Wednesday, March 6, 2013

ပြည်သူများ အမြင်မကျယ်သေးသည့်အတွက် အချို့နေရာများတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေရကြောင်း သာသနာရေးဝန်ကြီးပြော

 
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံး၍ သွားနေသောနိုင်ငံတစ်နိုင်ငံဖြစ်နေသော်လည်း ၊ ပြည်သူများ၏ အမြင်မကျယ်မှု ၊ ဘာသာရေးအစွဲအလမ်းကြီးမှု ၊ အယူသီးမှုများကြောင့် အချို့သောနေရာများတွင် အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရကြောင်း သာသနာရေး ၀န်ကြီးဦးဆန်းဆင့်က ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံရမှုအပေါ် ဦးခင်မောင်ရှိန် ပြန်လည်ရှင်းလင်း


politic-10-March6ဦးခင်မောင်ရှိန်က မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်
NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရမှုနှင့် စပ်လျဉ်း၍ ရပ်စဲခံရသူ တစ်ဦးဖြစ်သူ ဦးခင်မောင်ရှိန်က ရန်ကုန်မြို့တွင် မတ် ၆ ရက်က ပြန်လည်ရှင်းလင်းခဲ့သည်။
ဦးခင်မောင်ရှိန်က ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်၏ စွပ်စွဲမှုများမှာ မှန်ကန်မှုမရှိကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

ရန်ကုန်ကားသင်္ချိုင်း မီးလောင်မှုဖြစ်

  ရန်ကုန်မြို့ ကားသင်္ချိုင်းမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ရန်ကုန်မြို့ဒေသအသီးသီးက မီးသတ်ကားအများအပြား သွားရောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။  အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံမှာ သံရေကျိုဖို့ စုပုံထားတဲ့ ကားဟောင်းတွေကို လောင်ကျွမ်းတာပါ။  ဒီကားတွေက

ဓာတ်အားပေးစက်ရုံအနီး ဓာတ်လိုက်ပြီး မိန်းကလေးငယ်တဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဓာတ်အားပေး စက်ရုံအနီးဖြတ်သန်းသွားတဲ့ သားအဖ ၂ ဦး ဓာတ်လိုက်ခံရပြီး အသက် ၉ နှစ်ရွယ် သမီးဖြစ်သူက ပွဲချင်းပြီး သေဆုံးခဲ့ပါတယ် ။

ကော့သောင်းမြို့ သီရီမြိုင်ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမှာနေထိုင်တဲ့ ဦးဝင်းစိန် နဲ့ သမီးဖြစ်သူ မလှိုင်သက်ထွေးတို့ဟာ ဒီကနေ့မနက် ၇ နာရီလောက်က နံနက်ခင်းလမ်းလျှောက်ရင်း ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတခုရဲ့ ဓာတ်တိုင်မှာ ဓာတ်လိုက်ခံခဲ့ရ တာဖြစ်ပါတယ်။

အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င်ကာမစိတ်ကြွဆေးရောင်းချမှုဖြင့် အရေးယူ



စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာတို့မှ တာဝန်ကျဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဒီမိုကရေစီ အသိုက်အ၀န်း ၀န်ကြီး အဆင့် ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်မည်

 

 

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ကျင်းပမည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ အသိုက်အ၀န်း ၀န်ကြီးအဆင့် ညီလာခံ သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း သတင်းရသည်။ မွန်ဂိုလီးယား အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ ဆိုင် ရာ သမ္မတ အကြံပေး L.Purevsuren နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး တို့ ဦးဆောင်သည့်

ကွန်တိန်နာများ အကောက်ခွန်ဌာန မဲနှိုက် စစ်ဆေးတော့မည်

ကွန်တိန်နာများကို မဲနှိုက်ဖွင့်ဖောက် စစ်ဆေးသည့် စနစ်ကို Risk Management ဟု အမည်ပေးထားသည် (ဓာတ်ပုံ – Reuters)


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနက ဆိပ်ကမ်းများတွင် သွင်းကုန်နှင့် ပို့ကုန်ပစ္စည်းများပါဝင်သော  ကွန်တိန်နာများအားလုံးကို မစစ်ဆေးတော့ဘဲ  မဲနှိုက်ပြီး မဲပေါက်သော ကွန်တိန်နာအချို့ကိုသာလျှင် စစ်ဆေးသော စနစ်ကို ယခုမတ်လ ၄ ရက်နေ့မှ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရှိသည်။

နွေရာသီမှာ ခရမ်းလွန်ရောင်ခြည် အန္တရယ် သတိပြု

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက်လျက်ရှိ၊ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံချို့ တဲ့သော ရောဂါများ ဖြစ်ပွားနိုင်


ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက်လျက်ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောကြားလိုက်ပါတယ်။

မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း Aristolochic Acid ပါဝင်နေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိ

3.6.3



ဣဿရမူလီ ဆေးရွက်ကို တွေ့ရစဉ်
မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Aristolochic Acid ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပြီး ယင်းဆေးပင်ကို စားသုံးခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေရှိ-မရှိ စစ်ဆေးခဲ့ရာ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်ပေါ်စေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးအဆိပ် သုတေသနဌာနမှ ဒေါက်တာခင်ချစ်က ပြောသည်။

"ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီတွင် ဖျက်ပြီ"


၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ဧပြီလတွင်ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။ အစိုးရစရိတ်ဖြင့်ပြည်ပထွက်ခွာသူမှလွဲ၍ မည်သည့် ခရီးသည်မဆို

အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်ရှိ သံမဏိစက်ရုံ မီးလောင်မှု့ ဖြစ်ပွားနေ


ဒီချုပ်ကိုယ်စားလှယ် ဦးဇေယျာသော် အသည်းရောင် အသားဝါ( စီပိုး) ရောက်ဂါဖြစ်နေ

ဒီချုပ်ကိုယ်စားလှယ် ဦးဇေယျာသော် အသည်းကျန်းမာရေးကြောင့် လွှတ်တော်အစည်းအဝေး မတက်နိုင်တော့



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် (ခ)ဦးဖြိုးဇေယျာသော်သည် ကျန်းမာရေးကြောင့် ယခုကျင်းပ နေသော ပထမအကြိမ် ဆဋ္ဌမပုံမှန် လွှတ်တော်အစည်းအဝေးမှ အနားယူထားရကြောင်း သိရသည်။

''ကျန်းမာရေးကြောင့် အနားယူထားတာပါ။ စီပိုး နည်းနည်းများလာ တဲ့အတွက် ကြောင့်ပါ။ ကြီးကြီးမားမား တော့ မရှိပါဘူး၊ နားနား နေနေနဲ့ အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ'' ဟု ဦးဇေယျာသော်ကပြောသည်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ သမ္မတထံတင်ပြရန် အဆင်သင့်ဖြစ်နေ


လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
အစီရင်ခံစာအား အပြီးသတ်ပြီး ဖြစ်သော်လည်း နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြရမည်ဖြစ်၍ သမ္မတ၏ ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိပါက တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကိုပါ တစ်ပါတည်း အသိပေးတင်ပြသွားမည်ဟုလည်း ၎င်းက ပြောသည်။

ပြည်သူ့ရင်ပြင်ကစားကွင်းအတွင်း အမျိုးသားတစ်ဦးအား မူးယစ်လူငယ် တစ်စု အကြောင်းမဲ့ရန်စ၊ ရဲစခန်းဝင်းအတွင်းထိဝင်ရောက်ရိုက်နှက်

အများပြည်သူ အပန်းဖြေအနားယူသည့်ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စုက အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦး အား မူးယစ်ရမ်းကား ရန်စတိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

"ဒီချုပ်ပါတီဝင်လေးဦးအား ညီလာခံကိုယ်စားလှယ်တာဝန်မှ ရပ်စဲ"


နေပြည်တော်၊ မတ် ၅

ပါတီတွင်း ညီညွတ်ရေးပြိုကွဲစေသောလှုပ်ရှားမှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း ဒီချုပ်မှ သတင်းထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲစေသောအပြုအမူ၊ အပြောအဆိုနှင့် လှုပ်ရှားမှုများပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသဖြင့် ယခုလ ၈ ရက်၊ ၉ ရက်နှင့် ၁ဝ

မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်


အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန် တစ်ပတ်ကြာခရီး လာရောက်ခဲ့ကြောင်း

နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့

ရန်ကုန်၊ မတ်-၎

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်တိုင်းစစ် ဌာနချုပ် နယ်မြေအနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်သော ရွှေကြောများရှိနေကြောင်း ဘူမိဗေဒ ပညာရှင်ဦးစိုးသိန်းက ပြောသည်။
ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလက ယင်းနယ်မြေတွင် သရက်ခုံ ရွှေကြောတစ်ခုရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရွှေထုတ်လုပ်သည့် စက်ရုံဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရုတ် သံအမတ်နှင့် ဇနီးလာတွေ့ဆုံ

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဆီကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ လီကျင်ဟွာနဲ့ ဇနီးသည်တို့ဟာ ယမန်နေ့ ညနေ ၆ နာရီခွဲလောက်က နေပြည်တော် ရှိ ရွှေမြန်မာ ဟော်တယ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။   အခုလို တရုတ် သံအမတ်ကြီးတို့

မြန်မာပုံနှိပ်ဥပဒေမူကြမ်း ခြေလှမ်းပြန်ဆုတ်ရာရောက်

မြန်မာနိုင်ငံ မီဒီယာ ဥပဒေသစ် တရပ်ကို အခု လွှတ်တော် မှာ ဆွေးနွေးဆုံးဖြတ်ဖို့ အစိုးရက တင်သွင်းထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်ကပဲ ဆင်ဆာ ဖြတ်တောက်မှုကို ဖျက်သိမ်းလိုက်တာကြောင့် သတင်းမီဒီယာနဲ့ ပတ်သက်လို့ တိုးတက်မှု မြင်လာရပေမဲ့၊ အခု ဒီဥပဒေကြမ်းဟာ အခြေအနေတွေကို သိသိသာသာ နောက်ပြန် လှည့်သွားစေတဲ့ ခြေတလှမ်းဖြစ်တယ်လို့

ကရင်ပြည်နယ်တွင်း မြေယာသိမ်းခံရမှု ပြဿနာကြီးထွား

မြန်မာနိုင်ငံအရှေ့ပိုင်း တိုင်းရင်းသားဒေသတွေမှာ မတရားမြေယာ အသိမ်းခံရမှုတွေဟာ အဓိကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။ KHRG လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဖွဲ့ရဲ့ တနှစ်တာ အစီရင်ခံစာ