Tuesday, April 2, 2013

တာချီလိတ်မြို့နယ်တွင် စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများ သိမ်းဆည်းရမိ

Photo: တာချီလိတ်မြို့နယ်တွင် စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများ သိမ်းဆည်းရမိ

Tuesday, 02 April 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ကျေးရွာအုပ်စု၊ ဟွေလှေလန် ကျေးရွာအနီးတွင် မတ်လ(၃၁)ရက်နေ့က စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများကို အစိုးရနယ်မြေခံတပ်မှ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ(၃၁) ရက်နေ့ မနက်ပိုင်းတွင် ၀ါးခုတ်သွားသော ဟွေလှေလန်ရွာသားတစ်ဦး၏ သတင်းပေးချက် အရ နယ်မြေခံတပ်ရင်းမှ ရွာသားများနှင့်အတူ သွားရောက်ရှာဖွေရာမှ ဟွေလှေလန်ရွာအနီးရှိ ၀ါးတောထဲတွင် ကြွပ်ကြွပ်အိတ်(အမဲရောင်)ဖြင့် ထုပ်ပိုးပြီး မုန့်ပုံးအခွန်များအတွင်း ထည့်ထားသော ထိုင်းနိုင်ငံလုပ် ကျည်ဆံ မျိုးစုံ (၇၀၀)ကျော်နှင့် အသံတိတ်ပြောင်းကိရိယာ(၁)ခုတို့ ရှာဖွေသိမ်းဆည်း ရမိခဲ့ပါသည်။
ကျည်ဆံ မျိုးစုံနှင့် အသံတိတ်ပြောင်းကိရိယာ
ဒေသခံရွာသားများမှ သိမ်းဆည်းရမိသော ကျည်ဆံများမှာ စိုင်းနော်ခမ်း လက်ကျန်အဖွဲ့၏ ပစ္စည်း များဖြစ်ကြောင်းအခိုင်အမာ ပြောဆိုနေကြသည်ဟုသိရသည်။စိုင်းနော်ခမ်းသည်ယခင်က ဟွေလှေလန်
ကျေးရွာအနီး ပတ်ဝန်းကျင်တွင် လှုပ်ရှားသောအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း၊ ၎င်းအား တရုတ်နိုင်ငံ သား စက်လှေသမား(၁၃)ဦးအား မဲခေါင်မြစ်အတွင်း သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံက ဆေးထိုးသတ် ခဲ့ကြောင်း၊ စိုင်းနော်ခမ်း၏ လက်အောက်ခံ စိုင်းအောင်မြတ်သည် လက်နက်ချအလင်းဝင်သွား ပြီဖြစ်သော်လည်း အချို့အဖွဲ့ဝင်များမှာ တောထဲ၌ကျန်နေသေးကြောင်း သိရှိရပါသည်။

ယခုသိမ်းဆည်းရမိသော ကျည်ဆံများကဲ့သို့ ဟွေလှေလန်ကျေးရွာ အနီးတ၀ိုက်၌ စိုင်းနော်ခမ်း လက်ကျန် အဖွဲ့ များ၏ လက်နက်ခဲယမ်းများ ကျန်ရှိနေသေးကြောင်းနှင့် လက်ကျန်အဖွဲ့များ အမှန် တကယ်ရှိနေပါက ယခင်ကဲ့သို့ မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်နေကြမည် ကို ဒေသခံများ က ကြောက်ရွံ့ထိတ်လန့်နေကြ ကြောင်း ဟွေလှေလန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

Shan News
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ကျေးရွာ အုပ်စု ၊ ဟွေလှေလန် ကျေးရွာအနီးတွင် မတ်လ(၃၁)ရက်နေ့က စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများကို အစိုးရနယ်မြေခံတပ်မှ သိမ်း ဆည်း ရမိခဲ့ကြောင်း သိရသည်။

ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"

Photo: ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"

Tuesday, April 2, 2013

ဗိုလ်တစ်ထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု နှင့် ပတ်သက်၍ ကောလဟာလ သတင်းများထွက်ပေါ်နေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ညနေ ၅ နာရီ ၃၀ ခန့်တွင် ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်လိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှုးတို့မှ အခင်းဖြစ်ပွားရာတွင် ဗလီဆရာဦးဇေယျာဖြိုးမှ လုပ်ကြံဖန်တီးထွက်ဆိုမှု ကြောင့်
ကောလဟာလသတင်းများထွက်ရှိခဲ့ကြောင်း ၊ယခုအခါ စစ်ဆေးချက်များအရ အဖြစ်မှန်ကို သိရှိနေရပြီဖြစ်ကြောင်းပြောကြားကြသည်။

"တကယ်တမ်းစပြီးတော့ မီးအားမြင့်စက်အသံမြည် တယ်။ခလေးတွေက နိုး တယ် နောက်တော့ ဗလီဆရာကို နိုးတော့ မနိုးဘူးလို့ သိရတယ်။

မီးပြတ်ရင် စက်ရှိတယ် တဲ့။တရုတ်နီ ၂၅ ကောင်အား ဒီဇယ်သုံးတာပါ။ လှေခါးရဲ့အောက်မီအားမြင့်စက်အောက်မှာ ဒီဇယ်ပုံးရှိပါတယ်။

ဒီဇယ်ဆွတ်ထားတဲ့ စောင်ကို
ဖြန့်ပြီးပစ်မလား၊ထွက်ဆိုချက်တွေ လွဲနေပြီ ဆိုတော့ မှ ၀န်ခံပါတယ်။

ခလေးတွေ ကပြော တယ်။လှေကားအောက် မီးအားမြင့်စက်နားမှာ ဒီဇယ်ပုံး ထားတာပါ။

၅ ဂါလံပုံးက ဒီအထဲကိုရောက်နေမလား။

သူ့ကြောင့် ခလေးတွေ ဆုံးတာကို တမင် လွဲပြောထားတာ။

၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

AH(NYK)
popular myanmar news  journal
ဗိုလ်တစ်ထောင်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု နှင့် ပတ်သက် ၍ ကောလဟာလ သတင်းများထွက်ပေါ်နေမှုကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယနေ့ ညနေ ၅ နာရီ ၃၀ ခန့်တွင် ဒုတိယအကြိမ် သတင်းစာ ရှင်းလင်း ပွဲပြု လုပ်လိုက်သည်။
အဆိုပါ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့မှုးတို့မှ အခင်းဖြစ် ပွားရာတွင် ဗလီဆရာဦးဇေယျာဖြိုးမှ လုပ်ကြံဖန်တီး ထွက် ဆိုမှု ကြောင့် ကောလဟာလသတင်းများထွက်ရှိခဲ့ကြောင်း ၊ယခုအခါ

သမ္မတထံတိုင်ကြားခံရသည့် အရာရှိ ၆၀ ကျော်ကို အရေးယူ


သမ္မတထံတိုင်ကြားခံရသည့် အရာရှိ ၆၀ ကျော်ကို အရေးယူ
Tuesday, April 2, 2013

အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများအရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေးအရေးယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းအရာရှိများ အနက် အရာရှိအချို့ကို အငြိမ်းစားပေးခြင်းဖြင့် အရေးယူပြီး ကျန်အရာရှိများကိုမူ အခြား ဌာနဆိုင်ရာများ သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြင့် အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
"တချို့က နိုင်ငံတော်သမ္မတရဲ့ Reform Strategy အရ ဌာနပြောင်းတာ ရှိတယ်။ အတော်များများ လာဘ်စားမှု ရှိတယ်လို့ တိုင်ကြားခံရလို့ အရေးယူတာ" ဟု အဆိုပါ နိုင်ငံတော်သမ္မတ၏ စီးပွားရေး
လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်က ပြောကြားသည်။

အပြစ်ပေး အရေးယူခံရသည့် အဆင့်မြင့်အရာရှိများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန တို့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင် နေသူများပါဝင်ကြောင်း နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူများက ဆိုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေသော နိုင်ငံ့ဝန်ထမ်း များကို အရေးယူသင့်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ အရေးယူ သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အကြံပြုသည်။
"အချိန်မီ သတင်းထုတ်ပြန်ပေးဖို့လည်း လိုတယ်" ဟု ၄င်းကဆိုသည်။

နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စနစ်ဟောင်းမှမပြောင်းလို သူများနှင့် အသွင်ကူးပြောင်းရေးကို မလိုက်နိုင်သူများကို ချန်ထားရစ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

စီးပွားရေးလုပ်ငန်းရှင်များက သက်သေနှင့်တကွ တိုင်ကြားသောကြောင့် အကောက်ခွန်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ညွှန်ကြားရေးမှူး နှစ်ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၃၃ ဦးကို ယခုနှစ် ဇန်နဝါရီလ အတွင်း အပြစ်ပေး အရေးယူခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားထားသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပင်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးဟောင်းအပါအဝင် အဆင့်မြင့်အရာရှိ ခုနစ်ဦးကို နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု
အရေးယူဆောင်ရွက်ရေး ကော်မတီတို့က ခေါ်ယူစစ်ဆေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားအစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဆင့်မြင့်အရာရှိ ကိုးဦးပါဝင်သော လာဘ်ပေးလာဘ် ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
The Voice Weekly အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့် အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြား စာများ အရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေး အရေးယူ လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းအရာရှိများအနက် အရာရှိအချို့ကို အငြိမ်းစားပေးခြင်းဖြင့် အရေး

စင်ကာပူသမ္မတနှင့်အဖွဲ့ မန္တလေးဆေးရုံ လေ့လာ

ပညာရှင်၈ယောက်အား လာရောက်အားပေးခြင်းဖြစ်သည်ဟု မန္တလေးကုတင်၅၅၀ဆန့် ကလေးဆေးရုံအုပ်ကပြောသည်။ သင်တန်းက ဧပြီ၁ရက်နေ့ကစတာ ၃ရက်နေ့မှာပြီးမှာ

၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထား

၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်
ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထားကြောင်း ဧပြီ ၂ ရက်နေ့ နေ့လည်ပိုင်းက  ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးမြင့်အေးက ပြောသည်။

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

Photo: မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

Tuesday, April 2, 2013
မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄  ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။

ဆုဝေ
မြန်မာ့ခေတ် မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့် က ပြော ကြားသည်။
“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီး ပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို

အာရဗီစာသင်ကျောင်း မီးလောင်မှုကြောင့် သေဆုံးသူများအား ရေဝေးသုသာန်သို့ ပို့ဆောင်

Photo: အာရဗီစာသင်ကျောင်း မီးလောင်မှုကြောင့် သေဆုံးသူများအား ရေဝေးသုသာန်သို့ ပို့ဆောင်
Tuesday, April 2, 2013

(၄၈) လမ်း အာရဗီစာသင်ကျောင်းမီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သည့် ကျောင်းသားများ၏ အသုဘအခမ်းအနားကို ယနေ့ညနေပိုင်းက ရေဝေးသုသာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

စာသင်ကျောင်းမီးလောင်မှုကိစ္စနှင့်ပတ်သက်၍ စုံးစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ ဖွဲ့စည်းသင့်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ယနေ့နေ့လည် ၃နာရီခန့်က မီးလောင်၍ သေဆုံးသော ကျောင်းသားများ၏ အသုဘအခမ်းအနား၌ အကြံပြုပြောကြားခဲ့သည်။

“အဖြေကတော့ရှာရတာပဲဗျ၊ အခုလိုအချိန်အခါမျိုးကြတော့ ပိုဆိုးတယ်၊ ပိုဆိုးတယ် ဆိုတာကရောထွေးနေတာ သာမန်ဝါယာရှော့ဖြစ်လို့လောင်တယ်ပဲထား အပြင်သတင်းတွေက အမျိုးစုံထွက်နေတာ အတည်ယူလို့ရတဲ့ ဟာရှိသလို အတည်ယူလို့မရတဲ့ဟာလည်းရှိတယ် သတင်းတွေနောက်မှာပဲလူတွေက ကောလဟာလနဲ့ ရှုပ်ထွေးနေတယ် အစိုးရအနေနဲ့ကော်မရှင်ဖွဲ့သင့်တယ်၊ ဖွဲ့မယ်လို့လည်း ကျွန်တော်ကြားထားတယ်။” ဟု ကိုမြအေးကပြောသည်။

ဧပြီလ ၂ရက်နေ့၌ မီးလောင်ကျွမ်းမှုစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းခဲ့ကြောင်းကိုလည်း သိရသည်။

ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်ရှိ ဗလီကျောင်းသည် အင်္ဂါနေ့မနက်စောစောပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အာရဗီကျောင်းသား(၁၄)ဦး သေးဆုံးခဲ့ကာ ညနေပိုင်းတွင် အသုဘအခမ်းအနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ အစ္စလာမ်ဘာသာဝင် သိန်းဂဏန်းခန့်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ လာရောက်ပို့ဆောင်ခဲ့ကြသည်။

ကျောင်းသားများသေသည့်ကိစ္စနှင့်ပတ်သက်၍ အသုဘပို့သူတစ်ဦးမှလည်း ကျောင်းမီးလောင်ခြင်း၏ အဓိကတရားခံကို အစိုးရအနေနှင့် အမြန်ဆုံအရေးယူဆောင်ရွက်သင့်ကြောင်းအကြံပြုပြောကြားခဲ့သည်။

“ကျွန်မနဲ့တော့ဘာမှအမျိုးမတော်ပါဘူး၊ ကိုယ့်အစ္စလာမ်အချင်းချင်းမို့လို့ပါ၊ ဒီကလေးတွေက အပြစ်မဲ့တဲ့ ကလေးတွေပါ၊ ကျွန်မကတော့ အပြစ်ရှိတဲ့လူကို အစိုးရအနေနဲ့ ချက်ခြင်းအရေးယူပေးစေချင်တယ်” ဟု အသုဘလိုက်ပို့သူတစ်ဦးက ပြောကြားခဲ့သည်။

Myit Makha Mediagroup (၄၈) လမ်း အာရဗီစာသင်ကျောင်းမီးလောင်ကျွမ်း မှုကြောင့် သေဆုံး ခဲ့သည့် ကျောင်းသားများ၏ အသုဘအခမ်းအနားကို ယနေ့ညနေ ပိုင်း က ရေဝေးသုသာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
စာသင်ကျောင်းမီးလောင်မှု ကိစ္စနှင့်ပတ်သက်၍ စုံးစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်းသင့်သည်ဟု ၈၈ မျိုး ဆက်ကျောင်းသား ကိုမြအေးက ယနေ့နေ့လည် ၃နာရီခန့်က မီးလောင်၍ သေဆုံးသော ကျောင်းသားများ၏ အသုဘအခမ်းအနား၌ အကြံပြုပြောကြားခဲ့သည်။

ရေကျော် ဗလီမီးလောင်မှု မှာ အဓိက တာဝန်ရှိသူနှစ်ဦးမှာ ဗလီဆရာနှစ်ယောက်ဖြစ်

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ရေကျော်ဗလီ မီးလောင်မှုနှင့် စပ်ဆက်ပြီး ထွက်ပေါ်နေသည့် ကောလာဟလများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၂ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းပွဲတွင် မီးလောင် ကျွမ်းမှုသည် ပြင်ပတွင် ကောလာ ဟလများ ထွက်ပေါ် နေသကဲ့သို့ တစ်စုံ တစ်ယောက်မှ မီးရှို့ခဲ့ခြင်း မဟုတ်ဘဲ ဗလီအတွင်းရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားနေစဉ် အချိန်တွင် ရေကျော် ဗလီအတွင်း၌ ဗလီဆရာ နှစ်ဦး ရှိနေကြောင်း၊ ထို့ကြောင့် အဓိက တာဝန်ရှိသူမှာ ထိုနှစ်ဦးသာ ဖြစ်ကြောင်း၊ တာဝန်ရှိသူများက စစ်ဆေးရာတွင် ပြင်ပ တစ်စုံတစ်ယောက်မှ ဝင်ရောက်မီးရှို့ခြင်း မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းထောက်များအား ပြောကြားခဲ့သည်။
EMG

ကိုအောင်နိုင်ဦးပြောပြသော ငရဲပြည်အတွေ့အကြုံ

Photo: ကိုအောင်နိုင်ဦးပြောပြသော ငရဲပြည်အတွေ့အကြုံ

ဧပြီလ ၂ ရက် ၂၀၁၃

မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့ တတ်ကြ သည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်း အယောင် ဆောင် ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကော သလမင်းကြီး သည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ် မာသော အကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင် ကို မျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရ သည်။

ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွား ခဲ့တဲ့ အကြောင်း တစ်နေ့ ကပဲ ဆရာတော် ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင် များရဲ့ တိုက် တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည် အကြောင်း ပြန်ပြောပြ မှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးက လွတ်အောင် မကောင်းမှုတွေ ကိုရှောင်၊  .ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက် ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွား ခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။

ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီး ကိုသာ တွေ့မြင် ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျ သွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက် လာကြပါတော့တ ယ်။ ကျနော်ပြေး ရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက် လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက် အားလန့် အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြော င်ဝတ် ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင် စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါ တယ်။ အောင်နိုင်ဦး ပါဆိုတော့ ကျနော့် ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေ ကို လည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ် ချင်း အောင်ကျော်ဦး ကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက် ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေ ကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြ တာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရ မလားမသိ ပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာ ကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်း ထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ် ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေ ကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့ ပိုပြီးတော့ ကြောက် စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။ နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေ ဟာ အတုန်းအရုန်းလူး လဲအော် ဟစ် နေကြ တာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့် တုန်းကြီးတွေ နဲ့ သူ တို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာ လိုက်၊ ပြန်ခံ ရလိုက်နဲ့ တကယ်ကို ကြောက် စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့ မယ်လို့ ဆိုပါ တယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ် ကြတုန်း မှာ အဝတ်ဖြူ ဝတ် သူတော်စင်ကြီးတစ်ယောက် ကို တွေ့ခဲ့ရ ပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက် အတွင်း အသက်လည်း မရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့် လက်ချောင်း .လေးတွေ ကတော့ ခုနစ်ရက်လုံး လုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက် တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့် အမေက ဆို “လက်တွေ မညောင်းဘူးလား သားရယ်” လို့တောင် မေး ပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေ ခဲ့တော့ လေသံ သဲ့သဲ့လေး နဲ့ပဲ ပြောနိုင်ပါတော့ တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံ ရ တာဖြစ်ကြောင်း၊ လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက် တဲ့ အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန် မပြောဖို့ ပြော ပါတယ်။ မတော်ရင် တရားစွဲခံ ရနိုင်တယ်လို့လည်း ပြောကြတဲ့ အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေ တဲ့အ တွက်ရော၊ အောင် .ကျော်ဦး အကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင် ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင် .ကျော်ဦး တစ်ယောက် ထမင်းစားနေ ရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါး သွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံး ကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေး ကလွတ်အောင် ကြိုးစားနိုင်ကြ ပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။ ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေ ပါ။
ယောဂီတစ်ဦး။ ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။ ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ် သူတစ်ဦးဦး ရဲ့ နေရာဗိ မာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော် ရဲ့ဝိဉာဏ်ကရောက် သွားတာလား၊ စိတ် ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။ ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ် ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ် လို့ ပြောရ မှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာ အလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။ ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ် လို့ ပြောခဲ့တဲ့ သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ် မျိုး ဖြစ်နိုင်ပါမလဲဘုရား။

စာရေးသူ ။ ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်း ဝင်၊ ယောဂီ ကိုအောင်နိုင်ဦး ၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ် ကျအာင် ပြန်လည် .ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူ ဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

From: မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့ တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ် တိုင်တိုင်ဆွံ့ထိုင်း အယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကော သလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏ အကျယ် တဝင့်ဟောပြမှုကြောင့် ယုတ်မာသော အကြံဆိုးကို စွန့်လွှတ် ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရ ဖူးသူ တစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရ သည်။

SSA (၀မ်ဟိုင်း)အဖွဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားပြီး လက်နက်အင်အားတိုးချဲ့နေသည်. . .

Photo: SSA (၀မ်ဟိုင်း)အဖွဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားပြီး လက်နက်အင်အားတိုးချဲ့နေသည်. . .
Tuesday, April 2, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။

SSA (၀မ်ဟိုင်း) သည်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးထားသော အဖွဲ့ဖြစ် ပါသည်။ သို့သော်များမကြာမီ ရက်ပိုင်း က SSPP/SSA အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်က လက်နက်ကို လုံးဝ မစွန့်လွှတ်ဘူးလို့ လူသိရှင်ကြားပြောချလိုက်ခြင်း၏ နောက်ကွယ်မှာ SSA (၀မ်ဟိုင်း) အခိုင်အမာရပ်တည်ပေးနေသည်ဟု သိရှိရသည်။

SSA (၀မ်ဟိုင်း)သည် ငြိမ်းချမ်းရေးသဘောတူညီမှုကို ဖောက်ဖျက်ကာ တပ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ဝယ်ယူ ခြင်းတို့ကို ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ SSA (၀မ်ဟိုင်း)၏ အုပ်ချုပ် မှုနယ်မြေထဲ တွင် ကျေးသီး၊ မိုင်းနောင်၊ မိုးရှုးမြို့နယ်များပါရှိပြီး ၎င်းမြို့နယ်များတွင် ပါဝင်သော ကျေးရွာအုပ်စုများမှ နှစ်စဉ်ဘိန်းခွန်ကြေးပေးဆောင် နေကြ ရသည်ဟု သိရ၏။

“ ယခု ၂၀၁၃ ခုနှစ်အတွက် ရွာတစ်ရွာကို ဘိန်းခွန်သိန်း ၃၀၀ ပေးရ မယ်လို့ ပြောထားတယ်၊ လေးလကို ၁ ကြိမ်သွင်းခိုင်းပါတယ်၊ အိမ်ထောင်တိုင်းမှာ ဘိန်းစိုက်ရုံကလွဲပြီး ကျန်တာလည်း စိုက်ပျိုးစားဖို့ အဆင်မပြေ ဘူး၊ သူတို့ဘိန်းခင်းတွေကို အစိုးရစစ်တပ်နဲ့ ဌာနဆိုင်ရာတွေ လာပြီး မဖျက်အောင် SSA (၀မ်ဟိုင်း)က ကာကွယ်ပေးထား တယ်လို့ပြော တယ်၊ မိသားစုစားဝတ်နေရေးအတွက် SSA (၀မ်ဟိုင်း) အဖွဲ့ကို ဘိန်းခွန်ပေး ပြီး စိုက်ပျိုးစားနေရတာပေါ့ ” ဟုမိုင်းရှုးမြို့ခံကျောင်းဆရာမ တစ်ဦးကပြော .ပြသည်။

SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ဘိန်းချက်စက်ရုံများရှိပြီး မူးယစ်ဆေးဝါးများကို ထုတ်လုပ်လျက်ရှိသည်ဟု သိရှိရ၏။ မူးယစ်ဆေးဝါးများ ကို တောလမ်း အတိုင်း လား၊ မြင်းများဖြင့် သယ်သလို၊ ရွာသားများကို ပေါ်တာ ဆွဲ၍ သယ်သည်။ သံလွင်ကမ်းခြေသို့ရောက်သောအခါ တရုတ်နှင့် ထိုင်းနိုင်ငံများ သို့ မူးယစ်ဆေးဝါးများ တင်ပို့သည်။ ထို့နောက်လက်နက်၊ ခဲယမ်း များ ပြန် လည် တင်သွင်းသည်ဟု ပေါ်တာပါသူ ရွာသားတစ်ဦး က ပြောပြ သည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ရောင်းချပြီး လက်နက်၊ ခဲယမ်းများထပ်မံ ၀ယ်ယူနေခြင်းမှာ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မထီမဲ့မြင်သဘောထားပြီး ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးနှင့် မြန်မာတစ်မျိုးသားလုံးအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ် ရောင်းချ အခွန်ကောက် .နေသော၊ လက်နက်အင်အား တိုးချဲ့နေသော SSA (၀မ်ဟိုင်း) အနေဖြင့် တရားမ၀င်ဥပဒေမဲ့ ဆန့်ကျင်ဘက်လုပ်ရပ်များကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း တိုက်ပွဲများဖြစ်ပွား မည်ကို မလိုလားသော ဒေသခံတစ်ဦး အနေဖြင့် အသိပေးပြောပြလိုက်ပါသည်။

မိုင်းရှုးသား
shannews ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။
SSA (၀မ်ဟိုင်း) သည်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးထားသော အဖွဲ့ဖြစ်ပါသည်။ သို့သော်များမကြာမီ ရက်ပိုင်း က SSPP/SSA အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် က လက်နက်ကို လုံးဝမစွန့်လွှတ်ဘူးလို့ လူသိရှင်ကြားပြောချ လိုက်ခြင်း၏ နောက်ကွယ်မှာ SSA (၀မ်ဟိုင်း) အခိုင်အမာရပ်

BBC,RFA,VOA,DVB,88 & မဇ္ဈိမ မသိလိုက်တဲ့သတင်း

BBC,RFA,VOA,DVB,88 & မဇ္ဈိမ မသိလိုက်တဲ့သတင်း

ရေ (၁) ဖန်ခွက်ကို လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိဆုံး ဖြစ်အောင် သောက်ခြင်း

၁။ အိပ်ရာနိုးနိုးချင်း ရေ (၁)ဖန်ခွက် သောက်ပါ။ ၄င်းသည် ကိုယ်တွင်းအင်္ဂါများကို စတင် လှုံ့ဆော်ခြင်းဖြင့် ကူညီသည်။

မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ
Tuesday, April 2, 2013


သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။ စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ ဆုံးရှုံးကြောင်း မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့် သို့ ပြောသည်။ “ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ်။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ၄င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။

သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင် အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူ တစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်းသိရသည်။ စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများဆုံးရှုံးကြောင်း

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ဗလီကျောင်း ၀ါယာရှော့ခ်ကြောင့် မီးလောင်မှု့ ဖြစ်ပွားပြီးနောက် မြင်ကွင်း ဓါတ်ပုံများ





စပိန်နိုင်ငံရှိ အယ်လ်ဟီယာရိုကျွန်း ငလျင်လှုပ်ရှားမှုကြောင့် ရွေ့လျား လျက်ရှိ ဟု ဆို

Photo: စပိန်နိုင်ငံရှိ အယ်လ်ဟီယာရိုကျွန်း ငလျင်လှုပ်ရှားမှုကြောင့် ရွေ့လျား လျက်ရှိ ဟု ဆို

ဧပြီလ ၂ ရက် ၂၀၁၃

မကြာသေးမီ ရက်ပိုင်းအတွင်းက မြေငလျင် လှုပ်ခတ်မှုကြောင့် စပိန်နိုင်ငံရှိ အယ်လ်ဟီယာရို ကျွန်းသည် အရှေ့ဘက်သို့ ရွေ့လျား သွားပြီး ၁၁ စင်တီ မီတာ အမြင့်သို့ မြင့်တက် သွားကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၃ဝ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းကျွန်းသည် အာဖရိကတိုက်၏ အနောက် ဘက် စွန်းရှိ ကနေရီ ကျွန်းစု၏ အနောက်ဘက် ဆုံးတွင် တည်ရှိပြီး ၂ဝ၁၁ ခုနှစ်တွင် ရေအောက် မီးတောင် ပေါက်ကွဲမှု ကြောင့် မြေငလျင်များ လှုပ်ခတ်ခဲ့ရာမှ စတင် ရွေ့လျားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြင်းအား ၄ ဒသမ ၇ ရစ်ခ်ျတာ စကေးရှိ အဆိုပါ ငလျင်သည် ကျွန်း၏ အနောက်ဘက်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုကျွန်းတွင် မှီတင်း နေ ထိုင်နေကြသည့် လူပေါင်း ၁ဝဝဝဝ ခန့်အား ရွှေ့ပြောင်း ပေးခဲ့ရပြီး ငလျင်ဒဏ်ကြောင့် ကျွန်းသည် အရှေ့ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွား ခဲ့ကြောင်းနှင့် မြေမျက်နှာပြင် အထက် ၁၁ စင်တီမီ တာသို့ မြင့်တက် သွားကြောင်း သိရသည်။

http://bit.ly/Ys7oEP မကြာသေးမီ ရက်ပိုင်းအတွင်းက မြေငလျင်လှုပ်ခတ်မှုကြောင့် စပိန်နိုင်ငံရှိ အယ်လ်ဟီယာရို ကျွန်းသည် အရှေ့ဘက်သို့ ရွေ့လျား သွားပြီး ၁၁ စင်တီ မီတာ အမြင့်သို့ မြင့်တက် သွားကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၃ဝ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းကျွန်းသည် အာဖရိကတိုက်၏ အနောက် ဘက် စွန်းရှိ ကနေရီ ကျွန်းစု၏ အနောက်ဘက် ဆုံးတွင် တည်ရှိပြီး ၂ဝ၁၁ ခုနှစ်တွင် ရေအောက် မီးတောင် ပေါက်ကွဲမှု ကြောင့် မြေငလျင်များ လှုပ်ခတ်ခဲ့ရာမှ စတင် ရွေ့လျားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်ရက်အတွင်း စက်သုံးဆီအမြင့်ဈေးရောက်ဖွယ်မရှိ

Photo: ယခုနှစ်သင်္ကြန်ရက်အတွင်း စက်သုံးဆီအမြင့်ဈေးရောက်ဖွယ်မရှိ

ဧပြီလ ၂ ရက် ၂၀၁၃

သင်္ကြန်ကာလရောက်ချိန်တိုင်းတွင် ဓာတ်ဆီ၊ဒီဇယ်နှင့်အဆင့်မြင့်ဒီဇယ်ဈေးနှုန်းများ မြင့်တက်လေ့ရှိသော်လည်း ယခုနှစ် သင်္ကြန်မတိုင်မီကာလနှင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချသွား မည်ဖြစ်ကြောင်း ပုဂ္ဂလိက စက်သုံးဆီ ဆိုင်အရောင်းဆိုင်များက သိရသည်။ 

ယမန်နှစ်က အစိုးရဆီဆိုင်များမှ ဓာတ်ဆီ၊ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်များကို အကန့်အသတ်ဖြင့်သာ   ရောင်းချပေးခြင်းကြောင့် သင်္ကြန်ရက်အတွင်းတွင် လည်ပတ်သူများနှင့် အငှားကားပြေးဆွဲသူများမှာ စက်သုံးဆီ မလုံလောက်မှုများဖြစ်ပေါ်ကာ တစ်နိုင် တစ်ပိုင်စက်သုံးဆီ ရောင်းချသူများကလည်း အမြင့်ဈေးဖြင့့် ရောင်းချခဲ့ကြသည်။ 

၂၀၁၃ခုနှစ် သင်္ကြန်ကာလတွင် ပုဂ္ဂလိကဆီဆိုင်အချို့မှာ ၂၄နာရီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဓာတ်ဆီ ၊ဒီဇယ်အပါအ၀င် အဆင့်မြင့်ဒီဇယ်များကို လိုသလောက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆီဆိုင်အချို့ကဆိုသည်။ 

“ကျွန်တော်တို့ Htoo  ဆီဆိုင်တွေကို သင်္ကြန်ရက်တွေမှာ ဖွင့်မှာပါ၊ တစ်နေကုန်တော့ မဟုတ်ပါဘူး လောလောဆယ်တော့ သင်္ကြန်ရက်တွေမှာ မနက်(၇)နာရီကနေ ညနေ(၄)ထိလို့ သတ်မှတ်ထားပါတယ် လိုတဲ့ဆီကို လိုသလောက် ၀ယ်ယူလို့ ရပါတယ်။ ”ဟု ဦးဝင်းမြင့်က ပြောသည်။ 

ပုဂ္ဂလိကဆီဆိုင်များသို့ ဖြန့်ဖြူးရောင်းချနေသည့် ဧရာရွှေဝါကုမ္ပဏီသည် သင်္ကြန်ရက်အတွင်းတွင် ဒီဇယ်ဆီကို ပုံမှန်ဈေးဖြင့် လက်ကားရောင်းချမည်ဖြစ်ပြီး သင်္ကြန်ရက်အတွင်း (၂)ရက်သာဆိုင်ပိတ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

 “ကျွန်တော်တို့ကုမ္ပဏီက သင်္ကြန်တွင်းမှာ တစ်ရက်နဲ့ နှစ်ဆန်းတစ်ရက်နေ့ရယ် ပေါင်းနှစ်ရက်ပဲ ပိတ်မှာပါ၊   ဈေးကတော့ နေ့စဉ်အတက်အကျ ရှိနေတာပဲလေ ဒါပေမယ့် ပုံမှန်ဈေးအတက်အကျတိုင်းပဲရောင်းမှာပါ။ အတက်အကျက ၅၀ ကျပ် ၊ ၁၀၀ ကျပ်လောက်ပဲလေ။ ”ဟု ဧရာရွှေဝါကုမ္ပဏီအရောင်းကိုယ်စားလှယ်ဦးမင်းလွင်က ပြောသည်။

သင်္ကြန်ရက်အတွင်း စက်သုံးဆီဆိုင်များအား ဖွင့်လှစ်ပေးမည်ဟုဆိုခြင်းကြောင့် ကြိုတင်၍ ဝယ်ယူစုဆောင်းရန်နှင့် မီဘေးအန္တရယ်စိုးရိမ်ရန်မလိုတော့ကြောင်း အငှားကားမောင်းသူ ဦမျိုးမင်းက ဆိုသည်။

“အရင်ကဆို သင်္ကြန်ရက်တွေမှာ အပြင်ကနေ ဈေးကြီးကြီးနဲ့ ဆီဝယ်မောင်းရတယ် အခုက လိုသလောက် ဝယ်လိုရတော့ အဆင်ပြေတယ်၊ အရင်နှစ်တွေကဆိုရင် အဲ့ဒီလိုလိုတဲ့အချိန် မ၀ယ်ရလို့ ကြိုတင်ပြီး  ချွေတာပြီးဆီကို စုထားရတယ် စုထားပြန်တော့လည်း မီအန္တရာယ်ကို ကြောက်ရသေးတယ်”ဟု အငှားကားမောင်းသူ ဦမျိုးမင်းက ပြောသည်။ 

သင်္ကြန်ရက်အတွင်း၌ စက်သုံးဆီများကို ပုံမှန်ဈေးဖြင့်သာရောင်းချမည်ဟုဆိုခြင်းကြောင့် အငှားကားနှင့်လိုင်းကားများ ယာဉ်စီးခ နှုန်းထား သက်သာရန်မျှော်လင့်ကြောင်းနှင့် သင်္ကြန်ရက်အတွင်း အငှားယာဉ်များ ပိုမိုပြေးဆွဲပေးရန် မျှော်လင့်ကြောင်းအငှားကား စီးသူ ဒေါ်ဝင်းဝင်းမော်က ဆိုသည်။ 

Myit Makha Mediagroup 
သင်္ကြန်ကာလရောက်ချိန်တိုင်းတွင် ဓာတ်ဆီ၊ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်ဈေးနှုန်းများ မြင့်တက်လေ့ ရှိသော်လည်း ယခုနှစ် သင်္ကြန်မတိုင်မီကာလနှင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဈေးနှုန်းများဖြင့် သာ ရောင်းချသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကစက်သုံးဆီ ဆိုင်အရောင်းဆိုင်များက သိရသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် အမေရိကန်က တောင်ကိုရီးယား ကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်း ချထား

မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် အမေရိကန်က တောင်ကိုရီးယား ကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်း ချထား 

ဧပြီလ ၂ ရက် ၂၀၁၃

တောင်ကိုရီးယားက မြောက်ကိုရီးယား၏ ရန်စမှုများကို ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန် သည် မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် မတ်လ ၁ ရက်နေ့တွင် တောင်ကိုရီးယားကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်းကို နေရာချထားလိုက်ကြောင်း သိရသည်။

USS Fitzerald အမည်ရှိ ဖျက်သင်္ဘောသည် စစ်ရေး လေ့ကျင့်မှု တွင် ပါဝင်ခဲ့ပြီးနောက် သူ၏ ပင်မအခြေစိုက် စခန်းရှိရာ ဂျပန်သို့ မပြန်ဘဲ ကိုရီးယားအနောက်တောင် ကမ်းရိုးတန်းသို့ ရွေ့လျား ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဋ္ဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက AFP သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြင်းထန်သော ခြိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း မြောက်ကိုရီးယား၏ စစ်ရေးအနေအထားမှာ ပြောင်းလဲမှုမရှိကြောင်း အိမ်ဖြူတော်က မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေက မြောက်ကိုရီးယားသည် စစ်တပ်များ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းနှင့် တပ်များ ကို ပြန်လည်နေရာချထားခြင်းတို့ ပြုလုပ်မှု မရှိဟု ဆိုသည်။

အမေရိကန်သည် ဖျက်သင်္ဘော ချထားရုံသာမက F-22 Raptor လျှို့ဝှက် တိုက်လေယာဉ်များကိုလည်း တောင် ကိုရီးယား သို့ ပို့ထားကြောင်း အမေရိကန် စစ်ဘက်က မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။F-22 တိုက်လေယာဉ်များသည် အဆင့်မြင့် တိုက်လေယာဉ်များဖြစ်ပြီး မဟာမိတ် တောင်ကိုရီးယားကို ကူညီရန် အမေရိကန်၏ အရေးပါသော ပြယုဂ်ဖြစ် ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့လစ်တယ်က ၀ါရှင်တန်တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။ သူက မြောက်ကိုရီးယားအနေဖြင့် ရန်စမှုများကို ဆက်လက်ပြုလုပ်နေမည်လော၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်မည်လောဟူ၍ ရွေးချယ်စရာ လမ်းကြောင်းနှစ်ခုရှိသည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်နေသော ကေဆောင်စက်မှုဇုန်ကို ပိတ်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း မတ်လ ၁ ရက်နေ့အထိ ၎င်းစက်မှုဇုန်သည် ပုံမှန်အတိုင်း လည်ပတ်လျက် ရှိဆဲ သာဖြစ်ကြောင်း သိရသည်။ ကေဆောင်စက်မှုဇုန်သည် တောင်နှင့်မြောက်နှစ်နိုင်ငံ ဆက်ဆံရေး၏ အမှတ်လက္ခဏာ တစ်ရပ်ဖြစ်ပြီး ယင်းစက်မှုဇုန် ပိတ်လိုက်ရခြင်းက နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု အလွန်မြင့်မားလာခြင်းကို ဖော်ပြသည်။

Eleven တောင်ကိုရီးယားက မြောက်ကိုရီးယား၏ ရန်စမှုများကို ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် အမေရိကန် သည် မြောက်ကိုရီးယား၏ ဒုံးကျည်ဖြင့် တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန် မတ်လ ၁ ရက်နေ့တွင် တောင်ကိုရီးယားကမ်းလွန်၌ ဖျက်သင်္ဘောတစ်စင်းကို နေရာချထားလိုက်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်
Tuesday, April 2, 2013

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်
ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုး
လည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။

ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်း
မာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်
အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း (Varicose Vein) ကို ဖြစ်
စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်
တော့ သွေးကြောတွေရဲ့ သွေးစီး ဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ 

အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ် တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီ
ညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။

သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း

သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီး သွား တဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေ
က သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်
လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ် ချောင်း လဲသုံးပေးပါ။

သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာ ကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွား
တာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ 
အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။

မကြာခဏ အပြင်ထွက်စားခြင်း

စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံး သူတွေကို ဆွဲဆောင်တတ် ပါတယ်။

တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်
တဲ့ အစားအစာကို မရွေးချယ် တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။

မနက်စာ မစားဘဲနေခြင်း

မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ 
ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူ
တွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။

ဒေါက်မြင့်ဖိနပ် စီးခြင်း

သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေ
ဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေ
မှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်
လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်
စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း

ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်
လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ 

သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။

ခေါင်းအုံးထူထူပေါ် အိပ်ခြင်း

လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ 
သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါ
ဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ 

အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံး
လဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။

လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။

မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်
တိုးပြီး လေ့ကျင့်ပေးပါ။

Myawady News
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်
ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုး
လည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။

မြောက်ကိုရီးယားက ပြုပြင်ပြောင်းလဲရန် လိုလားသော ၀န်ကြီးချုပ်သစ် ခန့်အပ်

Northkorea1-april2

မြောက်ကိုရီးယားနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ရာထူးမှ ဖြုတ်ချခံခဲ့ရသော ၀န်ကြီးချုပ်ဟောင်းအား ဧပြီ ၁ ရက်နေ့က ၀န်ကြီးချုပ်အသစ် အဖြစ် ပြန် လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ပက်ပေါင်ဂျူ (Pak Pong-Ju) သည် ၂၀၀၇ ခုနှစ်က သူ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အစိုးရ၏ရာထူးမှ ဖြုတ်ချခြင်းခံခဲ့ သည်။

ရေကျော်ဗလီ မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီမီးလောင်မှုအား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော်

MLTR နဲ့ ဝက်ဝက်မကွဲတဲ့ မြန်မာပရိသတ်

မတ်လ ၃၁ ရက်နေ့ တနင်္ဂနွေညက အနောက်နိုင်ငံရဲ့ နာမည်ကြီး တေးဂီတ အဖွဲ့တခုဖြစ်တဲ့ Micheal Learns To Rock (MLTR) အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ် တေးဂီတ ဖျော်ဖြေမှု တခုပြုလုပ်သွားခဲ့ပါတယ်။


မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော် ကာလအထိ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ တေးဂီတအဖွဲ့တွေနဲ့ အဆက်အသွယ် မရှိသလောက် ဖြစ်ခဲ့ပေမယ့် အစိုးရသစ် လက်ထက် အခုလိုအချိန်မှာ နိုင်ငံတကာက

မြောက်ကိုရီးယား စစ်ရေး လှုပ်ရှားမှု အမေရိကန် မတွေ့ရ

မြောက်ကိုရီးယား စစ်ရေး လှုပ်ရှားမှု အမေရိကန် မတွေ့ရ 
Tuesday, April 2, 2013

အမေရိကန်နိုင်ငံက Stealth jet တိုက်လေယာဉ်တွေ စမ်းသပ် ပျံသန်းခဲ့ပြီး တဲ့နောက် မြောက်ကိုရီးယားက  ရန်စ ပြောဆိုမှုတွေ လုပ်နေချိန်မှာပဲ တင်းမာမှု အရှိန်မြင့်မားလာတဲ့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြားမှာ တောင်ကိုရီးယား
နိုင်ငံ စစ်တပ်အနေနဲ့ မြောက်ကိုရီးယားရဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်သလို အလျင်အမြန် လက်တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ က ပြောဆိုလိုက် ပါတယ်။
 
နိုင်ငံရေးအရ ထည့်တွက်စဉ်းစားမှုတွေ လုပ်စရာမလိုဘဲ  မြောက်ကိုရီးယားဘက်က လှုံ့ဆော် ရန်စမှုတွေကို တုံ့ပြန် အရေးယူ ဆောင်ရွက်ဖို့ တနင်္လာနေ့က ထိပ်တန်း ကာကွယ်ရေး အရာရှိကြီးတွေနဲ့ ဆွေးနွေးပွဲမှာ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံရဲ့ တရက်ကြာ နှစ်ပတ်လည် လွှတ်တော် အစည်းအဝေးအပြီး လက်ရှိ အာဏာရပါတီ ခေါင်းဆောင်တွေက နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် တိုးချဲ့ရေးနဲ့ ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ရေးလုပ်ငန်းကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်ချက် ထွက်လာချိန်မှာပဲ အခုလို တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) ရဲ့ ပြတ်သားတဲ့ သတင်းစကားကို ကြားကြရတာ ဖြစ်ပါတယ်။
 
အခုရက်ပိုင်းအတွင်း မြောက်ကိုရီးယား နိုင်ငံဘက်က ရန်စပြောဆိုမှုတွေ ပြုလုပ်နေပေမဲ့ စစ်ရေး လှုပ်ရှားမှု တစုံတရာ မတွေ့ရသေးဘူးလို့ တနင်္လာနေ့က အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုပါတယ်။
 
အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေက မြောက်ကိုရီးယားရဲ့ ရန်စပြောဆိုမှု နဲ့ လက်တွေ့အခြေအနေ ၂ မျိုးစလုံးကို အနီးကပ် စောင့်ကြည့်လေ့လာနေတယ်လို့
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနေး (Jay Carney) က ပြောဆိုပါတယ်။
VOA အမေရိကန်နိုင်ငံက Stealth jet တိုက်လေယာဉ်တွေ စမ်းသပ် ပျံသန်းခဲ့ပြီး တဲ့နောက် မြောက်ကိုရီးယားက ရန်စ ပြောဆိုမှုတွေ လုပ်နေချိန်မှာပဲ တင်းမာမှုအရှိန်မြင့်မားလာတဲ့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြားမှာ တောင်ကိုရီးယား နိုင်ငံ စစ်တပ် အနေ နဲ့ မြောက်ကိုရီးယားရဲ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို

လူအများကြီးဖြင့်လုပ်တိုင်း၊ ပြောဆိုတိုင်း ဒီမိုကရေစီဟုပြော၍မရကြောင်း ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌပြော

 
p-28မကြာသေးမီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မိတီ်္ထလာမြို့မှ စတင်ခဲ့သည့် ပဋိပက္ခ ဆူပူမှုများ နှင့်ပတ်သက်၍ ယင်းမှာ လုံးဝ မဖြစ်သင့်သော အရာတစ်ခုဖြစ် ပြီး ပြည်သူအများမှာလည်း စိုးရိမ် ကြောင့်ကြစွာဖြင့် နေရလျက်ရှိ သောကြောင့် မဖြစ်သင့်သော ကိစ္စရပ်များ၌ လူအများကြီးပါဝင် ပြီး ဒီမိုကရေစီဟု ပြောမည်ဆိုပါ က ဒီမိုကရေစီအား အလွဲသုံးစား လုပ်သလိုဖြစ်နေမည်ဖြစ်ကြောင်း

၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက် ဒဏ်ရာမရရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အင်တာနက်မီဒီယာများအပေါ် အခြေခံ ဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီလ ၂ ရက် နံနက် ၈ နာရီသတင်း အစီအစဉ်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ထိုင်း၌ အကျဉ်းကျ မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် ရရန် သံအမတ် မျှော်လင့်

Photo: ထိုင်း၌ အကျဉ်းကျ မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် ရရန် သံအမတ် မျှော်လင့် 

Tuesday, April 2, 2013 

ထိုင်းနိုင်ငံ၌ အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား အကျဉ်းသားများ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ကျရောက်မည့် ထိုင်း ဘုရင် မင်းမြတ် ဖူမိဖွန် အဒု လဒိစ် (King Bhumibol Adulyadej) ၏ သက်တော် ၈၆ နှစ်ပြည့် မွေးနေ့၌ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ် လျှော့ပေါ့ခွင့်များရရှိရန် မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကပြောသည်။ 

“ဒီကိစ္စကို ကျနော် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို တင်ပြထားတာ နှစ်ခါရှိပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က တခါ ထပ်မံ တင်ပြထားပြီး ဖြစ်ပါတယ်။ တင်ပြတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက သူက ဆောင်ရွက်ပေးမယ်ပေါ့ဗျာ၊ အဲလို ပြောထားတယ်” ဟု သံအမတ်ကြီး ဦးမျိုးတင့် က မဇ္ဈိမကို ပြောသည်။ 

ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာန စာရင်းဇယားများအရ ထိုင်းနိုင်ငံတွင် ပြစ်မှုအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံနေရသည့်မြန်မာ နိုင်ငံသား အကျဉ်းသား စုစုပေါင်း ၃,၀၀၀ ကျော် ရှိသည်ဟု ဆိုသော်လည်း သံရုံးသို့ လိပ်မူ ရေးသားလာသော အကျဉ်းကျ မြန်မာနိုင်ငံသားများ၏ စာများ၌မူ သောင်းဂဏန်း ရှိမည်ဟု ဖော်ပြထားကြကြောင်း ဦးမျိုးတင့် က ဆက်ပြောသည်။ 

“ခလေးတွေ (အကျဉ်းကျ ခံရသူများ)က ကျနော်တို့ သံရုံးကို ခဏခဏ စာတွေ ရေးတယ်ဗျာ။ အဲဒီမှာ နှစ်သောင်း
လောက် ရှိတယ်လို့ ပြောတယ်။ တကယ်တမ်း ထိုင်း ပြည်ထဲရေးကို မေးကြည့် ရတာပေါ့ဗျာ။ သူတို့ ပြောတာကတော့ ၃,၀၀၀ ကျော်ကျော် ၄,၀၀၀ မပြည့်ဘူးလို့ ပြောတယ်။ အကြမ်းဖျင်း အရေအတွက်တော့ ပြောတယ်။ စာရင်း အတိအကျကို ထိုင်းပြည်ထဲရေးဆီ တောင်းထားပေမယ့် အခုထိ မရသေးဘူး” ဟု ဆိုသည်။ 

မြန်မာ အကျဉ်းသား အများစုမှာ မူးယစ်ဆေးဝါးမှုများဖြင့် ကျခံနေရသူများ ဖြစ်သည်ဟု သိရသည်။ ထိုင်းနိုင်ငံ လွတ်ငြိမ်း ချမ်းသာခွင့် ပေါ်လစီအရ မူးယစ်ဆေးဝါး ပစ်မှုများဖြင့် ကျခံနေရသူများမှာ ဦးစားပေး စဉ်းစားခံရနိုင်ဖွယ် မရှိဘဲ အခြား ပစ်မှုဖြင့် အကျဉ်းကျ ခံနေရသူများသာ ပြစ်ဒဏ် လျှော့ပေါ့ခွင့်နှင့် လွတ်ငြိမ်း ချမ်းသာခွင့်များ ရနိုင်ရန် ခန့်မှန်းရကြောင်း ဦးမျိုးတင်က ဆိုသည်။ 

လက်ရှိ အနေအထား၌ ထိုင်းအစိုးရဘက်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်ရေးနှင့် ပစ်ဒဏ် လျှော့ပေါ့နိုင်ရေးကိစ္စ စဉ်းစား ဆောင်ရွက်လျက် ရှိနေသည်။ 

နှစ်စဉ်ပင် ထိုင်းဘုရင့် မွေးနေ့၌ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလေ့ရှိပြီး ထိုင်းနိုင်ငံ ပြည်တွင်းရေး ကိစ္စများ (လွတ်ငြိမ်း ချမ်းသာခွင့် စာရင်းတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝါဒ် နာမည် ပါဝင်နေမှု) ကြောင့် အတိုက်အခံများမှ ကန့်ကွက်ကာ လွတ်ငြိမ်း ချမ်းသာခွင့်သည်လည်း ရွှေ့ဆိုင်းရသည့် အနေအထားများ ရှိခဲ့သည်ဟု သိရကြောင်း ဦးမျိုးတင့် က ပြောသည်။ 

Mizzima ထိုင်းနိုင်ငံ၌ အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား အကျဉ်းသားများ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ် ဖူမိဖွန် အဒုလဒိစ် (King Bhumibol Adulyadej) ၏ သက်တော် ၈၆ နှစ်ပြည့် မွေးနေ့၌ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ် လျှော့ပေါ့ ခွင့်များရရှိရန် မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ် ကြီးကပြောသည်။

ရေကျော်ဗလီတွင် မီးလောင်မှု ကလေးငယ် ၁၃ဦးသေဆုံးပြီး ယင်းမီးမှာ သာမန်မတော်တဆမီးသာဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာသတင်းထုတ်ပြန်

ရေကျော်ဗလီတွင် မီးလောင်မှု ကလေးငယ် ၁၃ဦးသေဆုံးပြီး ယင်းမီးမှာ သာမန်မတော်တဆမီးသာဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာသတင်းထုတ်ပြန်
Tuesday, April 2, 2013

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်း
သား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာ
တို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦးကိုပြန်လည်
တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ယနေ့နံနက် ၈
နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။

မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်
စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်
ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်
အောင်လို့လူမှု ကွန်ယက်နဲ့အင်တာနက်စာမျက်နှာတွေမှာ ရေးသား
လှုံ့ဆော်နေတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် အစိုးရတာဝန်ရှိသူတွေ
အနေနဲ့သတင်းအမှန်တွေကိုအချိန်တပြေးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။ 

အင်တာနက်မှာလည်းရဲဇာနည်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြန်မာအသံ
ရုပ်မြင်သံကြားကနေ သတင်းတွေတောက်လျောက်လွှင့်သွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

7Day News Journal ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်း
သား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာ တို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦး ကိုပြန်လည် တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ယနေ့ နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။

ရန်ကုန်ဗလီကျောင်း ၀ါယာရှော့ခ်ကြောင့် မီးလောင် ကလေး ၁၃ ဦးသေဆုံး


အင်္ဂါနေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ ရန်ကုန် ၄၈ လမ်း အထက်ဘလောက်မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတခုမှာ မီးလောင်မှုကြောင့် ကလေး ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ညအချိန် မီးလောင်တာကြောင့်ရော၊ ဘာသာရေး တင်းမာမှုတွေရှိချိန် ဘာသာရေး စာသင်ကျောင်းမှာ မီးလောင်တာကြောင့်ရော ပတ်ဝန်းကျင်မှာ လှုပ်လှုပ်ရှားရှား စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင် ခဲ့တယ်လို့ ဗိုလ်တထောင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့

၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့ပါတယ်။

၉နာရီသတင်းမှာတော့ အခင်းဖြစ်ပွားရာနေရာက တွေ့ဆုံမေးမြန်းခဲ့မှုများနဲ့ ထပ်မံတင်ဆင်ဖို့ ဆောင်ရွက်နေပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သို့ မကြာမီတရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဟိုင်နန်ကျွန်း

ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာ

Photo: ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာ
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
မနက်ခင်းအိပ်ရာထတာနဲ့ ဆေးလိပ်အရင်သောက်တဲ့သူတွေဟာ အဆုတ်နဲ့ ခံတွင်းကင်ဆာတွေဖြစ်နိုင်ချေပိုများတယ်လို့ သုတေသနပညာရှင်တွေက ရှာဖွေသိရှိခဲ့ပါတယ်...

သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ မနက်အိပ်ရာနိုးနိုးချင်း ဆေးလိပ်သောက်သူတွေမှာ ဆေးလိပ်ကနေပြီး ကင်ဆာကိုဖြစ်စေနိုင်တဲ့ ကာစီနိုဂျင်ရဲ့ အကျိုးသက်ရောက်မှုကို သူတို့ရဲ့ သွေးထဲမှာ ပိုမိုခံစားရတယ်လို့ဆိုပါတယ်...

အိပ်ရာကနိုးပြီးတဲ့နောက် နာရီဝက်လောက် စောင့်ပြီးမှ ဆေးလိပ်သောက်တဲ့သူတွေကတော့ နိုးနိုးချင်းသောက်တဲ့သူတွေလောက် အကျိုးသက်ရောက်မှု သိပ်မခံစားရဘူးလို့သိရပါတယ်...

ဒီသုတေသနပြုချက်ကတော့ အဲ့ဒီအချိန်နောက်ပိုင်းမှာ ဆေးလိပ်ဘယ်လောက်ထပ်သောက်လဲဆိုတဲ့အချက်ကို ထည့်မတွက်ဘဲ နှိုင်းယှဉ်ထားတာဖြစ်ပါတယ်...

များများသောက်တဲ့သူကတော့ ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားရမှာသေချာပါတယ်...

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒါလေးကိုဆက်ဖတ်နိုင်ပါတယ်...
http://news.psu.edu/story/270995/2013/03/29/research/smoking-immediately-upon-waking-may-increase-risk-lung-and-oral
----------------------------------------------------------------
Ref: ScienceAlert မနက်ခင်းအိပ်ရာထတာနဲ့ ဆေးလိပ်အရင်သောက်တဲ့သူတွေဟာ အဆုတ်နဲ့ ခံတွင်းကင်ဆာတွေဖြစ်နိုင်ချေပိုများတယ်လို့ သုတေသန ပညာရှင်တွေက ရှာဖွေသိရှိခဲ့ပါတယ်...
သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ မနက် အိပ်ရာနိုးနိုး ချင်း ဆေး လိပ်သောက်သူတွေမှာ ဆေးလိပ်ကနေပြီး ကင်ဆာကိုဖြစ်စေနိုင်တဲ့ ကာစီနိုဂျင်ရဲ့ အကျိုးသက်ရောက်မှုကို သူတို့ရဲ့ သွေးထဲမှာ ပိုမို ခံစားရ တယ်လို့ဆိုပါတယ်... အိပ်ရာကနိုးပြီး တဲ့နောက် ရီဝက်လောက် စောင့်

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှု မိပြီ

အင်းလျားကန်ဘောင်အနီး ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှု မိပြီ


ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။

မတ် ၁၇ ရက် ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည့် ယင်းလူသတ်မှု ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသူမှာ နှစ်ပတ်ခန့် ထွက်ပြေး တိမ်းရှောင်နေရာမှ မတ် ၃၁ ရက် ည ၁၀ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်ဟု သိရသည်။

“ကျူးလွန်သူလို့ ယူဆရတဲ့ သူကို ကျွန်တော်တို့ ဖမ်းမိပါပြီ။ မတ် ၃၁ ရက် ည ၁ နာရီခွဲလောက်က သူကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တာပါ” ဟုလှိုင်မြို့နယ် ရဲစခန်း စခန်းမှူး ရဲအုပ်သိန်းဆွေမြင့်က Eleven Media Group သို့ ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ် ၁၇ ရက်၊ ည ၈ နာရီ ၅ မိနစ်ခန့်က လှိုင်မြို့နယ်၊ ပြည်လမ်းမကြီးအတိုင်း အေဒီ မီးပွိုင့်ဘက်မှ လှည်းတန်းမီးပွိုင့်ဘက်သို့ မောင်းနှင်လာသော အဖြူပေါ်တွင် အရောင်ဖောက် ထားသည့် ၇ဂ/..... Skyline အမျိုးအစားကားသည် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ IBC ရှေ့အရောက် ‘ဂ’ ချိုးကွေ့ပြီး ကားကို ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ကားပေါ်မှ ဦး....... (၃၈-နှစ်) သည် ဗိုက်ကိုနှိပ်၍ “ကားမောင်းသူမှ ဓားနှင့်ထိုးသည်” ဟု အော်ဟစ်ဆင်းပြေးလာပြီး သတိလစ် လဲကျသွားခဲ့ရာ ယင်းအချိန်၌ IBC ရှေ့၌ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ သွားရောက်ကြည့်ရှုစဉ် ပြိုင်ကားမှာ အေဒီမီးပွိုင့်ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။

ယင်းနောက် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်မှ ဒဏ်ရာရ လူနာကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံး သွားခဲ့ကြောင်း၊ ကျူးလွန်သူ မောင်းနှင် ထွက်ပြေးသွားခဲ့သည့် ကားကို မတ် ၁၇ ရက်၊ ည ၁၁ နာရီခန့်က တောင်ဒဂုံမြို့နယ်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထိုနေ့က ဓားနှင့်အထိုး ခံရပြီး သေဆုံးသွားသူ ဦး....... (၃၈-နှစ်) ၏ အိတ်ကပ်ထဲမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား၂၈ ပြား၊ ငွေကျပ်နှစ်သိန်းခန့်၊ MPU ကတ် တစ်ကတ်နှင့် ကားနောက်ဖုံးထဲတွင် ဘိန်းဖြူ ၂ ဒသမ ၅ ဂရမ် တွေ့ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။

ဖြစ်စဉ်အပေါ် လှိုင်မြို့နယ် ရဲစခန်း မှ (ပ) ၉၈/၂၀၁၃၊ ပုဒ်မ ၃၀၂ နှင့် မူးယစ်ဆေးဝါး တွေ့ရှိမှုအပေါ် မူးယစ် (ပ)၁/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၉/(ဂ)၂၀(က)ဖြင့် အမှုဖွင့် အရေးယူထားသည်။

https://www.facebook.com/ZinYawNews
Credit to:Eleven Media Group ပြီးခဲ့သည့် ရက်ပိုင်းက အင်းလျားကန်ဘောင်အနီး ဖြစ်ပွားခဲ့သည့် ပြိုင်ကားအတူ စီးလာသူကို ဓားနှင့်ထိုးပြီး ပစ်ချထွက်ပြေးခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသူကိုဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုယ်တိုင်ပင် လာရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က လှိုင်မြို့နယ် ရဲစခန်းမှ သိရသည်။

"မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ မီးလောင်မှုဖြစ်ပွား"


၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

“အမေရိကန်၏ ကိုယ်ပျောက် တိုက်လေယာဉ်များ တောင်ကိုရီးယားဝေဟင်တွင် ပျံသန်း”

“အမေရိကန်၏ ကိုယ်ပျောက် တိုက်လေယာဉ်များ တောင်ကိုရီးယားဝေဟင်တွင် ပျံသန်း”

အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ မဟာဗျူဟာမြောက် ကိုယ်ပျောက် တိုက်လေယာဉ်များကို တောင်ကိုရီးယား ဝေဟင်တွင် ဖြန့်ကျက် ပျံသန်းစေခဲ့ကြောင်း သိရှိရသည်။ 

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-22 Raptorများသည် အမေရိကန်၏ အကောင်းဆုံး၊ အလျှို့ဝှက်ဆုံး တိုက်ခိုက်ရေး ယန္တရားများ ဖြစ်ပြီး အမေရိကန် လေတပ်က ၎င်း၏ အနီးစပ်ဆုံး မဟာမိတ် နိုင်ငံများထံသို့ပင် တင်ပို့ရောင်းချခွင့် မပြုဘဲ ပိတ်ပင်ထားကာ အမေရိကန် လေတပ်နှင့် ရေတပ်အတွက်သာ အသုံးပြုထားသည်။

ထိုလေယာဉ်များသည် တောင်ကိုရီးယား လေပိုင်နက်တွင် တနင်္ဂနွေနေ့က ပျံသန်းခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တင်းမာသထက် တင်းမာလာချိန်တွင် အမေရိကန်က F-22များကို မိမိတို့၏ အာရှ မဟာမိတ်ထံ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21321 အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ မဟာဗျူဟာမြောက် ကိုယ်ပျောက် တိုက်လေယာဉ်များကို တောင်ကိုရီးယား ဝေဟင် တွင် ဖြန့်ကျက် ပျံသန်းစေခဲ့ကြောင်း သိရှိရသည်။
Lockheed Martin ကုမ္ပဏီကထုတ်လုပ်သည့် F-22 Raptorများသည် အမေရိကန်၏အကောင်းဆုံး၊ အလျှို့ဝှက်ဆုံး တိုက်ခိုက်ရေး ယန္တရား များ ဖြစ်ပြီး အမေရိကန် လေတပ်က ၎င်း၏အနီးစပ်ဆုံး မဟာ မိတ် နိုင်ငံများထံသို့ပင် တင်ပို့ရောင်းချခွင့်မပြုဘဲ ပိတ်ပင်ထားကာ