Friday, April 26, 2013

ငါးထောင်တန်အတု ပြည်တွင်းငွေကြေးကဏ္ဍ မထိခိုက်ဟုဆို

ငါးထောင်တန်အတု ပြည်တွင်းငွေကြေးကဏ္ဍ မထိခိုက်ဟုဆို 
............................................................. 
ရန်ကုန်၊ ဧပြီ ၂၅  

ငါးထောင်ကျပ်တန် ငွေစက္ကူအတု မြန်မာနိုင်ငံ အချို့ဒေသများတွင် တွေ့ရှိ နေရသော်လည်း ပုဂ္ဂလိကဘဏ်များက ငွေစက္ကူများကို လက်ခံရာတွင် လက်ဖြင့် ရေတွက်၍ သေချာစွာ စိစစ်သဖြင့် နိုင်ငံအတွင်း များစွာပျံ့နှံ့မှု မရှိသောကြောင့် ပြည်တွင်းငွေကြေးကဏ္ဍ ထိခိုက်နိုင်သည့် ပမာဏ မရှိနိုင်ကြောင်း ယင်းဘဏ်များ ထံမှသိရသည်။  

သာမန်ပြည်သူများမှာ ငါးထောင်ကျပ်တန် အစစ်နှင့်အတုကို အလွယ်တကူ မခွဲခြားနိုင်သော်လည်း ဘဏ်ဝန်ထမ်းများ မှာမူ ကိုင်တွယ်ရေတွက်သည့် အကျင့် ရှိသဖြင့် အတုအစစ်ကို ချက်ချင်းခွဲခြား နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က The Voice သို့ပြောကြားသည်။ "ငွေလာအပ်တဲ့ သူတွေဆီက တစ်ရွက် နှစ်ရွက် (၅၀၀၀ကျပ်တန်) လောက်ပါလာရင် တစ်ဝက်ကို ဘဏ်က ဖြဲယူတယ်။ တစ်ဝက်ကိုတော့ ပြန်ပေးလိုက်တယ်။ ဒါမှမဟုတ်ရင် သုံးလို့မရအောင် အပေါက်တွေ ဖောက်လိုက်တယ်။ များရင်တော့ သက်ဆိုင်ရာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြား ပါတယ်" ဟု ၄င်းကရှင်းပြသည်။ 

 ငွေအတုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ၍ အများပြည်သူ သို့ အသိပညာ ပေးထားသည့်ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သို့လည်း တင်ပြထားကာ မကြာခင် အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်အောင် က ပြောကြားသည်။  

ယခုလ ၁၂ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သျှင်းသျှင်း ဟိုတယ်တွင် ငါးထောင်ကျပ်တန်အတု လက်ဝယ်ကိုင်ဆောင်သူများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မြန်မာငွေကျပ် အတုဟု ယူဆရသည့် ငါးထောင်ကျပ်တန် ကျပ်သိန်း ၂၇၀ ကို ဖမ်းဆီးရခဲ့ကြောင်း ဧပြီလ ၂၀ ရက်နေ့ထုတ် မြဝတီသတင်းစာ တွင် ဖော်ပြထားသည်။  

မတ်လ ၂၈ ရက်ကလည်း မြစ်ကြီးနားမြို့ ကျွန်းသာပင်ရပ်ကွက် အမှတ် ၂၅၃ ရှိ ဒေါ်တင်ညို၏ ဆိုင်ကယ်အရောင်း ဆိုင်တွင် ငါးထောင်ကျပ်တန် ငွေအတုဖြင့် ဆိုင်ကယ်ဝယ်ယူသူများထံမှ ငါးထောင် ကျပ်တန် ၂၄၈ ရွက်ကို ဖမ်းဆီးခဲ့ပြီး ဆက်လက် စစ်ဆေးရာတွင် မြစ်ကြီးနားမြို့ နဂါး နှစ်ကောင်ဟိုတယ်တွင် တရုတ်နိုင်ငံသား သုံးဦးထံမှ ငွေစက္ကူအတု ကျပ် ၄,၈၈၅,၀၀၀ ကို ဖမ်းဆီးရမိကြောင်း ဧပြီလ ၅ ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံ အတွင်း ငါးထောင်ကျပ်တန် တန်ဖိုး ပမာဏကျပ် ၂၈၀၀ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှု အရ ငွေစက္ကူအတု လက်ခံရရှိမှု ရှိနိုင်သော် လည်း လှည့်လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် က ပြည်သူ့လွှတ်တော်အ စည်းအဝေးတွင် ပြောကြားထားသည်။  

ငါးထောင်ကျပ်တန် ငွေစက္ကူများ စတင်ထုတ်ဝေခဲ့သည့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ငွေစက္ကူအတု ၃၇၅၈ ရွက်၊ တန်ဖိုးကျပ် ၁၈,၇၉၀,၀၀၀ လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးကို ပေးပို့ခဲ့ကြောင်း ဒေါက်တာလင်းအောင်က ဆက်လက်ပြော ကြားသည်။ ငါးထောင်ကျပ်တန် အတုများမှာ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များတွင် မလှည့်ပတ်နိုင် သော်လည်း စီးပွားရေးလောကတွင် လည်ပတ်နေနိုင်သဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးလုပ်ငန်း စီမံခန့်ခွဲမှုဌာန၏ ငွေကြေးဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြား အရေးယူခြင်း၊ အတုအစစ်ခွဲခြားသည့် စက်များ အသုံးပြုခြင်းတို့ဖြင့် ထိန်းချုပ်ရန် ဆောင်ရွက်လျက်ရှိ သည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ငါးထောင်ကျပ်တန် ငွေစက္ကူအတု မြန်မာနိုင်ငံ အချို့ဒေသများတွင် တွေ့ရှိ နေရသော်လည်း ပုဂ္ဂလိက ဘဏ်များက ငွေစက္ကူများကို လက်ခံရာတွင် လက်ဖြင့် ရေတွက်၍ သေချာစွာ စိစစ်သဖြင့် နိုင်ငံအတွင်း များစွာပျံ့နှံ့မှု မရှိသောကြောင့် ပြည်တွင်းငွေကြေးကဏ္ဍ ထိခိုက်နိုင်သည့် ပမာဏမရှိနိုင်ကြောင်း ယင်းဘဏ်များ ထံမှသိရသည်။

“ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ”

Photo: “ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ”
Friday, April 26, 2013

တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တန်း အရာရှိ တစ်ဦးက ရေတပ်သည် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မည် ဆိုပါက ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် လီယာအိုနင် သင်္ဘောကြီးထက် ပိုကြီးရန် လိုအပ်ကြောင်း ရေတပ် တည်ထောင်မှု (၆၄)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အင်္ဂါနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရေတပ်၏ ဒုတိယ စစ်ဦးစီး ဆွန်ဇူးက "နောက်ထပ် တည်ဆောက်မယ့် လေယာဉ်တင် သင်္ဘောက ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ တိုက်လေယာဉ်တွေ ပိုပြီး တင်ဆောင်နိုင်ရပါမယ်"ဟု ပြောကြားခဲ့သည်။

Planet.com.mm
တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

ဧပြီ ၂၇ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

Photo: ဧပြီ ၂၇ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်
Friday, April 26, 2013

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

မန္တလေး နေသာမည် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်

တောင်ကြီး နေသာမည် အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်

စစ်တွေ နေသာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

ပုသိမ် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်

မော်လမြိုင် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်

မတ္ထီလာ နေသာမည် အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီ စင်တီဂရိတ်

ပျဉ်းမနား နေသာမည် အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်

လွိုင်ကော် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်

မြိတ် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်

BBC Burmese

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်

လက်ပံတောင်းမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်း တောင်ဒေသမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ 
တွေနဲ့ တင်းမာမှုတွေ ဖြစ်နေတယ်လို့ သတင်းရပါတယ်။ 



ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာသစ်အနီးမှာ ဒေသခံ ၁၀၀၀ ၀န်းကျင်ရှိတဲ့ ဆန္ဒပြ လူအုပ်က ထန်းလက် ပျားတုတ် စသည်ကိုင်ဆောင်ပြီး ယမန်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ သူတွေ ပြန်လွှတ်ပေးရေး အတွက် တောင်း ဆိုစဉ်မှာ လုံခြုံရေး ရဲအင်အား ၂၀၀ လောက်က ဟန့်တားခဲ့ရာက တင်းမာမှုဖြစ်တာလို့ ဒေသခံ တဦးက ဧရာဝတီကို ပြောပါတယ်။ 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အ၀န်းအတွက် ရည်မှန်းချက်၏ ၈၄ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးထားခဲ့ပြီးဖြစ်ဟု ဦးသိန်းစိန်ပြောကြား

Photo: မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အ၀န်းအတွက်   ရည်မှန်းချက်၏ ၈၄ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးထားခဲ့ပြီးဖြစ်ဟု ဦးသိန်းစိန်ပြောကြား

ရန်ကုန် ။ ဧပြီ ၂၆

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် အကောင်အထည်ဖော်ရမည်ဖြစ်သော အာဆီယံစီးပွားရေးအသိုက်အ၀န်းအတွက်   ရည်မှန်းချက်၏ ၈၄ ရာခိုင်နှုန်းအား ဆောင်ရွက်ပြီးစီးထားခဲ့ပြီးဖြစ်ကြောင်း
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘရူနှိုင်းနိုင်ငံ၌ ကျင်းပခဲ့သော
 ၂၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံ၏ ရည်မှန်းချက်နှင့်အညီ ပြည်တွင်း ဦးစားပေးအစီအမံများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊
 နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် ပြည်သူလူထုအားလုံးငြိမ်းချမ်းပြီး သဟဇာတရှိသော ပတ်ဝန်းကျင်ကောင်းကို ဖန်တီးရန်အတွက်
 အစွမ်းကုန် လုပ်ဆောင်လျက်ရှိကြောင်း ၄င်းက အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

““ အာဆီယံ အသိုက်အ၀န်းထူထောင်ရာမှာ မိသားစု 
တန်ဖိုးထားမှုနဲ့ မျှဝေခံစားမှုတွေ အလေးထားဆောင်ရွက်နေတာကို အထူးအားရတယ်လို့ပြောလို့ပါတယ်။ အာဆီယံနိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှုကွာဟချက်ကို လျော့နည်းအောင်ဆောင်ရွက်သွားကြရမှာ
လည်းဖြစ်ပါတယ်”” ဟု သမ္မတဦးသိန်းစိန်ကပြောကြားခဲ့သည်။

NLA

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် အကောင်အထည်ဖော်ရမည်ဖြစ်သော အာဆီယံ စီးပွားရေးအသိုက်အ၀န်းအတွက် ရည်မှန်းချက်၏ ၈၄ ရာခိုင်နှုန်းအား ဆောင်ရွက်ပြီးစီးထားခဲ့ ပြီးဖြစ်ကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘရူနှိုင်းနိုင်ငံ၌ ကျင်းပခဲ့သော၂၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာထရာဝပ်တို့ ဘရူးနိုင်း၌ ထပ်မံတွေ့ဆုံ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံကို ဖိတ်ခေါ်ထားပြီး စီမံကိန်း ဘဏ္ဍာရေး ဆိုင်ရာများကို ဆွေးနွေးခဲ့


utheinseinyinlet
(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော နှစ်နိုင်ငံ ခေါင်းဆောင်များ သီးခြားတွေ့ဆုံမှုကို မြင်တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာထရာဝပ်တို့သည် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဘရူးနိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘန်ကာဝန်ရှိ ၀န်ကြီးချုပ်ရုံး အဆောက် အအုံ တွင် ထပ်မံ တွေ့ဆုံခဲ့ကြပါသည်။

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

Photo: သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်
Friday, April 26, 2013

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် တံတား
ခဏပိတ်သွားတဲ့အတွက် ကားတွေ ရပ်ပြီး စောင့်ဆိုင်းလိုက်ရပါတယ်။
ဆိုင်ကယ်နောက်မှာ ထိုင်စီးလာတဲ့ ရဲဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတားပလက်ဖောင်းမှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်” နဲ့ အော်နေတာ တွေ့ရပါတယ်။
 ဆိုင်ကယ်မောင်းလာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး ခဏအကြာမှာ သန်လျင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ  ဆိုင်ကယ်နဲ့ ရောက်လာလို့ မေးမြန်းချိန်မှာ ဒဏ်ရာရသွားတဲ့  ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့်ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထားရင်း ပြောနေတာ တွေ့ရပါတယ်။

အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မတွေ့ရပါဘူး။

တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။
ဒါပေမယ့် အရပ်သားဆိုင်ကယ်တချို့လည်း နားလည်မှုနဲ့ မကြာခဏ ဆိုင်ကယ်နဲ့ တံတားဖြတ်ကြတာ တွေ့ရလေ့ရှိပါတယ်။

ဘေးက ရပ်ကြည့်နေသူ ကားဒရိုင်ဘာတွေကတော့ အခုလိုဖြစ်ရတာ နောက်က ဝင်တိုက်သူ မှားတာလို့ ပြောနေပါတယ်။

အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ...
 “နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။
 ဒီတံတားပေါ်မှာ ဘယ်ကားမှ ကျော်တက်ခွင့်မရှိဘူး။
ရှေ့က မောင်းနေတဲ့ကားကို ဝင်တိုက်တယ်ဆိုတာကတော့ တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဒီတံတားကြီးပေါ်မှာ ကားကြီးတွေပျက်ရင် နောက်ကားတွေအတွက် တော်တော် ဒုက္ခရောက်ကြလေ့ရှိပါတယ်။
ဒါကြောင့်မို့လည်း အမှတ် ၂ တံတားတစင်း တည်ဆောက်ပြီး ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံးတင်ကားကြီးတွေ ဖြတ်သန်းကြပါတယ်။

 ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင်ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။
တာဝန်ရှိတဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျမှ နောက်ကကားတွေ ဆက်ထွက်ခွင့် ရကြပါတယ်။


    ဧရာဝတီ

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန် ဘက်သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီး ကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။

မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သည့် ကြက်ဆင်ကြီး တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်း ဥအား စတာ လင်ပေါင် ၆၆၆၇၅ ဖြင့် လေလံတင် ရောင်းချ

Photo: မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သည့် ကြက်ဆင်ကြီး တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်း ဥအား စတာ လင်ပေါင် ၆၆၆၇၅ ဖြင့် လေလံတင် ရောင်းချ
FRIDAY, APRIL 26, 2013 

မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သော မဒါဂတ်စကား နိုင်ငံမှ ကြက်ဆင်ကြီး တစ်ကောင်၏ တစ်ပိုင်း တစ်စ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသည့် ဥကြီးတစ်လုံးအား လန်ဒန်မြို့တွင် လေလံတင် ရောင်းချခဲ့ရာ စတာလင် ပေါင် ၆၆၆၇၅ ဖြင့် ရောင်းချ နိုင်ခဲ့သဖြင့် ခန့်မှန်း ထားသည်ထက် ဈေး ပိုမို ရရှိခဲ့ကြောင်း သိရသည်။

ကိုးလက်မ အရွယ်အစား ရှိသော အဆိုပါ ဥကြီး၏ လေလံတင် ရောင်းချရသည့် လေလံတင် ဈေးမှာ စတာ လင်ပေါင် ၆၆၆၇၅ ရှိကြောင်း Christie လေလံ ကုမ္ပဏီက ပြောကြားသည်။
ယခင်က ၎င်းကြက်ဆင်ဥ၏ လေလံတင်ဈေးကို စတာလင်ပေါင် ၂ဝဝဝဝ မှ စတာလင်ပေါင် ၃ဝဝဝဝ ဖြင့် ရောင်း ချနိုင်မည်ဟု မျှော်မှန်း ထားသော်လည်း အမည်မသိ လူတစ်ဦးက အရှည်တစ်ပေ အချင်းကိုးလက်မ အရွယ်အစား နီးပါးရှိ အဆိုပါ ဥကြီးအား ဖုန်းဆက်၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြက်ဆင် မျိုးများသည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းက မျိုးသုဉ်းပျောက်ကွယ် သွားသော် လည်း ၎င်းဥမှာ ပကတိအတိုင်း ရှိနေဆဲ ဖြစ်သည်။ သို့သော် အဆိုပါ ဥကြီးမှ မျိုးပွားနိုင်တော့မည် မဟုတ်ပေ။
အရွယ်အစား ကြီးမားသည့် အဆိုပါ ကြက်ဆင် ဥကြီးအား မဒါဂက်စကား နိုင်ငံ ကျွန်းတစ်ကျွန်းတွင် တွေ့ရှိ ခဲ့ခြင်းဖြစ် ပြီး ၁၇ ရာစု မတိုင်မီက ဥခဲ့သော ဥ ဖြစ်နိုင်ဖွယ် ရှိကြောင်း ကျွမ်းကျင်သူ များက ယူဆထားသည်။

ကြက်ဆင်များသည် ငှက်ကုလားအုတ်များနှင့် ဆင်တူပြီး ၁၁ ပေ အရွယ်အစား အထိ ကြီးထွား နိုင်သည်ဟု သိရ သည်။ ကြက်ဆင်၏ ဥသည် သာမန် ဥများထက် အဆ ၁ဝဝ ပို၍ ကြီးသည်ဟု သိရသည်။

မြ၀တီ

မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သော မဒါဂတ်စကား နိုင်ငံမှ ကြက်ဆင်ကြီး တစ်ကောင်၏ တစ်ပိုင်း တစ်စ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသည့် ဥကြီးတစ်လုံးအား လန်ဒန်မြို့တွင် လေလံတင် ရောင်းချခဲ့ရာ စတာလင် ပေါင် ၆၆၆၇၅ ဖြင့် ရောင်းချ နိုင်ခဲ့သဖြင့် ခန့်မှန်း ထားသည်ထက် ဈေး ပိုမို ရရှိခဲ့ကြောင်း သိရ သည်။

အငြင်းပွားကျွန်းများအနီးချဉ်းကပ်လာတဲ့တရုတ်သင်္ဘောများကိုဂျပန်က အင်းအားသုံးဖြေရှင်းမည်

Photo: အငြင်းပွားကျွန်းများအနီးချဉ်းကပ်လာတဲ့တရုတ်သင်္ဘောများကိုဂျပန်က အင်းအားသုံးဖြေရှင်းမည်
FRIDAY, APRIL 26, 2013 
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဇေးက နှစ်နိုင်ငံအကြား အငြင်း ပွားနေသည့် ဂျပန်နိုင်ငံပိုင်ကျွန်း များအနီး တရုတ်စစ်ရေယာဉ် များချဉ်းကပ်လာမှုကို ဂျပန်က အင်အားသုံးနှင်ထုတ်သွားမည် Japan to use force if (Fina lands on dispute is landsဟူ ၍ ပြောကြားသည်။
တရုတ်ရေယာဉ် ၈ စီးသည် ဧပြီလ ၂၃ ရက်က ဂျပန်ပိုင် ကျွန်းများအနီး ချဉ်းကပ်ခဲ့ကြောင်း    ကို ဂျပန်ကမ်းခြေစောင့်တပ်များ မျက်မြင်တွေ့ခဲ့ရပြီး အဆိုပါ တရုတ်သင်္ဘောများသည် အငြင်း ပွားနေသည့် ရှင်ကာကူကျွန်း၏ ရေပြင်ပိုင်နက် ၁၂ မိုင်အတွင်းထိ ၀င်ရောက်ခဲ့ကြောင်း။ ဒါကို မိမိ တို့အနေဖြင့် သည်းမခံနိုင်ကြောင်း၊ နောင်အလားတူကိစ္စများဖြစ်လာ ပါက အင်အားသုံးဖြေရှင်းမည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရုံး ၀န်ကြီး ယူရှီဟိုက်စူဂါကပြော ကြားသည်။
အခုဖြစ်စဉ်သည် ဂျပန်နိုင်ငံ တိုကျိုမြို့လယ်ရှိ ယာဆူကူနီ စစ်သင်္ချိုင်းသို့ ဂျပန်လွှတ်တော် အမတ်(၁၇၀)သွားရောက်လေ့ လာဂါရ၀ပြုရာမှ ယင်းပြဿနာ စခြင်းဖြစ်သည်။ အဆိုပါစစ် သင်္ချိုင်းသည် ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်နိုင်ငံက တရုတ်နှင့် ကိုရီးယားကို ကျူးကျော်တိုက် ခိုက်စဉ်က ကျဆုံးခဲ့ရသည့် ဂျပန် စစ်သည်များကို ဂုဏ်ပြုသော အားဖြင့် တည်ဆောက်ထား သော စစ်သင်္ချိုင်းဖြစ်သည်။ အဆိုပါစစ်သင်္ချိုင်းကို ဂျပန်အစိုး ရအနေဖြင့် အာဇာနည်ဗိမာန် တစ်ခုအဖြစ်သတ်မှတ်ခြင်းမပြု ရန်၊ နိုင်ငံ့ခေါင်းဆောင်များ တက် ရောက်ခြင်းမပြုရန် တောင်ကိုရီး ယားနှင့် တရုတ်တို့က အစဉ်တ စိုက် ကန့်ကွက်နေသည့်ကြားက ဂျပန်က ယင်းသို့ပြုလုပ်ခြင်းမှာ တရုတ်နှင့် ကိုရီးယားနှစ်နိုင်ငံလုံး အား စော်ကားရာရောက်သည်။ ၎င်းင်းတို့အနေဖြင့်လည်း သည်းခံ နိုင်စရာအကြောင်းမရှိဟု ကန့် ကွက်လျက်ရှိရာ အရှေ့မြောက် အာရှဒေသအတွင်း တရုတ်၊ တောင်ကိုရီးယားတို့သည် ဂျပန် နှင့်ဆက်ဆံရေးထိခိုက်လျက်ရှိ သည်။
တောင်ကိုရီးယားနှင့် ဂျပန် တို့ မပြေမလည်ဖြစ်နေမှုနှင့်ပတ် သက်၍ အမေရိကန်က ဒေသတွင်း အမေရိကန်၏ မိတ်ဆွေနှစ်နိုင်ငံ သည် မြောက်ကိုရီးယား၏ အန်္တရာယ်ကိုပူးပေါင်းကာကွယ် နိုင်ရန်အတွက် နှစ်နိုင်ငံမိတ်ဝတ် မပျက် ဆက်ဆံနေထိုင်သင့်လှ သည်ဟု တိုက်တွန်းလျက်ရှိ သည်။ ဂျပန်ဝန်ကြီးချုပ်က ““ဂျပန်အနေနဲ့ ရှင်ကာကူကျွန်းကို တရုတ်တွေ လုံးဝခြေမချစေရ”” ဟု ပါလီမန်တွင် ပြောကြားသွား သည်။
  
ကျော်စိန်Ref; Nation
HotNewsWeekly
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဇေးက နှစ်နိုင်ငံအကြား အငြင်း ပွားနေသည့် ဂျပန်နိုင်ငံပိုင်ကျွန်း များအနီး တရုတ်စစ်ရေယာဉ် များချဉ်းကပ်လာမှုကို ဂျပန်က အင်အားသုံးနှင်ထုတ်သွားမည် Japan to use force if (Fina lands on dispute is landsဟူ ၍ ပြောကြားသည်။

ကျပ် ၁၅၀၀တန် CDMA ရှိ ကဒ်ပေါင်း ၁ သန်းရောင်းပြီးမှ GSM ကဒ်များရောင်းမည်

ကျပ် ၁၅၀၀တန် CDMA ရှိ ကဒ်ပေါင်း ၁ သန်းရောင်းပြီးမှ GSM ကဒ်များရောင်းမည်

အေပြီ ၂၆ ရက် ၂၀၁၃

လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ၁ လကို ဆင်းကတ် အခုရေ ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့် ညွှန်ကြားချက်ရရင် ရသလို အရေအတွက်ကို တိုးပြီး ရောင်းချပေးသွားနိုင်တယ်လို့ ဆိုပါတယ်။

လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ်

၁ သန်းကို ၃ လ အတွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆက်ပြီး ရောင်းချပေးမယ်လို့ သူက ပြောပါတယ်။

လက်ရှိ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ ပြည်သူတွေကို မဲဖောက်ရောင်းချပေးနေပေမယ့် ၀ယ်လိုအားများတဲ့အတွက် ပြင်ပပေါက်ဈေး ကျပ် ၃ သောင်းကနေ ၆ သောင်းကြားအထိ ဈေးပေါက်နေကြောင်း စုံစမ်းသိရပါတယ်။

DVB

လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော် ပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့် ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီ ကို ပြောပါတယ်။

“မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေဟုဆို”

“မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေဟုဆို”

မိုက်ကယ်ဂျက်ဆင်၏ အစ်မဖြစ်သူက သူမမောင်၏ ဝိညာဉ်သည် ငယ်ဘဝက ဖြတ်သန်းခဲ့သော နေအိမ်တွင် စွဲကပ် ခြောက်လှန့်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၅၆)နှစ်ရှိ လာတိုယာဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိသည်။ 

မိုက်ကယ်၏ ကလေးများဖြစ်သော ပရင့်စ်၊ ပဲရစ်နှင့် ဘလန့်ကက်တို့သည် မိုက်ကယ်၏ မိခင်ဖြစ်သော ကက်သရင်းဂျက်ဆင်နှင့်အတူ အဆိုပါ နေအိမ်တွင် နေထိုင်ကြသည်။ ကယ်လီဖိုးနီးယားရှိ အန်ဆီနိုမှ နေအိမ်တွင် မိုက်ကယ်၏ အရိပ်အယောင်များကို ထိတွေ့ခံစားရကြောင်း လာတိုယာက ဆိုသည်။

Celebrity Big Brother ကြယ်ပွင့်ဟောင်း လာတိုယာက "ဘာမှာတော့ မမြင်ရဘူး။ ဒါပေမဲ့ သူရှိနေတဲ့ အသိကို ရှင်လည်း ခံစားနိုင်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။ လာတိုယာက သူမသည် ဝိညာဉ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး၏ အကူအညီဖြင့် မိုက်ကယ်ကို ဆက်သွယ်ရန် ကြိုးစားဖူးကြောင်းလည်း ဆိုသည်။ "တကယ်လို့ မိုက်ကယ်က ကျွန်မကို တစ်ခုခု ပြောချင်နေတယ် ဆိုရင်တော့ ကျွန်မ အဲဒါကို သိချင်တယ်"ဟု ဖွင့်ဟခဲ့သည်။ မိုက်ကယ်သည် (၂၀၀၉)ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က အသက်(၅၀)အရွယ်တွင် ဆေးဝါး လွန်ကျွံမှုဖြင့် လော့စ်အန်ဂျလိစ်တွင် ကွယ်လွန်ခဲ့သည်။ 

Planet Myanmar Network

မိုက်ကယ်ဂျက်ဆင်၏ အစ်မဖြစ်သူက သူမမောင်၏ ဝိညာဉ်သည် ငယ်ဘဝက ဖြတ်သန်း ခဲ့သော နေအိမ် တွင်စွဲကပ် ခြောက်လှန့်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၅၆)နှစ်ရှိ လာတိုယာ ဂျက်ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော် ခဲ့သော မိုက်ကယ်အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေ ဆဲဟု ယုံကြည်လျှက် ရှိသည်။

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း



၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။
Internet Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။

ဆေးမတိုးတဲ့ ဌက်ဖျားပိုးအပေါ် စိုးရိမ်မကင်းဖြစ်



Photo: ဆေးမတိုးတဲ့ ဌက်ဖျားပိုးအပေါ် စိုးရိမ်မကင်းဖြစ်
FRIDAY, APRIL 26, 2013 

တော့တဲ့ ငှက်ဖျား ရောဂါပိုးတွေသာ တခြားနေရာတွေကို ပျံ့နှံ့သွားရင် ကမ္ဘာ့ကျန်းမာရေး ပြဿနာ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ဆေး
တစ်မျိုးဖြစ်တဲ့ Artemisinin ဆေးဝါးသုံးစွဲပြီး အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် အသက်ဆုံး
ရှုံးရမှုကို ၇၅ ရာခိုင်နှုံးအထိ လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဒေသ
တချို့မှာ ပျံ့ပွားတဲ့ ငှက်ဖျားရောဂါပိုးတွေဟာArtemisinin ဆေးရဲ့တိုက်
ဖျက်မှုဒဏ်ကိုခံနိုင်ရည်ရှိလာတဲ့အတွက် ဆေးမတိုးတော့သလိုဖြစ်နေတယ်
လို့လည်း သိရပါတယ်။

အခုလို ငှက်ဖျားပိုးတွေ ဆေးပြီးနေတဲ့ပြဿနာကိုသာ မဖြေရှင်းနိုင်ရင် ငှက်ဖျားရောဂါတိုက်ဖျက်ဖို့ နည်းလမ်းလုံးဝမရှိတော့တဲ့ အခြေအနေရောက်
သွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် Artemisinin ဆေးမတိုးခြင်းကို အရေးပေါ်တုံ့ပြန်မှုအစီအစဉ် (ERAR) ကို စတင်လိုက်ပြီလို့လည်း WHO က ကြေငြာထားပြီး ငှက်ဖျားတိုက်ဖျက်ရေးအစီအစဉ်ရဲ့ ဗဟိုဌာနကို ဖနွမ်းပင်မြို့မှာ ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသက ဆေးမတိုးတဲ့ ငှက်ဖျားပိုးပျံ့နှံ့နေတဲ့ နိုင်ငံ ၄ နိုင်ငံသာမက လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံက ဒေသတချို့မှာ ငှက်ဖျားရောဂါပပျောက်ရေး အထောက်အပံ့တွေကို မဟာဗျူဟာချပြီး အရှိန်တိုးမြှင့်ကြိုးပမ်းသွားမယ်လို့လည်း WHO က ကြေငြာထားပါတယ်။

မနေ့ကပဲ WHO အဖွဲ့က အရာရှိတွေနဲ့ ဘယ်လဂျီယံနိုင်ငံက မင်းသမီး Astrid တို့ ကမ္ဘောဒီးယားနိုင်ငံက ရွာတစ်ရွာကို ကွင်းဆင်းသွားရောက်ပြီး ငှက်ဖျားရောဂါကာကွယ်ရေးပစ္စည်းတွေ ဝေပေးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါကူးစက်ခံရသူ နှစ်စဉ် ၂၁၉ သန်းလောက်ရှိပြီး နှစ်စဉ် လူပေါင်း ၆ သိန်းလောက် ဌက်ဖျားရောဂါကြောင့် သေဆုံးရတယ်လို့ WHO က ခန့်မှန်းထားပါတယ်။

ဌက်ဖျားရောဂါ တိုက်ဖျက်ရေးတွေ ကြိုးစားလုပ်ကိုင်နေကြတဲ့အတွက် ဌက်ဖျားရောဂါကူးစက်မှုနှုန်း ၂၀% ရော့ကျလာပြီဖြစ်ပေမယ့် ခုအခါမှာ ဆေးမတိုးတဲ့ ဌက်ဖျားရောဂါပိုးအတွက် စိုးရိမ်မကင်း ဖြစ်နေကြ
တာ ဖြစ်ပါတယ်။

ABC Radio Australia
တော့တဲ့ ငှက်ဖျား ရောဂါပိုးတွေသာ တခြားနေရာတွေကို ပျံ့နှံ့သွားရင် ကမ္ဘာ့ ကျန်းမာရေး ပြဿနာ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေက သတိပေး လိုက်ပါတယ်။

ဦးရွှေမောင်နှင့် ဘင်္ဂါလီ လွှတ်တော်အမတ် နှစ်ဦးကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး

Photo: ဦးရွှေမောင်နှင့် ဘင်္ဂါလီ လွှတ်တော်အမတ် နှစ်ဦးကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး
FRIDAY, APRIL 26, 2013 

ဘူးသီးတောင် မဲဆန္ဒနယ်က လွှတ်တော် အမတ်ဖြစ်လာသည့် ဦးရွှေမောင် အပါအ၀င် ဘင်္ဂါလီ လွှတ်တော် အမတ်ကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြားသည်။

နိုင်ငံသားလည်း မဟုတ် တိုင်းရင်းသားလည်း မဟုတ်ပဲ လွှတ်တော် ထဲရောက်ရှိသော ဦးရွှေမောင် အပါ အ၀င် လွှတ်တော်အမတ် သုံးဦး ကို ပြည်ထောင်စု ရွေးကောင်ပွဲကော်မရှင်နှင့်လွှတ်တော်က စစ်ဆေးပြီး ပြည် သူ လူထု ကျေနပ်အောင် ရှင်းပြရန် အစီစဉ် ရှိမရှိ ရခိုင်တိုင်း ရင်းသား စာရေးဆရာ ဦးခိုင်အောင်ေ ကျာ်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါ ၀န်ကြီးနှင့် တွေ့ဆုံစဉ် မေးမြန်း လိုက် သည့် အပေါ် ဦးခင်ရီက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။

”မှန်ခြင်း - မမှန်ခြင်း အလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက်က ယောင်ဝါး ၀ါးနဲ့  လုပ်လို့ မရပါဘူး၊ သေသေချာချာ အထောက်အထားနဲ့  စစ်ဆေးလျှက်ရှိပါတယ်” ဟု ဦးခင်ရီက ရှင်းပြ သည်။ 

၎င်းတို့ကို စစ်ဆေးပေးရန် သင်္ကြန် မတိုင်မီက တိုင်စာ ရရှိခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
Rakhine Citizen Journalists
oppositeyes info

ဘူးသီးတောင် မဲဆန္ဒနယ်က လွှတ်တော် အမတ်ဖြစ်လာသည့် ဦးရွှေမောင် အပါအ၀င် ဘင်္ဂါလီ လွှတ်တော် အမတ်ကို နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ရန်ကုန်သား အချို့ လူလည်လုပ် ဗိုလ်ကျ စိုးမိုးခြင်းကို မုံရွာသား လူနုံ လူအ တွေခံနေရ

 မနေ့က  လက်ပတောင်းတောင် မှာ ရွာသားတွေ နဲ့ ရဲ တပ်ဖွဲ့ တွေ ပြဿနာ ဖြစ်တယ်၊ ရဲ တွေ ရော ရွာသားရော တွေရော  ဒဏ်ရာတွေ ရသွားကြပါတယ်။   လက်ပတောင်း ပြဿနာ  မှာ   မုံရွာ နယ် က လူတွေကို  ရန်ကုန် ပညာအရည် အချင်း (၁၀) တန်းတောင် မအောင်တဲ့ ဟန်ဝင်းတောင် လို လူ လည်က မြှောက်ထိုး  ပင့်ကော်လုပ် ပြီး

ဧပြီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ အတွင်း သေနတ် ပစ်ဖောက် ဟန့်တားခဲ့သည့် ပဋိပက္ခနှင့် ပတ်သတ်၍ ပြည်ထဲရေး ၀န်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့ ညပိုင်း တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

အလှူ အငြိမ့်ခွေ ခိုးကူးဖြန့်လို့ လူရွှင်တော်တွေက အလှူရှင်ကို တရားစွဲမတဲ့


မျှော်စဉ်ကျွန်းမှာ ဆရာဦးအေးမြင့်၏ အေးမေတ္တာသွေးဆေး ကြော်ငြာရိုက်ကူးစဉ် ခင်လှိုင်နဲ့ ဒိန်းဒေါင် (ဓာတ်ပုံ – Khin Hlaing / Facebook)


လူရွှင်တော် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့က သူတို့ အငြိမ့်ခွေကို ခိုးကူးဖြန့်တဲ့ မင်္ဂလာဒုံက အလှူရှင်ကို တရား စွဲမယ်လို့ ပြောလာပါတယ်။

ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု

Photo: ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု
FRIDAY, APRIL 26, 2013

ရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီအစဉ်ကြောင့်  ရှေ့နေများကွန်ရက်က ဗဟိုအစိုးရကို တရားစွဲမည်ဟု ပြောလိုက်သည်။

ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းလဲမည့်အရာမှာ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းတရားရုံးအဆောက်အအုံဖြစ်ကြောင်း ရှေ့နေ ဦးကိုနီက ပြောကြားသည်။ 

ထိုအဆောက်အအုံမှာ ကိုလိုနီခေတ်ကတည်းက တရားရုံးအဖြစ် အစဉ်အဆက်အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးလူမျိုးစုလွှတ်တော် ပြုလုပ်ကျင်းပခဲ့သောနေရာလည်းဖြစ်ကြောင်း၊
  သမိုင်းတန်ဖိုးရှိ၍ ဟိုတယ်အဖြစ် အသွင်မပြောင်းစေလိုကြောင်း ရှေ့နေဦးကိုနီက ဆက်လက် ပြောကြားသည်။

ဆန္ဒပြတာ အကြောင်းမထူး၊  တရားစွဲမှ ထူးမယ် 
ထိုအဆောက်အအုံကို ၂၀၁၂ မေ ၈ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က  မြန်မာနိုင်ငံသားပိုင် Flying Tiger Engineering,  စင်္ကာပူမှ Dimond Asia စသည့် ကုမဏီ ၂ ခုကို ဒေါ်လာ ၁၄.၄သန်းဖြင့် ဖက်စပ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။  

ဟိုတယ်အသွင်ပြောင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၂ အောက်တိုဘာတွင် ဆန္ဒပြကန့်ကွက်ခဲ့သော်လည်း  ထူးခြားမှု ရှိမလာသဖြင့် ယခုတရားစွဲဆိုရန်ပြင်ဆင် ရခြင်းဖြစ်ကြောင်း ဦးကိုနီ၏ပြောကြားချက်အရသိရသည်။

ထိုအကြောင်းကို တရားရုံးများရောင်းချမှု ရှေ့နေများဆန္ဒပြမည် ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ http://burma.irrawaddy.org/archives/22098 တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

“၂၀၁၀ အောက်တိုဘာမှာ အဲဒီရုံးမှာရှိတဲ့ တရားရုံးတွေကို ချောင်ကြိုချောင်ကြား ရွှေ့ပစ်ပြီး ဒီ လွတ်နေတဲ့ရုံးကို ဟိုတယ် လုပ်တာပါ။  
ဒီရုံးက သွားရေးလာရေးအဆင်ပြေတော့ ၀န်ထမ်းတွေအတွက် ပိုကောင်းတယ်။ ကျွန်တော်ကတော့ ဒီရုံးကို တရားရုံးပဲဖြစ်စေချင်တယ်” ဟု ဦးကိုနီက ဆိုသည်။

ဘယ်တော့ တရားစွဲမလဲ
တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ တရားစွဲဆိုခြင်းမပြုမီ ၂လ ကြိုတင်၍ နို့တစ်စာပို့ပေးရခြင်းဖြစ်ကြောင်း၊ လာမည့်  ဇွန်လလယ်တွင် ၂လပြည့်မည်ကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံတချို့ကို ပုဂ္ဂလိကကို အောက်ပါအတိုင်း လုပ်ကိုင်ခွင့် ပေးထားသည်။ 
ဝန်ကြီးများရုံး - အနော်မာအနုပညာအဖွဲ့ - ပြတိုက်
တရားရုံးချုပ် - ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက် - ပြတိုက် နှင့် စာကြည့်တိုက်
တိုင်းစုပေါင်းရုံး - ဟိုတယ်
 မီးရထားရုံးချုပ် - Dosim Engineering & Construction Co.Ltd -  ဟိုတယ်

ဗဟိုအစိုးရရဲ့ အဖြေ

ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပါက ဒေါ်လာ ဘီလျံချီ ကုန်ကျမည်ဖြစ်၍ အရှည်ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို အရေးကြီးအဆိုအနေဖြင့်တင်သွင်းသော တရားရုံးချုပ်နှင့် စုပေါင်းတရားရုံးကို ပုဂ္ဂလိကသို့လွှဲအပ်ခြင်း  ဖျက်သိမ်းပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ထိုသို့ တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပညာရှင်ရှုဒေါင့်

ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ကထိကဦးပြည့်ဖြိုးကျော်က “ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံ ဆိုပြီး ဘာမှအသုံးမကျဘဲ ပိတ်ထားတာတော့ မဖြစ်သင့်ဘူး။ 
သူ့ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုးတွေအရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးဖြစ်သင့်တယ်” ဟု ဆိုသည်။

၂၀၀၉ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဥပဒေအရ အနှစ် ၁ဝဝ ကျော်သက်တမ်းရှိပါက ရှေးဟောင်းအမွေအနှစ်ပစ္စည်းဖြစ်ပြီး ထိုမျှသော သက်တမ်း မရှိသေးပါကလည်း အနုပညာလက်ရာမြောက်မှု၊ သမိုင်းဝင် အဖြစ်အပျက်များကို အခြေခံ၍ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ချစ်ဆု ~

ဧရာဝတီ Blog

ရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီအစဉ်ကြောင့် ရှေ့နေများ ကွန်ရက် က ဗဟိုအစိုးရကို တရားစွဲမည်ဟု ပြောလိုက်သည်။

မြန်မာသက္ကရာဇ် ၁၃၇၅ ခု တန်ခူးလပြည့်ကျော် (၁)ရက်၊ ခရစ်နှစ် ၂၀၁၃ နှစ်၊ ဧပြီလ(၂၆)ရက် သောကြာနေ့ ဗေဒင်ဟောစတမ်း

မင်္ဂလာရှိသောနေ့ရက်ပါခင်ဗျာ - မိဘပြည်သူ၊ညီအကို မောင်နှမ အပေါင်းစိတ်၏ချမ်းသာခြင်း.....ကိုယ်၏ ကျန်းမာခြင်းဖြင့်ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်းတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဒီနေ့ဟာမြန်မာသက္ကရာဇ် ၁၃၇၅ ခု တန်ခူးလပြည့်ကျော် (၁)ရက်၊ ခရစ်နှစ် ၂၀၁၃ နှစ်၊ ဧပြီလ (၂၆) ရက် သောကြာနေ့ ဖြစ်ပါတယ်။

မေတ္တာတရားကို ခုတုံးလုပ် လူကုန်ကူးမှု

Photo: မေတ္တာတရားကို ခုတုံးလုပ် လူကုန်ကူးမှု
FRIDAY, APRIL 26, 2013

မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာ လူ့ဘ၀မှာ မကြာခဏ ကြုံရတတ်တဲ့ ကိစ္စပါ။ အခုဟာကတော့ မေတ္တာတရား ကို ခုတုန်းလုပ် လူကုန်ကူးမှု ဖြစ်စဉ်တခုပါ။ 

မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာကလည်း သားမယားအဖြစ် လက်ထပ်ပေါင်းသင်းယူပြီးမှ ကိုယ့် ဇနီး မယားကို တဖက်နိုင်ငံမှာ ရောင်းစားလိုက်တာကို ဒီကနေ့ ထုတ် ကြေးမုံသတင်းစာက သတင်းတပုဒ် မှာ တွေ့ရပါတယ်။ 

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဦးပန်းစုံဆိုတဲ့ သူက ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သထုံမြို့က အမျိုး သမီး တဦးကို လက်ထပ်မယ်ဆို ပြီး ဖျားယောင်းသွေးဆောင်ကာ တခြားတရွာက သူငယ်ချင်းဖြစ်သူ တဦးရဲ့ အိမ်မှာ သားမယား အဖြစ် ပေါင်းသင်း နေထိုင်ခဲ့ပါတယ်တဲ့။ 

အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆေးဆိုးပန်းရိုက်စက်ရုံမှာ ဦးပန်းစုံက သူ့ဇနီးကို အလုပ် သွင်းပေးခဲ့ပြီး မြန်မာပြည် ပြန်သွားခဲ့တယ်တဲ့။ 

လကုန်လို့ လစာထုတ်ချိန်ရောက်မှ ဦးပန်းစုံက သူ့ကို ရောင်းစားသွားခဲ့တယ်ဆိုတာ သိရလို့ စက်ရုံက ထွက် ပြေးလွတ်မြောက်လာခဲ့ပြီး ၂၀၁၃ ဧပြီလ ၁၃ ရက်နေ့က ဘားအံမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြား ခဲ့လို့ အခုတော့ စစ်ဆေးနေပြီလို့ ဆိုပါတယ်။  

အမှုဖြစ်စဉ် ရက်တွေကို ပြန်သုံးသပ်မိတော့ အနည်းဆုံး ၇ လကြာ ပြီးမှ ရဲစခန်းမှာ အမှုဖွင့်နိုင်ခဲ့တာဖြစ်တာ ကို သတိထားမိပါတယ်။ 

ဘာပဲ ပြောပြော ဒီလို မေတ္တာတရားကို ဟန်ပြ အသုံးချပြီး လူကုန်ကူးမှုဖြစ်တတ်တယ်ဆိုတာကတော့ အမျိုးသမီးတိုင်း သတိထားရမယ့် ကိစ္စတခုပါ။ လူကုန်ကူးမှု အန္တရာယ်ကတော့ မြန်မာနိုင်ငံ သာမက နိုင်ငံ တကာမှာလည်း ရင်ဆိုင်နေကြရလို့ တိုက်ဖျက်ရေး လုပ်ငန်းတွေ၊ အစီအမံတွေ ချပြီး အရေးတယူ လုပ်ဆောင်နေတာပါ။ 

ယဉ်ကျေးလာတဲ့ လူ့ကမ္ဘာကြီးမှာ လူကုန်ကူးတယ်ဆိုတာ အလွန် အကျဉ်းတန် အရုပ်ဆိုးတဲ့ ဖြစ်စဉ်တခုပါ။ လူကုန်ကူးမှုရဲ့ သားကောင်တွေမဖြစ်စေဖို့ သတိပေးမှုတွေ၊ ပညာပေးမှုတွေကို နိုင်ငံတကာမှာလည်း လုပ်ဆောင်နေကြပါတယ်။ 

အယုံလွယ်အမိုက်မှားတတ်တဲ့ မြန်မာမိန်းကလေးတွေအနေနဲ့ လူကုန်ကူးမှု အန္တရာယ်ဖြစ်လာမယ့် အကြောင်း တရားတွေကို သိထားသင့်ပြီး ဝေဖန်ဆင်ခြင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံကနေ လူကုန်ကူးတင်ပို့နေတာတွေကို ဖမ်းမိတဲ့ သတင်းတွေကတော့ မကြာခဏဆိုသလို တွေ့မြင်နေရတော့ ဖမ်းဆီးရမိတာမရှိတာ ဘယ်လောက် များလိုက်မလဲ ဆိုပြီး တွေးပူစရာဖြစ်မိပါတယ်။ 

မြန်မာနိုင်ငံက တချို့လူကုန်ကူးမှုရဲ့ ဓားစာခံတွေဟာ ပြည့်တန်ဆာလုပ်ငန်းတွေမှာ လုပ်ကိုင်ကြရတာဆိုပါ တယ်။  

ထိုင်းနိုင်ငံဟာ ပြည့်တန်ဆာတွေပေါများပြီး ပြည့်တန်ဆာ အများစုကြီးဟာ ထိုင်းအမျိုးသမီးတွေ မဟုတ်ပါ ဘူးလို့ သိရပါတယ်။ ပြည့်တန်ဆာ အများစုကတော့ အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စ တဲ့ နိုင်ငံ တွေက ဖြစ်တဲ့အကြောင်း ယမန်နှစ်က ထိုင်း နိုင်ငံ လိင်ဖျော်ဖြေရေးဆိုင်ရာ စစ်တမ်းတခုက ဆိုပါတယ်။ 

အိမ့်သံစဉ် ~

ဧရာဝတီ Blog
မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာ လူ့ဘ၀မှာ မကြာခဏကြုံရတတ်တဲ့ ကိစ္စပါ။ အခုဟာ ကတော့ မေတ္တာတရားကို ခုတုန်းလုပ်လူကုန်ကူးမှု ဖြစ်စဉ်တခုပါ။

အမေရိကန်ပြည်ထောင်စုမှ 3D Printers များကို မိတ်ဆက်ပြသခဲ့




Photo: အမေရိကန်ပြည်ထောင်စုမှ 3D Printers များကို မိတ်ဆက်ပြသခဲ့
FRIDAY, APRIL 26, 2013

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ 3D Printers တွေကို  နယူးယောက်ခ်မြို့မှာ ပြီးခဲ့သည့် တနင်္လာနေ့က စတင် ကျင်းပပြုလုပ်ခဲ့တဲ့

နိုင်ငံတကာ စက်မှုပစ္စည်းဆိုင်ရာ ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ပြပွဲအတွင်း 3D Printers  ထုတ်လုပ်သူကုမ္ပဏီ ၁၈ခု ပါဝင်ပြသခဲ့ပါတယ်။ ၀င်ရောက်ပြသခဲ့တဲ့ နောက်ဆုံးပေါ် 3D Printers တွေဟာ ကွန်ပျူတာ အချက်အလက်တွေကို အခြေပြုပြီး ကော်၊ သတ္တုနဲ့အခြားပစ္စည်းတွေကို သုံးဖက်မြင်ပစ်္စည်းအဖြစ် ဖန်တီး ပြုလုပ်ပေးနိုင်ပါတယ်။

 

အခုလို ဖန်တီးပြုလုပ်ပေးတဲ့ 3D Printers  ရဲ့ လုပ်ငန်းစဉ် ဆောင်ရွက်မှုတွေဟာ စာရွက်ပေါ်မှာ ရုပ်ပုံတွေကို ပုံနှိပ်ထုတ်လုပ်တဲ့ သဘောတရားနဲ့ တူညီကြောင်း သိရပါတယ်။ ပြပွဲမှာပြသထားတဲ့ 3D Printers တွေဟာ စမတ်ဖုန်းအပါအ၀င် အခြား ပလက်စတစ် အရုပ်တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးပြုလုပ်နိုင်ဖို့အတွက် ၃နာရီခန့် အချိန်ယူ လုပ်ဆောင်ရကြောင်း သိရပါတယ်။ 3D Printers တွေဟာ လိုချင်တဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးကို အလွယ်တကူ ဖန်တီးပြုလုပ်နိုင်ရုံသာမက တန်ဖိုးပမာဏ ကြီးမားတဲ့ ပုံစံခွက်တွေကို အသုံးပြုစရာ မလိုတဲ့အတွက် ပစ္စည်းထုတ်လုပ်ရာ ကုန်ကျစရိတ်တန်ဖိုးကို လျော့ချနိုင်ကြောင်း သိရပါတယ်။ အချို့ဆေးပညာဆိုင်ရာ ကိရိယာ ထုတ်လုပ်ရာမှာလည်း 3D Printers  တွေကို စတင်အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။
mrtv4
နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ 3D Printers တွေကို နယူးယောက်ခ်မြို့မှာ ပြီးခဲ့သည့် တနင်္လာနေ့က စတင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စက်မှုပစ္စည်းဆိုင်ရာ ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ပြပွဲအတွင်း 3D Printers ထုတ်လုပ်သူကုမ္ပဏီ ၁၈ခု ပါဝင်ပြသခဲ့ပါတယ်။ ၀င်ရောက်ပြသခဲ့တဲ့ နောက်ဆုံးပေါ် 3D Printers တွေဟာ ကွန်ပျူတာ အချက်အလက်တွေကို အခြေပြုပြီး ကော်၊ သတ္တုနဲ့အခြားပစ္စည်းတွေကို သုံးဖက်မြင်ပစ်္စည်းအဖြစ် ဖန်တီး ပြုလုပ်ပေးနိုင်ပါတယ်။

မြို့တော် စစ်တွေထက် အမ်းမြို့ကို တန်ဖိုးနည်း SIM Card ဆယ်ဆခန့် ရောင်းချ




Photo: မြို့တော် စစ်တွေထက် အမ်းမြို့ကို တန်ဖိုးနည်း SIM Card ဆယ်ဆခန့် ရောင်းချ
FRIDAY, APRIL 26, 2013

စစ်တွေ(မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်တွင် တန်ဖိုးနည်း ၁၅,၀၀ ကျပ်တန် CDMA ဆင်းကတ်များကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ မဲချပေးလျက်ရှိရာ အမ်းနှင့်စစ်တွေ နှစ်မြို့နယ်သာ ရရှိကြပြီး ကျန် ၁၅ မြို့နယ်မှာ မရသေးကြောင်း သိရသည်။

“ကျနော်တို့ ဖုန်းကတ်တွေကို အမ်းနဲ့ စစ်တွေမှာ စတင်ရောင်းပေးနေပါပြီ။ လက်ရှိ အမ်းမှာ ဖုန်းကတ် ၁,၀၂၀နဲ့ စစ်တွေမှာ ၂၈၀ ရောင်းပြီးပါပြီ။ ကျန်တဲ့ မြို့နယ်တွေကိုလည်း တိုးချဲ့ရောင်းချသွားမှာပါ။ ပြည်နယ်တွင်း ဆက်သွယ်ရေး ပိုအဆင်ပြေအောင် ကြိုးစား နေပါတယ်” ဟု ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးမျိုးသန့် က ပြောသည်။

မကြာမီကာလအတွင်း အမ်းမြို့နယ်တွင် ဖုန်းကတ် ၂,၀၀၀ ပြည့်သည်အထိ ရောင်းချပေးသွားမည် ဖြစ်၍ ပြည်နယ်မြို့တော် စစ်တွေထက် ၁၀ ဆခန့် ပိုများနေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆက်သွယ်ရေးကဏ္ဍ လိုအပ်ချက် စက်ပစ္စည်းများ မပြည့်စုံသေး၍ ဖြစ်သည်ဟု ဦးမျိုးသန့်က ဆိုသည်။

သို့သော် မရသေးသည့် ကျန်မြို့နယ်များမှ ပြည်သူများကြား ကျေမနပ်မှုများလည်း ရှိနေကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဖုန်းကဒ် မည်မျှရသည်၊ မြို့နယ် များကို မည်သည့်စနစ်ဖြင့် ခွဲဝေချပေးနေသည်ကို ရှင်းလင်းစွာ ပြောဆိုခြင်း မရှိသလို ခရိုင်အလိုက် ပေးပါက အမ်းမြို့နယ် အများဆုံးရစရာ အကြောင်းမရှိသဖြင့် အမ်းကို အဓိကထား ပေးနေခြင်းမှာ ယင်းမြို့တွင် စစ်တပ်အများ စုရှိ၍ ဖြစ်နိုင်ကြောင်း ကျောက်ဖြူဒေသခံ ကျောင်းဆရာတဦးက သုံးသပ်သည်။

“လက်ရှိ ရခိုင်မှာ မြို့တိုင်းလိုလိုမှာ တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစနစ်တွေ အထိုက်အလျောက် ကောင်းနေပါပြီ။ တန်ဖိုးနည်း ဆင်းကဒ်တွေကို မြို့နယ်အလိုက် အနည်းအများဆိုသလို ချပေးသင့်တာပေါ့။ အခုဟာက ရခိုင် တပြည်နယ်လုံး ရရှိရမယ့် ဆင်းကဒ်တွေကို အမ်း တမြို့တည်းကိုပဲ ပေးနေသလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ဖုန်းကတ် ထုတ်ရာတွင် လိုင်စင်ဓါတ်ပုံ နှစ်ပုံ ပေးရပြီး မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူများ လိုက်နာရမည့် စည်းကမ်းချက်များကို လက်မှတ် ထိုးရသည်။ တရားဥပဒေနှင့် မညီညွတ်သော ကိစ္စရပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြောရန် တားမြစ်ချက်လည်း ပါဝင်ကြောင်း သိရသည်။

“ံဆက်သွယ်ရေးက သူတို့သတ်မှတ်ပေးတဲ့ ဖုန်းဆိုင်မှာပဲ Hand Set (ဖုန်းအလုံး) နဲ့ ငွေဖြည့်ကတ်ကို ဝယ်ခိုင်းတယ်။ ကိုယ့်မှာ သုံးလို့ရတဲ့ CDMA ဖုန်းခွံ ရှိပြီးသားဖြစ်ပေမယ့် သုံးလို့မရဘူး။ လူတွေက ဒါကိုတော့ သိပ်ဘဝင်မကျကြဘူးဗျ” ဟု ဖုန်းမဲ ပေါက်သူ စစ်တွေသားတဦးက ပြောသည်။

စစ်တွေမြို့တွင် ရပ်ကွက် လူဦးရေနှင့် လျှောက်ထားသူ ပမာဏကို လိုက်၍ ဖုန်းကတ် ခွဲဝေချပေးလျက်ရှိပြီး ကိုယ်တိုင် မဲနှိုက်ခွင့်မရခဲ့သော်လည်း သမာသမတ် ရှိသည်ဟု စစ်တွေဖုန်းကတ် လျှောက်ထားသူတို့က မှတ်ချက်ပေးသည်။

“ကျနော်တို့ အုန်းတပင် ရပ်ကွက်က သေးတယ်။ လျှောက်ထားသူက ၆၀ လောက်ပဲ ရှိတယ်။ ဖုန်းကဒ် ၅ ကတ်ပဲ ရတယ်။ ဆင်ကူးလမ်း ရပ်ကွက်က ကြီးတဲ့အပြင် လျှောက်ထားသူက ၂၀၀ လောက် ရှိတော့ ကတ် ၅၀ လောက် ပေးတယ်။ ကျနော်တို့ကိုယ်တိုင် မဲမနှိုက်ရပေမယ့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖ အပါအဝင် အရပ်လူကြီးများတွေ အားလုံး ရှေ့မှာ မဲနှိုက်တော့ ဘယ်သူမှ စောဒက မတက်ကြပါဘူး” ဟု စစ်တွေ အုန်းတပင်စုမှ ကိုအောင်ကျော်စိုး က ပြောသည်။

ယခု ချပေးသော တန်ဖိုးနည်း ဖုန်းကတ်များမှာ ယခင် ချပေးထားသည့် ဖုန်းများနည်းတူ ဆက်သွယ်မှု ကောင်းမွန်ကြောင်းလည်း သိရသည်။ 

Mizzima News
စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် တန်ဖိုးနည်း ၁၅,၀၀ ကျပ်တန် CDMA ဆင်းကတ်များကို ဧပြီလ ၂၃ ရက်နေ့မှ စတင်၍ မဲချပေးလျက်ရှိရာ အမ်းနှင့်စစ်တွေ နှစ်မြို့နယ်သာ ရရှိကြပြီး ကျန် ၁၅ မြို့နယ်မှာ မရသေးကြောင်း သိရသည်။

ရခိုင်ပဋိပက္ခ ဖြေရှင်းနည်းများကို အစီရင်ခံစာတွင် အဓိက ထည့်ရေးထားသည်ဟုဆို

ရခိုင်ပဋိပက္ခ ဖြေရှင်းနည်းများကို အစီရင်ခံစာတွင် အဓိက ထည့်ရေးထားသည်ဟုဆို

FRIDAY, APRIL 26, 2013

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရမှ ဖြေရှင်းရန်နည်း လမ်းများကို အစီရင်ခံစာတွင် အဓိက ထည့်သွင်းရေးသားထားသည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အတွင်းရေးမှူးက မဇ္ဈိမကို ပြောသည်။

“အဓိကကတော့ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်တယ်။ ဒီပဋိပက္ခတွေ ဖြေရှင်းဖို့အတွက်၊ ချုပ်ငြိမ်းသွားဖို့အတွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာကို အဓိကထားပြီး ကျနော်တို့ ရေးထားပါတယ်” ဟု ဒေါက်တာကျော်ရင်လှိုင် က ပြောသည်။

စာမျက်နှာ ၁၀၀ ကျော် ပါသော အဆိုပါ အစီရင်ခံစာကို သမ္မတထံသို့ ယခုလ ၂၂ ရက်နေ့က ပေးပို့ထားပြီးဖြစ်ပြီး အသေးစိတ်အချက်များကို ၂၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟုဆိုသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးရန်နှင့် အကြံပြုရန် အဖွဲ့ဝင် ၂၇ ဦးပါသည့် ကော်မရှင်ကို သမ္မတက ဖွဲ့စည်းပေးပြီး ရှစ်လကျော် အကြာတွင် အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စုံစမ်းရရှိမှုများကို မတ်လကုန်တွင် သမ္မတထံ အစီရင်ခံစာ တင်ရန် ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း ရခိုင်တွင် ဖြစ်ပွားသကဲ့သို့ အလားတူ ကိစ္စရပ်များ ပေါ်ပေါက်ခဲ့၍ ကြန့်ကြာခဲ့ရကြောင်း ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနု က မဇ္ဈိမကို ပြောသည်။

“မတ်လကုန်မှာ မတင်ပြနိုင်တာက အဲဒီမတိုင်ခင်လေးမှာပဲ မိတ္ထီလာတို့၊ ကြို့ပင်ကောက်တို့မှာ ပြဿနာတွေ နည်းနည်း ပြန့်နှံ့သွားတယ်ဆိုတော့ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင် ရခိုင်နဲ့ အလားသဏ္ဍာန် တူနေတယ်လေ။
တော်ကြာကျတော့ တမျိုးတဖုံ ကောက်ချက်ချကြမှာစိုးလို့ အဲဒီတုန်းက ဘာမှ မထုတ်ပြန်ခဲ့တာပါ” ဟု ပြောသည်။

အစီရင်ခံစာတွင် ပဋိပက္ခများ ဖြစ်ရပ်မှန်များ ဖော်ပြပေးပြီး အနာဂတ်အတွက် ထိရောက်စွာ ကိုင်တွယ်သင့်ကြောင်း အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ဆိုသည်။

“ကျနော်တို့ ဆိုလိုချင်တာက ဒီပြဿနာရဲ့ အရင်းအမြစ်ပေါ့ဗျာ။ အရင်းအမြစ်ကို ဖေါ်ပြပေးဖို့ လိုတယ်။ ဖြစ်စဉ်ဖြစ်ရပ်အမှန် ဖေါ်ပြပေးဖို့ လိုတယ်။ ပြီးရင် နောင်ဒီလိုဖြစ်စဉ်ဖြစ်ရပ်မျိုးနောင်ကို မဖြစ်ရအောင် ဘယ်လို
ကွယ်မလဲဆိုတာ ထိရောက်တဲ့ အစီအမံလိုတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုအစီရင်ခံစာကို သမ္မတထံ ပေးပို့သည့်နေ့မှာပင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား “လူမျိုးတုန်း သုတ်သင်မှု” နှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက် အာဏာပိုင်များနှင့် ဒေသအာဏာပိုင်များအား စွပ်စွဲပြစ်တင်ထားသည့် “All You Can Do is Pray” ခေါင်းစဉ်တပ် ၁၅၃ မျက်နှာပါ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဤပဋိပက္ခများ စတင်ဖြစ်ပေါ်ရခြင်းမှာ ဘာသာရေးကြောင့် မဟုတ်ဘဲ စီးပွားရေးကိုသာ အခြေခံသည်ဟု ဒေါ်သန်းသန်းနုက မှတ်ချက်ပြုသည်။

“တဖက်ကလည်း လူဦးရေက အဆမတန် များလာတယ်။ များလာတော့ စီးပွားရေးမှာက တယောက်နဲ့ တယောက် က ပြိုင်ဘက်လို ဖြစ်လာတာပေါ့။ အဓိက ပြောမယ်ဆိုရင်တော့ အဲဒါကို အခြေခံတာပါပဲ” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းမှ ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူပေါင်း တသိန်း ဝန်းကျင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၄၀ ခန့် သေဆုံးခဲ့ရသည်။

Mizzima News
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်ပတ်သက်၍ အစိုးရမှ ဖြေရှင်းရန်နည်း လမ်းများကို အစီရင်ခံစာတွင် အဓိက ထည့်သွင်းရေးသားထားသည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အတွင်းရေး မှူးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

Photo: မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ
Friday, April 26, 2013

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။

RFA Burmese

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

NY မှာ တိုက်ခိုက်ဖို့ စနာရက်ဗ် ညီအကိုကြံစည်ခဲ့

Photo: NY မှာ တိုက်ခိုက်ဖို့ စနာရက်ဗ် ညီအကိုကြံစည်ခဲ့ 
Friday,April 26,2013

ဘော်စတန်မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေဟာ နယူးယောက်မြို့ကိုလည်း ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောလိုက်ပါတယ်။ အဲဒီလူတွေဟာ နယူးယောက်မြို့က Times Square ကို တိုက်ခိုက်ဖို့အတွက် ရည်မှန်းထားတာလို့ ပြောပါတယ်။

သံသယရှိသူ ၂ ယောက်ထဲက အသက်ရှင်လျှက်ဆက်ပြီး ကျန်ရှိနေတဲ့ ဂျော်ဟား ဆားနားယဗ် (Dzhokhar Tsarnaev) က  သူနဲ့ သူအစ်ကို တမာလန် တို့ဟာ နယူးယောက်မြို့ကို ကားမောင်းသွားပြီး ၊ ဖေါက်ခွဲမှုတွေ ထပ်လုပ်ဖို့ စီစဉ်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် Michael Bloomberg က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဧပြီလ ၁၅ ရက်နေ့က ဘော်စတန်ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ တာမာလန်သေဆုံးပြီး၊ ဂျော်ဟားလည်း ဖမ်းဆီးခံရတာကြောင့်၊ နယူးယောက်မြို့မှာ ဖောက်ခွဲမှုတွေ လုပ်မယ့်အစီအစဉ်ဟာ ပျက်သွားခဲ့တာဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တုန်းက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့တဲ့ နယူးယောက်မြို့ဟာ ပစ်မှတ်အဖြစ် ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။ တချိန်တည်းမှာ ဆာနာယဗ်ညီအစ်ကို ၂ ယောက်ဟာ ဒီဗုံးခွဲတိုက်ခိုက်မှုကို လုပ်ခဲ့တာမဟုတ်ဘူးလို့ သူတို့ရဲ့ မိဘတွေက ရုရှားနိုင်ငံမှာ ပြောလိုက်ပြီး ၊ အမေရိကန် အာဏာပိုင်တွေဟာ တာမာလန်ကို မလိုအပ်ဘဲ သတ်ခဲ့တာဖြစ်တယ်လို့ အမေဖြစ်သူက စွပ်စွဲလိုက်ပါတယ်။ 
Eleven Media Group
ဘော်စတန်မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူတွေဟာ နယူးယောက်မြို့ကိုလည်း ပစ်မှတ်ထား ခဲ့တာဖြစ်တယ်လို့ နယူးယောက်မြို့တော်ဝန်က ပြောလိုက်ပါတယ်။ အဲဒီလူတွေဟာ နယူးယောက်မြို့က Times Square ကို တိုက်ခိုက်ဖို့အတွက် ရည်မှန်းထားတာလို့ ပြောပါတယ်။

ကမ္ဘာ့ အပူချိန်သည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှ စတင်၍ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိ

Photo: ကမ္ဘာ့ အပူချိန်သည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှ စတင်၍ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိ

သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း အနည်းဆုံး ၁၁၃ဝဝ နှစ် ကာလအတွင်းက ပမာဏထက် ပို၍ ပူနွေးလာခဲ့ပြီး ဆက်လက် မြင့်တက်လျက် ရှိကြောင်း သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်။

ပညာရှင်များသည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှစ၍ ကမ္ဘာ့ ရာသီဥတု ပူနွေးလာမှုကို လေ့လာရန် အတွက် ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ ၇၃ ခုမှ တူးဖော် ရရှိခဲ့သည့် ကျောက်ဖြစ် ရုပ်ကြွင်း များကို သုတေသန ပြုလုပ် ခဲ့ကြရာ ယခုခေတ် လူသားတို့ အသက်ရှင် နေထိုင်သည့် holocene ကာလ စတင်ချိန် အတောအတွင်း၌ အချိန်ကာလ ၇ဝ ရာခိုင်နှုန်းနှင့် ၈ဝ ရာခိုင်နှုန်း ခန့်သည် ယခုခေတ် ကာလထက် အပူချိန် အားဖြင့်ပို၍ အေးမြသည်ကို တွေ့ရှိခဲ့ကြသည်။

ပညာရှင်များ၏ လေ့လာချက်အရ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝဝ ကျော် အတွင်း ယေဘုယျအားဖြင့် သုည ဒသမ ၅ ဒီဂရီစင်တီဂရိတ် အပူချိန် လျော့ကျခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။ ယင်းတွေ့ရှိချက်ကို သိပံ္ပပညာ ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

သို့သော် စက်မှုထွန်းကားသည့်ခေတ် စတင်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ခန့်ကာလ အတွင်း၌ ကမ္ဘာကြီး၏ အပူချိန်သည် အချို့နေရာ များတွင် စတင် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ ရာသီဥတုသည် ၂၁ဝဝ ပြည့် နှစ်ခန့်တွင် ၁ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီ စင်တီဂရိတ် အထူးသဖြင့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု အပေါ်မူတည်၍ မြင့်တက် လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူ များက ခန့်မှန်းထား သည်။ ယင်းကာလ အတွင်းရှိ ကမ္ဘာ မြေကြီး၏ အပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ ခန့် အတွင်းက ရှိခဲ့သည့် အပူချိန်ထက် ပိုမိုမြင့်တက် လာဖွယ်ရှိသည်ဟု အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ပါမောက္ခ ပီတာ ကလာ့ခ် က ပြောကြားထားသည်။

ကမ္ဘာမြေကြီး၏ တစ်စိတ်တစ်ဒေသမှ အပူချိန် ပြောင်းလဲမှု ဆိုင်ရာ သမိုင်းကို လေ့လာ ကြည့် ပါက ယင်းဒေသအတွင်း ဖြစ်ပွားခဲ့သည့် သမုဒ္ဒရာ ရေမျက်နှာပြင် ပူနွေးလာမှုများ သို့မဟုတ် မုတ်သုံရာသီ ပြောင်းလဲမှုစသော ဒေသတွင်းရှိ ရာသီ ဥတု ပြောင်းလဲမှုများ အပေါ်မူတည်၍ ပြောင်းလဲမှု ရှိနိုင်သောကြောင့် တစ်ကမ္ဘာလုံးရှိ ဒေသများစွာမှ အချက်အလက်များကို လေ့လာ စစ်ဆေးခြင်း အားဖြင့် ကမ္ဘာ့အပူချိန် ပြောင်းလဲမှု သမိုင်းကို ပိုမိုရှင်းလင်းစွာ ခန့်မှန်း နိုင် မည်ဖြစ်သည်ဟု ကလာ့ခ်က ပြောကြားထားသည်။

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > မြ၀တီ<<Thank

သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ ကမ္ဘာ မြေကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း အနည်းဆုံး ၁၁၃ဝဝ နှစ် ကာလ အတွင်းက ပမာဏထက် ပို၍ ပူနွေးလာခဲ့ပြီး ဆက်လက် မြင့်တက်လျက် ရှိကြောင်း သိပ္ပံ ပညာရှင် များက တွေ့ရှိခဲ့သည်။

“မန်ချက်စတာမြို့တွင် မန်ယူ လှည့်လည်အောင်ပွဲခံမည်”


Photo: “မန်ချက်စတာမြို့တွင် မန်ယူ လှည့်လည်အောင်ပွဲခံမည်”

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့်အတူ မန်ချက်စတာမြို့အတွင်း လှည့်လည် အောင်ပွဲခံမည့် အခမ်းအနားအား မေလ (၁၃)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ 

ပရီးမီးယားလိဂ်ဟူသော အမည်ဖြင့် စတင်ကျင်းပခဲ့သည့် ပြိုင်ပွဲ ကာလတစ်လျှောက် (၁၃)ကြိမ်မြောက်၊ အင်္ဂလန်၏ အမှတ်ပေး ချန်ပီယံဆု အနေဖြင့် အကြိမ်(၂၀)မြောက် ဆုဖလားကို မန်ယူအသင်းအနေဖြင့် ရာသီသိမ်းရန် (၄)ပွဲ အလိုတွင် စောစီးစွာ ဗိုလ်စွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21414


မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့်အတူ မန်ချက်စတာမြို့အတွင်း လှည့်လည် အောင်ပွဲခံမည့် အခမ်းအနားအား မေလ (၁၃)ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။