Monday, May 13, 2013

သမ္မတ ဦးသိန်းစိန် အိုဘာမားထံ သွားရောက် တွေ့ဆုံမည်

အမေရိကန် သမ္မတ၏ တရားဝင်ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဟု နိုင်ငံပိုင်ရုပ်/သံက မေလ ၁၃ ရက် ညတွင် ထုတ်ပြန်ကြေညာ လိုက်သည်။

မူဆယ် ခရိုင် မန်နို လုံရွာ တွင် ရွာသား ၂ ဦးအား SSA(ယွတ်ဆစ်) မှ ပစ်ခတ်

Photo: မူဆယ်ခရိုင် မန်နိုလုံရွာတွင်ရွာသား ၂ ဦးအား SSA(ယွတ်ဆစ်) မှပစ်ခတ်
Monday, May 13, 2013

မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်ရှိ မန်နိုလုံရွာ တွင်နေထိုင်သော ဒေသခံ၂ဦးအား နေအိမ်တွင် နေထိုင်စဉ် SSA ယွတ်ဆစ်အဖွဲ့မှ ယမန်နေ့ ညနေ ၈ နာရီခွဲခန့်တွင် ပစ်ခတ်သွားကြောင်းသိရှိရပါသည်။

မန်နိုလုံ ရွာသို့ ယမန်နေ့ည ၈နာရီခန့်တွင်လက်နက်များကိုင်ဆောင်ထားသော လူ(၅)ဦး ရောက်ရှိလာပြီး၊ နေအိမ်တွင် နေထိုင်သော ကို ကိုကိုနိုင်နှင့်အတူနေတို့ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ ၎င်းရွာသား ၂ ဦးအား မူဆယ်ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း မန်နိုလုံရွာသား တစ်ဦးမှ ပြောကြား ခဲ့သည်။ ၎င်းသတင်းနှင့် ပတ်သတ်၍ မူဆယ်မြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းရာ အရပ်သား ၂ဦး အသတ်ခံရသည်မှာ မှန်ကန်ကြောင်း ပြောဆိုခဲ့ပါသည်။

SSA (ယွတ်ဆစ်) အဖွဲ့သည် ထိုင်းနယ်စပ် လွယ်တိုင်းလျံဒေသတွင် ဌာနချုပ်အဖြစ်ထားရှိရန်၊ အစိုးရ နှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် သဘောတူထားပြီးဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် သို့ ၎င်းတပ်များ ရောက်ရှိကာ စစ်စခန်းများ တည်ဆောက်နေသဖြင့် အစိုးရတပ်များမှ ၀င်ရောက် ရှင်းလင်း ခဲ့သည်။

ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သော မူဆယ်ခရိုင်၊ မန်နိုလုံရွာသည် SSAဌာနချုပ် လွယ်တိုင်းလျံမှ မိုင် ၂၀၀ကျော် ဝေးကြောင်း၊ SSA(ယွတ်ဆစ်) အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုပြုလုပ် ထားသော အဖွဲ့ဖြစ် သော်လည်း အခြားသော ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများ၊ “၀” နှင့် မိုင်းလားအဖွဲများ၏ နယ်မြေကိုကျော်ကာ ကချင်နယ်စပ် အနီးသို့ ရောက်ရှိနေကာ အစိုးရ တပ်များနှင့် တိုက်ပွဲများဖြစ်ပွား နေကြောင်းသိရှိရပါသည်။

Shan News
မူဆယ်ခရိုင်၊ ကြူကုတ်မြို့နယ်ရှိ မန်နိုလုံရွာ တွင်နေထိုင်သော ဒေသခံ၂ဦးအား နေအိမ်တွင် နေထိုင်စဉ် SSA ယွတ်ဆစ်အဖွဲ့မှ ယမန်နေ့ ညနေ ၈ နာရီခွဲခန့်တွင် ပစ်ခတ်သွားကြောင်းသိရှိရပါသည်။

မုန်တိုင်း အန္တရာယ်အရောင်သတ်မှတ်ချက်များ

မိုးလေ၀သတင်းများမှာ ဖော်ပြနေတဲ့ အရောင်သတ်မှတ်ချက်များနဲ့ ပတ်သက်ပြီး အကျဉ်း ချုပ် ဖော်ပြ ပေးလိုက်ပါတယ်။

အမေရိကန် နယူးအော်လင်းမြို့ အမေနေ့လမ်းလျှောက်ပွဲတွင် ပစ်ခတ်မှုကြောင့် ၁၉ ဦး ဒဏ်ရာရ

အမေရိကန် နယူးအော်လင်းမြို့ အမေနေ့လမ်းလျှောက်ပွဲတွင် ပစ်ခတ်မှုကြောင့် ၁၉ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့၌ မေ ၁၃ ရက်နံနက်တွင်ကျင်းပသည့် အမေနေ့အထိမ်းအမှတ်လမ်းလျှောက်ပွဲတွင် အကြမ်းဖက်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ၁၉ ဦးဒဏ်ရာရရှိသွားကြောင်း ၀ါရှင်တန်ပို့စ် အွန်လိုင်း
သတင်းတွင်ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦးနှင့် အသက် ၁၀
နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာဒဏ်ရာပြင်းထန် 
ကြောင်းသိရသည်။

ပစ်ခတ်မှုနှင့်ပတ်သတ်သည့် တရားခံကိုလိုက်လံစုံစမ်းဆဲဖြစ်ပြီး အခင်းဖြစ်
ပွားရာနေရာရှိ ဗီဒီယိုမှတ်တမးများ၊ ဓာတ်ပုံများ၊ မျကမြင်သက်သေများကို
လိုက်လံစုံစမ်း စုစောင်းလျှက်ရှိကြောင်း ဒေသခံအာဏာပိုင်တို့၏ အဆိုကို
ကိုးကား၍ ၀ါရှင်တန်ပို့စ်က သတင်းဖော်ပြထားသည်။
ဓာတ်ပုံ (အင်တာနက်)
အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့၌ မေ ၁၃ ရက်နံနက်တွင်ကျင်းပသည့် အမေနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် အကြမ်းဖက်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ၁၉ ဦးဒဏ်ရာရရှိသွားကြောင်း ၀ါရှင်တန်ပို့စ် အွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်
========================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၈/၂၀၁၃)
၁၃၇၅ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်
၂၀၁၃ခုနှစ်၊ မေလ ၁၃ ရက်

၁။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ခုနှစ် မေလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၃၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မဟာဆင် (MAHASEN) သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏အနောက်ဘက် မိုင်(၄၁၀)ခန့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၄၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၅၉၀)ခန့်၊ အိန္ဒိယနိုင်ငံ (ချင်းနိုင်မြို့)၏ အရှေ့တောင်ဘက် မိုင်(၃၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၆၀)အထိ ရှိနိုင်ပါသည်။

၂။ အဆိုပါမုန်တိုင်း တိုက်ခတ်ချိန်တွင် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ဒေသတစ်လျှောက်တို့တွင် မုန်တိုင်း ဒီရေလှိုင်းဒဏ်များ လွှမ်းမိုးမှုများ ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့ကြုံတွေ့ရနိုင်ချိန်တွင် ဒေသခံပြည်သူများအနေဖြင့် ဂရုပြုဆောင်ရွက်ရမည့် အချက်များကိုလည်း ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်သတိပေး ပြန်ကြားလျက်ရှိပါသည်။

၃။ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်နှင့် ဒီရေတက်လာနိုင်သည့် နေရာများ၊ ကမ်းခြေ တစ်လျှောက်တဲများ၊ ယာယီတဲများဖြင့် နေထိုင်နေသူများအား ၂၀၁၃ခုနှစ်၊ မေလ ၁၄ / ၁၅ ရက်အပြီး လုံခြုံစိတ်ချရသည့် နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းထားရန် ညွှန်ကြားထားပြီး ဖြစ်သည်။

၎။ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်သည့် စီမံကွပ်ကဲမည့်အဖွဲ့အား ၂၀၁၃ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်စ၍ ရခိုင်ပြည်နယ် အမ်းမြို့တွင် အခြေပြုကာ အနီးကပ် ကွပ်ကဲသွားရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်။

၅။ တပ်မတော်အနေဖြင့် မုန်တိုင်းဒဏ်ကျရောက်နိုင်သော ပင်လယ်ကမ်းရိုးတန်း ဒေသရှိ တိုင်းစစ်ဌာနချုပ်များတွင် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ် များအား လိုအပ်ပါက ချက်ချင်းအကူအညီပေးနိုင်ရေး အသင့်ပြင်ဆင်ထားပြီး ဆေးကုသရေးအဖွဲ့များနှင့် အခြား အထောက်အကူပြုနိုင်မည့် အဖွဲ့များကိုလည်း ဖွဲ့စည်း၍ ကြိုတင်အသင့်ပြင်ဆင် ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၈/၂၀၁၃)
၁၃၇၅ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်
၂၀၁၃ခုနှစ်၊ မေလ ၁၃ ရက်

ဘားအံမြို့နယ် ကျုံဖဲကျေးရွာတွင် ဘဲအကောင် ၄ဝဝ ခန့် အဆိပ်သင့် သေဆုံး

Photo: ဘားအံမြို့နယ် ကျုံဖဲကျေးရွာတွင် ဘဲအကောင် ၄ဝဝ ခန့် အဆိပ်သင့် သေဆုံး
Monday, May 13, 2013

ကရင်ပြည်နယ် ဘားအံမြို့ ကျုံဖဲကျေးရွာနေ ဦးရဲထွန်း ဘဲအကောင် ၄ဝဝ ခန့် ကျုံဖဲကျေးရွာ အရှေ့ လယ်ကွင်းတွင် မေ ၁ဝ ရက် နံနက် ၉ နာရီခွဲက စားကျက်ချစဉ် သေဆုံးကြောင်း လာရောက် သတင်းပို့ခဲ့ သဖြင့် အခင်းဖြစ်နေရာသို့ ဇာသပြင် ရဲစခန်းမှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ကျုံဖဲကျေးရွာ အရှေ့ဘက် တစ်ဖာလုံခန့်၊ ကျုံဖဲ-ကျားကလေးလမ်း တောင် ဘက် လယ်ကွင်းအနီး ကိုက် ၁ဝဝ ခန့်ပတ်လည် အတွင်း၌ ဘဲများ ပြန့်ကျဲ၍ သေဆုံးလျက် တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ဘဲကျောင်းသူ ဦးတင်မြင့် ၅၂ နှစ် (ဘ) ဦးအောင်သန်းက ဘဲအကောင် ၁၄ဝဝ ခန့်အား စားကျက် ချလာစဉ် နံနက် ၈ နာရီခန့်တွင် အခင်းဖြစ်ရာ နေရာအရောက်၌ ဘဲအချို့ ရုတ်တရက် သေဆုံးသဖြင့် ဘဲများအား မောင်းပြေး ခဲ့သော်လည်း ဘဲအကောင် ၄ဝဝ ကျော်ခန့်မှာ ထိုနေရာတွင် သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ဘားအံခရိုင် တိ/မွေးကုဌာနမှ ခရိုင်ဦးစီးမှူး နီနီမော်၊ မြို့နယ်တိ/မွေးကုဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာ ဟန်ထွန်းဇော်၊ မြို့နယ် ကျန်းမာရေးဌာနမှ လက်ထောက် ကျန်းမာရေးမှူး စောလယ်ဝါး၊ ဇာသပြင် တိုက်နယ် ဆရာဝန် ဒေါက်တာ ကျော်မင်းဦးနှင့် အဖွဲ့များသည် ဘဲများ သေဆုံး ရာနေရာသို့ ရောက်ရှိပြီး ခွဲစိတ်စမ်းသပ်ခဲ့ရာ ဘဲများမှာ အဆိပ်သင့်ကြောင်း၊ အဆိပ်သင့် ဘဲများအနက်မှ နှစ်ကောင်အား ၄င်းအဖွဲ့မှ ဓာတ်ခွဲ စစ်ဆေးရန် ယူဆောင်သွားကြောင်းနှင့် သေဆုံးသွားသည့် ဘဲများအား ကျေးရွာသူ၊ ကျေးရွာသားများ စားသုံးမှု မဖြစ်စေရန် မြေမြှုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ကရင်ပြည်နယ် ဘားအံမြို့ ကျုံဖဲကျေးရွာနေ ဦးရဲထွန်း ဘဲအကောင် ၄ဝဝ ခန့် ကျုံဖဲကျေးရွာ အရှေ့ လယ်ကွင်းတွင် မေ ၁ဝ ရက် နံနက် ၉ နာရီခွဲက စားကျက်ချစဉ် သေဆုံးကြောင်း လာရောက် သတင်းပို့ခဲ့ သဖြင့် အခင်းဖြစ်နေရာသို့ ဇာသပြင် ရဲစခန်းမှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ကျုံဖဲကျေးရွာ အရှေ့ဘက် တစ်ဖာလုံခန့်၊ ကျုံဖဲ-ကျားကလေးလမ်း တောင်ဘက် လယ်ကွင်းအနီး ကိုက် ၁ဝဝ ခန့် ပတ်လည် အတွင်း၌ ဘဲများ ပြန့်ကျဲ၍ သေဆုံးလျက် တွေ့ရှိရသည်။

မုန်တိုင်း အန္တရာယ် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းတစ်ခုလုံးနှင့် ဧရာဝတီတိုင်းအနောက်ခြမ်းကို နှိုးဆော်အဆင့်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း သတိပေးအဆင့်ထားရန် ဦးထွန်းလွင်ပြော၊မေ ၁၃ ရက်၊ ညနေ ၆း၅၄ ခန့်မှန်းချက်

အားလုံးဟာ အရင်ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ။ ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ ခန့်မှန်းချက် အပြောင်းအလဲ မရှိသေးပါ။

“မန်စီးတီးမန်နေဂျာ မန်စီနီ ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိ”

Photo: “မန်စီးတီးမန်နေဂျာ မန်စီနီ ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိ”

မန်ချက်စတာစီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီ အနေဖြင့် ၎င်း၏ရာထူးကို အချိန်မရွေး ဆုံးရှုံးရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြလျှက် ရှိသည်။ မန်စီးတီး အသင်းသည် FAဖလား ဗိုလ်လုပွဲတွင် ဝီဂန်ကို အရေးနိမ့်ခဲ့သည့်နောက် မန်စီနီကို ရာထူးမှ ထုတ်ပယ်ရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းလျှက် ရှိပြီး ယင်းကို မန်စီးတီးဘက်မှ တစ်စုံတစ်ရာ ငြင်းဆန်ခြင်း မရှိချေ။ 

Daily Mail က မန်စီးတီး အနေဖြင့် မန်စီနီကို ရာထူးမှ အချိန်မရွေး ထုတ်ပယ်ကာ လက်ထောက်မန်နေဂျာ ဘရိုင်ယန်ကစ်ဒ်ကို ရာသီကုန် လက်ကျန် (၂)ပွဲအတွက် တာဝန်ယူစေဖွယ် ရှိနေကြောင်း သုံးသပ်ရေးသားခဲ့သည်။ အကယ်၍ ရာသီကုန်ထိ မန်စီနီ အသင်းတွင် ဆက်ရှိနေသည့်တိုင် အနာဂတ်အတွက် ဆက်လက် ဦးဆောင်ရန်မှာမူ ဖြစ်နိုင်ခြေ မရှိတော့ဟု ဆိုသည်။

လတ်တလောတွင် မန်စီးတီး အနေဖြင့် စပိန်ကလပ် မာလာဂါ အသင်းမှ မန်နျူရယ်လ် ပက်ဂလီရီနီကို ချိတ်ဆက်နေပြီး မန်စီနီ နေရာတွင် တိုက်ရိုက် အစားထိုးနိုင်ရန် လုပ်ဆောင်နေသည်။

Read more http://www.planet.com.mm/news/read.cfm/id/21530
မန်ချက်စတာစီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီအနေဖြင့် ၎င်း၏ရာထူးကိုအချိန်မရွေး ဆုံးရှုံးရဖွယ် ရှိနေကြောင်းသတင်းများက ဖော်ပြလျှက်ရှိသည်။ မန်စီးတီး အသင်းသည် FAဖလား ဗိုလ်လုပွဲတွင် ဝီဂန်ကို အရေးနိမ့်ခဲ့သည့်နောက် မန်စီနီကိုရာထူးမှ ထုတ်ပယ်ရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းလျှက်ရှိပြီး ယင်းကို မန်စီးတီးဘက်မှ တစ်စုံတစ်ရာ ငြင်းဆန်ခြင်း မရှိချေ။

မုန်တိုင်းသတင်းမေလ၁၃ရက်၊ ၁၅း၃၀နာရီ

Photo: မုန်တိုင်းသတင်း

မေလ၁၃ရက်၊ ၁၅း၃၀နာရီ

မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ 

ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ)အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအကြွင်းအကျန်များသည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီအထိ ဆက်လက် တည်ရှိနိုင်ပြီး၊

 ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဖြတ်သန်းကာ ကချင်ပြည်နယ် မိုးညှင်းမြို့တောင်ဘက် သို့တိုင် ရောက်ရှိနိုင်ကြောင်း၊ JTWC မှ ကုန်းတွင်း မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီ 30 knots ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပေးထားပါသည်။

See More Here
http://blog.mmweather.com/2013/05/13/cyclone-mahasen-track-update/

Posted From MMweather Page
မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်း ချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်း မှာ မြောက်ဘက် သို့ ပြန်လည် ရောက်ရှိ သွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်း မြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော် ဝင်ရောက် မည်ဟု ခန့်မှန်းထားပါသည်။

တရား မ၀င် မြန်မာ အလုပ် သမား ၁၀၀ ကျော် ဖမ်းဆီး ရမိ

Photo: တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးရမိ
Monday, May 13, 2013

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

အမျိုးသမီးငယ် ၁၀ ဦး အပါအ၀င် အသက် ၂၀ ကနေ ၃၅ နှစ်ကြား လူငယ်လူရွယ် ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ့်ကစ်ကျေးရွာက မယ့်ကာဆာတောထဲမှာ ဖမ်းဆီးရမိခဲ့တာလို့ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းပရီချား ကျိုင်ဖစ်က ထိုင်းသတင်းဌာနကို ပြောပါတယ်။

သူတို့ကို ဦးဇော်ထွန်း (အသက် ၄၀) နှစ် က ဦးဆောင် ခေါ်လာခဲ့တာလို့ ကာယကံရှင်က ၀န်ခံပြောဆိုခဲ့ပြီး နောက်ထပ် ပါဝင်ပတ်သက်သူ ထိုင်းလူမျိုးတဦးကတော့ ထွက်ပြေးသွား တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

တရားမ၀င်သူများ ရှာဖွေဖမ်းဆီးရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ပြောကြားချက်အရ သူတို့တွေ ၀င်ရောက်ဖမ်းဆီးချိန်မှာ ခေါင်းဆောင်လို့ ယူဆရတဲ့ ထိုင်းလူမျိုးတဦး လက်နက်ကိုင်ဆောင်ပြီး တောထဲမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေကတော့ ဆာလောင်မွတ်သိပ်နေပုံရပြီး ၃၁ မိုင်ကျော် (၅၀ ကီလိုမီတာ) ဝေးတဲ့ ကမ်ဖိုင်ဖစ်ခရိုင်ထဲကို တောလမ်းခရီးကနေ ၂ ရက်ကြာ ခြေကျင်လျှောက် လာနေကြတာဖြစ်ကြောင်း၊ သူတို့ကို ပွဲစားက မယ့်လမောကျေးရွာအုပ်စု ဟွေ့ပလာလွတ်ရွာမှာ လာကြိုမှာဖြစ်ကြောင်း၊ ဒီလိုလာရဖို့အတွက် တဦးကို ဘတ်ငွေ ၄ ထောင်ကနေ ၉ ထောင်အထိ ပွဲစားကို ပေးရကြောင်း သတင်းဌာနကို ပြောသွားပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ် မယ်ပ ရပ်ကွက်ထဲမှာ တရားမ၀င် ၀င်ရောက်နေထိုင်သူပေါင်း ၁၂၀ ဦးကို ထိုင်းလ၀က ရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့တယ်လို့ ချယ်လ်နယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။

တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရုံး ညွှန်ကြားရေးမှူး ရဲမှူးကြီး ဖုန်းဆနခွန်း နခွန်းဆန်တိဖပ်က “ကျနော်တို့ဝင်ရောက်သွားချိန်မှာ လူတွေအားလုံး ထွက်ပြေးကြပြီး လိုက်လံဖမ်းဆီးရာမှာ စုစုပေါင်း လူ ၁၅၀ ဖမ်းမိခဲ့တယ်။ နေထိုင်ခွင့် အထောက်အထားတွေ စစ်ဆေးတာမှာ လူ အယောက် ၃၀ သာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိပြီး ကျန်တဲ့ ၁၂၀ က ဘာအထောက် အထားမှမရှိကြောင်း၊ ဒါကြောင့် သူတို့အားလုံးကို ဖမ်းထားပြီး တရားဥပဒေအရ အရေးယူပြီးရင် နေရင်းနိုင်ငံပြန်ပို့ဖို့စီစဉ်နေတယ်” လို့ ပြောပါတယ်။

DVB News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက် မြို့နယ်ထဲမှာ မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်း မှာ ဖော်ပြ သွား ပါတယ်။

အီဂျစ် နိုင်ငံရှိ သံရုံးနှင့် မြို့ကြီးများအား ဗုံးခွဲရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ များအား ဖမ်းဆီး

Photo: အီဂျစ် နိုင်ငံရှိ သံရုံးနှင့် မြို့ကြီးများအား ဗုံးခွဲရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ များအား ဖမ်းဆီး
Monday, May 13, 2013

အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ရှိ နိုင်ငံခြား သံရုံး တစ်ရုံးနှင့် မြို့ကြီးများအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွ သုံးဦးအား အီဂျစ် လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး မိုဟာမဒ်အိုင် ဘရာဟမ်က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ နိုင်ငံခြား သံရုံးသည် ကိုင်ရိုမြို့ရှိ အမေရိကန် သံရုံး ဖြစ်သည်ဟု အီဂျစ် အာဏာပိုင် များက လျှို့ဝှက်စွာ ဖော်ပြခဲ့ကြောင်း အနောက်နိုင်ငံ အစိုးရ အဖွဲ့ တစ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့သည် စစ်သွေးကြွ များအား ဖောက်ခွဲရေး ပစ္စည်း ၂၂ ပေါင် ခန့်နှင့်အတူ ဒုံးကျည်များနှင့် ဗုံးများ ပြုလုပ်သည့် နည်းလမ်းများ ကိုလည်း သိမ်းဆည်း ရမိကြောင်း သိရသည်။

မြ၀တီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ရှိ နိုင်ငံခြား သံရုံး တစ်ရုံးနှင့် မြို့ကြီးများအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွ သုံးဦးအား အီဂျစ် လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး မိုဟာမဒ်အိုင် ဘရာဟမ်က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အမေရိကန်နိုင်ငံ နယူးအော်လန်းမှ အမေများနေ့ အခမ်းအနားတွင် ပစ်ခတ်မှုဖြစ်ပွား”

Photo: “အမေရိကန်နိုင်ငံ နယူးအော်လန်းမှ အမေများနေ့ အခမ်းအနားတွင် ပစ်ခတ်မှုဖြစ်ပွား”

အမေရိကန်နိုင်ငံ၊ နယူးအော်လန်းတွင် ယမန်နေ့က ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း လူ(၁၉)ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ အမေများနေ့တွင် ဖြစ်ပေါ်လာသော ရုတ်ရုတ်သည်းသည်း အခြေအနေနှင့် ပတ်သက်ပြီး နယူးအော်လန်း ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ လမ်းပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှု တစ်ခုဟုသာ ယူဆထားကြောင်း ဆိုသည်။ 

တနင်္ဂနွေနေ့က အမေများနေ့ အခမ်းအနားအတွက် စုရုံးနေသူ တချို့ကို ဦးတည်ကာ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ FBIက ယခုကိစ္စသည် လမ်းပေါ်တွင် ဖြစ်ပွားသည့် အကြမ်းပတမ်း လုပ်ရပ်ဟု ပြောဆိုထားပြီး အခြေအနေကို ဆက်လက် စုံစမ်းနေကြောင်း ကြေညာထားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21526
အမေရိကန်နိုင်ငံ၊ နယူးအော်လန်းတွင် ယမန်နေ့က ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း လူ(၁၉)ဦး ဒဏ်ရာရ ခဲ့ကြောင်း သိရှိရသည်။ အမေများနေ့တွင် ဖြစ်ပေါ်လာသော ရုတ်ရုတ်သည်းသည်း အခြေအနေနှင့် ပတ် သက်ပြီး နယူးအော်လန်း ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ လမ်းပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှု တစ်ခုဟုသာ ယူဆထားကြောင်း ဆိုသည်။

ဘယ်သူပိုင်မှန်းမသိတဲ့မြေကို ရောင်းသူကရောင်း ၀ယ်သူက၀ယ်နေကြ

လှိုင်သာယာမြို့နယ်၊ အမှတ်   (၂၀) ရပ်ကွက်ဝေပုလ္လလမ်းဘေး မြသီရိလမ်းကျွန်းသာယာလမ်း၊ မင်းရာဇာ လမ်းနှင့် ရွှေလင်ပန်း ချောင်းအနီးရှိ ဧက (၄၀) ခန့်ရှိ သော မြေကွက်ပေါ်တွင် အိမ်ကွက်များ ဖော် ၍ရောင်းချမှုများရှိနေပြီး  ရောင်းချရာတွင်အချို့မှာ လိမ်လည်ရောင်းချနေရကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ၌ မိုး အနည်း ငယ် သာ ရွာသော် လည်း ရေ လျှံမှုဖြစ်

Photo: ရန်ကုန်မြို့၌ မိုးအနည်းငယ်သာရွာသော်လည်း ရေလျှံမှုဖြစ်
Monday, May 13, 2013

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ် (၂၀)ခန့် 
ရွာသွန်း ပြီး နောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်
မြို့နယ် ၅၅လမ်းထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

နံနက် ၈နာရီခန့်မှ စတင်ရွာသွန်းခဲ့သောမိုးသည် မိနစ်အနည်း
ငယ်သာ ရွာသွန်းခဲ့သော်လည်း နေလည် ၁၁ နာရီအချိန်အထိ
ရေများ ကျဆင်း သွားခြင်းမရှိဘဲ ရေလျှံမှုကြောင့်ကားလမ်း၌ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီလိုသာရေလျှံနေမယ်ဆိုရင်တော့ လာမယ့် မိုးတွင်းလည်း အရင်နှစ်တွေတုန်းကလိုပဲရေမြုပ်မြို့ကြီးဖြစ်အုံးမှာပဲ"ဟု သာကေတမြို့နယ်မှ မြို့ လည်သို့ အလုပ်ဆင်းလာသော ခရီးသွားတစ်ဦးမှ မြန်မာ့ခေတ်သို့ ပြောကြားသည်။

၎င်းမှ ဆက်လက်၍ "ရန်ကုန်မြို့လည်မှာ အရင်ကထက် 
လမ်းတွေ ပိုမိုကောင်းမွန်လာပေမယ့် ရေဆင်းမြောင်းတွေကို
ပြုပြင်တာတွေ မလုပ် တော့ ဘာထူးမှာလဲ အရင်အတိုင်းပဲပါ့"ဟု 
ဆိုသည်။

ရန်ကုန်မြို့သည် လွန်ခဲ့သော ဆယ်စုနှစ်မှစတင်ကာ မိုးသည်း ထန်ပါက ရေလျှံမှုအမြဲဖြစ်ပေါ်ခဲ့ပြီး ယင်း၏အကျိုးဆက်ကြောင့် မြို့နေလူထုမှာ ယာဉ်ကြောပိတ်ဆိုခြင်း၊ ညစ်ညမ်းသောမြောင်း
ရေများထဲ၌ သွားလာနေရခြင်းတို့ ဖြစ်ပွားလျက်ရှိကြောင်း 
သိရသည်။

မိုးဝင်း
မြန်မာ့ခေတ်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မဟာဆန်မုန်တိုင်း၏အရှိန်ကြောင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ မိနစ်(၂၀)ခန့် ရွာသွန်းပြီးနောက် မဟာဗန္ဓုလတံတားအဆင်း ဗိုလ်တထောင်မြို့နယ် ၅၅ လမ်း ထိပ်တွင် ရေလျှံမှုဖြစ်သွားခဲ့ကြောင်း သိရသည်။

ဗိုလ် ချုပ် အောင် ဆန်း ဈေးကြီး အ ကြီး စား ပြင် ဆင် မည်

Photo: ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး အကြီးစား ပြင်ဆင်မည်
Monday, May 13, 2013

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေး ဖြစ်သကဲ့သို့ ပန်းဘဲတန်း မြို့နယ်၏ ရှေး ဟောင်း အဆောက်အအုံ ၂၁ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ယခု ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ဗဟို ဈေးရုံကြီးကို အကြီးစား ပြင်ဆင် ဆောင်ရွက်နိုင်ရန် မေ ၇ ရက်က စစ်ဆေးရေး အဖွဲ့မှ သွားရောက် စစ်ဆေး ကြကြောင်း သိရသည်။

ရှေးဟောင်း သမိုင်းဝင် ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ၁၉၂၆ ခုနှစ် က တည်ဆောက်ခဲ့ပြီး မြန်မာ့ အနုပညာ လက်ရာမြောက် ပန်းချီ ပန်းပုနှင့်မြန်မာ့ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့တွင်း ထွက် ကျောက်မျက် ရတနာများ၊ ရွှေ၊ ငွေ၊ ကြေးစသည့် လက်ဝတ် ရတနာ ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဝတ်အထည်များ၊ ရှေးဟောင်း အနုပညာ လက်ရာနှင့် ရုပ်သေးရုပ်များ အပါအဝင် မြန်မာ့ လက်မှု အနုပညာ ပစ္စည်းများ စုစည်း ရောင်းချလျက် ရှိသည်။ 

ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် နှစ်ပေါင်း(၈၄)နှစ်တိုင် တည်ရှိ နေသည်မှ နောင်နှစ်ပေါင်း များစွာ ရေရှည် တည်တံ့စွာ ထိန်းသိမ်းနိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနက ရှေးမူမပျက် အကြီးစား ပြင်ဆင်တော့ မည် ဖြစ်ကြောင်း ဈေးများဌာန ဈေးအင်ဂျင်နီယာ ဦးသန်းထွန်းထံမှ သိရသည်။

မြ၀တီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက် (က)အုပ်စုဝင် ဈေးတစ်ဈေးဖြစ်သကဲ့သို့ ပန်းဘဲတန်းမြို့နယ်၏ ရှေးဟောင်း အဆောက်အအုံ ၂၁ ခု အနက် တစ်ခု အပါအဝင် ဖြစ်သည်။ 

လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာ ကုသ ကြည့်ရအောင်

Photo: လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာ ကုသ ကြည့်ရအောင် 
Monday, May 13, 2013

(၁)တော်ရုံနဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?

အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော် တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ

သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံ(Finger 1)မှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။

(၂)စိတ်ဖိစီးမှု များလို့ ခေါင်းကိုက် နေပါ သလား?

လက်မနဲ့ လက်ညှိုးကြားက အသားဆိုင် နေရာကို ဖိအားပေးပါ။ ဒီလို ဖိအား ပေးတာကြောင့် စိတ်ပျော်ရွှင်ပြီး ခံစားမှု ကောင်းစေကာ တက်ကြွမှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ဖိနှိပ်တာကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ၁ဝ အောင်စစာ ကော်ဖီ တစ်ခွက် သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင် အမြန် ရရှိစေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ

ပုံ(Finger 2)မှာ ပြထားတဲ့ အတိုင်း လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို ယူပြီး တခြား လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကြား V ပုံသဏ္ဌာန် နေရာကို ဖိနှိပ် ပေးပါ။ ငါးမိနစ်ခန့် ဖိညှစ် ထားတာကြောင့် ခေါင်းကိုက်တာနဲ့ ပင်ပန်းတာတွေ သက်သာ သွားနိုင် ပါတယ်။ သင် ကိုယ်ဝန် ဆောင်ထား ရရင်တော့ ဒီလို ဖိနှိပ်မှုမျိုး မလုပ်မိ ပါစေနဲ့။ ဗိုက်နာ(contraction) လာနိုင်လို့ပါ။

(၃)ဓမ္မတာ လာလို့ ကိုက်ခဲ နေပါ သလား?

အပ်စိုက် ကုထုံးကြောင့် စိတ်တိုတာ၊ စိတ်ခံစားမှု မကောင်းတာနဲ့ ဗိုက်အောင့်တာ လိုမျိုး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ အကြို ဝေဒနာတွေကို ၄၇ ရာခိုင်နှုန်းခန့် သက်သာ သွားနိုင်တယ် လို့ လေ့လာမှု အရ သိရပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ

လက်ဖမိုးကို သင့် မျက်နှာဘက် ထားပြီး လက်ကောက်ဝတ် အဆစ်ရဲ့ အပေါ် နေရာကို ပုံ(Finger 3 )မှာ ပြထားတဲ့ အတိုင်း စက္ကန့် ၃ဝ ခန့် ဖိနှိပ်ပါ။ တခြား လက်ကောက်ဝတ် နေရာ ကိုလည်း အဲဒီအတိုင်း ဖိနှိပ်ပါ။ သားအိမ်နဲ့ သက်ဆိုင်တဲ့ နေရာ ဖြစ်ပြီး ဗိုက်အောင့်တာ၊ လေပွတာနဲ့ ဓမ္မတာ အကြို ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

(၄)အစာမကြေလို့ ဗိုက်အောင့် နေပါ သလား?

New Jersey Memorial ဆေးရုံမှ လေ့လာမှု အရ ဝမ်းဗိုက် နာကျင်သူ ၁ဝ ယောက် အနက် ၉ ယောက်ဟာ အပ်စိုက် ကုထုံးကြောင့် ဝေဒနာသက်သာသွား တယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ခုအရလည်း ဝမ်းပျက်ဝမ်းလျှောသူ တွေ ၁ဝဝ ရာခိုင်နှုန်း ဟာလည်း ဒီကုထုံးကြောင့် ခြောက်နာရီ အတွင်း ဝေဒနာ သက်သာ သွားတယ်လို့ ဆိုပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ

သင်ရဲ့ ဘယ်ဘက်လက်ကို သင့်မျက်နှာဘက်မှာ ထားပြီး သင့်လက်မနဲ့ လက်အရင်း အောက်က အသားစိုင် နေရာကို ပုံ(Finger 4)မှာ ပြထားတဲ့ အတိုင်း ဖိနှိပ် ပေးပါ။ ပြီးရင် သင့် လက်မကို လက်သန်းဆစ် အောက် ရောက်တဲ့ အထိ ဖိအားပေးပြီး ဆက်ဆွဲ သွားပါ။ ငါးမိနစ်ခန့် ပြုလုပ် တာကြောင့် အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

(၅)နှာပိတ် နေပါ သလား?

လက်ချောင်း ၁ဝ ချောင်း စလုံးရဲ့ ထိပ်ပိုင်းဟာ ဦးနှောက် နဲ့ နှာခေါင်း လိုဏ်ခေါင်း (Sinus) တွေနဲ့ ဆက်စပ်မှု ရှိပြီး လက်ချောင်းထိပ် တွေကို ဖိနှိပ် ထားတာကြောင့် နှာစေး၊ နှာပိတ်တာ သက်သာ နိုင်တယ် လို့ ဆိုပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ

ပုံ(Finger 5)မှာ ပြထားတဲ့ အတိုင်း သင့်လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်ချောင်း တိုင်းရဲ့ ထိပ်ပိုင်းကို တစ်စက္ကန့်စီ ခန့် ဖိကိုင်ထားပါ။ နာကျင်မှု ဝေဒနာ ခံစားရရင် အဲဒီ နေရာကို အထူး အလေး ထားပြီး နည်းနည်း ကြာကြာလေး ဖိထားပေးပါ။

SweSone Media Group

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

(၁)တော်ရုံနဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းအပေါ် ရခိုင်ပြည်သူလူထု စိုးရိမ်မှု ပိုကဲလာ

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းအပေါ် ရခိုင်ပြည်သူလူထု စိုးရိမ်မှု ပိုကဲလာ
( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာသည်နှင့်အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

မုန်တိုင်း ဝင်ရောက်မည့် နေ့ကို မိုးလေဝသ ပညာရှင်များက မေလ ၁၅၊ ၁၆ ရက်များဟု ခန့်မှန်းထားကြသည်။

အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း ပင်လယ်ကမ်းစပ် မြို့နယ်များမှ ပြည်သူများမှာ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်း လျက်ရှိပြီး ရေလုပ်ငန်း အဓိက လုပ်ကိုင်နေသူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်နားထားရ၍ စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း ကျောက်ဖြူဒေသခံတဦးက ဆိုသည်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် မိုးသားတိမ်တိုက်အချို့ တက်လာပြီးနောက် နေ့လည် ၁၁ နာရီခန့်တွင် နေပူရှိန် ပိုမြင့်လာခဲ့သည်ကို တွေ့ရသည်။

စစ်တွေအပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အတော်များများတွင် လေငြိမ်၍ အပူရှိန် မြင့်မားလာသဖြင့် သောက်သုံးရေများ
ပြတ်လပ်လျက်ရှိသည်။

“အစိုးရအနေနဲ့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန် ကြေညာနေပါတယ်။ ဒေသခံတွေကလည်း သတိအနေ အထားမှာ ရှိတယ်။ မုန်တိုင်း လာမယ့်အနေအထား မတွေ့ရသေးပေမယ့် အပူရှိန် ပြင်းလာတာမို့ သောက်ရေ ရှားပါးမှု ပိုဆိုးလာတယ်။ အရင်ကထက်စာရင် အစိုးရက ပိုပြီးဂရုစိုက်တဲ့သဘော တွေ့ရတယ်” ဟု စစ်တွေဒေသခံတဦး က ပြောသည်။

မေလ ၁၁ ရက်နေ့မှစ၍ ပြည်နယ်အစိုးရ အဖွဲ့မှ မုန်တိုင်း ကြိုတင်သတိပေးချက်များ ထုတ်ပြန်ကြေညာထားပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဆိုသည်။

ကျောက်ဖြူဒေသခံတဦးက “ကျနော်တို့မြို့နယ်မှာ မနေ့ကစပြီး မုန်တိုင်းသတိပေးချက်တွေ ကျေးလက်ဒေသ အထိ
ကြေညာခဲ့တယ်။ ဒီကနေ့မှာတော့ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေ၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေ၊ စက်လှေတွေအားလုံး ဆိပ်ကမ်းတွေမှာဝင်ရောက် နားခိုနေကြတယ်။ အပူရှိန်မြင့်လာပြီးတော့ လေတိုက်နှုန်း ကျဆင်းလာတယ်။ လူတွေက သတိနဲ့ နေကြတယ်။ မုန်တိုင်း မကျရေး ယတြာလုပ်တာတွေလည်း တွေ့ရတယ်” ဟု ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ မုန်တိုင်းလမ်းကြောင်းကျရာ မောင်တောမြို့နယ်ရှိ ပင်လယ်ကမ်းနား
ကျေးရွာများမှ ဒေသခံများမှာ ကုန်းတွင်းပိုင်း ဒေသသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း မောင်တောမြို့မှ ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာ သည်နှင့် အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၅၇၀ ခန့်အကွာ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

မေလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အ နောက်တောင်ဘက် မိုင်၄၃၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၇၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု

Photo: မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု။
Monday, May 13, 2013

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

အဲဒါကတော့ မောင်တောမြို့ဘေးက စီးဆင်းနေတဲ့ နတ်မြစ်အတွင်းဖက်ပိုင်း မြစ်ဝက (၂၂)မိုင်ဝေးတဲ့ ကုန်တွင်းပိုင်းရွာတစ်ရွာဖြစ်တဲ့ ငါးခူရကျေးရွာမှာ မုန်တိုင်းဒီရေတွေ ၀င်လာ တာ့ ရေ(၁၂)ပေလောက် ရုတ်တရက် လျပ်တပြက်ရေကြီးသလို မြင့်တက်လာခဲ့မှုကြောင့် အဲဒီတုံးက ဘင်္ဂါလီတွေကိုစောင့်ဖို့ နတ်မြစ်ဘေးမှာ တာဝန်ချထားတဲ့ နစကအဖွဲ့ဝင် (၂၀)ခန့်ဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖြစ်ပုံကတော့ မုန်တိုင်းဝင်တော့ မုန်တိုင်းလမ်းကြောင်းရဲ့ ညာဖက်ခြမ်းမှာကျနေတဲ့ မောင်တောမြို့ ကမ်းခြေတွေကို မုန်တိုင်းဒီရေတွေ ၀င်လာပါတယ်။ နတ်မြစ်ဝရောက်တော့ မြစ်အတွင်းကို အရှိန်အဟုန်နဲ့ ဆန်တက်သွားကြပါတယ်။ မြစ်အတွင်းပိုင်းကို မြစ်ဝက (၂၂)မိုင် လောက် ဆန်တက်လာအပြီးမှာ အထက်ကဆင်းလာတဲ့ရေတွေနဲ့ မျက်နှာချင်းဆိုင် ဆုံမိပြီးတော့ (၁၂)ပေ လောက်မြင့်တဲ့ ရေတွေရုတ်တရက် မြင့်တက်လာခဲ့တာဘဲ ဖြစ်ပါတယ်။ Inland Flooding ဆိုပါတော့။ နောက်ပိုင်း မုန်တိုင်းဒီရေခန့်မှန်းတဲ့ Model တွေလုပ်တော့ ဒါကို Estuary Effect လို့ခေါ်ပါတယ်။

အလားတူ အဖြစ်အပျက်မျိုး မကြုံရလေအောင် အခုလည်း နတ်မြစ်ဘေး မှာ နေထိုင်ကြ တဲ့ ပြည်သူတွေကို သက်ဆိုင်ရာများက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ပေးထားဖို့လိုပါ လိမ့်မယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း

Photo: ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း
Monday, May 13, 2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ  ဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း မုန်တိုင်း မဟာဆန် မည်သည့် အချိန်တွင် မည်သည့် အရပ်ဒေသသို့ ၀င်ရောက် တိုက်ခတ်မည် ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။

မဟာဆန် မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်းပိုင်း ဒေသ တစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။

မဟာဆန် မုန်တိုင်းသည်  လေဖိအား အနည်းအများ အပေါ် မူတည်ပြီး အနောက်သို့ယခု  ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိ တစ်ဦးက ပြောသည်။

မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက်ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံး အဆင့် သတိပေးမူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထားလိုက်ပြီ ဖြစ်သည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းအကြားဝင်ရောက် တိုက် ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန်မဟာဆန်မှာလမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

"ရခိုင်ပြည်နယ်မှာ လေဘေးကာကွယ်ရေး အစီအစဉ်တွေ စတင်"

Photo: "ရခိုင်ပြည်နယ်မှာ လေဘေးကာကွယ်ရေး အစီအစဉ်တွေ စတင်"

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထား တဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တော မြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။ 

အလားတူ စစ်တွေမြို့အပါအ၀င် ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ ရှိတဲ့ မြို့တွေက ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက ကုန်းတွင်းပိုင်းနေရာတွေကို စတင်ရွှေ့ပြောင်းပေးနေပြီလို့ ဒေသဆိုင်ရာအရာရှိတွေက အာအက်ဖ်အေကို ပြောပါတယ်။ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်းထုတ် ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို အခုလို ပြောပါတယ်။

"တကယ်လို့ မုန်တိုင်းဝင်လာရင် ဘယ်နားကိုရွေ့မယ်။ဘယ်လို လမ်းကြောင်းက သွားမယ်။အဓိကကတော့ စစ်တွေပေါ့လေ။စစ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခုရှိတာပေါ့လေ။၁၁ ခုထဲက ပင်လယ်နဲ့နီးတဲ့ ဒုက္ခသည်စခန်းတွေကို ကုန်းတွင်းပိုင်းကို ဒီကနေ့ စရွှေ့မှာပေါ့လေ"

ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တွေအားလုံးမှာ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့ တပြေး ညီ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးနေပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကိုလည်း မုန်တိုင်း သတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ သတိပေးနှိုးဆော်ထားကြောင်းသိရပါတယ်။ 

ဒီကနေ့မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးက ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ပြုစုကုသရေး၊ ဆက်သွယ်ရေးစတဲ့ ကော်မတီငယ် (၁၁)ခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မောင်တောမြို့အတွင်းက  လေးမိုင် ဘုန်းကြီးကျောင်း၊ နှစ်မိုင် ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းတွေကို မုန်တိုင်းဒဏ် ခိုလှုံမယ့်နေရာတွေအဖြစ် ရွေးချယ်ထား ကြောင်း သိရပါတယ်။ 

ကျောက်ဖြူခရိုင်မှာလည်း  မုန်တိုင်းရန်ကာကွယ်ဖို့အတွက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ကျင်းပခဲ့ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်း ထားတဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တောမြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။

အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ

Photo: အရွယ်တင်နုပျိုစေသည့ှ်Super Fruit သလဲသီး (Pomegrante)၏ အစွမ်းသတ္တိများ
Monday, May 13, 2013

၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။

ပါဝင်သော Polyphenol (Antioxidant) မှ ကင်ဆာကို ကာကွယ်ပေးသည်။ အ၀လွန်ခြင်းနှင့် အိုမင်းခြင်းကိုလဲ ကာကွယ်ပေးသည်။
Potassium, Folic Acid နှင့် vit C တို့လည်း ကြွယ်ဝ စွာပါဝင်သည်။
သွေးတိုးကို ကျစေသည်။

LDL မကောင်းသော Cholesterol ကို ကျစေသဖြင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးသည်။

ကံ့ကော်
Ref: epatrecipe

Health Updates Journal
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
၎င်းသည် ၀ိုင်နီ၊ လက်ဖက်ရည်ကြမ်းတို့ထက် Antioxidant ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၃ဆ ပါဝင်သောကြောင့် Super Fruit ဟု ခေါ်ကြသည်။

၅ ထောင်တန် ငွေစက္ကူ သိန်း(၂၇၀) ဖမ်းမိခြင်း၏ အဓိက တရားခံအား လိုင်ဇာဌာနချုပ်မှ ကာကွယ်ထား

၅ ထောင်တန် ငွေစက္ကူ သိန်း(၂၇၀) ဖမ်းမိခြင်း၏ အဓိက တရားခံအား လိုင်ဇာဌာနချုပ်မှ ကာကွယ်ထား
================================================
ပြီးခဲ့သည့် လအတွင်း ဖမ်းဆီးမိခဲ့သည့် ကုဋေ (၂၀)ကျော် တန်ဖိုးပါဝင်သော ၅ ထောင်တန် အတုများ၏ အဓိက တရားခံ ဖြစ်သူမှာ KIA အဖွဲ့မှ ဖြစ်ကြောင်း၊ ၄င်းအား ဖမ်းဆီးရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ အစိုးရ တို့ မှ အလိုရှိနေသော်လည်း ကေအိုင်အေ အဖွဲ့မှ လိုင်ဇာဌာနချုပ်တွင် ထ...ား၍ ကာကွယ်ပေးထားသဖြင့် အခက်ကြုံ နေရကြောင်း သိရသည်။

အဆိုပါ ၅ ထောင်တန် အတုများအား သယ်ဆောင်လာသူ (၃) ဦးအား ဖမ်းဆီးရမိပြီးနောက် ငွေတု စက်များ နှင့် ဆက်စပ်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့သည်။ သတင်းကွင်းဆက်များအရ ယခုဖမ်းမိသည့် ငွေထက်(၂)ဆ ခန့် များပြားသည့် ကုဋေ (၄၀) ကျော် ၅၀၀၀ တန် ငွေစက္ကူအတုများ အဆိုပါ KIA အဖွဲ့မှ အရာရှိ တစ်ဦးနှင့် အတူ ပါသွားကြောင်း၊ မိမိတို့အနေဖြင့် သတင်းအတိအကျ ရသော်လည်း တရားဥပဒေသည် KIA လက်ထဲတွင် ရှိ နေသည့် လိုင်ဇာသို့ ၀င်၍ ရှာမရသောကြောင့် တားဆီးထိန်းသိမ်းရန် အခက်အခဲဖြစ်နေကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

KIA ဌာနချုပ်တွင် ၅ ထောင်တန် ငွေစက္ကူအတုများ အလုံးအရင်း ရှိနေမှုကြောင့် ကချင်ပြည်နယ် အတွင်း စီးပွားရေး သမားများ အနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်နေပြီး မြစ်ကြီးနားမြို့တွင်လည်း ၅ ထောင်တန်များ မသုံးရဲ သလောက် ဖြစ်နေကြောင်း သိရသည်။

၅ ထောင်တန် အတုတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစား ဗဟိုတဏ်ဟု ဘ နှင့် တ မှားရိုက် ထားကြောင်း သိရသည်။
ဓာတ်ပုံ- KIA အရာရှိမှ ငွေစက္ကူအတုများ သယ်ဆောင်ပေးရန် ခိုင်းစေသောကြောင့် လုပ်ခဲ့ရပါသည် ဟု ဆိုသော ကုဋေ ၂၀ ကျော် တန်ဖိုးရှိ ၅ ထောင်တန်များနှင့် ဖမ်းမိသည့် အမျိုးသမီး

Opposite Eye
ဓာတ်ပုံ- KIA အရာရှိမှ ငွေစက္ကူအတုများ သယ်ဆောင်ပေးရန် ခိုင်းစေသောကြောင့် လုပ်ခဲ့ရပါသည် ဟု ဆိုသော ကုဋေ ၂၀ ကျော် တန်ဖိုးရှိ ၅ ထောင်တန်များနှင့် ဖမ်းမိသည့် အမျိုးသမီး

ဒေါက်တာထွန်းလွင်၏ MAHASEN မုန်တိုင်းခန့်မှန်းချက် (၁၃-၅-၂၀၁၃)ရက်နေ နံနက် (၁၁း၅၅) နာရီအချိန်ထုတ်ပြန်ချက်

ဒေါက်တာထွန်းလွင်၏ MAHASEN မုန်တိုင်းခန့်မှန်းချက်
(၁၃-၅-၂၀၁၃)ရက်နေ နံနက် (၁၁း၅၅) နာရီအချိန်ထုတ်ပြန်ချက်

01B MAHASEN ဆိုင်ကလုန်းမုန်တိုင်း(မဟာဆန်သူ)ရဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ် 
(၁၃-၅-၂၀၁၃)ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။
အချိန် ည(၁၁း၁၅)နာရီ။ 
ရက် (၁၂-၅-၂၀၁၃)။

မဟာဆန်သူရဲ့ (၁၂-၅-၂၀၁၃)တစ်နေ့လုံး ရွေ့လျှားခဲ့တဲ့ခရီးစဉ်ဟာ ပညာရှင်များ ကြိုတင်တွက်ဆ ခန့်မှန်းထားခဲ့တဲ့ လမ်းကြောင်းအတိုင်းပါဘဲ။ မေလ(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်မှာ lat 10°N, Longitude 87.3 E မှာတည်ရှိနေပါတယ်။ 

ဒါဟာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့ တောင်ဖက် ၇၆၀ ကီလိုမီတာ (၉၁၀ မိုင်) အကွာ ပင်လယ်ရေပြင်အပေါ်မှာ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။

 နေ့လည်ပိုင်းတုံးကတော့ ကာလကတ္တားဘက်က လေပူတွေ တိုးဝင်လာလို့ အားတစ်ချက်လျော့သွား ခဲ့ရပါသေးတယ်။ အခုညပိုင်းမှာတော့ အားတွေပြန်ပျိုးပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း ပြန်လည် ချီတက်နေပြီဖြစ်ပါတယ်။ 

ညနေပိုင်း(၃)နာရီခွဲ အချိန်တိုင်းတာချက်အရ တစ်နာရီ လေတိုက်နှုန်း တစ်နာရီ (၆၅)မိုင် ရှိနေပါတယ်။

အဆုံးအဖြတ်ကတော့ မနက်ဖန် (၁၃-၅-၂၀၁၃)ရက် ပါ။ နေ့လယ်(၁၂)နာရီခွဲမှာ အနောက်မြောက် ဖက် သွားနေရာကနေ မြောက်ဖက်ကို စလှည့်ပါလိမ့်မယ်။

 နောက်တော့ အရှေ့မြောက်ဖက်ကို တဖြည်းဖြည်း ပြောင်းသွားပါလိမ့်မယ်။ အဲဒီနောက်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဆီကို စတင် ဦးတည် ရွေ့လျှားတော့မှာဖြစ်ပါတယ်။

ကမ်းကိုဝင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနားက ၀င်မယ်လို့ခန့်မှန်းထား ပါတယ်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၈၅-၁၀၅ မိုင် နှုန်းရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

 လေပြင်းကြောင့် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် (၁၈)ပေ နဲ့ မုန်တိုင်းဒီရေအမြင့်ကတော့ (၃-၅)ပေခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်းပါဗျာ။

မေလ (၁၅)(၁၆)ရက်များကိုတော့h ရခိုငပြည်နယ် ကမ်းရိုးတန်းဒေသ နဲ့ ကမ်းလွန် ပင်လယ်ပြင် ဒေသတွေကိုတော့ ရေလှိုင်း နဲ့ လေပြင်းအန္တရာယ်ရှိနိုင်တဲ့ဒေသလို့ သတ်မှတ်ထားစေချင်ပါတယ်။ 

ဒေါက်တာထွန်းလွင် (MCCW)
01B MAHASEN ဆိုင်ကလုန်းမုန်တိုင်း(မဟာဆန်သူ)ရဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ်(၁၃-၅-၂၀၁၃) ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။

ခရမ်း ချဉ် သီးက ဘာတွေ ကောင်း ကျိုးပေး သလဲ

Photo: ခရမ်းချဉ်သီးက ဘာတွေ ကောင်းကျိုးပေးသလဲ

မေလ ၁၃ ရက် ၂၀၁၃ 

ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရပါတယ်။ ဗီတာ မင်စီတွေကြွယ်ဝနေတာကြောင့် သင့်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ အခြားဗီတာမင်တွေ၊ မက်ဂနီ ဆီယမ်၊ ဖော့စဖရပ်နဲ့ ကော့ပါဓာတ် တွေလဲ ပါဝင်ပါတယ်။ ဒါကြောင့် အသုပ်တွေ၊ ဆင်းဒ၀စ်တွေနဲ့ ဟင်းလျာတွေမှာ အသုံးများကြတာ ဖြစ်ပါ တယ်။

ခရမ်းချဉ်သီးမှာ ကျန်းမာရေးအကျိုးပြုအာနိသင်တွေ ဘယ်လိုပါဝင် သလဲဆိုတာ ပြောပြလိုပါတယ်။
- ခရမ်းချဉ်သီးဟာ ကိုလက်စတီရော များနေခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံး ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

- ဓာတ်တိုးဆန့်ကျင်ပစ္စည်း လူကိုပင်း ပါဝင်နေတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေး နိုင်ပါတယ်။ ကိုယ်ခန္ဓာကလွယ်လွယ် ကူကူစုပ်ယူနိုင်ပြီး အရေပြားနဲ့ ဆံပင် အလှကို ပေးစွမ်းနိုင်ပါတယ်။
- ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ကြွယ်ဝစွာပါဝင်နေတဲ့အတွက် ကိုယ်ခန္ဓာအနှံ့အပြားက ဆဲလ်တွေရဲ့ ဒီအင်အေကို ကာကွယ်ပေးနိုင်ပါ တယ်။
- ဗီတာမင်ကေနဲ့ ကယ်လစီယမ်ဓာတ် တွေ ပါဝင်တဲ့အတွက် အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေပါတယ်။

- လူကိုပင်းပါဝင်နေခြင်းဟာ ကင်ဆာရောဂါများဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အစာ အိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ် ပေးနိုင်ပါတယ်။
- ခရမ်းချဉ်သီးဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
- အမြင်အာရုံကို တိုးတက်စေနိုင်ပါတယ်။

သက်ကို 
Ref: medIndia

Health Updates Journal
ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ် ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရ ပါတယ်။

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင်သကဲ့သို့ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံတို့သို့ သက်ရောက်မည် ဖြစ်ကြောင်း accu-weather.com က ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက် ဆိုင်ရာများအား ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကို အဓိကသက်ရောက်မည့် ဒေသဟု သတ်မှတ်ထားသည်။ အပူပိုင်းမုန်တိုင်း 01B မဟာစင်ဟု အမည်ပေး မုန်တိုင်း ဖြစ်လာသည့် မေ ၁၁ ရက်မှ လာမည့်ရက် အနည်းငယ်အတွင်း ကုန်းမြေသို့ သက်ရောက်မှု ဖြစ်ပေါ်မည်ဖြစ်ပြီး ၎င်း၏ဦးတည်ရာ လမ်းကြောင်းအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူဦးရေသန်းချီကာ လူမှုဘ၀ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု accu-weather.com ၌ သတင်းထုတ်ပြန် ထားသည်။

မုန်တိုင်းသည် လာမည့် ဗုဒ္ဓဟူးနေ့ (မေ၁၅ ရက်) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ချဉ်းကပ်မည်ဖြစ်ပြီး မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းထားသည်။

Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင်မူ ထိခိုက်သက်ရောက်မည့် လူဦးရေ ခန့်မှန်းမှုကို မေလ ၁၁ ရက်နေ့ ညပိုင်းအထိ ၈ ဒသမ ၆ သန်းဟု ဖော်ပြပြီး မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်မူ category 1 အဆင့် သို့မဟုတ် ယင်းထက်မြင့်သော ပြင်းအားဖြင့် ၀င်ရောက်ပါက ထိခိုက်နိုင်ခြေရှိသော လူဦးရေမှာ ၁၃ ဒသမ ၄ သန်းဟု ဖော်ပြထားသည်။

ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၃ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၄ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၅ ရက်နေ့တွင်လည်း category 1 အဆင့် ရှိနိုင်ကာ မေလ ၁၆ ရက်နေ့တွင်မူ category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟု Tropical Storm Risk(TSR) က ခန့်မှန်းထားပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပြဆိုထားသည်။

မဟာစင်၏ အမြင့်ဆုံး လေတိုက်နှုန်းများသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၇၈ မိုင်ခန့်၊ မေလ ၁၃ ရက် နေ့ မွန်းလွဲပိုင်းတွင် ၈၄ မိုင်ခန့်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မိုင် ၉၀ ခန့်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ၉၆ မိုင်ခန့်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ၁၀၂ မိုင်ခန့်၊ မေလ ၁၇ ရက်နေ့တွင် ၆၆ မိုင်ခန့် ရှိနိုင်သည်ဟု Myanmar Climate Change Watch တွင် ထုတ်ပြန် ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင် ဘက်မိုင် ၄၃၀ ခန့်အကွာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅၀ မှ ၆၀ အထိ ရှိနိုင်ကြောင်း မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက သိရှိရသည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မေ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်သို့ ကွေ့လျက် မေ ၁၆ ရက် နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်းငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင်နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက် ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင် သကဲ့သို့ မြန်မာနိုင်ငံ ပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်း အချို့မှအပ အများစု L/C ဖွင့်ခွင့် မရရှိသေး

Photo: အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်း အချို့မှအပ အများစု L/C ဖွင့်ခွင့် မရရှိသေး

အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ပင်မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သောကြောင့် ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအားလုံး L/C ဖွင့်ခွင့်မရဘဲ အချို့သာ လုပ်ငန်းရှင်များနှင့် ဘဏ်များကိုသာ နားလည်မှုနှင့် case by case ခွင့်ပြုပေးနေသည့် အဆင့်လောက်သာ ရှိသေးကြောင်း သတင်းရရှိပါသည်။

''LC ကတော့ အမှန်အတိုင်း ပြောရရင် ပို့ကုန်လုပ်ငန်းရှင်တွေ အတွက် အကျိုးရှိတယ် ဆိုပေမဲ့ sanction လွတ်မှပဲ သူ့ကိုအပြည့်အ၀ အသုံးချခွင့်ရမှာပါ။ ဒါကြောင့် export မှာတော့ လောလောဆယ် TT နဲ့ပဲသွားနေတာ များပါတယ်။ TT နဲ့ ပို့ရတာကျတော့ လုပ်ငန်းရှင်ကို နှစ်ရင်းရင်းခိုင်းသလို ဖြစ်တယ်။ အခု L/C စနစ်ကို ပြောင်းနိုင်ရင် ဒါတွေမလိုတော့ဘူး။ ဒါကြောင့် အမေရိကန်အပေါ်မှာပဲ မူတည်နေပါတယ်။ အားလုံး ဒီအကျိုးကျေးဇူးကို ရဖို့ကျတော့ totally relax ဖြစ်မှပဲရမှာပါ။ တစ်ခါတုန်းကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ခွင့်ပြုပေးတယ်လို့ သူတို့ဘက်က ကြေညာထားပေမဲ့ အခုထိတော့ အရင်တုန်းက ပုံစံအတိုင်း သွားနေရတုန်းပါပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က ပြောပြခဲ့သည်။

ယင်းကဲ့သို့ စီးပွားရေးပိတ်ဆို့မှုကို သက်တမ်းတိုးလိုက်သော်လည်း အမေရိကန် အစိုးရအနေဖြင့် ပြည်တွင်းရှိ ဘဏ်လေးဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် (MEB)၊ Myanmar Investment and commercial Bank၊ Asia Green Development Bank (AGD) နှင့် ဧရာဝတီဘဏ်တို့အား ကန့်သတ်မှုများကို ဖယ်ရှားပေးထားကြောင်းလည်း သိရသည်။

''အမေရိကန်က မြန်မာနိုင်ငံအပေါ် sanction နဲ့ ပတ်သက်ပြီး သိပ်ပြီး မတင်းကြပ်တော့ပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင် အများစုကတော့ L/C နဲ့ မသွားနိုင်ကြသေးပါဘူး။ ဒါကြောင့် export မှာ TT ကို သုံးနေကြတုန်းပါပဲ။ ဒီလို TT သုံးတာကလည်း ကိုယ့်နိုင်ငံက ကုန်သည်တွေ မနစ်နာဖို့ပါ။ အလိမ်မခံရအောင် ပို့ခိုင်းတဲ့သဘောပါ။ ဒါပေမဲ့ တကယ်တမ်းကြတော့လည်း သူတို့ကိုယ်တိုင် မထည့်ကြပါဘူး။ ဥပမာ အမေရိကန်က sanction လုပ်ထားတဲ့တောက်လျောက် မြန်မာနိုင်ငံက MFTB နဲ့ စင်ကာပူက UOB ( United Oversee Bank) နဲ့ OCBC(Oversea China Bank) ကနေတဆင့် ဆောင်ရွက်ကြတာ များတယ်။ ဥပမာ မြန်မာကပဲ ရောင်းတယ်ဆိုပါတော့ TT နဲ့ အိန္ဒိယကို ပို့တဲ့အခါ မြန်မာလုပ်ငန်းရှင်ကိုယ်တိုင် မထည့်ပါဘူး။ စင်ကာပူက ပွဲစားကုမ္ပဏီတွေပဲ ၀င်ထည့်ပေးသွားတာ။ ဒီအတွက် ပွဲစားခကုန်တာတွေတော့ ရှိပါတယ်။ ဖြစ်နိုင်ရင် LC ကို ကုန်သည်တိုင်းဖွင့်လို့ ရရင်တော့ ပိုကောင်းတာပေါ့'' ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံအနေနှင့်မူ လတ်တလော အခြေအနေတွင် အခြားနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အခက်အခဲများများ မရှိတော့ကြောင်း၊ အီးယူငွေကြေးသုံး ကုန်သွယ်မှုများနှင့် အခြားငွေကြေးသုံး ကုန်သွယ်မှုများ အဆင်ပြေကြောင်းလည်း သိရှိရသည်။

'' အချို့လုပ်ငန်းတွေက သူ့နည်းသူ့ဟန်နဲ့ သူလုပ်လို့ရနေတာရှိတယ်။ ဘဏ်တွေထဲမှာလည်း လုပ်ရဲတဲ့ ဘဏ်တွေရှိတယ်။ နိုင်ငံထဲမှာလဲ လက်ခံတဲ့ နားလည်မှုနဲ့ လက်ခံပေးတဲ့ နိုင်ငံလည်း ရှိတယ်။ ဥပမာ ဂျပန်ဆို မရသေးဘူး၊ ဒါမျိုးလည်းရှိတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

အမေရိကန်အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် ဖြေလျော့ပေးမှုများ လုပ်နေသော်လည်း အလုံးစုံ ဖြေလျော့ပေးနေသော အနေအထားမျိုး မဟုတ်ဘဲ case by case သာ နားလည်မှုနှင့် ဖြေလျော့ပေးနေကြောင်း သိရှိရသည်။ ယခုအကြိမ် အမေရိကန်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပြန်လည် revise ပြုလုပ်ထားပြီး ဆိုင်းငံ့ပေးခဲ့သော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် targeted sanctions ကို ပြီးခဲ့သည့် ၂၀၁၃ မတ်လ နှစ်ရက်နေ့တွင် ထပ်မံသက်တမ်း တိုးလိုက်ကြောင်း၊ အဆိုပါ sanctions မှာ ယခင်စစ်အစိုးရ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်ပတ်သက်သူများအား ရည်ရွယ်ခြင်း ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ စိစစ်မှုများ ပြုလုပ်ပြီး ဖြေလျော့ပေးနိုင်သော်လည်း အခြားတစ်ဖက်တွင် လက်ရှိမြန်မာအစိုးရမှ ပေးထားသော ကတိက၀တ်များကို မလိုက်နာနိုင်ပါက စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ချမှတ်နိုင်သော ပြဋ္ဌန်းသတ်မှတ်ချက်များလည်း ပါဝင်ကြောင်း သိရသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံကြား၊ ယခုအခါ ပိုမိုနွေးထွေးသော ဆက်ဆံမှုများ ရှိသော်လည်း မြန်မာနိုင်ငံအား သတိထား စောင့်ကြည့်သွားမည်ဖြစ်ပြီး အီးယူနိုင်ငံများကဲ့သို့ အလုံးစုံ ဖြေလျော့ပေးသွားမည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့သော အနေအထားများကြောင့် လတ်တလောတွင် စီးပွားရေးပိတ်ဆို့မှုကို အလုံးစုံဖွင့်ပေးခြင်းမျိုး မဟုတ်ဘဲ နားလည်မှုနှင့်သာ case by case ခွင့်ပြုပေးသွားနိုင်သေးကြောင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်း တစ်ခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းကို တွေ့ရစဉ်
ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်း တစ်ခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းကို တွေ့ရစဉ်
အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ပင်မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့ လိုက်သောကြောင့် ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအားလုံး L/C ဖွင့်ခွင့်မရဘဲ အချို့သာ လုပ်ငန်း ရှင်များနှင့် ဘဏ်များကိုသာနားလည်မှုနှင့် case by case ခွင့်ပြုပေးနေသည့် အဆင့်လောက်သာ ရှိသေးကြောင်း သတင်းရရှိပါသည်။

စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကျပ်သိန်း ၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရ

Photo: စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကျပ်သိန်း ၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရ

ည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန် မဏ္ဍပ်များ သိန်း၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရကြောင်း သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်စဉ်က ပေ ၁၀၀ နှင့် အထက် မဏ္ဍပ်ကြီး တစ်ခုလျင် ကျပ်၇၅ သိန်းခန့်၊ ပေ ၁၀၀ အောက် မဏ္ဍပ်အလတ် တစ်ခုလျင် ကျပ် ၄၅ သိန်း အာမခံစပေါ်ငွေအဖြစ် ပေးသွင်းခဲ့ရပြီး အဆိုပါ စပေါ်ငွေများကို မေ ၁၃ ရက်မှသာ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေများကို သင်္ကြန်အပြီးကာလ အစိုးရရုံးများ ပြန်လည်ဖွင့်ချိန်တွင် ချက်ချင်းထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ စည်းကမ်းဖောက်ဖျက်သော မဏ္ဍပ်များရှိမရှိ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှဓာတ်ပုံ မှတ်တမ်းနှင့်ဗီဒီယိုများကိုပြန်လည် ကြည့်ရှုကာ သုံးသပ်စိစစ်ခဲ့သည်။

ထိုသုံးသပ်ချက်များ အပေါ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ စိစစ်နိုင်ရန် ဆက်လက် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ချက်များ ပြန်လည်ကျမှသာ အာမခံ စပေါ်ငွေများကို မေ ၁၃ ရက်မှ ပြန်ထုတ်ခွင့်ရမည် ဖြစ်သည်။

အာမခံစပေါ်ငွေများပြန်လည် ထုတ်ယူခွင့် ရရှိသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ပြည်လမ်း၊ ပါရမီလမ်းများပေါ်ရှိ မဏ္ဍပ်အတော်များများမှာ သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခြင်းကြောင့် ဒဏ်ကြေးငွေ အများအပြား ပေးဆောင်ရကြောင်း၊ မဏ္ဍပ်အချို့မှာ ဒဏ်ကြေးအဖြစ် ငွေကျပ်သိန်း ၅၀ ကျော် အထိ ပေးဆောင်ရမှုများပင်ရှိကြောင်း သိရသည်။ ယင်းငွေများကို အာမခံစပေါ်ငွေမှ နုတ်ယူခံရမည်ဟု သိရသည်။

ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ မီရှယ် ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်းသွင်းထားခဲ့ပြီး ယင်းမဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေးငွေကျပ် ၁၂၃၉၀၀၀နှင့် သတ်မှတ်မဏ္ဍပ် အရွယ်အစားထက် ပိုမိုဆောက်လုပ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကျပ်၂၅၀၀၀၀၀၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဖော်ပြခြင်း မရှိခဲ့၍ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ်ရှစ်သိန်း၊ စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၅ သိန်းကျော် ပေးဆောင်ရမည်ဖြစ်သည်။

ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ရွှေဝါဖူး ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်း သွင်းထားခဲ့ပြီး ယင်းမဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေး ငွေကျပ် ၂၂၂၀၀၀၊ သတ်မှတ်ရေပိုက်ထက် ပိုသွယ်သည် ဟုဆိုကာ ရေသန့်ဌာနသို့ ငွေကျပ် ကိုးသိန်း၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ်ဖုန်းနံပါတ်များ ဖော်ပြခြင်းမရှိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်တွင် လင့်စင်ထိုးခြင်းကြောင့် ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ် ၁၀ သိန်း၊ စီစီတီဗီ ကင်မရာအတွက် ကျပ် ၁၀ သိန်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၁ သိန်းကျော် နုတ်ယူခံရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။

အချို့မဏ္ဍပ်များမှာလည်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၄၆ သိန်းကျော်၊ သိန်း ၄၀ ကျော်၊ ၃၉ သိန်းကျော်၊ ၃၇ သိန်းကျော်၊ ၂၈ သိန်းကျော်၊ ၂၆ သိန်းကျော်၊ ၂၂ သိန်းကျော်၊ ၁၈သိန်းကျော် စသည်ဖြင့် ပေးဆောင်ခဲ့ရပြီး အနည်းဆုံး ပေးဆောင်ရသည့် ဒဏ်ကြေးငွေမှာ ကျပ်နှစ်သိန်းကျော်ဖြစ်ပြီး မဏ္ဍပ် များအားလုံး စုစုပေါင်းဒဏ်ကြေးငွေအဖြစ် ဖြတ်ယူခံရမှုမှာ ကျပ် သိန်းပေါင်း ၈၆၀ ကျော်ဖြစ်သည်ဟု သိရသည်။     

ယခုနှစ်သင်္ကြန်မတိုင်မီ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်များဆောက်လုပ်ခဲ့သည့်မြင်ကွင်း
ယခုနှစ်သင်္ကြန်မတိုင်မီ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်များဆောက်လုပ်ခဲ့သည့်မြင်ကွင်း
ည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ သိန်း၅၀ ကျော်အထိ အာမခံ စပေါ်ငွေ မှ နုတ်ယူ ခံရကြောင်း သိရသည်။

မုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပါက လျှပ်တစ်ပြက် ရေကြီးရေလျံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးများ ကြုံနိုင်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ သတိပြုရန်လို

Photo: မုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပါက လျှပ်တစ်ပြက် ရေကြီးရေလျံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးများ ကြုံနိုင်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ သတိပြုရန်လို

မေ ၁၀ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B (နောက်ဆုံးရရှိသော သတင်းများအရ ''မဟာစင်'' ဟု အမည်ပေးပြီး) နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုများ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က မုန်တိုင်းသက်ရောက်မည့် ဒေသအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီးဝန်းကျင်ကို ဖော်ပြခဲ့သလို ၀င်ရောက်မည့် အချိန်ကာလကိုလည်း Joint Typhoon Warning Center (JTWC) က မေ ၁၆ ရက် နံနက် ၁ နာရီဟု ခန့်မှန်း သတ်မှတ်ကာ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန် ကြေညာချက်သည် ၂၀၀၈ နာဂစ်၊ ၂၀၁၀ ဂီရိမုန်တိုင်းဒဏ် ဆိုးဝါးစွာ ခံစားခဲ့ရသည့် ဒေသခံများနှင့် မုန်တိုင်းအပေါ် စိတ်ဝင်တစား လေ့လာစောင့်ကြည့် နေကြသူများအဖို့ အရေးကြီး စောင့်ကြည့်စရာ ဖြစ်လာခဲ့သည်။

အထူးသဖြင့် ရခိုင်ရိုးမကို ကျော်၍ မြန်မာနိုင်ငံ အတွင်းပိုင်းသို့ ကုန်းတွင်းမုန်တိုင်းအဖြစ် နောက်ဆက်တွဲ တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ် ခံခဲ့ရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ ဒေသခံများအဖို့ အထူးသတိထားစရာ ဖြစ်လာခဲ့သည်။ အဆိုပါ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့စဉ်က သက်ဆိုင်ရာ ပညာရှင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေမှုကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိဘဲ ရခိုင်ကမ်းခြေ ဒေသသို့ ၀င်ရောက်လေ့ရှိသည့် မုန်တိုင်းများ၏ သဘောသဘာဝအတိုင်း ယူဆခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်း ဒေသကြီး အတွင်းရှိ စလင်းနှင့် မကွေးမြို့များ၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုဂံ၊ ညောင်ဦးဒေသများ၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မုံရွာ၊ မြောင်၊ မြင်းမူ၊ ဘုတလင်မြို့များရှိ နေအိမ်နှင့် လယ်ယာကိုင်းကျွန်းများ ပျက်စီးဆုံးရှုံးမှု ကြီးမားကာ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။

ဂီရိမုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စတင်ဖြတ်ကျော် တိုက်ခတ်ခဲ့ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် အောက်တိုဘာ ၂၃ ရက်နံနက် ၅ နာရီခွဲတွင် မကွေးတိုင်း ဒေသကြီး စလင်းမြို့အား ဗဟိုပြု တိုက်ခိုက်ခဲ့သဖြင့် ၎င်းပတ်ဝန်းကျင် ဒေသရှိ မင်းဘူးမြို့၊ မကွေးဒေသတို့တွင် နေအိမ်အဆောက်အဦများ သစ်ပင်ကြီးများ ပြိုလဲခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်း တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သည်။ နံနက် ၆ နာရီခွဲတွင် မန္တလးတိုင်း ညောင်ဦးမြို့အား ဗဟိုပြုဖြတ်သန်း တိုက်ခိုက်ခဲ့ပြီး မုန်တိုင်းကြောင့် ညောင်ဦး လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များအား ဖျက်သိမ်းခဲ့ရသည်။ ထိုနေ့နံနက် ၉ နာ ရီခွဲတွင် စစ်ကိုင်းတိုင်း ဘုတလင်မြို့ကို ဖြတ်သန်းတိုက်ခတ်ချိန်တွင် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်အား ပျော့လာခဲ့သော်လည်း မုံရွာမြို့နှင့် အနီးတစ်ဝိုက် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် မြန်မာအလယ်ပိုင်း မိုးနည်းဒေသ တစ်လျှောက်တွင် ဆည်မြောင်းတာတမံများ အစီအရီ တည်ဆောက်ခဲ့သော်လည်း ၎င်းဆည်တမံများ၏ ရေ၀င်ရာ အရင်းအမြစ်များသည် ရခိုင်ရိုးမတွင် အခြေခံသည့် တောင်ကျချောင်းများ၊ ပဲခူးရိုးမတွင် အခြေခံသည့် တောင်ကျချောင်းများ၊ ရှမ်းကုန်းမြေမြင့်တွင် အခြေခံသည့် တောင်ကျချောင်းများ အပေါ်တွင် အခြေပြု ထားသဖြင့် အဆိုပါ ဒေသများတွင် မိုးရွာသွန်းမှု များပြားတိုင်း တောင်ကျချောင်းများ၏ ရေစီးဝင်မှုကို မထိန်းနိုင်ဘဲ ဆည်တာတမံများ၏ ခိုင်ခံ့မှု အားနည်းခြင်းကြောင့် ရေဖောက်ထုတ်ရခြင်းများ ရှိခဲ့သည်။

ဂီရိမုန်တိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ၀င်ရောက်သည့် အချိန်ကာလကလည်း တောင်သူများ သီးနှံရိတ်သိမ်းချိန် ကာလဖြစ်သဖြင့် အဆိုပါ ဒေသရှိ ပြည်သူလူထုနှင့် တောင်သူများအဖို့ ပြင်ဆင်ချိန် ရသင့်ပါလျက် ပြင်ဆင်ချိန် မရဘဲ ပျက်စီးဆုံးရှုံးမှု အလွန်များပြားခဲ့ရသည်။

ယခုလည်း နိုင်ငံတကာ မိုးလေ၀သ ပညာရှင်များနှင့် စောင့်ကြည့်ရေး စင်တာများက အရေးတယူ စောင့်ကြည့်နေသော ''မဟာစင်'' အပူပိုင်းမုန်တိုင်း၏ အခြေအနေသည် ၂၀၁၀ ပြည့်နှစ်က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကဲ့သို့ပင် ရခိုင်ကမ်းရိုးတန်း ဒေသအား အမှန်တကယ် ၀င်ရောက်တိုက်ခတ်ခဲ့ပါက ထိုစဉ်ကကဲ့သို့ပင် ရခိုင်ရိုးမအား ဖြတ်ကျော်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လတ် တိုက်ခတ်ဖွယ် ရှိပေသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်သော မုန်တိုင်းများသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ၀င်ရောက်လေ့ မရှိသော်လည်း လွန်ခဲ့သော ဆယ်စုနှစ် သုံးလေးစု ၀န်းကျင်အတွင်း သဘာဝ သံယံဇာတနှင့် သဘာဝ သစ်တောများအား ကိုယ်ကျိုးစီးပွားအတွက် အလွန်အကျွံ ထုတ်ယူသုံးစွဲမှု များပြားခဲ့ခြင်းကြောင့် သဘာဝအရံအတားသည် ယခင် ယခင်ကာလများကထက် တစ်နှစ်ထက်တစ်နှစ် ပို၍ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်' 'မဟာစင်'' မုန်တိုင်း တိုက်ရိုက် ၀င်ရောက်နိုင်ဖွယ်ရှိသည့် ရခိုင် ကမ်းရိုးတန်း ဒေသနှင့် စစ်တွေဝန်းကျင် ဒေသတစ်ဝိုက်အား အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဂရုတစိုက် ဆောင်ရွက်မှု ရှိနိုင်သော်လည်း ၂၀၁၀ ခုနှစ်ကကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ကုန်းတွင်းမုန်တိုင်း အဖြစ်သို့ ဆက်၍၀င်ရောက်ခဲ့လျှင်မူ မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားသည်၊ မည်ကဲ့သို့ ဆောင်ရွက်စီမံ ထားသင့်သည်ကို ကြိုတင်၍ စဉ်းစားထားရန် လိုနေပြီဖြစ်သည်။

ယခုအချိန်တွင်လည်း မုန်တိုင်း အခြေအနေကို ထိုစဉ်ကကဲ့သို့ပင် ပေါ့ဆတွက်ချက်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ မုန်တိုင်းမ၀င်လာနိုင်ဟု ယူဆကာ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ အနေဖြင့် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ခဲ့ဘဲ ဒေသခံပြည်သူများအား မုန်တိုင်းနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ထုတ်ပြန်ချက်များ အချိန်နှင့် တပြေးညီ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့လျှင် ရခိုင်ကမ်းရိုးတန်းဒေသနှင့် မုန်တိုင်းအရှိန် သက်ရောက်ဖွယ်ရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအဖို့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုသည် ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း ဒဏ်ခံရစဉ်ကထက် ပို၍ပျက်စီးဆုံးရှုံးမှု များပြားလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသရှိ ဆည်မြောင်းတာတမံများနှင် မြစ်ချောင်းများသည် ၂၀၁၀ ပြည့်နှစ်ကထက်ပို၍ ယိုယွင်းပျက်စီးနေသည့် ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းကုန်းမြေမြင့်တို့ရှိ တောင်ကျချောင်းတို့နှင့် ဆက်စပ်နေသဖြင့် မုန်တိုင်း ဖြစ်ပေါ်တိုင်းပို၍ သတိထားရတော့မည် ဖြစ်သည်။ မုန်တိုင်း ဖြစ်ပေါ်တိုင်း မုန်တိုင်းအဓိက ၀င်ရောက်ရာ ဒေသများအပြင် မုန်တိုင်းအကျိုး သက်ရောက်မှုရှိသည့် ဒေသများ အတွက်ပါ ကြိုတင်ပြင်ဆင်မှု မရှိလျှင် မုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာခြင်း၊ ရေကြီးခြင်းစသည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကြောင့် ဆည်တာတမံ ကျိုးခြင်းများ ဒေသတစ်ဝန်း ရေဖုံးလွှမ်းမှုများ၊ လမ်းတံတားများ ကျိုးကျပျက်စီးမှုများအပြင် မည်သို့မှ အစားထိုး၍ မရနိုင်သော နိုင်ငံသားများ၏ အသက်အိုးအိမ် ဆုံးရှုံးမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အုပ်စိုးသူ အစိုးရအပေါ် ယုံကြည်မူကင်းမဲ့ခြင်း ဖြစ်ပေါ်၍ ဒေသ၏ အကျိုးစီးပွားနှင့် တည်ငြိမ်တိုးတက်မှုကိုပါ ကိုင်လှုပ်လိမ့်မည် ဖြစ်ပေသည်။

ရွှေချောင်းတံတားကို အောက်တိုဘာ ၂၁ ရက်က ရေကျပြီးနောက် တွေ့ရစဉ်
ရွှေချောင်းတံတားကို အောက်တိုဘာ ၂၁ ရက်က ရေကျပြီးနောက် တွေ့ရစဉ်
မေ ၁၀ ရက်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် Tropical Cyclone 01B (နောက်ဆုံးရရှိသော သတင်းများအရ ''မဟာစင်'' ဟု အမည်ပေးပြီး) နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်မှုများ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System က မုန်တိုင်းသက်ရောက်မည့် ဒေသအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနီးဝန်းကျင်ကို ဖော်ပြခဲ့သလို ၀င်ရောက် မည့် အချိန်ကာလကိုလည်း Joint Typhoon Warning Center (JTWC) က မေ ၁၆ ရက် နံနက် ၁ နာရီဟု ခန့်မှန်း သတ်မှတ်ကာ ထုတ်ပြန်ကြေညာခဲ့သည်။