Sunday, January 20, 2013

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်

အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေး နယ်ပယ်တွင်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆိုပါ အသိုင်းအဝိုင်းတွင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါ အစီအစဉ်ကို ညှိနှိုင်းမှုများ အဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသား စတင်လက်ခံနိုင်ရန် ရည်မှန်း လုပ်ဆောင်နေကြောင်း၊ ယင်းကျောင်းက လိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာသာ ဖြစ်ကြောင်း၊ ကျောင်းသား ၂၀၀၀ ခန့် တက်ရောက်နိုင်မည့် ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ယင်းကောလိပ်၏ ဘာသာရပ် အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ် တက်ရောက်ပြီးပါက နိုင်ငံတကာရှိ ယင်းကောလိပ်တွင် တက်ရောက်သည့် နည်းတူ ဒီဂရီအဆင့်တူ ရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်တွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ယင်းသို့ လာရောက်ဖွင့်လှစ်မည့် အစီအစဉ်နှင့် ပတ်သက်၍ “Bard College လိုမျိုး မြန်မာနိုင်ငံမှာ လာဖွင့်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအဆင့်မြင့် ပညာရေးကိုလည်း အထောက်အကူဖြစ်လို့ ကြိုဆိုရမှာပါ” ဟု အဆိုပါ ကောလိပ် လာရောက် ဖွင့်လှစ်ရေး ညှိနှိုင်းခဲ့သူ တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
စုစုပေါင်း လေးနှစ်တက်ရောက်ရမည့် အဆိုပါ ကျောင်းကို ပထမ ၂ နှစ်တွင် မြန်မာလိုနဲ့ အင်္ဂလိပ်လို ရောနှော သင်ကြားမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ်တွင်မူ အင်္ဂလိပ်လို သင်ကြားမည်ဖြစ်ကြောင်း၊ ယင်းကျောင်း တက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်မည့် ကျောင်းလခ ပုံစံတစ်ခု သတ်မှတ် ထားရှိမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဟိုမှာ သွားတက်တဲ့ Education ကို ဟိုမှာ သွားတက်တာထက် သက်သာစွာရဖို့က သူတို့ရဲ့ ရည်ရွယ်ချက်တစ်ခုပေါ့” ဟု ပညာရေးလောကသား တစ်ဦးက ပြောကြားသည်။
Bard College သည် အမေရိကန် ပြည်ထောင်စု နယူးယော့ခ်တွင် တည်ရှိပြီး ၁၈၆၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သော Private Institution ဖြစ်သည်။ ယင်းကဲ့သို့သော ကောလိပ်မျိုး၏ ယခုကဲ့သို့ အစီအစဉ်မျိုးဖြင့် မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ရန် စီစဉ်မှုမှာ ပထမဆုံးဖြစ်သည်။

အေးချမ်းမွန်မှ  စင်္ကာပူဖီး  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း က မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေးနယ်ပယ်တွင်းရှိလူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆို

မြန်မာနိုင်ငံသား သုံးဦး ထိုင်းနိုင်ငံတွင် လိင်ပြောင်းမည်

သတိလစ်စေရန်ပြုလုပ်နှိင်သည့်ဆေးဝါးများ

Photo: သတိလစ်စေရန်ပြုလုပ်နှိင်သည့်ဆေးဝါးများ
Saturday, 19 January 2013

အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်.............................................. ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။

ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါအပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma) သေဆုံးခြင်း

Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား?
ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။
ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?
ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည် ကိုမျှ မသောက်ပါနှင့်။များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။အကယ်၍ ဆေးခတ် ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါ သည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီးအများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်း တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။
လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်
အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များ အားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်မည်သည့်အချိန်တွင်မဆို အထူးဂရုပြု သင့် ပါကြောင်း။ ။
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*http://www.csus.edu/alcohol/predatory_drugs.html* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

ဗဟုသုတ အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာ အခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေး ၀ါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။

နိုင်ငံတော် သမ္မတနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်တွေ့ဆုံ ပွဲကို ရန်ကုန်တိုင်းလွှတ်တော် အဆောက်အအုံတွင် ပြုလုပ်နေပြီဖြစ်

Photo: နိုင်ငံတော် သမ္မတနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်တွေ့ဆုံ ပွဲကို ရန်ကုန်တိုင်းလွှတ်တော် အဆောက်အအုံတွင် ပြုလုပ်နေပြီဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အရပ်ဖက် လူမှု အဖွဲ့ အစည်းများနှင့်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်တည်

ဆောက်ရန်နှင့် မိမိတို့ အစိုးရသည် ပြည်တွင်းရှိ တိုင်းရင်းသား အခွင့်အရေးများ၊ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်သူတစ်ရပ်လုံးပါဝင် ရန် အရပ်ဖက် လူ့အဖွဲ့

အစည်းများလည်း ပါဝင်ရန် လိုအပ်ကြောင်း၊ ယခု ဖြစ်ပွားနေသော မိမိတို့ အစိုးရနှင့် ကချင် ပြည်နယ်မှ ကေအိုင်အေ ၊ကေအိုင်အို အဖွဲ့ တို့ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်

ရောက်ရှိရန် တိုက်တွန်း လုပ်ဆောင်စေချင်ကြောင်း၊မိမိအနေဖြင့်လည်း လိုင်ဇာ အား အပြီးသတ်ချေမှုန်း ရန် မပြုလုပ်ပဲ အပစ်အခတ် ရပ်စဲရန် အမိန်ပ ပေးထားပြီ ဖြစ်ကြောင်းထို့ကြောင့်အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်း တစ်ဦးတစ်ယောက်ထဲ အဖြစ်သော်လည်းကောင်း ၀ိုင်းဝန်းလုပ်ဆောင်

သွားရန် လိုအပ်ကြောင်း ၊မိမိတိျု့နိုင်ငံရေး လူမဖှု ရေး အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံရေး စီးပွားရေးနှင့် လူမှု ရေးကို ပူးပေါင်းလုပ်ဆောင် သွားရန် အားလုံးတွင် တာဝန်ရှိကြောင်း၊အဖွဲ့အစည်းများကိုလည်း တရားဝင် ဖွဲံ့စည်းခွင့်ပေးထားပြီးကြိုဆိုနေကြောင်း အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

Popular Myanmar

Photo Irrwaddy
နိုင်ငံတော် သမ္မတနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်တွေ့ဆုံ ပွဲကို ရန်ကုန်တိုင်းလွှတ်တော် အဆောက်အအုံတွင် ပြုလုပ်နေပြီဖြစ်သည်။ ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အရပ်ဖက် လူမှု

ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည် လုံးတွင် တာဝန်ရှိ သည်ဟု ဒေါ်စုပြောကြား

Photo: ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု
ဒေါ်စုပြောကြား
Saturday, 19 January 2013

ပြည်တွင်းငြိမ်းချမ်းရေး မတည်ငြိမ်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင်
တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပဲခူးခရီးစဉ်တွင်
ပြောကြားသည်။

၎င်း၏ ပဲခူးခရီးစဉ်တွင် ပါဝင်သော ကျောက်ကြီးမြို့နယ်၊မုန်းမြို့ရှိ
ဒေသခံတို့အားပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးမရရှိ
သေးသည့် အချက်များတွင် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့စည်းတစ်ခုနှင့်
တစ်ခုတို့ နားလည်မှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

"ငြိမ်းချမ်းရေးဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ကြိုးစားပြီး
လုပ်ယူရမယ့် ကိစ္စပါ။ ဒီလိုမကြိုးစားနိုင်လို့ ရှိရင် ငြိမ်းချမ်းရေး
မရှိခြင်းရဲ့ အနိဌာရုံတွေကိုကျွန်မတို့ ခံစားရမှာ ဖြစ်ပါတယ်" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေး ဆိုသည်မှာ ပူပင်စိုးရိမ်ကြောင့်ကြမှု ကင်းခြင်းအား ဆိုလိုခြင်းဖြစ်ပြီး ၎င်းအနေဖြင့်"ကိုယ့်ရဲ့ ပက်ဝန်းကျင်က မငြိမ်းချမ်းရင် ကိုယ့်ရဲ့ ပက်ဝန်းကျင်က မလုံခြုံရင် ဘယ်သူကငြိမ်းချမ်းမှာလဲ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် တစ်ယောက်ခြင်း
တစ်ယောက်ခြင်းမှာ ကြိုးစားဖို့လိုတယ်" ဟုဆိုသည်။

ငြိမ်းချမ်းရေးရရန်အတွက် မည်သူ့တွင်တာဝန်ရှိသည်ဟု လက်ညိုးထိုး
နေမည့်အစားမိမိတို့ ကိုယ်ကိုမိမိတို့ လက်ညိုးထိုး၍ မိမိသည်လည်း တာဝန်ရှိသည်ဟု ခံယူချက်များထားရှိရမည်ဖြစ်ကြောင်း သိရသည်။

"အများစုက ကိုယ့်ကိုကိုယ် ဘယ်တော့မှ လက်ညိုးမထိုးဘူး၊ ဟိုဘက်က လူတွေကိုဘဲ လက်ညိုးထိုးတာ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဟာတွေကိုပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုလက်ရှိတွင်မုန်းမြို့ရှိ ဒေသခံများတွင် ပြည်တွင်းငြိမ်းချမ်းရေး မရခြင်းကို အကြောင်းပြု၍ မြေမြုပ်မိုင်းများ၏ နှိပ်ဆက်မှုများကြောင့်
ပြည်သူများတွင် မသန်စွမ်းဘဝအထိထိခိုက်ခဲ့မှုများရှိခဲ့ကြောင်း ထပ်မံသိရသည်။
The Myanma Age
စူးရှ
ဓါတ်ပုံ - စူးရှ
ပြည်တွင်းငြိမ်းချမ်းရေး မတည်ငြိမ်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန် ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပဲခူးခရီးစဉ်တွင် ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် အကြောင်းပြ..ငွေလိမ် မှုပေါ်ပေါက်

Photo: ပြည်ပအလုပ်အကိုင်အကြောင်းပြ..ငွေလိမ်မှုပေါ်ပေါက်
Saturday, 19 January 2013

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း  မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စု အမှတ် (၁) ရပ်ကွက်နေ   ဦးစုဝင်း (ခ) ဦးစုဝေနှင့် ၄င်း၏ ညီတော်သူ ဦးတင်အုန်းတို့က ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိ မည်ဟု
ညောင်လွင့်ကျေးရွာနေ  ရာအိမ်မှူးဟောင်းဦးဇော်မင်းသိန်း ထံသို့ ရောက်ရှိပြောဆိုပြီး လူငယ် များကို စုဆောင်းခဲ့ကြောင်း၊
တစ်ဦးလျှင် (၂) သိန်းကျပ်နှုန်းဖြင့် (၁၂)  ဦးရရှိခဲ့ကြောင်း၊
စုစုပေါင်းငွေ (၂၄) သိန်းကျပ် ကိုဦးဇော်မင်းသိန်း  မှ လက်ခံရယူပြီး စာချုပ်စာတမ်း များပြုလုပ်ခဲ့ရာ အလုပ်အကိုင်လုပ်လိုသူကိုယ်စား
လက်မှတ်ရေးထိုး ခဲ့ပြီး သက်သေများအဖြစ် (၁) ဦးမြင့်သိန်း (ညောင်ခြေထောက် ၂ ရပ်ကွက်) နှင့် (၂) ဦးသိန်းဟန်  (ညောင်လွင့်အုပ်ချုပ်ရေးမှူးဟောင်း)  တို့မှ လက်မှတ်ရေးထိုးခဲ့ပြီး
ဦးစုဝင်း (ခ) ဦးစုဝေသို့ငွေနှင့် အလုပ်လုပ်ကိုင်မည့်သူများကို လွှဲပြောင်းပေးခဲ့ကြောင်း သိရ သည်။

ထို့နောက် အလုပ်လုပ်ကိုင် မည့်သူများကို မြ၀တီမြို့သို့ပို့ဆောင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေးအတွက် စောင့်ဆိုင်းခိုင်းကာ နံနက်၊ ည ကြက်ဥ
တစ်လုံးစီဖြင့် ထမင်း (၂) နပ်ကျွေးကာ ရက် (၃၉) ရက်ကြာသည်အထိ အလုပ်အကိုင်မရရှိ သောကြောင့် မိမိတို့၏ဆန္ဒသဘော  အရ (၁၂) ဦး
စလုံးမှပြန်လာခဲ့ရ ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဇော်မင်းသိန်းနှင့် ဦးတင်အုန်း၊ ဦးစုဝင်း (ခ) ဦးစုဝေ တို့အားမိမိ တို့၏ ငွေများအား
ပြန်လည်ပေး ဆောင်ရန် အလုပ်မရရှိသည့် (၁၂) ဦးတို့မှပြောပြရာ
၎င်းငွေ များကိုပြန်မပေးနိုင်ကြောင်း တိုင် ချင်ရာသို့တိုင်ကြား
နိုင်ကြောင်း ပြောဆိုလာမှုအပေါ် ၁၈.၁၂.၂၀၁၂ နေ့တွင် ညောင်လွင့်
ကျေးရွာမှ (၁) မောင်ဝင်းလှိုင်၊  (၂) မောင်ဇော်နိုင်ဦး၊ (၃) မောင် ဇင်မင်းထွန်း၊ (၄) မောင်ရဲဝင်းလတ်၊ (၅) မောင်ဝင်းကို၊(၆) မောင်ဝင်းဇော်ဦး၊
(၇) မောင်သန့်ဇင်ဦး၊ တို့က  ညောင်ခြေထောက်ရဲစခန်းသို့
အမှုဖွင့်တိုင်တန်းခဲ့ကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် ရဲစခန်းက (ပ) ၄/၂၀၁၃ ပြည်ပ  အလုပ်အကိုင်ပုဒ်မ (၂၆) ဖြင့် ဒု ရဲအုပ် မင်းမင်းလတ်မှတရားလိုပြုကာ
အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။

မင်းနေနိုင်
ွှThe Hot Newsပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အုပ်စု အမှတ် (၁) ရပ်ကွက်နေ ဦးစုဝင်း (ခ) ဦးစုဝေနှင့် ၄င်း၏ ညီတော်သူ ဦးတင်အုန်းတို့က ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိ မည်ဟု

ကမ္ဘာပေါ်တွင် တင်အကြီးဆုံးအမျိုးသမီး

Photo: ကမ္ဘာပေါ်တွင် တင်အကြီးဆုံးအမျိုးသမီး
Saturday, 19 January 2013

အမေရိကန်ပြည်ထောင်စု Los Angeles တွင် နေထိုင်သော Mikel Ruffinelli ဟု အမည်ရှိသူ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာ့တင်အကြီးဆုံး အမျိုးသမီးဖြစ်နေကြောင်း သိရသည်။

သူမ၏ ကိုယ်အလေးချိန်သည် ပေါင် (၄၂၀)ရှိပြီး သူ၏တင်ပါးပတ်လည်ဟာ (၈)ပေရှိနေကြောင်း သိရသည်။ သူမ၏ခါးဟာ လက်မ(၄၀)ရှိကြောင်းလည်း သိရသည်။

သူမဟာ ကလေးလေးယောက် အမေဖြစ်ပြီး သူမ၏တင်ပါးဟာ ကလေးမွေးပြီးကတည်းက စတင်ကြီးထွားလာခဲ့တာဖြစ်ကြောင်း သိရသည်။

သူမက ပြောရာတွင် သူမဘယ်လောက်စားစား သူမ၏တင်သာ ပိုမိုကြီးလာတာဖြစ်ကြောင်း ပြောပြခဲ့သည်။

သူမကို သဘောအကျဆုံးကတော့ သူမနှင့် (၁၀)နှစ်တာ ကာလကြာအောင် လက်ထပ် ပေါင်းသင်းခဲ့သော အသက်(၄၀)နှစ်အရွယ် ခင်ပွန်းဖြစ်သူ Reggie Brooks ဖြစ်ပြီး သူက နေ့စဉ် သူမကိုယ်လုံးဘယ်လောက်လှကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

Mikel Ruffinelli ဆယ်ကျော်သက်အရွယ်က ကိုယ်အလေးချိန် ပေါင်(၁၄၀)သာရှိပြီး တင်ကြီးကြီးတွေတော့ ရှိနေခဲ့တာပါ။ သူမ အသက်(၂၂)နှစ်အရွယ်မှာ အရင်အိမ်ထောင်နဲ့ Andrew လို့ခေါ်တဲ့ သားတစ်ယောက် မွေးဖွားခဲ့ပြီးနောက် ဝိတ်ပိုတက်လာခဲ့တာဖြစ်သည်။

သူမ ကိုယ်အလေးချိန် ၁၈၂ပေါင်တုန်းက တင်ရဲ့အရွယ်အစားဟာ နံပါတ်(၁၄)ရှိခဲ့ပြီး သူမ ကိုယ်အလေးချိန် ၂၃၈ပေါင်မှာ တင်ရဲ့အရွယ်အစားဟာ နံပါတ်(၁၈) ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က Mikel Ruffinelli ရဲ့ လက်ရှိအမျိုးသားဖြစ်သူ Reggie Brooks နဲ့ ဖူးစာဆုံခဲ့ပြီး အသက်(၁၃)နှစ်အရွယ် Destynee ၊ အသက်(၉)နှစ်အရွယ် Autumn နဲ့ အသက်(၇)နှစ်အရွယ် Justyce တို့သုံးယောက်ကို မွေးဖွားပြီးခဲ့ချိန်မှာတော့ သူမ၏ ကိုယ်အလေးချိန်ဟာ ပေါင်(၄၂၀) ရှိနေခဲ့ပြီး တင်ပါးအရွယ်အစားကတော့ နံပါတ်(၃၀) ဖြစ်လာခဲ့တာဖြစ်ကြောင်း သိရသည်။

သူမရဲ့ ခန္ဓာကိုယ်အလှအပေါ် ထားရှိသော သူမ၏ ယုံကြည်ချက်ကြောင့် လွန်ခဲ့တဲ့ ကျော်ခန့်ကတည်းက Big Beautiful Women website တွင် သူမဟာ မော်ဒယ်တစ်ဦးအဖြစ် ဓါတ်ပုံအရိုက်ခံခဲ့ပြီး သူမအား ဓါတ်ပုံတစ်ကြိမ်ရိုက်တိုင်း ဒေါ်လာတစ်ထောင်အထိ ဈေးရရှိခဲ့ကြောင်း သိရသည်။

Source : Daily Mail

BurmeseHeartsအမေရိကန်ပြည်ထောင်စု Los Angeles တွင် နေထိုင်သော Mikel Ruffinelli ဟု အမည်ရှိသူ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာ့ တင်အကြီးဆုံး အမျိုးသမီးဖြစ်နေကြောင်း သိရသည်။

ထိုင်းရောက် တရား မဝင် မြန်မာ လုပ်သား တစ် သန်းကို လက်မှတ် ထုတ်ပေး မည်ဟု မြန်မာသံရုံး ဆို

ထိုင်းနိုင်ငံမှာ တရားမ၀င်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တစ်သန်းကျော်ကို ယာယီနိုင်ငံကူး လက်မှတ်တွေထုတ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇန်န၀ါရီ ၁၈ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။

မီးလောင်ပြာကျသွားသော သံဖြူဇရပ်မြို့မဈေး

Photo: မီးလောင်ပြာကျသွားသော သံဖြူဇရပ်မြို့မဈေး ရှေ့မျက်နှာစာကို တွေ့ရစဉ်
Than Lwin Times
၁၉ ရက်နေ့ ညက မီးလောင်သွားသော သံဖြူဇရပ် မြို့မ၊ အပေါ်ဈေး တခုလုံးကို ပြာပုံအတိုင်းတွေ့ရသည်။ မီးလောင်သည့် အကြောင်းရင်းကို လျှပ်စစ်ဝါယာရှော့သည်ဟု ပြောဆိုနေကြသော်လည်း ခိုင်လုံသော သက်သေများ မရရှိသေးပေ။

အစိုးရမှ KIA နှင့် ပတ်သက်ပြီးငြိမ်း ချမ်းရေးဆွေးနွေးရန်ကြေငြာ အပြီး ၂ ရက်အတွင်း ရှေ့တန်းစစ်ဆင်ရေး နယ်မြေမှ နောက်တန်း သို့ပြန်ဝင် လာသည့် အစိုးရ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက် ခံရ

Photo: အစိုးရမှ KIA နှင့်ပတ်သက်ပြီးငြိမ်းချမ်းရေးဆွေးနွေးရန်ကြေငြာအပြီး ၂ ရက်အတွင်း ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ နောက်တန်းသို့ပြန်ဝင်လာသည့် အစိုးရတပ်ဖွဲ့ဝင်များမိုင်းဆွဲတိုက်ခိုက်ခံရ

Sunday, January 20, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရား ထံကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းစာပေးပို့ပြီး ၂၄နာရီအတွင်း ကချင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးနယ်မြေမှ မံစီမြို့သို့ပြန်လည်ဝင်ရောက်လာသည့် အစိုးရတပ်ဖွဲ့ဝင်များအားဇန်န၀ါရီလ ၁၉ ရက် ည ၈နာရီခန့်က ကချင်ပြည်နယ်မံစီမြိုအနီးတွင် KIA အဖွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒါဏ်ရာရှိခဲ့ကြောင်း မံစီမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှတာဝန်ရှိသူတစ်ဦးမှပြောဆိုခဲ့သည်။

အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ကာ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှလည်း ကေအိုင်အိုအဖွဲ့သို့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆက်လက် ကမ်းလှမ်းထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက KIO အဖွဲ့နှင့်တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေးအတွက်

ကမ်းလှမ်းသည့်စာကို KIO ဥက္ကဌ ဦးဇောင်းဟရား ထံသို့ လိပ်မူပြီုး ဇန်န၀ါရီလ ၁၉ ရက်တွင်  စာတစ်စောင်ပေးပို့ထားကြောင်းလည်းသိရှိရသည်။

အစိုးရမှ KIO အဖွဲ့နှင့်အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက် ကြေငြာချက် ထုတ်ပြန်အပြီး တွင်ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၄နာရ်ီမှ ကိုးနာရီ အထိ ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့်

ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး ပြီး အဆောက်အဦများအားမီ၇ှိ့ဖျက်ဆီးသွားကြောင်းသိရှိရသည်။ ထို့ပြင်၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင်  ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇တွင်  ခရီးသည်တင်ကားများ အား KIA အဖွဲ့မှကြီးကြပ်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရ၇ှိသည်။

ဌေးဝင်း(ဗန်းမော်)
ပည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ က ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရား ထံကို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး အတွက် ကမ်းလှမ်းစာပေးပို့ပြီး ၂၄နာရီအတွင်း ကချင်ပြည်

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ် ပွား

Photo: မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ် ပွား
Saturday, 19 January 2013 17:20

ဇန်န၀ါရီ လ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထားဝယ်လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ လာခဲ့ပြီး ခရီးသည်များကို တင်ဆောင်၍ မြိတ်လေဆိပ်သို့ ဆက်လက်ထွက်ခွာရန် လေယာဉ်၏ စက်ပိုင်းဆိုင်များကို စစ်ဆေးစဉ် လေယာဉ်၏ တောင်ပံနှစ်ဖက်တွင်ရှိသော အရှိန်လျှော့သည့် ကိရိယာ(flap)မှာ အလုပ်မလုပ်သည့် အတွက် ထားဝယ်လေဆိပ်တွင် ရပ်နားထားခဲ့ပြီး ရန်ကုန်မြို့ရှိ လေယာဉ် အင်ဂျင်နီယာများကို ခေါ်ယူပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။
“လေယာဉ်တော့ ကြီးကြီးမားမား ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ထားဝယ်ကွင်းကို ရောက်ပြီး မြိတ်ကိုဆက်သွားဖို့ ခရီးသည်အားလုံး တင်ပြီး လေယာဉ်က စက်ပိုင်းဆိုင်ရာတွေကို စစ်ဆေးတဲ့အခါမှာ လေယာဉ် ဆင်းသက်တဲ့ အချိန်မှာ အသုံးပြုရတဲ့ တောင်ပံ နှစ်ဖက်မှာရှိတဲ့ အရှိန်လျှော့ တဲ့ ကိရိယာတွေက အလုပ်မလုပ်လို့ လေယာဉ်ပျံ တက်မှု မလုပ်ဘဲ ရန်ကုန်က လေယာဉ် အင်ဂျင်နီယာတွေကို ခေါ်ယူပြင်ဆင် ခဲ့ပါတယ်။ ရန်ကုန်ကနေ F-28 နဲ့ လေယာဉ် အင်ဂျင်နီယာတွေ ညနေ ၄ နာရီ ၅၀ မိနစ်မှာ ရောက်လာပြီး ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ခရီးစဉ်တွေ ကိုတော့ F-28 လေယာဉ်နဲ့ အစားထိုး ပြေးဆွဲပေးခဲ့ပါတယ်။ EMBRAER 190 လေယာဉ်က ထားဝယ်ဘက်က ခရီးစဉ်တွေကို ဒီနေ့မှစပြီး ပြေးဆွဲတာပါ” ဟု ထားဝယ်လေဆိပ် မျှော်စင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည် ၉၀ ဦး တင်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ ခရီးသည် ၆၃ ဦး လိုက်ပါရန် ရှိကြောင်း၊ ယင်းလေယာဉ်ကို အင်ဂျင်နီယာများမှ စစ်ဆေးပြုပြင်ခဲ့ပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာ့လေကြောင်းမှ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့် F-28 လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန်အတွက် မြန်မာ့လေကြောင်းမှ ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များကို အငှားဝယ်ယူ ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Groupဇန်န၀ါရီ လ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စပစ်ဖိုင်းယား လေယာဉ် ရှာဖွေရေးလုပ်ငန်း အရာမထင် ဖြစ်ခဲ့သည်ဟုဆို

Photo: စပစ်ဖိုင်းယား လေယာဉ် ရှာဖွေရေးလုပ်ငန်း အရာမထင်
ဖြစ်ခဲ့သည်ဟုဆို
Sunday, January 20, 2013

မင်္ဂလာဒုံလေယာဉ်ကွင်းတွင် မြှပ်နှံထားခဲ့သည်ဟုယူဆရသော
ဒုတိယကမ္ဘာစစ်လက်ကျန် စပစ်ဖိုင်းယား လေယာဉ် ရှာဖွေရေး
လုပ်ငန်းမှာအရာမထင် ဖြစ်ခဲ့သည်ဟုရှာဖွေရေးအဖွဲ့ခေါင်းဆောင်
David Cundallကပြောသည်။

ရှာဖွေရေးစတင်စဉ်က လေယာဉ်အစိတ်အပိုင်းထည့်သွင်းထားသည်
ဟုယူဆရသော ကုန်သေတ္တာတစ်လုံးတူးဖော်ရရှိသော်လည်းမည်သည့်
လေယာဉ်အစိတ်အပိုင်းမှမပါရှိဘဲ ထပ်မံတူးဖော်ရာတွင်လည်းသဲလွန်စ တစုံတရာမျှမတွေ့ရကြောင်းသိရသည်။

kyl
Popular Myanmar News Journalမင်္ဂလာဒုံလေယာဉ်ကွင်းတွင် မြှပ်နှံထားခဲ့သည်ဟု ယူဆရသော ဒုတိယ ကမ္ဘာစစ်လက်ကျန် စပစ်ဖိုင်းယား လေယာဉ်ရှာဖွေရေး လုပ်ငန်းမှာ အရာမထင် ဖြစ်ခဲ့သည်ဟုရှာဖွေရေးအဖွဲ့ခေါင်းဆောင် David Cundall ကပြောသည်။

သံဖြူဇရပ်ဈေး မီးလောင် ဆိုင်ခန်းပေါင်း ၅၉၆ ခန့် ဆုံးရှုံး

Photo

သံဖြူဇရပ်၊ ဇန်န၀ါရီ ၂၀ မွန်ပြည်နယ် သံဖြူဇရပ်မြို့မဈေး ယမန်နေ့ည မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၅၉၆ ခန်းပါ အပေါ်ဈေး တစ်ခုလုံးနှင့် စားသောက်ဆိုင်တန်းအားလုံး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိ
Sunday, January 20, 2013

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိခဲ့ကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၆ နာရီတွင် နေပြည်တော်မှ
ထွက်ခွါလာခြင်းဖြစ်ကြောင်း သိရပြီး ပဲခူးတိုင်း၊ ရွှေကျင်ဒေသဘက်
သို့သွားရောက်မည် ဖြစ်ကြောင်းသိရသည်။

ဖြူးမြို့ ဘိုးဘွားရိပ်သာရှေ့သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က
ဘိုးဘွားရိပ်သာ၏ လိုအပ်ချက်များကို မေးမြန်းရာတွင် ဘိုးဘွားရိပ်သာရှိ
တာဝန်ရှိသူများက "တစ်နှစ်လုံးမှာ အလှူငွေ ၃ သိန်းလောက်ပဲရတယ်။
တကယ်လိုအပ်တာက ၁၁ သိန်းလောက် လိုအပ်တယ်" ဟုပြောကြားခဲ့
ကြောင်း သိရသည်။

ယခုအချန်တွင် ရွှေကျင် ကျောက်ကြီး လမ်းကြောင်းအတွင်းရှိ မုန်းမြို့နယ်
သို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

စူးရှ

The Myanma Age ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖြူးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်

Photo: ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်
Sunday, January 20, 2013

၂၀၁၃ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ လဂျာ ဦးစီး အင်အား (၃၀)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာ အုပ်စု၊ ချောင်းဆုံသို့ ၁၄၀၀ ချိန်ခန့်တွင် ရောက်ရှိပြီး ၎င်းနေရာဝန်းကျင်
တွင် ရွှေတူးဖော် လုပ်ကိုင်နေသည့် ကျင်းလုပ်သား (၂၀)ဦးခန့်အား ဖမ်းဆီး၍ မေခမြစ်အား ဝါးဖောင်ဖြင့် ဖြတ်ကူးကာ တပ်မဟာ(၁) နယ်မြေ ဂျူဗလီသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

အဆိုပါ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ၊ မိုင်းခွဲတိုက်ခိုက် မှုများရှိနေ၍ ဒေသခံပြည်သူလူထုမှာ စိုးရိမ်နေရကြောင်း သိရှိရပါသည်။

မြ၀တီ၂၀၁၃ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်း ကျန်းသူအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ လဂျာဦးစီး အင်အား (၃၀)ဦးခန့်

စိတ်ညစ်နေချိန် ချက်ချင်း စိတ်ရွှင်လန်းလာစေရန်

စိတ်ညစ်နေချိန် ချက်ချင်း စိတ်ရွှင်လန်းလာစေရန် တစ်နေ့တာမှာ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ အခိုက်အတန့်တို့ ကြုံတွေ့လာရင် ချက်ချင်းစိတ်ရွှင်လန်းသွားစေဖို့ အောက်ပါတို့ကို ပြု လုပ်ပေး ပါ။

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်ဘက်ရည်ကြမ်း) သောက်သင့် မသောက်သင့်

Black-Tea-is-Red-When-Brewed
Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည် များကို လူတို့တော်တော်များများ သုံးဆောင်လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ကျ အစာစားပြီးမှ သောက်သလို၊ အချို့ကျလည်း အစာမစားမီ လည်း သောက် တတ်ပါတယ်။

ပိန်ချင်သူများ အစာလျော့စားရန်မလိုပေ

Photo: ပိန်ချင်သူများ အစာလျော့စားရန်မလိုပေ
Saturday, January 19, 2013

ယခုအခါ တီထွင်သူများက အစားလည်း မလျော့လိုသူ၊ ပိန်လည်း ပိန်လိုသူများအတွက် နည်းလမ်းတစ် ခုကို တီထွင်ခဲ့ကြလေသည်။

ယင်းပစ္စည်းမှာ Aspire Assist ဟု ခေါ်ပြီး ၎င်းကစားသမျှအစာထဲမှကယ် လိုရီသုံးပုံတစ်ပုံခန့်ကိုအစာအိမ်ထံမှစုပ်ထုတ်ပေး၍ပိန်စေရန်ကူညီပေးသည်။

အစာစားပြီးနောက်မိနစ်နှစ်ဆယ်အကြာတွင်အစာအိမ်ထဲမှ အစာ
၃၀ ရာခိုင်နှုန်းခန့်အားအရေပြားအောက် တွင်မြုပ်နှံထားသော လမ်းကြောင်းလေးမှတစ်ဆင့်အိမ်သာထဲသို့ စွန့်ထုတ်ပစ်လေသည်။

ယင်းပစ္စည်းအားအစာ အိမ်နှင့်အူလမ်းကြောင်းပညာရှင် Dr. Samklein ,
Dr. Moshe Shike နှင့်ဓာတ်မှန်ပညာရှင် Dr. Stephen Solmon တို့က ပူးပေါင်းတီထွင်ခဲ့ကြသည်။

သိပံ္ပပညာရှင်များကယင်း Aspire Assist ကို အသုံးပြု၍ကုသသည့်
ကုထုံးကိုစုပ် ထုတ်သည့်ကုထုံး (Aspire Therapy) ဟုခေါ်ခဲ့ကြသည်။

Aspire Therapy တွင် လူနာများကအစာအိမ်ထဲသို့ A-Tube ဟု
ခေါ်သည့်ပြွန်အား (endoscope)အစာ အိမ်နှင့်အူလမ်းကြောင်း ကြည့်မှန်ပြောင်းကိုအသုံးပြု၍ ထည့်ပြီးနောက်ယင်းပြွန်မှာ အရေပြားပေါ်ရှိနောက်ထပ်ပြွန်တစ်ခုနှင့်ဆက်စပ်ထားလေသည်။

အရေပြားပေါ်ရှိ ပြွန်ထဲ၌အဆို့ရှင်တစ်ခုပါဝင်ပြီးယင်းအဆို့ရှင်က
အစာအိမ်ထဲမှ အစာများကိုအပြင်သို့စီးဆင်းရန်၊မစီးဆင်းရန် ထိန်းချုပ်ပေးလေသည်။

ထို့နောက်အရေပြားပေါ်ရှိပြွန်အဆုံး၌အစာအိမ်ထဲမှအစာများကို စုပ်ထုတ်နိုင်သည်ပန့်စ်သဖွယ်လုပ်ဆောင်ပေးသောလက်ဖြင့်
ထိန်းနိုင်သည့်ကိရိယာတစ်ခုအားအစာထုတ် လိုသည့်အခါတိုင်း
တပ်ဆင်အသုံးပြုနိုင်လေသည်။

ယင်းကဲ့သို့အစာအိမ်ထဲသို့ ပြွန်တပ်ဆင်မှုမှာမိနစ် ၂၀ခန့် သာကြာပြီး
လူနာအားလည်းမေ့ဆေးသုံးရန်မလိုဘဲစိတ်ငြိမ်ဆေးအနည်းငယ် ပေး၍ လုပ်ဆောင်လေသည်။

ထို့ နောက်အစာအိမ်အတွင်း မှပြွန်အား အရေပြားပေါ်ရှိပြွန်နှင့်ခွဲစိတ်မှု
အသေးစားလုပ်၍ဆက်စပ်ပေးထားသည်။ လူနာအများစုမှာပြွန်ထည့်
ခွဲစိတ်မှုလုပ်ပြီးနောက်တစ်နာရီမှနှစ်နာရီအတွင်း လမ်းလျှောက်၊ အလုပ်လုပ်နိုင်ကြောင်းသိရသည်။

လူနာများ အနေဖြင့်တစ်ရက်လျှင်သုံးကြိမ်အစာကြီးစားပြီးတိုင်း စုပ်ထုတ်နိုင်ပြီး၊ တစ်ခါစုပ်ထုတ်လျှင် ၅ မိနစ်မှ ၁၀မိနစ်ခန့်ကြာနိုင်သည်။

ထို့ပြင်အမေရိကန်၌ စမ်းသပ်ကုသခဲ့သည့်ရလဒ်များအရယင်း Aspire Assist ပစ္စည်းသည် လူနာအား ၁၂လအတွင်း ၎င်းကိုယ် အလေးချိန်၏ ၄၉ရာခိုင်နှုန်းခန့် အားလျော့ကျစေ၍ အခြားခွဲစိတ်မှုများ ထက် သာလွန်သောအချက်မှာ လူနာ သည် အစာကိုလျော့ရန်မလိုဘဲ
မိမိစိတ်ကြိုက်စားနိုင်သည့်အပြင်ယင်း အစာအိမ်ထဲမှပြွန်အား
အချိန်မရွေး ၁၅မိနစ်အတွင်းထုတ်ယူနိုင်ခြင်းဖြစ်သည်။

အပိန်လေး
ref:MNT
Health Updates Journalယခုအခါ တီထွင်သူများက အစားလည်း မလျော့လိုသူ၊ ပိန်လည်း ပိန်လိုသူများအတွက် နည်းလမ်းတစ် ခုကို တီထွင်ခဲ့ကြလေသည်။

အမျိုးသားများနှင့်ရုပ်ရည်

Photo: အမျိုးသားများနှင့်ရုပ်ရည်
Saturday, January 19, 2013

လေ့လာမှုတစ်ခုအရရုပ်ရည်ခံ့ညားသောအမျိုးသားများသည်သာမန်
ရုပ်ရည်သာရှိသောအမျိုးသားများ ထက်ဝင်ငွေပိုကောင်းကြောင်း
တွေ့ရသည်။

ဩစတေးလျမှပထမဆုံးရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုနှင့် ဝင်ငွေ ပမာဏနှိုင်းယှဉ်သည့်လေ့လာမှု၌သာမန်ထက်ပို၍ခံ့ညားသော
အမျိုးသားများသည်တစ်နှစ်လျှင်ဒေါ်လာ ၈၁၇၅၀ ဝင်ပြီး
သာမန်အောက်နည်းသော အမျိုးသားများသည်ဝင်ငွေ ၄၉၆၀ဝ သာရှိကြောင်းတွေ့ရသည်။

မယ်လ်ဘုန်းတက္ကသိုလ်နှင့်ဩစတေးလျအမျိုးသားတက္ကသိုလ်တို့မှ
စီးပွားရေးပညာရှင်ဂျက်ဘာလ်လန်း ကတော့ရိုးသားမှုဆုံးရှုံးသည့် အတွက်ရသည့် အပြစ်ဒဏ်ကအလှအပအတွက်ရသောဆုကြေး
ထက်ပို၍အရေးပါ သည်ဟုဆိုခဲ့သည်။

အမျိုးသားများ၏ရုပ်ရည်အား door to door အင်တာဗျူးလုပ်၍
ဆုံးဖြတ်ခဲ့ကြပြီး သာမန်ထက်ပို၍ရုပ်ရည် တင့်တယ်သော သူများတွင်
ဝင်ငွေမှာရုပ်ရည်သာမန်ရှိသူများထက် ၂၆ ရာခိုင်နှုန်းပို၍ နည်းကြောင်း
တွေ့ရပြီးသာမန်ထက်ပို၍ရုပ်ရည်တင့်တယ်သောသူများတွင်ဝင်ငွေမှာ
သာမန်သူများထက်၂၂ ရာခိုင်နှုန်းပိုများကြောင်းတွေ့ရသည်။

အမျိုးသမီးများတွင်ရုပ်ရည်ကဝင်ငွေ အပေါ်တွင်သက်ရောက်မှု အနည်းငယ်သာ ရှိပြီးအမျိုးသမီးများတွင်ရုပ်ရည်ပြေပြစ်မှု၊မပြေပြစ်မှုအား ဆုံးဖြတ်ရန်ခက်ခဲလေသည်။

ယခုလက်ရှိအလုပ်သမားရွေးချယ်ရေးဌာန၌တာဝန်ထမ်းဆောင်နေသူ Dr.leigh ကလည်းဝန်ထမ်းရွေးချယ်သူများ ၏ရွေးချယ်မှု၊မရွေးချယ်မှုက
လာရောက်လျှောက်ထားသူများ၏ရုပ်ရည် အပေါ်တွင်သက်ရောက်မှု
ရှိကြောင်းတွေ့ရှိခဲ့သည်။

ထို့ပြင်သူကကြည့်ကောင်းခြင်းကအမျိုးသားဝန်ထမ်း များအပေါ်တွင်ပို၍
သက်ရောက်မှုရှိပြီး အမျိုးသမီးများတွင်သက်ရောက်မှုအနည်းငယ်
သာရှိလေသည်။

သာမန်ရုပ်ရည်အောက်ရှိသော အမျိုးသားများတွင် သာမန်သူများထက်
အလုပ်ရနိုင်ချေ ၁၅ရာခိုင်နှုန်းပိုနည်းပြီးလစာမှာလည်း ၉ရာခိုင်နှုန်းခန့် ပိုနည်းကြောင်းတွေ့ရလေသည်။ထိုသူများသည်လက်ထပ်ရနိုင်ချေ
နည်းပါးပြီးဝင်ငွေကောင်းသောအမျိုးသမီးနှင့်လက်ထပ်ရနိုင်ခြေပို၍ နည်းပါးကြောင်းတွေရသည်။

အဝင်း
Ref:MNT
Health Updates Journalလေ့လာမှုတစ်ခုအရရုပ်ရည်ခံ့ညားသော အမျိုးသားများသည် သာမန် ရုပ်ရည်သာရှိသောအမျိုးသားများ ထက်ဝင်ငွေပိုကောင်းကြောင်း တွေ့ရ သည်။