Thursday, April 25, 2013

ယခုနှစ် ရန်ကုန်သင်္ကြန်၌ သရုပ်ပျက် ဝတ်စားဆင်ယင်မှု ယမန်နှစ်ထက် နည်းပါးခဲ့ကြောင်း အစိုးရအဖွဲ့ သုံးသပ်


ယခုနှစ် ရန်ကုန်သင်္ကြန်တွင် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများမှာ ပြီးခဲ့သည့်နှစ် သင်္ကြန်ကထက် နည်းပါးခဲ့ကြောင်း ၂၀၁၃ ခုနှစ် သင်္ကြန်ပွဲတော်အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သုံးသပ်မှု များကို အခြေခံ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ၂၀၁၃ ခုနှစ် သင်္ကြန် အား ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သင်္ကြန်ကာလတွင် သရုပ်ပျက် ၀တ်စားဆင်ယင်မှုမှာ ပြီးခဲ့သည့်နှစ် သင်္ကြန်ကလောက် ဆိုးရွားခြင်း မရှိ ခဲ့ကြောင်းနှင့် ရေကစား မဏ္ဍပ်

မန္တလေးဘူတာရုံ ဖြစ်စဉ်အမှန်


ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့ Comment အချို့ကိုတွေ့လိုက်လို့ ဒီစာကို ရေးလိုက်ရတာပါ။ အပုပ်ချထားတဲ့စာထဲမှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာကြီးမှာ သူစီးမဲ့ ရထားထွက်သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ထိုးတယ်ဆိုပြီး ရေးထား ပါတယ်။ ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မယ် လို့ ဒီကနေ့ထုတ် ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခဗေဒဆရာတယောက်က ရေးလိုက်ပါတယ်။
ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့ ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။

အသက် ၅၀ အရွယ်မှာ တွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Nic Dunlop)

"၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲအချိန်ကာလ နှင့် ၂၀၁၆ နှစ်ဦးပိုင်း

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး
Thursday, 25 April 2013

Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ်ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။

မော်ဒယ်အလုပ်တစ်ခုတည်းနဲ့ ချမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ပိုင် စိတ်ကူး ဒီဇိုင်းနဲ့ ဖန်တီးတဲ့ လက်ကောက်နဲ့ လက်ဝတ်ရတနာ များရှိပြီး အသက် ၃၉ နှစ်အရွယ် အမေဖြစ်သူနဲ့ အတူ ကုမ္မဏီ တည်ထောင် ထုတ်လုပ်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မက အမြတ်ရရှိ
ခဲ့ပါတယ်။

နောက်ထပ်လည်း ပစ္စည်းများ ထုတ်လုပ်နေပြီး ဆက်လက်ဖြန့်ချိရောင်းချမှာ
 ဖြစ်ပါတယ်။ မိမိကုန်ပစ္စည်းရဲ့  တစ်ပင်တိုင် မော်ဒယ် ဖြစ်တဲ့အပြင် အခြားသော ဖက်ရှင်စစ္စည်းနဲ့ အဝတ်အထည်များအတွက်လည်း မော်ဒယ်
အဖြစ် သရုပ်ဆောင်နေပါတယ်။ မော်ဒယ်ပြိုင်ပွဲများမှာလည်း ဆုတံဆိပ်များ ရရှိပြီး အသက်ငယ်ငယ်နဲ့ အောင်မြင်နေပါတယ်။

ဒါကြောင့် တီဗီရှိုးတွေထဲမှာလည်း ပါဝင်လာတဲ့ ကလေးမလေး Isabella ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ်တိုင်ငွေရှာတဲ့ မီလျံနာ တစ်ဦး
 ဖြစ်ကြောင်း သိရပါတယ်။
--
Ref: yahoo
International news for myanmar

Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ် ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။

WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

Photo: WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

25.4.2013

ရှမ်းပြည်နယ် နမ့်စန်မြို့ နမ့်လစ် ကျေးရွာအုပ်စု MRT သစ်ကွင်းအနီး၌ ဧပြီ၂ဝ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီး မူးယစ် အထူးအဖွဲ့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံရဲစခန်း မယ(ပ) ၁/၁၃ မူး/စိတ် ၁၅/၁၉(က)/၂၁ အမှုမှ ကွင်းဆက် တရားခံ လင်းလင်းအောင် ၃၃ နှစ် (ဘ)ဦးတင်ဝင်း နမ့်လစ် ကျေးရွာအုပ်စု MRT သစ်ကွင်းအနီး နမ့်စန်မြို့ နေသူ၏ နေအိမ် ဈေးဆိုင်အား ဝင်ရောက် ရှာဖွေရာ နေအိမ် ဈေးဆိုင် အိပ်ခန်းအတွင်းရှိ အနွေးထည် အင်္ကျီ အိတ်ကပ် အတွင်းမှ ပလတ်စတစ်ဖြင့် ထုပ်လျက်f WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၅ ပြား မြန်မာငွေကျပ် ၁ဝဝဝဝ၊ နေအိမ်ဈေးဆိုင် ယာဘက်ဘေး ကပ်လျက် မီးစက်ခန်း အတွင်းရှိ အစိမ်း/အဝါပလတ်စတစ် ဆွဲခြင်းအတွင်းRed Ruby စီးကရက်ဘူးခွံ အတွင်းမှ WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၂ဝ တန်ဖိုးငွေကျပ် ၅ဝဝဝဝဝ အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိသူ လင်းလင်းအောင်အား နမ့်စန်ရဲစခန်းမှ မယ(ပ) ၁၆/၁၃ မူး/စိတ်၁၅/ ၁၉(က)/၂ဝ(က)အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ
ရှမ်းပြည်နယ် နမ့်စန်မြို့ နမ့်လစ် ကျေးရွာအုပ်စု MRT သစ်ကွင်းအနီး၌ ဧပြီ၂ဝ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

လက်ပန်းတောင်းကြေးနီ စီမံကိန်းတွင် ရဲနှင့်လယ်သမား ပဋိပက္ခဖြစ်ပွား

လက်ပန်းတောင်း တောင်ဒေသက ကြေးနီစီမံကိန်းအတွက် လယ်မြေလျော်ကြေးပေးတာကို လက်မခံ မရယူဘဲ လယ်ထွန်မင်္ဂလာဆင်နွှဲတဲ့ လယ်သမားတွေကို ရဲက နှိမ်နင်းခဲ့ရာမှာ ၁ ဦး သေနတ်ထိမှန်ပြီး အနည်းဆုံး ၃ ဦး ဖမ်းဆီးခံရပါတယ်။