Wednesday, October 23, 2013

ဆိုင်ရှင်နှင့် ဆိုင်လုပ်သားများအား ဝိုင်းဝန်း ရိုက်နှက်

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ၌ ယမန်နေ့ နံနက်က ဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ် သားများအား လူတစ်စုမှ ဝိုင်းဝန်း ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း
မြို့နယ် နမ့်တောကျေးရွာနေ နေထွန်းဦး ၂၈ နှစ် (ဘ) ဦးဝင်းနောင်သည် ၎င်း၏ စားသောက်ဆိုင်၌ သူငယ်ချင်းဖြစ်သူ တစ်ရွာတည်းနေ နေစိုး ၃၂ နှစ် (ဘ) ဦးနေလှိုင်၊ ဆိုင်လုပ် သားများ ဖြစ်ကြသည့် ဇေယျာလှိုင် ၂၆ နှစ်၊ ဇော်ဝင်းနိုင် ၁၉ နှစ်တို့နှင့်အတူ ရှိနေစဉ် တစ်ရွာတည်းနေ မောင်ငယ် ၁၉ နှစ် (ဘ) ဦးဌေးလှိုင်၊ ငြိမ်းချမ်းအောင် ၁၉ နှစ် (ဘ) ဦးစန်းအောင်တို့ ပါဝင်သည့် လူငယ်တစ်စု ရောက်ရှိလာပြီး ဆိုင်ဖွင့်ပေးရန် ပြောဆိုသဖြင့် ဆိုင်ပိုင်ရှင် နေထွန်းဦးက ဆိုင်ပိတ်ချိန်ဖြစ်၍ ပြန်ကြရန် ပြောဆိုခဲ့ရာ ၎င်းလူငယ် တစ်စုက မကျေမနပ်ဖြစ်ပြီး ဆိုင်ကို ခဲဖြင့်ထု၍ ဆဲဆိုကာ ပြန်လည်ထွက်သွားပြီး ဆိုင်အရှေ့ရှိ ဆိုင်ကယ်နှစ်စီးကို ဖျက်ဆီးကာ ဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားများကို ဝိုင်းဝန်း ရိုက်နှက်ခဲ့သဖြင့် နေထွန်းဦးမှာ ကျောနှင့်ဝဲလက်၊ ဆိုင်လုပ်သားများ ဖြစ်သော နေစိုး၊ ဇေယျာလှိုင်နှင့် ဇော်ဝင်းနိုင်တို့မှာ ဦးခေါင်း၌ ဒဏ်ရာများ ရရှိသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်ငယ်နှင့် ငြိမ်းချမ်းအောင်တို့ နှစ်ဦးပါ လူငယ် တစ်စုအား ဟုမ္မလင်း မြို့နယ် မိုင်းကိုင်း ရဲစခန်းမှ (ပ)အမှတ် ၈၅/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ /၃၃၈/၄၂၇/၃၂၃ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment