Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဝင်သော ရွာများသို့ သွားရောက်ရာလမ်းရှိ ပုသိမ်-မုံရွာလမ်းဆုံနှင့် ကျော်ရွာအကြားတွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ

တိုင်းပြည်အကျိုးစီးပွားအတွက် ကော်မရှင်ကို ဦးဆောင်ခဲ့တာဖြစ်ကြောင်း ပြော



လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်မှာ တာဝန်ယူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည်သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက်  ပြောကြားလိုက်ပါတယ်။

သမိုင်းကပြောလာတယ်။ ရိုဟင်ဂျာမရှိဘူး


w1-12-3-13၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဌာနေ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်မှုတွေနဲ့အတူ နိုင်ငံတကာကလည်း မြန်မာနိုင်ငံနဲ့ ရခိုင် လူမျိုးအပေါ် ပိုမိုအာရုံစိုက်လာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် 'ရိုဟင်ဂျာ' ဆိုတဲ့စကားလုံးမှာလည်း

ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်သောင်းကျော် ပါတီသစ်တည်ထောင်ဖွယ်ရှိ




ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီအဖွဲ့ဝင် တစ်သောင်းကျော် သည် ပါတီမှ မတ်လ ၈ရက်နေ့တွင် နုတ်ထွက်ကြပြီးနောက် တိုင်းရင်းသားပါတီသစ်တစ်ခု တည်ထောင်သွား ဖွယ်ရှိမည်ဟု စုံစမ်းသိရှိရသည်။

ယနေ့ညနေတွင် မုံရွာမှာ လက်ပတောင်း အစီရင်ခံစာ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မုံရွာမြို့ ၀င်းယူနတီဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု မုံရွာ NLD ပြန်ကြားရေးထံမှ သိရကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နေ့လည် ၁၁ နာရီ မိနစ် ၃၀ ခန့်က မုံရွာမြို့အတွင်းသို့ ၀င်ရောက်လာပြီဖြစ်ကြောင်းသိရသည်

နိုင်ငံဝန်ထမ်းများ လစာ တိုးမြှင့်ပေးတော့မည်ဟု သမ္မတပြော


နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းချေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက လာမယ့် ဘဏ္ဍာနှစ်သစ်မှာ တိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။