Wednesday, April 3, 2013

အရက်ဆိုးကျိုးများ သိကောင်းစရာ

ကလေးငယ် ၁၃ ဦး သေဆုံးမှု ၀မ်းနည်းကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂ ကြေညာ

 
ဧပြီ ၂ ရက်နေ့ ရန်ကုန်မြို့က ဗလီစာသင်ကျောင်း မီးလောင်ကျွမ်းမှုမှာ ကလေးငယ် ၁၃ ဦး သေဆုံး ခဲ့တယ်ဆိုတဲ့ သတင်းကြားရတဲ့အပေါ် ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ၀မ်းနည်းကြေ ကွဲကြောင်း ထုတ်ပြန်ကြေညာလိုက်ကြပါတယ်။

CDMA 800 နှင့် WCDMA SIM Card များကို ကျပ်ငွေ ၁၅၀၀ ဖြင့် ရောင်းချမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ CDMA 800 နှင့် WCDMA  Sim Card များကို ကျပ်ငွေ ၁၅၀၀ ဖြင့်  တိုင်းနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှ ရောင်းချသွားမည်ဖြစ်သည်။ ဖုန်းကဒ်ဝယ်ပြီး ၁၅ ရက်အတွင်း ကျပ် (၅၀၀၀)တန် ငွေဖြည့်ကဒ် ထည့်သွင်းရမည်ဖြစ်ပြီး တစ်လကို ငွေကျပ် (၂၅၀၀) ကျပ် ကုန်ကျအောင် ဖုန်းပြောရမည်ဖြစ်ပြီး နှစ်လ အတွင်း ကျပ်(၅၀၀၀) ကုန်အောင် မသုံးစွဲပါက ဖုန်းလိုင်း ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လူပျောက်တိုင်ခံထားရသူ ဦးရဲမင်းဦးကို ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရုံးထုတ်မည်


ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လူပျောက်အဖြစ် တိုင်ကြားထားသည့် ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ်မှ ဦးရဲမင်းဦးကို ဧပြီလ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ် မည်ဖြစ်ကြောင်း ၄င်း၏အစ်ကိုဖြစ်သူ ဦးခင်မောင်လင်းက The Voice သို့ အတည်ပြုပြောကြား သည်။

ဟောစာတမ်း (ဧပြီ)

ရွှေလီကြိုးတံတားအနီးတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

ရွှေလီကြိုးတံတားအနီးတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း- မန့်ဝိန်းကြီးသွား ကားလမ်းပေါ်ရှိ ရွှေလီကြိုးတံတားအနီးတွင် မတ်လ (၂) ရက်နေ့ ညပိုင်းအချိန်က တာဝန်ရှိသူများမှ ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မူဆယ်(မူးယစ်)အဖွဲ့များ၊ နမ့်ခမ်းရဲစခန်းမှ တပ်ဖွဲ့များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ် ဆေးဝါးသတင်းအရ မတ်လ(၂)ရက်နေ့ညပိုင်းတွင် နမ့်ခမ်း- မန့်ဝိန်းကြီးသွား ကားလမ်းပေါ်ရှိ ယာဉ်တစ်စီးအား စစ်ဆေးရာ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ် မန့်ဝိန်းကြီး ဘက်သို့ ယာဉ်မောင်း ဒေါ်ခွေလျန် မောင်းနှင်လာသော ၂ဂ/၃၉၆၈ ပါဂျဲရိုး အပြာ/ခဲရောင်အား စစ်ဆေးရာမှ ယာဉ်နောက်ခန်းအတွင်း အစိမ်းရောင် ပီနံအိတ်ဖြင့်ထုတ်ထားပြီး ဂျပ်ဖာစက္ကူ အတွင်း ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသော ဘိန်းဖြူခွက် (၁၀၀)အား ရှာဖွေရမိခဲ့သည်။

ဖမ်းဆီးရမိသော ဘိန်းဖြူဆပ်ပြာခွက်များ အလေးချိန်မှာ (၁.၁) ကီလိုဂရမ်ခန့်ရှိပြီး ကာလတန်ဖိုး အားဖြင့် သိန်း (၁၈၀)ကျော်ဖိုးဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာ သူ ဒေါ်ခွေလျန်(မန့်ဝိန်းကြီးရွာ နေသူ) အားရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း- မန့်ဝိန်းကြီးသွား ကားလမ်းပေါ် ရှိ ရွှေလီကြိုးတံတားအနီးတွင် မတ်လ (၂) ရက်နေ့ ညပိုင်းအချိန်က တာဝန်ရှိသူများမှ ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မြန်မာ့နှစ်သစ်ကူး သင်္ကြန်တွင် ဂီတကိုချစ်မြတ်နိုးသူများ သွားရောက်ကြည့်ရှုနိုင်မည့် နာမည်ကျော် အနုပညာရှင်များရှိရာ ဖျော်ဖြေရေး မဏ္ဍပ်များကို မေးမြန်း ဖော်ပြလိုက်ပါသည်

အရွယ်ရောက်လာတဲ့အခါ သင်မိဘပေါ်ပျက်ကွက်လာတဲ့ အရာတစ်ချို့

အချစ်ဆိုတာမှန်တယ် ချစ်ပါချစ်လိုရတယ် အကယ်ရ်ျကိုယ်ပေးတဲ့ အချစ်ကို သူမလိုအပ်လို ထွက်သွားတဲ့ အခါ တစ်ဝငိုလိုက်ပါ ပြီးရင် တစ်ခုခုလုပ်မယ်လို အကြံဖြစ်တာနဲ့ အိမ်ကအမေနဲ့ အဖေကိုကြည်ပါ အသက်နဲ့ရင်းမွေးပေးတဲ့ အမေ၊ အရွယ်ရောက်အောင် ကျွေးမွေး ပညာသင်ပေးတဲ့ အဖေကို သတိရ လိုက်ပါ ။ သင်မေမေဖေဖေကို ငိုအောင်မလုပ်ပါနဲ့ ။ မိဘ မျက်ရည် တစ်စက်ဟာ သားသမီး ဆင်းရဲစေတဲ့ အရာပါ ။ ဘယ်မိဘကမှ သားသမီးကို ဆင်းရဲအောင်မလုပ်ပါဘူး။တစ်နည်းနည်းတော့ဖြည့် ဆည်းပေးနေ တာပါပဲ ။ တစ်ချို့တော့ရှိတာပေါ့ သားသမီးဆိုတာ လက်ခံရမှာပဲလေ မိဘကတော့ ဆိုးခြင်းကောင်းခြင်း တော့ ပြောမှာပေါ့ မိဘကိုအရွဲ့ မတိုက်ပါနဲ့ ။တစ်ခါတရံ အဆင်မပြေတဲ့ မိဘ ကြားနေရပေမယ့် သင့် ကူညီနိုင်တာလုပ်ပေးလိုက်ပါ ။မိသားစုတစ်ခုရဲ့ ဆည်းလည်းဟာ ကိုယ်ပါ ။

" ဦးခေါင်းနှစ်လုံးနှင့် ကျွဲငါးမန်းရှိကြောင်း ပထမဆုံး အတည်ပြုနိုင်ပြီ "

" ဦးခေါင်းနှစ်လုံးနှင့် ကျွဲငါးမန်းရှိကြောင်း ပထမဆုံး အတည်ပြုနိုင်ပြီ "

မီချီဂန်၊ ဧပြီ  ၂
 
ဦးခေါင်းနှစ်လုံးနှင့် ကျွဲငမန်းသန္ဓေသားကို အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ကြပြီဖြစ် ကြောင်းသိရသည်။
ယခုတွေ့ရှိသော ဦးခေါင်း နှစ်လုံးနှင့် ကျွဲငါးမန်းသန္ဓေသားသည် ကမ္ဘာပေါ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။ အခြားငါး မန်းမျိုးစိတ်များကို ဦးခေါင်းနှစ် လုံးဖြင့် တွေ့ဖူးခဲ့ကြသော်လည်း လူသားစားငါးမန်းဖြစ်သည့် ကျွဲ ငါးမန်းမျိုး စိတ်တွင်မူ ယခုမှပင် တွေ့ဖူးကြခြင်း ဖြစ်သည်။
 
ဦးခေါင်းနှစ်လုံးနှင့် ငါးမန်း အချို့ကို မက္ကဆီကိုပင်လယ်အော် တွင် မကြာခဏတွေ့ရှိရာမှ ယင်း ငါးမန်းများနှင့်ပတ်သက်၍ အမေ ရိကန်ပြည်ထောင်စု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီများ သုတေသနပြုလေ့လာခဲ့ခြင်း ဖြစ် သည်။ထို့နောက် ဆက်လက်လေ့ လာကြရာတွင် မက္ကဆီကန် တံငါသည်တစ်ဦးဖမ်းမိသော သာမန် ငါးမန်းအမ တစ်ကောင်၏ ဝမ်း ဗိုက်အတွင်းမှ ဦးခေါင်းနှစ်လုံးပါရှိ သည့် ငါးမန်းသန္ဓေသားကို တွေ့ခဲ့ကြပြန်၏။
 
ယင်း သန္ဓေသားသည် ဦး ခေါင်းနှစ်လုံး၊ နှလုံးနှစ်ခု၊ အစာ အိမ်နှစ်ခုစသည်ဖြင့် သီးခြားစီပါ ရှိပြီး အမြီးပိုင်းတွင်မှသာလျှင် ပူးသွားကာ အမြီးတစ်ခုတည်း ဖြစ်သွားကြောင်း တွေ့ကြရသည်။''ဒါပေမဲ့ 
အဲဒီခေါင်းနှစ်လုံးနဲ့ ငါးမန်းလေးတွေဟာ မွေးပြီးတာနဲ့ သေသွားကြတယ်ဗျ။ သူတို့ရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံက ခေါင်းနှစ် လုံး အတွက် လိုအပ်တဲ့စွမ်းအင်ကို မဖြည့်စွမ်းနိုင်ကြဘူးဗျ'' ဟု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီတွဲဖက်ပါမောက္ခ မိုက် ကယ်ဝက်ဂ်နာက ပြောသည်။ ဦးခေါင်းနှစ်လုံးနှင့် မွေးဖွား လာသည့် သက်ရှိသတ္တဝါမှန်သမျှ မကြာမီအတွင်းတွင် သေဆုံးသွား ကြရခြင်းမှာလည်း 
အဆိုပါ အ ကြောင်းရင်းကြောင့်ပင် ဖြစ်ကြောင်း သူကပြောသည်။     

PN-002
Ref: dailymailဦးခေါင်းနှစ်လုံးနှင့် ကျွဲငမန်းသန္ဓေသားကို အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ကြပြီဖြစ် ကြောင်းသိရသည်။
ယခုတွေ့ရှိသော ဦးခေါင်း နှစ်လုံးနှင့် ကျွဲငါးမန်းသန္ဓေသားသည် ကမ္ဘာပေါ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။ အခြားငါး မန်းမျိုးစိတ် များကို ဦးခေါင်းနှစ် လုံးဖြင့် တွေ့ဖူးခဲ့ကြသော်လည်း လူသားစား ငါးမန်းဖြစ်သည့် ကျွဲ ငါးမန်းမျိုး စိတ်တွင်မူ ယခုမှပင် တွေ့ဖူး ကြခြင်း ဖြစ်သည်။

ဆင်းကတ်ရောင်းမည့်ရက် ကြေညာချက်ထုတ်ပြီး တစ်ပတ်ကျော်မှဝယ်လို့ရမည်

ဆင်းကတ်ရောင်းချမည့်ရက်ကို ကြေညာချက်ထုတ်ပြန်ပြီးတစ်ပတ်ကျော်ကြာမှသာ ရောင်းပေးမည်ဟုမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “ကျွန်တော်တို့ လက်ထဲမှာ ဆင်းကတ်တွေရောက်နေပါပြီ။ ကတ်တွေ ထုတ်လိုက်တော့ဆိုပြီးအထက်ကညွှန်ကြားချက် မလာသေးဘူး။ ညွှန်ကြားချက်လာရင်လည်း ချက် ချင်းရောင်းလို့မရသေးဘူး။ သတင်းထုတ်ပြန်ပြီးရောင်းဖို့စီစဉ်ရဦးမယ်။ တစ်ပါတ်ဒါမှမဟုတ်၁၀ ရက် လောက် နီးပါးအချိန်ခွာပြီးမှ ရောင်းချပေးမှာပါ” ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှမိုဘိုင်းအင် ဂျင်နီယာ ချုပ်ဦးဌေးဝင်း က ပြောသည်။ ဆင်းကတ်ကို ဧပြီလ၅ ရက်နေ့တွင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်း ချပေးမည် ဟုသတင်း

“ကြိုးကိုင်နေတဲ့ လူတွေကို ဖော်ထုတ်ဆဲပဲ ရှိပါသေးတယ်”




မန္တလေးတိုင်း၊ မိတ္ထီလာမြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်း ဖက်မှုတွေဟာ နေပြည်တော်နဲ့ ပဲခူးတိုင်းတွေကို ကူးစက် ပြန့်ပွားခဲ့ သလို ရန်ကုန်မြို့ မှာလည်း ကောလာ ဟလတွေ ပြန့် ပွားခဲ့ပါတယ်။ ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဒီလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၄၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရကြောင်း အစိုးရက တရားဝင်

ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း

မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ်ဆိုရင် သင်က သူတို့ ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုးထွက်နေတယ်ဆိုရင် လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။
ခံတွင်းရနံ့ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်းအတွင်းမှာ စားကြွင်

ရှမ်းပြည်ကိုးကန့် ဒီမိုရက်တစ်ပါတီ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်

လားရှိုးမြို့တွင် ပြုလုပ်သည့် ရှမ်း၊ ကယားပြည်နယ် ယုံကြည်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)


တိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်သော ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်မြေများ၌ ၀င်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူက ပြောသည်။

အင်ဒိုနီးရှား-မြန်မာ ကုန်သွယ်မှု ၂၀၁၆ ၌ ဒေါ်လာ သန်း ၁၀၀၀ အထိရည်မှန်း

အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ အထိ ရည်မှန်း ထားကြောင်း သိရသည်။ အင်ဒိုနီးရှား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ၀န်ကြီး H.E.Mr.Hatta Rajasa နှင့် သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု

တိုက်စစ်မှူး ကြည်လင်း အာစီယံ အကောင်းဆုံး ဆုရရှိ

ကချင်လက်နက်ကိုင်အဖွဲ့မှ ဆန်အိတ်များအတင်းအကြပ်တောင်းခံနေ၍ ရွာသားများအခက်ကြုံ

ကချင်ပြည်နယ်အတွင်း KIA တပ်များနှင့် အစိုးရတပ်များ အပစ် အခတ် ရပ်စဲထားပြီး နောက်ပိုင်းတွင် KIA အဖွဲ့များအနေဖြင့် လူသစ် စုဆောင်းခြင်း၊ ရိက္ခာများစုဆောင်းခြင်းများရှိနေပြီး ဆန်များကို အတင်း အကြပ် တောင်းခံနေခြင်းကြောင့် ဒေသခံများ အနေဖြင့် အခက် အခဲများ စွာကြုံတွေ့နေ လျက်ရှိသည်။ 

သစ်ခွဲသားများကို မည်သည့် ထောက်ခံချက်မှ မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူနိုင်

“၄၈ လမ်း မီးလောင်မှုမှ လွတ်မြောက်လာသူအချို့ ဘာပြောကြသလဲ”

ယခုကျောင်းသား သုံးဦးမှာ ဧပြီ ၂ ရက် နံနက် သုံးနာရီက ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းတွင် မီးလောင်ရာ၌ ရှိနေခဲ့သူများ ဖြစ်သည်။ ဧပြီ ၂ ရက် ညနေ ၅ နာရီကျော်တွင် မီဒီယာအချို့နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မီးလောင်မှု ဖြစ်စဉ်အတွင်း သူတို့ကြုံတွေ့ခဲ့ရမှုများအား ကျွန်တော်တို့ကို ပြောပြခဲ့သည်။ ထို့ပြင်

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

 ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာ ပါဝင်တယ်. နောက်ဆုံးတင်ပြလိုတာကတော့.....

 (၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။
 
 (၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။

(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။

(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.

credit(http://www.lubo601.com/2013/03/blog-post_8991.html)

 By ထွန်းတောက်နိုင်ငံခြားဆေးနှင့်မြန်မာဆေးမျိုးစုံဆိုင်(Tun Tauk Pharmacy)



Re-Post By ACM 3-4-2013
အေးချမ်းမွန် Credit & Copy From >>မြန်မာ့သတင်းများစုစည်းရာ << Thank

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘေ
ာဇန သင်္ဂဟ ကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေ ကျက်အေး ရေအေး တို့နဲံ ပတ်သက် တဲ့ သိမှတ်ဖွယ် ရာဗဟုသုတတွေ ဒီစာအုပ်မှာ ပါဝင် တယ်.  နောက် ဆုံးတင်ပြလိုတာကတော့.....

အားကစားနည်းများ အတွက် စကားပြန်များ လျှောက်ထားနိုင်

အားကစားနည်းများ အတွက် စကားပြန်များ လျှောက်ထားနိုင်
Wednesday, April 3, 2013 

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပမည့်           (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်) အားကစားကွင်း/ အားကစားရုံများ၌

လာရောက် ကူညီ နည်းပြမည့် နိုင်ငံခြားသား ဒိုင်/နည်းပြများ အတွက် စကားပြန်များ တွဲဖက်ပေးနိုင်ရန် အောက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံ သူများအား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ လစာနှုန်း ငွေကျပ် ၂ဝဝဝဝဝ ဖြင့် တရုတ် စကားပြန် ၄၅ ဦးနှင့် ထိုင်းစကားပြန် ၂ဝ ရာထူး နေရာ ခန့်ထားမည် ဖြစ်သည်။

လျှောက်ထား နိုင်သူများမှာ တရုတ် စကားပြောနှင့် ထိုင်းစကားပြော ကျွမ်းကျင်ပြီး ဆက်ဆံရေး/ ကျန်းမာရေး ကောင်းမွန်သူ အမျိုးသား/ အမျိုးသမီးများ ဖြစ်ရမည်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်သူ အိမ်ထောင် မရှိသူ ဖြစ်ရမည်။

လျှောက်ထားမည့် သူများ အနေဖြင့် အကျင့် စာရိတ္တနှင့် ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ဘာသာ စကား ကျွမ်းကျင်ကြောင်း သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ ဘွဲ့လက်မှတ် ရှိလျှင် (မိတ္တူမှန်)၊ နိုင်ငံသား စိစစ်ရေးကတ် (မိတ္တူမှန်)၊ ရောင်စုံ ပတ်စပို့ဆိုက် ဓာတ်ပုံ သုံးပုံနှင့် အတူ ကိုယ်ရေး မှတ်တမ်း အကျဉ်းကိုပါ ပြည့်စုံစွာ ဖြည့်စွက်၍ ဧပြီ ၂၂ ရက်မှ ၂၅ ရက်အတွင်း ကိုယ်ရေး လျှောက်လွှာ နှင့်အတူ ဦးထွန်းမြင့်ဦး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဝန်ကြီးရုံး အားကစား ဝန်ကြီး ဌာနရုံး အမှတ်(၃၁)သို့ လိပ်မူပေးပို့ပါ ရန်နှင့် ဧပြီ ၃ဝ ရက်တွင် လူတွေ့ စစ်ဆေး သွားမည် ဖြစ်သည်။

ရွေးချယ်ခြင်း ခံရသူများအား နေထိုင် သွားလာရေးအတွက် စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၆၇-၄ဝ၆ဝ၃၄ နှင့် ဝ၉-၅ဝ၂၂၃၅၇ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

အဖြူရောင်စာမျက်နှာ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပမည့် (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်) အားကစားကွင်း/ အားကစားရုံများ၌ လာရောက် ကူညီ နည်းပြမည့် နိုင်ငံခြားသား ဒိုင်/ နည်းပြများအတွက် စကားပြန်များတွဲဖက်ပေးနိုင်ရန် အောက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံ သူများအား မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ လစာနှုန်း ငွေကျပ် ၂ဝဝဝဝဝ ဖြင့် တရုတ် စကားပြန် ၄၅ ဦးနှင့် ထိုင်း

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် နေပြည်တော်ရုံး ချုပ်တွင် ထုတ်ယူ နိုင်ပြီ

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် နေပြည်တော်ရုံး ချုပ်တွင် ထုတ်ယူ နိုင်ပြီ
Wednesday, April 3, 2013 

မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခုနှစ်မှ စတင်၍ နေပြည်တော် စာစစ်ဌာနတွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခင်က ရန်ကုန်စာစစ်ဌာန တစ်ခုတည်းတွင်သာ ထုတ်ပေးရာမှ ယခုနှစ်မှ စတင်ကာ ရန်ကုန်မြို့ရှိ စာစစ်ဦးစီးဌာန လသာမြို့နယ် ပညာရေးမှူးရုံးနှင့် နေပြည်တော် စာစစ်ဦးစီးဌာန ရုံးချုပ်တို့တွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း နေပြည်တော် စာစစ်ဌာနရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခု ဒီနှစ်မှာ အောင်လက်မှတ် ထုတ်ယူနိုင်ဖို့ နေရာသုံးခု ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်စာဖြေဌာနကပဲ အောင်အောင် ကိုယ်နဲ့နီးစပ်တဲ့နေရာမှာ အောင်လက်မှတ် ထုတ်ယူနိုင်ပါပြီ။

နယ်ဝေးကလူတွေလဲ နေပြည်တော်မှာ ထုတ်လို့ရပါတယ်” ဟု အဆိုပါတာဝန်ရှိ သူက ပြော သည်။ မြန် မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က “ဒီနှစ် တက္ကသိုလ် ဝင် တန်း ဖြေ ဆိုအောင်မြင်သူတွေကနေစပြီး တက္ကသိုလ် ဝင် တန်း အောင် လက်မှတ်တွေ ကို ဇွဲကပင်၊ လသာ နဲ့ နေပြည်တော် သုံးနေရာမှာ ကိုယ်နဲ့နီးစပ်တဲ့ ဌာနတွေမှာ ထုတ်လို့ရတော့မှာပါ။ 

အရင်က နေပြည်တော်မှာ ထုတ်မပေးပါဘူး။ အခု ဒီနှစ်မှစမှာပါ။ အဲဒီလို ထုတ်ပေးခြင်းအားဖြင့် ရန်ကုန်ကိုလာရမှာ အခက်အခဲဖြစ်တဲ့ နယ်ကကျောင်းသားတွေအတွက် အဆင်ပြေအောင်လို့ပါ။ သွားရေးလာရေးအတွက် ငွေကုန်သက်သာပြီး အဆင်ပြေအောင်လို့ပါ” ဟု ဆိုသည်။ 

ယင်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် ထုတ်ယူခဲ့သူတစ်ဦး “နယ်ကနေ ရန်ကုန်အထိ လာရတာ တော်တော်လေး ခက်ခဲပါတယ်။ အချက်အလက် မပြည့်စုံရင် တစ်ရက်တည်းနဲ့ မပြီးပါဘူး။ 

သွားရလာရတဲ့ ဒုက္ခနဲ့ ကုန်ကျစရိတ် များပါတယ်။ အခုလိုမျိုး ကိုယ့်ဒေသနဲ့ နီးတဲ့နေရာမှာ ထုတ်လို့ရမယ်ဆိုရင် ကုန်ကျစရိတ် ပိုနည်းသွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်သတင်း မြန်မာတစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခုနှစ်မှစတင်၍ နေပြည်တော် စာစစ်ဌာနတွင် ထုတ်ယူနိုင် ပြီဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို ယခင်က ရန်ကုန်စာစစ်ဌာန တစ်ခုတည်းတွင်သာ ထုတ်ပေးရာမှ ယခုနှစ်မှစတင်ကာ ရန်ကုန်မြို့ရှိ စာစစ်ဦးစီးဌာန လသာမြို့နယ် ပညာရေးမှူးရုံးနှင့် နေပြည်တော် စာစစ်ဦးစီးဌာန ရုံးချုပ်တို့တွင် ထုတ်

The First Weekly Journal အားလက်ပံတောင်းဒေသတုံရွာမှ မညိုလေးက အသရေဖျက်မှုဖြင့်တရားစွဲ

 
The First Weekly Journal တွင်မြောက်ဒဂုံတွင်ေ နထိုင်ပြီး   နိုင်ငံရေးအမှုနှင့်ထောင်မှထွက်လာ  သည်ဟုရေးသားဖော်ပြခံရသည့် ဓာတ်ပုံရှင်အမျိုးသမီးမှာ စစ်ကိုင်း  တိုင်းဒေသကြီးမုံရွာခရိုင်၊ဆားလင်း  ကြီးမြို့နယ်၊ တုံရွာတွင်နေထိုင်ပြီး တုံရွာတွင်ပင်မွေးဖွားကြီးပြင်းလာ  ကာနိုင်ငံရေးမှုဖြင့်ထောင်ကျခဲ့ခြင်း   မရှိသူတစ်ယောက်ဖြစ်သည့် အတွက်  The First Weekly

အပျော်ဖက်မယ့် သင်္ကြန်၊ အတော်ခက်တဲ့ သင်္ကြန်

မဝေးတော့တဲ့ အချိန်ကာလမှာ တနှစ်ကုန်လို့ တနှစ်ကူးတော့မယ့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်အခါ သမယကို ရောက်ရှိလာတော့မှာပါ။ ဒီလို အချိန်အခါမှာ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေအနေနဲ့ နှစ်ဟောင်းက အညစ်အကြေး တွေကို နှစ်သစ်ကို ပါမသွားရလေအောင် သင်္ကြန်ရေ ဆိုတဲ့

သင်္ကြန်ကာလ ဈေးချိုချိုနဲ့ လေယာဉ်စီးကြမယ်

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်
Wednesday, April 3, 2013 

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံး
သွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က
ပြောကြားသည်။

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း ၁၅၃၄လုံးကိုတည်
ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့ တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေအကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။
မွေးစာရင်းရှိတဲ့ လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ အပျက်
အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၇ှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို ဘူဒိုဇာများဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း မန္တလေးတိုင်း
ဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

“၀မ်းသာပါတယ်။ ဒီမှာက ကျောင်းပိတ်တုန်း နေရာချပေးထားတာလေ။ နွေရာသီကျောင်းပိတ်ရက်ပြီး လို့ ကျောင်းပြန်ဖွင့်ရင် ဒီကလူတွေ ဘယ်မှာနေရမလဲ ဆိုပြီး စိတ်ပူနေရ
တာ။ အခုတော့ အိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုတော့ အရမ်းကို ဝမ်းသာ
ပါတယ်။ စောင့်ရှောက်မှုတွေ ပေးထားပေမယ့် အားလုံးစုပြီးနေရတော့ ကိုယ့်အိမ်ကိုယ်မဟုတ်တော့လည်း နေရေးထိုင်ရေးက အဆင်မပြေဘူးလေ” ဟု အစ္စလာမ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မြင့်ကြည်ကပြောကြားသည်။

ယခုအခါ မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာဝင် ဒုက္ခသည်စခန်း ၂ခုနှင့် အစ္စလာမ်
ဘာသာဝင် စခန်း ၅ခုကို ဘုန်းတော်ကြီးကျောင်းများ၊ ကောလိပ်၊ အထက်
တန်းကျောင်း၊ အားကစားကွင်း စသည့်နေရာများတွင် ဖွင့်လှစ်ကာ
စောင့်ရှောက်ထားကြောင်း သိရသည်။

မြန်မာ့ခေတ် မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီး ဆုံးရှုံး သွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။

ပြည်တွင်းရွှေဈေး အတက်အကျ ကမ္ဘာ့ရွှေဈေးက ဦးဆောင်နိုင်ဖွယ်ရှိ

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်
Wednesday, April 3, 2013 

စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။

နယူးဇီလန် နိုင်ငံမှ ဒီဇိုင်နာ ကာသာရင် ဝီလ်ဆင်က ယင်းဖိနပ်အား ပေါင်တစ်သန်း တန်ဖိုးရှိ စိန်ဖြူလေးပုံ တစ်ပုံခန့်ကို အသုံးပြု၍ Sarah Hutchings of Auckland's Orsini Fine ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အကူ အညီဖြင့် ဖန်တီးခဲ့သည်။

"The Diamond Shoe" စိန်စီရှူး ဖိနပ်ကို ၂၁ ဒသမ ၁၈ ကာရက်ရှိသော စိန်ပွင့်များဖြင့် စီခြယ်ပြုလုပ်ထားပြီး ယင်းဖိနပ်ကို ပြုလုပ်ရန်အတွက် နာရီပေါင်း ၅ဝ ကျော် အချိန်ယူခဲ့ရကြောင်း သိရသည်။

ဒီဇိုင်နာဝီလ်ဆင်က ယင်းဖိနပ်အား "Cinderella" ကားတွင် ဆင်ဒရဲလား မင်းသမီးလေး ဝတ်ဆင်ခဲ့သော ဖိနပ်ပုံစံအတိုင်း စိတ်ကူး ပုံဖော်တည်ဆောက် ထားပြီး ဇိမ်ခံပစ္စည်း တစ်ခုအဖြစ် ဖန်တီးတည်ဆောက် ထားကြောင်း သိရသည်။

မြ၀တီ
စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။

သင်္ကြန်ရက်တွေကို ဂုဏ်သိက္ခာရှိရှိနဲ့ ဖြတ်သန်းတာအကောင်းဆုံးပါပဲဆိုတဲ့ တင်မိုးလွင်နှင့်အင်တာဗျူး

Photo: Eternal Light Magazine
April 2013
လူငယ်၊ သင်္ကြန်၊ အရက်

သင်္ကြန်ရက်တွေကို ဂုဏ်သိက္ခာရှိရှိနဲ့ ဖြတ်သန်းတာအကောင်းဆုံးပါပဲဆိုတဲ့ တင်မိုးလွင်နှင့်အင်တာဗျူး

အခုခေတ်သင်္ကြန်အပေါ် အစ်မရဲ့အမြင်ကို ပြောပြပေးပါလား။

အခု သင်္ကြန်ကို မဆင်နွှဲဖြစ်တာ (၁၂)နှစ် ရှိသွားပါပြီ။ ဒီ(၁၂) နှစ်အတွင်းမှာ လည်း အန္တရာယ်တွေကို စိုးရိမ်စိတ်နဲ့ပဲ သင်္ကြန်ကို ဖြတ်သန်းခဲ့ရတာပါ။ အခုတော့ မိသားစုနဲ့ပဲ ခရီးထွက်တယ်၊ အေးတဲ့နေရာမှာပဲ သွားနေတယ်။ အလှူတွေလုပ်တယ်။  အဲဒီလိုလုပ်ရတာကလည်း သင်္ကြန်ကို တော်တော် စိတ်ကုန်သွားလို့ပါပဲ ... ။ အခုခေတ်သင်္ကြန်က စိုးရိမ်စိတ်တွေနဲ့ ပျော်နေရ တယ်လို့ထင်တယ်။ အစ်မတို့လည်း သင်္ကြန်မှာTalents & Models အနေနဲ့ ကြီးမားတဲ့ဝန်ဆောင်မှုတွေပေးပြီး လုပ်ခဲ့တာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ အခုခေတ်သင်္ကြန်က အရမ်းကြမ်းတမ်းလာကြတယ်။ ရေပက်ရင် လည်း မီးသတ်ပိုက်တွေနဲ့ပက်လာကြတယ်။ မူးတဲ့လူတွေ အရမ်းများလာကြ တယ်။ ပြီးတော့ ပြန်တဲ့အခါမှာလည်း လမ်းတွေပိတ်ပြီး ညဘက်ပြန်ရတာ မိုးချုပ်တော့ ကိုယ့်အတွက် အန္တရာယ်ကလည်းများတယ်။ 

သင်္ကြန်တွင်းဆိုတာကလည်း ဘာလုပ်လုပ် ခွင့်လွှတ်ရမယ့်ပုံစံမျိုးဖြစ်နေ တယ်။ ယဉ်ကျေးမှုမရှိတာတွေ၊ အရက်သေစာသောက်စားတာတွေကို ခွင့်လွှတ်နေကြရတော့ သင်္ကြန်က မိန်းကလေးတွေအတွက် မလုံခြုံတော့ ဘူး။ သင်္ကြန်မှာ သရုပ်ပျက်တာတွေကများတယ်။ သင်္ကြန်ပြီးရင်လည်း ဘယ်သူတွေ နာမည်ပျက်ကြဦးမလဲဆိုတာကလည်း ရှိနေတယ်လေ။ မမိုးတို့ဆိုရင် အခုခေတ်သင်္ကြန်ကိုကြောက်လွန်းလို့ အလုပ်တွေတောင် လက်မခံတော့ဘူး။ အလုပ်လက်ခံတဲ့အခါ ကိုယ့်တစ်ယောက်လုံခြုံဖို့တင် မကဘဲ ကိုယ့်ဆီမှာရှိတဲ့ Model တွေရဲ့လုံခြုံရေးကအစ ကိုယ့်မှာတာဝန် ရှိနေတော့ သူတို့အတွက်ပါ စိတ်ပူနေရတယ်။

အခုခေတ်သင်္ကြန်နဲ့ အစ်မတို့လူငယ်ဘ၀တုန်းက သင်္ကြန်နဲ့ ဘာတွေကွာခြားမှုရှိသလဲဆိုတာ ပြောပြပေးပါလား။

အရမ်းကွာခြားမှုတွေရှိသွားတယ်။ အရင်တုန်းကတော့ ခွက်နဲ့ ပက်တာကနေ ကူးပြောင်းလာတဲ့ခေတ်ထဲမှာ ပိုက်ကိုခပ်ပျော့ပျော့နဲ့ပဲ ပက်ကြတာပါ။ အရမ်းကြမ်းတာတွေ သိပ်မရှိဘူး။ အခုခေတ်က ရေပက်တာလည်း အရမ်းကြမ်းလာတယ်။ စူးတဲ့ပိုက်တွေ၊ မီးသတ်ပိုက်တွေနဲ့ ပက်တာတွေ ရှိလာကြတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်မှုတွေ၊ နားလည်မှုတွေနည်းလာပြီး ရန်ဖြစ်တာတွေ၊ သွေးထွက်သံယိုတွေ များလာတာတွေကို ကြားရတယ်။ ရိုက်ကြပြီဆိုရင် ဆွမ်းကြီးလောင်းတယ်လို့ လူငယ်တွေပြောကြတာပဲ။ ဘယ်သူရယ်ဘယ်ဝါရယ် မသိဘူး။ လက်တည့်တွေစမ်းကြတာကို ကိုယ့်မျက်စိရှေ့မှာတွေ့တဲ့အခါ စိတ်ထဲမကောင်းဘူး။ မမိုးတို့မှာလည်း သင်္ကြန်ကိုပျော်ချင်တဲ့စိတ်တွေ ရှိပါတယ်။ ဒါပေမဲ့ အပျော်ကနေ အပျက်တွေဖြစ်လာတာ ဒီခေတ်ထဲမှာ များလာတယ်။ မမိုးတို့ခေတ်တုန်းကလည်း ဟော့ရှော့တွေဝတ်ပါတယ်။ ဒါပေမဲ့ ဒီလောက်တော့ သရုပ်မပျက်ကြဘူး။ လုံးလားထွေးလားတွေ မရှိကြဘူး။ သမီးရည်းစားဆိုလည်း ပိုက်ကိုကိုင်ပြီး အတူတူရေပက်ကြ တာလောက်ပဲ။ အခုခေတ်မှာတော့ သင်္ကြန်ပြီးရင် အခွေထွက်လာတာ၊ တိုင်လုံးတွေကိုဖက်ပြီး ကတာတွေ၊ Sexy အကတွေကတာတွေက မဏ္ဍပ်ပေါ်မှာ သူများနိုင်ငံက မကောင်းတဲ့ပုံစံမျိုးတွေနဲ့ လုံးဝကို သွားတူနေတယ်။ ဒီခေတ် စီးပွားရေးလုပ်နေတဲ့သူတစ်ယောက် အနေနဲ့ ခေတ်အမြင်တော့ ရှိပေမယ့် မြန်မာတစ်ယောက်အနေနဲ့ မြန်မာ ဆန်တာကိုပဲ ကြိုက်တယ်။
အခုခေတ်သင်္ကြန်အပေါ် အစ်မရဲ့အမြင်ကို ပြောပြပေးပါလား။

အခု သင်္ကြန်ကို မဆင်နွှဲဖြစ်တာ (၁၂)နှစ် ရှိသွားပါပြီ။ ဒီ(၁၂) နှစ်အတွင်းမှာ လည်း အန္တရာယ်တွေကို စိုးရိမ်စိတ်နဲ့ပဲ သင်္ကြန်ကို ဖြတ်သန်းခဲ့ရတာပါ။ အခုတော့ မိသားစုနဲ့ပဲ

သင်္ကြန်မှာ အရက်သောက်ခွင့်မပြုသင့်ဘူးလို့ဆိုတဲ့ ကျော်သူ

ဦးကျော်သူ လူငယ်ဘ၀တုန်းက အရက်သောက်ခဲ့ဖူးတယ်လို့ ပြောထားတော့ ဘယ်အရွယ်လောက်မှာ အရက်သောက်ဖြစ်ခဲ့တာပါလဲ။

ကျွန်တော် (၁၀)တန်းဖြေအပြီးမှာ ကျွန်တော့်ဖခင်ရဲ့ရုပ်ရှင်ကုမ္ပဏီနဲ့ အတူ တောင်ကြီးရိုက်ကွင်းကိုလိုက်သွားတယ်။ အဲဒီမှာ ရုပ်ရှင်လောကကပဲ၊ ထမင်းစားတဲ့အချိန်မှာ အဖေတို့နဲ့မစားဘဲ သူတို့နဲ့ စားဖြစ်တယ်။ အဲဒီမှာ မောင်မောင်၊

ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂပြော

Photo: ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂပြော
Wednesday, April 3, 2013 

ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေတုန်း မြောက်ကိုးရီးယားအစိုးရက လွန်ခဲ့တဲ့ ၅ နှစ်က ပိတ်ချခဲ့တဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေကို ပြန်လည်စတင်အသုံးပြုတော့မယ်လို့
ပြောလိုက်တဲ့အတွက် တင်းမာမှုတွေဟာ အထွတ်အထိပ်ရောက်ရှိနေပြီး စစ်ဖြစ်ပွားနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ပြန်လည် စတင်မယ့် နျူးကလီးယား စက်ရုံတွေထဲမှာ Yongbyong နျူးကလီးယား ဓာတ်ပေါင်းဖို လည်းပါဝင်ပြီး Yongbyong စက်ရုံဟာ နျူကလီးယား လက်နက်တွေ အသင့် အသုံးပြုနိုင်ဖို့ အတွက် ပလူတိုနီယံ တွေကို ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ ဖြစ်ပါတယ်။

ပြန်လည် စတင် အသုံးပြုမယ့် နျူကလီးယား စက်ရုံတွေကို လျှပ်စစ်မီးနဲ့ စစ်ရေးတွေအတွက် အသုံးပြုမယ်လို့ မြောက်ကိုးရီးယား အစိုးရက ပြောပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက နျူကလီးယားစက်ရုံတွေ ပြန်အသုံးပြုတော့မယ်ဆိုတာ သိရတဲ့အတွက် တရုတ်နိုင်ငံက စိတ်မကောင်းဘူးလို့ တရုတ်အစိုးရက ပြောပါတယ်။

တင်းမာမှုမှာ ပါဝင်တဲ့နိုင်ငံတွေကြား ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းပြီး ထိန်းချုပ်မှုတွေ ရှိကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံကလည်း မြောက်ကိုးရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မြောက်ကိုးရီးယားနိုင်ငံကနေ ဒုံးကျဉ်တွေနဲ့ တိုက်ခိုက်လာရင် ဒုံးကျဉ်တွေကို ပြန်လည်ပစ်ခတ်ဖို့အတွက် စစ်သင်္ဘောတွေ အသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံနဲ့အတူ ရှိပါတယ်ဆိုတာကို ပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံက ခုလို အသင့်ပြင်ထားတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

မြောက်ကိုးရီးယားနိုင်ငံကနေ နျူကလီးယားစက်ရုံတွေ ပြန်လည်အသုံးပြုမယ်ဆိုတာဟာ နိုင်ငံတကာကို မထီလေးစားပြုရာ ရောက်တယ်လို့ပြောလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေတဲ့အတွက် စစ်ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။

ခုဖြစ်နေတဲ့ တင်းမာမှုတွေဟာ လိုအပ်တာထက် ပိုလွန်းနေပြီလို့ ဘန်ကီမွန်းကပြောလိုက်ပြီး နျူကလီးယားခြိမ်းခြောက်မှုကို ကစားစရာတစ်ခုလို အနိုင်ယူစရာတစ်ခုလို မထုတ်သုံးသင့်ဘူးလို့ ပြောပါတယ်။

မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုတွေအပေါ် တုန့်ပြန်မှုတွေ လုပ်ကြမယ်ဆိုရင် ပြဿနာပိုကြီးလာနိုင်ပြီး မငြိမ်မသက်မှုတွေ ပိုဖြစ်စေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘန်ကီမွန်းဟာ တောင်ကိုးရီးယားနိုင်ငံသားဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

ဂျာနယ်စုံ

ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်နေတုန်း မြောက်ကိုးရီးယားအစိုးရက လွန်ခဲ့တဲ့ ၅ နှစ်က ပိတ်ချခဲ့တဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေကို ပြန်လည်စတင်အသုံးပြုတော့မယ်လို့ပြောလိုက်တဲ့အတွက် တင်းမာမှုတွေဟာ အထွတ်အထိပ်ရောက်ရှိနေပြီး စစ်ဖြစ်ပွားနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လူငယ်၊ သင်္ကြန်၊ အရက် (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။)

   

Photo: Eternal Light Magazine
April 2013
လူငယ်၊ သင်္ကြန်၊ အရက်

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။
သင်္ကြန်ပွဲ
အောင်ဆန်းစုကြည်

ရေပက်ကစားကြတဲ့အခါမှာရော၊ တခြားပျော်ရွှင်မှုတွေမှာရော၊ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြကြပါဘူး။ ညစ်ပတ်တဲ့ရေနဲ့ ဘယ်တော့မှ မပက်ကြပါဘူး။ အမျိုးသားအနေနဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့ သူစိတ်ကျေနပ်သလောက် ရေလောင်းခွင့်ရှိပါတယ်။ ဒါတောင် အမျိုးသမီးကစပြီး ရေလောင်းမှသာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတဲ့ခေတ်တုန်းက အမျိုးသမီးတွေကသာ စပြီး ရေလောင်းခွင့်ရှိတယ်ဆိုတာ ယခုအခါမှာတော့ ပျောက်ကွယ် သွားတာကြာပါပြီ။ 

ဒီကနေ့မှာတော့ ရေအားပြင်းပြင်းထွက်ဖို့ ရေပိုက်တွေမှာ ခေါင်းသေးသေး
လေးတွေတပ်ပြီး ပက်ကစားကြတာတွေဟာ ရေပြွတ်တွေ၊ ရေဖလားတွေနဲ့ ပက်ကစားကြတဲ့နေရာတွေမှာ အများကြီးအစားထိုးဝင်ရောက်နေပါပြီ။ သက်ကြီးရွယ်အို မြန်မာလူကြီးများက သင်္ကြန်ပွဲတော်ကာလမှာ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြရဘူးဆိုတဲ့ စကားဟာ လုံးဝမရှိတော့ဘူးဆိုတာကို ၀မ်းနည်းစွာနဲ့ ပြောဆိုနေကြပါပြီ။ အထူးသဖြင့် အလွန်အကျွံ အရက်သောက်သုံးခြင်းဟာ သင်္ကြန်ပွဲနဲ့အတူ တွဲဖက်ပါလာကတည်းကပါပဲ။ ယခုခေတ်မှာတော့ လမ်းထောင့်တွေမှာ ယာယီမဏ္ဍပ်တွေထိုးပြီး ရေပက်ကစားကြ၊ အဆိုအကတွေနဲ့ ဖျော်ဖြေ တင်ဆက်လာကြပါပြီ။ ကားတစ်စီးအပြည့်နဲ့ အပျော်ရေပက်ခံထွက်ကြတဲ့ သူတွေကလည်း တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရေစိုရွှဲပြီးရင်း စိုရွှဲလာကြသလို၊ တချို့ကျတော့ မူးပြီးရင်း ပိုမူးလာကြပါတော့တယ်။ သင်္ကြန်ပွဲ
အောင်ဆန်းစုကြည်

ရေပက်ကစားကြတဲ့အခါမှာရော၊ တခြားပျော်ရွှင်မှုတွေမှာရော၊ မယဉ်ကျေးတဲ့အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြကြပါဘူး။ ညစ်ပတ်တဲ့ရေနဲ့ ဘယ်တော့မှ မပက်ကြပါဘူး။ အမျိုးသားအနေနဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့

စိတ်ဝင်စားစရာကောင်းတဲ့  ကျန်းမာဆိုင်ရာအချက်များ...

ဧက ၅၀ အကျယ်အ၀န်းရှိမည့် Solar System ဖြင့် စစ်တွေကို လျှပ်စစ်မီး ပေးဝေမည့် စီမံကိန်း များမကြာမီ စတင်မည်

ဧက ၅၀ အကျယ်အ၀န်းရှိမည့် Solar System ဖြင့် စစ်တွေကို လျှပ်စစ်မီး ပေးဝေမည့် စီမံကိန်း များမကြာမီ စတင်မည်
Wednesday, April 3, 2013 
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆိုလာ စနစ် ( Solar System) ဖြင့် လျှပ်စစ်မီး ပေးဝေနိုင်ရေး အတွက် မြေနေရာ ဧက ၅၀ ခန့် လိုအပ်နေရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာ ရရှိရေးကို စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိသည်။
“ နေရာ သတ်မှတ်နိုင်ရေး အတွက် မြေနေရာကို လိုက်ရှာနေတဲ့ နေရာမှာ မနေ့ကတော့ ယခင် သချိုင်္င်းဟောင်း အာကျိတ်တောင်ကုန်းကို သွားကြည့်ပါတယ်။ အဲဒီနေရာက အကောင်းဆုံး ဖြစ်မယ်လို့တော့ အားလုံးက ယူဆနေကြပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

အဆိုပါ စီမံကိန်းကို အမေရိကန် အကူအညီဖြင့် ပြည်တွင်း ကုမ္ပဏီ တစ်ခုက တည်ဆောက်သွားမည်ဟု ဆိုသည်။

“ မြေနေရာကို လိုက်ရှာနေတာ ကြာနေပါပြီ။ အခုတော့ အာကျိတ်တောင်ကုန်းမှာ တည်ဆောက် ဖြစ်ဖို့များတယ်။ အဲဒီ နေရာကို နောက်တစ်ရက် နှစ်ရက်ကြာရင် သတ်မှတ်မယ်။ ပီးရင် စီမံကိန်းကို စတင် အကောင်အထည်ဖေါ်မှာ ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ထိ အသုံးပြုမည် ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောကြားသည်။

သို့သော်လည်း အဆိုပါ ငွေပမဏ အပေါ် နိရဉ္စရာက အတည်ပြုနိုင်ခြင်း မရှိသေးပါ။

narinjara ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဆိုလာစနစ် ( Solar System) ဖြင့် လျှပ်စစ် မီး ပေးဝေနိုင်ရေးအတွက် မြေနေရာ ဧက ၅၀ ခန့်လိုအပ်နေရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာရရှိရေးကို စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
“ နေရာသတ်မှတ်နိုင်ရေးအတွက် မြေနေရာကို လိုက်ရှာနေတဲ့ နေရာမှာ မနေ့ကတော့ ယခင်သချိုင်္င်းဟောင်း အာကျိတ်တောင်ကုန်းကိုသွား

မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်

မြန်မာနိုင်ငံအဘို့ စမ်းသပ်ချိန်

(စိုးမြင့် (အယ်ဒီတာချုပ် မဇ္ဈိမ)  ရေးသားထားသော  အယ်ဒီတာ့အာဘော် မှ  ကောက်နှုတ်ဖေါ်ပြသည်)
မိတ္ထီလာနှင့် မြန်မာနိုင်ငံအခြားဒေသများတွင် မကြာသေးမီက ဖြစ်ပွါးခဲ့သော အဓိကရုဏ်းများသည် တိုင်းပြည်အဘို့ စမ်းသပ်ချိန်ကာလတခုကို ဖြတ်သန်းနေရချိန်ဖြစ်ကြောင်း နောက်တကြိမ် ထပ်မံ ပြသလိုက်ခြင်းပင် ဖြစ်သည်။

ဗလီမီးလောင်မှုအတွက် တာဝန်ရှိသူအရေးယူမည်

ရန်ကုန်ဗလီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဈာပနအခမ်းအနား။ (၂ ဧပြီလ ၂၀၁၃)
ရန်ကုန်ဗလီမီးလောင်မှုအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဈာပနအခမ်းအနား။ (၂ ဧပြီလ ၂၀၁၃)

ဒီနေ့မနက် ၃ နာရီလောက်က ရန်ကုန် ၄၈ လမ်း မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတခုမှာ မီးလောင်မှုကြောင့် ကလေး ၁၃ ဦးကျော် သေဆုံးခဲ့တဲ့ အတွက် ပေါ့ဆမှုနဲ့ ဗလီကျောင်း တာဝန်ရှိသူတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

"စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း ပြောကြား"

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်တွင် စိတ်ချရသည့် လုံခြုံရေး အစီအမံများ ပြုလုပ်ထားမည့်အပြင် သင်္ကြန်မဏ္ဍပ်များအား လုံခြုံရေး အထူးပြုရန် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ညွှန်ကြား

ThinGyan-april2

ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များ၊ ကောလာဟလများကြောင့် ရန်ကုန် သင်္ကြန်ပွဲတော်အတွက် အများစု စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရာ ယခုနှစ် ရန်ကုန် သင်္ကြန်ပွဲတော်တွင် အများပြည်သူ အေးချမ်းစိတ်ချရမည့် လုံခြုံရေး အစီအစဉ်များ ပြုလုပ်ထားမည့်အပြင် သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေးကိုလည်း အထူးဂရုပြုရန် ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့သည်။