်ထိ မုန်တိုင်းလာရင် ခိုလုံနိုင်တဲ့ ဆိုင်ကလုန် စင်တာဆိုတာ  တစ်လုံးမှ မရှိသေးဘူးလို့ သိရပါတယ်။

နိရဉ္စရာ

ဆိုင်ကလုန် စင်တာတွင် ခိုလုံရန် သွားနေကြသော ဘင်္ဂလီ ဒေသခံများ။
ဆိုင်ကလုန် စင်တာတွင် ခိုလုံရန် သွားနေကြသော ဘင်္ဂလီ ဒေသခံများ။
၁၉၆၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်း (၉) အကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံးလူပေါင်း ( ၄၇၄၆၆၁) ယောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန ( Disaster Management Department) က ပြောပါတယ်။
အဲဒီ ဌာနရဲ့ ၀က်ဆိုက်မှာ ဖေါ်ပြထားရာမှာ ၁၉၆၅ ကနေ ၂၀၀၉ ခုနှစ် အတွင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ( ၄၇၄၆၆၁) ယောက် သေ ဆုံးခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ခုလို လူတွေအများအပြား သေဆုံးတာကတော့ မုန်တိုင်းနဲ့အတူ ဒီရေတွေလိုက်တက်လာရာကနေ လူနေဒေသတွေကို ဖုံလွှမ်းသွားတဲ့ အတွက် သေဆုံးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၇၀ ခုနှစ် နိုဝင်္ဘာလ ၁၂ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်းဟာ တစ်နာရီ ကို (၂၂၄) ကီလို မီတာနုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ဒီရေဟာ ၆ မီတာကနေ ၁၀ မီတာထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဆိုင်ကလုန်မုန်တိုင်းမှာ လူပေါင်း(၃)သိန်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

၁၉၉၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကိုတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ တစ်နာရီကို ကီလိုမီတာ ( ၂၃၀) နုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ဒီရေဟာ ၆ မီတာကနေ ၇ ဒဿမ ၆ မီတာထိ မြင့်တက် ခဲ့ တယ် လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းမှာ လူပေါင်း ၁၃၈၈၈၂ ဦး သေဆုံးခဲ့ပါတယ်။

၁၉၆၅ ခုနှစ် မေလ ၁၁ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းမှာ လူပေါင်း ၁၉၂၇၉ ဦး သေဆုံးခဲ့ပြီး တစ်နာရီ (၁၆၀) ကီလိုမီတာနုန်းနဲ့ တိုက်ခတ်ပြီး ဒီရေက ၃ ဒဿမ ၇ ကနေ ၇ ဒဿမ ၆ထိ မြှင့်တက်ခဲ့ တယ်လို့ ပြောပါတယ်။ အဲဒီနှစ် ဒီဇင်္ဘာလ ၁၅ ရက်နေ့မှာလည်း ဒုတိ အကြိမ် တစ်နာရီ (၂၁၇) ကီလိုမီတာနုန်းနဲ့ မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၈၇၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းလာရင် ခိုလုံနိုင်ရန် ဆောက်ထားတဲ့ ဆိုင်ကလုန် စင်တာ။

ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းလာရင် ခိုလုံနိုင်ရန် ဆောက်ထားတဲ့ ဆိုင်ကလုန် စင်တာ။

၂၀၀၇ ခုနှစ် နိုဝင်္ဘာလ ၁၅ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်းဒါ ( Sidr) လို့ အမည်ရတဲ့ မုန်တိုင်း ဟာ ပြင်းအားတစ်နာရီ (၂၂၃) ကီလိုမီတာ ရှိပြီး လူပေါင်း ၃၃၆၃ သေဆုံးခဲ့ပြီး ၂၀၀၉ ခုနှစ် မေလ ၂၅ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ အိုင်လာ ( Aila) မုန်တိုင်းဟာ လူပေါင်း ၁၉၀ သေဆုံးခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ မုန်တိုင်း တိုက်ပေမယ့် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ အသေအပျောက် နည်းလာတာဟာ လူတွေအနေနဲ့ ကြိုတင်ကာကွယ်မူတွေကို ပြုလုပ်လာတဲ့ အတွက် ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေ တလျှောက်မှာ ရေတွေ ကျော်မ၀င် နိုင်အောင် တာတမံတွေကို ခိုင်ခန့်အောင်တည်ဆောက်တဲ့ အပြင် ကျေးရွာတိုင်းလိုလိုမှာ မုန်တိုင်းလာရင် ခိုလုံနိုင်အောင် ဧရာမ အဆောက်အအုံကြီးတွေ ဖြစ်တဲ့ ဆိုင်ကလုန် စင်တာတွေ တည်ဆောက်ထားတဲ့ အတွက် ဖြစ်ပါတယ်။

ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံလုံးမှာ ဆိုင်ကလုံစင်တာ သုံးထောင်ကျော်ရှိတယ်လို့ အစိုးရ စာရင်း ဇယားအရ သိရပါတယ်။ မုန်တိုင်းဒဏ်ကို နှစ်စဉ်လိုလိုခံနေရတဲ့ မြန်မာပြည်က ရခိုင်ဒေသမှာတော့ ခုအချိန်ထိ မုန်တိုင်းလာရင် ခိုလုံနိုင်တဲ့ ဆိုင်ကလုန် စင်တာဆိုတာ တစ်လုံးမှ မရှိသေးဘူးလို့ သိရပါတယ်။

နိရဉ္စရာ

No comments:

Post a Comment