Wednesday, January 2, 2013

တန်ဖိုးနည်း ဖုန်းများအား ဆက်သွယ်ရေး ရုံးများမှာသာ ၀ယ်ယူနိုင်မည်

တန်ဖိုးနည်း ဖုန်းများအား ဆက်သွယ်ရေး ရုံးများမှာသာ ၀ယ်ယူနိုင်မည်

ဇန်န၀ါရီလ ၂ရက်၊ ၂၀၁၃

လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံ ထွက်ရှိမယ့် တန်ဖိုးနည်း ဖုန်းများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရုံးတွေမှာသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရောင်းချပေးရာ မှာတော့ ရန်ကုန်မြို့အတွင်း ဗဟိုစာတိုက်ကြီး၊ ပုဇွန်တောင် စာတိုက်၊ ဗိုလ်တထောင် စာတိုက်၊ အလုံ စာတိုက်နဲ့ ဆက်သွယ်ရေးရုံး၊ လမ်း ၄၀၊ ပန်းဆိုးတန်းနဲ့ ရွှေဂုံတိုင် တို့မှာ ရှိတဲ့ မြန်မာ့ ဆက်သွယ်ရေး ရုံးများ၊ စာတိုက်များမှာ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်။

ထပ်မံချပေး သွားမယ့် မိုဘိုင်းဖုန်း တွေကို အခုလို ဆက်သွယ်ရေး ရုံးတွေမှာသာ ရောင်းချ ပေးသွား ဖို့စီစဉ်ရ တာဟာ ပြင်ပမှာ ရောင်းချခွင့် ရရှိခဲ့ရင် ဈေးနှုန်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်မှာ စိုးတဲ့ အတွက် ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီလို ရောင်းချဖို့ အတွက် ဈေးနှုန်း တွေကို အကြမ်းဖျဉ်း သတ်မှတ် ထားပြီး ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တစ်ခုဖြစ်တဲ့ Call Centre မှ သိရပါတယ်။

အခုလို သတ်မှတ် ထားရာမှာ GSM ဖုန်းကတ် အတွက် ကျပ် တစ်သိန်း နဲ့ WCDMA ဖုန်းအတွက် ကျပ်တစ်သိန်း နှစ်သောင်း သတ်မှတ် ထားတာ ဖြစ်ပါတယ်။ အခုလို သတ်မှတ် ရောင်းချပေးမှု အတွက် ဖုန်းအလုံးရေ အကန့်အသတ် မရှိဘဲ တစ်နိုင်ငံလုံးသို့ တစ်ပြိုင်နက် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



အေးချမ်းမွန်မှ  mrtv4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံထွက်ရှိမယ့် တန်ဖိုးနည်းဖုန်းများကို မြန်မာ့

တရုတ် - ရုရှား ရေနံပိုက်လိုင်းသည် ၂ နှစ် အတွင်း ရေနံစိမ်း မက်ထရစ်တန် ၃ဝ သန်း တင်ပို့ခဲ့


တရုတ် - ရုရှား ရေနံပိုက်လိုင်းသည် ၂ နှစ် အတွင်း ရေနံစိမ်း မက်ထရစ်တန် ၃ဝ သန်း တင်ပို့ခဲ့

တရုတ် - ရုရှား ရေနံပိုက်လိုင်းသည် ၎င်းလုပ်ငန်း စတင်ပြီး ၂ နှစ် အတွင်း ရေနံစိမ်း မက်ထရစ်တန် ၃ဝ သန်း တင်ပို့ခဲ့ကြောင်း တရုတ်ပိုက်လိုင်း ကုမ္ပဏီမှ ဇန်နဝါရီလ ၁ ရက် နေ့တွင် ပြောကြားခဲ့ ပါသည်။

တရုတ် နိုင်ငံ၏ လောင်စာ လိုအပ်ချက် အရ ရေနံများအား ရုရှားနိုင်ငံ၏ အရှေ့ဖျား ဒေသမှ တရုတ် နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်ကို ဖြတ်သန်း၍ တရုတ်နိုင်ငံအား ပေးပို့ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းတစ်ခု ဖြစ်ကြောင်း သိရှိရ ပါသည်။ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ် အကြား နှစ်စဉ် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံစိမ်း မက်ထရစ်တန် ၁၅ သန်းအား ၎င်းပိုက်လိုင်းမှ တင်ပို့မည် ဖြစ်ကြောင်း နှစ်နိုင်ငံ အကြား သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရှိရ ပါသည်။ တရုတ် နိုင်ငံသည် ၂ဝ၁၁ ခုနှစ်တွင် ရေနံစိမ်း မက်ထရစ် တန် ၄၅ဝ သန်း အသုံးပြု ခဲ့ကာ အဆိုပါ မက်ထရစ် တန် ၂၅ဝ သန်းမှာ နိုင်ငံခြားမှ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး  ရေနံ အသုံးပြုမှုနှင့် တင်သွင်းမှုများ ဆက်လက် မြင့်တက်လာ နိုင်ကြောင်း CNPC ၏ ဖော်ပြချက် အရ သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3431-2013-01-02-15-19-04

တရုတ် - ရုရှား ရေနံပိုက်လိုင်းသည် ၎င်းလုပ်ငန်း စတင်ပြီး ၂ နှစ် အတွင်း ရေနံစိမ်း မက်ထရစ်တန် ၃ဝ

အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး


အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့်သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိတစ်ဖနီ ဟာ့တ်ဖို့ဒ်တို့သည် တစ်အိမ်တည်းအတူနေကြပြီး ကလေး တစ်ယောက်ရရှိလာသဖြင့် ပတ်ဝန်းကျင်မှ သင်္ကာ မကင်းဖြစ်

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ


Photo: အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ
Wednesday, 02 January 2013

အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာ
နေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေရမယ့် အစားအစာများ ဖြစ်ပြီး အောက်ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။

Don't skimp on vegetables

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ်။

Eat yogurt

အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအား
ကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

Have fish for dinner

တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့
ဖြစ်ပါတယ်။ ငါးဆီများတဲ့ ဆောလမွန်ငါးတို့လိုက အိုမီဂါ-၃ fatty 
အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီး
ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ရောဂါအားလုံးကို လျော့ချပေးပါတယ်။

Go nuts

အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

Focus on fiber

ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ်က နေ့စဉ်စားသုံးနေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေရန် မလိုအပ်ပါဘူး။
high-fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။
----------
----------
----------
တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက 'Eat food, not too much,' လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် အသက်ရှည်ရန်၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာများကို ယခုလို ဖော်ပြပေးလိုက် ရပါတယ်။
--
Ref: foxheaths
International news for myanmar

အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေ

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်


မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်
Wednesday, 02 January 2013

Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။

ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။

အဖုံးဖွင့်ထားလို့ မင်ခြောက်မှာလည်း မစိုးရိမ်ရပါဘူး။ ရေထဲ မှာတောင်
ရေးလို့ ရတယ်လို့ သက်သေပြထားပါတယ်။ မင်ရည်ယိုတာတွေ လည်း ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ခဲသားပေမယ့် အရောင်တောက် ပါတယ်။ မင်တုံး၊ မင်ချွံ ကိုယ်လိုသလို ဖန်တီးယူလို့ ရပါတယ်။ သံစားတဲ့ ဘရတ်ခ်ျ စက္ကူနဲ့ ပွတ်စားပြီး အချွံသော်လည်းကောင်း၊ အတုံးသော် လည်းကောင်း လိုသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

တစ်သက်လုံးလည်း သုံးရမယ်။ မင်လည်းဖြည့်စရာ၊ အစားထိုးစရာ မလိုဘူး ဆိုတော့ သုံးပျော်မယ့် ဘောလ်ပင်လေး ဖြစ် ပါတယ်။ ဈေးနှုန်းက လည်း ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ သို့ပေမယ့် မြန်မာပြည်ရောက် မရောက်တော့ မသိပါဘူး။ အသုံးပြုပြနေတဲ့ ဗီဒီယိုလေးကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/AfZ-DOCc3AE

ရိုးရာလေး
YoYarLay

Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊

ပျက်ကျတဲ့ Air Bagan လေယာဉ်ဆီက Black Box သေတ္တာကို မစစ်ဆေးနိုင်သေး


ပျက်ကျတဲ့ Air Bagan လေယာဉ်ဆီက Black Box သေတ္တာကို မစစ်ဆေးနိုင်သေး

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက် မနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ ပျက်ကျသွားတဲ့ Air Bagan လေယာဉ် ရဲ့ ပျံသန်းမှုမှတ်တမ်းကို ဖေါ်ပြထားတဲ့ သေတ္တာ Black Box ကို အခုအချိန်ထိ မစစ်ဆေးနိုင်သေးဘူး လို့ RFA ကစုံစမ်းသိရပါတယ်။

စင်ကာပူနိုင်ငံကို Black Box နဲ့ပက်သက်ပြီး အချက်အလက်တစ်ချို့ ပေးပို့ခဲ့ပေမယ့် ဒီလေယာဉ်ပျက်ရဲ့ သေတ္တာကို မစစ်ဆေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ်လို့ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့ထားတဲ့အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့ Data Recorder တို့ ဖတ်ဖို့ကိစ္စကို ညှိနိုင်းတုန်းပဲ၊ စင်ကာပူနဲ့ အဆင်မပြေဘူး၊ စင်ကာပူက Recorder တွေရဲ့ ပြင်ပဓာတ်ပုံနဲ့ တွဲပို့လိုက်တဲ့အချိန်မှာ သူတို့ဆီက facility နဲ့လုပ်လို့မရဘူးလို့ဘူး၊ ညှိနိုင်းဆဲပဲ၊ တခြားနေရာ ဘယ်နေရာမှာရမလဲ  စုံစမ်းဆဲပဲ"

ပျက်ကျသွားတဲ့ Air Bagan လေယာဉ်ကို မြန်မာ့အာမခံ လုပ်ငန်းကတဆင့် စင်ကာပူနိုင်ငံ အာမခံကုမ္မဏီတစ်ခုမှာ ဒေါ်လာလေးသန်းနဲ့အာမခံထားတယ်လို့ သိရပြီး၊ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့ မနွယ်လင်းရှိန်ရဲ့ မိသားစုကို Air Bagan လေကြောင်းလိုင်းက နစ်နာကြေး ကျပ်သိန်းတစ်ရာနဲ့ မြေပြင်ပေါ်မှာ ဆိုင်ကယ်မောင်းနှင်နေစဉ် လေယာဉ်ပျက်ရဲ့ အပိုင်းအစတစ်ချို့နဲ့ ထိခိုက်မိပြီး သေဆုံးသွားတဲ့ ဦးပြားရဲ့မိသားစုကိုလည်း နစ်နာကြေး ကျပ်သိန်းလေးဆယ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလေယာဉ်ပျက်ကျမှုဟာ မြန်မာနိုင်ငံမှာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဖြစ်တယ်လို ပြည်တွင်းလေကြောင်းပို့ဆောင်မှု ဦးစီးဌာနရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက် မနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ ပျက်ကျသွားတဲ့ Air Bagan လေယာဉ် ရဲ့ ပျံသန်းမှုမှတ်တမ်းကို ဖေါ်ပြထားတဲ့ သေတ္တာ Black Box ကို အခုအချိန်ထိ

အလက်ပို ပြည်နယ်တွင် တူရကီ တိုက်လေယာဉ်မှူး လေးဦးကို ဆီးရီးယား တပ်ဖွဲ့ဝင်များ ဖမ်းဆီး


ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အလက်ပိုပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာ လေဆိပ်အနီးတွင် တူရကီ တိုက် လေယာဉ်မှူး လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆီးရီးယား နေ့စဉ်သတင်းစာ AL Watan က ဒီဇင်ဘာ

အဆုတ်ကင်ဆာ ကာကွယ်ဆေးသစ် တစ်မျိုး ကျူးဘား တီထွင်

အဆုတ်ကင်ဆာ ကာကွယ်ဆေးသစ် တစ်မျိုး ကျူးဘား တီထွင်

ကျူးဘား နိုင်ငံရှိ မော်လီကျူး ဆိုင်ရာ ရောဂါ ခုခံနိုင်မှု ဆေးဝါး ပညာဌာန (CIM) အဆုတ်ကင်ဆာ ရောဂါ ကာကွယ်ဆေးသစ် တစ်မျိုးကို တီထွင် ထုတ်လုပ်ခဲ့ပြီး မူပိုင်ခွင့် မှတ်ပုံတင် ခဲ့ကြောင်း အဆိုပါ ဌာနမှ သုတေ သီတစ်ဦး ဖြစ်သူ အန်နာ မာရီယာ ဗားဇ်ကွတ်ဇ်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရောဂါ ကာကွယ်ဆေးအား Racotumomab ဟု အမည် ပေးထားပြီး ယခုနှစ်တွင် ဆေးဝါး ကုသမှု လက်တွေ့ စမ်းသပ် စစ်ဆေးခဲ့ရာ ၎င်းဆေးဝါးသည် ထိရောက်မှု ရှိပြီး အသုံးပြုရန် အတွက် ဘေးအန္တရာယ် ကင်းရှင်းကြောင်း၊ ကင်ဆာရောဂါ ဝေဒနာရှင်များ အနေဖြင့် အသက်ရှင်ခွင့် အခွင့်အလမ်း ပိုမို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်း ကာကွယ်ဆေးသည် ကင်ဆာဆဲလ် များကို ဖျက်ဆီး ပေးနိုင်ပြီး ကင်ဆာ ဖြစ်စေသော အဖုအကျိတ် များကို လျော့ပါးစေရန် လုပ်ဆောင် နိုင်ကြောင်း သိရသည်။

Racotumomab ဆေးသည် ကျူးဘား နိုင်ငံမှ ကင်ဆာ ဝေဒနာရှင်များ အတွက် အထောက်အပံ့ ဖြစ်စေ သည့် CIM ဌာနမှ ထုတ်လုပ်သော EGF ကာကွယ်ဆေး ပြီးသည့်နောက် ဒုတိယမြောက် ကာကွယ်ဆေး ဖြစ် ကြောင်း သိရသည်။

အဆုတ်ကင်ဆာ ရောဂါသည် ကျူးဘား နိုင်ငံတွင် ဒုတိယ အဖြစ် အများဆုံး ရောဂါဖြစ်ပြီး ရောဂါ ဖြစ်ပွားနေ သူ ဦးရေသည် ခန့်မှန်းခြေ အားဖြင့် ၅ဝဝဝ ခန့် ရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/3352-2013-01-02-09-32-32

ကျူးဘား နိုင်ငံရှိ မော်လီကျူးဆိုင်ရာ ရောဂါခုခံနိုင်မှု ဆေးဝါးပညာဌာန (CIM) အဆုတ်ကင်ဆာ ရောဂါ ကာကွယ်ဆေးသစ် တစ်မျိုးကိုတီထွင်ထုတ်လုပ်ခဲ့ပြီး မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ကြောင်း အဆိုပါဌာနမှ သုတေသီ

ဒေါသကို ဘယ်လို ထိန်းချုပ်မလဲ ?


ဒေါသကို ဘယ်လို ထိန်းချုပ်မလဲ ?
 
ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့  အကျိုးရှိမဲ့ အကြံပြုချက်တွေတော့ ရှိပါတယ်။

တစ်ယောက် ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။ ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။ ဒါပေမယ့် အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့ နည်းလမ်းကို ဘယ်လို သိနိုင်ပါ့မလဲ။ ထိန်းချုပ်မှု မရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစားမှုကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား သူစိမ်းတွေနဲ့ ဒေါသ ဖြစ်စရာ တစ်ခုခု ဖြစ်လာရင် ဒေါသ ကင်းဝေးရေး အတွက် လုပ်ရမယ့် ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့ အချိန် ရောက်ပြီဆိုတာ သိဖို့ လိုပါတယ်။ ဒေါသ ကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မယ့် နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့်ပါတယ်။

(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။

(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။

(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကိုမသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ ကာလ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့ စိတ်လှုပ်ရှားမှု တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာ သေချာ ပါတယ်။ အထူးသဖြင့် ဒေါသ ပေါက်ကွဲလုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်း ပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှမဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှ မဟုတ် အလေးမလိုက်ပါ။

(၅) တစ်ခုခုမပြောခင် အသေအချာ စဉ်းစားပါ။ မစဉ်းစားမိဘဲ ပြောမိမယ်ဆိုရင် ဝမ်းနည်း စိတ်ထိခိုက်လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ချရေးလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာ တွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပါ။

(၆) ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက် ကယက် လုပ်တဲ့အပေါ် အာရုံစိုက်မဲ့အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။

(၇) ပြဿနာကို ထုတ်ဖော်တဲ့ အခါမှာ ‘ကျွန်တော်၊ ကျွန်မ’ ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာ တို့ကို ရှောင်ကြဉ်နိုင်မှာပါ။ သူတစ်ပါးကို ဒေါသ ဖြစ်အောင်လုပ်တာ၊ ဒါမှ မဟုတ် မကျေမချမ်း အောင် လုပ်တာတွေကို ရှောင်ရှား နိုင်မှာပါ။ စိုးရိမ် ပူပန်မှု၊ အားပြိုင်မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ- ‘ကျွန်တော့် အိမ် အလုပ်တွေကို ခင်ဗျား တကယ် ကူညီ သင့်တယ်ဗျာ ’ လို့ ပြောမယ့်အစား ‘ကျွန်တော် စိတ်မချမ်းသာဘူးဗျာ .. ဒီညနေကျတော့ အိမ် အလုပ်တွေကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး’ လို့ ပြောလိုက်တာမျိုးပေါ့။

(၈) သဝန်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။ တကယ်လို့ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။

(၉) စိတ်ဖိစီးမှုကို ရယ်စရာ ဟာသလုပ်ပြီး ချေဖျက် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပြစ်လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက်သလို ပါပဲ။ စောင်းချိတ်တဲ့ စကားထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေး ကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေကို နာကျင်စေနိုင်ပါတယ်။ ပြီးတော့ အရာ ခပ်သိမ်းကို ပိုဆိုး ရွားစေနိုင်ပါတယ်။

(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ်ကို လေ့ကျင့်ပါ။ အနားယူဖို့ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။ အသက်ရှု လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနားယူတဲ့ မြင်ကွင်းကို တွေးကြည့်ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေကို ထပ်တလဲလဲ တွေးကြည့်ပါ။

ဥပမာ - သက်သက် သာသာနေပါ။ ဒေါသကို လျှော့ဖို့ တခြားခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်းနားထောင်ပါ။ စာများများရေးပါ။ ယောဂ ကျင့်ပါ။ လူတိုင်း နီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။

ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲပေါ့။ ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ ကျွန်မလည်း စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ်လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် ခိုင်းလိုက်ရင်ပဲ ဒေါသ ပြေသွားသလိုလို၊ တောင်ထိပ်ပေါ်တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို အဲလို သလိုလိုတွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တာနော်။ ဒီစာလေးကို ဖတ်ပြီး ဒေါသထွက်တဲ့ သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ်လို့ ထင်ပါတယ်။

http://www.myawady.com.mm/health/knowledge/item/3142-2012-12-30-17-17-44

ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့

ဆီအုန်းစိုက်ရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း လုပ်ငန်းရှင်ကြီးတစ်ဦး၏တင်ပြမှု ကော်မရှင် ငြင်းပယ်

ဆီအုန်းစိုက်ရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း လုပ်ငန်းရှင်ကြီးတစ်ဦး၏တင်ပြမှု ကော်မရှင် ငြင်းပယ်
Wednesday, 02 January 2013

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ပျိုးရန်အတွက် မြေဧကနှစ်သိန်းခွဲ ရယုလိုကြောင်း တင်ပြမှုအပေါ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ငြင်းပယ်လိုက်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင် ကြီးမှာ ယခင်အစိုးရလက်ထက်က 
စီးပွားရေး လုပ်ပိုင်ခွင့်များစွာ ရရှိခဲ့ သူတစ်ဦးဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

‘လုပ်ထုံး လုပ်နည်းနဲ့ ညီရင် ချပေးရမှာပေါ့။ ဒီလိုမှ မဟုတ် ဘဲနဲ့ မဖြစ်နိုင်တာမျိုးတွေ ဆိုရင် တော့ ဘယ်သူ့ကိုမှ ချမပေးဘူး” ဟု ၄င်းက ပြောသည်။

ယင်းသို့ ဧကနှစ်သိန်းခွဲချပေး ရန် တင်ပြမှုအပေါ် ထိုနည်းအတိုင်း 
၁ဝ ဦးသာ ချထားပေးမည်ဆိုလျှင် မြန်မာ့မြေ ကုန်သွားမည်ဟု
ပြန်ပြောလိုက်ကြောင်း ၄င်းက ဆက် ပြောသည်။

ထို့အတူ နိုင်ငံရေးလောကသို့ ဝင်ရောက်လာသော စီးပွားရေးလုပ် ငန်းရှင်တစ်ဦးကလည်း ဘိလပ်မြေ စက်ရုံ တည်ဆောက်ရန်အတွက်
မြေဧကကို လိုအပ်သည်ထက် ပိုမို တောင်းခံမှုရှိ ခဲ့ရာ ငြင်းပယ်ခဲ့ပြီး
ပြန်လည်စိစစ်၍ လိုအပ်သမျှသာ ချပေးခဲ့ကြောင်းသိရသည်။

ဘိလပ်မြေ စက်ရုံတည်ရန်အတွက် အမှန်တကယ် လိုအပ်သော 
ဧက ၁ဝဝ ကျော်ကိုသာ ချပေးခဲ့ ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြော သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၁၉၈၈-၁၉၈၉ ခုနှစ်မှ စကာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့အထိ လုပ်ငန်းနယ် ပယ် ၁၁ ခုတို့တွင် ကုမ္ပဏီ ၈၆၉ ခုဖြင့် ကျပ်သန်းပေါင်း ၂၂၅၅၉၂ဝ ဒသမ ၆၂ သန်း ရင်းနှီးမြှုပ်နှံမှုပြုနေ ကြသည်။

မင်းသုအောင်
Popular Myanmar News Journal

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်း စိုက်ပျိုးရန် အတွက် မြေဧကနှစ်

အသဲပုံ ကျွန်း ( Heart Shpaed Island)



Tavarua လို့အမည်ရတဲ့ ကျွန်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ မြောက်ပိုင်း မိုင် ၁၀၀၀ ကျော်အကွာ ပစိဖိတ်

ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ

Photo: ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ
Wednesday, 02 January 2013

ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေးထားပါတယ်။

၁၉၉၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊ ၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံးထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ယင်းအထပ်တွေကို အလိုအလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။

ဟိုင်းဝေးလမ်း ကြောင့် တိုက်တုန်ခါမှု၊ အသံဆူညံမှု မဖြစ်အောင် အထပ်ပေါင်း များစွာ ခံထားပါတယ်။ ပြီးတော့ တိုက်တစ်ခုလုံးကိုလည်း double core -နှစ်ထပ် ပြုလုပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အစ ကတည်းက ယင်းနေရာမှာ ဟိုင်းဝေးလမ်း ဖြစ်ပြီး Suezawa Sangyo Co. Ltd မှ အစိုးရထံ ခွင့်ပြုချက်တောင်းလို့ ကြိုးစားတည် ဆောက်ခဲ့ တာ ဖြစ် ပါတယ်။ တည်ဆောက်ပေးတဲ့ ကုမ္မဏီကတော့ Sato Kogyo Co. Ltd. ဖြစ် ပါတယ်။

ယခုချိန်မှာတော့ Gate Tower မှာ ပုဂ္ဂလိက ရုံးနဲ့ ကုမ္မဏီအချို့ အခြေဆိုက်ပြီး ဂျပန်နိုင်ငံရဲ့  ပထမဆုံး ဟိုင်းဝေးလမ်းဖောက် တာဝါအဖြစ် မှတ်တမ်း တင်ခဲ့ကြောင်း သိရပါတယ်။
---
Ref: wiki
ရိုးရာလေး
YoYarLay

ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့ အမည်ပေး ထား

ATMစက်များ၌ CUPကတ်များနှင့်လည်း ငွေထုတ်ယူနိုင်

ATMစက်များ၌ CUPကတ်များနှင့်လည်း ငွေထုတ်ယူနိုင်
Wednesday, 02 January 2013 

သမ၀ါယမဘဏ်(CB Bank) ၏ ATMစက်များ၌ ဇန်န၀ါရီလပိုင်းမှ စတင်၍ China Union Pay (CUP)ကတ်များဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး
စတင်ငွေထုတ်ယူနိုင်မည်ဖြစ်သည်။

ကမ္ဘာအကြီးမားဆုံး ငွေပေးချေမှုကတ်ဖြစ်သည့် Union Pay မှ ထုတ်ဝေသော China Union Pay (CUP) ကတ်ပိုင်ရှင်များသည်
မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ သမ၀ါယမဘဏ်လီမီတက် (CB Bank) ၏ 
ATMစက် အလုံး(၅၀)တွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်ငွေထုတ်ယူနိုင်ခြင်းဖြစ်သည်။

“အခုလောလောဆယ်ဇန်န၀ါရီ၊ဖေဖော်ဝါရီ၊မတ်(၃လ)တာအတွင်းမှာတော့
မြန်မာနိုင်ငံမှာရှိတဲ့ATMစက်အလုံး(၅၀)မှာနိုင်ငံခြားသားခရီးသွားတွေမြန်မာ
ငွေအဖြစ်လဲလှယ်ထုတ်ယူသုံးစွဲနိုင်ပါပြီ။ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းကိုလည်း တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရာ ရောက်ပါတယ် ” ဟု သမ၀ါယမဘဏ်လီမီတက် (CB Bank)မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။       

CB Bank အနေဖြင့် ထိုကဲ့သို့ကမ္ဘာအကြီးမားဆုံး ငွေပေးချေမှုကတ်ဖြစ်သည့် 
China Union Pay နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်မြန်မာနိုင်ငံတွင်း လာရောက်လည်ပတ်ပါက အဆင်ပြေချောမွေ့စေရန် ရည်ရွယ်
ဆောင်ရွက်ခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရသည်။   

မြန်မာနိုင်ငံသို့၂၀၁၁ခုနှစ်တွင်မြန်မာနိုင်ငံသို့တရုတ်လူမျိုးခရီးသွား
ဧည့်သည်(၆၂၀၀၀)ကျော် လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သောခရီးသွားဧည့်သည်များတွင်(၁၅.၈၅%)ရှိကြောင်း
မြန်မာ့ခရီးသွားလာရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မတ်လမတိုင်ခင်
အထိ CUP (China Union Pay) ကတ်ဖြင့် ငွေထုတ်ယူနိုင်ရန် ATMစက်
အလုံး(၁၀၀)အား ချပေးနိုင်ရန်စီစဉ်ထားကြောင်း၊ CUP ကတ်ဖြင့် တစ်ကြိမ် ထုတ်ပါက ငွေ(၃)သိန်း ထုတ်ယူနိုင်ပြီး တစ်ရက်လျှင် စုစုပေါင်း ငွေ(၁၀ ) သိန်းကျပ်အထိ ထုတ်ယူနိုင်သည်။     

လက်ရှိတွင်မြန်မာနိုင်ငံ၌သမ၀ါယမဘဏ်(CB Bank) ၏ ATM စက်
အလုံးပေါင်း(၅၀)၌ China Union Pay (CPU)ကတ်များဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ငွေထုတ်ယူနိုင်သော ဘဏ်ဖြစ်ပြီး China Union Pay (CPU) ကတ်ကို နိုင်ငံပေါင်း (၁၃၅)နိုင်ငံတွင် သုံးစွဲလျှက်ရှိသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup

သမ၀ါယမဘဏ်(CB Bank) ၏ ATMစက်များ၌ ဇန်န၀ါရီလပိုင်းမှ စတင်၍ China Union Pay

နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ


နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ
Wednesday, 02 January 2013

ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသောကျောင်းသားများအား နေရာဒေသ
အလိုက်ကျောင်းဝင်ခွင့်ပြုသည့်စနစ်ကို ယခု (၂၀၁၂-၁၃)ပညာသင်နှစ်
တွင် စတင်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာဦးစီး ဌာနမှ
သတင်းရရှိသည်။

ယခင်က ရန်ကုန်ဆေးတက္ကသိုလ်(၁)နှင့် (၂)တို့တွင် ရန်ကုန်တိုင်း
ဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးဆေးတက္ကသိုလ်တွင် မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် မကွေးဆေး
တက္ကသိုလ်တွင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျောင်းသား၊
ကျောင်းသူများအား ကျောင်းဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုပညာသင်နှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁၊ ၂)တို့နှင့် မန္တလေးဆေးတက္ကသိုလ်တို့၌ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ
ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဒီနှစ်ရဲ့ ထူးခြားချက်က ရန်ကုန်ဆေးတက္ကသိုလ် (၁)နဲ့ (၂) မှာ ရန်ကုန်တိုင်းဒေသကြီးအပြင် ရန်ကုန်နဲ့နီးတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီ
တိုင်းဒေသကြီးက ကျောင်းသားတွေကို ၀င်ခွင့်ပြုလိုက်တယ်။ မန္တလေးဆေးတက္ကသိုလ်ကတော့ မန္တလေးတိုင်းဒေသကြီးအပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ကျောင်းသားတွေကို ၀င်ခွင့်ပြုလိုက်တယ်။ ကျန်တိုင်းဒေသကြီးနဲ့
ပြည်နယ်နဲ့ ဝေးလံပြီး လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့
ဒေသတွေက ဆေးတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားတွေကို မကွေးဆေးတက္ကသိုလ်ကို ၀င်ခွင့်ပြုတယ်” ဟု ဆေးသိပံ္ပပညာဦးစီးဌာန၊
ဘွဲ့ကြိုဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပညာသင်နှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင်
ကျောင်းသား၊ ကျောင်းသူ ၄၃၀ ဦး၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) တွင် ကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦး၊ မန္တလေးဆေးတက္ကသိုလ်တွင်
ကျောင်းသား၊ ကျောင်းသူ ၃၇၉ ဦးနှင့် မကွေးဆေးတက္ကသိုလ်တွင်
ကျောင်းသား၊ ကျောင်းသူ ၉၉ ဦးတက်ရောက် ပညာသင်ယူခွင့်ရရှိခဲ့သည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်သတ်မှတ်ချက်မှာ ဆေးတက္ကသိုလ် လေးခုလုံးအတွက် တစ်ပြေးညီ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်နှစ် တက္ကသိုလ်ဝင်တန်း
ရမှတ်များထက် သိသိသာသာ မြင့်တက်သွားခဲ့ကာ ကျား-၄၉၀ ဦးနှင့် မ-၅၀၈ မှတ်ထိ ရောက်ရှိခဲ့သည်။

7Day News Journal

ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသောကျောင်းသားများအား နေရာဒေသအလိုက်ကျောင်းဝင်ခွင့်ပြုသည့်စနစ်ကို ယခု (၂၀၁၂-၁၃)ပညာသင်နှစ်တွင် စတင်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာဦးစီး ဌာနမှ

အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှု ပုံစံ ပြောင်းလဲမည်


Photo: အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှု
ပုံစံ ပြောင်းလဲမည် 
Wednesday, January 02, 2013

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှုပုံစံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း၏
ပြောကြားချက်အရ သတင်းရရှိပါသည်။

“အခွန်ထမ်းနဲ့ အခွန်ဝန်ထမ်း ထိတွေ့မှုများရင် အဂတိလိုက်စားမှု များတာတွေ့ရတယ်။ ထိတွေ့မှုနည်းလေ အဂတိလိုက်စားဖို့ ဖြစ်နိုင်ခြေ
နည်းလေပါပဲ။ ဒါကြောင့် ထိတွေ့မှုနည်းအောင် အခွန်ပေးသွင်းမှုပုံစံကို
ပြောင်းလဲမယ်။ တတ်နိုင်ရင် လုံးဝမထိတွေ့တဲ့ စနစ်ကို စဉ်းစားမယ်” ဟု ဦးမောင်မောင်သိမ်းက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အခွန်အရပ်ရပ်ရရှိမှုမှာ ဂျီဒီပီ၏ ၃ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရှိနေပြီး အခွန်ဆိုင်ရာကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုထားခြင်းများသည် အခွန်လျော့နည်းရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်နေကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ကောက်ခံနေသည့် အခွန်အမျိုးအစားပေါင်း ၁၄ မျိုးရှိပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ငါးမျိုးကောက်ခံကြောင်းနှင့် ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အကောက်ခွန်တို့ကို ကောက်ခံလျက်ရှိပြီး အခွန်အရပ်ရပ်၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ကောက်ခံ
လျက်ရှိကြောင်း သိရပါသည်။

အခွန်စနစ်ကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး E Taxation စနစ်ကို ဦးတည်ဆောင်ရွက်နေကာ လက်ရှိတွင် အခွန်ဆိုင်ရာ ၀န်ဆောင်မှုရုံးတစ်ရုံးကို ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရပါသည်။

လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်ကျပ် ၁၆၀၀ ဘီလျံ ကောက်ခံရရှိရန် လျာထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အခွန်ကျပ် ၁၅၀၀ ဘီလျံကျော်
ကောက်ခံရရှိခဲ့ပြီး လျာထားချက်ထက် ကျပ် ၃၀၀ ဘီလျံကျော် ပိုမိုခဲ့ကြောင်းနှင့် အခွန်အရပ်ရပ် ကောက်ခံရရှိငွေ၏ ၄၉ ဒသမ ၉၅ ရာခိုင်နှုန်းသည် ကုန်သွယ်လုပ်ငန်းခွန်မှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် အခွန်ရှောင်သည့် စီးပွားရေးလုပ်ငန်း အများအပြား
ရှိနေဆဲဖြစ်ပြီး အခွန်ဝန်ထမ်း အသိုင်းအ၀ိုင်းအတွင်း လာဘ်ပေး
လာဘ်ယူပြုလုပ်သောကြောင့် အရေးယူမှုများလည်း ပြုလုပ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း၏
ပြောကြားချက်အရ သိရပါသည်။

အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၆ နှင့် ၄၇ ဖြင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ နှင့် ၂၂ အရလည်းကောင်း အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့်ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားကြောင်း သတင်းရရှိပါသည်။ 

Eleven Media Group

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်စနစ်ကို ပြုပြင်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု နည်းပါးစေရန် အခွန်ထမ်းနှင့် အခွန်ဝန်ထမ်း ထိတွေ့မှုနည်းပါးအောင် အခွန်ပေးသွင်းမှုပုံစံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း

နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ ညစာစားပွဲအတွက် ပါတီဥက္ကဋ္ဌများကိုဖိတ်

Photo: နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ ညစာစားပွဲအတွက် ပါတီဥက္ကဋ္ဌများကိုဖိတ်
Wednesday, January 02, 2013

သမ္မတက တည်ခင်းသော လွတ်လပ်ရေးနေ့ ညစာစားပွဲကို ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ်နိုင်ငံရေး
ပါတီဥက္ကဋ္ဌများကိုပါ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း
နိုင်ငံရေးပါတီများမှ သတင်းရရှိသည်။

သမ္မတနှင့် သမ္မတကတော်တို့က တည်ခင်းဧည့်ခံသည့် ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ရန်
နိုင်ငံရေးပါတီဥက္ကဋ္ဌများ အပါအ၀င် လွှတ်တော်များမှ ရေးရာ
ကော်မတီဥက္ကဋ္ဌများကိုလည်း ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

သမ္မတက တည်ခင်းဧည့်ခံသော လွတ်လပ်ရေးနေ့ ညစာစားပွဲသည် ၁၉၉၀ ပြည့်နှစ်က ဗိုလ်ချုပ်စောမောင်လက်ထက် လွှတ်တော်
အဆောက်အအုံတွင် တည်ခင်းဧည့်ခံသော နောက်ဆုံး ညစာစားပွဲဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ
ကိုပါ ဖိတ်ကြား၍ နှစ်စဉ်ကျင်းပခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်နောက်ပိုင်း
နိုင်ငံရေးပါတီများကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။

ညစာစားပွဲကို ဇန်န၀ါရီလ ၄ ရက် ည ၆ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်ဝင်းတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညစာစားပွဲသို့ တက်ရောက်မည်ဟု သိရှိရသော်လည်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ညစာစားပွဲသို့ တက်ရောက်ဖြစ်မည် မဟုတ်ဟု ၎င်း၏ ကိုယ်ရေးအရာရှိ ဒေါက်တာ
တင်မာအောင်ကပြောကြားသည်။

7Day News Journal

သမ္မတက တည်ခင်းသော လွတ်လပ်ရေးနေ့ ညစာစားပွဲကို ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ်နိုင်ငံရေးပါတီဥက္ကဋ္ဌများကိုပါ တက်ရောက်ရန် ဖိတ်ကြား ထားကြောင်း နိုင်ငံရေးပါတီများမှ

ဂျပန်တွင် တိုယိုတာ ခရောင်း မော်ဒယ်သစ် နှစ်မျိုး စတင်ရောင်းချx


ဂျပန်တွင် တိုယိုတာ ခရောင်း မော်ဒယ်သစ် နှစ်မျိုး စတင်ရောင်းချ
Wednesday, 02 January 2013 

၅၈ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ တိုယိုတာ ခရောင်းက ကမ္ဘာမှာတင်မက ပဲ၊ ပြည်တွင်း ဂျပန်မှာတော် အတော်လေး ရေပန်းစားတဲ့ ကား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ခါနီးကပဲ မိတ်ဆက်ပြီး ယခု ဇန်နဝါရီမှာ စတင် ရောင်းချပြီ ဖြစ်ပါတယ်။ ခရောင်း (Crown) ကို နှစ်မျိုးနှစ်စား ထုတ်လိုက်ပါတယ်။ Toyota Crown Royal Saloon နဲ့ Toyota Crown Athlete တို့ ဖြစ်ပါတယ်။ နျစ်မျိုးလုံးကို ဟိုင်းဘရစ်ဗားရှင်းနဲ့ ရနိုင်ပါတယ်။

Crown Royal

တော်ဝင် ခရောင်းကတော့ အရင့်အရင်က ထုတ်လုပ်နေကျနဲ့ မကွဲပဲ နာမည် အသက်ဆက်တဲ့ ဆလွန်း ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၂၅၀၀ စီစီ၊ ဆလင်ဒါ ၆လုံးပူး V အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ၁၇၆ ထုတ်လုပ်နိုင် တဲ့တဲ့ ကန်မရီ ဘက်ထရီလည်း ပါဝင်အားဖြည့်ထားပါသေး တယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်မျုက ၃၀၀ ကျော်သွားပါတယ်။ Lexus ES နဲ့ Performance ချင်း သိပ်မကွာတဲ့အတွက် ဇိမ်ခံဆလွန်းဆိုရင် ခရောင်းကလည်း ထပ်ရွေးချယ်စရာ အသစ်တစ်ခု ဖြစ်လာမယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။ အပေါ်က ပုံကတော့ တိုယိုတာ တော်ဝင် ခရောင်း (Toyota Crown Royal) ဖြစ်ပါတယ်။

Crown Royal မှာကိုမှာ ရိုးရိုး Royal နဲ့ Royal G ဆိုပြီး နှစ်မျိုးတောင် ထုတ်ထားပါသေးတယ်။ G ပါတာက ပစ္စည်းပိုစုံပြီး ဟိုင်းဘရစ်အင်ဂျင်သုံး ကား ဖြစ်ပါတယ်။

Crown Athlete

Athlete ဆိုတော့ အားကစားသမားလို့ တိုက်ရိုက် ဘာသာပြန်နိုင်ပါတယ်။ သို့ပေမယ့် ဒီမှာတော့ အားကစားသမားကိုဆိုခြင်း မဟုတ်ပဲ ဒီ တိုယိုတာ ခရောင်း ဆလွန်းက ဝါရင့် အားကစား သမား တစ်ဦးလိုပဲ လျင်မြန်၊ သန်မာ တယ်ဆိုတဲ့ သဘောကို သိစေလိုတဲ့အတွက် Crown Athlete လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ပုံစံကလည်း ခရောင်း ရွိုင်ရယ်နဲ့ မတူတော့ပါဘူး။ အောက်ပုံက ကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၃၅၀၀ စီစီ၊ ဆလင်ဒါ ၆လုံးပူး V အင်ဂျင်ဖြစ်ပြီး ဟိုင်းဘရစ် ဘက်ထရီနဲ့ပါ ပေါင်းရင် သူက Crown Royal ထက် ပိုအားကောင်းသွားပါတယ်။ Athlete က ဇိမ်ခံ ဆလွန်းပုံစံထက် ဇိမ်ခံဆလွန်း-ပြိုင်ကား နည်းနည်း ဆန်ပါတယ်။

Athlete မှာလည်း ဟိုင်းဘရစ်နဲ့ ရိုးရိုးထပ်ခွဲတာကြောင့် Athlete နဲ့ Athlete G ဆိုပြီး နှစ်မျိုးကွဲသွားပါသေးတယ်။

ဈေးနှုန်း

ဂျပန်ယမ်းနဲ့ဖော်ပြချက်ကို အမေရိကန်ဒေါ်လာ သို့ ပြောင်းလိုက်ရင် ရိုးရိုး Royal က ဒေါ်လာ ၄၀၉၈၃ ၊ Royal G က ၆၂၂၂၅၊ Athlete ရိုးရိုးက ၄၁၄၃၈၊ Athlete G က ၆၃၀၂၈ ဒေါ်လာ စီ တန်ဖိုး အသီးသီး ရှိပါတယ်။

ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိနေပြီ ဖြစ်ပြီး ကမ္ဘာ့အနှံ့လည်း ဖြန့်ချိ ရောင်းချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: Toyota
http://www.colayonline.com.mm/automobile
ColayOnline:Automobile

၅၈ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ တိုယိုတာ ခရောင်းက ကမ္ဘာမှာတင်မက ပဲ၊ ပြည်တွင်း ဂျပန်မှာတော်

ဂျပန်ဘောလုံးအသင်းအား ကူညီခဲ့သူ ဦးကျော်ဒင်၏ ဆွေမျိုး သားချင်းများကို ရှာဖွေနေ



လွန်ခဲ့သည့် ၁၉၂၀ ၀န်းကျင် ရှေးကာလက ဂျပန်ဘောလုံးလောကအားကျေးဇူးပြုခဲ့ဖူးသည့် မြန်မာလူမျိုး ဦးကျော်ဒင်၏ သက်ရှိထင်ရှားဆွေမျိုးများအား ဂျပန်လူမျိုးတစ်ဦးက လိုက်လံရှာဖွေလျက်ရှိသော်လည်း

ဟောင်ကောင်အကြီးအကဲ ရာထူးကထွက်ဖို့ တောင်းဆိုဆန္ဒပြ


ဟောင်ကောင်အကြီးအကဲ ရာထူးကထွက်ဖို့ တောင်းဆိုဆန္ဒပြ
Wednesday, January 02, 2013

တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ ဟောင်ကောင်ကျွန်းကို အုပ်ချုပ်နေပြီး နာမည်ပျက် သတင်းတွေ ထွက်နေတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးက ဆင်းပေးပြီး၊ ကိုယ်ပိုင် ခေါင်းဆောင်တွေကို ရွေးချယ် တင်မြှောက် ခွင့်ရရေး တောင်းဆိုပြီး ဟောင်ကောင် ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်ကျွန်းရဲ့ အကြီးအကဲ Leung Chun-ying ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ချီတက် ဆန္ဒပြသူပေါင်းဟာ ၁၇,၀၀၀ လောက် ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တာဝန်ယူ အုပ်ချုပ်နေတဲ့ Leung Chun-ying ဟာဆိုရင် မြေနေရာ ရှားပါးတဲ့အတွက် ကျပ်ကျပ်သပ်သပ်နေထိုင်
နေကြရတဲ့ ဟောင်ကောင်မှာ သူ့ကိုယ်ပိုင် ဇိမ်ခံအိမ်ခန်းတွေကို တရားမ၀င် ဆောက်လုပ်ခဲ့တဲ့ကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့ရချိန်ကစလို့ ဆန့်ကျင်ဝေဖန်မှုတွေ ခံနေရတာပါ။

ဒီဇင်ဘာလ ထဲမှာတုန်းကလည်း Leung Chun-ying အပေါ် အယုံအကြည်မရှိ အဆိုတရပ် တင်သွင်းခဲ့ပေမဲ့ တရုတ်အစိုးရ လိုလားသူ ဥပဒေပြု အမတ်တွေ ရဲ့ ထောက်ခံမှုနဲ့ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံက ပြန်လည် လွှဲပြောင်း
ရယူခဲ့တဲ့ ဟောင်ကောင်မှာ အုပ်ချုပ်မယ့်သူတွေကိုတော့ လတ်တလော တရုတ်အစိုးရကသာ ရွေးချယ် ခန့်ထားနေတာဖြစ်ပြီး ဟောင်ကောင်
ကျွန်းသားတွေ ကိုယ်တိုင် ရွေးချယ်ခွင့်ကိုတော့ ၂၀၁၇ ခုနှစ်ကျမှ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။


Myanmar1

တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ ဟောင်ကောင်ကျွန်းကို အုပ်ချုပ်နေပြီး နာမည်ပျက် သတင်းတွေ ထွက်နေတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးက ဆင်းပေးပြီး၊ ကိုယ်ပိုင် ခေါင်းဆောင်တွေကို ရွေးချယ်

KIA အဖွဲ့အနေဖြင့် ၀င်ငွေနည်းလာသဖြင့် စိတ်ကြွဆေးပြားနှင့်မူးယစ်ဆေးထုတ်သည့်ဘက်သို့လှည့်လာ


လိုင်ဇာမှ မိုင်အနည်းငယ်သာကွာဝေးတဲ့ လဂျားယန်တပ်စခန်းကြီး အစိုးရတပ်တွေက ပြင်းပြင်း ထန်ထန် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိသွားကြောင်းနဲ့ မိမိတို့KIA အဖွဲ့ ဆုတ်ခွာပေးလိုက် ရကြောင်း ကေအိုင်အေအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကပြောပါတယ်။ KIA ရဲ့ မဟာမိတ် အဖွဲ

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး


မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မှ ထပ်မံမိုင်းခွဲဖျက်ဆီး
Wednesday, January 02, 2013

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်ဟိုပင်
မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့်အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) 
အကြား အမှတ်(၄၃)အဆန်ကုန်တင်ရထားဖြတ်သန်းမောင်းနှင်
နေစဉ် KIA မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ 
မိုင်းပေါက်ကွဲမှုကြောင့် ဟိုပင်မှ မိုးကောင်းဘက်သွား ရထားသံလမ်း
ဘယ်ဘက်အခြမ်း (၁)ပေ ခန့်ပြတ်တောက်သွားပြီး ဇလီဖာတုံး (၅)တုံး
ပျက်ဆီးကာ ကုန်တင်ရထား၏နောက်ဆုံးတွဲရှိ ရထားဘီး(၄)ဘီး 
လမ်းချော်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပျက်ဆီးသွားသော ရထားလမ်းကို မိုးညှင်းဘူတာမှ ကြီးကြပ်ရေးမှူး
ဦးစီး၍ ၀န်ထမ်း(၁၃)ဦးဖြင့် စတင်ပြုပြင်လျက်ရှိပြီး ရထားသွားလာမှု
အား ခေတ္တခဏ ပိတ်ထားကြောင်း သိရှိရပါသည်။ 

KIA မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊
လမ်းတံတားဆောက်လုပ်ရေးယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှု အကြိမ်(၁၀၀)ကျော်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိ
ရသည်။

၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်ဟိုပင်မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့်အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) အကြား အမှတ်(၄၃)အဆန်ကုန်တင်ရထားဖြတ်သန်းမောင်းနှင်နေစဉ် KIA

ထိုင်းနိုင်ငံ New Year ပါတီပွဲ တစ်ခုတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေနတ်ပစ်ခတ်ခံရ

Photo: ထိုင်းနိုင်ငံ New Year ပါတီပွဲ တစ်ခုတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး သေနတ်ပစ်ခတ်ခံရ
Tuesday, January 01, 2013 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ Phangan အပန်းဖြေကျွန်း ကမ်းခြေတွင်ပြုလုပ်သော New Year ပါတီပွဲတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦး
သေနတ်ပစ်ခတ်မှု ထိမှန်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အသက် ၂၂ နှစ်အရွယ် စတီဖင် အက်ရှ်တန်မှာ ကမ်းခြေ New Year ပါတီတွင် ဖြစ်ပွားခဲ့သော ထိုင်းလူမျိုး ဂိုဏ်နှစ်ဂိုဏ်ကြား တိုက်ခိုက်မှု
ဖြစ်ပွားစဉ် သေနတ်ဖြင့် ပစ်ခတ်ရာမှ ၎င်းအား မတော်တဆထိမှန်ကာ
သေဆုံးခဲ့ခြင်းဖြစ်သည်။

သေနတ်သမားမှာ အခြားဂိုဏ်းမှ အဖွဲ့ဝင်များကို ရည်ရွယ်ပစ်ခတ်
ခဲ့ခြင်းဖြစ်သော်လည်း အက်ရှ်တန်အား ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က AFP သို့ ပြောကြားသည်။

Planet Myanmar Network

ထိုင်းနိုင်ငံတောင်ပိုင်းရှိ Phangan အပန်းဖြေကျွန်း ကမ်းခြေတွင်ပြုလုပ်သော New Year ပါတီပွဲတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့် ခရီးသည်တစ်ဦးသေနတ်ပစ်ခတ်မှု ထိမှန်ခံရပြီး သေဆုံးသွားကြောင်း သိရှိရ

နှစ်သစ်မှာ ကင်ကျုံအန် က ငြိမ်းချမ်းရေးစကား ပြောနေပြီ

နှစ်သစ်မှာ ကင်ကျုံအန် က ငြိမ်းချမ်းရေးစကား ပြောနေပြီ
Tuesday, 1 January 2013

မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန် (Kim Jong-un) က အများမမျှော်လင့်ထားဘဲ တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှု ရန်လိုမုန်းတီးမှုတို့ကို အဆုံးသတ်ဖို့ တိုက်တွန်းတဲ့ မိန့်ခွင်းတရပ်ကို နှစ်သစ်ကူးနေ့မှာ ထုတ်လွှင့်ပြောကြားခဲ့ပါတယ်။

"ကိုရီးယားနှစ်နိုင်ငံ ကွဲထွက်နေတာကို အဆုံးသတ်ဖို့ နဲ့ ပြန်လည်
ပူးပေါင်းနိုင်ဖို့မှာ အရေးကြီးတာက မြောက်နဲ့တောင်ကိုရီးယား အကြား ထိပ်တိုက်ရင်ဆိုင်မှုကို ဖယ်ရှားလိုက်နိုင်ဖို့ပဲ ဖြစ်ပါတယ်" လို့ ကင်ကျုံအန် က ပြောကြားခဲ့ပါတယ်။ 

ရုပ်သံထုတ်လွှင့်ချက်က တည်နေရာအတိအကျ မသိနိုင်တဲ့နေရာတခုမှာ ကြိုတင်သွင်းယူထားတယ်လို့ ယူဆကြောင်း သတင်းမှာဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့လက တောင်ကိုရီးယားမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတဲ့ Park Geun-hye ကလည်း ပြုံယမ်းအစိုးရက သူတို့ရဲ့အနုမြူလက်နက် ရည်မှန်းချက်ကို စွန့်လွတ်ပါက မြောက်ကိုရီးယားနဲ့ တွေ့ဆုံဖို့ဆွေးနွေးဖို့ ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ 

(Ref; Reuters UK edition, Jan 1, 2013)
Myanmar1

မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန် (Kim Jong-un) က အများ မမျှော်လင့်ထား ဘဲ တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှု ရန်လိုမုန်းတီးမှုတို့ကို အဆုံး သတ်ဖို့

လေယာဉ်မှူးဖြစ်လိုသူများ ၀င်ခွင့်လျှောက်ထားနိုင်

လေယာဉ်မှူးဖြစ်လိုသူများ ၀င်ခွင့်လျှောက်ထားနိုင်
.။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 နိုင်ငံတကာလေကြောင်းလိုင်းများတွင် လေယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် မလေးရှားနိုင်ငံ HM Aerospace Academyတွင် ၀င်ခွင့်များစတင်လျှောက်ထားနိုင်ကြောင်း  ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းမှ သိရသည်။
 
ပြည်တွင်းနှင့်နိုင်ငံတကာလေကြောင်းလိုင်းများတွင် လိုင်စင်ရ professional pilot ဖြစ်လိုသူများအတွက် အထူးသင့်တော် သော Commercial Pilot's Licence and Instrument Rating (Aeroplane) with Frozen Airline Transport Pilot's Licence Course (CPL/IR (A) with Frozen ATPL) ဘာသာရပ်အတွက် မလေးရှားရှိ HM Aerospace Academyတွင် ၀င်ခွင့်များ လျှောက်ထားနိုင်ခြင်းဖြစ်သည်။
 
“သင်တန်းမှာကျောင်းသားများအနေနဲ့ပြင်သစ်နဲ့သြစတြေးလျနိုင်ငံလုပ်အင်ဂျင်နှစ်လုံးတပ်လေယာဉ်တွေနဲ့ လက်တွေ့ လေ့ကျင့်  သင်ယူရမှာဖြစ်ပါတယ်။Flight-Trainingနဲ့Ground-Trainingပြီးသွားရင်Commercial-Pilotလိုင်စင်ဖြေဆိုရမှာပါ။လေ ယာဉ်မောင်း လိုင်စင်စာမေးပွဲကို Department of Civil Aviation,Malaysia နှင့်United Kingdom Civil Aviation Authority International (UK CAAI) တို့မှစစ်ဆေးပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိမှာပါ။ ပြီးရင် Airline Transport Pilot’s Licence ရရှိဖို့ အသက် ၂၁ နှစ် နှင့် နာရီ၁၅၀၀ ကျော်ပျံသန်းမောင်းနှင်ဖူးတဲ့ အတွေ့အကြုံရှိရမှာပါ”ဟု ၀န်ဆောင်မှုပေးမည့် Crown Education Centerမှ ဦးအောင်ကျော်ဆန်းက ပြောသည်။

 

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး IELTS အမှတ် မလိုအပ်ကြောင်းကိုလည်း သိရသည်။ လျှောက်ထားသူမှာ ကျန်းမာရေးကောင်းမွန်ရန်လိုအပ်ပြီးထို့ DCA မှသတ်မှတ် ထားသောဆေးစစ်ချက် အဆင့်(၁) ကိုအောင်မြင်ရမည်ဖြစ်သည်။
 
 ကျောင်းလခ မှာ (၁၈)လစာ accomm odation အပါအ၀င် မလေးရှားရင်းဂစ် ၂၇,၀၀၀ visa processing fees မလေးရှားရင်းဂစ် ၂၀၀၀ ကုန်ကျမည် ဖြစ်သည်။

ကျောင်းဝင်ခွင့်လများမှာ ဖေဖေါ်ဝါရီ၊ မေ၊ ဇူလိုင်နှင့်စက်တင်ဘာလတို့ဖြစ်သည်။
 
ကျောင်းသားများအနေဖြင့်ခေတ်မှီပြည့်စုံသောသင်ထောက်ကူပစ္စည်းများနှင့်အတူ Aircraft Simulator အခန်းတွင် လေ့ကျင့် သင်ကြားရမည်ဖြစ်သည်။ လက်တွေ့Flight Training အတွက် နာရီပေါင်း ၂၀၀ ကျော် ၊ Ground Training အတွက် မော်ဂျူး(၁၇)ခုကို နာရီပေါင်း ၉၂၀ ကျော်သင်ကြားရမည်ဖြစ်သည်။ သင်ယူရမည့်မော်ဂျူးများမှာ Aircraft General  ၊ Navigation, Meteorology & Radio Aids ၊ Principles of Flight ၊ Power Plant ၊ Electrics ၊ Mass & Balance ၊ Human Performances & Limitations ၊ Air Law I & II နှင့်Operational Procedures တို့ဖြစ်သည်။
 
သင်ယူနိုင်သောဘာသာရပ်များအနေမှာ Commercial Pilot's Licence and Instrument Rating (Aeroplane) with Frozen Airline Transport Pilot's Licence Course (CPL/IR (A) with Frozen ATPL)  (၁၈)လ၊ Abridged Course (CPL/IR (A) with Frozen ATPL) (၃၅ ပတ်)၊ Private Pilot's Licence Course (PPL) (၁၃ ပတ်) ၊ Assistant Flight Instructor Course (AFI) (၁၂ ပတ်)ဖြစ်သည်။
 
“မြန်မာနိုင်ငံမှာစီးပွားရေးနဲ့နိုင်ငံတကာခရီးသွားများကြောင့်လေကြောင်းလိုင်းတွေရော၊လေယာဉ်အစင်းရေတိုးချဲ့ပျံသန်းလာတာ ကြတာနဲ့အညီ လိုင်စင်ရလေယာဉ်မောင်းနှင်သူတွေ လိုအပ်လာပါတယ်။ ဒီဘာသာရပ်က လိုင်စင်ရ professional pitot တစ်ဦးဖြစ်လိုသူများအတွက်အထူးသင့်တော်ပါတယ်။”ဟု ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

HM Aerospace မှာ မလေးရှား၏ နာမည်ကျော် လေကြောင်းလေကျင့်သင်ကြားရေး အကယ်ဒမီဖြစ်ပြီး Department of Civil Aviation,Malaysia မှ အသိအမှတ်ပြုထားသည်။ မလေးရှားလေကြောင်း(DCA)သည် International Civil Aviation Organisation (ICAO) ၏အဖွဲ့ဝင်လည်းဖြစ်သည်။
 
အာရှအကောင်းဆုံး လေကြောင်း လိုင်းစာရင်းဝင် သော Malaysia Airlines မှ လေယာဉ်မှူးလောင်းများကိုစေ လွှတ်လေ့ကျင့်ရာကျောင်းလည်း ဖြစ်သည်။   နှစ်စဉ်နိုင်ငံစုံမှ   လေယာဉ်မူး ၂၀၀ ကျော်မွေး ထုတ်ပေးသော ကျောင်း ဖြစ်ပြီး Langkawi International Airport အနီးအနားတွင် တည်ရှိသည်။
 
အဆိုပါဝင်ခွင့်လျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများ CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇  နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့သို့ဆက်သွယ်စုံစမ်း နိုင်သည်။မြစ်မခ
by Myit Makha Mediagroup


နိုင်ငံတကာလေကြောင်းလိုင်းများတ
ွင် လေယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်လိုသူများအနေဖြင်