Thursday, January 17, 2013

ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်

ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်

ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ် သွားရန် အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှု များသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံတမန် ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်နှင့် ရုရှား အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် အင်အားကြီး နိုင်ငံများနှင့် မြောက်ကိုရီးယား အစိုးရအား အရေးယူ နိုင်မည့် အစီအစဉ် များကို ဆွေးနွေး ပြောဆိုလျက် ရှိကြောင်း ဆိုးလ်မြို့၌ သတင်းထောက် များကို ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် လအတွင်းက တာဝေးပစ် ဒုံးပျံကို အသုံးပြု၍ ဂြိုလ်တုတစ်စင်းကို ပစ်လွှတ် ခဲ့ပါသည်။ 

အမေရိကန် နိုင်ငံနှင့် ၎င်း၏ ရင်းနှီးသော မဟာမိတ် နိုင်ငံများကမူ အဆိုပါ လွှတ်တင် မှုသည် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုသာ ဖြစ်သည်ဟု သံသယ ရှိကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/4661-2013-01-17-15-24-41#.UPgMAe72ur0
ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှုအတွက် မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် အမေရိကန်အစိုးရ၏ ကြိုး ပမ်း ဆောင်ရွက်မှုများသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံ တမန်ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။

“အမေရိကန်စစ်သားများ သေကြောင်းကြံစည်မှု စံချိန်တင်မြင့်တက်”

“အမေရိကန်စစ်သားများ သေကြောင်းကြံစည်မှု စံချိန်တင်မြင့်တက်”

အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု ပိုမိုများပြားလာပြီး ယမန်နှစ်အတွင်း ၃၄၉ ကြိမ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း AP က ဖော်ပြသည်။

ထိုပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင်တွင် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် အရေအတွက် ၂၉၅ ဦးထက် ပိုမိုများပြားပြီး ၂၀၁၁ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၃၀၁ ကြိမ်ထက်လည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အချို့သော ကျွမ်းကျင်သူများကမူ ယခုနှစ်အတွင်းတွင်လည်း အမေရိကန်စစ်တပ်အတွင်း သေကြောင်းကြံစည်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ခန့်မှန်းပြောကြားသည်

အေးချမ်းမွန်မှ   Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု ပိုမို များပြားလာပြီး ယမန်နှစ်အတွင်း ၃၄၉ ကြိမ်အထိ စံချိန်တင်မြင့်တက် ခဲ့ကြောင်း AP က ဖော်ပြသည်။
ထိုပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင်

ဒုတိယသမ္မတနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံရာတွင် အယ်လ်ဂျားဇီးယားကိစ္စထည့်သွင်း ဆွေးနွေးခဲ့

Photo: ဒုတိယသမ္မတနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံရာတွင် အယ်လ်ဂျားဇီးယားကိစ္စထည့်သွင်း
ဆွေးနွေးခဲ့
Thursday, January 17, 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ရာတွင် အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန်လုပ်ကြံထုတ်လွှင့်မှုများကိစ္စကိုပါထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပဋိပက္ခဒေသအတွင်း ရေရှည် လိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူအညီပေးရေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိလာနေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံတော်အနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုများကို စိစစ် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဒေါ်စုစုလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

(နိုင်ငံတော်သမ္မတရုံး)
Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/15/id-2367
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ရာတွင် အယ်ဂျားဇီးရား သတင်း ဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများကိစ္စကိုပါထည့် သွင်းဆွေးနွေးခဲ့ကြောင်းသိရ သည်။

မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက ခွင့်ပြုခြင်းမရှိသေး

Photo: မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက 
ခွင့်ပြုခြင်းမရှိသေး
Thursday, January 17, 2013

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကိုထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မကြာခင်ရောင်းချမယ့် မိုဘိုင်းဖုန်းတွေနဲ့ ပက်သက်ပြီး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့က ထက်ဝက်လျော့ချပြီး ရောင်းမယ်ဆိုတာ အထက်အဖွဲ့
အစည်းတွေကို ဝန်ကြီးဌာနကနေပြီးတော့မှ အစိုးရအဖွဲ့ရုံးတို့ ဘာတို့ကို ဆက်ပြီးတော့တင်ထားတယ်၊ တင်ထားတဲ့အခါမှာ ခွင့်ပြုမိန့်မရသေးဘူး၊ ကျနော်တို့ ဝန်ကြီးဌာနကနေ အပေါ်ကိုတင်လိုက်ပြီ၊ အပေါ်ကဘာကြောင့် ကြန့်ကြာနေသလဲဆိုတာ ကျနော်လည်း မပြောတတ်ဘူး၊ အရင်တုန်းက မကြာဘူးဗျ"

မိုဘိုင်းဖုန်းတွေကို အစိုးရနဲ့နီးစပ်တဲ့ ဦးတေဇပိုင် အီလိုက်(Elite)၊ ဦးထွန်းမြင့်နိုင်ပိုင် အေးရှားမီဂါလင့်(Asia Mega Link)၊ ဦးနေအောင်ပိုင် အိုင်ဂျီအီး(IGE) စတဲ့ ကုမ္မဏီ ၁၃ခုကနေတဆင့် ဖြန့်ချီမယ်လို့သိရပါတယ်။

ဈေးကွက်ထဲဖြန့်ချီမယ့် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းကို အစိုးရရောင်းဈေးနဲ့ တသတ်မှတ်တည်းဖြစ်ဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်း
ရောင်းချမယ့်ကုမ္မဏီတွေကို ခေါ်ယူဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ စီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄သန်း၊ ၂၀၁၂-၁၃ မှာ ၅သန်း စသည်ဖြင့် နှစ်အလိုက်ရောင်းချ
သွားဖို့ရှိတဲ့အပြင် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းတွေကိုလည်း တဖြည်းဖြည်းချင်းလျော့ချဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ် သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မို ဘိုင်းဖုန်းတွေကိုထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြ

စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်

Photo: စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်
Thursday, January 17, 2013

လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။

စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။

သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
TechSpace Journal
လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျ စရိတ် က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက်ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့်ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်ကစတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင် ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိ

ကမ္ဘာ့ ဆန်ပြပွဲတွင် မြန်မာ နိုင်ငံမှ ပေါ်ဆန်းမွှေးသည် အရည်အသွေး အကောင်းဆုံး ရွေးချယ်ခံရ




ယမန်နေ့က ဆွေးနွေးခဲ့ ကြသော ပဉ္စမ ကာလကို ငါးနှစ် အမျိုးသား စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍ နှစ်ထိ) (မူကြမ်း) နှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် စတုတ္ထနေ့ အစည်း အဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးက ဆက်လက် ဆွေးနွေးကြသည်။

မအူပင် NLD ပါတီဝင်များ ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ ဒီကနေ့ကျင်းပတဲ့ NLD ပါတီညီလာခံတွင် ပါတီဝင်တွေက ကော်မရှင်ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး ပါတီဝင်အင်အား ငါးရာကျော်က မအူပင် NLD ရုံးအရှေ့မှာ ဗဟိုဦးစီးစနစ်လုပ်ရပ် အလိုမရှိ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

"လွှတ်တော် အားထိခိုက်စေသော အင်တာနက် ရေးသားမှု စုံစမ်းစစ်ဆေးမည် ဟု လွှတ်တော် ဆုံးဖြတ်"

 
လွှတ်တော် ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အင်တာနက် စာမျက်နှာ တွင်ရေးသားထားသော ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သတ် ၍ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို အဖြစ် ကမာ ရွတ် မဲဆန္ဒ နယ်မှ ဒေါက်တာ စိုးရင်က တင်သွင်းခဲ့သည်။

ဝန်ကြီးအပြောင်းအလဲကြောင့် ကုမ္ပဏီများပါ ရောင်းချမည့် မိုဘိုင်းဖုန်းကဒ်ဈေး မသတ်မှတ်နိုင်သေး




လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနော က် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချသွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအားပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

“ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”


“ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”


ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက်မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာ
ယူရန် သတ်မှတ် လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာ အခန်းများတောင်းယူ
ထားကြောင်း၊ အဆိုပါ အခန်းများအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ရန်ကုန်မှာတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်အထိပေါ့၊ ဆီးဂိမ်း အတွက်ဆိုရင် ဒေါ်လာ ၅ဝ ပဲ၊ တစ်နိုင်ငံလုံး ဒီနှုန်းပဲ”ဟု ၄င်းက ပြောသည်။
ရန်ကုန်ရှိ ဆီဒိုးနား၊ ချက်ထရီယမ်၊ ပါ့ခ်ရွိုင်ရယ်၊ အိုလံပစ်၊ အေးရှပလာဇာ၊ ဟိုတယ်ရန်ကုန်အပါအဝင် ဟိုတယ်များမှအခန်း ၇ဝဝ ကျော်ကို ဆီးဂိမ်း
အတွက် တောင်းယူထားကြောင်း သိရသည်။

”ကျန်ဟိုတယ်တွေကိုလည်း အဲဒီရက်မှာ အခန်း ၃ဝ ရာခိုင်နှုန်း ချန်ထားပေးဖို့
ညွှန်ကြားထားပါ တယ်။ လိုအပ်ရင် သုံးဖို့ညွှန်ကြား ထားတာ”ဟု ၄င်းက
ပြောသည်။

နေပြည်တော်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင်လည်း ဆီးဂိမ်းအတွက် အရန်ဟိုတယ်များ ထားရှိကြောင်း၊ ဆီးဂိမ်းလာရောက် အားပေးသူများ
ဈေးသက်သာစွာ ဖြင့် တည်းခိုနိုင်ရန် ရည်ရွယ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ်ကာရှိပြီးသားဟိုတယ်များအပြင် နေပြည်တော်
တွင် ဟိုတယ်အလုံး ၄ဝ၊ ရန်ကုန်တွင် ၁ဝ လုံး၊ မန္တလေးတွင် ၄ လုံးနှင့်
ငွေဆောင်တွင် ၃ လုံး အရန်ထားရှိမည်ဟု သိရသည်။

လက်ရှိတွင် ဟိုတယ်များ၏ အခန်းခနှုန်းထားများကို တစ်ညလျှင် ဒေါ်လာ ၁၅ဝ ထက်ပိုမယူရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်
ထားသည်။

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက် မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာယူရန် သတ်မှတ်လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရ သည်။

KIA အဖွဲ့မှအူဗျစ်ကျေးရွာမှ ရွာသူရွာသား ၄၅ ဦးအား ဖမ်းဆီးခေါ်ဆောင် ၀ိုင်းမော်-ကန်ပိုက်တီလမ်းကြောင်းပေါ်ရှိ ယာဉ်များအား ဆက်ကြေးများကောက်ခံ


မြန်မာနိုင်ငံတွင် လွတ်လပ်မှုများ တိုးတက်လာဟု Freedomhouse အဖွဲ့ ဖော်ပြ

 
၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူမှုရေးလွတ်လပ်မှုများ တိုးတက်လာကြောင်း ကမ္ဘာ့နိုင်ငံများ၏ ယင်းလွတ်လပ်မှုနှစ်မျိုးကို တိုင်းတာဖော်ပြသော Freedomhouse အဖွဲ့က ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

Photo: နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
နာဆာ အဖွဲ့သည် နီဗာဒါ အခြေစိုက် Bigelow Aerospace ပုဂ္ဂလိက အာကာသယာဉ် ကုမ္ပဏီသို့ ငွေကြေး များ ပေးချေ သွားမည် ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သရုပ်ပြမှု တစ်ရပ်အဖြစ် အဆိုပါ ကုမ္ပဏီ၏ လေဖြည့် သွင်းနိုင်သည့် အာကာသယာဉ် (BEAM) ကို ကမ္ဘာပတ်လမ်း အတွင်းရှိ ဓာတ်ခွဲခန်းတွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် အာကာသယာဉ် တီထွင်မှုတွင် အရေးပါသော တိုးတက်မှု ရရှိရန်၊ လူသားများ အာကာသ အတွင်း ဘေးအန္တရာယ် ကင်းစွာနှင့် အဖိုးနှုန်း သက်သာစွာ နေထိုင် သွားလာနိုင်ရန် အတွက် အဆင့်မြင့် နည်းပညာကို ကျယ်ကျယ် ပြန့်ပြန့် အသုံးချရန် အဆိုပါ သဘော တူညီချက်ကို လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း နာဆာ အဖွဲ့ ဒုတိယ အကြီးအကဲ လိုရီဂါဗာက ပြောကြားခဲ့သည်။

နာဆာအဖွဲ့ကို တည်ထောင်သူ ဂါဗာနှင့် ဘီဂီလို၊ အဖွဲ့ဥက္ကဋ္ဌ ရိုဘက် ဘီဂီလိုတို့သည် BEAM အစီအစဉ်နှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၆ ရက်တွင် မီဒီယာ တစ်ခု၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

BEAM ကို ကမ္ဘာပတ် လမ်းကြောင်းအတွင်း နှစ်နှစ်ခန့် ထားရှိသွားမည် ဖြစ်ပြီး အဆိုပါ အာကာသ ယာဉ်ကို နာဆာ အဖွဲ့၏ ကုန်တင် အာကာသ ယာဉ်များ အနက် အာကာသယာဉ် တစ်စင်းဖြင့် လွှတ်တင် သွားနိုင် ဖွယ် ရှိကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

http://www.myawady.com.mm/allnews/global/item/4572-2013-01-17-08-59-32#.UPd_f50seJ8

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့် သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိ ကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေး ထိုး ခဲ့ကြောင်း သိရသည်။

ပြန်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်


ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင် လာစေဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ကနေ ကချင်ပြည် နယ် ကို လမ်းလျှောက်ချီတက်သွားမယ်လို့ ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း

အစိုးရ၀န်ထမ်းများကို လစာတိုးပေးရေး မလိုအပ်သောအသုံးစရိတ်များ လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်တော်အမတ်များဆို

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏လစာများ တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်သော စီမံကိန်း များ၏ကုန်ကျငွေများကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

 မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစ၍ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိ

မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ရက်နေ့မှ စတင်ကာ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန် လည်ရောက် ရှိပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောကြားခဲ့သည်။

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

”ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။

ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။

PN-051၊ရန်နိုင်
Ref & Credit to Popular Myanmar News Journal

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံ လာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှုကော် မရှင်မှ သတင်းရရှိသည်။

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား
Thursday, January 17, 2013

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦး အပါအဝင်
နိုင်ငံခြားသားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံသားများ ပါဝင်သော ဓားစာခံ ၄၁ ဦးကို ဖမ်းဆီးထားကြောင်း အယ်လ်ဂျီးရီးယားသူပုန်အဖွဲ့က ပြောကြားသည်။
မာလီတွင် အစ္စလာမ်မစ်သူပုန်များအား တိုက်ခိုက်မှု၌ ပြင်သစ်နိုင်ငံ၏ စစ်ရေးပါဝင်ဆောင်ရွက်မှုကို လက်စားချေသည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

Planet Myanmar Network

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦးအပါအဝင် နိုင် ငံခြား သားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီး ထားကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား


ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက် စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေယာဉ် များသည် အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်ရှိ Langley-Eustis ပူးတွဲ လေတပ် အခြေစိုက် စခန်းတွင် မူလက တပ်ဖြန့် ချထားခဲ့ကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါ သည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki  စီရင်စုရှိ လေတပ် အခြေစိုက် စခန်းတွင် ၅ ရက်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ် ခဲ့ပါသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့သည် အိုကီနာဝါ စီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန် နိုင်ငံနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန် စီစဉ် ထားခဲ့သော်လည်း ဒေသခံ များ၏ အပြင်းအထန် ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ ကြောင်း သိရှိ ရပါသည်။

http://www.myawady.com.mm/allnews/global/item/4550-2013-01-16-16-25-39#.UPdZr-72ur0
ဂျပန် နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက်စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ်နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့်ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေ ယာဉ်များသည် အမေရိကန် နိုင်ငံဗာဂျီးနီးယား ပြည်နယ်ရှိ Langley-

KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရခြင်း အပေါ် EU မှ ရှုတ်ချ



တပ်မတော်မှ KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့ အရပ်သားများသေဆုံးခဲ့ရခြင်းအပေါ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါသည်။