Tuesday, March 12, 2013

KIO နှင့် UNFC တို့ ရွှေလီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ အိမ်ရှင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်တွင် မထည့်သွင်းနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်မည်ဟု သိရ

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့သည့်မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်(Jind Cheng) ဟိုတယ်တွင် တွေ့ဆုံခဲ့ကာ မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာ၏ ပြောကြားချက်အရ သိရှိရပါသည်။

'ရန်ကုန်ဟာ တကယ်ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေ အားလုံး ရှိနေပါတယ်'


ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ကိုလိုနီခေတ်လက်ရာ အ၊ဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ရန်ကုန်မြို့ရှိ ကိုလိုနီဗိသုကာလက်ရာ အဆောက်အအုံများကို စနစ်တကျ ပြန်လည်ပြုပြင်
ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် Yangon Heritage Trust (YHT) အား
တည်ထောင်သူတစ်ဦးဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးအား လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ
နှင့် ပတ်သက်ပြီး မြန်မာတိုင်း(မ်)က မေးမြန်းထားသည်။

သျှမ်း - ကယား ညီလာခံ UWSP/UWSA တက်မည်

Trust-Building-for-Peace-2

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လာမည့်အပတ်အတွင်းကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ သျှမ်း -ကယားညီလာခံအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ကိုယ်စားလှယ်တက် ရောက်မည်ဟု စုံစမ်းသိရှိရပါသည်။
သျှမ်း- ကယား ညီလာခံ ဖိတ်စာ
 
“လားရှိုးမှာ ကျင်းပမယ့် သျှမ်း - ကယား ဆွေးနွေးပွဲအတွက် ကျနော်တို့ ၂၅ ဖွဲ့ဖိတ်ထားတယ်။ အခု ပထမဦးဆုံး တက်မယ့်သူနာမည် စာရင်းတင်လာတာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် က၊ နှစ်ယောက်လာတယ်မယ်။ တက်မယ့်သူတွေ တော်တော်များများ စာရင်းရောက်နေပါပြီ” ဟု သျှမ်း - ကယား ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

  | |

မြန်မာနိုင်ငံက အကျဉ်းသား ရဲဘက်တချို့ (ဓာတ်ပုံ – japanfocus)


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ ဘန်းကန် ရဲဘက်စခန်းမှ ရဲဘက် ၈ ဦး အုပ်စုလိုက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးသူ တရားခံများကို ပူးပေါင်း ရှာဖွေပေးခဲ့ရသည့် ရပ်စောက်မြို့နယ် ရဲစခန်းက ပြောသည်။

မြန်မာကို နမူနာအဖြစ် ကြည့်သင့်ကြောင်း မြောက်ကိုရီးယားကို အမေရိကန်အကြံပေးပုဂ္ဂိုလ် တိုက်တွန်း

မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၏ ခွင့်လွှတ်လိုသည့် စိတ်ဆန္ဒနှင့် ဆက်ဆံရေးခေတ်သစ်တည်ဆောက်လိုသည့် သက်သေပြချက် အဖြစ် မြန်မာကို နမူနာအဖြစ်ကြည့်သင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ် ဒွန်နီလွန်က ပြောကြားလိုက်သည်။

ဦးရဲထွဋ် ပြောထားတဲ့ မိုဘိုင်းဖုန်း ဆင်းကတ်အကြောင်း

 
 
မိုဘိုင်း တယ်လီဖုန်းကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရှင်းလင်းထားပါတယ်။    "သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း

ချာဗက်ဇ်၏မိခင်ကို ပွေ့ဖက်မိသဖြင့် အီရန်သမ္မတ ပြည်တွင်းဝေဖန်မှုများကြုံ

ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်ဇ်၏ မိခင်ကို ပွေ့ဖက်မိခြင်းကြောင့် အီရန် သမ္မတ မာမွတ် အမာဒီနီဂျက်တစ်ယောက် ပြည်တွင်းတွင် ဝေဖန် ထိုးနှက်မှုများနှင့် ရင်ဆိုင်နေရသည်။ အီရန် သမ္မတသည် ကွယ်လွန်သူ ချားဗက်ဇ်၏ မိခင်ကို နှစ်သိမ့်သည့် အနေဖြင့် ပွေ့ဖက်ကာ နှစ်သိမ့် စကားပြောနေသည့် ဓာတ်ပုံများကို သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်က အမာဒီနီဂျက် လုပ်ဆောင်သော ကိစ္စသည် ဘာသာရေးအရ လက်ခံနိုင်စရာ မရှိဟု အင်တာနက်တွင် ဝေဖန်မှုများ ပျံ့နှံ့လျှက် ရှိသည်။

ဆံပင်ဆိုးဆေးကြောင့် ဆံသားပျက်စီးရုံမျှမက သွေးကင်ဆာအထိ ဖြစ်နိုင်


 


  ဆံပင်ဆိုးဆေးကို ကာလကြာရှည်စွာ အသုံးပြုခြင်း ၊ မကြာခဏအရောင်အရင့်ဆံပင်ဆိုးဆေးများ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမက သာမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်အချို့၏ သုံးသပ်ပြောဆိုမှု အရ သိရှိရသည်။