Tuesday, April 30, 2013

ဥကံ္က ဆူပူ မီးလောင်ပြီး အခြေအနေ တင်းမာ



ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က ဥကံ္က မြို့ပေါ်ကို ယခုအခါ ထိန်းချုပ်ထားနိုင်သော်လည်း အခြေအနေ မှာ စိုးရိမ်ရဆဲ (ဓာတ်ပုံ – Reuter)


ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥကံ္ကမြို့တွင် ယနေ့ မနက်က လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က မြို့ပေါ် ယခုအခါ အခြေအနေ ကို ထိန်းချုပ်ထားကြောင်း ပြောသော်လည်း ပတ်ဝန်းကျင်ရွာများ မီးလောင်နေပြီး ဒဏ်ရာရ သူများ ကောက်ယူရနေကာ အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ ဖွင့်လှစ်သွားရန် စီစဉ်




Photo: မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ ဖွင့်လှစ်သွားရန် စီစဉ်

ဧပြီလ ၃၀ ရက် ၂၀၁၃

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom ကို မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့ Showroom အများအပြားကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “ရန်ကုန်မြို့မှာချည်းပဲ Showroom (၂၀) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်ထားပါတယ်။

 နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အချက်အချာ မြို့ကြီးတွေမှာ ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ Branded Shop အဖြစ် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” ဟု Huawei မှ တာဝန်ရှိသူက ပြောသည်။ အသစ်ဖွင့်မည့် Huawei Showroom တွင် Handset များအပြင် Huawei Media Pad နှင့် MBB (Mobile Broad Band) များလည်း ဝယ်ယူရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

 Huawei အနေဖြင့် ပြည်တွင်းမိုဘိုင်း အရောင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ Huawei ဝန်ဆောင်မှု စင်တာများကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်းမိုဘိုင်း အရောင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ Huawei ဝန်ဆောင်မှု စင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးရာ၌ တရားဝင် တင်သွင်းသော ထုတ်ကုန်များအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Huawei ထုတ်ကုန်များမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်ကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ 

လက်ရှိ စတင်ဖွင့်လှစ်တော့မည့် Huawei Showroom များတွင် Huawei တံဆိပ်နှင့် ပတ်သက်၍ ထုတ်ကုန်များကို သီးသန့်ရောင်းချသွားခြင်း ဖြစ်ကြောင်း မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် Huawei Showroom တွင်လည်း Huawei ၏ နောက်ဆုံးပေါ် မော်ဒယ်ဖြစ်သည့် D2 နှင့် Mate များအား အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချပေးသွားမည်ဟု Huawei မှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ Showroom ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ရွှေပြည်အေးကွန်ဒိုတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က Huawei Smart Phone (၃၆) သန်းအား တစ်ကမ္ဘာလုံး နေရာအနှံ့အပြားသို့ ရောင်းချနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ဝယ်လိုအား (၁) သန်းရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

CN.News
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom ကို မေလ ၅ ရက်နေ့တွင် စတင်ဖွင့် လှစ် မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့ Showroom အများအပြားကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “ရန်ကုန်မြို့မှာချည်းပဲ Showroom (၂၀) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်ထားပါတယ်။

နယ်စပ်ဖြတ်ခရီးသည်တွေကို မြ၀တီမှာ တပတ်ဗီဇာပေးမယ်

မကြာသေးခင်က မြ၀တီ-မဲဆောက်ဒေသမှာ တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ် နဲ့ အရာရှိများ
(ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
 
နယ်စပ်ဖြတ်ဝင်ရောက်မယ့်  နိုင်ငံခြားသားခရီးသွားတွေကို ဗီဇာ တပတ်ပေးတော့ မယ်လို့ မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတဦးကပြောပါတယ်။

Galatic လွန်းပျံယာဉ် စမ်းသပ်ပျံသန်းမှု


Photo
ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက အာကာသခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်နေသော Galatic လွန်းပျံယာဉ် စီမံကိန်း၏ စွမ်းအင်ပြည့် စမ်းသပ်ပျံသန်းမှုသည် ချောမောစွာ အောင်မြင်မှု ရရှိခဲ့သည်။ အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။

Facebook တို့ ဘယ်လိုငွေရသလဲ

Facebook တို့ ဘယ်လိုငွေရသလဲ

အကြမ်းဖျင်း ရှင်းပြရုံလေးပါ။ တော်တော်များများ သိချင်မှာပဲနဲ့ တူပါတယ်။ လက်ရှိ စာရေးသူတို့ အသုံးပြုနေတဲ့ Facebook က အခမဲ့ ကြီးလေ။

အကောင့်အခမဲ့ လုပ်လို့ရ။ ပုံတွေတင်လို့ရ။ စာတွေအလကားပို့ရ။ ခင်သူ မင်သူတွေနဲ့ တွေ့ဆုံ၊ ပြောဆိုလို့ ရအောင် ဖန်တီးထားပေးတဲ့ Facebook က အခမဲ့ကြီး ဖြစ်နေတော့ သူတို့ ဘယ်လို ပိုက်ဆံရသလဲ၊ စီးပွားရှာသလဲဆိုတာ စဉ်းစားစရာပဲလေ။ ဒီတော့ Facebook က ငွေရပုံ ငွေရနည်းလေးကို အကြမ်းဖျင်း မြင်ရသလောက် လေး မျှဝေ ပါ့မယ်။

အဓိက အကြောင်းအရင်း

စကားပုံက အရှိသား။ ငါးပွက်ရာ ငါးစာချတဲ့။ ဘာပဲ ဖြစ်ဖြစ် တစ်နေရာရာမှာ ဘုရားပွဲ စည်လာရင် အဲ့နေရာမှာ ဈေးသည်က မဖြစ်မနေ ပေါ်ကိုလာတော့မှာပဲ။ ဟုတ်ကဲ့။ အခုလည်း ဒီလိုပါပဲ။ Facebook က ရေကန်ကြီးပါ။ ကျနော်တို့ကတော့ ငါးတွေပေါ့။ Facebook ဆိုတဲ့ ရေကန်ကြီးထဲကို ခုန်ဆင်းမိတဲ့ စာရေးသူတို့က ပွက်ပွက်ဆူအောင်ထနေပြီး ငါးစာလာချကြတော့တာပဲ။ ငါးစာ ဘယ်သူ ချတာပါလဲ။

ငါးစားချသူများကတော့ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ ရေကန်ပိုင်ရှင်က မတ်ဇူကာဘတ်တို့ အုပ်စု၊ ငါးစာလာချသူတို့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငါးများ ကတော့ ကျနော်တို့လို Facebook အသုံးပြုသူတွေပေါ့။

Page သည်သာ အဓိက

သူအဓိက ငွေရတာ Facebook Page ကနေပါ။ Facebook ရဲ့  ရည်ရွယ်ချက်က အဲဒါပါပဲ။ အလကား ပေးသုံးနေရတဲ့သူ့တို့အဖြစ် က ငွေရှာဖို့ မလွယ်ဘူးလေ။ ဒီတော့ ပိုက်ဆံပေးစရာမလိုပဲ အခမဲ့ ဆောက်လို့ရတဲ့ မြေကွက်တွေ လျှောက်ပေးတော့တာပေါ့။ ဒီတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး ပိုင်ရှင်တွေက ယင်းမြေကွက်ကို အလကား ယူလိုက်ပါလေရော။

ယင်းမြေကွက် Facebook Page ကို သီချင်း၊ ဂီတ၊ အယ်လ်ဘမ်၊ အဝတ်အထည်၊ ပစ္စည်း၊ အိမ်သုံး၊ စက်ရုံသုံး၊ အနုပညာ၊ မီဒီယာ အစရှိသဖြင့် စုံနေအောင် သုံးကြတယ်လေ။

ပွဲဈေးမှာဆိုင်ဖွင့်ဖူးသလား။ ကိုယ့်ဆိုင် လူလာဖို့အတွက် မြေနေ ရာ ကောင်းကောင်းရမှ။ ကိုယ့်ဆိုင်ဆီ ရောက် လမ်းကောင်းကောင်းလေး ခင်းထားပေးမှ ရတာလေ။ ဒီမှာလာပါပြီ။ Facebook က ဒီနေရာမှာ ပိုက်ဆံ ရပါတယ်။ ကိုယ့် Page ကို၊ ကိုယ့် ကုန်ပစ္စည်းကို လူသိများ၊ Like များဖို့အတွက် Facebook က ပရိုမိုးရှင်း အမျိုးမျိုး လုပ်လို့ရအောင် Feature တွေပေးတယ်လေ။ ယင်း Feature ရဖို့ကျတော့ ငွေသွင်းမှ ရမှာ တစ်ရက်မှ ဒေါ်လာ ၅၀ မကုန်တဲ့ ကြော်ငြာ မျိုး နိုင်ငံခြားမှာ လေသလပ်အောင် မဟတ်မပါဘူး။ တစ်ရက်ကို ဒေါ်လာ ထောင်သောင်းချီပြီး Facebook ကိုငွေပေးတယ်လေ။ ကျနော့ Page လေး Like တက်အောင်။ ကျနော့ ကုန်ပစ္စည်း ကို Like များ၊ Share များအောင် ဆိုပြီးတော့ပေါ့။ ခုနေ Facebok ဘေးက နေရာကို ကြည့်လိုက်လေ။ Recommended page တွေ၊ Feature page တွေ၊ Promotion Page တွေ စုံနေတာပဲ။

တစ်နေ့ကို ဒေါ်လာ ၅၀ တန် ကုမ္မဏီအခုပေါင်း သိန်း ၁၀၀ပဲ ရအုံး။ Facebook ရဲ့  ဝင်ငွေက ကန်ဒေါ်လာ သိန်း ၅၀၀ ရှိနေပါပြီ။ ကမ္ဘာမှာ Facebook သုံးသူ သန်း ၈၀၀ မကတော့ပဲ ၃ ယောက်မှာ တစ်ယောက်က Page လုပ်ထားတယ်။ တကယ် Offcial စီးပွား ရည်ရွယ် Page ကလည်း နိုင်ငံတစ်ခုတည်းမှာတင် သိန်းချီ ကို ရှိတယ်လေ။ မြန်မာမှာကျ ဒီ Feature အသုံးပြုဖို့ ခက်နေ သေး ပါတယ်။ ဒီအတွက် ဆားဗစ်ပေးတဲ့ ကုမ္မဏီတွေလည်း ပေါ်နေပါပြီ။ မြန်မာ Page တွေကြော်ငြာထားတာ အောင် မြင်နေရပြီလေ။

Facebook Game

Facebook ဂိမ်းကနေလည်း ငွေရသဗျ။ ဂိမ်းတစ်ခုလုပ်ဖို့အတွက် Developer တစ်ယောက်အနေနဲ့ အလကားမရပါဘူး။ တစ်ဒေါ်လာ ကနေ အစားစား သွင်းပြီး ဂိမ်းတွေဖန်တီးပေးပါတယ်။ နောက်တော့ ဖွဘုတ်မှာ အင်မတန် ဆော့လို့ကောင်းတဲ့ လယ်စိုက်တာတို့၊ မာဖီးယား ဂိုဏ်းစတား လုပ်တာတို့ ဖြစ်လာပါရော။ အဲဒီ ဂိမ်းစာမျက်နှာတွေ ဖွင့် တဲ့အခါ ကြော်ငြာတွေ တစ်စီတစ်တန်းကြီး တွေ့ရလိမ့်မယ်။ ဆိုဒ်ကို သွားဖို့ ခေါ်တာတွေရော၊ အဲ့ဒီမှာတင် ကြော်ငြာတာတွေရော စုံစံစိနေတာပါပဲ။ အချို့  ဆို ပိုက်ဆံထည့်မှ ဆော့ရတာမျိုး လုပ်သေးသဗျ။ ဒီမှာ Facebook က ကော်မရှင်သဘောနဲ့ ဖြတ် တယ်လေ။ Facebook ရဲ့  ဝင်ငွေက တစ်ရက်တစ်ရက်ကို ကြောက်မခန်းလိလိ များပါတယ်။

အခြားအခြားများ

အထက် ဖော်ပြပါ Page နဲ့ ဂိမ်းက စာရေးသူတို့ မြင်သလောက်ပဲလေ။ စာရေးသူတို့ မမြင်ရတဲ့ နောက်ကွယ်မှာ သူတို့ ငွေရနေတဲ့ နည်းလမ်းတွေ အများကြီး ရှိနေသေးတယ်။ ခုတောင် သတင်း ကြားနေ တယ်။ Message ပို့တာတို့ကို ပိုက်ဆံကောက်မယ်တဲ့။ နာမည်ကြီးတွေဆီ ပို့လေလေ ပိုက်ဆံကုန်လေလေတဲ့လေ။ Friend Request တောင်အလကားပို့လို့မရတော့မယ့် အနေအထား တစ်ခု အလားတောင် ထင်မှတ်ရတယ်။ Facebook မှာ ရှယ်ယာဝင်တွေ လည်း အများကြီး ရှိပါတယ်။ မတ်ဇူကာဘတ်က ဦးဆောင်နေပေမယ့် သူတစ်ယောက်တည်း ပိုင်ပါတယ်ဆိုတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ Facebook နဲ့ Contract ယူထားတဲ့ ကုမ္မဏီတွေထဲမှာလည်း ကမ္ဘာ့အကြီးဆုံး စီးပွားရေး ကုမ္မဏီ၊ ထုတ်ကုန် ပစ္စည်း ကုမ္မဏီတွေ ပါဝင်နေပါတယ်။

နိဂုံးချုပ်

သို့ပေမယ့် တော်တော်လေး လှတဲ့ ရေကန်တစ်ခုတော့ သူ ဆောက်ပေး နိုင်ခဲ့တယ်လေ။ သူ့ရေကန် ကောင်းမှုကြောင့် စာရေး သူတို့လည်း ကန်ပျော်တဲ့ ငါးတွေ ဖြစ်ကုန်ကြပြီ။ Facebook ကိုအခြေခံ ပြီးတော့ ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုပြီးတော့ များနေတော့လည်း တစ်ဖက်တစ်လမ်းက ကျေးဇူး တင်ရမှာပေါ့။

စာဖတ်သူတို့ထဲမှာလည်း ရေကန်တစ်ခုဆောက်ချင်သူများ ရှိရင် မတ်ဇူကာဘတ်ကို အတုယူလို့ ကြိုးစားဖန်တီးနိုင်ပါကြောင့် တိုက်တွန်း အကြံပြုလိုက် ရပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)

အကြမ်းဖျင်း ရှင်းပြရုံလေးပါ။ တော်တော်များများ သိချင်မှာပဲနဲ့ တူပါတယ်။ လက်ရှိ စာရေးသူတို့ အသုံးပြုနေတဲ့ Facebook က အခမဲ့ ကြီးလေ။

စစ်သုံး ရဟတ်ယာဉ်များ တရုတ်ထံမှ မရဟု “ဝ” ငြင်းဆို

Print This Post
Mi-17 အမျိုးအစား ရဟတ်ယာဉ်တွင် TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျဉ်လက်နက် တပ်ဆင်ထားစဉ် (ဓာတ်ပုံ – wiki.livedoor.jp)


လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ တရုတ်နိုင်ငံက ပေးပို့ခဲ့သည်ဆိုခြင်းကို “၀” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) က အခြေအမြစ်မရှိသည့် သတင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။

ဥက္ကံအခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်


မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးသတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ

အရေးပါပြီး အရာမရောက်ရရှာသေးတဲ့ မိုးလေ၀သ


(၂-၅-၂၀၁၃)ရက်နေ့ဟာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းရဲ့ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကလည်း တော်တော်လေး အရှိန်တွေလျော့လာကြကုန်ပါပြီ။ ကောက်ရိုးမီးလို့ဘဲ ပြောရမလား၊ ပွဲပြီး မီးသေ

အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည်


Photo

အမေရိကန်ထိပ်တန်း Ford ကားများအား ယခုနှစ်အတွင်း ပြည်တွင်း၌ စတင်ရောင်းချ သွား မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏ်ီမှ ယနေ့နံနက် ၁၀ နာရီတွင် အင်းလျားလိခ်ဟိုတယ်၌ ရှင်းလင်းပြော ကြားခဲ့သည်။

သမ္မတပေးမယ့် နိုင်ငံ့စွမ်းဆောင်ရည်ဆု

စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူလာပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတ ရဲ့ နိုင်ငံ့ စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ် လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ယနေ့ ဖော်ပြထားပါတယ်။ 

ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ

ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ
Tuesday, April 30, 2013

ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်းတွင် ဈေးဝယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထားသည့် သပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

သပိတ်အဖုံး ကျကွဲရ်ျ ဆွမ်း နှင့် ဆွမ်းဟင်းများ မှောက်သွားခဲ့သဖြင့် မ၀င်းဝင်းစိန်မှာ သပိတ် အသစ် ပြန်လည်ဝယ်ပေးခဲ့ပြီး စခန်းမှူး မှ ဆွမ်း နှင့် ဆွမ်းဟင်းများအား လှူဒါန်းပေးခဲ့စဉ် ဈေး အနီး ရပ်ကွက်နေ ကျား/မ (၅၀)ဦးခန့်မှ မကျေနပ်သဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ပေးစဉ် ဈေးပတ်လည်ရှိ ဆိုင်ခန်းအချို့အား ဖျက်ဆီးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းဆောင် ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

သစ်ထူးလွင်

ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်း တွင် ဈေး ၀ယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထား သည့် သပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။

မြန်မာ့ဈေးကွက် အင်ဒိုနီးရှား မျက်စေ့ကျ


Photo: မြန်မာ့ဈေးကွက် အင်ဒိုနီးရှား မျက်စေ့ကျ
Tuesday, April 30, 2013

ဒေသတွင်း အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် အလာအလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် စတင် ပြင်ဆင်လာနေသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ နိုင်ငံများအတွင်းတွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ စတုတ္ထ အများဆုံး နေထိုင်သော နိုင်ငံလည်းဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများစာရင်းတွင်  အမှတ်စဉ် ၁၄ ၌သာ ရှိနေသည်။

၁၉၈၈ မှ ယနေ့အထိ မြန်မာနိုင်ငံ၌ အင်ဒိုနီးရှား၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၄၁ သန်းရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ထုတ်ပြန်ချက်အရသိရသည်။

ယခု ရက်သတ္တပတ်အတွင်း နေပြည်တော်သို့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုယူနို အလည်အပတ် ရောက်လာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၏ လာရောက်ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ သန်းတထောင်အထိ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၆ခုနှစ် နောက်ပိုင်းမှသာ ဖြစ်လာနိုင်မည်ဟု သိရသည်။

ရည်မှန်းချက် ပြည့်မြောက်နိုင်ရန်အတွက် အင်ဒိုနီးရှားအစိုးရ အနေဖြင့် ၎င်း၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုကြရန် တွန်းအားပေးခြင်းများ ပြုလုပ်နေသည်။ နိုင်ငံပိုင်လုပ်ငန်းကြီး ၁၅ ခု အနက်မှ ကျောက်မီးသွေး ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ သတ္ထုတူးဖေါ်ရေးနှင့် ဘိလပ်မြေထုတ်လုပ်ငန်းများမှ အဆိုပြုချက်များ ပေးပို့ထားပြီး မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် လေ့လာနေကြပြီဖြစ်သည်။

အင်ဒိုနီးရှားသမ္မတ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးဝန်ကြီးနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဆိုင်ရာဝန်ကြီးတို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများ သည် သဘာဝ အရင်းအမြစ် တူးဖေါ်ထုတ်လုပ်ရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည်။ ၎င်းနိုင်ငံတွင် ရွှေ၊ နီကယ်၊ ကြေးနီ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များထွက်ရှိပြီး ကြီးမားသည့် ကျောက်မီးသွေးသိုက်များကို အရန်အဖြစ် ထိန်းသိမ်းထားသည်။ အင်ဒိုနီးရှားနိုင်ငံမှ ရွှေနှင့် နီကယ်တူးဖေါ်ရေးကုမ္ပဏီ Aneka Tambang သည် မြန်မာနိုင်ငံတွင် သတ္တုတူးဖေါ်ခွင့်လိုင်စင်ရရှိရေး ကြိုးပမ်းလျှက်ရှိသည်။

နိုင်ငံပိုင် ဆောက်လုပ်ရေးကုမ္ပဏီ PT Wijaya Karya၊ သံဖြူတူးဖော်ရေးကုမ္ပဏီ PT Timah နှင့်  ဘိလပ်မြေကုမ္ပဏီ Semen Indonesia တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် လုပ်ငန်းလိုင်စင်များ ရရှိခဲ့ပြီးဖြစ်ကြောင်း ဂျာကာတာမြို့ နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာန မှ သိရသည်။

ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း Bukit Asam က ၎င်းတို့အနေဖြင့် တူးဖော်ရေးနှင့် တဆက်တည်း တွဲထားသော လျှပ်စစ်ဓာတ်အားပေး စက်ရုံတရုံ တည်ဆောက်လိုကြောင်း ပြောသည်။ ထိုစက်ရုံမှ ဓာတ်အား၂၀၀ မီဂါဝပ် ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာများကို ပြေလည်စေနိုင်လိမ့်မည်ဟု ဆိုသည်။ သို့သော်လည်း စက်ရုံအတွက် ကျောက်မီးသွေး အလုံအလောက် ထုတ်ပေးနိုင်မည့် မိုင်းတွင်းတခုကို အရင် တူးနိုင်ရမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အင်ဒိုနီးရှားမှာ ပိုက်ဆံ အလုံအလောက် ရှိတယ် ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဗျူရိုကရေစီ စံနစ်က သိသိသာသာ နှေးကွေးပြီး ရှုပ်ထွေးလွန်းတယ်။ သူတို့က ၂၀၁၄ မှာလုပ်မယ် ပြောနေပေမယ့် ခပ်မြန်မြန် စတင်လာမယ်လို့ မြန်မာဘက်က မျှော်လင့် မထားသင့်ဘူး” ဟု စွမ်းအင်လုပ်ငန်းများဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Collin Reynolds က ဘန်ကောက်မြို့တွင် ဧရာဝတီသို့ပြောပြသည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ လုပ်ငန်းတွေက ခိုင်မာပါတယ်။ ဒါပေမယ့် သူတို့က တုန့်ပြန်မှု နှေးတယ်။ တနည်းပြောရရင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းမရှိကြဘူး။ အင်ဒိုနီးရှားတွေရဲ့ စရိုတ်ကိုက လေးကန်ဖင့်နွှဲတဲ့ သဘောရှိတယ်၊ ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက် အတွက်လဲ လေထုညစ်ညမ်းမှု ပြဿနာတွေက ရှောင်လွှဲနိုင်တဲ့ လောင်စာမီးရှို့နည်း အတတ်ပညာကို မြန်မာဖက်က ရှာဖွေထားသင့်တယ် ” ဟု Collin Reynolds က ဆိုသည်။

နောက်ထပ် အလားအလာရှိသော ပြဿနာမှာ အင်ဒိုနီးရှားနိုင်ငံသည် မြေကြီးကို ထိခိုက်စေသော သတ္တုတွင်း လုပ်ငန်းကို မြန်မာနိုင်ငံတွင်း၌ လုပ်ကိုင်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။ သတ္တုတူးဖေါ်ခြင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်က ဆန္ဒပြ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ထိုကိစ္စမျိုးကို လက်မခံဘဲ ဆန့်ကျင်ကြသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန် အတွက် အင်ဒိုနီးရှားက မြန်မာ့ဆန်များဝယ်ယူရန် အစိုးရချင်း ဆွေးနွေးခဲ့ကြ သည်။ သို့သော်လည်း လွန်ခဲ့သော သုံးနှစ်မှ၍ အင်ဒိုနီးရှားနိုင်ငံသည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို အကြီးအကျယ် တိုးမြှင့်လာခဲ့ပြီး ဆန်အသားတင် တင်ပို့သော နိုင်ငံတနိုင်ငံ ဖြစ်လာသည်။

အင်ဒိုနီးရှားဖက်မှ အကြီးမားဆုံးဟုဆိုနိုင်သော စီမံကိန်းမှာ အစိုးရပိုင် ဘိလပ်မြေလုပ်ငန်းတခုဖြစ်သည့် Semen Indonesia မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကုန်ကျမည့် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်ဖြစ်သည်။ ထိုစက်ရုံမှ တနှစ်လျှင် ဘိလပ်မြေ တန်ပေါင်း ၁ သန်းထွက်ရှိရန် မျှော်လင့်သည်ဟု Semen ကုမ္ပဏီက ဆိုသည်။

ထိုစီမံကိန်း၏ အားနည်းချက်မှာ ကုမ္ပဏီဘက်က ထွက်ရှိသော ဘိလပ်မြေထဲမှ အချို့တ၀က်ကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ ရောင်းချရန် ဆန္ဒရှိပြီး မြန်မာဘက်ကမူ ၎င်း၏ တိုးတက်လာသောစီးပွားရေးအတွက် လိုအပ်မည်ဟု ယူဆသော ကြောင့် ဘိလပ်မြေများကို ပြည်တွင်းမှာ ထုတ်ရန်သာ မျှော်လင့်နေသည်။

Semen ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုများအတွက် ယခုနှစ် စကတည်းက စီစဉ်နေခြင်းဖြစ်သ်ာလည်း မည်သူနှင့် ပူးပေါင်းဆောင်ရွက်မည်၊ မည်သည့်နေရာတွင် စက်ရုံတည်ဆောက်မည် စသော အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

“ဒီနှစ်ထဲမှာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေ ပြုလုပ်ပါမယ်၊ နောက်နှစ်ထဲမှာ စက်ရုံ စတင်တည်ဆောက်ပြီးတော့ သုံးနှစ်ကြာတဲ့အခါ ၂၀၁၇ မှာဖြစ်ပါလိမ့်မယ်၊ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်ပြီဖြစ်ပါတယ်” ဟု Semen ၏ ဥက္ကဌ Dwi Soetjipto က ဂျာကာတာမြို့တွင် မတ်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့သော စီးပွားရေး ဆွေးနွေးပွဲတခုတွင်ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားမျိုးအတိုင်း အင်ဒိုနီးရှားနိုင်ငံသည်လည်း ၎င်း၏ ပြုပြင်ပြောင်းလဲရေးကို ၁၉၉၈ တွင် စတင်ခဲ့ရသည်။ ၁၉၉၇ တွင်ကြုံတွေ့ရသည့် အာရှစီးပွားရေး ပြဿနာ၏ ရိုက်ခတ်မှုကြောင့် တိုင်းပြည်တွင် စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်လာပြီးနောက်တွင် ဗိုလ်ချုပ်ကြီးဆူဟာတို၏ စစ်တပ်လွှမ်းမိုးသော အစိုးရ အဆုံးသတ်ခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ ဆယ်နိုင်ငံအတွင်းတွင် အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားသော်လည်း နိုင်ငံရပ်ခြား သို့ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရာတွင်နှေးကွေးသည်။  အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနှင့် မလေးရှားမှ နိုင်ငံပိုင် ကုမ္ပဏီများဖြစ်ကြသည့် Petronas နှင့် PTT တို့သည် ပြင်ပနိုင်ငံများတွင် ရင်းနှီး မြှုပ်နှံမှု အမြောက်အများပြုနေကြချိန်တွင် အင်ဒိုနီးရှား အစိုးရပိုင်ရေနံကုမ္ပဏီ Pertamina သည် သဘာဝဓာတ်ငွေ့ အဓိက တင်ပို့သည့် ရေနံ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းကြီးတခုဖြစ်သော်လည်း နိုင်ငံပြင်ပသို့ တိုးချဲ့ခြင်းမပြုခဲ့ပေ။

“အင်ဒိုနီးရှား ရဲ့စီးပွားရေးက သတိကြီးကြီးနဲ့ တိုးတက်လာနေတယ်လို့ ပြောနိုင်ပါတယ်။ ဗဟိုကလည်း ခပ်တင်းတင်း ချုပ်ကိုင်ထားတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဈေးကွက်အသစ်ကို ၀င်ရောက်လာဖို့ နှေးကွေးနေတာ အံ့သြစရာ မရှိပါဘူး။ သူတို့ ပြောင်းလဲချင်လည်း ခပ်မြန်မြန် ပြောင်းလဲလာပါလိမ့်မယ်။ ဒါပေမယ့် အရမ်းကြီး မမြန်ဘူးဆိုတာတော့ သေချာပါတယ်” ဟု ဘန်ကောက်မြို့ရှိ အနောက်နိုင်ငံသံရုံးတခုမှ စီးပွားရေးပညာရှင် တဦးက ဧရာဝတီ သို့ ပြောခဲ့သည်။

(Caution is the Watchword as Indonesia Eyes Business in Burma ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)

ဧရာဝတီ

ဒေသတွင်း အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် အလာ အလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် စတင် ပြင်ဆင်လာနေသည်။

သဲကုန်း မြို့နယ် ၊ ချောင်းကမ်းလေး ကျေးရွာရှိ သောက်သုံး ရေကန်အား နယ်မြေခံ တပ်မတော်သား များဖြင့် ပြန်လည် တူးဖော်

သဲကုန်းမြို့နယ်၊ ချောင်းကမ်းလေး ကျေးရွာတွင် ဧပြီလ(၂၈) ရက်နေ့က အလျား(၁၅၀)ပေ၊ အနံ (၁၅၀)ပေရှိ သောက်သုံး ရေကန် ပြန်လည်တူးဖော် ခြင်းအား နယ်မြေခံ တပ်မတော်သား များဖြင့် ဆောင်ရွက်ခဲ့ရာ အလျား(၄၀) ပေ၊အနံ (၃၀)ပေ အနက်(၁)ပေ ခန့် တူးဖော် ပြီးစီး ခဲ့ပါသည်။

တစ်နေ့ ဘီယာ (၄)ခွက်ထက် ပိုသောက်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

တစ်နေ့ ဘီယာ (၄)ခွက်ထက် ပိုသောက်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

တစ်နေ့လျှင် ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အသည်းပျက်စီးမှုနူန်း မြန်ဆန်ကာ ကင်ဆာရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။ "နေ့စဉ်ရက်ဆက် ဘီယာသောက်သုံးတာ များလာတယ်ဆိုရင် ဘီယာထဲမှာပါတဲ့ အရက်ပမာဏက ကျန်းမာရေးကို ထိခိုက် နိုင်တယ်။ အရက်ပါတယ်ဆိုမှတော့ အသည်းကို ထိခိုက် မယ်၊ ပြီးရင် ကင်ဆာဖြစ်ဖို့ အတွက် ပိုပြီးဖြစ်နိုင်ခြေ ရှိသွား တယ်။"ဟု အလုံမြို့နယ် ၀င်းဆေးခန်းမှ အထွေထွေရောဂါကု ဒေါက်တာမြင့်ဦးက ပြောသည်။ ဘီယာသည် ဘာလီစေ့အား ကစော် ဖောက်ထားသည့် အရက်တစ်မျိုးဖြစ်ပြီး ၄င်းထဲတွင် ပါဝင်သောအရက်ပမာဏသည်(၄)ရာခိုင်နူန်းမှ(၁၂)ရာခိုင်နူန်းအထိ
ပါဝင်ကာကစီဓါတ်၊မဂ္ဂနီဆီယမ်၊ဆယ်လင်နီယမ်၊ပိုတက်ဆီယမ်၊
ဖော့စဖောရပ်စ်၊ ဘိုင်အိုတင်နှင့် ဘီတာမင်ဓါတ်များပါဝင်ကြောင်း ဆရာဝန်ကြီး များက ဆိုသည်။ ဘီယာတွင် အရက်ပါဝင်နေခြင်းကြောင့် အသည်းအား ရောင်ယမ်းခြင်း၊ အစာအိမ်အား ရောင်ယမ်း စေခြင်း၊ ပန်ကရိယအား ရောင်ယမ်းစေခြင်း၊ဆီးချိုရောဂါများနှင့် နောက်ဆက်တွဲ ရောဂါများဖြစ်ပေါ် နိုင်ကြောင်းကိုလည်း သိရသည်။ "ကျွန်တော် အရင်ကဆို တစ်နေ့ကို (၃)ခွက်လောက် ပုံမှန်သောက်ဖြစ်တယ်။ သိတဲ့ အတိုင်းပဲ ဗိုက်ကနည်းနည်း ထွက်လာတယ်။ နေရထိုင်ရလည်း အဆင်မပြေဘူး။ ဟိုရောဂါဖြစ် ဒီ ရောဂါဖြစ်ဖြစ်လာတော့ ဖြတ်လိုက်တယ်။ အခုဆို ဘီယာရဲ့ဆိုးကျိုးလားမသိဘူး ဆီးချိုရောဂါနဲ့ အစာအိမ်တော့ ကိုယ်တွေ့ကြုံလာခဲ့ရတယ်"ဟု ဒဂုံမြိုသစ်မြောက်ပိုင်းမှ ကိုတုံက ပြောသည်။ ဘီယာသောက်သုံးမှုများလာခြင်းကြောင့် ဖြစ်ပေါ်တက်သော ဗိုက်ဆူ (ဘီယာဗိုက်)လာသည့် လက္ခဏာသည် ဘီယာကို မြုံ့သောက်ရင်းဖြင့် အစားများစွာ စားမိခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အဆီဓါတ်များသည် ဗိုက်ပတ်လည်တွင် စုစည်းကာ အ၀လွန်ကဲလာခြင်းဖြစ်ပြီး ၄င်းကတစ်ဆင့် အခြား ရောဂါများသို့ပိုမိုကူးစပ်လွယ်ကူနိုင်ခြင်းကြောင့်
သောက်သုံးသူများအနေဖြင့် ဂရုပြုဆင်ခြင် သောက်သုံးသင့်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောကြားသည်။ ဘီယာသည် ကမ္ဘာတစ်ဝှမ်း ရေပမ်းအစားဆုံး ယမကာဖြစ်ပြီး တစ်နှစ်လျှင် ဂါလံပေါင်း (၃၅)ဘီလီယံ ကျော် ရောင်းချနေ ရကြောင်း ကိုလည်း ဆရာဝန်များမှ ကောက်ယူထားသော စစ်တမ်းများအရ သိရှိ ရပြီး လက်ရှိတွင် ကမ္ဘာပေါ်၌ အမျိုးသားများပါမက အမျိုးသမီးများပါ သောက်သုံးမှုများလာသည်။

Credit - ယမင်း(မြစ်မခ)
တစ်နေ့လျှင် ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အသည်းပျက်စီး မှုနူန်း မြန်ဆန်ကာ ကင်ဆာရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။ "နေ့စဉ်ရက်ဆက် ဘီယာသောက်သုံးတာ များလာတယ်ဆိုရင် ဘီယာထဲမှာပါတဲ့ အရက်ပမာဏက

“အနီရောင်ရှိသော အသားများတွင် ကျန်းမာရေးထိခိုက်စေသည့် ဓာတ်တစ်မျိုး ပါဝင်”

Photo: “အနီရောင်ရှိသော အသားများတွင် ကျန်းမာရေးထိခိုက်စေသည့် ဓာတ်တစ်မျိုး ပါဝင်”

အနီရောင်ရှိသော အသားမျိုးတွင် တွေ့ရသည့် ဓာတ်တစ်မျိုးသည် ကျန်းမာရေးအတွက် ဆိုးရွားသော သက်ရောက်မှု ရှိစေကြောင်း အမေရိကန် သုတေသီများက သတိပေး ပြောကြားလိုက်သည်။ အမဲသား၊ ဝက်ပေါင်ခြောက် အစရှိသည့် အနီရောင် အသားများတွင် တွေ့ရှိရသည့် Carnitineခေါ် ဓာတုဓာတ် တစ်မျိုးသည် နှလုံးကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်ထုတ် Nature Medicine ဂျာနယ်တွင် ဖော်ပြခဲ့သည်။

အူအတွင်းရှိ သဘာဝ ဘက်တီးရီးယားများသည် အဆိုပါ ဓာတ်ကို ဝါးမြိုချေဖျက်လိုက်ပါက ဓာတုဗေဒ ကွင်းဆက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ ကိုလက်စထရော ပမာဏကို မြင့်မားစွာ တည်ရှိလာစေတတ်ကြောင်း သိရသည်။ အဆိုပါ အခြေအနေသည် နှလုံးကို ထိခိုက်စေလောက်သည့် အကြောင်းတစ်ရပ်လည်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21441

အနီရောင်ရှိသော အသားမျိုးတွင် တွေ့ရသည့် ဓာတ်တစ်မျိုးသည် ကျန်းမာရေးအတွက် ဆိုးရွားသော သက်ရောက်မှုရှိစေကြောင်း အမေရိကန် သုတေသီများက သတိပေးပြောကြားလိုက်သည်။ အမဲသား၊ ဝက်ပေါင်ခြောက်အစရှိသည့် အနီရောင် အသားများတွင် တွေ့ရှိရသည့် Carnitineခေါ် ဓာတုဓာတ် တစ်မျိုးသည် နှလုံးကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်ထုတ် Nature Medicine ဂျာနယ် တွင် ဖော်ပြခဲ့ သည်။

ခေါက်ဆွဲခြောက်ထုတ်များအား ရောနှောစားသုံးသင့်ဟု ပညာရှင်တို့အကြံပြု

Photo: ခေါက်ဆွဲခြောက်ထုတ်များအား ရောနှောစားသုံးသင့်ဟု ပညာရှင်တို့အကြံပြု
Tuesday, April 30, 2013

အသင့်စားခေါက်ဆွဲခြောက်ထုတ်များတွင် လူ့ကျန်းမာရေးအတွက်အကျိုးရှိသည့် အမျှင်ဓါတ်၊ ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင်သလောက် နည်းပါးပြီး အန္တရာယ်ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ်ဓါတ်များ ပါဝင်မှုနှုန်းမြင့်မားသည့်အတွက် ရေရှည်စားသုံးပါက အ၀လွန်ရောဂါရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန်ထိခိုက်နိုင်သည်ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာမြင့်ဦးက ဆိုသည်။

"လူတစ်ယောက်အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက် ဒြိတ်(၅၅)ရာခိုင်နှုန်းပါဝင်နေဖို့လိုအပ်ပါတယ်။ဒါပေမယ့် ခေါက်ဆွဲခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေများ လွန်းနေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာအမျိုးအစားထဲမှာ ပါဝင်နေတဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံးရတော့မယ့်ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောသည်။

လူတစ်ယောက်အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင်နေသောကြောင့် ရေရှည်စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့်အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူးဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ်စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်းသက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ်စားတာများရင် ဆံပင်ကျွတ်တယ်လို့တော့ ကြားဘူးတယ် "ဟု စမ်းချောင်းမြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက်များကို ဂျပန်နိုင်ငံတွင် အဓိကခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီတည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းခေါက်ဆွဲခြောက်ထုတ်ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက်အသင်း World Instant Noodles က ထုတ်ပြန်ထားသည်။

မင်းဟိန်းထက်(မြစ်မခ)

အသင့်စားခေါက်ဆွဲခြောက်ထုတ်များတွင် လူ့ကျန်းမာရေးအတွက်အကျိုးရှိသည့် အမျှင်ဓါတ်၊ ဗီတာမင် ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင်သလောက် နည်းပါးပြီး အန္တရာယ်ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့် ဓါတ်နှင့် ဆိုဒီယမ်ဓါတ်များ ပါဝင်မှုနှုန်းမြင့်မားသည့်အတွက် ရေရှည်စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင် သည့် အပြင် ကျန်းမာရေးအား အလွန်ထိခိုက်နိုင်သည်ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာမြင့်ဦး က ဆိုသည်။

ပါဏာတိပါတ (သတ်မှု) အင်္ဂါ ၅ ပါး

၁။ သတ္တ၀ါ ဖြစ်ခြင်း၊

အမေရိကန် စစ်သည်များအား ဆိုက်ဘာ လုံခြုံရေး အတွက် လေ့ကျင့် သင်ကြား ပေးလျက်ရှိ




Photo: အမေရိကန် စစ်သည်များအား ဆိုက်ဘာ လုံခြုံရေး အတွက် လေ့ကျင့် သင်ကြား ပေးလျက်ရှိ
Tuesday,April30,2013

ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည်များသည် အမေရိကန် စစ်တပ်တွင် အရေးပါသော အခန်း ကဏ္ဍတစ်ခု ဖြစ်လာခဲ့ကြောင်း Associated Press သတင်း ဌာနက ပြောကြားခဲ့သည်။

ဆိုက်ဘာ လုံခြုံရေး ချိုးဖောက်မှုကို ဆန့်ကျင်နိုင်ရန် အတွက် အမေရိကန် စစ်တပ်မှ ကျွမ်းကျင် ပညာရှင်များသည် ကွန်ပျူတာ လေ့ကျင့်မှုများကို ပိုမို ပြုလုပ်လျက် ရှိသည်။

အမေရိကန် ကုမ္ပဏီများ၏ ဆိုက်ဘာ တိုက်ခိုက် ခံရမှုတွင် တရုတ်နိုင်ငံ ပါဝင်ကြောင်း အမေရိကန် အစိုးရက သံသယ ရှိနေသည်။ ၄င်းတိုက်ခိုက်မှုသည် တရုတ်နိုင်ငံမှ ဆိုက်ဘာ စစ်သည်များ၏ လက်ချက်ဟု ယူဆရကြောင်း အမေရိကန် သတင်း စာများက ဖော်ပြခဲ့သည်။

အမေရိကန် သမ္မတ ရုံးသည် ဆိုက်ဘာ တိုက်ခိုက်မှု ခံရကြောင်း Associated Press သတင်း ဌာနက ၄င်းတို့၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

ထို့ပြင် Burger King, Ebay နှင့် NBC သတင်းဌာနများ သည်လည်း မကြာ သေးမီက ဆိုက်ဘာ တိုက်ခိုက် ခံခဲ့ရသည်။
ယခုကဲ့သို့ ဆိုက်ဘာ တိုက်ခိုက်မှုများ များပြားလာခြင်းက တပ်သား သစ်များအား ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည် တာဝန်ကို ပိုမို စိတ်ဝင်စား လာနိုင်စေ ခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့မှ တာဝန်ရှိ သူများသည် ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍ ယခု သီတင်းပတ် အတွင်းက အဆင့်မြင့် တွေ့ဆုံပွဲကို ပြုလုပ် ခဲ့ကြသည်။
သက်သေ အထောက်အထား များစွာ ရှိနေသော်လည်း အမေရိကန် အစိုးရ၏ ဝက်ဘ်ဆိုက် များနှင့် အမေရိကန် ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက် ခံရမှုတွင် ၄င်းတို့ ပါဝင်ခြင်း မရှိဟု တရုတ်က ငြင်းဆို ထားသည်။

မြ၀တီ
ဆိုက်ဘာ တိုက်ခိုက်ရေးစစ်သည်များသည် အမေရိကန် စစ်တပ်တွင်အရေးပါသော အခန်းကဏ္ဍ တစ်ခု ဖြစ်လာခဲ့ကြောင်း Associated Press သတင်း ဌာနက ပြောကြားခဲ့သည်။

မိတ္ထီလာ မြို့ ကယ်ဆယ်ရေး စခန်း များရှိ ပြည်သူ များအား တပ်မတော်သား များက နေရပ် အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေး




Photo: မိတ္ထီလာ မြို့ ကယ်ဆယ်ရေး စခန်း များရှိ ပြည်သူ များအား တပ်မတော်သား များက နေရပ် အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေး
Tuesday,April30,2013

မိတ္ထီလာမြို့နယ် အတွင်း ကယ်ဆယ်ရေး စခန်း အသီးသီးရှိ ပြည်သူ များအား နယ်မြေ တည်ငြိမ် အေးချမ်းပြီ ဖြစ်သဖြင့် နေရပ်ဒေသ အသီးသီး သို့ ပြန်လည် ပို့ဆောင် ပေးလျက် ရှိ ရာ ဧပြီ ၂၈ ရက် နံနက် ၉ နာရီက မိတ္ထီလာ မြို့ အမှတ်(၅) အခြေခံ ပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်းရှိ မိသားစု ၉ဝ စု၊ လူဦးရေ ကျား ၁၆၃ ဦး၊ မ ၂၂၃ ဦး စုစုပေါင်း လူဦးရေ ၃၈၆ ဦးတို့အား တပ်မတော် ယာဉ်များဖြင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ တပ်မ တော် သားများက ဝိုင်းဝန်း ကူညီ၍ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
မိတ္ထီလာမြို့နယ် အတွင်း ကယ်ဆယ်ရေး စခန်း အသီးသီးရှိ ပြည်သူ များအား နယ်မြေ တည်ငြိမ် အေးချမ်း ပြီ ဖြစ်သဖြင့် နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိရာ ဧပြီ ၂၈ ရက် နံနက် ၉ နာရီက မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းရှိ မိသားစု ၉ဝ စု၊

“ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှု လူ ၂ ဦး ပျောက်ဆုံး”




Photo: “ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှု လူ ၂ ဦး ပျောက်ဆုံး”

ပီရူးနိုင်ငံတွင် မိုးပျံ လေဘောလုံးတစ်ခု ပျက်ကျမှုကြောင့် လူ(၂)ဦး ပျောက်ဆုံးလျှက် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လေဘောလုံးသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်ပြီး ယင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး (၅)ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပီရူး အာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော်လည်း လေဘောလုံးကို မောင်းနှင်သူနှင့် အခြားတစ်ဦးကိုမူ ယခုတိုင် ရှာမတွေ့သေးဟု သိရှိရသည်။ ပြည်ထဲရေး ဝန်ကြီး ဝီလ်ဖရက်ဒို ပီဒရက်ဇာက လေဘောလုံးကို ပိုင်ဆိုင်သည့် Globos Peru SAC ကုမ္ပဏီအား လေဘောလုံးပေါ် လိုက်ပါလာသူ အားလုံးတွင် အသက်ကယ်အင်္ကျီ ရှိမနေခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ထားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21440
ပီရူးနိုင်ငံတွင် မိုးပျံ လေဘောလုံးတစ်ခုပျက်ကျမှုကြောင့် လူ(၂)ဦး ပျောက်ဆုံးလျှက် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လေဘောလုံးသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်ပြီး ယင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး (၅)ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပီရူး အာဏာပိုင် များက ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးအတွက် အချိန်ကိုက်ဗုံးများ ဖြစ်လာ ဖွယ်ရှိ

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးအတွက် အချိန်ကိုက်ဗုံးများ ဖြစ်လာ
ဖွယ်ရှိ 
Tuesday, April 30, 2013 

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးဆိုင်ရာ အချိန်ကိုက်ဗုံးဖြစ်လာဖွယ်
ရှိကြောင်း ကျွမ်းကျင်သူတို့က သတိပေးပြောကြားခဲ့ကြသည်။ 

မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ဦးနှောက်ကင်ဆာကဲ့သို့သော ကျန်းမာရေး
အခြေအနေဆက်စပ်နေမှုကို ပညာရှင် ၂၀၀ ကျော်ခန့် တို့က လေ့လာ
ဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ရာမှ ပေါ်ထွက်လာသော အစီရင်ခံစာအရ မိုဘိုင်းဖုန်း
အသုံးပြုခြင်းကြောင့် ကြီးမားသော ကျန်းမာရေးဘေးဥပဒ်ဖြစ်ဖွယ်ရာ အလားအလာ ရှိမှုကို သက်ဆိုင်ရာတို့က မှေးမှိန်ထားတတ်ကြောင်း၊ အထူးသဖြင့် ကလေးများ၏ သေးငယ်ပါးလွှာသော ဦးခေါင်းခွံသည်
 ရေဒီယိုသတ္တိကြွမှုခံနိုင်ရည် မရှိကြောင်း ဖော်ပြခဲ့သည်။

သို့ရာတွင် မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ကျန်းမာရေးဘေးဥပဒ်များ ဆက်စပ်နေ
ကြောင်းကိုမှု အထောက်အထားမပြနိုင်သေးသော်လည်း ကျောင်းများ၊ ဖုန်း အရောင်းဆိုင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များတွင် မိုဘိုင်းဖုန်း
အသုံးပြုမှုကို လျှော့ချရန် လှုံ့ဆော်စာများ ကပ်ထားသင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့သည့် သုတေသီအဖွဲ့ဝင်တို့ကမူ လေ့လာဆန်းစစ်မှုများအရ မိုဘိုင်းဖုန်းကြာရှည် အသုံးပြုခြင်းက Glioma ဟု ခေါ်သာ ဦးနှောက်အဖု အကျိတ် ထွက်ခြင်းကဲ့သို့သော ဘေးဥပဒ်နှင့် ဆက်စပ်မှုရှိနေသည်ကိုမူ
 ထောက်ပြခဲ့ကြသည်။

၂၀၀၈ ခုနှစ် ဆွီဒင်သုတေသီအဖွဲ့၏ လေ့လာဆန်းစစ်မှုတွင် ယူဆချက်အရ မိုဘိုင်းဖုန်းအသုံးပြုသော ကလေးများသည် ဦးနှောက်ကင်ဆာ ဖြစ်ပွားရန် ငါးဆ ပိုမိုသည်ဟု ဆိုသည်။ အခြားသော လေ့လာဆန်းစစ်မှုတွင်မူ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်များ၏ မိုဘိုင်းဖုန်းအသုံးပြုမှုကြောင့်
 မွေးဖွား လာမည့် ကလေးတို့၏ ဦးနှောက်ဆဲလ်များ ပျက်စီးမှုနှင့် ဆက်နွှယ်နေကြောင်း တွေ့ရသည်ဟု သိရသည်။

Health
Mg Mandalay

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးဆိုင်ရာ အချိန်ကိုက်ဗုံးဖြစ်လာဖွယ်ရှိကြောင်း ကျွမ်းကျင်သူတို့က သတိပေးပြောကြားခဲ့ကြသည်။

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့
~~~~~~~~~~~~~~~~~~~~~~~~
UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ  ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်း
 ဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ
 နေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။
 
အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

 မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

ပြန်လည်တင်ပြလိုသူများ တိုက်ရိုက်ရှယ်နိုင်ပါတယ်။ စာသားကူးယူပြီး ပြန်လည်ဖော်ပြခြင်းသည်းခံပါ။
source: http://www.janes.com/products/janes/defence-security-report.aspx?ID=1065978566

ဓာတ်ပုံ-Photos: Mil Mi-17-1 Aircraft Pictures | Airliners.www.airliners.net

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

Kaesong မှာ တောင်ကိုရီးယားနိုင်ငံသား ၇ ဦး ကျန်ရစ်

Kaesong မှာ တောင်ကိုရီးယားနိုင်ငံသား ၇ ဦး ကျန်ရစ်
==============================

ဧပြီလ ၃၀ ရက် ၂၀၁၃

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စက်မှုဇုံမှာ ကျန်နေတဲ့ တောင်ကိုရီး ယား နိုင်ငံသား ၇ ယောက်ကို နောက်ဆုံးအချိန် ဖြေရှင်းမရတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်လို့ဆိုပြီး မြောက်ကိုရီးယားက ပြန်မလွှတ်ဘဲ ထား ထားပါတယ်။

Kaesong စက်မှုဇုံ ဖွံ့ဖြိုးရေး စီမံခန့်ခွဲမှု ကော်မတီက ဥက္ကဋ္ဌ ဟောင် ယန် ဟို (Hong Yang-ho) အပါအ၀င် တခြား ၅ ယောက်နဲ့အတူ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီက ၀န်ထမ်း ၂ ယောက်တို့ဟာ အခွန်နဲ့ လစာ ကိစ္စတွေ စေ့စပ်ညှိနှိုင်းဖို့ အတွက် စက်မှုဇုံမှာ ဆက်ပြီးတော့ ရှိနေရတဲ့အကြောင်း ဆိုးလ်မြို့တော်မှာရှိ တဲ့ နှစ်နိုင်ငံ ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောပါတယ်။

Kaesong စက်မှုဇုံနဲ့ပတ်သက်လို့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ
နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတဲ့အကြောင်း
နှစ်နိုင်ငံပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒီလို ညှိနှိုင်းနေတဲ့အထဲ ပေးဆောင်ဖို့ ကျန်နေတဲ့ အခွန်ကိစ္စနဲ့ ဧပြီလ ၉ ရက်နေ့ က မြောက်ကိုရီးယားအစိုးရက Kaesong စက်မှုဇုံကနေ ပြန်လည် ခေါ်ယူခဲ့တဲ့
မြောက်ကိုရီးယား အလုပ်သမား ၅ သောင်း ၃ ထောင်ရဲ့ လစာကိစ္စတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Kaesong စက်မှုဇုံမှာ နောက်ဆုံးကျန်နေတဲ့ တောင်ကိုရီးယားဝန်ထမ်း ၅၀ လောက် ထဲက ၄၃ ယောက်ဟာ တနင်္လာနေ့က အိမ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေတဲ့ ၀န်ထမ်း ၇ ဦးရဲ့ ဒီဒေသကထွက်ခွာမှုဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ပြိုင်ဘက် နှစ်နိုင်ငံအကြား နောက်ဆုံးအဆင့် ငြိမ်းချမ်းတဲ့ ဆက်သွယ်မှုကို အပြီးပိုင် ဖြတ်တောက်လိုက်တော့မှာ ဖြစ်ပါတယ်။

Kaesong စက်မှုဇုံ ပြန်လည် လည်ပတ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားဘက်က ပယ်ချခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား အစိုးရက သူ့နိုင်ငံသားတွေကို ဒီစက်မှုဇုံကနေ ပြန်လည် ခေါ်ထုတ်သွားမယ့် အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့တာဖြစ်ပါတယ်။

VOA

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စက်မှုဇုံမှာကျန်နေတဲ့ တောင်ကိုရီးယား နိုင်ငံသား ၇ ယောက်ကို နောက်ဆုံးအချိန် ဖြေရှင်းမရတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်လို့ ဆိုပြီး မြောက် ကိုရီးယားက ပြန်မလွှတ်ဘဲ ထား ထားပါတယ်။

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ
Tuesday,April30,2013

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်းအဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံရယူ ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေကြောင့် ESCAP အဖွဲ့ရဲ့ဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။

ESCAP အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး၊ နိုင်ငံပေါင်း ၄၀ ကျော်က ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ အာရှနဲ့ ပစိဖိတ် ဒေသ သဘာဝဘေးဒဏ် ကာကွယ်တိုက်ဖျက်ရေး၊ စီးပွားရေးအကြပ် အတည်းနဲ့ စိန်ခေါ်မှု အခက်အခဲကိစ္စတွေကို အလေးထားဆွေးနွေး ခဲ့ကြပါ တယ်။

RFA

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်း အဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံ ရယူ ခဲ့ပါတယ်။

မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်

Photo: မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်
=====================================

( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။

( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထားပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။

( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။

( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။

( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။

( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံပြီး နောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။

( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရမယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်ပါ။

( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။

( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင်ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊
ပြင်ဆင်ထားသော်လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေလျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊ တအားချစ်စရာကောင်းတယ်လို့ သာပြောပေးပါ။

http://on.fb.me/14bZP6P

သော်တာမောင်

( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက်




Photo: ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက် 
Tuesday,April30,2013

ဆီးရီးယားနိုင်ငံမြို့တော် Damascus မှာ ယာဉ်တန်းတခုနဲ့ ခရီးသွားနေတဲ့ ဆီးရီးယား ၀န်ကြီးချုပ် ၀ဲလ် အယ်လ် ဟယ်ကွီ (Wael al-Halqi) ကို ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ခဲ့ပေမဲ့ ၀န်ကြီးချုပ် လွတ်မြောက်သွားပါတယ်။
 
တိုက်ခိုက်မှုဟာ မြို့တော်ရဲ့မြောက်ပိုင်း Mazzeh မြို့နယ်အတွင်း ဒီကနေ့ တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပေမဲ့ ၀န်ကြီးချုပ်ကတော့ တစုံတရာ အနာတရမရရှိဘဲ လွတ်မြောက်သွားတယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။
 
သတင်းမှာ အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲမှုလို့ သုံးနှုံးသွားပါတယ်။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်စေဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အတိုက်အခံတွေကို အစိုးရအာဏာပိုင်တွေဘက်က အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်သုံးစွဲလေ့ ရှိပါတယ်။
 
Damascus မြို့တော်ရဲ့ Mazzeh မြို့နယ်အတွင်းမှာ ထိပ်တန်းအစိုးရအရာရှိတွေ အများအပြား နေထိုင်ကြပါတယ်။ 
VOA
ဆီးရီးယားနိုင်ငံမြို့တော် Damascus မှာ ယာဉ်တန်းတခုနဲ့ ခရီးသွားနေတဲ့ ဆီးရီးယား ၀န်ကြီးချုပ် ၀ဲလ် အယ်လ် ဟယ်ကွီ (Wael al-Halqi) ကို ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ခဲ့ပေမဲ့ ၀န်ကြီးချုပ် လွတ်မြောက် သွားပါ တယ်။

အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားစေနိုင်

Photo: အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားစေနိုင်
Tuesday,April30,2013

ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကို လက်ခံရယူဖို့ မွန်ဂိုလီးယားကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ပုံ
photo: Community of Democracies

အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့ အရာဖြစ်တယ်လို့ မွန်ဂိုလီးယားနိုင်ငံရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။ လူလန်ဘာတာမြို့တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားသမ္မတက ဖိတ်ကြားတဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တော်တစ်ဦး အဖြစ် ညီလာခံမှာ တက်ရောက်ဆွေးနွေးတာဖြစ်ပြီး၊ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကိုလည်း လက်ခံရယူဖို့ရှိပါတယ်။ ဒီဆုဟာ ပိုလန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်သူတစ်ဦးဖြစ်ပြီး ကမ္ဘာတ၀န်းဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်တဲ့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ထူထောင်သူတွေထဲ ပါဝင်တဲ့ ပါမောက္ခ Bronisław Geremek ကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယား သမ္မတအိမ်တော်မှာ  “မွန်ဂိုလီးယားနဲ့ မြန်မာလွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှေးရှုရာလမ်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတနဲ့အတူ မနက်ဖြန်ဟောပြောမှာဖြစ်ပြီး သတင်းစာဆရာတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကျင်းပတယ်လို့ ဆိုပါတယ်။
RFA

ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကို လက်ခံရယူဖို့ မွန်ဂိုလီးယား ကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်း စုကြည်ပုံ
photo: Community of Democracies


အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့ အရာဖြစ်တယ်လို့ မွန်ဂိုလီးယားနိုင်ငံရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။ လူလန်ဘာတာမြို့တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး

Photo: ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး

ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

မနေ့ည ၁၁ နာရီကျော်ကနေ မနက် ၂ နာရီကျော်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ BGF ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်တာက ညကတစ်ညလုံးကတော့ ၁၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ပစ်တာ၊ တိုက်ပွဲဖြစ်တဲ့ အနီးစပ်ဆုံးရပ်ကွက်တွေကတော့ အကုန်ပြေးရတာပေါ့၊ ဒေသခံ သုံး၊ လေးရာဝန်းကျင်လောက်ပေါ့၊ ကျနော်တို့ မြိုင်ကြီးငူနဲ့ဝေးတဲ့ တချို့လေးငါးခြောက်မိုင် ခုနှစ်မိုင်ဝေးတဲ့ နေရာတွေပေါ့နော်၊ အဲဘက်တွေ တိမ်းရှောင်နေရတာပေါ့၊ ကျနော်တို့လည်းဖြစ်တဲ့နေရာကို ဘယ်သူမှမသွားရဲဘူး၊ ဒီနေ့မနက်ဘာမှ လောလောဆယ် ထူးခြားမှုမရှိသေးဘူး၊ သူတို့ BGF တပ်ကတော့ လုံခြုံရေး တအားတင်းထားတာပေါ့နော်၊ BGF ကတော့ သွားလိုက်လာလိုက်ပဲ”

အဲဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး အခုဆိုရင်တိုက်ပွဲကြောင့် ဒေသခံတွေအကြား နေ့ရောညပါ စိုးရိမ်ကြောင့်ကြနေကြရတယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရ ပါတယ်။

ရခိုင်ပဋိပက္ခများ၌ ဒေသခံများသာမက ပြင်ပမှ လှုံ့ဆော်မှုများကိုလည်း တွေ့ရသည်ဟု ကော်မရှင် ပြောကြား


4.29.5
ရခိုင်ပဋိပက္ခများ၌ ရခိုင်ပြည်နယ်ရှိ ဒေသတွင်း ပြည်သူများသာမက ပြင်ပမှလှုံ့ဆော်မှုများကို တွေ့ရ သည်ဟု ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေး မှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။