Wednesday, February 13, 2013

Cobra Gold 2013 စစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသော မြန်မာ့ တပ်မတော် အရာရှိများ (ဓါတ်ပုံ)


သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြောင်း ပြော

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မြန်မာပြည်ခရီးစဉ်ရဲ့ အတွေ့အကြုံကို အလေးအနက်ထား ထည့်သွင်းပြောဆိုသွားတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။ အထီးကျန်
ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်အောင် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ဦးရွက် ပြုပြီးတော့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိုဘားမားရဲ့ မြန်မာ့ အရေး မှတ်ချက်အပေါ်မှာ တုံ့ပြန်ချက်တချို့ကို ဒေါ်ခင်စိုးဝင်း က စုစည်းတင်ပြထားပါတယ်။

နိုင်ငံသားတွေ ကြိုးစားပြီး တာဝန်သိဖို့ အိုဘားမား တိုက်တွန်းမည်

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ၀ါရှင်တန်စံချိန် အင်္ဂါနေ့ညပို်င်း ဗွီအိုအေ အသံလွှင့်ချိန်အပြီး မကြာခင်မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူလတ်တန်းစား လူတန်းစားတွေ အားကောင်း ခိုင်မာလာဖို့ စီးပွားရေး ဖွံ့ဖြိုးလာရေးအတွက် အခုအချိန်က စပြီး ဆောင်ရွက်ရမယ့် အချိန်အခါ ဖြစ်တယ်ဆိုတာကို သမ္မတ အိုဘားမား ပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ ဗန်းမော်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်အစီအစဉ်အား ကျန်လမ်းလျှောက်အဖွဲ့ဝင်များ ကျေနပ်မှုမရှိ


မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဦးစီး၍ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တွင် ဗန်းမော်မြို့မှ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးလမ်းလျှောက်မည့်အစီအစဉ်အား ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ လမ်းလျှောက်လာသည့်အဖွဲ့ဝင်များမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့မှ ထွက်ခွါလာသည့် လမ်း လျှောက်အဖွဲ့တွင်ပါဝင်သော လူငယ်တစ်ဦးက သူ့အနေနဲ့ ဒီလိုမျိုးလုံးဝ မလုပ် သင့်ပါဘူး။ ကျွန်တော်တို့အဖွဲ့ တွေက ရန်ကုန်ကနေ မိုင် (၄၀၀) ကျော် လမ်းလျှောက်ပြီး သွားပြီ။ နောက်ထပ်လိုင်ဇာအထိ မိုင် (၃၀၀)ကျော် ကျန်သေးတယ်။

မြန်မာ နိုင်ငံနှင့် သက်ဆိုင်သော ဥပဒေများကို အချိန်မရွေး ရယူနိုင်ပြီ


  မြန်မာပြည်နှင့် သတ်ဆိုင်သော ဥပဒေ များကို လေ့လာလိုသည့် သုတေသနပညာရှင်များ၊ ဥပဒေ ပညာရှုင်များနှင့် ကျောင်းသူ ကျောင်းသူများ အတွက် အထူး ကောင်းမွန်သော  Law Database တစ်ခု ဖြစ်ပါသည်။ အဆင့် အတန်း မြင့်သည့် Database တစ်ခု ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 
လိပ်စာမှာ -  http://lawdatabase.pyithuhluttaw.gov.mm/my  ဖြစ်ပါသည်။

ကြောက်တတ်သူများ မဖတ်ရ

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ
ကြောက်တတ်သူများ မဖတ်ပါနှင့်)
၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။

ထိုင်းအလုပ်ရရေး နယ်စပ်တွင် ငုတ်တုတ်မေ့နေသော အလုပ်သမားအချို့ ဝမ်းရေးအတွက် လိင်လုပ်သားအဖြစ် စတေးနေရ

ထိုင်းတွင်အလုပ်ရရန် မြဝတီနယ်စပ်တွင် အချိန်ကြာမြင့်စွာ သောင်တင်နေခြင်းကြောင့် အလုပ်သမားအချို့သည် အလစ်သုတ်ခြင်းနှင့် လိင်လုပ်သား အဖြစ်လုပ်ကိုင်ခြင်းများ ပြုလုပ်လာကြောင်း ရွှေ့ပြောင်း အလုပ် သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။ ”ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော် မြဝတီကို ရောက်တယ်။ အဲဒီမှာ နယ်ခံတွေလည်း တော်တော် ညစ်နေကြတယ်။ စောင့်နေတဲ့ သူတွေထဲမှာ အချို့ယောက်ျားလေး    တွေက ပစ္စည်းတွေဘာတွေ အလစ်သုတ်၊ အချို့အမျိုးသမီးတွေ ကလည်း မကောင်းတဲ့

ဒုသမ္မတ မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များအား ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံ

ချင်းမိုင်ရှိ အမေရိကန်သံရုံးအား အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်ရန် လုံခြုံရေးတိုးမြှင့်



ချင်းမိုင် (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား အယ်လ်ကိုင်းဒါး
နှင့် Salafist အကြမ်းဖက် အုပ်စုများက ယခုလအတွင်း တိုက်ခိုက်လာနိုင်စရာ ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကောင်စစ်ဝန်ရုံး အနီးတဝိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထား
ကြောင်း ထိုင်း အာဏာပိုင်များ က ပြောခဲ့သည်ဟု အေပီ သတင်းတရပ်တွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

နှစ်နိုင်ငံချစ်ကြည်မှု ပျက်စီးရန် မဏိပူရသူပုန် လုပ်ဆောင်နေဟု အာသံရိုင်ဖယ်တပ်မှပြောဆို



နယူးဒေလီ (မဇ္ဈိမ)။      ။ တမူး နန့်သလက်ချောင်းတံတားအား အိန္ဒိယအစိုးရ အာသံရိုင်ဖယ်တပ်မှ
မြန်မာပိုင်နက် နယ်မြေထဲ ၀င်ရောက်ကာ ဖျက်စီးခဲ့သည်ဟူသည့် UNLF  အဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို အာသံရိုင်ဖယ်မှ ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်ကြောင်း ၎င်းတပ်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ပြည်ခိုင်ဖြိုး သတင်းစာထုတ်ရန် ၉၀ ရာနှုန်း အသင့်ဖြစ်နေပြီ

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်နေတာ ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေပြီလို့ သတင်းစာ တာဝန်ခံလုပ်မယ့် ဦးဝင်းတင် (သီဟအောင်) က ပြောပါတယ်။

သတင်းစာနာမည် ရွေးချယ်နေတုန်းဖြစ်ပြီး သတင်းစာထုတ်ဖို့ အသင့်ဖြစ်နေပုံကို ဦးဝင်းတင်က “ပုံနှိပ်စက်က ပထမပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ သတင်းစာတိုက်အဆောက်အအုံ၊ ပုံနှိပ်စက်အဆောက်အအုံ ကိုတော့ တောင်ဥက္ကလာပ ၁၄/၁ ရပ်ကွက်မှာ အဆင်သင့်ရှိနေပါတယ်။ စက်ကတော့ လောလောဆယ် ပုံမှန်လောက်အနေအထားမျိုး ရမယ်ထင်ပါတယ်။ နောက်ထပ်စက်တွေလည်း ၀ယ်ဖို့ ရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ လူအင်အားရော၊ ကွန်ပျူတာ၊ စီမံ၊ ပုံနှိပ် အဲလို စုဆောင်းပြီးတော့ လုပ်နေတာ အခု ၉၀ ရာခိုင်နှုန်းကတော့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

ချစ်သူများနေ့ဆိုတာ


ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။
စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောင်္ကျားတွေကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ

“ထိုင်းစစ်စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်သွေးကြွများ သေဆုံး”


ထိုင်းနိုင်ငံတွင် စစ်တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးစားရင်း စစ်သွေးကြွ (၁၇)ဦးထက်မနည်း သတ်ဖြတ် သုတ်သင် ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်းစစ်ဘက်က နိုင်ငံ တောင်ပိုင်းရှိ ဘာသာရေး အစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ ဒေသတွင် စစ်တပ် အခြေစိုက် စခန်းတစ်ခုကို အင်နှင့်အားနှင့် ဝင်ရောက် စီးနင်းသော စစ်သွေးကြွများကို စစ်တပ်က ချေမှုန်းနိုင်ခဲ့ကြောင်း ကြေညာသွားသည်။ မလေးရှားနှင့် နယ်စပ်အနီးရှိ နာရာသီဝပ် ဒေသတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း စစ်သားများဘက်မှ အသေအပျောက် ရှိမရှိကိုမူ ထိုင်းစစ်တပ်က မကြေညာခဲ့ချေ။

တမူး တံတားဖောက်ခွဲမှု ကသည်းအဖွဲ့ UNLF တုံ့ပြန်



နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁ နာရီခန့်က မိုင်းခွဲ ဖျက်ဆီးမှုသည် မြန်မာအစိုးရသတင်းစာမှ စွပ်စွဲထားသလို ကသည်း(မဏိပူရ) သူပုန်အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း အဆိုပါ မဏိပူရသူပုန်အဖွဲ့ UNLF က သတင်းထုတ်ပြန် တုန့်ပြန် လိုက်သည်။

လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်းရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့် ဒေသခံအချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ စောစီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

မြန်မာဆီးဂိမ်းအပေါ် ဖိလစ်ပိုင်စိတ်ပျက်



ဖိလစ်ပိုင်အားကစားအဖွဲ့ချုပ် ဥက္ကဌ ရစ်ချီဂါစီယာအနေဖြင့် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းအပေါ် စိတ်ပျက်မိကြောင်းပြောကြားခဲ့သည်။
 
မြန်မာက ဆုတံဆိပ်များများရပြီး အဆင့်မြင့်မြင့်မရရအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်နေပါတယ်ဟု ၄င်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လူမဆန်သူများ၏ ပစ်မှတ်ဖြစ်လာသော ကလေးသူငယ်များ ၂၅ နာရီတိုင်း ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံနေရ


ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် မူလတန်းအရွယ် ကျောင်းသူ၊ ကျောင်းသားေ လးများ ကျောင်းတံခါးပေါက်ဆီ
အော်ဟစ်ခုန်ပေါက်ပြိုဆင်းလာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်

ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များအား hack လုပ်ခံရ

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များအား hack လုပ်ခံရကာ ၎င်းတို့အချင်းချင်းကြား ပေးပို့ထားသည့် အချက်အလက်အချို့ အင်တာနက်ပေါ်တွင် ထွက်ပေါ်လာပြီးနောက် ယခုအခါ အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားတွင် တွေ့ရသော နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်


မြန်မာအမျိုးသမီးတွေ လေးစားအတုယူ ဖွယ် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ဝတ်စားဆင် ယင်မှုနဲ့ အနုပညာရှင်တို့ရဲ့ အမြင်

ဖက်ရှင်ဆိုတဲ့ ခေတ်ရေစီးကြောင်းမှာစီးမျောလိုက်ပါကြတာ လူငယ်တွေကစလို့ဟိုးလူကြီးတွေအထိပါ စားဝတ် နေရေးဆိုတဲ့ စကားမှာဝတ်စားဆင်ယင်မှုက လူတစ်ေ ယာက်အတွက် သိပ်ကို အရေးကြီးလှပါတယ်။မြန်မာနိုင်ငံ လိုယဉ်ကျေးမှုနဲ့ဟီရိ ၊သြတ္တပ္ပတရားကြီးမားလှတဲ့နိုင်ငံမှာ ဝတ်စား ဆင်ယင်မှုကို ပိုပြီးအမြတ်တနိုးတန်ဖိုး ထား ကြပါတယ်။ ဒီနေ့ ခေတ်မြန်မာပရိသတ်တွေကြည့်ကြတဲ့ ကိုရီးယားဇာတ်လမ်း တွဲတွေပေါ်မှာသူတို့တွေဝတ်ဆင်တဲ့

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၇နာရီမှစ၍ သာကေတမြို့နယ်အတွင်းNLD လူငယ်များက စက်ဘီးစီးနင်းလှည့်လည်


“ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင်စစ်တပ်ထူထောင်မယ်ဆိုတာကိုတော့လက်မခံဘူး´´ပြည်ခိုင်ဖြိုးဒုဥက္ကဌ ဦးဌေးဦး နှင့်တွေ့ဆုံခြင်း

လက်ရှိဖြစ်ပွားလျက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိုဗ နှင့် အစိုးရတပ်မတော်ကြား ဖြစ်ပွား လျက်ရှိနေသော တိုင်းပွဲများအရေး၊ ယင်းတို့နှင့်ပတ်သက်၍ ပါတီများ၊ အဖွဲ့အစည်းများမှ သဘောထား ကြေညာချက်များအသီးသီး ထုတ်ပြန်နေကြခြင်းများ၊ တိုင်းရင်းသားအဖွဲ့များတောင်းဆိုသော ဖက်ဒရယ်နှင့် ယင်းသို့သော ကချင်အရေးကိစ်္စများအပေါ် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတစ်ဦးဖြစ်သော်လည်း လွှတ်တော်နိုင်ငံသား အခွင့်အရေးနှင့် ဒီမိုကရေစီရေးကော်မတီဥက်္ကဋ္ဌ ဦးဌေးဦးအား Hot News  သတင်းထောက်မှ ဆက်သွယ်၍ သဘောထားချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- လတ်တလောဖြစ်နေတဲ့ ကချင်အရေးကိစ္စတွေနဲ့ပတ်သက် ပြီး နိုင်ငံရေးအဖွဲ့အစည်းတွေက ကြေညာချက်တွေ၊ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတဲ့ အပေါ်မှာရော ဘယ်လိုသုံးသပ် ပါသလဲ။

အရက်ရောဆုံးသူဌေးစာရင်းမှာ Facebook တည်ထောင်သူ ပါဝင်

Facebook စတင်တည်ထောင်သူ မက် ဇက်ကာဘက် နဲ့ သူ့ရဲ့  ဇနီးဖြစ်သူ ချန်း တို့ ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၂ ရဲ့ အရက်ရောဆုံး အလှုရှင်စာရင်းထဲ ပါဝင်လာပါပြီ။
လူမှုရေးလုပ်ငန်း တွေမှာစိတ်ဝင်တစား ကူညီဆောင်ရွက်လာတဲ့ အသက် ၂၈ နှစ်အရွယ်ရှိ ဇက်ကာဘက် ဟာ လွန်ခဲ့တဲ့နှစ်ကမှ မင်္ဂလာဆောင်ခဲ့တာပါ။ 

ပြည်ထောင်စုနေ့ ညစာ စားပွဲ ကြည်နူးဖွယ် မြင်ကွင်းများ

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်အတွင်း လုပ်ပြနိုင်ကြောင်း SSA ပြော


၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်များက ပအို့ဝ် လက်နက်ကိုင် အဖွဲ့၏ မူးယစ်ဆေးချက်လုပ်သည့် စခန်းကို ဝင်ရောက်စီးနင်းပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများကို ပြသထားစဉ် (ဓာတ်ပုံ – RCSSANC.org)


တစ်ချိန်က မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပတ်သက်မှုရှိကြောင်း စွပ်စွဲခံခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း က ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မြန်မာအစိုးရနှင့် ပူးတွဲလုပ်ဆောင်ခွင့် ရရှိပါက ၆ နှစ်အတွင်းအကောင်အထည်ဖော်လုပ်ဆောင်ပြနိုင်ကြောင်း ပြောဆိုလိုက်သည်။

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ် နိုင်ငံတကာ ရှုတ်ချ

 မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု (၁၂၊၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

သတင်းထောက်များဆီ ရောက်လာတဲ့ state-sponsored attacked ဆိုတာ ဘာလဲ


*****Warning: We believe state-sponsored attackers may be attempting to compromise your account or computer."*****

အခုတလော FB က သတင်းPageတွေ တစ်ချို့

Hack ခံလိုက်ရပါတယ်။ Eg. The Voice Page

အဲဒီ နောက်ပိုင်းမှာ သတင်း Web Site တစ်ချို့က

Admin နဲ့ တစ်ချို့ ရဲ့ Gmail ကို Gmail ရဲ့သတိပေးချက်

ဖြစ်တဲ့ ===>