Wednesday, May 15, 2013

မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ



 ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာဆန် သည် အနီရောင်အရေး ပေါ်အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီ အတွင်းဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ ၁၅ ရက် ည ၇ နာရီက သတိပေးချက် ထုတ် ပြန်လိုက်သည်။


တရား ထိုင် သူကို နတ်ကွန်းမှ ဓားဖြင့် ထောက်၍ နားကပ်လု

သာကေတမြို့နယ် ယမုံနာ (၂) ရပ်ကွက်ရှိ မြစေတီဘုရား လိုဏ်ဂူအတွင်း မေလ ၁၃ ရက် နံနက် ၈ နာရီခန့်က တရားထိုင်နေသည့် ၈၁ နှစ်အရွယ် အမျိုးသမီးကြီးကို လူငယ်နှစ်ဦးက နတ်ကွန်းအနီးတွင် စွန့်ပစ်ထားသည့် ဓားဖြင့် ထောက်ကာ နားကပ်ချွတ်ယူသော လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

MAI က လေယာဉ် စင်းလုံးငှားပေးတော့မယ်

မဟာစင်မုန်တိုင်းနှင့်ပတ်သက်သည့် ဦးထွန်းလွင်၏ ခန့်မှန်းချက် (မေ ၁၅ ရက်နေ ၅ နာရီ ၃၀ မိနစ်)

မဟာစင်မုန်တိုင်းနှင့်ပတ်သက်သည့် ဦးထွန်းလွင်၏ ခန့်မှန်းချက် (မေ ၁၅ ရက်နေ ၅ နာရီ ၃၀ မိနစ်)

မေ- ၁၅ ရက် ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထားသည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။

မေ ၁၆ ရက်၊  ညနေပိုင်း Mahasen Cyclonic Storm ဟာ မေ ၁၅ ရက် ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်းလောက်တိုက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီကနေ့  နေ့လည်ပိုင်းမှာ တစ်နာရီ (၅၅) မိုင်နှုန်းလောက်သာတိုက်ခတ်နေခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာဝင်ရောက်တဲ့အချိန် လေတိုက်နှုန်းကို 70 knots (85 mph) လောက်ရှိမယ်လို့ခန့်မှန်းထားခဲ့ပေမယ့် မေ ၁၅ ရက်၊  ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်းဝင်ရောက်စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။

ဒါဟာ..Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘောကို မေ ၁၅ ရက် တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။ ဒေသခံများနဲ့  ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံးအတွက် စိတ်သက်သာရာရစရာ သတင်းကောင်းပါဘဲ။

ဒါပေမယ့် တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၂)ပေခန့်လောက်အထိနဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး..ဒါဟာ လက်ရှိအနေအထား (မေ ၁၅ ရက် ညနေ ၃း၃၀ နာရီအချိန်) သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထားဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီနောက်ပိုင်းအချိန်တွေမှာ ဖြစ်လာနိုင်တာတွေကိုတော့ အချိန်နဲ့တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ မနက်ဖန် မေ ၁၆ ရက် နေ့လည်ပိုင်းလောက်ကစပြီး မုန်တိုင်းရဲ့ ရှေ့အဖျား (advancing edge or bar) ဟာ အရင်ဆုံးစဖြတ်ပါ့မယ်။ ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင်(၄၀)လောက်နဲ့ စပါမယ်။ အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါလိမ့်မယ်။ အဲဒီအချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်။

မနက်ဖန်ညနေဆိုရင်..ဒီပွဲ အဖြေပေါ်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)

မေ- ၁၅ ရက် ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော် စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထား သည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။

(မိုး/ဇလ၏ ၂၀၁၃ ခုနှစ်၊ မေလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)၊ “ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏အခြေအနေ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိ”



Photo: Cyclone MAHASEN Update:

“ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏အခြေအနေ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိ”

(မိုး/ဇလ၏ ၂၀၁၃ ခုနှစ်၊ မေလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ (မောင်တောမြို့)၏အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် မိုင် (၃၅၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့)၏ တောင်ဘက် မိုင်(၃၃၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)အထိရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသနှင့် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)ဒေသများဆီသို့ ဦးတည်ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။ နောက်ဆုံးတိုင်းထွာရရှိသော ခန့်မှန်းချက်အရ မေလ(၁၆)ရက်နေ့ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံမောင်တောမြို့အကြား ကမ်းခြေဒေသများဆီသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းရပါသည်။ 

မုန်တိုင်း ကမ်းခြေကိုဖြတ်ကျော်စဉ် မောင်တောခရိုင်ကမ်းခြေတွင် မိုန်တိုင်းဒီရေအမြင့်ဆုံးမှာ (၈)ပေမှ (၁၀)ပေအထိနှင့် စစ်တွေခရိုင် ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ (၆)ပေမှ (၈)အထိမြင့်တက်နိုင်ကြောင်း ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ (မောင်တောမြို့)၏အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် မိုင် (၃၅၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ အိန္ဒိယနိုင်ငံ (ကိုလ်ကတ္တားမြို့) ၏ တောင်ဘက် မိုင်(၃၃၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့် ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)အထိရှိနိုင်ပါသည်။

သီရိလင်္ကာ နိုင်ငံတွင် မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် ခုနစ်ဦးသေဆုံး၊ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ် ခံစားခဲ့ရ


သီရိလင်္ကာ နိုင်ငံတွင် မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် ခုနစ်ဦးသေဆုံး၊ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ် ခံစားခဲ့ရ

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု မရှိက ဥပဒေနှင့်သွားမည်

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု မရှိခြင်း နှင့် တားဆီးခြင်း တို့ကို ဥပဒေအရ အရေးယူမှုတို့ ရှိလာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတိပေးပြော ဆိုသည်။

ဖာဘရီဂက်စ်ကို အံ့ဩဖွယ် ကမ်းလှမ်းလာဖွယ် ရှိနေသည့် မန်ယူ

မြန်မာသမ္မတ ဦးသိန်းစိန် ၀ါရှင်တန်တွင် မိန့်ခွန်းပြောမည်

မြန်မာသမ္မတ ဦးသိန်းစိန် ၀ါရှင်တန်တွင် မိန့်ခွန်းပြောမည်
Wednesday, May 15, 2013

ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန် ခရီးစဉ်အတွင်း ၀ါရှင်တန်၌ မိန့်ခွန်း ပြောကြားမည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် လာမည့်တနင်္လာနေ့တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of Advanced International Studies နှင့် အမေရိကန်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးဖက်ဒရေးရှင်းဖြစ်သည့် US Chamber of Commerce တို့၌ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းများမှ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင် မြန်မာနိုင်ငံသည် ဘင်ဂါလီမူဆလင် များကို လူမျိုးတုန်းသတ်ဖြတ်မှုများ ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်လည်း သမ္မတဦးသိန်းစိန်၏ လူ့အဖွဲ့အစည်းချင်းသဟာဇာတဖြစ်ရေးကြေညာချက်ကို အိုဘားမားအစိုးရက ချီးကျူးခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် တွင် သမ္မတဖြစ်လာပြီးနောက် နိုင်ငံရေး အကျဉ်းသားရာနှင့်ချီ၍ လွှတ်ပေးခဲ့ ခြင်းနှင့် အတိုက်အခံဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင်းဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းတို့အပါအ၀င် ပြုပြင်ပြောင်းလဲမှုအများအပြား ဆောင်ရွက် ခဲ့ခြင်းဖြင့် ဝေဖန်သူအများအပြားကို အံ့အားသင့်စေခဲ့သည်။

အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ ကို အားပေးမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံ၏တိုးတက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့မှုအများစုကို ရုတ်သိမ်းပေးခဲ့သည်။

Ref: Channel NewsAsia
ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန်ခရီးစဉ်အတွင်း ၀ါရှင်တန်၌ မိန့်ခွန်း ပြောကြားမည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဝက်မကြီးမှ ဆင်၊ ကြံ့၊ မျောက်ခေါင်းပါ ဝက်သုံးကောင် မွေးဖွား

မဟာစင်မုန်တိုင်းနှင့် ထူးခြားမှုများ

မဟာစင်မုန်တိုင်းနှင့် ထူးခြားမှုများ

ရန်ကုန်၊ မေ-၁၃

အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင်မုန်တိုင်းမ၀င်မီ  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

မေလ ၆ ရက်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်မှစ၍ မုန်တိုင်းငယ်အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ အဆိုပါမုန်တိုင်းငယ်မှာ တဖြည်းဖြည်းအားကောင်းလာခဲ့သောကြောင့် မဟာစင်     (01B) ဆိုက်ကလုန်းမုန်တိုင်းဟု အမည်ပေးလိုက်သည်။ 

မုန်တိုင်းစောင့်ကြည့်ရေးဌာနများနှင့် ဒေါက်တာထွန်းလွင်တို့က မေလ ၁၀ ရက်ကတည်းက အဆိုပါအပူပိုင်းမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ မေ ၁၅ ညနေမှစ၍ ၀င်ရောက်နိုင်ကြောင်း ကြိုတင်သတိပေးခဲ့သည်။ သို့သော် မိုး/ဇ လက အဆိုပါမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မရှိဘဲ အ၀ါ ရောင်အဆင့်သတ်မှတ်ထာ ကြောင်း ကြေညာသည်။

မေ ၁၁ ရက်တွင် ဒေါက်တာထွန်းလွင်နှင့် မုန်တိုင်းစောင့်ကြည့်ရေးဌာနများက မဟာစင်သည် စစ်တကောင်းကို ဗဟိုပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ ဖြတ်ကျော်မည်ဖြစ်ပြီး မောင်တောမြို့ အနီးတစ်နာရီလေတိုက်နှုန်းမိုင်တစ်ရာကျော်ဖြင့် ဖြတ်သန်းမည်ဟု ခန့်မှန်းသတိပေးသည်။ မေ ၁၁ ရက်တွင် မိုး/ဇလကလည်း အဆိုပါမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ကို တိုက်ခတ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မေ ၁၂၊ ၁၃ တွင် အဆိုပါ မုန်တိုင်း၏အချင်းမှာ မိုင် ၁၂၀ အထိ ရှိလာပြီး ပိုမိုအားကောင်းလာသည်။ မိုး/ဇလနှင့် ပညာရှင်တို့ အားလုံးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့  ၀င်ရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း တညီတညွတ်တည်းခန့်မှန်းသည်။ မုန်တိုင်းရွှေ့လျားမှု ခန့်မှန်းတွက်ချက်ရာတွင် ယခုသတင်းရေးသားချိန် မေ ၁၃ ရက်အထိ ဦးထွန်းလွင်၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါမုန်တိုင်းကြောင့် နိုင်ငံတော်အစိုရကလည်း မေ ၁၆ ရက်တွင် မုန်တိုင်းဝင်နိုင်ဖွယ်ရှိသည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရနိုင်သော ဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီ
ပြောင်းရွှေ့ပေးရန် မေ ၁၃ ရက်နေ့က ပြည်နယ်အစိုးရအား ညွန်ကြားခဲ့သည်။

မုန်တိုင်းဒဏ်အဓိက ခံရနိုင်သော ရခိုင်ပြည်နယ်အတွင်းရှိ  မောင်တော၊ ဘူးသီးတောင်၊ စစ်တွေစသောမြို့နယ်များတွင် မေ ၁၁ ရက်မှစတင်၍ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ရွှေ့ပြောင်းမှုများ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မုန်တိုင်းအဓိကဖြတ်သန်းမည်ဟု ခန့်မှန်းထားသော မောင်တောမြို့နယ်ရှိ ဒေသခံအများစုမှာ မိုး/ဇလမှ ထုတ်ပြန်ကြေငြာထားသည့် တစ်နာရီလေတိုက်နှုန်း မိုင် ၅၀၊ ၆၀ ဆိုသည်မှာ ယင်းတို့အတွက် အလွန်အမင်းစိတ်မပူပန်မိကြောင်း ဒေသခံများက မေ ၁၃ ရက်က ပြောသည်။

မေ ၁၃ ရက်တွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုကော်မတီက မေ ၁၄ ရက်မှစ၍ အမ်းမြို့တွင်အခြေစိုက်ကာ အနီးကပ်ကွပ်ကဲမည်ဖြစ်ပြီး တပ်မတော်က ရွှေ့ပြောင်းရေးအတွက် အားလုံးစီစဉ်ထားကြောင်း အစိုးရကသတင်းထုတ်ပြန်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က အစိုးရက တစ်ရက်သာကြို၍သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကဲ့သို့ မုန်တိုင်းသင့်နိုင်သော ဒေသခံများကို ရွှေ့ပြောင်းပေးမှုမျိုးကဲ့သို့ ကြိုတင်ပြင်ဆင်မှုများလည်းမရှိခဲ့ပေ။ ထို့ကြောင့် နာဂစ်နှင့်မဟာစင်တွင် ခြားနားမှုများစွာ ရှိခဲ့သည်။

“အရင်မုန်တိုင်းတွေတုန်းက အခုလိုပွင့်ပွင့်လင်းလင်းချပြခဲ့တာ မရှိဘူး။ ကျေနပ်စရာကောင်းပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

မဟာစင်ကို ဦးထွန်းလွင်နှင့် မိုးဇ/လတို့က မေ ၁၆ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
အစိုးရသစ်လက်ထက်တွင် အင်အားကြီးမုန်တိုင်းအဖြစ် ပထမဆုံးအကြိမ်ကြုံရသော မဟာစင် မုန်တိုင်း မ၀င်မီ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ငါးရက်ကြို၍ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ.၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၂၂နာရီ

Photo From Navy

ရခိုင်နှင့်မွတ်ဆလင်များကို KIA ရန်တိုက်ပေးနေခြင်းကြောင့် ရခိုင်များ KIA မှ ထွက်ရန်ပြင်ဆင်

ရခိုင်နှင့်မွတ်ဆလင်များကို KIA ရန်တိုက်ပေးနေခြင်းကြောင့် ရခိုင်များ KIA မှ ထွက်ရန်ပြင်ဆင်

မေလ ၁၅ ရက် ၂၀၁၃ 
 
KIA တပ်မှာ နှစ်ပေါင်းကြာရှည်စွာတိုက်ပွဲဝင်နေသည့် ရခိုင်တပ်ရင်းတွေအပေါ်မှာ KIA ခေါင်းဆောင် ပိုင်းများက မူဆလင် များနှင့် ရန်တိုက်ပေးနေခြင်းများကြောင့် ရခိုင်တပ်ဖွဲ့များအနေဖြင့် KIA မှခွဲထွက်ရန် ပြင်ဆင်နေကြောင်းသိရှိရပါသည်။ KIA ခေါင်းဆောင်ပိုင်များက KIA တပ်ဖွဲ့အတွင်းရှိ ရခိုင်များအပေါ် ယုံကြည် မှုတွေ လျော့နည်းနေပြီး ရခိုင်တပ်ရင်းတွေကို လိုင်ဇာဌာနချုပ်မှ အနီးကပ်စောင့် ကြည့်မှုများ ပြုလုပ်နေ ပါသည်။ KIA တို့အနေဖြင့် တပ်ဖွဲ့အတွင်းရှိ ရခိုင်လက်နက်ကိုင် တွေ အပေါ်မှာ  အမြင်မကြည်လင်မှုများ ရှိနေတာ အခုရက်ပိုင်းအတွင်းမှာပိုမိုများပြားလာနေကြောင်းသိရှိရပါသည်။

ရခိုင်နဲ့မူဆလင်ပဋိပက္ခဖြစ်သည့် နေရာမှာ KIA ခေါင်းဆောင်တွအနေနဲ့ ရခိုင်လူမျိုးတွေဘက်က ပါဝင်ကူညီသင့်သော် လည်း မူဆလင်များဘက်က ဘက်လိုက်ပြီး ရခိုင်တပ်များ အပေါ် ဖိနှိပ်နေကြောင်း ဖားကန့်မြို့နယ် ဆိုင်းထောင်ရွာမှာ ရှိသည့် မူဆလင်အိမ်များကို ရခိုင်တွေက ဖျက်ဆီးခဲ့သည်ဟုဆိုကာ မေလ ၁၃ရက်နေ့ က KIA ဒုစစ်ဦးစီးချုပ် အက်စ် ဂွမ်မော် မှ KIA ရခိုင်တပ်ရင်းကိုရောက်ရှိလာပြီး KIA တပ်ဖွဲ့အတွင်းမှာ လူမျိုးရေး ခွဲခြားမှုမရှိဘဲ ရခိုင်လဲKIA တပ်ဖွဲ့ဝင်၊ မူဆလင်လဲ KIA တပ်ဖွဲ့ဝင်တွေဖြစ်တာမို့ အချင်းချင်း ရန်လိုမှု မရှိကြဖို့ပြောဆိုခဲ့ကြောင်း ရခိုင်တပ်သား ထွန်ချေက ပြောဆို ခဲ့ပါသည်။

ဒုစစ်ဦးစီးချုပ်အက်စ်ဂွမ်မော်ရဲ့ပြောကြားချက်နဲ့ပတ်သက်လို့ ရခိုင်လူမျိုး KIA တပ်ဖွဲဝင်များ အနေဖြင့် သူတို့ကို ကုလား များနှင့် တန်းတူဆက်ဆံတာမျိုး သဘောမကျကြောင်း၊ ဒါ့အပြင်KIAခေါင်းဆောင်များက မွတ်ဆလင်သူဋ္ဌေးတွေ ကို ရခိုင် တပ်ဖွဲ့ဝင်များ နှောင့်ယှက်မှုရန်က ကာကွယ်ဖို့ လက်နက်များ ထုတ်ပေးထာခြင်း အတွက် ရခိုင်တပ်ဖွဲ့ဝင်များ အနေဖြင့် ပိုပြီးဒေါသထွက်စရာဖြစ်နေကြောင်း သိရှိရပါသည်။ နောက်ဆုံးရရှိသည့် သတင်းများအရ KIA တပ်မတော်မှ ရခိုင်တပ်ရင်း တွေခွဲထွက်ရန်ပြင်ဆင်နေသည်ဟု ကချင်အရေးကို လေ့လာနေသော သတင်းထောက်တစ်ဦးမှ ပြောဆိုသွားပါသည်။

KIA တပ်မှာ နှစ်ပေါင်းကြာရှည်စွာတိုက်ပွဲဝင်နေသည့် ရခိုင်တပ်ရင်းတွေအပေါ်မှာ KIA ခေါင်းဆောင် ပိုင်းများက မူဆလင်များနှင့် ရန်တိုက်ပေးနေခြင်းများကြောင့် ရခိုင်တပ်ဖွဲ့များအနေဖြင့် KIA မှခွဲ ထွက်ရန် ပြင်ဆင်နေကြောင်းသိရှိရပါသည်။ KIA ခေါင်းဆောင်ပိုင်များက KIA တပ်ဖွဲ့အတွင်းရှိ ရခိုင်များ အပေါ် ယုံကြည်မှုတွေ လျော့နည်းနေပြီး ရခိုင်တပ်ရင်းတွေကို လိုင်ဇာဌာနချုပ်မှ အနီးကပ်စောင့် ကြည့်မှုများ ပြုလုပ်နေပါသည်။ KIA တို့အနေဖြင့် တပ်ဖွဲ့အတွင်းရှိ ရခိုင်လက်နက်ကိုင် တွေ အပေါ်မှာ အမြင်မကြည်လင်မှုများရှိနေတာ အခုရက်ပိုင်းအတွင်းမှာပိုမိုများပြားလာနေကြောင်းသိရှိရပါသည်။

မုန်တိုင်း အန္တာရာယ် စိုးရိမ်နေတဲ့ မြေပုံမြို့လူထု တစ်ပူပေါ် နှစ်ပူဆင့်

အမေရိ ကန် သံဝန်ထမ်း တစ်ဦး ရုရှား ဖမ်းဆီး

Photo: အမေရိကန် သံဝန်ထမ်းတစ်ဦး ရုရှားဖမ်းဆီး 

မေလ ၁၅ ရက် ၂၀၁၃ 

CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီအတွက် အလုပ်လုပ်ပေးဖို့ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို ကမ်းလှမ်း ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်သံရုံး ၀န်ထမ်းတစ်ဦးကို နိုင်ငံကနေ အမြန် ထွက်ခွာ ပေးဖို့ ရုရှား အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။ 
 
ရိုင်ယန် ဖိုဂဲလ် (Ryan Fogle) လို့ခေါ်တဲ့ အမေရိကန် နိုင်ငံသားတစ်ဦးကို ရုရှား ဖယ်ဒရယ် လုံခြုံရေး အဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပြီး မကြာခင်မှာပဲ မနေ့ အင်္ဂါနေ့မှာ အခုလို ဆောင်ရွက်လာတာ ဖြစ်ပါ တယ်။ 
 
ဖိုဂဲလ် ဟာ ရုရှားမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ နိုင်ငံရေးဌာန တတိယအတွင်းဝန်အဖြစ် ဆောင်ရွက်နေသလို၊ CIA အတွက် အလုပ်လုပ်နေသူလည်း ဖြစ်တယ်လို့ ရုရှားလုံခြုံရေးအဖွဲ့ FSB က ပြောပါတယ်။ 

သူ့ကို ဖမ်းဆီးရာမှာ အထူး ပြုလုပ်ထားတဲ့ အဆင့်မြင့် နည်းပညာ ပစ္စည်းတွေ၊ ရုပ်ဖျက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ၊ ငွေကြေး အမြောက်အများနဲ့ CIA အတွက် အလုပ်လုပ်ပေးဖို့ ရုရှားအရာရှိထံကို ကမ်းလှမ်းပေးပို့တဲ့ စာတစ်စောင်ကိုပါ သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ 
 
အဲ့ဒီစာထဲမှာတော့ CIA အလုပ်အတွက် စစချင်း ဒေါ်လာ တစ်သိန်း၊ နောက်ပိုင်း ရေရှည် ပူးပေါင်းဆောင်ရွက်မှုအတွက် ဒေါ်လာ တစ်သန်းအထိ ပေးမယ်ဆိုပြီး ရုရှားထောက်လှမ်းရေး အရာရှိထံကို ကမ်းလှမ်း ရေးသားထားတယ်လို့ ရုရှား သတင်းမီဒီယာတွေမှာ ကိုးကားဖော်ပြပါတယ်။ 
 
အမေရိကန်သံရုံးမှာရှိတဲ့ အမေရိကန် ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး၊ နောက်ပြီး ပြန်လွတ်လာတယ် ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက အတည်ပြုပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ပြောဖို့တော့ ငြင်းပါတယ်။ 
 
ဖိုဂဲလ် ထံမှာ ပစ္စည်းပစ္စယတွေ သိမ်းဆည်းမိတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ မော်စကို မြေပုံလမ်းညွှန်နဲ့ ဆံပင်တု တွေ အပါအ၀င် ပစ္စည်းပစ္စယအချို့ကို ရိုက်ပြတဲ့ ဓာတ်ပုံတစ်ပုံ ရုရှားအစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဖိုဂဲလ် ကို ဖမ်းဆီးထားတယ်ဆိုတဲ့ ပုံမှာလည်း လက်နောက်ပြန်ထားတဲ့ လူတစ်ဦး ခေါင်းငိုက်စိုက် ချထားတဲ့ ပုံကို လည်း ဖော်ပြပါတယ်။ 

VOA
CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီအတွက် အလုပ်လုပ်ပေးဖို့ ရုရှားထောက်လှမ်းရေး အရာရှိ တစ်ဦးကို ကမ်းလှမ်း ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်သံရုံး ၀န်ထမ်းတစ်ဦး ကို နိုင်ငံကနေ အမြန် ထွက်ခွာ ပေးဖို့ ရုရှား အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

လျှို့ဝှက်သတင်း ပေါက်ကြားခြင်း စုံစမ်းမှု အိမ်ဖြူတော်ကာကွယ်

Photo: လျှို့ဝှက်သတင်း ပေါက်ကြားခြင်း စုံစမ်းမှု အိမ်ဖြူတော်ကာကွယ် 

မေလ ၁၅ ရက် ၂၀၁၃ 

al-Qaeda အဖွဲ့ ဗုံးဖောက်ခွဲဖို့ စီစဉ်တာကို လက်ဦးမှုယူ တားဆီးလိုက်နိုင်တဲ့ CIA အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ ယေမင်နိုင်ငံမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေ ဘယ်ကပေါက် ကြားခဲ့သလဲ ဆိုတဲ့အပေါ် ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေမှုကို အိမ်ဖြူတော်က ကာကွယ် ပြောကြားလိုက်ပါတယ်။ 
 
သတင်းထောက်တွေမှာ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပိုင်ခွင့် လွတ်လွတ်လပ်လပ် ရှိတာကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အပြည့်အဝ ယုံကြည်ပေမဲ့ အထူး လျှို့ဝှက်ထားတဲ့ အချက်အလက်တွေ မပေါက်ကြားအောင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း သမ္မတက မြင်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ 
 
ပြီးခဲ့တဲ့နှစ် ဧပြီလနဲ့ မေလတွေအတွင်း AP သတင်းဌာနက အယ်ဒီတာတွေနဲ့ သတင်းထောက်တွေရဲ့ တယ်လီဖုန်း ဆက်သွယ်မှု မှတ်တမ်းတွေကို အစိုးရက လျှို့ဝှက် ရယူခဲ့တဲ့အပေါ် တချို့ အမေရိကန် သတင်းထောက်တွေက လူသိ ရှင်ကြား ကန့်ကွက်နေတဲ့အတွက် အိမ်ဖြူတော်က အခုလို ကာကွယ်ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ 
 
ယေမင်နိုင်ငံမှာလုပ်ခဲ့တဲ့ စစ်ဆင်ရေးအကြောင်းကို AP သတင်းဌာနက ၂၀၁၂ ခုနှစ် မေလမှာ သတင်းရေးသား ဖော်ပြခဲ့ ပါတယ်။ အခုလို တယ်လီဖုန်း မှတ်တမ်းတွေကို အစိုးရက လျှို့ဝှက် စစ်ဆေးခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လိုမှ တရားမျှ တတယ်လို့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ AP အကြီးအကဲက ပြောကြားခဲ့သလို၊ အမေရိကန် သတင်းစာ အယ်ဒီတာများ အဖွဲ့ကလည်း အင်မတန် တရားလွန်ပြီး အလွန် စိတ်ပျက်စရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 
 
AP ကို သတင်းပေါက်ကြားခဲ့တဲ့အတွက် အမေရိကန်ပြည်သူတွေ အန္တရာယ် ဖြစ်စေခဲ့တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) ကတော့ ဆိုပါတယ်။ ဒီပေါက်ကြားမှုနဲ့ ဆက်နွယ်ပြီး သူ့ကို FBI က စစ်ဆေးနေတဲ့အတွက် စုံစမ်းမှုမှာ သူ မပါဝင်ဖို့ လုံခြုံရေးအဖွဲ့များရဲ့ ထိပ်တန်းအရာရှိဖြစ်တဲ့ မစ္စတာ ဟိုဒါ က ဆုံးဖြတ်ခဲ့ပါတယ်။ 

VOA
al-Qaeda အဖွဲ့ ဗုံးဖောက်ခွဲဖို့ စီစဉ်တာကို လက်ဦးမှုယူ တားဆီးလိုက်နိုင်တဲ့ CIA အမေရိကန်ထောက်လှမ်းရေး အဖွဲ့ရဲ့ ယေမင်နိုင်ငံမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေ ဘယ်ကပေါက် ကြားခဲ့သလဲ ဆိုတဲ့အပေါ် ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေမှုကို အိမ်ဖြူတော်က ကာကွယ် ပြောကြားလိုက်ပါတယ်။

ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ မုန်တိုင်းရန်ကာကွယ်ရေးအတွက် ရွှေ့ပြောင်းစဉ် စက်လှေတစ်စင်း တိမ်းမှောက်

Hmuu Zaw
Photo

'၀' ပြည်နယ် ခွင့်ပြုပေးရန် တောင်းဆိုမှု ရှုပ်ထွေးမှုများ ဖြစ်လာနိုင်

ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်

ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်

၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ စားခဲ့ပြီးတဲ့ညနေစာကလည်း တအားကြီးစားတာမျိုးမဟုတ်ဘဲ
အိပ်ပျော်မူကို အားပေးတဲ့ သကြားနဲ့  ကစီဓာတ်ပါတဲ့ ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း အစားအစာမျိုးကိုပဲ စားဖို့ 
့လိုအပ်တယ်

၂- အိပ်ရာမ၀င်ခင် ၄နာရီအတွင်းမှာစိတ်ရောကိုယ်ရောပါ ပင်ပန်းစေမယ့် ပြင်းပြင်းထန်ထန်
အလုပ်မျိုးမလုပ်ပါနဲ့ ။


၃- ကဖိန်း(Caffeine )ဓါတ်ပါတဲ့ကော်ဖီကို တစ်နေကုန်သောက်နေပေမယ့် ညနေ ၄နာရီနောက်ပိုင်းမှာ
မသောက်ရင် အကောင်းဆုံးပါပဲ။

၎- ည ၉နာရီ၊ ၁၀နာရီ ပတ်ဝန်းကျင်လောက်မှာ အိပ်ချင်လာရင် ဘာမှစဉ်းစားမနေနဲ့ တော့။ အိပ်ပစ်လိုက်ပါ ။

၅- အိပ်ရာဆိုတာ အိပ်ဖို့ အတွက်၊ နှစ်ကိုယ်တူယှဉ်တွဲဖို့ အတွက်ပါပဲ ။ ဒါကြောင့် အိပ်ရာပေါ်မှာ
အစာလည်းမစားနဲ့ ။ကွန်ပြူတာအသေး(Laptop)လေးလဲ မယူသွားနဲ့ ။အခြားအလုပ်လုပ်ဖို
လည်းမစဉ်းစားပါနဲ့ အိပ်ဖို့ သက်သက်ပါပဲ။

၆- အိပ်ချိန်မှာ စိတ်ငြိမ်းချမ်းမူကို ဖန်တီးထားပါ။သူရဲ ၊ တစ္ဆေ၀တ္တုဖတ်တာမျိုး ၊ကြောက်စရာကောင်းတဲ့ VCD
ဖွင့်ကြည့်တာမျိုးကို ရှောင်ပါ။

၇- မအိပ်ခင်မှာ ကိုယ့်ပတ်ဝန်းကျင်ဟာလည်း အေးချမ်းငြိမ်သက်ပြီး နားနေစရာကောင်းဖို့ လိုပါတယ်။ကိုယ့်အတွက် သက်သောင့်သက်သာရှိရပါမယ်။

၈- အိပ်ရာနံဘေးမှာ ပန်းချီကားချိတ်ရင်လည်း အရောင်ဖျော့ဖျော့နဲ့ သိမ်မွေ့ နက်နဲတဲ့ ပန်းချီကားမျိုးပဲ
ချိတ်မယ်

။ဒီဇိုင်း ခပ်ဆန်းဆန်း ၊ခပ်ရှုပ်ရှုပ် အရောင်ကလည်း တောက်ပနေတဲ့ ပန်းချီကားဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်မှာ။

၉- အိပ်ရာဝင်ရင် ၀တ်တဲ့အ၀တ်ဟာ ကိုယ်နဲ့ သက်သက်သာသာ ၊ချောင်ချောင်ချီချီ ရှိ ၊ မရှိ သတိထားရမယ်။ချည်အပျော့စားနဲ့  ရက်လုပ်ထားတဲ့ အ၀က်ကို ၀တ်အိပ်ရင် အသက်ရှုရတာရော ၊အသားနဲ့ 
ထိကပ်နေတာရောဟာ သက်သောင့်သက်သာ ရှိတယ်၊ ည၀တ်ဂါဝန် အရှည်ကြီး ၀တ်အိပ်ရင်တော့လှတယ်ဆိုပေမယ့် မကြာခဏ ရှုပ်ထွေးတာတို့ ၊ တွန့် လိမ်ကြေမွတာဖြစ်နေရင်
စိတ်အနှောက်အယှက်ဖြစ်စေတာပေါ့။

၁၀- တချို့ ကမအိပ်ခင်နှိပ်တာတို့ ၊ ပူနွေးတဲ့အရည်တစ်ခုခုသောက်တာတို့ ၊ရေနွေးလေးနဲ့ ရေချိုးလိုက်တာတို
့ဟာ ပိုပြီးအိပ်ပျော်စေတယ်လို့ ဆိုတယ်နော် ၊ အချို့ သိပ္ပံ ပညာရှင်တွေကတော့ ဒါကို သိပ်ပြီးလက်မခံကြပါဘူး။
နိပ်တာ ရေချိုးတာတွေလုပ်တဲ့အခါမှာ တချို့ ကအကြောအခြင်လျှော့ပြေစေတဲ့ ရေမွှေနံ့ သာဆီတွေနဲ့ 
လမ်းကျံနှိပ်နယ် ရေချိုးတက်ကြတယ်။ တချို့ ကလည်း အထူးစီမံဖော်စပ်ထားတဲ့ နာမည်ကြီးတံဆိပ်

ရေမွှေးနံ
သာဆီတွေကို သုံးကြသေးတယ်။ ဒါတွေက အိပ်ပျော်အောင် အထူးစီမံဖော်စပ်ထားတာပါတဲ့။

၁၁- သင်ဟာ အသံကြောင့် အအိပ်ဆက်တက်ပါသလား။ အဲဒါဆိုရင် အသံဗလံတွေကို ယဉ်လာဖို့  လေ့ကျင့်ယူရမယ်။ လေတိုက်တဲ့အသံဟာ ထူးထူးခြားခြား အသံမဟုတ်ပေမယ့် ကားသံလူသံတွေကို
ဖုံးလွှမ်းသွားတက်တယ်။ (ကြိုက်တက်ရင်) ညင်ညင်သာသာရှိတဲ့ ကလေးချော့သီးချင်းမျိုးလို
သီးချင်းစီဒီဓါတ်ပြားဖွင့် နားထောင်ရင်းအိပ်လိုက်ပေါ့ ။

၁၂- တကယ်လို့  ကိုယ့်အိပ်ခန်းအပြင်က မီးအလင်းရောင်ဟာ ကိုယ့်အခန်းကို ထိုးဖောက်ဝင်ရောက်နေရင်
ခန်းဆီးထူထူနဲ့  ကာရင်ကာ၊ မျက်လုံးကာအဖုံးလေး(Sleep Mask)နဲ့ အိပ်ပါ။

၁၃- ကိုယ်မြတ်နိုးနှစ်သက်တဲ့ ပစ္စည်းတစ်ခုခု၊ အရုပ်ကလေးတစ်ရုပ်ရဲ့ အနံ့ အသက် ၊ အထိအတွေ့ သို့ မဟုတ်
အသံလေးတစ်ခုခုကို ရှူနေ၊ ထိနေ၊ ကြားနေရမှ အိပ်ပျော်မယ်ဆိုရင် အဲဒီ အရုပ် သို့ မဟုတ် ပစ္စည်ကို

အိပ်ရာဆီယူသွားပါ။ ( မောင်.........မောင် တမောင်မောင်နဲ့  သိပ်ခေါ်ရမှ အိပ်ပျော်မယ့် အဖြစ်မျိုး ဆိုတဲ့
သီးချင်းထဲက လိုမျိုးလေ)

၁၄- ကြောင်၊ ခွေး စတဲ့ အိပ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ ကောင်းသလောက် လူအိပ်တဲ့နေရာမှာတော့
တော်တော်လေးကို အနှောက်အယှက်ဖြစ်စေပါတယ်။ အထူးအဖြစ် အဲဒီ
တိရစ္ဆာန်လေးတွေဟာဒေါသထွက်လာရင် လူတွေကို တော်တော်ကသိကအောက်ဖြစ်စေတက်ပြီး သူတို
့ ရဲ့ကိုယ်က အမွေးအမျှင်တွေဟာလည်း လူအတော်တော်များများကို (Allergic)ဖြစ်စေတက်လို့ မနှစ်မြို့ 
့သူများ ဝေးဝေးရှောင်ပြီးအိပ်ပါ။

၁၅- နောက်ဆုံးတစ်ချက်ကတော့ အိပ်ခန်းထဲမှာ မကောင်းတဲ့အနံ့အသက်( ဥပမာ-မှိုနံ့ ၊ သိုးနံ့ နဲ့ ဖုန်နံ့  )တွေရှိရင်တော့ အိပ်လို့ ရမှာ မဟုတ်ဘူး။ ဒီလေသန့် စင်စက်ရဲ့ တ၀ီဝီမြည်သံလေးကပဲ
နံဘေးပတ်ဝန်းကျင်က
ဆူညံသံတွေကို ဖုံးလွှမ်းပေးသွားတက်ပြီး အိပ်ကောင်းခြင်းကို မိတ်ဆွေရောက်ပါလိမ့်မယ် ။ ။




ရောင်စဉ်ငြိမ်း
 
၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ စားခဲ့ပြီးတဲ့ညနေစာကလည်း တအားကြီး စားတာ

သံတမန်ဝန်ထမ်းဟန်ဆောင်ထားသည့် CIA အေးဂျင့်အား ရုရှား ဖမ်းဆီး ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်းဖြစ်

သံတမန်ဝန်ထမ်းဟန်ဆောင်ထားသည့် CIA အေးဂျင့်အား ရုရှား ဖမ်းဆီး
ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ်ခဲ့ခြင်းဖြစ်။

ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးတွင် သံတမန်ဝန်ထမ်းအဖြစ် ဟန်ဆောင်ကာ တာဝန်ထမ်းဆောင်နေသော အမေရိကန် CIA အေးဂျင့်တစ်ဦး အား မော်စကိုမြို့တွင် ရုရှား တန်ပြန်ထောက်လှမ်းရေးဌာနက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း RT News တွင် ဖော်ပြသည်။

 ရုရှားက ဖမ်းဆီးလိုက်သော CIA အေးဂျင့်မှာ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို CIA အတွက် လူသစ်စုဆောင်းမှုအဖြစ် ချဉ်းကပ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးလိုက်သည့် CIA အေးဂျင့်၏အမည်မှာ ရိုင်ယန်ခရစ္စတိုဖာ ဖော့ဂ် လီဖြစ်ကြောင်း၊ ၎င်းသည် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ နိုင်ငံရေးရာ ဌာနတွင် သံတမန်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရုရှား Federal Security Service (FSB) က အတည်ပြု ပြောကြားသည်။

Posted From Planet Myanmar Network
ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးတွင် သံတမန်ဝန်ထမ်းအဖြစ် ဟန်ဆောင်ကာ တာဝန်ထမ်းဆောင်နေသော အမေရိကန် CIA အေးဂျင့်တစ်ဦးအား မော်စကိုမြို့တွင် ရုရှား တန်ပြန်ထောက်လှမ်းရေးဌာနက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း RT News တွင် ဖော်ပြသည်။

နမ့်ခမ်းပစ်ခတ်မှု နမ္မတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ညီ သေဆုံး

Photo: နမ့်ခမ်းပစ်ခတ်မှု နမ္မတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ညီ သေဆုံး
Wednesday, May 15, 2013

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် နမ္မတူ ကျားဖြူ ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ညီနှင့် ကားဒရိုင်ဘာတဦး သေဆုံးသွားကြောင်း သိရှိရ ပါသည်။

“ပိုက်လိုင်းတင်ကားပိုင်ရှင်နဲ့ ဒရိုင်ဘာတယောက် သေတယ်။ ကားပိုင်ရှင်က နမ့်ဆန်က။ နမ္မတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းအောင်လှရဲ့ ညီအရင်းဖြစ်တယ်” ဟု နမ့်ခမ်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းကျော်အုန်း က ပြောပါသည်။

ယမန်နေ့ (မေလ ၁၃ ရက်) ည ၉ နာရီကျော် နမ့်ခမ်းမြို့ နမ့်တီးရွာ ဘောလုံးကွင်းအနီး ပိုက်လိုင်း စုပုံထားသည့် နေရာ၌ အမည်မသိ လက်နက်ကိုင်တစုက လာရောက်ပစ်ခတ်ရာ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရ ရရှိကြောင်း ဆို၏။

“ရဲတယောက် ကိုယ်မှာ ကျည်ဆံရှပ်ထိသွားတယ်။ ကားဆရာတယောက် နောက်ကျောမှာ ကျည်ဆံခံ နေတယ်။ ပိုက်လိုင်းစောင့်တဲ့သူရဲ့မိန်းမနဲ့ နောက်ထပ် ကားဆရာတယောက် ဒဏ်ရာရထားတယ်။ အခုဆေးရုံမှာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ၄င်းက ဆက်ပြောပါသည်။

မဲမှောင်နေသည့်အတွက် လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ကို အတိအကျ မပြောနိုင် ကြောင်း၊ သို့သော် သျှမ်းစကား ပြောတတ်ကြောင်း ဒဏ်ရာရရှိသူများက ပြောသည်။

“ကျနော်တို့က ကားဆရာတွေပါ။ သျှမ်းတွေပါလို့ ပြောလည်း ပစ်တာဘဲတဲ့။ ကားမှန်အားလုံး ကွဲတယ်။ ပိုက်လိုင်းစောင့်တဲ့အိမ်ကိုလည်း ပစ်တယ်။ ဘာကြောင့် ပြည်သူလူထုကို ပစ်တာလဲ။ ကျနော် စဉ်းစားလို့မရဘူး။ ခက်တယ်ဗျာ” ဟု ဒေါက်တာ စိုင်းကျော်အုန်း က ပြောပါသည်။

ထို့အပြင် ယမန်နေ့ညကလည်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် ဝိပုရ ပရိယတ္တိစာသင်တိုက်ထောင့်ရှိ ကွမ်းယာဆိုင်တဆိုင်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျည်ဆံ ၁၀ တောင့်ထက်မနည်း ပစ် ခတ်ခဲ့ကြောင်း၊ ကင်းလှည့်နေသည့် ရဲသားတဦး ဒဏ်ရာရရှိသွားကြောင်း နမ့်ခမ်းဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ယမန်နေ့ညက ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် နမ္မတူကျားဖြူပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ညီနှင့် ကားဒရိုင်ဘာတဦး သေဆုံးသွားကြောင်း သိရှိရပါသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံ ရှာဖွေ ဆယ်ယူမည်

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံ ရှာဖွေ ဆယ်ယူမည်

နိုင်ငံခြား ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင် အထည်ဖော် သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူ တစ်ဦးဖြစ်သည့် စာရေး ဆရာ ချစ်စံဝင်းက ပြောသည်။

ဆရာချစ် စံဝင်းက ''အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော်တို့ ဘက်က လည်း ပြင်ဆင်ထားပြီးပြီ၊ လွှတ်တော်မှာလည်း ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ကလည်း ပြင်ဆင်ထားပြီးပြီ လာမယ့် သုံးလလောက်မှာ ဆယ်ယူဖို့ လုပ်ငန်းကို စနိုင် လောက်မယ်'' ဟု ပြောသည်။

ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂ဝ၁၂ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ပြောကြား ခဲ့သည်။ ၎င်းအပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံ သား မိုက်ကယ်မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။ လက်ရှိတွင် နှစ်ပေါင်း လေးရာ အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ် ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက် အလက်များ ကိုလည်း စုဆောင်း ထားသည်ဟု စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက် နစ်မြုပ်နေသည့် ပစ္စည်းများကို  အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွား မည်ဟု သူက ပြောသည်။ ၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် ဆောင်းပါးများကို ဖော်ပြမည့် လစဉ်ထုတ် ဓမ္မစေတီ သတင်းဂျာနယ် တစ်စောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး ပန်းမျိုးတစ်ရာ စာပေမှ ဖြန့်ချိသွားမည် ဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP ကုမ္ပဏီမှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တစ်ခုကိုလည်း ကျင်းပသွားမည်ဟု သူကဆက်ပြောသည်။ ခေါင်းလောင်း တည်ရှိ သည့် နေရာ အတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်း များစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှု များစွာရှိကြောင်း

Read More >> http://bit.ly/12z1L78
နိုင်ငံခြားကုမ္ပဏီတစ်ခု၏အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင်ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်းလုပ်ငန်းကိုယခုနှစ် ဇူလိုင်လတွင် စတင်အကောင် အထည်ဖော်သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူတစ်ဦးဖြစ်သည့် စာရေးဆရာ ချစ်စံဝင်းက ပြော သည်။

မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ၊ မြန်မာစံတော်ချိန် နံနက် ၈း၀၉နာရီ

မုန်တိုင်း MAHASEN အား မြင်တွေ့ရပုံ

မြန်မာစံတော်ချိန် နံနက် ၈း၀၉နာရီ

Photo From Navy

Photo From Navy

ရှီးပဒီးပင် မှိုတမျိုးကြောင့် နီပေါမှာ ကျောင်းတွေပိတ်ရ

ရှီးပဒီးပင် မှိုတမျိုးကြောင့် နီပေါမှာ ကျောင်းတွေပိတ်ရ
Wednesday, May 15, 2013

နီပေါနိုင်ငံမှာ  ဆေးဖက်ဝင်တယ်လို့ ယူဆထားတဲ့မှိုတစ်မျိုးကို ရှာဖွေဖို့ ရွာတချို့က လူတွေအကုန်နီးပါး တောင်တွေပေါ်တက်သွားကြတဲ့အတွက် ကျေးလက်ဒေသကျောင်းတွေကို ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

နီပေါနိုင်ငံပညာရေးဌာနက အရာရှိတွေရဲ့ အဆိုအရ ကျောင်းသား မိဘတွေနဲ့ ကျောင်းသားတွေပါမက ကျောင်းက ဆရာဆရာမတွေပါ တောင်တွေပေါ် တက်ပြီး ဆေးဖက်ဝင် မှိုရှာနေကြတဲ့ အတွက် ကျောင်းတွေကို ပိတ်ထားလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဟိမဝန္တာတောင်ကျော်တလျောက် တောင်ထွတ်တွေမှာပေါက်တတ်တဲ့ ယာချာဂမ်ဘာလို့ခေါ်တဲ့ မှိုကို တချို့က လိင်အင်အားကျဆင်းတဲ့သူတချို့သုံးစွဲကြတဲ့ ဗိုင်ယာဂရာဆေးနဲ့ နှိုင်းပြီး ဟိမဝန္တာဗိုင်ယာဂရာလို့ တင်စားခေါ်ဆိုကြပြီး ကျားမလိင်အင်အားတိုးစေတယ်လို့ တရုတ်တိုင်းရင်းဆေးသမားတွေက ယုံကြည်ကြတဲ့အတွက် အရောင်းအဝယ်တွင်ကျယ်နေတာ ဖြစ်ပါတယ်။

ယာချာဂမ်ဘာမှိုဟာ အမောမလုံပင်ပန်းတတ်တဲ့ရောဂါကစလို့ ကင်ဆာရောဂါအထိ ၉၆ ပါးသောရောဂါတွေအစုံ ပျောက်ကင်းစေတဲ့ ဆေးအမယ်တစ်မျိုးဖြစ်တယ်လို့ တရုတ်တိုင်းရင်းဆေးမှာ အယူအဆရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံနဲ့ တချို့အာရှနိုင်ငံတွေက ဈေးကွက်တွေမှာ ယာချာဂမ်ဘာမှို အလေးချိန် တစ်ပေါင်ဟာ အမေရိကန်ဒေါ်လာ ၁၁,၅၀၀ အထိ ဈေးပေါက်နေတဲ့အတွက် ဈေးနှုံးအရတော့ ရွှေဈေးနဲ့ ငွေဈေးအကြားဝင်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ကြတယ်လို့လည်း သိရပါတယ်။

ယာချာဂမ်ဘာကို မြန်မာနိုင်ငံမှာတော့ ရှီးပဒီးပင်လို့ သိကြပြီး ကချင်ပြည်နယ်ကတောင်မြင့်တွေမှာလည်း ရှာဖွေမှုတွေ ရှိနေပါတယ်။ ရှီးပဒီးမှိုပင်ဟာ ပေါက်ဖတ်ကောင်လေးတွေရဲ့ ခန္တာကိုယ်ထဲမှာ မှိုမျိုးစေ့ဝင်ရောက်နေရာက မှိုကြီးထွားတာတာကြောင့် ပေါက်ဖတ်ကောင်လေးတွေသေဆုံးသွားတဲ့အခါ ပေါက်ဖတ်ကောင်လေးတွေရဲ့ ခန္တာကိုယ်ကိုဖောက်ပြီး မှိုပင်ပေါက်နေတဲ့အတွက် အပင်တစ်ဝက် အကောင်တစ်ဝက်အသွင်ဆောင်နေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူတချို့က ရှီးပဒီးမှိုကို အပင် ၆ လ အကောင် ၆ လဖြစ်တဲ့ အစွမ်းထက်နတ်ဆေးတစ်ပါးလို့ ယူဆကြတာ ဖြစ်ပါတယ်။

ABC Radio Australia
နတ်ဆေးပင်လို့ လူသိများတဲ့ ရှီးပဒီးပင်မှို
နတ်ဆေးပင်လို့ လူသိများတဲ့ ရှီးပဒီးပင်မှို
နီပေါနိုင်ငံမှာ ဆေးဖက်ဝင်တယ်လို့ ယူဆထားတဲ့မှိုတစ်မျိုးကို ရှာဖွေဖို့ ရွာတချို့က လူတွေအကုန် နီးပါး တောင်တွေပေါ်တက်သွားကြတဲ့အတွက် ကျေးလက်ဒေသကျောင်းတွေကို ပိတ်ထားလိုက်ရ တယ်လို့ သိရပါတယ်။

မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ၊ ၁၅-၅-၂၀၁၃ ရက် နံနက် ၀၅း၃၃ နာရီအချိန်

မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.....

၁၅-၅-၂၀၁၃ ရက်
နံနက် ၀၅း၃၃ နာရီအချိန်။

(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ 

(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀ နာရီ အတွင်း) အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျှားနေ ခဲ့ပါတယ်။

(၃) မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH) နှုန်း ရှိနေ ပါတယ်။

(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုဘဲ ဆက်လက်ရွေ့လျှားမယ်လို့ ခန့်မှန်းပါတယ်။

(၅) နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃ နံနက် ၃း၃၀ နာရီ)တွင် မုန်တိုင်း၏ အရွယ်မှာ အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။

(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ မုန်တိုင်းဟာ အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင် မျောပါရွေ့လျှားနေနိုင်ပါတယ်။

(၇) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ အများဆုံးလေတိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့ လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။ 

(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ ကုန်းပေါ်တွင် အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။

(၉) မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။ 

(၁၀) မုန်တိုငးဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုငးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒေါက်တာထွန်းလွင် (MCCW)

မှတ်ချက်။ မုန်တိုငးဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာရှိရာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့မြောက်ပိုင်း ပင်လယ်ပြင်ထဲတိုးဝင်လာတဲ့အခါ ပိုမို ပူနွေးနေတဲ့ ရေပြင်ကြောင့် ပိုအားကောင်းလာနိုင်ပါတယ်။
(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါတယ်။

မေလ ၁၅ ရက် ဗုဒ္ဓဟူးနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်


Photo: မေလ ၁၅ ရက် ဗုဒ္ဓဟူးနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်
Wednesday, May 15, 2013

နိုင်ငံ တဝန်း မိုးထစ်ချုန်းရွာမည်

ရန်ကုန် မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်

မန္တလေး မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်

တောင်ကြီး မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်

စစ်တွေ မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်

ပုသိမ် မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီ စင်တီဂရိတ်

မော်လမြိုင် မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်

မိတ္ထီလာ မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီ စင်တီဂရိတ်

ပျဉ်းမနား မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်

လွိုင်ကော် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

မြိတ် မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်

BBC Burmese

နိုင်ငံ တဝန်း မိုးထစ်ချုန်းရွာမည်

DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြမည်



Photo: DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြမည်
Wednesday, May 15, 2013

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြသွားမည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

DKBA နှင့် BGF တို့အကြား ဧပြီကုန်ပိုင်းက သုံးရက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အပေါ် လေ့လာဆန်းစစ်နိုင်ရန် Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးနှင့် Peace Dialogue ဌာနမှ တာဝန်ရှိသူ ဦးအောင်နိုင်ဦးတို့သည် မေ ၁၁ ရက်က ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင် DKBA နှင့် BGF တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

"DKBA ရော BGF ရော နယ်မြေခံ တပ်မှူးတွေနဲ့ရော ကျွန်တော်တို့ သူတို့ရဲ့ နောက်ဆုံးအခြေအနေတွေ မေးမြန်းတာပါ။ ပြီးတော့ လာမယ့်ကာလတွေမှာ တိုက်ပွဲတွေ ထပ်မံမဖြစ်အောင် တိုက်တွန်းခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် တစ်ခါတရံ အောက်ခြေမှာ ရှုပ်ထွေးမှုတွေ ရှိတတ်တော့ အားလုံးဒါကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

"အားလုံးက တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ ဆန္ဒရှိကြပါတယ်။ ဆွေးနွေးပွဲတွေ ဖြစ်အောင်တော့ ၀ိုင်းကူကြရမှာပေါ့။ ပြဿနာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာကို အထက်ကို တင်ပြသွားမှာပါ။ တွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို တင်ပြသွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်များက ယခင် DKBA တပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ် (BGF) နှင့် DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ဟက်ကြီးရေကာတာ စီမံကိန်းအား အကြောင်းပြုပြီး DKBA တပ်စခန်းများကို ရွှေ့ပြောင်းရန် တပ်မတော်မှ အကြောင်းကြားမှုများနှင့် ပတ်သက်ပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုမှ တာဝန်ရှိသူများက ယခုကဲ့သို့ ကရင်ပြည်နယ်သို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group
(ဓာတ်ပုံ - DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တို့အကြား မြိုင်ကြီးငူဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူအား သယ်ဆောင်လာစဉ်)
(ဓာတ်ပုံ - DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တို့အကြား မြိုင်ကြီးငူဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူအား သယ်ဆောင်လာစဉ်)
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြသွားမည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကို လိမ္မော်ရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ်၊ သက်ရောက်မှုကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အဓိက ခံစားရမည်ဖြစ်ပြီး ချင်း၊ ကချင်၊ စစ်ကိုင်းဒေသများ၌ မိုးသက်လေပြင်း ဒဏ်အချို့ ကြုံတွေ့နိုင်

မုန်တိုင်း အကြို ပြင်ဆင် ရေး အခက် အခဲရှိ