Sunday, January 13, 2013

ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်လာသော KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးများ -

ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်လာသော KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးများ -


လမ်း၊ တံတား၊ ရထား နှင့် ရထားလမ်းများကို မိုင်းထောင် မိုင်းခွဲခြင်း၊ ခြောင်းမြောင်း ပစ်ခတ်ခြင်းတို့ကို KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးများမှ အဓိက လုပ်ဆောင်နေသည်ဟု သတင်းရရှိပါတယ်။

KIA TERRORIST ဓါးပြအဖွဲ့၏ စစ်သမီးဦးရေ စာရင်းကို အတိအကျ မသိရသေးသော်လည်း၊ စစ်မှုထမ်း (၁၀၀)ရာခိုင်နှုန်း၌ (၁၀)ရာခိုင်နှုန်းမှာ စစ်သမီးများဖြစ်ကြောင်း သိရပါတယ်။

KIA TERRORIST ဓါးပြအဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခုအချိန် အထိ မန္တလေး- မြစ်ကြီးနား ရထား လမ်းတွင် မိုင်းထောင် ဖောက်ခွဲမှု ၅၅ကြိမ်၊ မန္တလေး- လားရှိုး ရထားလမ်းတွင် နှစ် ကြိမ် စုစုပေါင်း ၅၇ ကြိမ် ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။

အစိုးရအနေနဲ့  KIA TERRORIST ဓါးပြအဖွဲ့ကို ဒီအတိုင်း လွှတ်ထားပါက ပြည်သူလူထု ဆက်ပြီး ဒုက္ခများ နေရပါမယ်။

အခုအချိန်ကစပြီး KIA TERRORIST ဓါးပြအဖွဲ့ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့  တောင်းဆိုလိုက်ပါတယ်။ ။ လမ်း၊တံတား၊ ရထားနှင့် ရထားလမ်းများကို မိုင်းထောင်မိုင်းခွဲခြင်း ၊ ခြောင်းမြောင်းပစ်ခတ်ခြင်းတို့ကို KIA TERRORIST ဓါးပြအဖွဲ့၏စစ် သမီးများမှ အဓိကလုပ်ဆောင်နေသည်ဟု သတင်းရရှိပါတယ်။

တရုတ်နှင့်အိန္ဒိယ အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်း အအေးပို

Photo: တရုတ်နှင့်အိန္ဒိယ အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်း
အအေးပို
Sunday, January 13, 2013

တရုတ်ပြည်နှင့်အိန္ဒိယနိုင်ငံတွင် အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံ
တွင်း အအေးပိုနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က Venus News Weeklyသို. ပြောကြားသည်။

“အဲဒီဘက်ကအအေးလိုင်းတွေ ပြည်တွင်းဝင်လာတာကြောင့်အေးတာပါ၊
အလွန်ဆုံးတစ်ပတ်လောက်တော့အေးမယ်”ဟုဌင်းကဆိုသည်။

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမူဦးစီး ဌာန၏ဇန်န၀ါရီလအတွက်
မိုးလေ၀သခန်းမှန်းချက်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်
ဇန်နဝါရီလ၏ပျမ်းမျှအပူချိန် အောက် အနည်းငယ်လျော့ကြကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်ဖြစ်ကြောင်း၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၆)ရက်မှ(၁၈)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ကျဆင်းနိုင်ကြောင်းထုတ်ပြန်ထားသည်။

“ဒီရက်ပိုင်းမှာ အအေးဓါတ်ကသိသိသာသာပိုလာတယ်၊မနက်မိုင်းမှာ
မြူတွေလည်းပိုကျလာတယ်၊ညဘက်တွေမှပိုသိသာပါတယ်” ဟု လှော်ကားမြို.နယ်၊တာဆုံအနီးတွင် နေထိုင်သူတစ်ဦးကဆိုသည်။

သြစတြေးလျမိုးလေ၀သဌာနက ၂၀၁၂နိုဝင်ဘာလအတွင်း ထုတ်ပြန်မူတွင် အပူပိုင်းပစိဖိတ်သမုဒ္ဒရာတွင် ပုံမှန်ထက်ပိုမိုပူပြင်းနေပြီး ယခုနှစ်ဆန်းတွင် အရှေ.တောင်အာရှ၌ အယ်လ်နီညို(ပူပြင်းခြောက်သွေ.သောရာသီဥတု)
ဖြစ်နိုင်ကြောင်း ကြေငြာခဲ့သော်လည်းယခုဆောင်းဝင်ရောက်မူမှာလ၀က်
ကျော်လာသည့်အတွက်သေချာခြင်းမရှိကြောင်းဦးထွန်းလွင်ကပြောကြား
သည်။

AFP သတင်းတွင်ဖော်ပြချက်အရ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အပူချိန် ၃ ဒီဂရီ စဲစီးယပ်အောက်သို. ကျဆင်းခဲ့ပြီး အဆိုးရွားဆုံး အအေးလှိုင်းဖြတ်မှုကြောင့် ဇန်န၀ါရီ၁၀ရက်နေ.့တွင် လူပေါင်း ၈၀ နီးပါး ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။

MNH
Venus News Weekly
တရုတ်ပြည်နှင့်အိန္ဒိယနိုင်ငံတွင် အအေးလိုင်းဖြတ် သန်း မူကြောင့် မြန် မာနိုင်ငံတွင်း အအေးပိုနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က Venus News Weeklyသို. ပြောကြားသည်။
“အဲဒီဘက်ကအအေးလိုင်းတွေ ပြည်တွင်းဝင်လာတာကြောင့်အေး တာပါ၊ အလွန်ဆုံးတစ်ပတ်လောက်တော့အေးမယ်”ဟုဌင်းကဆိုသည်။

နိုင် ငံတော် သမ္မ တရုံး ဝန်ကြီး ဦးအောင် မင်း ဆေး ကုသမှု ခံယူ

Photo: နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဆေးကုသမှု ခံယူ
Sunday, January 13, 2013


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်ခတ် ရပ်စဲရေး လုပ်ဆောင် နိုင်ခဲ့သည့် အပြင် ပြည်ပရောက် နိုင်ငံရေး သမား များ မြန်မာနိုင်ငံသို့ ဝင်ရောက် နိုင်အောင် ညှိနှိုင်း ပေးနိုင် ခဲ့သူ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း သည် နှလုံး သွေးကြောကျဉ်း ရောဂါကြောင့် ယနေ့ (ဇန်နဝါရီ ၁၃) နံနက်ပိုင်းတွင် ဝိတိုရိယ ဆေးရုံးတွင် ဆေးကုသမှု ခံယူ နေရကြောင်း ၄င်းနှင့် နီးစပ်သူ အသိုင်း အဝိုင်းမှ သိရ သည်။
“ ဝန်ကြီး ဆေးကုသမှု ခံယူထားရတဲ့ အတွက် ခရီးဝေး သွားတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကို တစ်လလောက် ရပ်နား ထားမယ်” ဝန်ကြီး ဦးအောင်မင်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို ရပ်နား ထားသော်လည်း ရှေ့ဆက် လုပ်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကိုမူ ရပ်နားမည် မဟုတ်ဘဲ ဆက်လက် လုပ်ဆောင် နေမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဝန်ကြီး ဦးအောင်မင်း သည် နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်နေ သည်ကို သိရှိ သည်မှာ ကြာပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် များကြောင့် ထိရောက်စွာ ကုသမှု မပြုလုပ် နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ် ခန့်မှ ဆေး စစ်ဆေးမှု အချို့ကို ပြုလုပ် ခဲ့ကြောင်း ၄င်းနှင့် နီးစပ်တို့၏ အဆို အရ သိရ သည်။

လက်ရှိတွင် ဝန်ကြီး ဦးအောင်မင်းသည် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး(၄)၊ ပြည်တော်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ ဥက္ကဌ၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ အဖွဲ့ဝင် စသဖြင့် တာဝန်ယူ လုပ်ဆောင် နေသူ ဖြစ်သည်။

The Voice
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်ခတ် ရပ်စဲရေး လုပ်ဆောင် နိုင်ခဲ့သည့် အပြင် ပြည်ပရောက် နိုင်ငံရေး သမား များ မြန်မာနိုင်ငံသို့ ဝင်ရောက် နိုင်အောင် ညှိနှိုင်း ပေးနိုင် ခဲ့သူ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းသည် နှလုံးသွေးကြော

မန္တလေး - မြစ်ကြီးနား အထူးရထား မိုင်းခွဲခံရ ၊ ခရီးသည် ၁၀ ဦး ခန့် ဒဏ်ရာရရှိ

Photo: မန္တလေး - မြစ်ကြီးနား အထူးရထား မိုင်းခွဲခံရ ၊
ခရီးသည် ၁၀ ဦး ခန့် ဒဏ်ရာရရှိ
Sunday, January 13, 2013 

မကြာခဏ မိုင်းကွဲမှု ဖြစ်ပွား နေသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၁၃ ရက်နေ့) နံနက် ၃ နာရီ ၁၅မိနစ် ဝန်းကျင် ခန့်က မြစ်ကြီးနားမှ ထွက်ခွာလာသော အမှတ် ၃၄ အစုန် အိပ်စင် အထူးရထား သည် နန့်စီးအောင် ဘူတာနှင့် မော်လူး ဘူတာ ကြားတွင် မိုင်းခွဲ ခံရပြီး ခရီးသည် ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
“ထိခိုက် ဒဏ်ရာရတဲ့ ခရီးသည် တွေကို မော်လူး တိုက်နယ် ဆေးရုံမှာ အရေးပေါ် ကုသ နေပါတယ်။ စိုးရိမ်ရတဲ့ အနေအထား တော့ မရှိပါဘူး” ဟု အခင်း ဖြစ်ပွားရာသို့ ရောက်ရှိ ခဲ့သော လုံခြုံရေး အရာရှိ တစ်ဦးက ပြောကြားသည်။

ယင်း မိုင်းကွဲမှုကြောင့် အိပ်စင် အထူးရထား၏ စက်ခေါင်း (အမှတ် DD2058) သည် လဲကျ သွားခဲ့ပြီး ရိုးရိုးတန်း လူစီး တွဲတစ် နှင့် တွဲနှစ် မှာ ကန့်လန့်ဖြတ် အနေအထား ဖြစ်သွားကာ သံလမ်း အရှည် ၃၉ ပေ (၁၀ချောင်း)၊ ကွန်ကရစ် ဇလီဖား တုံး ၃၀ တုံး၊ သစ်သား ဇလီဖားတုံး ၇၅ တုံး တို့ ပျက်စီး၍ ပေါက်ကွဲသည့် နေရာတွင် အကျယ် နှစ်ပေ အနက်၁ပေခန့် ဖြစ် နေကြောင်း ၄င်းက ပြောကြားသည်။

ယင်းမိုင်းခွဲမှု မှာ ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) မှ လုပ်ဆောင်ခြင်း ဖြစ်ပြီး ရထားလမ်း ပျက်စီးမှု များကြောင့် မန္တလေး - မြစ်ကြီးနား ခရီးစဉ် များကို ခေတ္တ ပိတ်ထားရကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးသို့ ပေးပို့သော အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

ယင်းမိုင်းခွဲမှု နှင့် ပတ်သက်၍ ကေအိုင်အေ ဘက်သို့ ဆက်သွယ် မေးမြန်းရန် ကြိုးစား သော်လည်း ဆက်သွယ်၍ မရသေးပေ။

မန္တလေး - မြစ်ကြီးနား မီးရထားလမ်း တွင် မိုင်း ဖောက်ခွဲမှု များ မကြာခဏ ဖြစ်ပွားလျက် ရှိပြီး လူစီး အထူးရထား ကို မိုင်းခွဲခြင်း မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ကလည်း နဘား - မြစ်ကြီးနား လော်ကယ် ရထားကို မိုင်းခွဲ ခဲ့သည့် အတွက် လုံခြုံရေး ရဲသားတစ်ဦး သေဆုံး ခဲ့သည်။

The Voiceမကြာခဏ မိုင်းကွဲမှု ဖြစ်ပွား နေသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၁၃ ရက်နေ့) နံနက် ၃ နာရီ ၁၅မိနစ် ဝန်းကျင် ခန့်က မြစ်ကြီးနားမှ ထွက်ခွာလာသော အမှတ် ၃၄ အစုန်

BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမည့် စီမံကိန်းကို MIC မှ ထိုင်းကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ချထားပေး

Photo: BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမည့် စီမံကိန်းကို 
MIC မှ ထိုင်းကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ချထားပေး
Sunday, 13 January 2013 

အများပြည်သူသို့ မည်သည့်ဈေးဖြင့် ရောင်းချမည်၊ မည်သည့်ပုံစံဖြင့်
ရောင်းချမည်ဆိုသည်ကို ထင်သာမြင်သာရှိစွာ ထုတ်ပြန်ခြင်း
မပြုရသေးသော်လည်း BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမည့် စီမံကိန်းအား ထိုင်းကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု သတင်းရရှိပါသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ၁/၂၀၁၃ အကြိမ်မြောက် အစည်းအဝေးတွင် Toyo-Thai Corporation Public Co.,Ltd အား လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။

အချက်အလက် အသေးစိတ်မှာ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအား BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအတွက် Toyo-Thai Corporation 
Public Co.,Ltd အား ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေးရုံအနီးတွင် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အလုံမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမှာ ဖြစ်တယ်။ မဟာဓာတ်အားလိုင်းထဲကို ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားတွေကိုထည့်မယ့် စီမံကိန်းပါ။ MIC အနေနဲ့ကတော့ မူအားဖြင့် သဘောတူခွင့်ပြုလိုက်ပါပြီ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၉ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁ ရုံ (တနင်္သာရီတိုင်းမှ အသစ်ဆောက်လုပ်ထားမှု မပါ)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံ ၁၀ ရုံ စုစုပေါင်းစက်ရုံ ၃၀ ရှိပြီး စုစုပေါင်းစက်တပ်ဆင်အားမှာ ၃၄၉၄ ဒသမ ၉ မဂ္ဂါဝပ် ဖြစ်သည်။

၃၄၉၄ ဒသမ ၉ မဂ္ဂါဝပ်မှာ စက်တပ်ဆင်အားသာဖြစ်ပြီး အမှန်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည့် ပမာဏမှာ မဂ္ဂါဝပ် ၁၆၀၀ ၀န်းကျင်သာရှိပြီး ဓာတ်အားလိုအပ်ချက်များစွာ ထပ်မံလိုအပ်နေသည်။

"လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ စီမံကိန်းတွေကတော့ လုပ်ရမှာပဲ။ သေချာတယ်။ ဒါပေမယ့် အများပြည်သူကို ထင်သာမြင်သာရှိအောင် ချပြသင့်တယ်လို့ ထင်တယ်။ တစ်ယူနစ်ကို ဘယ်လောက်နဲ့ အစိုးရ မဟာဓာတ်အားလိုင်းထဲကို ထည့်မလဲ ဒါသိဖို့လိုတယ်"ဟု ထိုင်းနိုင်ငံရှိ Ratchaburi Power Plant အား သွားရောက်လေ့လာခဲ့သူ လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးက ပြောပြခဲ့သည်။

"ပုဂ္ဂလိကကို ပေးမယ်ဆိုရင် အရင်ဆုံး အမျိုးသားစွမ်းအင်မူဝါဒ ချမှတ်ရေးအဖွဲ့ ဖွဲ့သင့်တယ်။ ဖွဲ့ပြီးရင် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူများ ဥပဒေ (IPP- Independent Power Producer Law) ကို ရေးဆွဲသင့်တယ်။ ပြီးရင် နိုင်ငံတကာပညာရှင်များ ငှားရမ်းကာ ဓာတ်အားစနစ်ဆိုင်ရာ စံချိန်စံညွှန်းတွေ ရေးရမယ်။ ဒီစံချိန်စံညွှန်းနဲ့ သွားသင့်တယ်။ အခု စီမံကိန်းက နိုင်ငံအတွက်ကောင်းတဲ့ဘက်က ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် အများပြည်သူကိုတော့ ချပြသင့်တယ်။ လျှပ်စစ်ဝန်ကြီးဌာနက ပြောတယ်။ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်ပြီး ပြည်သူကိုဖြန့်ဖြူးပေးတာ ရှုံးတယ်တဲ့။ တစ်ယူနစ်ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ၁၂၁ ကျပ်တဲ့။ ဒီတော့ ထိုင်းနိုင်ငံက လာပြီးထုတ်မယ့်သူက တစ်ယူနစ်ကို ဘယ်လောက်ယူမှ ရမလဲ တွက်ကြည့်ပေါ့။ ၀န်ကြီးဌာနနဲ့ ထိုင်းကုမ္ပဏီကြားမှာ မဟာဓာတ်အားလိုင်း
ထဲကို ဘယ်နှုန်းနဲ့ ၀န်ကြီးဌာနကို ရောင်းမလဲ၊ သဘာဝဓာတ်ငွေ့ကို ဘယ်လိုယူမလဲဆိုတာမျိုးကိုတော့ ထုတ်ပြန်သင့်တယ်။ ထိုင်းနိုင်ငံမှာ
မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ဝယ်တဲ့ ကုမ္ပဏီဆီကနေတစ်ဆင့် ၀ယ်၊ ဓာတ်အားထုတ်လုပ်ပြီးတော့ ဓာတ်အားဖြန့်ချိတဲ့သူကို ရောင်း၊
ဖြန့်ချိတဲ့သူကနေ အများပြည်သူကို ပြန်ရောင်းတယ်။ လေးဆင့်လောက်
သွားတာတောင် တစ်ယူနစ်ကို ပျမ်းမျှ ၇၈ ကျပ်ပဲ ကျတယ်" ဟု ထိုင်းနိုင်ငံရှိ Ratchaburi Power Plant အား သွားရောက်လေ့လာခဲ့သူ လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးက ပြောပြခဲ့ပါသည်။

Eleven Media Group
အများပြည်သူသို့ မည်သည့်ဈေးဖြင့် ရောင်းချမည်၊ မည်သည့် ပုံစံဖြင့် ရောင်းချမည်ဆိုသည်ကို ထင်သာမြင်သာရှိစွာ ထုတ်ပြန်ခြင်း မပြုရသေးသော်လည်း BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ

မြန်မာ့ လေကြောင်း ၏ EMBRAER 190 JET, XY-AGP လေယာဉ် ခရီးစဉ် စတင် ပျံသန်း

Photo: မြန်မာ့ လေကြောင်း၏ EMBRAER 190 JET, XY-AGP လေယာဉ် 
ခရီးစဉ် စတင် ပျံသန်း
Sunday, 13 January 2013 

ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ လေကြောင်း၏ Embraer 190 Jet, XY-AGP ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ် စတင် ပျံသန်းခြင်း ဖွင့်ပွဲ အခမ်း အနားကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ မြန်မာ့ လေကြောင်း ဦးဆောင် ညွှန်ကြား ရေးမှူး ဦးသန်းထွန်းနှင့် ပျံသန်းရေး ဌာနမှူးချုပ် ဦးစိုးဟန် တို့က ခရီးစဉ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး ဧည့်သည် များနှင့် ခရီးသည် များအား
မြန်မာ့လေကြောင်းမှ ဝန်ထမ်းများက ဖွင့်ပွဲအထိမ်း အမှတ် လက်ဆောင်များ ပေးအပ်ကြသည်။

အဆိုပါ Embraer လေယာဉ်သည် နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် 
မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီး လေဆိပ် ခန်းမဆောင်၌ မြန်မာ့ လေကြောင်း အထွေထွေ မန်နေဂျာ ဦးသန်းထွဋ်က ကြိုဆို နှုတ်ခွန်း ဆက် စကား ပြောကြားသည်။

အဆိုပါ လေယာဉ်သည် မွန်းလွဲ ၂ နာရီခွဲတွင် ခရီးသည် များတင်ဆောင်၍ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ
လေဆိပ်သို့ ပြန်လည် ထွက်ခွာ ခဲ့သည်။

ဆီဒိုးနား ဟိုတယ်၌ မြန်မာ့ လေကြောင်း၏ Embraer 190 လေယာဉ် ခရီးစဉ် စတင် ပျံသန်းခြင်း ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ညပိုင်းတွင် ကျင်းပရာ ပို့ဆောင်ရေး ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ် ထွန်းအောင်က အမှာ စကားပြော ကြားပြီး မြန်မာ့လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်း နှင့် အမေရိကန် နိုင်ငံ General Electric (GE) ကုမ္ပဏီမှ Civil Aviation Services Mr. Antony David Snelleman တို့က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။

အဆိုပါ Embraer 190 လေယာဉ်မှာ ဘရာဇီးနိုင်ငံ SAO JOSE JOS မြို့ရှိ Embraer 190 လေယာဉ် ကုမ္ပဏီမှ ငှားရမ်း ခဲ့သော လေယာဉ်သစ်
ဖြစ်သည်။ ခရီးသည် ၁ဝဝ တင်ဆောင်နိုင်ပြီး လေယာဉ် အင်ဂျင် စွမ်း ရည် ကောင်းမွန်သည်။ အမေရိကန် နိုင်ငံ GE ကုမ္ပဏီ မှ ထုတ်လုပ်သော GE-CF၊ 34-8E အင်ဂျင်စက် များကို တပ်ဆင် အသုံးပြု ထားသည်။
လေယာဉ် ပျံသန်းမှု သမိုင်း တစ်လျှောက်တွင် လေယာဉ် မတော်တဆ ထိခိုက်မှု တစ်ကြိမ် တည်းသာ ဖြစ်ခဲ့သည့် အားသာချက် ရှိကြောင်း သိရသည်။

မြဝတီ ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ လေကြောင်း၏ Embraer 190 Jet, XY-AGP ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ် စတင် ပျံသန်းခြင်း ဖွင့်ပွဲ အခမ်း အနားကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ယမန်နေ့

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ပြည်နယ် များအား စတင် စစ်ဆေးတော့မည်

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ပြည်နယ်
များအား စတင် စစ်ဆေးတော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၂။

ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် ပြည်နယ်စစ်ဆေးမှုများ မရှိသေးသဖြင့် ယခုလအတွင်း ပြည်နယ်များအား စတင်စစ်ဆေး
မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ကော်မတီသည် နေပြည်တော် အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း တို့အား စစ်ဆေး
ခဲ့ပြီးပြီဖြစ်ကြောင်း သိရပြီး ယခုလအတွင်း လွှတ်တော် အခြေအနေ အပေါ်မူတည်၍ ပြည်နယ် များသို့ စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဘယ်ပြည်နယ် စစစ်မလဲဆိုတာတော့ ကြိုတော့မပြောဘူး။ ရှောင်
တခင် ဆာဗေးဝင်မှ အဖြစ်မှန်တွေ သိရမှာလေ။ ပြည်နယ်တွေ စစ်မယ်
ဆိုတာကတော့ တိုင်း ၅ တိုင်းစစ်ဆေးခဲ့ပြီးပြီ ပြည်နယ်တစ်ခုမှ မပါတဲ့အတွက်ပါ။ လွှတ်တော်မှာ သွားမယ့်အဖွဲ့ဝင်တွေရဲ့ မေးခွန်း
တွေ အဆိုတွေ အပေါ်မူတည်ပြီး အားတာနဲ့ စစစ်သွားပါမယ်။ ဒီလထဲကို မှန်းထားတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ဆက်လက်ပြီး စစ်ဆေးခဲ့သော တိုင်း ၅ တိုင်း၏ အခြေအနေများနှင့် ဆက်လျဉ်း၍ “ကျွန်တော်တို့ စစ်ဆေးခဲ့တာတွေကြောင့် အာဏာပိုင်
တွေက တရားစီရင်ရေးမှာ ဝင်ရောက်စွတ်ဖက်တာတွေ လျော့နည်း
သွားတယ်။ နောက်ပြီး တရားခံ၊ တရားလို၊ ပြည်သူ၊ ဝန်ထမ်းတွေ 
အားလုံးနဲ့ ထိတွေ့ရတဲ့အတွက် ခုနပြောသလို အုပ်ချုပ်ရေး အာဏာရဲ့ ဝင်ရောက်စွတ်ဖက်မှု လျော့နည်းသွားတာတွေကို တွေ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ယခုလက်ရှိတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီသည် တိုင်းအတွင်း စစ်ဆေးမှုများအား ရပ်နားထားကြောင်း သိရသည်။

အဆိုပါ ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌ အဖြစ်
ပါဝင်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ
၂၄၊ ပုဒ်မ ၂၇ နှင့် ပြည်သူ့ လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်
တို့အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စူးရှ
The Myanma Age

ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် ပြည်နယ်စစ်ဆေးမှုများ မရှိသေးသဖြင့် ယခုလအတွင်း ပြည်နယ်များအား စတင်စစ်ဆေး မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောကြား သည်။

ရန်ကုန်မြို့ရှိ တရားရေးဆိုင်ရာ အဆောက်အအုံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရန် စီစဉ်နေခြင်းအပေါ် လိုအပ်လျင် ထပ်မံဆန္ဒထုတ်ဖော်မည်ဟု ရှေ့နေများကွန်ရက် ပြောကြား

thn-12-1-5


ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် တရားရေးဆိုင်ရာ အဆောက် အအုံ များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရန်စီစဉ်နေခြင်း အပေါ် လိုအပ်လာလျင် ထပ်မံ၍ ဆန္ဒထုတ်ဖော်ခြင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဟု ရှေ့နေများ ကွန်ရက်မှ တာဝန်ရှိသူများက ဇန်န၀ါရီလ ၁၂ရက်တွင် ပြောကြားခဲ့

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြေပြိုမှု ၄၆ ယောက်သေ -

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြေပြိုမှု ၄၆ ယောက်သေ -
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှာ ရက်ပေါင်းအတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ရာမှာ ပြီးခဲ့တဲ့ သောကြာနေ့က Gaopo ဆိုတဲ့ ရွာမှာ မြေပြိုမှုကြောင့် ကလေးငယ်တွေ အပါအ၀င် ၄၆ ဦးသေဆုံးတယ်လို့ သိရပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေက ပျောက်ဆုံးသူတွေထဲ က နောက်ဆုံးကျန်တဲ့ ရုပ်အလောင်းတွေကို တွေ့တဲ့နောက်မှာ ပျောက်ဆုံးသူတွေ အားလုံး တွေ့ပြီဖြစ်လို့ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ယူနန်ပြည်နယ်မှာ ရက်ပေါင်းများစွာ နှင်းကျပြီး မိုးဆက်တိုက် ရွာသွန်းခဲ့မှုကြောင့် လူနေအိမ်ခြေ တော်တော်များများ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ ပါတယ်။ ပြည်နယ်အစိုးရက မြေအနေအထား မက်စောက်တာ၊ ငလျင်ဒဏ်ကြောင့် မြေသား ပွတာတွေဟာ မြေပြိုမှုဖြစ်အောင် ပိုပြီး အားပေးတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြေပြိုမှုဟာ ဒေသတွင်းက မိုင်းတူးဖော်မှုတွေနဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတဲ့အချက်ကို ငြင်းပယ်လိုက်ပြီး ဒါဟာ သဘာဝ ဘေးအန္တရာယ်သာ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီဒေသမှာ မိုးသည်းထန်တာ၊ ငလျင်လှုပ်တာ၊ ရွှံ့မြေပြိုတာတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။ အဲဒီဒေသနဲ့ ထိစပ်နေတဲ့ ခရိုင်တခုမှာ ပြီးခဲ့တဲ့လတုန်းက ငလျင်လှုပ်ခဲ့တာမှာ ၈၁ ဦး သေဆုံးခဲ့ ပါတယ်။ နောက်တလ အကြာမှာ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့အတွက် မူလတန်းကျောင်းတကျောင်း နစ်မြှုပ်ခဲ့ပြီး လူကြီးတဦးနဲ့ စာသင်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။ 

http://burmese.voanews.com/content/china-landslide-01-12-13/1582759.html
တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှာ ရက်ပေါင်းအတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ရာမှာပြီးခဲ့တဲ့ သောကြာနေ့က Gaopo ဆိုတဲ့ရွာမှာ မြေပြိုမှုကြောင့် ကလေးငယ်တွေအပါအ၀င် ၄၆ ဦးသေ ဆုံးတယ်လို့ သိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်