Friday, June 7, 2013

ကားပွဲစားခ ရရှိသည့်ငွေ များထဲမှ ၅၀၀၀ ကျပ်တန်ငွေ စက္ကူအတု များတွေ့ရှိ

Photo: ကားပွဲစားခရရှိသည့်ငွေများထဲမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတုများတွေ့ရှိ

7.6.2013

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၇)နှစ်သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်နေ ကားပွဲစား ဦးဌေးမြင့်(၄၈)နှစ်ထံမှရရှိသည့် ပွဲစားခငွေများအနက် (၅၀၀၀)ကျပ်တန်ငွေစက်္ကူ ၁၅ ရွက်အား မသင်္ကာသဖြင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအပ်နှံထားကြောင်းသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၅-၆-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကခ/AB 7823---ပါ(၁၀)ရွက်၊ ကခ/ AB 7424---ပါ(၂)ရွက်၊ ကင/AE 3823----ပါ(၁)ရွက်၊ ဃခ/ DB 2169320 နံပါတ်တူ(၂)ရွက်၊ စုစုပေါင်း (၅၀၀၀)ကျပ်တန်ငွေစက္ကူ ၁၅ ရွက် အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ပဏာမစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူများမှာ သာမန်စက္ကူအမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေသည်ကို တွေ့ရှိရသည်။ ငွေစက္ကူအစစ်၏အရွယ်အစားမှာ ၁၅၀x၇၀ မီလီမီတာရှိပြီး ယခုတွေ့ရှိသောငွေစက္ကူသည် ၁၄၉x၆၉ မီလီမီတာရှိသဖြင့် အစစ်ထက် အနည်းငယ်သေးသည်ကို တွေ့ရသည်။ 

နံပါတ်စဉ်အက္ခရာများ၏အရောင်မှာမှေးမှိန်နေပြီး ရေစာမှာ အရိပ်ပုံသဏ္ဍာန်သာပါရှိသည်။ လုံခြုံရေးကြိုးနေရာတွင် အရိပ်မည်းသဏ္ဍာန်ပါရှိပြီး ကာလာပရင်တာနည်းဖြင့် ပုံနှိပ်တုပထားခြင်းဖြစ်ကာ လျှို့ဝှက်ချက်များမပါကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါသိမ်းဆည်းရမိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတု၏ အက္ခရာနှင့်နံပါတ်များသည် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာပြီး မြ၀တီမြို့တွင် စတင်တွေ့ရှိခဲ့သော ကခ/AB 7823---- နံပါတ်ပါ ငွေစက္ကူအတုများနှင့် ရှေ့ဂဏန်း(၄)လုံးတူညီနေကြောင်း တွေ့ရှိရသည်။ ကခ/ AB 7824----၊ ကင/AE 3823---- နှင့် ဃခ/ DB 2169---- တို့မှာ ၂၂-၄-၂၀၁၃ ရက်နေ့တွင် မှော်ဘီမြို့နယ်အတွင်း တွေ့ရှိရသော ငွေစက္ကူအတုများနှင့်တူညီနေပြီး ယခုတွေ့ရှိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာသော ငွေစက္ကူအတုများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှ အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၇)နှစ်သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်နေ ကားပွဲစား ဦးဌေးမြင့်(၄၈)နှစ်ထံမှရရှိသည့် ပွဲစားခငွေများအနက် (၅၀၀၀)ကျပ်တန်ငွေစက်္ကူ ၁၅ ရွက်အား မသင်္ကာသဖြင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအပ်နှံထားကြောင်းသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၅-၆-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် သွားရောက်စစ်ဆေးခဲ့သည်။

မြန်မာသံ အမတ်ကြီး ဦးတင်လတ်နှင့်မြန်မာ စစ်သံမှူး မိသားစုများ ထွက်ပြေး တိမ်းရှောင်နေ

မလေးရှာနိုင်ငံဆိုင်ရာမြန်မာသံရုံးအတွင်းသတင်းများအရ

မြန်မာသံအမတ်ကြီးဦးတင်လတ်နှင့်မြန်မာစစ်သံမှူး မိသားစုများသည်

၎င်းတို့  အသတ်ခံရမည်ကိုစိုးရိမ်သဖြင့် မလေးရှားနိုင်ငံတောင်ပိုင်းရှိ

(မွား)ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသတင်းရရှိပါသည်။

မလေးသတင်း
Aung Gyi Gsc

၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်

Photo: ၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်

7.6.2013

လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း(NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့က ပြောကြားလိုက်သည်။

“ဒီဆွေးနွေးပွဲက တိုင်းရင်းသားပါတီတွေရဲ့  ဆွေးနွေးပွဲဖြစ်တဲ့အတွက် တိုင်းရင်းသားကိစ္စတွေကိုပဲ ဆွေးနွေးမယ်။ ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့အခါ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး၊ နောက် ဖက်ဒရယ်ပြည်ထောင်စုကိစ္စတွေကို ဆွေးနွေး သွားမယ်”ဟု NBF အဖွဲ့ဝင်ဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က ကေအိုင်စီသို့ ဆိုသည်။

NBF အဖွဲ့ဝင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောထွန်းဝင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့်အချက်များကို ၎င်း တို့ပါတီမှ အဓိကထား ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ပြောသည်။

ယခုပြုလုပ်မည့် ညီလာခံတွင် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီ (၁၃)ပါတီနှင့် ထပ်မံ တိုးလာ သည့် နှစ်ပါတီ အပါအ၀င် စုစုပေါင်း ၁၅ပါတီက ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရာတွင် တိုင်းရင်း သားများ ရပိုင်ခွင့်ကို ပြင်ဆင် ဖြည့်စွက်နိုင်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က “အဓိကကတော့ ဖက်ဒရယ်ပြည်ထောင် စုပါတီ တည်ထောင်ဖို့ ကျနော်တို့ ပြီးခဲ့တဲ့ နေပြည်တော်မှာ လုပ်တဲ့ NBF ရဲ့ ၁၄ကြိမ်မြောက် ဆွေးနွေးပွဲမှာ သဘောတူထားတာ လေ။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့အခါ တိုင်းရင်းသားရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပယ်ဖျက်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ဖွဲ့ စည်းပုံပြင်တဲ့အခါ အခုဆွေးနွေးထားတဲ့ အချက် တွေကို တစ်ပါတီချင်းအနေနဲ့ရော NBF အနေနဲ့ပါ လွှတ်တော်မှာတင်ပြသွားဖို့ ရှိပါတယ်”ဟု ပြောသည်။

NBF ညီလာခံ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားဒေသများအတွင်း မဲရရှိမှု မဆုံးရှုံးစေရန် ရည်ရွယ်ကာ အဖွဲ့ဝင် တိုင်းရင်းသားပါတီများ စုပေါင်း၍ ဖက်ဒရယ်ပါတီတစ်ခုထူထောင်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးသွားမည် ဟု NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြောခွင့်ရှိသူ ဦးစောသန်းမြင့်က ယခုနှစ် မေလဆန်းပိုင်းက ပြော ကြားခဲ့သည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ကို ၂၀၁၀ ရွေးကောက်အပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီများဖြင့် စတင် တည်ထောင်ခဲ့ပြီး ယခုအချိန်၌ အင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီတို့ အဖွဲ့ဝင်ဖြစ်လာကာ ၇ပါတီကို အမြဲတမ်းအဖွဲ့ ဝင်အဖြစ် သတ်မှတ်ထားသည်။

National Brothers Federation-NBF စတင် တည်ထောင်စဉ်ကတည်းက နှစ်လလျှင်တစ်ကြိမ် စုံညီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခု ၁၅ကြိမ်မြောက် ညီလာခံကို ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့ ၌ ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် ၀၊ ဓနု၊ တအာင်း၊ တိုင်းလိုင်(ရှမ်းနီ) နှင့် ချင်း စသည့် တိုင်းရင်းသားပါတီများမှ လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိကာ ယခုညီလာခံ တွင် အစည်းအဝေးလေးကြိမ် တက်ရောက်ပြီးသည့်ပါတီများကို အဖွဲ့ ဝင်အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

KIC (Karen Information Center)
လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့ က ပြောကြားလိုက်သည်။

စစ်မှုထမ်းဟောင်းတစ်ဦးမှ UNITY သို့ပေးစာ (အပိုင်း-၂)

ကျွန်တော်တို့တပ်ရင်း၊ တပ်ဖွဲ့တွေမှာ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် စစ်သည်တစ်ဦးတည်းကိုသာ မဟုတ်ဘဲ စစ်သည်၏ဇနီး၊ မှီခိုသူမိသားစုဝင်တွေ၊ စစ်သည်ရဲ့မိဘတွေကိုပါမကျန် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခမဲ့ ဆေးကုသမှုတွေကို လုပ်ဆောင်ပေးပါတယ်။ တပ်မတော်မှ ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေ၊ အခမဲ့ဆေးကုသမှုတွေပေးသလိုတပ်ရင်းများအလိုက်လည်း ငွေကြေးထောက်ပံ့မှုတွေလည်းဆောင်ရွက်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိသားစုများကို တပ်ရင်းအနေဖြင့် ထောက်ပံ့သလို တပ်ရင်းမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှလည်း ထောက်ပံ့မှုတွေပေးပါတယ်။

ရုရှား သမ္မတ ပူတင် ဇနီးနှင့် ကွာရှင်း

Photo: ရုရှားသမ္မတပူတင် ဇနီးနှင့်ကွာရှင်း

7.6.2013

ရုရှားသမ္မတ Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်းလာတဲ့ သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။ ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက ဘဲလေးကပွဲ တခုကို တက်ရောက် အပြီး ပြုလုပ်တဲ့ ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းအတွင်း ကြေညာခဲ့ကြ တာပါ။ ရုရှားသမ္မတနဲ့ ဇနီးတို့ အတူပူးတွဲ ပြုလုပ်တဲ့ မေးမြန်းခန်း အတွင်းမှာတော့ ကွာရှင်းဖို့ ၂ ယောက်စလုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့ အကြောင်း ပြောခဲ့ကြပါတယ်။ အများပြည်သူ အာရုံစိုက်ခံရတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဇနီးသည်က သဘောမကျ ဘူးလို့လည်း သမ္မတ Putin က သတင်းထောက်ရဲ့ အမေးကို ဖြေကြားခဲ့တာပါ။

ဇနီးဖြစ်သူကတော့ သူတို့ ၂ ဦးကြား ဘယ်တုန်းကမှ သဘောထား မတိုက်ဆိုင်ခဲ့ကြသလို၊ ကိုယ်ပိုင်ဘ၀မှာသာ နေခဲ့ကြ တာမို့ အိမ်ထောင်ရေး အဆုံးသတ်ရတာလို့ ပြောပါတယ်။ လူအများ အာရုံစိုက်ခံရတာကို သူ့အနေနဲ့ သဘောမကျသလို၊ လေယာဉ်စီးပြီး ခရီးသွားရတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်။ ၂ ယောက်စလုံးကတော့ သားသမီးတွေကိုတော့ ချစ်မြတ်နိုးကြတဲ့ အကြောင်းနဲ့ မိတ်ဆွေတွေ အဖြစ်နဲ့ ဆက်လက် ဆက်ဆံသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ကြတာပါ။ ၁၉၈၃ ခုနှစ်က လက်ထပ်ခဲ့ကြပြီးတဲ့နောက်မှာတော့ သူတို့မှာ သမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။ 

VOA
ရုရှားသမ္မတ Vladimir Putin နဲ့ နှစ်ပေါင်း ၃၀ ကြာ အိမ်ထောင်ဖက် အဖြစ်ပေါင်းသင်းလာတဲ့ သူ့ဇနီး Lyudmila တို့ဟာ ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံသား နှစ်ထောင်ကျော် ၂၀၁၅ခုနှစ်တွင် အလုပ်အကိုင် ရရှိရန် မျှော်မှန်းနိုင်

Photo: မြန်မာနိုင်ငံသား နှစ်ထောင်ကျော် ၂၀၁၅ခုနှစ်တွင် အလုပ်အကိုင်ရရှိရန် မျှော်မှန်းနိုင်
Friday, June 07, 2013

မြန်မာနိုင်ငံရှိ လူဦးရေ(၂၀၀၀)ကျော်ကို၂၀၁၅ ခုနှစ်တွင် အလုပ်အကိုင်ရရှိစေရန် ပြုလုပ်ပေးမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသည့် Unilever ကုမ္ပဏီထံက သိရှိရသည်။ 

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်သော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။ 

“ အခုလက်ရှိမှာတော့ ပြည်တွင်းမှာ စက်ရုံ လည်ပတ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့ မြန်မာ လုပ်သားတွေကို သင်တန်းထပ်ပေးပါတယ်၊ အခု ဒီကို Export ပြန်သွင်းတဲ့သဘောပဲပေါ့၊ သူတို့ကို အခု စက်ရုံမှာ နေရာပြန်ပေး သွားမှာပါ၊ အခု ဇွန်လအကုန်ကျရင် ၀န်ထမ်းပေါင်း ၁၅၀ ကျော်အထိ ခန့်အပ်သွားမှာပါ” ဟု Unilever ကုမ္ပဏီမှ Chief Operating Officer ဖြစ်သူ Mr. Harish Manwani က ပြောသည်။ 

Unilever ကုမ္ပဏီသည် ၂၀၁၀ ခုနှစ်အချိန်မှစ၍ ကြားခံကုမ္ပဏီများမှ တစ်ဆင့် ပြည်တွင်းသို့ ခနော ကြက်သားမှုန့်၊ Sunsilk ၊ Clear ၊ Lux ၊ Ponds ၊ Close up နှင့် Sunlight အစရှိသည့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းခဲ့သည်။

Unilever ကုမ္ပဏီသည် ပြည်တွင်းရှိ လယ်ယာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများကို ကူညီ   ထောက်ပံ့ပေးမည့် အပြင် လာမည့် (၂) နှစ်မှ (၃) နှစ်အတွင်း ကျောင်းနေအရွယ် ကလေး (၄) သန်းကျော် အတွက် ဦးတည်၍ ကျန်းမာရေးနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ 

“ဒီလို ကုမ္ပဏီကြီးတွေ ပြည်တွင်းကို ၀င်ရောက်လာတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု ၀င်လာပြီဆိုရင် ကိုယ့်ဘက်ကို ပေးတာပဲ မကြည့်သင့်ပါဘူး၊ အဲဒီ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ ကုမ္ပဏီကလည်း အကျိုးအမြတ်ရှိလို့ လုပ်တာပဲလေ၊ ပြည်တွင်းက လူတွေကိုပဲ အလုပ်ပြန်ပေးမယ်ဆိုတာလည်း ကောင်းပါတယ်၊ ဒါပမဲ့ ဒါကတော့ စောင့်ကြည့်ရဦးမယ့်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။

ထိုင်းနိုင်ငံရှိ Unilever စက်ရုံတွင် စက်ရုံ ၀န်ထမ်းပေါင်း ၂၀၀ ဦးရေခန့် ရှိပြီး လုပ်ငန်း စတင်ပါက အဆိုပါ ၀န်ထမ်းများမှ အချို့ကို မြန်မာနိုင်ငံသို့ ခေါ်ကာဝန်ထမ်းခန့်အပ်မည် ဖြစ်ကြောင်း သိရှိရသည်။

မြစ်မခ
မြန်မာနိုင်ငံရှိ လူဦးရေ(၂၀၀၀)ကျော်ကို၂၀၁၅ ခုနှစ်တွင် အလုပ်အကိုင်ရရှိစေ ရန် ပြုလုပ်ပေး မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသည့် Unilever ကုမ္ပဏီထံက သိရှိရသည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်သော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။

ဘန်ကောက် မြို့မြန်မာ သံအရာ ရှိများ မဲဆောက် ကိုသွား

Photo: ဘန်ကောက်မြို့မြန်မာသံအရာရှိများ မဲဆောက်ကိုသွား 
Friday, June 07, 2013

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအားလုံး တရားဝင်အလုပ်သမားဟုတ်သည်ဖြစ်စေ၊မဟုတ် သည်ဖြစ်စေ သူတို့ရဲ့အလုပ်သမားရပိုင်ခွင့်တွေရရှိဘို့နဲ့ အလုပ်ရှင်ရဲ့မတရားပြုမူခြင်းတွေမခံရဘို့အတွက် မြန်မာသံရုံးကနေအကူအညီပေးသွားမဲ့အကြောင်း လာရောက်ပြောဆိုတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသား တွေရဲ့အကျိုးကိုပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနေ့မှာလာရောက်တွေ့ဆုံရတဲ့အကြောင်းပြောကြားပြီး တာ့ခ်ခရိုင်အတွင်းမှာ ဒီလအတွင်းမော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတဲ့မြန်မာအလုပ်သမား ၂ ဦးအတွက် တဦးကို ထိုင်းဘတ်ငွေ ၁ သောင်းနဲ့အမေရိကန်ဒေါ်လာငွေ ၂၀၀ စီအကူငွေပေးအပ်ခဲ့ပါတယ်။

မြန်မာသံရုံးရဲ့နစ်နာကြေးငွေပေးအပ်မှုနဲ့ပတ်သက်ပြီး အဝေးရောက်ဧရာဝတီအလုပ်သမားအဖွဲ့က ကိုသောင်းလှိုင်က ... ”အရင်ကဒါမျိုးတခါမှမရှိခဲ့ဘူး ဒါဟာကျွန်တော်တို့မြန်မာအလုပ်သမားတွေအတွက် ရောင်ခြည်ဦးအစဘဲလို့”ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။

ဘန်ကောက်မြန်မာသံရုံးကနေ အရင်လတွေကတာ့ခ်ခရိုင်အတွင်းနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လုပ်ငန်းခွင်နဲ့မော် တော်ယဉ်မတော်တဆမှုတွေမှာသေဆုံးခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နစ်နာကြေးငွေ တွေရရှိဘို့ကူညီခဲ့တာတွေရှိခဲ့တယ်လို့ မဲဆောက်မှာမြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲမှန်သမျှကို မြန်မာသံရုံးကအချိန်မရွေးအကူအညီပေးမှာဖြစ်တဲ့အတွက် သံရုံးကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း မြန်မာအလုပ်သမားဆိုင်ရာသံမှူးကဆိုပါတယ်။

သူ့အဆိုအရထိုင်းနိုင်ငံလိုဘဲ မြန်မာအလုပ်သမားအရေးတွေကိုကိုင်တွယ်နိုင်ဘို့ တောင်ကိုရီးယား၊မလေးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာလည်း မြန်မာအလုပ်သမားသံမှူးတွေထားရှိပြီးလုပ်ငန်းအကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

ဒီနေ့တက်ရောက်လာတဲ့ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးရဲ့အလုပ်သမားဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အချို့နေရာဒေသတွေမှာမြန်မာအလုပ်သမား တွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်ပြီး သံရုံးရဲ့လုပ်ဆောင်မှုတွေဟာ အတော့ကိုနှောင့်နှေးကြန့်ကြာမှုတွေရှိနေသေး တဲ့အတွက် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ဘို့လိုသေးတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

မဲဆောက်မှာအခုလို မြန်မာသံရုံးကတာဝန်ရှိသူတွေ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လာရောက် တွေ့ဆုံဆွေးနွေးတာ ဒေသတွင်းမှာပထမဆုံးအကြိမ်ဘဲဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ တင်ပြကြတဲ့ မြန်မာအလုပ်သမားတွေရဲ့အခက်အခဲတွေ ကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဘို့ ထိုင်းအစိုးရအပါအ၀င် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး ပြောဆိုသွားမယ်လို့မြန်မာသံမှူးကပြောပါတယ်။

မဲဆောက်မှာဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲကို မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဧရာဝတီblog
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိတဲ့မြန်မာအလုပ်သမား ၄ သိန်းရဲ့ အခြေအနေတွေကိုသိရှိနိုင်ဘို့ အတွက် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အလုပ်သမားရေးရာသံမှူး ဦးကျော်ကျော်လွင် ဒီနေ့ မဲဆောက်မြို့ကိုရောက်ရှိလာပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၃၇ ဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးနေပါတယ်။

လျှပ်စစ်ဝန် ကြီးစကား မတည် မိုးညှင်းမြို့ ကြီးမှောင်ေ နဆဲပါ

Photo: လျှပ်စစ်ဝန်ကြီးစကားမတည် မိုးညှင်းမြို့ကြီးမှောင်နေဆဲပါ
Friday, June 07, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် ရေခံမြေခံကောင်းမွန်ပြီးမြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသောမြို့နယ်ဖြစ် သည်။ စိုက်ပျိုးရေးကို အခြေခံပြီးတိုးတက် လျက်ရှိကာ မိုးညှင်းမြို့နယ်သည်ကချင် ပြည်နယ်၏စပါးကျီအဖြစ်သတ်မှတ်ခံထား ရပေသည်။ မိုးညှင်းမြို့နယ်မှ ထွက်ရှိသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ကချင်ပြည်နယ်အနှံ့အပြားတွင်သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့အထိ ကုန်စည်စီးဆင်းလျက်ရှိသည်။

ပညာရေးအလေးပေးသောမြို့တစ် မြို့ဖြစ်ပြီးနှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင် ချက်ကောင်းပြီး ကချင်ပြည်နယ်တွင် ပထမအဆင့်အဖြစ်အဆက်ဆက်ရရှိခဲ့ သဖြင့် မိုးညှင်းခရိုင်အဖြစ်တိုးမြှင့်သတ်မှတ် ကာအစိုးရနည်းပညာကောလိပ်ကျောင်းနှင့် မိုးညှင်းဒီဂရီကောလိပ်တို့ဖွင့်လှစ်ကာနိုင်ငံ တော်အတွက် မျိုးဆက်သစ်လူငယ်များ ထွန်းကားသောမြို့တစ်မြို့ဖြစ်ပေသည်။
သို့သော်မိုးညှင်းမြို့သည်ခရိုင်မြို့တစ် မြို့ဖြစ်သော်လည်း လျှပ်စစ်မီးရရှိမှု၊လမ်း ပမ်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများချ ထားပေးမှုတို့မှာ ခရိုင်မြို့အဆင့်နှင့် မညီ ညွတ်ကြောင်း လေ့လာတွေ့ရှိရသည်။

မိုးညှင်းမြို့နှင့် လျှပ်စစ်မီး
မိုးညှင်းမြို့သည်ဂလိုင်ချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှထုတ်လုပ် သော လျှပ်စစ်မီးကိုအသုံးပြုနေရပေသည်။ ဂလိုင်းချောင်းဓာတ်အားပေးစက်ရုံသည် ဟိုပင်မြို့နယ်ခွဲ၊ ငါးမိုင်ကျေးရွာ၏အရှေ့ ဘက် (၃) မိုင်ခန့်အကွာတွင် တည်ရှိကာ အဆိုပါစက်ရုံကို (၁၉၉၀) ခုနှစ် ဖေဖော်ဝါရီလတွင် စတည်တည်ဆောက် ကာ (၁၉၉၁) ခုနှစ်အောက်တိုဘာလ (၇) ရက်နေ့တွင် ဓာတ်အားများထုတ် လွှတ်အသုံးပြုနိုင်ခဲ့သည်။

အဆိုပါစက်ရုံတွင် (၆၃၀) ကီလိုဝပ် စက်ကြီး (၂) လုံးတပ်ဆင်ထားပြီးပြည်သူ လူထုထည့်ဝင်ငွေ (၂၀၄) သိန်း၊ နိုင်ငံတော် မှထည့်ဝင်ငွေ (၆၈) သိန်း၊ နိုင်ငံခြားမှ ကူညီငွေ (၁၂) သိန်း၊ စုစုပေါင်း (၂၈၄) သိန်းကုန်ကျခဲ့ပေသည်။ ယခုအခါစက်ရုံ သက်တမ်းမှာ (၂၂) နှစ်အတွင်းရောက်ရှိ ခဲ့ပြီး စက်ကရိယာများလည်း ထုတ်လုပ် မှုစွမ်းအားကျဆင်းကာပျက်စီးယိုယွင်း သည့်ဘက်သို့ရောက်ရှိနေပေပြီ။

ထိုသို့စက်ရုံမှဓာတ်အားထုတ်လုပ်မှု ကျဆင်းလာသော်လည်း မိုးညှင်းမြို့နယ် အတွင်းရှိ ဟိုပင်မြို့နယ်ခွဲ၊ နမ်္မားဒေသနှင့် မိုးညှင်းမြို့တို့တွင်ခေတ်စနစ်တိုးတက်ပြောင်း လဲလာသည်နှင့် အညီလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် မမျှ မတဖြစ်ကြရပေသည်။

နိုင်ငံတော်မှ ကချင်ပြည်နယ်အတွင်း အသုံးပြုနိုင်ရန်အတွက် (၂၀၀၉) ခုနှစ် မှစတင်၍ မိုးညှင်းမြို့တွင် (၆၆ KV) ဓာတ်အားခွဲစက်ရုံတစ်ရုံ၊ မိုးကောင်းမြို့ တွင် (၆၆ KV) ဓာတ်အား ခွဲစက်ရုံတစ် ရုံတည်ဆောက်ကာတာပိန်ရေအားလျှပ်စစ် ထုတ်လုပ်ရေးမှ ဖြန့်ဖြူးရန်စီစဉ်ခဲ့သည်။

အဆိုပါဓာတ်အားခွဲစက်ရုံများ (၂၀၁၀) ခုနှစ်တွင်ပြီးစီးခဲ့သော်လည်း ဓာတ်အားလက်ခံရယူဖြန့်ဖြူးနိုင်ခြင်းမရှိ ချေ။ ကချင်ပြည်နယ်တည်ငြိမ်အေးချမ်း မှုမရှိ၍ တာပိတ်ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိ၍ ကျောက် ပုထိုးဓာတ်အားခွဲရုံမှပေးမည်ဟူ၍လည်း ကောင်း၊ ချီဖွေငယ်ရေအားလျှပ်စစ်မှရ မည်ဟူ၍လည်းကောင်း၊ မိုးညှင်းခရိုင်ဒေသ ခံပြည်သူတို့ပျားရည်ဖြင့် ၀မ်းချခံနေကြ ရသည်။ သို့သော်လျှပ်စစ်မီးကတော့ မျှော်သာမျှော်မပေါ်လာခဲ့ပါ။
မိုးညှင်းမြို့နှင့် လမ်းပမ်းဆက်သွယ်ရေး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် မန္တလေး၊မြစ်ကြီးနား၊ မီးရထားလမ်း၊ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားပြည်ထောင် စုကားလမ်းမကြီးတို့ဖြတ်သန်းသွားသည့် မြို့တစ်မြို့ဖြစ်သည်။

ပြည်ထောင်စုကား လမ်းမကြီးသည် နွေ၊ မိုး၊ ဆောင်းအသုံး ပြု၍မရဘဲသွားလာမှုခက်ခဲသောလမ်း တစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊အင်းတော်မြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးမှာ ဆုထူးပန် ကုမ္ပဏီမှတာဝန်ယူခင်းခဲ့ပြီးကောင်းမွန် သောလမ်းဖြစ်လာခဲ့သော်လည်း အင်းတော်မြို့နယ်၊ နန့်စီးအောင်ကျေးရွာ အလွန်၊ ကချင်ပြည်နယ်အ၀င်၊ မိုးညှင်းမြို့ နယ်အစတွင် ပြည်ထောင်စုလမ်းမကြီး မှာ သွားလာမှုခက်ခဲနေပါသည်။
၁၉၉၅ ခုနှစ်ကာလတွင် မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားပြည်ထောင်စုလမ်းမ ကြီးအား ပြည်သူလူထုများပူးပေါင်း၍ ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါကတ္တရာဆို၍ အစအနရှာမရ သည့်နေရာများအတော်များများရှိနေပါ သည်။

မှော်ဒေသသို့ကျောက်မျက်တူး ဖော်ရေးလုပ်ငန်းလုပ်ကိုင်ကြသည့်ကုမ်္ပဏီ မှ ကားကြီးများ၏ဒဏ်ကိုဒေသခံပြည်သူ တို့ခံစားရခြင်းဖြစ်ပေသည်။
ထိုကဲ့သို့ပြည်ထောင်စုလမ်းမကြီး ညံ့ဖျင်းသလိုမန္တလေး၊ မြစ်ကြီးနား၊ ရထား လမ်းမှာလည်းညံ့ဖျင်းလှပါသည်။ မကြာ ခဏလမ်းချော်ခြင်း၊ တောင်ပြို၍ရထား လမ်းပျက်စီးခြင်း၊ ရေကျော်၍ရထားများ အချိန်မမှန်ခြင်းတို့ဖြစ်ကြရသည်။ အချို့ နေရာ (ဘုံချောင်းနှင့် နမ်းခမ်းဘူတာ) အကြားတွင် မကြာခဏတောင်ပြိုခြင်း၊ လမ်းပျက်ခြင်းတို့ကြောင့် ခရီးသွားပြည်သူ တို့အခက်အခဲဖြစ်ကြရပေသည်။
မိုးညှင်းမြို့တွင်လည်း ဆက်သွယ် ရေးစနစ်တိုးတက်လာသည်နှင့် အမျှလူ တိုင်းနီးပါးဖုန်းကိုင်လာကြသည်။ တန်ဖိုး ကြီးသော ဆယ်လူလာ၊ စီဒီအမ်အေ လက်ကိုင်ဖုန်းများကို လူအများမသုံးနိုင် ကြသော်လည်း (၂) သိန်းတန် GSM မှ စ၍မိုးညှင်းမြို့နေအိမ်ထောင်စုအတော် များများဝယ်ယူလျှောက်ထားသုံးစွဲလာ ကြသည်။ သို့သော် (၂) သိန်းတန် GSM လက်ကိုင်ဖုန်းမှာ မိုးညှင်းမြို့တွင် သုံးစွဲလို သူများအတွက်လုံလောက်သောအရေ အတွက်ရောင်းချပေးနှိုင်ခြင်းမရှိပေ။
ထို့နောက် ၁၅၀၀ ကျပ်တန်၊ တန်ဖိုး နည်းဖုန်းကတ်များ မိုးညှင်းမြို့တွင် ဧပြီ လ ၂၄ ရက်နေ့တွင် မဲစနစ်ဖြင့် စနစ်တကျ ရောင်းချပေးခဲ့ရာ အဆိုပါမဲနှိုက်မှုအတွက် ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ချထားပေးသော ခွဲတမ်းစနစ်အားအများ ပြည်သူတို့မကျေနပ်မှုများဖြစ်ပွားခဲ့ပေ သည်။ ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်ခွဲတမ်း အတွက် (၁၅၁၇) လုံးဟုအစောပိုင်းကာ လကကြေညာထားသော်လည်း လက်တွေ့ ရောင်းချပေးသည့်အခါ (၁၀၁၇) လုံးသာ ရောင်းချပေးခဲ့သည်။ ပျောက်ဆုံးသွား သော အလုံးအရည်အတွက် (၅၀၀) မှာ မှားယွင်းပါလာသဖြင့် နေပြည်တော်မှ ပြန်ယူသွားကြောင်း ဆက်သွယ်ရေးဝန် ထမ်းတစ်ဦးမှဖြေရှင်းချက်ပေးခဲ့သည်။
အဆိုပါဖြေရှင်းချက်နှင့် ပတ်သက် ၍ ပြည်သူတစ်ဦး၏မှတ်ချက်မှာ “ဒီဖြေ ရှင်းချက်ဟာလက်ခံနိုင်ဖွယ်မရှိပါဘူး။ မိုးညှင်းမြို့ကိုချပေးတဲ့ ခွဲတမ်းဟာ ကချင် ပြည်နယ်ခွဲတမ်းထဲက ချပေးတာဖြစ်တယ်။ ပြန်သိမ်းမယ်ဆိုရင်လဲ ပြည်နယ်ကသာပြန် သိမ်းရမှာဖြစ်တယ်။နေပြည်တော်ကလာ သိမ်းစရာအကြောင်းမရှိဘူး။ မှားယွင်း တယ်ဆိုတာကလဲ မဖြစ်နိုင်ဘူး။ ဒီတာဝန် ကိုယူထားတဲ့ လူတွေကမှားပြီးပေးရလောက် အောင်ညံ့ဖျင်းနေသလား။ ဒါဟာလက်မ ခံနိုင်တဲ့ကိစ္စပဲ”ဟု ရင်တွင်းစကားပြောကြား ခဲ့သည်။

မိုးညှင်းမြို့နယ်အတွက်ရရှိသော (၁၀၁၇) လုံအားခွဲဝေရာတွင် ၀န်ထမ်းများ အား (၂း၃)ဖြင့် သတ်မှတ်ခဲ့သဖြင့် ပြည်သူလူထုအား (၆၇၈) လုံး၊ ၀န်ထမ်း များအား (၃၃၉) လုံးခွဲတမ်းချရောင်းပေး ခဲ့သည်။ လျှောက်ထားသည့်ဝန်ထမ်းအရေ အတွက်မျာ (၃၂၇) ဦးသာရှိသဖြင့် (၁၂) လုံးပိုနေသည်။ ပြည်သူလူထု၏လျှောက် ထားမှုမှာ အလုံး (၁၃၀၀) ကျော်ရှိနေ သဖြင့် လျှောက်ထားသူအရေအတွက်၏ တစ်ဝက်ခန့်သာရရှိကြသည်။
ယခုအခါတန်ဖိုးနည်းဖုန်းများကို မြန်မာပြည်အနှံ့တွင် ဒုတိယအကြိမ်ရောင်း ချပြီးဖြစ်သော်လည်း မိုးညှင်းမြို့အတွက် ခွဲတမ်းမရှိဟုသတင်းစကားရရှိပြီး ဒုတိယ အသုတ်မရောင်းချတော့ပေ။ မိုးညှင်းမြို့ ကြီးကံဇာတာညှိုးမှိန်နေဆဲပါ။ တချို့က လည်း မိုးညှင်းဆိုတော့ မင်းညှိုးတာပေါ့ ဟုပြောနေကြသည်။
မိုးညှင်းမြို့ကြီးကံဇာတာတက်ပြီး လျှပ်စစ်မီးများအများနည်းတူရရှိအောင် ပြည်ထောင်စုလမ်းမကြီးအခြားပြည်နယ် နှင့် တိုင်းများကဲ့သို့ရာသီမရွေးသွား လာနိုင်အောင် တယ်လီဖုန်းခွဲတမ်းများ အခြားခရိုင်မြို့ကြီးများရရှိသလိုရရှိအောင် အာဏာပိုင်များနှင့် တာဝန်ရှိသူအပေါင်း တို့မှကူညီစောင့်ရှောက်မှုအပေါင်းကို မိုးညှင်းခရိုင်ဒေသခံပြည်သူတို့မျှော်လင့် စောင့်စားလျက်ရှိပါကြောင့် စတုတ္ထ မဏ္ဍိုင်ကဏ္ဍမှ ရေးသားလိုက်ရပါသည်။

သစ္စာ(မိုးညှင်း)

Hot News
ကချင်ပြည်နယ်၊ မိုးညှင်းမြို့သည် ရေခံမြေခံကောင်းမွန်ပြီးမြေပေါ်မြေအောက် သယံဇာတပေါကြွယ် ၀သောမြို့နယ်ဖြစ် သည်။ စိုက်ပျိုးရေးကို အခြေခံပြီးတိုးတက် လျက်ရှိကာ မိုးညှင်းမြို့နယ်သည် ကချင် ပြည်နယ်၏စပါးကျီအဖြစ်သတ်မှတ်ခံထား ရပေသည်။ မိုးညှင်းမြို့နယ်မှ ထွက်ရှိသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ကချင်ပြည်နယ်အနှံ့အပြားတွင်သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့အထိ ကုန်စည်စီးဆင်းလျက်ရှိသည်။

အမေရိကန်ဘက်မှ ဆိုင်ဘာတိုက်ခိုက်မှုများအတွက် အချက်အလက်များစွာရှိကြောင်း တရုတ်ဆို

 ဆိုင်ဘာတိုက်ခိုက်မှုများသည် တရုတ်မှ ဖြစ်သည်ဟူသော အမေရိကန်နိုင်ငံဘက်မှ စွပ်စွဲချက်ကို တရုတ် တို့က ၎င်းတို့ ဘက်တွင်လည်း သက် သေများရှိကြောင်း ယခုတစ်ပတ်အတွင်း သမ္မတများ မတွေ့ဆုံမီ သတိပေးစကားပြောကြားပြီး ပြန်လှန်ပြောကြားလိုက်သည်။

မြစ်ကြီးနားကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသင်းသားလိုင်စင် လိုအပ်လျက်ရှိ

Photo: မြစ်ကြီးနားကျောက်မျက်အသင်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသင်းသားလိုင်စင် လိုအပ်လျက်ရှိ

ဇွန်လ ၇ ရက် ၂၀၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဖွဲ့စည်းထားသည့် ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုးတိုးတက်ရန်အ တွက် အဓိကအချက်အဖြစ် အစိုးရအဖွဲ့မှ မြစ်ကြီးနားအသင်းသား လိုင်စင်ချပေးခြင်း မရှိသေးကြောင်းနှင့် မြစ်ကြီးနားမြို့ နယ်ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အဓိကကတော့ အခုချိန်ထိ မြစ်ကြီးနား ကျောက်မျက်အသင်းသားလိုင်စင် မချပေးသေးတာပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လဲ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကိုပါ စာတင်ထားတာ လေးငါးကြိမ်လောက်ရှိပါပြီ”ဟု ၎င်းက ပြောကြား သည်။

 ထို့နောက် ယခုမြစ်ကြီးနားမြို့နယ်တွင် အချောထည်ကျောက်မျက်များ ရောင်းဝယ်ရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ရတနာဈေးတွင် အရောင်းအဝယ် အဆင်ပြေရန် အတွက် ဖားကန့်မြို့နယ်မှ မြစ်ကြီးနားမြို့နယ်သို့ တရားဝင်ကျောက် မျက်သယ်ယူခွင့် မပေးထားသေးကြောင်းနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စာတင် ထား ပြီးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

 “ပြီးတော့ တခုဆိုးတာက ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်က မြစ်ကြီးနားမှာ ကျောက်မျက်လုပ်နေတဲ့ လုပ်ငန်းတွေ မရှိဘူး ဆိုတာရယ် ကျောက်မျက် အရောင်းဆိုင်တွေ မရှိဘူးဆိုတာကို လက်ခံနေတုန်းပဲ။ အမှန်က တနိုင်တပိုင် အနေနဲ့ အိမ်တွေ မှာ ကျောက်မျက်ကို ပန်းပုထုတာတို့ ပယင်းကျောက်ကို ပုံဖော်ပြုလုပ်ပြီး တရုတ်ဖက် ကို ရောင်းနေတာတွေ ရှိပါတယ်။ မြို့ပေါ်မှာလဲ ကျောက်မျက်အရောင်းဆိုင် တော်တော်များများ ရှိနေပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။

 လက်ရှိအချိန်ထိ ကျောက်မျက်များအား ဖားကန့်မှ မြစ်ကြီးနားသို့ တရားမဝင်သာ သယ်ယူပို့ဆောင်လျက်ရှိပြီး လမ်းတွင် အခွန်အခများ အဆမတန် ပေးဆောင်နေရ သည့်အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်မှ မြစ်ကြီးနားမြို့ပေါ်တွင် ကျောက်မျက်လုပ်ငန်းများ လုပ်ဆောင်နေခြင်းနှင့် ကျောက်များ ရောင်းချသည့်ဆိုင်များ မရှိသေးဆိုသည့် အချက်ကို အဓိက ထားပြောဆိုနေသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဖွဲ့စည်းထားသည့် ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကအချက်အဖြစ် အစိုးရအဖွဲ့မှ မြစ်ကြီးနားအသင်းသား လိုင်စင်ချပေးခြင်း မရှိသေးကြောင်းနှင့် မြစ်ကြီးနားမြို့ နယ်ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းနှင့် နီးစပ်သူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ် စီမံကိန်း တင်ဒါထပ်ခေါ်မည်

Photo: ထားဝယ်စီမံကိန်း တင်ဒါထပ်ခေါ်မည်
Friday, June 07, 2013

ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် များပါဝင်သော ထားဝယ် စီမံကိန်း ရှေ့ဆက် နိုင်ရေး အတွက် လုပ်ငန်းအလိုက် တင်ဒါ အသီးသီး ခေါ်ယူမည် ဖြစ်ကြောင်း ထားဝယ် စီးပွားရေးဇုန် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The Voice သို့ ပြောကြားသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းလုပ်ကိုင်သော စီမံကိန်းအဖြစ် အသွင်ပြောင်း ပြီးနောက် စီမံကိန်းကို ကဏ္ဍအလိုက် ဖော်ဆောင်မည် ဖြစ်ပြီး လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့် လုပ်ငန်းကဏ္ဍ အလိုက် အခြားသော နိုင်ငံခြားရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ် စီမံကိန်း ဆက်လက် လုပ်ကိုင်ရန် သေချာသော ဘဏ္ဍာရေး အရင်းအမြစ် မရရှိသေးချိန်တွင် သူရ ဦးသောင်းလွင် က ယင်းသို့ ထုတ်ဖော်ပြောဆို လိုက်ခြင်းဖြစ် ပြီး မည်သည့်အချိန်တွင် တင်ဒါခေါ်မည်ကို မသိရသေးပေ။

အရှေ့တောင်အာရှတွင် အကြီးဆုံး အထူးစီးပွားရေးဇုန် ဖြစ်လာမည်ဆိုသော ထားဝယ် စီမံကိန်းတွင် သင်္ဘော ဆယ်ဂဏန်း တစ်ပြိုင်နက် ဆိုက်ကပ်နိုင်သော ရေနက် ဆိပ်ကမ်း၊ ရေနံ ဓာတုစက်ရုံ စသည်တို့ ပါဝင်သော အကြီးစား စက်ရုံများ၊ ကားထုတ်လုပ်ရေး စသည်တို့ ပါဝင်သော အလတ်စား စက်မှုဇုန်များ၊ အခြားအသေးစား စက်မှုဇုန် များပါဝင်ပြီး စီမံကိန်းအတွက် လျှပ်စစ် စွမ်းအင်ကို မည်သည့် အရင်းအမြစ်မှ ရယူမည်ကို မသေချာသေးပေ။

ITD က ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ရန် လျာထားခဲ့ သော်လည်း အစိုးရက လက်မခံခဲ့ပေ။

ထားဝယ် စီမံကိန်းသည် ရင်းနှီး မြှုပ်နှံမှုပမာဏ များပြားသည့် အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီတစ်ခု တည်းဖြင့် မလုပ်ဆောင်နိုင်သောကြောင့် ငွေကြေးထောက်ပံ့မှု ရနိုင်ရန် အစိုးရချင်း ပူးပေါင်း လုပ်ကိုင်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းပြီးနောက် ယင်းသို့လုပ်ဆောင် လာခြင်းဖြစ်သည်။

ယင်းစီမံကိန်း တစ်ခုလုံး တည်ဆောက် ပိုင်ခွင့်ရထားသော အီတာလျံ-ထိုင်းကုမ္ပဏီ (IDT) အနေနှင့် စီမံကိန်းတွင် စိတ်ဝင်စား သည့် လုပ်ငန်းများနှင့် အညီ ရှယ်ယာ ရရှိမည် ဖြစ်ကြောင်းသူရ ဦးသောင်းလွင်က ဆိုသည်။

စုစုပေါင်း ကုန်ကျငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကျော် ကုန်ကျမည့် ထားဝယ် စီမံကိန်း အကောင်အထည်ဖော် ITD က ဘဏ္ဍာငွေ ရှာဖွေရေး အခက်အခဲတွေ့ ပြီးနောက် အစိုးရချင်း ပူးပေါင်း လုပ်ဆောင်သည့် စီမံကိန်းအဖြစ် အသွင် ပြောင်းခဲ့သည်။

ယင်းနောက် စီမံကိန်း ပူးတွဲ အကောင် အထည်ဖော်သည့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်သည် ဗြိတိန်၊ ဂျပန်၊ အိန္ဒိယစသည့် ထိပ်သီးနိုင်ငံ တို့၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် အတွင်း ထားဝယ် စီမံကိန်းတွင် လာရောက် ရင်းနှီးမြှပ်နှံရန် လောဆော်မှု ကြောင့် ထားဝယ် စီမံကိန်း၏ ‘အရောင်း ဝန်ထမ်း’ ဟုပင် ခေါ်ဝေါ် ခံရသည်။

ဂျပန် လုပ်ငန်းရှင်များ ထားဝယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ယင်းလပ်၏ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း ပြောဆိုခဲ့သော် လည်း လက်တွေ့ကျသော ကတိကဝတ်များ မတွေ့ရသေးဘဲ ဂျပန်တို့၏ အဓိက ဦးတည်ရာမှာ ရန်ကုန်မြို့တော် အနီးရှိ သီလဝါ စီမံကိန်း ဖြစ်နေသေးသည်။

ထားဝယ် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရန် မြန်မာ-ထိုင်း နိုင်ငံတို့ ပါဝင်သော အထူးပြု အဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲ ညှိနှိုင်းရေးအဖွဲ့က ဂျပန်လာရောက် ရင်းနှီးမြှုပ်နှံရေး ဖိတ်ခေါ်ရန် သဘောတူ ထားသည်။

The Voice Weekly
ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် များပါဝင်သော ထားဝယ် စီမံကိန်း ရှေ့ဆက် နိုင်ရေး အတွက် လုပ်ငန်းအလိုက် တင်ဒါ အသီးသီး ခေါ်ယူမည် ဖြစ်ကြောင်း ထားဝယ် စီးပွားရေးဇုန် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The Voice သို့ ပြောကြားသည်။

ကျောက်မျက် ပြပွဲတွင် ငွေလဲကောင်တာနှင့် ATM စက်များထားမည်

Photo: ကျောက်မျက် ပြပွဲတွင် ငွေလဲကောင်တာနှင့် ATM စက်များထားမည်
Friday, June 07 , 2013

နေပြည်တော်တွင် ပြုလုပ်မည့် အကြိမ်(၅၀) မြောက် ရွှေ ရတု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပုဂ္ဂလိက ဘဏ်များက ငွေလဲကောင်တာနှင့် ATM (အလိုအလျောက် ငွေထုတ် စက်)များ ပထမဆုံးအကြိမ် ထားရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များ ထံမှ စုံစမ်းသိရှိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ သမဝါယမ ဘဏ်တို့က ကျောက်မျက် ပြပွဲနေရာ တွင် ATM စက်တစ်လုံးစီ ထားရှိမည် ဖြစ်ပြီး အဆိုပါစက်များတွင် နိုင်ငံတကာ ငွေပေးချေသည့် ကတ် များဖြစ်သည့် VISA, Master, JCB, CPU, MPU ကတ်များ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်း ဘဏ်တို့ထံမှ သိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် သမဝါယမ ဘဏ် တို့က မြန်မာ့ ကျောက်မျက် ရတနာပြပွဲ နေရာတွင် ငွေလဲကောင်တာ တစ်ခုစီ ဖွင့်လှစ်မည် ဖြစ်ပြီး အာရှစိမ်းလန်းမှုဖွံ့ ဖြိုးရေး ဘဏ်က ထပ်မံ၍ နေပြည်တော် လေဆိပ်နှင့် Aurium Hotel တို့တွင် လည်း ငွေလဲကောင်တာများ ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းဘဏ် တို့ထံမှ ထပ်မံ သိရသည်။

“အရင်ကထက် ငွေပေးချေမှု အပိုင်းတွေမှာ လွယ်ကူ စိတ်ချရအောင် နိုင်ငံခြားက ဘဏ်တွေနဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ တိုက်ရိုက် ပေးချေနိုင်အောင် စီစဉ်ထားပါ တယ်”ဟု မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး (၃) ဦးထွန်းလှအောင်က The Voice သို့ ပြောကြားသည်။

ကျောက်မျက် ကုမ္ပဏီများကလည်း VISA နှင့် Master ကတ်များဖြင့် ငွေပေးချေ နိုင်သည့် POS စက်(ငွေထုတ်ယူရန် မလိုဘဲ ကတ်မှ ငွေကိုနုတ်ယူ ပေးချေနိုင်သည့်စက်)များ ထားရှိထား သောကြောင့် ငွေပေးချေမှု များတွင် လွယ်ကူ လျင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သမဝါယမ ဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြော ကြားသည်။

ယခင် ပြပွဲများတွင် ကျောက်မျက်ပြပွဲ ကာလများ၌ ဝယ်ယူထားသည့် ကျောက်မျက်များကို လာရောက် ငွေမသွင်း သည့် ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ငွေပေးချေသည့် စနစ်များ ပိုမိုကောင်းမွန် လာစေရန် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်ပြီး ပြပွဲ စည်းကမ်းများမှာ ပြောင်းလဲမှု မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၇ ရက်အထိ ပြသ ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly
နေပြည်တော်တွင် ပြုလုပ်မည့် အကြိမ်(၅၀) မြောက် ရွှေ ရတု မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပုဂ္ဂလိက ဘဏ်များက ငွေလဲကောင်တာနှင့် ATM (အလိုအလျောက် ငွေထုတ် စက်)များ ပထမဆုံးအကြိမ် ထားရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များ ထံမှ စုံစမ်းသိရှိရသည်။

ဒေါ်လာသန်း ၅၀၀ ကုန်ကျမည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံချက်ထုတ်ပြန်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စီမံကိန်း ၃၈ ခု ပါဝင်သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ကုန်ကျမည့် မြန်မာခရီးသွားလုပ်ငန်း Master Plan ကို ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထုတ်ပြန် လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် က ပြောကြားသည်။

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့

Photo: အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့
Friday, June 7 , 2013

တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)တွင် လာရောက်သူဦးရေ ဒုတိယ အကြိမ် ထက်လျော့နည်းသော်လည်း အရည်အချင်းနှင့် ကိုက်ညီသည့် အလုပ်များကို ပိုမို စိစစ်၍လျှောက်ထားလာကြောင်း သိရသည်။

Job Fairပွဲစီစဉ်သူ မြန်မာနိုင်ငံ လူငယ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ကိုသန်းစိုးက “အရင်အခေါက်တွေ တုန်းက အလုပ်လျှောက်တဲ့သူတွေက တွေ့သမျှကုမ္ပဏီ အကုန်တင်တယ်။ ကိုယ်နဲ့ သင့်တော်တာ မသင့်တော်တာ မစဉ်းစားဘူး။ တစ်ချို့ကုမ္ပဏီတွေဆို CV တွေက ၁၀၀၊ ၂၀၀ တင်ထား တာတွေ့ ရပေမဲ့ ခန့်လို့ရတဲ့သူက ၂၀မပြည့်ချင်ဘူး။ ခုတစ်ခေါက်တော့ အလုပ်လျှောက်တဲ့သူတွေက ကိုယ်အရည်အချင်းနဲ့ ကိုက်ညီတာကိုလျှောက်ကြတော့ လုပ်ငန်းရှင်တွေ ဘက်က လည်း လျှောက်တဲ့သူ နည်းပေမဲ့ ခန့်လို့ရတဲ့သူ တွေပိုများလာတယ် လို့ပြောကြတယ်။”ဟုဆိုသည်။

Job Fairကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၁ခုနှစ် မတ်လတွင် မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် ရုံး(UMFCCI)တွင် ကျင်းပခဲ့၊ပြီး လာရောက်သူဦးရေ ၆ထောင်ကျော်ရှိကြောင်းသိရသည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို တပ်မတော် ခန်းမတွင် ပြုလုပ်ခဲ့ပြီး လာရောက်သူဦးရေ ၃သောင်းခွဲ နှင့်၂သောင်းခန့် အသီးသီးရှိကြောင်းသိရသည်။ အလုပ်ရှာဖွေ နေသူများ တစ်နေ့တည်း တစ်နေရာတည်း တွင် အလုပ် ၄/၅ခုကို လွယ်လွယ် ကူကူလျှောက်နိုင်ရန်နှင့် အလုပ်ရှင်များ အနေဖြင့် ၀န်ထမ်းရွေးချယ်ခွင့် ပိုမိုရရှိရန် Job Fairကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုသန်းစိုးက ဆိုသည်။

ထိုပွဲကို တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သော အသက်၂၄နှစ်အရွယ် အင်ဂျင်နီယာမဟာဘွဲ့ကျောင်းသူ တစ်ဦးက “ထူးကုမ္ပဏီ မှာ တော့လျှောက်ခဲ့တယ် ။အဲဒီပွဲမှာ ဆလန်ဘာဂျာ ကုမ္ပဏီကတော့ နာမည် အကြီးဆုံးပဲ လျှောက်လွှာတင်တဲ့ သူတွေကို သူတို့က တစ်ခါတည်း အင်တာဗျူးလုပ်နေတာ။ တစ်ချို့ လုပ်ငန်းတွေမှာ ဘယ်ပို့စ်ကို လူဘယ်လောက်လိုတယ်ဆိုတာ ကြော်ငြာထားတယ်။ တစ်ချို့ကတော့ လျှေက်လွှာကိုပဲ လက်ခံထားလိုက်တယ်။ ဘာပို့်စ်တွေလိုတယ်။ ဘယ်အချိန်ခေါ် မယ်ဆိုတာကို မပြောဘူး။ အဲဒီကုမ္ပဏီတွေကတော့ ခေါ်မယ်လို့်မထင်ဘူး”ဟု ဆိုသည်။

လတ်တလောတွင် လူငယ်များအနေဖြင့် ပြည်တွင်းကုမ္ပဏီများထက် နိုင်ငံတကာကုမ္ပဏီများကို ပိုမိုလျှောက်ထား လိုကြပြီး ယခုအကြိမ်ပြုလုပ်သော Job Fair တွင်လည်း နိုင်ငံတကာကုမ္ပဏီများ လာရောက် ပြသမှု ယခင်ကထက်ပိုမို များပြား လာကြောင်းသိရသည်။ ယခင်က ပြည်တွင်းကုမ္ပဏီများမှ အလုပ်ခေါ်စာ ထည့်ပါက လာရောက်လျှောက်ထားသူ များပြား သော်လည်း ယခုအချိန်တွင်အလွန်နဲပါးကြောင်းသိရသည်။ နိုင်ငံတကာ ကုမ္ပဏီများကို လျှောက်ထားမှုမှာ ပိုမိုမြင့်တက်နေ ကြောင်းသိရသည်။

“ကျွန်တော်တို့ ဂျာနယ်အတွက် ဧည့်ကြို အလုပ်ခေါ်ထားတာ ၃ပတ်ရှိတာတောင် လူ၃/၄ ယောက်ပဲ လာ လျှောက်ကြ တယ် အ၇င်ကဆို တစ်ပတ်တည်းနဲ့ ၆၀/၇၀ လောက်လာတယ်။ အသင်းက တခြားလုပ်ငန်းရှင်တွေလည်း အဲဒီလိုပဲဖြစ်နေ တယ်။ ဂျာနယ်မှာ ကြော်ငြာထည့်ထားတဲ့ နိုင်ငံတကာကုမ္ပဏီတွေ ကိုတော့ အများကြီးလာလျှောက်ကြတယ် လို့ပြော တယ်။ ”ဟု အခွင့်အလမ်းဂျာနယ် ပိုင်ရှင်တစ်ဦးလည်း ဖြစ်သူ ဦးသန်းစိုးကပြောသည်။

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)ကို နိုဝင်ဘာလတွင် ထပ်မံကျင်းပရန်ရှိပြီး ယခုအကြိမ်တွင် ကုမ္ပဏီပေါင်း ၇၅၊ ပြခန်းပေါင်း ၁၂၁ခန်းပြသခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် လူသိများသော နိုင်ငံတကာကုမ္ပဏီများ အနေဖြင့် ZTE၊ HUAWEI နှင့် Schlumberger တို့ပါဝင်ပြသခဲ့သည်။

ဧရာဝတီBlog
တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)တွင် လာရောက် သူ ဦးရေ ဒုတိယ အကြိမ် ထက်လျော့နည်းသော်လည်း အရည်အချင်းနှင့် ကိုက်ညီသည့် အလုပ်များကို ပိုမို စိစစ်၍လျှောက်ထားလာကြောင်း သိရသည်။

၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်

Photo: ၁၅ကြိမ်မြောက် NBF ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် ဆွေးနွေးမည်
Friday, June 07 , 2013

လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း(NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့က ပြောကြားလိုက်သည်။

“ဒီဆွေးနွေးပွဲက တိုင်းရင်းသားပါတီတွေရဲ့  ဆွေးနွေးပွဲဖြစ်တဲ့အတွက် တိုင်းရင်းသားကိစ္စတွေကိုပဲ ဆွေးနွေးမယ်။ ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တဲ့အခါ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး၊ နောက် ဖက်ဒရယ်ပြည်ထောင်စုကိစ္စတွေကို ဆွေးနွေး သွားမယ်”ဟု NBF အဖွဲ့ဝင်ဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က ကေအိုင်စီသို့ ဆိုသည်။

NBF အဖွဲ့ဝင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောထွန်းဝင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့်အချက်များကို ၎င်း တို့ပါတီမှ အဓိကထား ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ပြောသည်။

ယခုပြုလုပ်မည့် ညီလာခံတွင် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီ (၁၃)ပါတီနှင့် ထပ်မံ တိုးလာ သည့် နှစ်ပါတီ အပါအ၀င် စုစုပေါင်း ၁၅ပါတီက ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရာတွင် တိုင်းရင်း သားများ ရပိုင်ခွင့်ကို ပြင်ဆင် ဖြည့်စွက်နိုင်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော်က “အဓိကကတော့ ဖက်ဒရယ်ပြည်ထောင် စုပါတီ တည်ထောင်ဖို့ ကျနော်တို့ ပြီးခဲ့တဲ့ နေပြည်တော်မှာ လုပ်တဲ့ NBF ရဲ့ ၁၄ကြိမ်မြောက် ဆွေးနွေးပွဲမှာ သဘောတူထားတာ လေ။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့အခါ တိုင်းရင်းသားရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပယ်ဖျက်သင့်တာ၊ ပြင်ဆင်သင့်တာ၊ ဖြည့်စွက်သင့်တာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ဖွဲ့ စည်းပုံပြင်တဲ့အခါ အခုဆွေးနွေးထားတဲ့ အချက် တွေကို တစ်ပါတီချင်းအနေနဲ့ရော NBF အနေနဲ့ပါ လွှတ်တော်မှာတင်ပြသွားဖို့ ရှိပါတယ်”ဟု ပြောသည်။

NBF ညီလာခံ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားဒေသများအတွင်း မဲရရှိမှု မဆုံးရှုံးစေရန် ရည်ရွယ်ကာ အဖွဲ့ဝင် တိုင်းရင်းသားပါတီများ စုပေါင်း၍ ဖက်ဒရယ်ပါတီတစ်ခုထူထောင်ရေးကိစ္စတို့ကိုလည်း ဆွေးနွေးသွားမည် ဟု NBF အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြောခွင့်ရှိသူ ဦးစောသန်းမြင့်က ယခုနှစ် မေလဆန်းပိုင်းက ပြော ကြားခဲ့သည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ကို ၂၀၁၀ ရွေးကောက်အပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီများဖြင့် စတင် တည်ထောင်ခဲ့ပြီး ယခုအချိန်၌ အင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီတို့ အဖွဲ့ဝင်ဖြစ်လာကာ ၇ပါတီကို အမြဲတမ်းအဖွဲ့ ဝင်အဖြစ် သတ်မှတ်ထားသည်။

National Brothers Federation-NBF စတင် တည်ထောင်စဉ်ကတည်းက နှစ်လလျှင်တစ်ကြိမ် စုံညီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခု ၁၅ကြိမ်မြောက် ညီလာခံကို ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့ ၌ ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် ၀၊ ဓနု၊ တအာင်း၊ တိုင်းလိုင်(ရှမ်းနီ) နှင့် ချင်း စသည့် တိုင်းရင်းသားပါတီများမှ လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိကာ ယခုညီလာခံ တွင် အစည်းအဝေးလေးကြိမ် တက်ရောက်ပြီးသည့်ပါတီများကို အဖွဲ့ ဝင်အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

KIC (Karen Information Center)
လာမည့်ဇွန် ၁၁ရက်မှ ၁၂ရက်နေ့အထိ တောင်ကြီးမြို့၌ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အဖွဲ့ဝင်များ၏ ၁၅ကြိမ် မြောက် ညီလာခံကျင်းပမည်ဖြစ်ပြီး ညီလာခံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီများက ယမန်နေ့ က ပြောကြား လိုက်သည်။

သဘောတူညီချက်တွေကို အလုပ်ရှင်ဖက်က မလိုက်လျောသေး

Photo: သဘောတူညီချက်တွေကို အလုပ်ရှင်ဖက်က မလိုက်လျောသေး
Friday, June 7 , 2013

စံကောင်း ပီနံအိတ်စက်ရုံက အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ် သမား အလုပ်ရှင် အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် အလုပ်ရှင်ဖက်က သဘောတူညီချက်တွေကို လိုက်လျောပေးခြင်း မရှိသေးကြောင်း စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေက ဒီနေ့ပြောပါတယ်။

အလုပ်သမား ၄ဝ ကျော်ကို အလုပ်ထုတ်တဲ့ အတွက်ကြောင့် အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်စဉ် ပြောခဲ့ တာပါ။

တစ်လနီးပါးကြာမြင့်ခဲ့တဲ့ စံကောင်းပီနံအိတ်စက်ရုံ အလုပ်ရှင်အလုပ်သမားပြသနာကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်က ဝင်ရောက်ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေခဲ့ပေမယ့် တကယ်စာချုပ်ချုပ်ဆိုရာမှာတော့ အလုပ်ရှင်ဖက်က လိုက်နာမှုမရှိဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

"အဓိကအချက်ကတော့ ကျနော်တို့ အလုပ်သမားတစ်ယောက်ကို အလုပ်ဖြုတ်တာပဲဖြစ်ဖြစ်၊ အပြစ်ပေးအရေးယူ တာပဲ ဖြစ်ဖြစ်ပေါ့၊ အခြေခံအလုပ်အမှုဆောင်နဲ့ ညှိနှိုင်းသဘောထားရယူပြီးတော့မှ လုပ်ရမယ်ဆိုတဲ့အချက်ပါနေတယ်၊ အဲဒီ အချက် ကို သူတို့ကလုံးဝကို ငြင်းပယ်ထားတယ်၊ ကျနော်တို့က အဲဒီ့အချက်ကို ဥပဒေနဲ့ညီလား မညီလားဆိုတော့ စက်ရုံ ကစောဒကတက်တယ်၊ အဲဒါဥပဒေမှာ ပေးရမယ် ပေးလိုက်ပါဆိုတာ အဲလိုရပြီးသားကိစ္စကိုမှ တကယ့်တကယ် သူတို့ရဲ့ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်းပြုတယ်ဆိုပြီး မပေးတဲ့အတွက် ဒီအချက်မရဘူး၊ ကျန်တဲ့အချက်တွေ တုန်းက လည်း မနေ့ကတော့ ကျန်တဲ့အချက်တွေကို ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ တကယ့်တကယ်စာချုပ်ချုပ်တဲ့အချိန်မှာ မပေးဘူး၊ ကျနော်တို့က အဓိကအချက်တွေမရတဲ့အတွက် စာချုပ်မချုပ်ခဲ့နိုင်ဘူး"

ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုထားတဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၄၉ ဦးကို အလုပ်ပြန်ခန့်ပေးရေးအချက်ကို စက်ရုံအလုပ်ရှင်ဘက်က ၄၇ ဦးအထိ ပြန်ခန့်ပေးခဲ့ပေမယ့်၊ တခြားအချက်တွေဖြစ်တဲ့ ဆန္ဒပြခဲ့တဲ့နေ့တွေအတွက် လုပ်ခ လစာအပြည့်အဝရရှိရေးအပါအဝင် အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက် ၄ဝ ကျော်ထဲက
အနည်းငယ်သာ အလုပ်ရှင်ဘက်က လိုက်လျောခဲ့တယ်လို့ သိရပါတယ်။

စံကောင်း ပီနံအိတ်စက်ရုံဟာ စက်ရုံတွင်း ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး အလုပ်သမား ၄ဝ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

RFA
စံကောင်း ပီနံအိတ်စက်ရုံက အလုပ်ရှင်အလုပ်သမား ပဋိပက္ခမှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထား တဲ့ အလုပ်သမား အလုပ်ရှင်အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့် အလုပ်ရှင် ဖက်က သဘောတူညီချက်တွေကို လိုက်လျောပေးခြင်းမရှိသေးကြောင်း စံကောင်းပီနံအိတ်စက်ရုံ အလုပ် သမားတွေက ဒီနေ့ပြောပါတယ်။

ရှမ်းတောင်ပိုင်းတပ်နဲ့ ငြိမ်းချမ်းရေးကော်မတီ တွေ့မည်

Photo: ရှမ်းတောင်ပိုင်းတပ်နဲ့ ငြိမ်းချမ်းရေးကော်မတီ တွေ့မည်
Friday, June 7 , 2013

ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည် ဖော်နိုင်ဖို့ ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီက ကိုယ်စား လှယ်တွေ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိတယ်လို့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ပြောခွင့်ရက ဗွီအိုအေ မြန်မာပိုင်း ကိုပြောပါတယ်။ အပစ်ရပ်ဖို့ နှစ်ဖက်ဆွေးနွေးနေကြပေမဲ့ လုံခြုံရေး အခြေအနေဟာ စိုးရိမ်နေ ရဆဲဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည် အများစုကတော့ နေရင်းမပြန်ရဲသေး ပဲဖြစ်နေကြတယ်လို့ ရှမ်းလူထု အခြေပြု အဖွဲ့ကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပါမယ်။

မြန်မာစစ်တပ်နဲ့ SSAရှမ်းပြည်တောင်ပိုင်းတပ်မတော်ကြား စစ်ရေးပဋိပက္ခ တင်းမာမှုတွေလျော့ ချနိုင်ဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက် လာစေဖို့ RCSSရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီအဖွဲ့ ကိုယ်စားလှယ်တွေ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းမှာ နေပြည်တော်ကို သွားရောက်ပြီးတွေ့ဆုံဖို့ စီစဉ်နေကြတယ်လို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် လက်ထောက်ပြောခွင့်ရ ဗိုလ်ကြီးစိုင်းစိုင်မိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဝန်ကြီးဦးအောင်မင်းတို့က အကြောင်းကြားလာတာကတော့ ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းပေါ့နော်၊ ကျနော်တို့ဖက်က အဆင်သင့်ဖြစ်တယ်ဆိုရင် သွားရောက်တွေ့ဆုံနိုင်တယ်ဆိုပြီးတော့ အကြောင်းကြားလာခြင်းဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကျနော် တို့ ငြိမ်းချမ်းရေးစောင့်ရှောက်ရေးအဖွဲ့ပေါ့နော်။ ဖွဲ့ဖို့ရော၊ မတရားအသင်းဥပဒေတွေ ပယ်ဖျက်ဖို့ရော၊ အဲ့ဒီ့ကိစ္စတွေကို ထပ်ဆွေးနွေးဖို့ဆန္ဒရှိပါတယ်။”

ရှမ်းပြည်တောင်ပိုင်း တပ်မတော်ခေါင်းဆောင်ပိုင်းတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါ လက်နက်ကိုင် အင်အားစု တွေအားလုံးနဲ့ အစိုးရတပ်တွေကြား တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေဖြစ်မြောက်နိုင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ တိုက်တွန်းတောင်းဆိုသွားဖို့ရှိတယ်လို့လည်း ဗိုလ်ကြီး စိုင်းစိုင်မိန်း ကပြောပါတယ်။

“ပြည်ထောင်စုကို ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဖို့က အဓိကကျတာ ပေါ့၊ အားလုံးက တောင်းဆိုနေတဲ့အချက်ဖြစ်တယ်။ ကျနော်တို့က အစိုးရက အတိုင်းအတာတခုအထိ လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားတယ်။ ကျနော်တို့ မျှော်လင့်ချက်ကတော့ တလှမ်းပြီးတလှမ်းပေါ့၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ၊ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါဟာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ ခြေလှမ်း တလှမ်း ဖြစ်တယ်လို့ ယုံကြည်ထားတယ်။ အကယ်လို့ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် နိုင်ငံရေးတွေ ဆွေးနွေးဖို့ လိုအပ်တယ်၊ နိုင်ငံရေးတွေ မဆွေးနွေးဘဲ အပစ်အခတ်ရပ်စဲထားရုံလောက်ပဲ လုပ်မယ်ဆိုရင် ကျနော်တို့ တစ်နှစ်ကျော် အပစ်ရပ်ခဲ့တယ်။ အခုအချိန်အထိ ငြိမ်းချမ်းရေးဟာ တော်တော်လေးကို ခက်ခဲနေတယ်။ ကျနော်တို့ နိုင်ငံရေးတွေ မြန်မြန်ဆွေးနွေးပြီးတော့ သဘောတူညီချက်တွေ မြန်မြန်ရနိုင်မှသာ ခိုင်မာတဲ့ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နိုင်မယ်လို့ ကျနော်တို့ယုံကြည် ထားပါ တယ်။

ပြီးခဲ့တဲ့နှစ်က အပစ်ရပ်ဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီချက် ရထားပြီးနောက်ပိုင်းမှာပဲ ရှမ်းပြည်နယ်တွင်း နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ရာချီတဲ့ဒုက္ခသည်တွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ အခုထပ်ပြီး ငြိမ်းချမ်းရေး နှစ်ဘက် တွေ့ဆုံမှုတွေ လုပ်နေချိန်မှာ လောလောဆယ် စစ်ရေးအရှိန်လျော့နေပေမဲ့ စစ်ပြေး ဒုက္ခသည်အများစုကတော့ လုံခြုံရေးစိုးရိမ်နေကြဆဲဖြစ်လို့ နေရပ်ရင်းမပြန်ရဲကြသေးဘူးလို့ ရှမ်းလူထုအခြေပြုအဖွဲ့က စိုင်းခေးစိုင်က ဗွီအိုအေကိုပြောပါတယ်။

ဒုက္ခသည်တွေ စစ်ဘေးဒဏ်ကြောင့် ဒီလိုအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန် ဒေသခံတွေရဲ့ အိုးအိမ်တွေကို ပျက်စီးခဲ့ရ တဲ့အနေအထားမှာ ရှမ်းပြည်တောင်ပိုင်းတပ်၊ သက်ဆိုင်ရာ နယ်မြေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေ ဘက်က ဒုက္ခသည်တွေ ဘဝပြန်လည်ထူထောင်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြတယ်လို့ လည်း ဗိုလ်ကြီးစိုင်းစိုင်မိန်း ကပြောပါတယ်။

မြန်မာအစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ရှမ်းပြည်တောင်ပိုင်းတပ်အပါအဝင် မိုင်းလား တပ်ဖွဲ့၊ ဝသွေးစည်း ညီညွတ်ရေးတပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီတွေနဲ့ ဆွေးနွေးနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း တပ်နဲ့လည်း ဆွေးနွေးပွဲတွေဖြစ်မြောက်နိုင်ဖို့ ညှိနှိုင်းနေကြတာဖြစ်ပါတယ်။ ဒီလိုတဖွဲ့ချင်း သီးခြားစီတွေ့ဆုံနေကြ တဲ့ အတွက် ရှမ်းပြည်နယ်တွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက်ရဖို့ ခက်ခဲနေတဲ့အနေအထားမှာ ရှိနေတယ်လို့လည်း စိုင်းခေးစိုင်က ထောက်ပြပြောဆိုပါတယ်။

“ရှမ်းပြည်နယ်ထဲမှာ တပ်က ပေါင်းစုံရှိတယ်လေ၊ အဲ့ဒီ့ တပ်ပေါင်းစုံနဲ့ ဆွေးနွေးဖို့လည်း ခက်ခဲနေတာ နည်းနည်းရှိတယ်။ တစ်ဖွဲ့ချင်းစီ ဆွေးနွေးနေတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ ပှိုင့်က ဘုံသဘောတူညီချက်တွေပေါ့၊ ဒီဘုံသဘော တူညီမှုကို ရဖို့ကလည်း ရှေ့ဆက်နည်းနည်းကြန့်ကြာမယ်လို့ ကျနော်တို့ယူဆပါတယ်။”

SSAတောင်ပိုင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းမှာ အပစ်အခတ် ရပ်စဲဖို့ ပြည်နယ်အစိုးရနဲ့ သဘောတူညီထားတာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အနည်းဆုံး တိုက်ပွဲပေါင်း ၈၀လောက်ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့မေလ ဒုတိယပတ်အတွင်း မူဆယ်၊ နမ်းခမ်းမြို့နယ်တွေမှာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရှမ်းပြည်သူတွေဟာ စစ်ပြေးဒုက္ခသည်တွေအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

VOA
ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည် ဖော်နိုင်ဖို့ ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီက ကိုယ်စား လှယ်တွေ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိတယ်လို့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်ပြောခွင့်ရက ဗွီအိုအေ မြန်မာပိုင်း ကိုပြောပါတယ်။ အပစ်ရပ်ဖို့ နှစ်ဖက်ဆွေးနွေးနေကြပေမဲ့ လုံခြုံရေး အခြေအနေဟာ စိုးရိမ်နေ ရဆဲဖြစ်တဲ့အတွက် စစ်ပြေးဒုက္ခသည် အများစုကတော့ နေရင်းမပြန် ရဲသေး ပဲဖြစ်နေကြတယ်လို့ ရှမ်းလူထု အခြေပြု အဖွဲ့ကပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပါမယ်။

သွေး ဖိအား ကျ ဆင်းစေနိုင် သည့် နည်း လမ်း သစ် များ

Photo: သွေးဖိအား ကျဆင်းစေနိုင်သည့် နည်းလမ်းသစ်များ
Friday, June 7 , 2013

သင့်သွေးဖိအား မြင့်တက်နေတာကို ထိန်းချုပ်ဖို့ ခက်ခဲနေပါသလား။ အောက်ပါတို့ဟာ သိပ္ပံနည်းကျ ဖော်ထုတ်ထားတဲ့ သွေးဖိအား ကျင်ဆင်းစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၆၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

၁။ သွေးကြောသန်မာအောင် မြေပဲစားပါ
မြေပဲရဲ့ အနီရောင်အခွံကို မခွဘဲ စားသုံးရင် သွေးကြောတွေ ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ မြေပဲရဲ့ အနီရောင်အခွံမှာ ရီဗက်ရက်စ်ထရော ဒြပ်ပေါင်းတွေ အများအပြား ပါဝင်တာကြောင့်ပါ။ နေ့စဉ် အခွံပါမြေပဲကို ခွက်တစ်ဝက်စာ စားသုံးတာကြောင့် တစ်လအတွင်း သွေးဖိအား မှတ်ရှစ်မှတ်အထိ ကျဆင်းနိုင်တယ်လို့ ဇီဝရုပ်ဖြစ်ပျက်မှု ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

၂။ စောင်းတီးသံ နားထောင်ပြီး စိတ်ဖိစီးမှုများ လျှော့ချပါ
စောင်းတီးသံလိုမျိုး ငြိမ့်ညောင်းတဲ့ သီချင်းသံတွေကို ၁၀ မိနစ်ခန့် နားထောင်ရုံနဲ့ စိတ်ဖိစီးမှုတွေ လျော့သွားပြီး သွေးဖိအားကို ထိန်းချုပ်နိုင်တယ်လို့ သုတေတီတွေက အကြံပေးထားပါတယ်။

၃။ ပင်လယ်စာ စားပါ
ဆယ်လမွန်ငါး၊ ပုစွန်၊ ဂဏန်း ဒါမှမဟုတ် ငါးကြင်း၊ ငါးတန်လိုမျိုး ပင်လယ်စာတွေကို တစ်ပတ် သုံးကြိမ် စားသုံးရင် သွေးဖိအား ကျင်ဆင်းနိုင်တယ်လို့ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသီတွေက အကြံပေးထားပါတယ်။ ဒီပင်လယ်စာတွေမှာ အက်စ်သာလ်ဇမ်ဘင်းန်ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးကြောတွေ ပိတ်ဆို့မှုဖြစ်စေတဲ့ သွေးခဲဖတ်တွေ မဖြစ်အောင် တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။

၎။ သွေးဖိအား ရုတ်တရက် မြင့်တက်မလာအောင် ပဲပိစပ် စားပါ
ပဲပိစပ် ဒါမှမဟုတ် ပဲနို့နဲ့ တိုဟူးလိုမျိုး ပဲပိစပ်ထုတ်ကုန်တွေကို တစ်ပတ်သုံးကြိမ် စားသုံးတာကြောင့် နှစ်လအတွင်း သွေးဖိအား ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ အမေရိကန် နှလုံးရောဂါဌာနမှ ထုတ်ဖော် ထားပါတယ်။ ပဲပိစပ်မှာ ပါဝင်တဲ့ အိုင်အိုဖလိုဗင်း ဒြပ်ပေါင်းတွေဟာ သွေးဖိအား ကျဆင်းစေတဲ့ ဆေးဝါးတွေလိုမျိုး ပြုမှုနိုင်တာကြောင့်ပါ။

၅။ သွေးဖိအား ကျဆင်းအောင် အုန်းရည်သောက်ပါ
မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နေ့စဉ် အုန်းစိမ်းရည် နှစ်ခွက် သောက်သုံးတာကြောင့် သွေးတိုးရောဂါရှိသူတွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ သွေးဖိအား အမှတ် ၁၂ မှတ် ကျဆင်းတယ်လို့ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အုန်းစိမ်းရည် တစ်ခွက်မှာ ပိုတက်စီယမ် ၇၅၀ မီလီဂရမ် ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ဗဟိုအာရုံကြောစနစ်ကို အေးချမ်းမှုရှိစေပြီး သွေးကြောတွေ ပျက်စီးမှု ဖြစ်စေတဲ့ သွေးဖိအား မြင့်တက်မှုမရှိအောင် ကာကွယ်ထားနိုင်တာကြောင့်ပါ။

၆။ နှလုံးကျန်းမာရေး ကောင်းအောင် ဖာလာစေ့ စားပါ
လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဖာလာစေ့ကို နေ့စဉ်စားသုံးတဲ့ သွေးတိုးရောဂါရှိသူတွေဟာ ၁၂ ပတ်အတွင်း သွေးဖိအား ပုံမှန်ပြန်ဖြစ်သွားတယ်လို့ လေ့လာမှုနှစ်ခုအရ တွေ့ရှိထားပါတယ်။ ဖာလာစေ့မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ သွေးကြောတွေကို Relax ရစေတာကြောင့် သွေးဖိအား မြင့်တက်မှုမရှိအောင် ကွာကွယ်နိုင်တယ်ုလို့ ဆိုပါတယ်။

၇။ သွေးကြောပွင့်အောင် သံလွင်ဆီ စားပါ
အီတလီနိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ထမင်းစားဇွန်း သုံးဇွန်းစာ သံလွင်ဆီကို နေ့စဉ်စားသုံးတဲ့ သွေးတိုးရောဂါရှိသူတွေဟာ သွေးတိုးကျဆေး သောက်ရတာ တစ်ဝက်ခန့် လျော့ကျသွားတယ်လို့ သိရှိရပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်း ပေါ်လီဖီနောတွေဟာ သွေးကြောနံရံတွေကို ပျော့ပျောင်းမှု ရှိစေတဲ့အတွက် သွေးကြောမာကျစ်မှုနဲ့ ကျဉ်းမြောင်းမှု မရှိအောင် ကာကွယ်ထားနိုင်တာကြောင့်လို့ ဆိုပါတယ်။

၈။ သွေးကြော ရောင်ရမ်းမှု ပျောက်အောင် လေ့ကျင်ခန်းပြုလုပ်ပါ
သွေးဖိအားကျဆင်းဖို့အတွက် ချွေးထွက်ရလောက်အောင် လေ့ကျင့်ခန်းပြုလုပ်စရာ မလိုအပ်ပါဘူး။ ထိုက်ချိ၊ ယောဂ ဒါမှမဟုတ် ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေကို တစ်ကြိမ် မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ်လေးကြိမ် ပြုလုပ်ရုံနဲ့ တစ်လအတွင်း သွေးဖိအား ကျဆင်းနိုင်တယ်လို့ ယေးလ်တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်တာကြောင့် သွေးကြောတွေ ပွင့်ပြီး နှလုံးတွင်း သွေးရောက်ရှိမှုဟာ ၇၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်လာတယ်လို့ သိရပါတယ်။ သွေးကြောအတွင်း ရောင်ရမ်းမှုတွေကိုလည်း တွန်းလှန်နိုင်တယ်လို့ ဆိုပါတယ်။

Tips

အောက်ပါ အစားအစာတွေကို စားပါ

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အလက်ဇင်ဟာ သွေးဖိအားကို ငါးနာရီကြာမျှ ကျဆင်းစေနိုင်ပါတယ်။ ကြက်သွန်ဖြူ နှစ်ဥ စားပေးပါ။

ကြက်သွန်နီ
ကြက်သွန်နီဟာ ခန္ဓာကိုယ်အတွင်း ပိုလျှံတဲ့ အရည်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ခွက်တစ်ဝက် နေ့စဉ် စားသုံးရုံနဲ့ သွေးဖိအား အမှတ် ခုနှစ်မှတ်အထိ ကျဆင်းသွားနိုင်ပါတယ်။

အောက်ပါအစာတွေကို ရှောင်ပါ

ကဖင်းပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တွေဟာ သင့်ကို သွေးဖိအား မြင့်တက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကဖင်းနဲ့ ဆော်ဒါပါဝင်တဲ့ အချိုရည်တွေဟာ သွေဖိအား မြင့်တက်နိုင်ခြေ ၆၀ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက ဆိုပါတယ်။ ကဖင်းနဲ့ အချိုရည်တွေကို တွဲပြီး သောက်သုံးတဲ့အတွက် သွေးကြောတင်းကျပ်သွားတာကြောင့်လို့ ဆိုပါတယ်။

DID YOU KNOW?

သင့်ရဲ့ အသက် ၈၅ နှစ်ကျော် အဘွားမှာ သွေးဖိအား အနည်းငယ် မြင့်တက်နေတာဟာ စိုးရိမ်စရာ မရှိဘူးဆိုတာ သင့်သိပါသလား။ အသက်ကြီးသူတွေမှာ သွေးဖိအား မြင့်တက်တာဟာ သူတို့မှာ ကြီးမှားတဲ့ နှလုံးပြဿနာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တဲ့ လက္ခဏာလို့ ဆက်ဆက်စ်တက္ကသိုလ်မှ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ နှလုံးသန်မာတယ်ဆိုတဲ့ လက္ခဏာပါလို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH
သင့်သွေးဖိအား မြင့်တက်နေတာကို ထိန်းချုပ်ဖို့ ခက်ခဲနေပါသလား။ အောက်ပါတို့ဟာ သိပ္ပံ နည်းကျ ဖော် ထုတ်ထားတဲ့ သွေးဖိအား ကျင်ဆင်းစေနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၆၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ

ဇွန် ၅ ရက်တွင် မန္တလေးမြို့ နေရာအချို့၌ အဓိကရုဏ်း ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူတစ်စုက အော်ဟစ် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ထို့အတွက်ကြောင့် မန္တလေးမြို့နေ လူထုများ စိုးရိမ်တကြီးနှင့် ကြောက်လန့် တကြားဖြစ်ပွားခဲ့ရပြီး မလိုလားအပ်သော လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ရပါသည်။ အလားတူလှုံ့ဆော်မှု ၊ ကောလာ ဟလများကြောင့် ဒေသအချို့တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေရဆဲဖြစ်သည်။

နိုင်ငံတကာရင်းနှီးမြှပ်နှံမှု သမ္မတဖိတ်ခေါ်

Photo: နိုင်ငံတကာရင်းနှီးမြှပ်နှံမှု သမ္မတဖိတ်ခေါ်
Friday, June 7 , 2013

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ နောက်ကြောင်းပြန်လှည့်နိုင်သေး သလား ဆိုတာဟာ သက်ဆိုင်တဲ့ နှစ်ဘက်စလုံးပေါ်မှာ မူတည်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဆီ ကူးပြောင်းနေတဲ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်ကာလ တစ်ခုမှာ ရောက်နေတယ်လို့ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ သုံးရက်ကြာကျင်းပနေတဲ့ ၂၀၁၃ ခုနှစ်၊ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒီကနေ့အခြေအနေတွေနဲ့ပတ်သက်လို့ အသီးသီးမှတ်ချက်ပေး ပြောဆိုခဲ့ကြတာပါ။

"မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ အချိန်ကာလတစ်ခုမှာ လူကြီးမင်းတို့ မြန်မာနိုင်ငံဆီ ရောက်လာကြတာပါ။ ကျနော်တို့ဟာ စစ်ဘက်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဆီ ကူးပြောင်းဖို့ အပြင်းအထန် ကြိုးစား လုပ်ဆောင်နေပါတယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီးကတည်းက ဒီနိုင်ငံကို ဒုက္ခပင်လယ်ဝေစေခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခမျိုးစုံကို အဆုံးသတ်ဖို့ ကြိုးစား နေပါတယ်။ စီးပွားရေးကိုလည်း ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ဈေးကွက်ပေါ်မှာ အခြေခံတဲ့ စီးပွားရေးစနစ်ဆီ ကူး ပြောင်းဖို့ လုပ်ဆောင်နေပါတယ်။ ဒီလို လုပ်ဆောင်နေတဲ့နေရာမှာ အောင်မြင်မှု ရဖို့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက အရေးကြီးပါတယ်" လို့ သမ္မတဦးသိန်းစိန်က ကြာသပတေးနေ့ နေ့လည်ပိုင်းမှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားအတွင်း ပြောသွားတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်ရင် လူအများအဓိကသိချင်ကြတဲ့ မေးခွန်းက လက်ရှိအခြေအနေတွေကနေ နောက်ကြောင်းပြန်လှည့်နိုင် သေးသလားဆိုတဲ့ မေးခွန်းဖြစ်တာနဲ့အညီ ကြာသပတေးနေ့ကပဲ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း ဒီမေးခွန်းနဲ့ပဲ စဖွင့်ခဲ့ပါ တယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ရှုမြင်ပုံနဲ့ သူ့ရဲ့အဖြေက -

"ဒီလုပ်ငန်းစဉ်က နောက်ပြန်လှည့်နိုင်သလားဆိုတာဟာ နှစ်ဘက်စလုံးကလူတွေရဲ့ စိတ်သဘောထားခံယူချက်ကို ပြောင်းနိုင်သလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရဲ့ လူများစုက ဒီလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားဖို့ ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိမှုပေါ်မှာလည်း မူတည်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ကျမတို့ရဲ့ သန္နိဋ္ဌာန်နဲ့ ခိုင်မာမှုတွေပေါ်မှာ မူတည်နေပါတယ်၊ စိတ်သဘောထား ခံယူချက်တွေကို ပြောင်းလဲနိုင်မှုပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ လွယ်ကူတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့လုပ်နိုင်မယ် ဆိုတာ ကျမယုံကြည်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဗြိတိသျှ အသံလွှင့်ကော်ပိုရေးရှင်း BBC ရဲ့ World Debate ဆွေးနွေးခန်းအစီအစဉ်မှာ Myanmar: What Future? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောသွားတာပါ။

အဲဒီဆွးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါဝင်ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စုရုံး ၀န်ကြီးတစ်ဦးဖြစ်သူ ဦးစိုးသိန်းကတော့ နောက်ကြောင်းပြန်လှည့်နိုင်သေးသလားဆိုတဲ့ မေးခွန်းကို အခုလို ချဉ်းကပ်ဖြေဆိုပါတယ်။

"အရင်ကာလတွေတုန်းက ကျနော်တို့ဟာ အဖက်ဖက်က ချွတ်ခြုံကျခဲ့တဲ့ နိုင်ငံ တစ်ခုဖြစ်ခဲ့ပါတယ်။ အခု ကျနော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တက်ကြွပြီး တာဝန်သိတဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု အဖြစ် ရှေ့ဆက် သွားနေပါတယ်။ နောက်တစ်ချက် ကတော့ ကျနော့်ရဲ့ လေးစားရတဲ့အမကြီး လွန်ခဲ့တဲ့နှစ်နှစ်ဆယ် က ပြောခဲ့သလိုပါပဲ။ ကြောက်ရွံ့ခြင်း က ကင်းလွတ်ဖို့ပါ။ အခု ဆိုရင် ကျနော်တို့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်တွေ ရှိနေပါပြီ။ ဒါ့အပြင် သတင်းစာ လွတ်လပ် ခွင့်ရှိနေပါပြီ။ ဒါကြောင့် ဒါဟာ ပြောင်းပြန်လှန် ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။" လို့ သမ္မတရုံး ၀န်ကြီးတစ်ဦးဖြစ်သူ ဦးစိုးသိန်းက လည်းပြောသွားပါတယ်။

အဲဒီဆွေးနွေးခန်းဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကြာသပတေးနေ့ ဆွေးနွေးပွဲတွေထဲမှာ လူအများဆုံးစိတ်ဝင်စားတဲ့ ပွဲတစ်ပွဲ ဖြစ်ဖွယ်ရှိပါတယ်။ ဒီဖိုရမ်တစ်ခုလုံးမှာ လူ ၁၀၀၀ ကျော် တက်တယ်လို့ စီစဉ်သူတွေကပြောတဲ့ထဲ လူ ၄၀၀ ကျော် အဲဒီဆွေးနွေးပွဲ ကိုတက်ရောက်ခဲ့ကြပါတယ်။ မြန်မာအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူထဲကဆိုရင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် တာတွေ့ရသလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်း တက်ရောက်ပါတယ်။

ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ရောက်ရင် သမ္မတအဖြစ် အရွေးခံမခံဆိုတာနဲ့ပတ်သက်လို့ မေးမြန်းတာမှာ သူ့အနေနဲ့ သမ္မတအဖြစ် အရွေးခံလိုတဲ့အကြောင်းနဲ့ အဲဒီအခြေအနေရောက်ဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ဆင်ရမယ့်အကြောင်း ပြန်ဖြေခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းအခြေအနေအရပ်ရပ်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးခဲ့ကြတာမှာ နောက်ကြောင်း ပြန်လှည့်နိုင်သေးသလားဆိုတဲ့ မေးခွန်းနဲ့အတူ သတင်းစာလွတ်လပ်ခွင့်၊ စစ်ဘက်ရဲ့အခန်းကဏ္ဍ၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား၊ လူနည်းစုအခွင့်အရေးကာကွယ်ရေးနဲ့ နိုင်ငံသားဖြစ်မှု၊ တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး စသည်အားဖြင့် ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လာမယ့်အနာဂတ်အပေါ် အဆိုးမြင်သလား၊ အကောင်းမြင်သလားဆိုတာကို ပင်တိုင်ဆွေးနွေးသူက ဆွေးနွေးပွဲ အဆုံး မေးမြန်းချိန်မှာ အဆိုးမြင်သူမရှိသလောက်ဖြစ်ပြီး ခန်းမထဲမှာရှိနေသူအများစုက အကောင်းမြင်တယ်လို့ ဖြေဆိုခဲ့ကြပါ တယ်။

VOA
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ နောက်ကြောင်းပြန် လှည့်နိုင်သေးသလားဆိုတာဟာ သက်ဆိုင်တဲ့ နှစ်ဘက်စလုံးပေါ်မှာ မူတည်နေတယ် လို့ ဒေါ်အောင်ဆန်း စုကြည် က ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဆီ ကူးပြောင်းနေတဲ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်ကာလ တစ်ခုမှာ ရောက်နေတယ် လို့ပြောပါ တယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

WiFi နှင့် NFC အသုံးပြုနိုင် မည့် Panasonic Lumix GF6 ကင်မရာ

Photo: WiFi နှင့် NFC အသုံးပြုနိုင်မည့် Panasonic Lumix GF6 ကင်မရာ
Friday, June 7 , 2013

Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ပရို DSLR ကင်မရာများအား ဈေးကြီးပေး မဝယ်ချင်သူများ ၊ အနိမ့်စား ကင်မရာများနှင့် စမတ်ဖုန်းများပါ ကင်မရာများ၏ ကွာလတီအား မနှစ်သက်သူများအတွက် ရည်ရွယ်ပြီး ဤကင်မရာအား ထုတ်လုပ်လိုက်ခြင်းဟု သိရှိရသည်။

Lumix GF6 သည် အစောက ဖော်ပြခဲ့သည့်အတိုင်း WiFi ချိတ်ဆက်နိုင်သလို NFC (Near Field Communications) ခေါ် အနီးကပ်ချိတ်ဆက် ဆက်သွယ်မျှဝေ နည်းပညာအား အသုံးပြုနိုင်မည် ဖြစ်သဖြင့် သင်ရိုက်ကူးထားသည့် ဓာတ်ပုံများအား အခြားသူများနှင့် လွယ်ကူစွာ မျှဝေနိုင်မည်ဖြစ်သည်။

ဤကင်မရာတွင် မိမိကိုယ်ကို ရိုက်ကူးရာတွင် အသုံးဝင်မည့် ၁၈၀ ဒီဂရီ လှည့်နိုင်သည့် မြင်ကွင်းမျက်နှာပြင်၊ Instagram ကဲ့သို့ ဓာတ်ပုံများ ပုံထွက်အား လှပစွာဖန်တီးနိုင်မည့် လုပ်ဆောင်ချက် ၁၉ မျိုး ၊ HD ဗီဒီယို ရိုက်ကူးခြင်း၊ ကောင်းမွန်သည့် 16MP resolution ၊ ပုံရိပ်ဖမ်းတိကျမှု ပိုမိုကောင်းမွန်သည့် Panasonic Venus Engine နှင့် အလင်းနည်း နေရာများတွင် ကောင်းမွန်စွာ ရိုက်ကူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် iOS (သို့) Android app များ အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

အဖြူ၊ အမည်း၊ ပန်းရောင်နှင့် အညို ရောင်များဖြင့် ထုတ်လုပ်ထားသည့် GF6 ၏ ဈေးနှုန်းပိုင်းတွင်မူ ဒေါ်လာ ၇၀၀ (14-22 mm Lens) နှင့် ဒေါ်လာ ၉၀၀ (14-22 mm + 45-150 mm အတွဲ) ခန့် အသီးသီး ကျသင့်မည်ဖြစ်သည်။

Specifications

• 16MP Live MOS Sensor
• Venus Engine Image Processor
• Micro Four Thirds Mount
• 3.0" 1040K-dot Touch Screen Tilt LCD
• Built-in Wi-Fi with NFC Technology
• Full HD 1080 Video Capture
• 14-42mm f/3.5-5.6 Lens
• Contrast AF and Light Speed AF System
• Extended ISO Up to 25600
• Intelligent Auto+ Mode and Scene Guide

Myanmar Consumer Guide
Lumix G ကင်မရာမိသားစု၏ အသစ်စက်စက် အဖွဲ့ဝင်အဖြစ် WiFi နှင့် NFC တို့ အသုံးပြုနိုင်မည့် Lumix GF6 ကင်မရာအား Panasonic မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနား ကျင်းပနေသည့် အဆောက်အအုံ အ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆိုင်ရာ အထူးကျွမ်းကျင်သည့် ရဲမေများကို တာဝန်ပေးထား

Photo: ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနား ကျင်းပနေသည့် အဆောက်အအုံ အ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆိုင်ရာ အထူးကျွမ်းကျင်သည့် ရဲမေများကို တာဝန်ပေးထား
Friday, 7 June 2013

၂၀၁၃ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း နေပြည်တော် MIC အဆောက်အအုံတွင် ကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်အခမ်းအနားတွင် အ၀င်အထွက် ဂိတ်ပေါက်များ၏ လုံခြုံမှု စစ်ဆေးရေး အပိုင်းကို အထူးကျွမ်းကျင်သည့် ရဲမေများဖြင့် တာဝန်ပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဇွန် ၆ ရက်က ပြောကြားခဲ့သည်။
အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးမှ ဆပ်ကော်မတီ ၁၀ ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းဆပ်ကော်မတီ ၁၀ ခုမှာ လုံခြုံရေး ဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ အတွင်းရေးမှူးလုပ်ငန်း ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ တည်းခိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြည်ဝင်ဗီဇာ ဆပ်ကော်မတီ၊ ဖိတ်ကြားရေး ဆပ်ကော်မတီနှင့် ကြိုဆိုရေး ဆပ်ကော်မတီတို့ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ ရဲမှူးကြီး ဦးကိုကိုအောင်က ဇွန် ၆ ရက် ညနေပိုင်းတွင် ''ဒီအခမ်းအနားကြီးကို ခမ်းခမ်းနားနား အောင်မြင်ဖို့အတွက် ဌာနဆိုင်ရာ ပေါင်းစုံပါဝင်တဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းထားပါတယ်။ ရဲတပ်ဖွဲ့ဌာန အနေနဲ့ကလည်း အခမ်းအနား မကျင်းပမီကတည်းက လုံခြုံရေးဆိုင်ရာတွေကို ကြိုတင်ပြင်ဆင် ထားပါတယ်။ ဒါ့အပြင် ဒီအဆောက်အအုံရဲ့ အ၀င်အထွက် ဂိတ်ပေါက်တွေမှာလည်း လုံခြုံရေးစစ်ဆေးမှု အပိုင်းကို အထူးကျွမ်းကျင်တဲ့ ရဲမေတွေကို ခန့်ထားပါတယ်'' ဟု The Daliy Eleven သို့ ပြောကြားခဲ့သည်။
အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားဖိုရမ် အခမ်းအနားကို နိုင်ငံပေါင်းစုံမှ မီဒီယာ ၆၀၀ ဦးကျော် လာရောက်သတင်း ရယူလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်သူများကို လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးနေသည်ကို တွေ့ရစဉ်

EMG
ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်သူများကို လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးနေသည်ကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း နေပြည်တော် MIC အဆောက်အအုံတွင် ကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်အခမ်းအနားတွင် အ၀င်အထွက် ဂိတ်ပေါက်များ၏ လုံခြုံမှု စစ်ဆေးရေး အပိုင်းကို အထူးကျွမ်းကျင်သည့် ရဲမေများဖြင့် တာဝန်ပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဇွန် ၆ ရက်က ပြောကြားခဲ့သည်။

World Economic Forum တွင် ပြုပြင်ပြောင်းလဲမှု၊ မီဒီယာ၊ တိုင်းရင်းသား ရင်ကြားစေ့ရေး စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စကားစစ်ထိုးပွဲကျင်းပ

Photo: World Economic Forum တွင် ပြုပြင်ပြောင်းလဲမှု၊ မီဒီယာ၊ တိုင်းရင်းသား ရင်ကြားစေ့ရေး စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စကားစစ်ထိုးပွဲကျင်းပ
Friday, 7 June 2013

ဘီဘီစီရုပ်သံလိုင်းမှ အပတ်စဉ် ကျင်းပသည့် စကားစစ်ထိုးပွဲအား
နေပြည်တော်တွင် ကျင်းပသည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ဖွင့်ပွဲတွင် လာရောက်ပြုလုပ်ခဲ့သည်။

အဆိုပါ စကားစစ်ထိုးပွဲမှ ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက် ပါသည်။

ပြုပြင်ပြောင်းလဲမှု
Nick Goring (Presenter) -
မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲ ဖြစ်စဉ်အား နောက်ပြန် ပြန်လှည့် သွားနိုင်လား။

ဒေါ်အောင်ဆန်းစုကြည် - တကယ်မေးရမယ့် မေးခွန်းက ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန် လှည့်နိုင်သလား ဆိုတာထက် လူတချို့ရဲ့ စိတ်နေစိတ်ထားတွေဟာ
ပြောင်းလဲသွားနိုင်သလား ဆိုတဲ့မေးခွန်းကို ပိုမေးသင့်ပါတယ်။ တကယ်လိုအပ်တဲ့ အရာက အမျိုးသား ရင်ကြားစေ့ရေးပါ။ ပြည်သူအများစု ဆီက ရှေ့ဆက်သွားလိုတဲ့ ဆန္ဒရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်ချက်တွေနဲ့ ဆုံးဖြတ်မှုတွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။ တကယ်ဆန္ဒရှိရင် နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

ဇင်မာအောင် (နိုင်ငံရေး အကျဉ်းသားဟောင်း) -
ကျွန်မ အဓိက စိုးရိမ်တဲ့ အချက်ကတော့ ဒီပြုပြင်ပြောင်လဲရေး လုပ်ငန်းစဉ်တွေဟာ ရှေ့ဆက်သွားနေတာလား၊ ဒါမှမဟုတ် စက်ဝိုင်းလို လည်နေတာလား ဆိုတာပဲ။

အောင်ဇော် (ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ်) - ဒီပြုပြင် ပြောင်းလဲမှုဟာ လုပ်ငန်းစဉ်တစ်ခုပါပဲ။ဒီကနေပြီးတော့ ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော် မြန်မာနိုင်ငံကို ပြန်ရောက်လာကတည်းက ပြည်သူတွေဟာ စိတ်လှုပ်ရှား ပျော်ရွှင်နေကြပါတယ်။ ကျွန်တော် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပြင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ တွေ့ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ကောင်းမွန်တဲ့အစိုးရ၊ တရားဥပဒေစိုးမိုးရေး စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောတာတွေ ခဏခဏ ကြားဖူးပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာကတော့ လက်တွေ့ လုပ်ဆောင်ချက်တွေ မရှိတာဘဲ။ ပိုအရေးကြီးတာက အာဏာနဲ့ ချမ်းသာမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းက မြန်မာနိုင်ငံကို ရက်ရက်စက်စက် အုပ်ချုပ်ခဲ့တဲ့လူတွေ လက်ထဲမှာပဲ ရှိနေသေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် -
ဒါဟာ အားလုံးပါဝင်မှုနဲ့ သက်ဆိုင်ပါတယ်။ တကယ်လို့ ပြည်သူတွေက ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ သူတို့နဲ့သက်ဆိုင်တယ်လို့ ခံယူတယ်ဆိုရင် လုံးဝနောက်ပြန်လှည့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေက ဒီပြုပြင်ပြောင်းလဲမှုဟာ သူတို့နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ခံစားရရင်တော့ နောက်ပြန်လှည့်နိုင်တဲ့ အန္တရာယ်ဟာ ကြီးမားလွန်းပါတယ်။

ဇင်မာအောင် -
လူငယ်မျိုးဆက်တွေပါ ဒီပြောင်းလဲမှုမှာ ပါဝင်လာဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နိုင်ငံရေးအသိ တိုးတက်မှသာ ပြုပြင်ပြောင်လဲရေးလုပ်ငန်း နောက်ပြန်မလှည့်နိုင်မှာ ဖြစ်ပါတယ်။

ကိုကို (စက်မှု) -
လူတော်တော်များများဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ပြည်သူအများစု ကြုံတွေ့နေရတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ စိတ်နေစိတ်ထားတွေနဲ့ လုပ်ဆောင်နိုင်မှု ပမာဏတွေအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောဆိုနေကြပါတယ်။

မီဒီယာနှင့် သတင်းအချက်အလက်
အောင်ဇော် -
ကျွန်တော်မေးချင်တာက တစ်နေ့နေ့မှာ ဒီပြန်ကြားရေး ၀န်ကြီးဌာနဟာ ဆက်ရှိနေဦးမလား၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာတဲ့ အချိန်မှာ ဖျက်သိမ်းလိုက်မလားဆိုတာ သိချင်ပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ အနေနဲ့ သတင်းရေးလို့ မရတဲ့ အကြာင်းအရာတွေ အများကြီး ရှိနေပါတယ်။ ဥပမာ အရင်က ထိပ်တန်းခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကို ရေးသားလို့ မရပါဘူး။ အဲဒါတွေ ရေးသားမိရင် ဘာတွေဖြစ်လာမလဲ။

ဦးစိုးသိန်း (သမ္မတရုံး ပြည်ထောင်စုဝန်ကြီး) -
ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ မီဒီယာဟာ ပိုမို တိုးတက်လာပါပြီ။ အမေရိကန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ယှဉ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ တစ်ဆင့်ချင်းဆီ တက်လှမ်းရမှာ ဖြစ်ပါတယ်။ တကယ်လိုအပ်တဲ့ အရာက မီဒီယာတွေရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့နဲ့ ပြန်လည်ချိန်ကြည့်ဖို့ပါပဲ။ အရင်အခြေအနေနဲ့ ပြန်ကြည့်လိုက်ရင်တော့ လက်ရှိမှာ စာနယ်ဇင်းလောကဟာ ပိုမို ကောင်းမွန်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် -
ကျွန်မတို့နိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ မရသေးပါဘူး။ ပွင့်လင်းမြင်သာမှုကို ကြောက်ရွံ့နေတာတွေ ရှိပါသေးတယ်။ ပွင့်လင်းမြင်သာမှုကို ကြောက်နေလို့ မဖြစ်ပါဘူး။ ဒါကို ရင်ဆိုင်မှသာ ရင့်ကျက်တဲ့ ဒီမိုကရေစီကို ရရှိမှာပါ။ ကျွန်မတို့အတွက် မလိုအပ်တဲ့အရာက ဆင်ဆာတည်းဖြတ်တဲ့ ၀န်ကြီးဌာနကို မလိုအပ်ပါဘူး။ ပြည်သူ သန်း ၆၀ သိသင့်တဲ့ သတင်းအချက်အလက်တွေ ပေးအပ်တဲ့ ၀န်ကြီးဌာနဆိုရင်တော့ လက်ခံပါတယ်။

ဦးစိုးသိန်း -
ပွင့်လင်းမြင်သာမှုကို ကျွန်တော် မကြောက်ပါဘူး။ ပြည်သူတိုင်း Freedom from Fear ဆိုတဲ့ စာအုပ်ကို ဖတ်သင့်ပါတယ်။

ဒီမိုကရေစီနိုင်ငံရှိ စစ်တပ်၏ အခန်းကဏ္ဍ
Nick Goring -
စစ်တပ်အနေနဲ့ လွှတ်တော်အပေါ်မှာ ထားရှိတဲ့ ချုပ်ကိုင်မှုတွေနဲ့
ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်ဖို့ ကြိုးစားနေတာတွေဟာ ဒီမိုကရေစီနည်းလမ်း မကျပါဘူး။ ဒါတွေကို ရပ်တန့်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ဦးစိုးသိန်း -
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အရာအားလုံးကို စစ်တပ်ကနေ ချုပ်ကိုင်ထားပါတယ်။ ကျွန်တော့် အမြင်ကတော့ အားလုံးဟာ တဖြည်းဖြည်း ပြောင်းလဲလာပါပြီ။ ဘယ်လိုမျိုး တဖြည်းဖြည်း ပြောင်းလဲလာလဲ ဆိုတာတော့ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူနဲ့ပဲ သက်ဆိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် -
ကျွန်မအနေနဲ့ စစ်တပ်ကို ပရော်ဖက်ရှင်နယ်ကျပြီး ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်း ဖြစ်စေချင်ပါတယ်။ စစ်ခေါင်းဆောင်တွေကိုလည်း
ပြည်သူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံ့ကောင်းကျိုးအတွက် လက်တွဲလုပ်ဆောင် စေချင်ပါတယ်။ ဒါမှသာ စစ်တပ်ကို ပြည်သူတွေက လေးစားချစ်ခင်မှာ ဖြစ်ပါတယ်။

Nick Goring -
ဒေါ်အောင်ဆန်းစုကြည် သင့်အနေနဲ့ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ မျှော်လင့်ဖူးပါသလား။

ဒေါ်အောင်ဆန်းစုကြည် -
ဥပဒေပြင်ဆင်ဖို့အတွက် ထိုင်ပြီးမျှော်လင့်နေမယ့်အစား ဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။

တရားဥပဒေစိုးမိုးမှု
ဒေါ်အောင်ဆန်းစုကြည် -
တရားဥပဒေစိုးမိုးမှု ရရှိမှုအတွက် လွတ်လပ်တဲ့ တရားစီရင်မှု မဏ္ဍိုင်ရှိဖို့ လိုပါတယ်။

ဦးစိုးသိန်း -
တရားဥပဒေစိုးမိုးမှု အားနည်းရတာဟာ လုပ်နိုင်စွမ်းနဲ့ ထိန်းသိမ်းမှု အားနည်းလို့ ဖြစ်တာပါ။

အမျိုးသားရင်ကြားစေ့ရေး
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ -
တိုင်းရင်းသား ရင်ကြားစေ့ရေးအတွက် ဖက်ဒရယ် စနစ်က အဖြေလား။

ဦးစိုးသိန်း - တိုင်းရင်းသား ရင်ကြားစေ့ရေး ရဖို့ အတွက် ကျွန်တော် တို့ အတက်နိုင်ဆုံး ကြိုးစားနေပါတယ်။

Eleven Media Group
ဘီဘီစီရုပ်သံလိုင်းမှ အပတ်စဉ် ကျင်းပသည့် စကားစစ်ထိုးပွဲအား နေပြည်တော်တွင်ကျင်းပသည့် အရှေ့ အာရှ ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ ဖွင့်ပွဲတွင် လာရောက်ပြုလုပ်ခဲ့သည်။

နယ်အချို့တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများ ရှိနေသောကြောင့် ဒေသခံများ ပူပန်နေကြ

Photo: နယ်အချို့တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများ 
ရှိနေသောကြောင့် ဒေသခံများ ပူပန်နေကြ
Friday, 07 June 2013

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများရှိ မြို့နယ်အချို့တွင် ဇွန် ၅ ရက်နှင့် ၆ ရက်များ၌ အဓိကရုဏ်း
 ဖြစ်စေနိုင်သော ကောလာဟလ လှုံ့ဆော်သူများ ရှိနေသောကြောင့်
 ဒေသခံများ စိုးရိမ်မှုများ ရှိနေသဖြင့် အဆိုပါ ကောလာဟလ ထွက်ပေါ်မှုများအား သက်ဆိုင်ရာမှ ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။

ဇွန် ၅ ရက်ကလည်း မန္တလေးမြို့ ၇၆ လမ်း၊ ၃၅လမ်းနှင့် ၃၆ လမ်းကြားရှိ အ.ထ.က (၃) စာသင်ကျောင်း အနီးတွင် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ဗမာနှင့် အစ္စလာမ်ဘာသာဝင်တို့ ခိုက်ရန်ဖြစ်ပွား နေသည်ဟု ကောလာဟလ ထွက်ပေါ်လာမှုကြောင့် ကျောင်းသားမိဘများမှ ကျောင်းရှေ့သို့ စုရုံးရောက်ရှိလာပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် အ.ထ. က(၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား
 ကျောင်းဆင်းပေးခဲ့ကြောင်း၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်များရှိ အ.လ.က(၁၇)၊ အ.ထ.က(၂၆)နှင့် အ.ထ.က (၇)စသည့် စာသင်ကျောင်းများတွင် ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်သည့် ကျောင်းသားမိဘများက ကျောင်းအရှေ့သို့ စုရုံးရောက်ရှိလာပြီး သားသမီးများအား ပြန်ခေါ်ခွင့်ပြုရန် ကျောင်းဆင်းပေးရန်
 ပြောဆိုမှုများ ရှိခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့် မန္တလေးနှင့် မြို့ချင်းထိစပ်နေသော စစ်ကိုင်းမြို့တွင်လည်း ကောလာဟလများ ထွက်ပေါ်ခဲ့သဖြင့် မြို့မဈေး အတွင်းရှိ ဈေးဆိုင်အချို့ ပိတ်သိမ်းခြင်း၊ စာသင်ကျောင်းအချို့ နေ့ဝက် ပိတ်ခြင်းနှင့် ရုတ်ရုတ်သဲသဲ ဖြစ်စဉ်များ ရှိခဲ့ပြီး မြို့မဈေး ၀န်းကျင်နှင့် စာသင်ကျောင်း ၀န်းကျင်နေရာများ၌ လုံခြုံရေးတပ်ဖွဲ့များ ချထားခဲ့ရကြောင်း သိရသည်။ ''မန္တလေးမှာ ကောလာဟလတွေ ဖြစ်ပေါ်ပြီး သတင်းတွေ ပျံ့နှံ့ကူးစက်လာတဲ့အတွက် အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီး ညှိနှိုင်းတယ်။ လုံခြုံရေးတွေကို လက်ပံတောင်းပို့ထားရပြီး မြို့နယ်ရဲတပ်ဖွဲ့မှာ အင်အား ၂၀ လောက်ပဲရှိတာမို့ ရပ်ကွက်အလိုက် သတိရှိကြဖို့နဲ့ လုံခြုံရေးတင်းကျပ် ဂရုထားနေရတယ်'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။

ဟိုနေရာမှာတော့ ဘယ်လိုဖြစ်နေတယ်။ ဒီနေရာမှာတော့ ဘာတွေဖြစ်ပြန်ပြီဆိုတဲ့ ကောလာဟလမျိုးတွေ နေ့တိုင်းကြားနေရတယ်။ အမှန်တကယ်က ဘာမှဖြစ်တာ မဟုတ်ဘဲ ဖြစ်အောင်လို့ကို လိုက်ဖွနေကြတာ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေကတော့ ဒီလိုအသံတွေ ကြားနေရပြီး အားလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ သွားရ၊ လာရ၊ ရောင်းရ၊ ၀ယ်ရတာ မဖြောင့်တော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလိုဝါဒဖြန့်တဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်...

 ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ဇီးကုန်းမြို့နယ်များတွင် ဘာသာရေးပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်
 ကောလာဟလများကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ပူပန်လျက် ရှိနေကြောင်း သိရသည်။ မေ ၃၀ ရက်တွင် ရွှေဘို မြို့၌ စိတ်ရောဂါဝေဒနာသည် သံဃာတော်တစ်ပါး မိမိကိုယ်မိမိ ဘရိတ်ဓားဖြင့် လည်ပင်းကိုလှီးကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ဇွန်လပထမပတ်တွင်လည်း အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်
 ရွှေဘိုမြို့နယ်၊ မြို့လှ၊ ကံသာကုန်း၊ တယ်ဖိုပင် အစရှိသော ကျေးရွာများ၌ ဗုံး၊ သေနတ်၊ လက်နက်များ တွေ့ရှိကြောင်း ကောလာဟလများ ဆက်တိုက်ပျံ့နှံ့လျက်ရှိသည်။

''မြို့ပေါ်ထက်ပိုပြီး အရေးကြီးတာက ကျေးရွာတွေပဲ။ အဲဒီဘက်မှာ လုံခြုံရေးထားရှိတာက ပိုပြီးထိရောက်လိမ့်မယ်။ အခုဆို တချို့ကျေးရွာတွေမှာ ည ၇ နာရီဆို ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ သတိရှိတာ ကောင်းပေမယ့် ဒီအခြေအနေက အသင့်ပြင်နေသလို အနေအထားတွေ ဖြစ်သွားမှာ စိုးရိမ်ရတယ်'' ဟု ရွှေခြင်္သေ့
 ကျောင်းထိုင်ဆရာတော် ဦးတေဇက မိန့်ကြားသည်။

ဇွန် ၆ ရက်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ပဋိပက္ခများ ဖြစ်ပွားလိမ့်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် အောင်လံမြို့ပေါ်ရှိ စာသင်ကျောင်းများ ရှေ့သို့နံနက် ၉ နာရီက ကျောင်းသားမိဘများနှင့် တုတ်လက်နက်များ ကိုင်ဆောင်ထားသော အနီးတစ်ဝိုက် ကျေးရွာများမှ လူအချို့ စုဝေးရောက်ရှိခဲ့ကြောင်း သိရသည်။ ''မြို့ပေါ်မှာ ဘာပြဿနာမှ မရှိသလို အားလုံးလည်း ပုံမှန်အနေအထားပဲ သွားလာနေကြပါတယ်၊ ကောလာဟလတွေကြားတော့ စမ်းကလေး၊ ပိတောက်ကုန်း၊ ရေပေါ်စတဲ့ ကျေးရွာတွေက ကျောင်းသားမိဘတွေနဲ့ ဒေသခံအချို့ တုတ်လက်နက်တွေကိုင်ပြီး မြို့ပေါ်ရောက်လာလို့ ကောလာဟလက ပိုကြီးသွားတာပါ။ ဒါပေမဲ့ ဒါကောလာဟလပဲ ဆိုတာကိုတော့ ကျောင်းသားမိဘတွေ အပါအ၀င် မြို့သူမြို့သားတွေက သတိရှိနေကြပါတယ်'' ဟု ရွာထောင် အထကခွဲကျောင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။ သို့သော် နာရီပိုင်းအတွင်း ပုံမှန်အခြေအနေ
 ပြန်ဖြစ်ခဲ့ပြီး ကောလာဟလများ ပျံ့နှံ့နေချိန်တွင် အောင်လံမြို့ပေါ်ရှိ စာသင်ကျောင်းများအနီး တစ်ကျောင်းလျင် ရဲတပ်သား လေးဦးနှုန်းခန့် လုံခြုံရေးချထားခဲ့ပြီး လက်နက်ကိုင် လာရောက်သူများလည်း
 ပြန်သွားကြကြောင်း သိရှိရသည်။

''ဟိုနေရာမှာတော့ ဘယ်လိုဖြစ်နေတယ်။ ဒီနေရာမှာတော့ ဘာတွေဖြစ်ပြန်ပြီဆိုတဲ့ ကောလာဟလမျိုးတွေ နေ့တိုင်းကြားနေရတယ်။ အမှန်တကယ်က ဘာမှဖြစ်တာ မဟုတ်ဘဲ ဖြစ်အောင်လို့ကို လိုက်ဖွနေကြတာ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေကတော့ ဒီလိုအသံတွေ ကြားနေရပြီး အားလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ သွားရ၊ လာရ၊ ရောင်းရ၊ ၀ယ်ရတာ မဖြောင့်တော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီလိုဝါဒဖြန့်တဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်'' ဟုစစ်ကိုင်းမြို့မှ ဒေသခံတစ်ဦးက သုံးသပ်ခဲ့သည်။

Eleven Media Group
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများရှိ မြို့နယ်အချို့တွင် ဇွန် ၅ ရက်နှင့် ၆ ရက်များ၌ အဓိကရုဏ်းဖြစ်စေနိုင်သော ကောလာဟလ လှုံ့ဆော်သူများ ရှိနေသောကြောင့် ဒေသခံများ စိုးရိမ်မှုများ ရှိနေသဖြင့် အဆိုပါ ကောလာဟလ ထွက်ပေါ်မှုများအား သက်ဆိုင်ရာမှ ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း သုံးသပ်ကြသည်။

ခရိုနီများအား ဒေါ်အောင်ဆန်းစုကြည် အကောင်းဘက်မှ ရှုမြင်

မြန်မာနိုင်ငံရှိ ခရိုနီများသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများတွင် ငွေကြေးသုံးစွဲလာခြင်း ကို ကြိုဆိုပါကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ဇွန် ၆ ရက်က ပြောကြားသည်။

မလေးရှားတွင် ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

Photo: မလေးရှားတွင် ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ
Friday, June 7, 2013

ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။

The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။ ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။

မလေးရှားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများအနက် မြန်မာနိုင်ငံမှ စာရွက်စာတမ်း အပြည့်အစုံနှင့် သွားရောက်လုပ်ကိုင်သူများ ရှိသလို မလေးအစိုးရ၏ 6D program ဖြင့် အထောက်အထား စာရွက်ရရှိခဲ့ကြသူများ ရှိပြီး ၎င်းပရိုဂရမ်တွင် လျှောက်ထားသော်လည်း မလေးအစိုးရမှ အသိအမှတ် မပြုသူများလည်း ရှိကြောင်းကို မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်သည့် ကိုကျော်မိုးဦးက ''ဒီလောက်လူတွေ အများကြီး မိသွားတယ်ဆိုတာက ကျွန်တော် ထင်တယ်။ တချို့က 6D program လုပ်တုန်းက မှတ်ပုံတင်ဖို့ လျှောက်ထားတယ်။ သူတို့ကိုယ် သူတို့တော့ တရားဝင် မှတ်ပုံတင်ထားတယ်လို့ ထင်တယ်၊ ဒါပေမဲ့ မလေးအစိုးရက လုပ်ထားတဲ့ စာရင်းတွေမှာ သူတို့နာမည် မတွေ့ဘူး။ ဒါကြောင့် သူတို့က တရားမ၀င်ဖြစ်သွားတယ်။ အရင်တုန်းက ဒီလိုမျိုးဖမ်းရင် ပိုက်ဆံပေးရင် ပြန်လွှတ်တယ်။ တချို့ဆိုရင် အဖမ်းခံရရင် စာရွက်မရှိဘူးလို့ ပြောလိုက်တယ်။ စာရွက်ရှိတယ်ဆိုရင် သူဌေးကိုယ်တိုင် လာရွေးရတယ်။ သူဌေးတွေက သိပ်ပြီးလာရွေးပေးတာမျိုး မရှိတော့ သူတို့က ပိုက်ဆံပဲပေးလိုက်တာမျိုးပေါ့။ အခုဖမ်းတာက ပိုက်ဆံပေးလို့ မရဘူးလို့ မလေးမှာကျန်ခဲ့တဲ့ ကျွန်တော့်မိတ်ဆွေက ပြောတယ်'' ဟုThe Daily Eleven သို့ ပြောပြသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးကလည်း ''အကြမ်းဖက်တာက ဘင်္ဂါလီတွေလို့ ကြားတယ်။ သူတို့လူမှားပြီး မလေးတစ်ယောက်က သတ်လိုက်တဲ့အထဲ ပါသွားတယ်။ ဒါကြောင့် မလေးအစိုးရက အသည်းအသန် ဖမ်းနေတာလို့လဲ ကြားပါတယ်။ ဘင်္ဂါလီတွေက မလေးထဲကို ခိုးဝင်နေတာ တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်တဲ့။ အဲဒါတွေကို ပြန်စစ်ထုတ်နေတာလို့လည်း ကြားတယ်'' ဟု ပြော ဆိုသည်။

မြန်မာအစိုးရက သတိထောက်လွှာပေးအပ်ပြီး နောက်ပိုင်းတွင် မလေးရှားရဲများက မြန်မာများကို အပြင်းအထန် ဖမ်းဆီးပြီး အထောက်အထားမဲ့ မြန်မာများအား ပြစ်ဒဏ်ချမှတ်မည်ဟု ပြောကြားခဲ့ရာ မလေးရှားရှိ မြန်မာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ အနေနှင့် မြန်မာလူမျိုးတို့အား ပိုမိုကာကွယ် စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားနေကြသည်။

မလေးရှားနိုင်ငံတွင် တရားဝင်စာရင်းများအရ မြန်မာလူမျိုးများ ၃ သိန်းမှ ၅ သိန်းအထိ ရှိနေသည်ဟု ဆိုသော်လည်း ခန့်မှန်းမှုများအရ မလေးရှား၌ မြန်မာလူမျိုး ၂ သန်းအထိ ရှိနိုင်ကြောင်း သိရသည်။

မလေးရှိ ထိန်းသိမ်းရေး စခန်းများတွင် အစားအသောက်၊ အနေအထိုင် ဒုက္ခရောက်ကြရသည်ဟု ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိခဲ့သူများက ဆိုသည်။

The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ
ELEVEN
ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၈၅ မိုင်) တွင် ဇွန် ၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆွစ်ဇာလန် နိုင်ငံသားတစ်ဦး အပါအ၀င် သုံးဦးသေဆုံး

ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းရှိ ၁၈၅ မိုင် တွင် နိုင်ငံခြားသားများပါရှိသောပါရာဒိုတစ်စီးနှင့် အေဒီဗန်အမျိုးအစား အိမ်စီးကားတစ်စီးတို့ တိုက်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြော ကြား သည်။