Monday, June 10, 2013

ဘာသာရေး ပဋိပက္ခများ ဖန်တီးရန် နောက်ကွယ်မှ လှုံ့ဆော်သူများကို ဖော်ထုတ်သင့်ကြောင်း အယ်ဒီတာ့အာဘော် ပါရှိပြီးနောက် Eleven Media Group ၏ အင်္ဂလိပ်ဘာသာဖြင့် တင်ထားသော www.elevenmyanmar.com တိုက်ခိုက်ခံရ

hack-june10
 www.eleven-myanmar.com (အင်္ဂလိပ်)
Eleven Media Group ၏ အင်္ဂလိပ်ဘာသာဖြင့် လွှင့်တင်ထားသော www.elevenmyanmar.com တိုက်ခိုက်ခံရသည့်အတွက် အဆိုပါ ၀က်ဘ်ဆိုက်သို့ စာဖတ်သူများ ၀င်ရောက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တွေ့ဆုံ

Photo: သမ္မတ ဦးသိန်းစိန်နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တွေ့ဆုံ
Monday, June 10, 2013

သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA-S) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ၍ ပဋိပက္ခစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး သဘောတူကြ ကြောင်း သိရသည်။

သမ္မတ အကြံပေး အဖွဲ့ဝင်တဦးဖြစ်သည့် ဦးလှမောင်ရွှေက“သမ္မတ ဦးသိန်းစိန်ဘက်က ဆွေးနွေးတာမှာ စောင့်ကြည့်ရေး ကော်မတီဖွဲ့တာ သဘောတူတယ်။ နောက် သူ့အနေနဲ့ ၂ ဖက်လက်နက်စွဲကိုင်ပြီး တိုက်ပွဲတွေဖြစ်နေခဲ့ကြတာ သိပ်ကြာနေပြီ။ ဒါကြောင့် မို့လို့ ဒီအစား စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပြီးတော့ တိုင်းရင်းသားတွေဘက် ဆွေးနွေးချက်တွေကို သူ့ အနေနဲ့ နောက်ဆုံး ဒါတွေ ဆွေးနွေးသွားလို့ရတယ်ဆိုပြီး သူ့ရဲ့ Road Map(လမ်းပြမြေပုံ) ကိုလည်း သွားဖို့ ရှင်းပြပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။

ယခုတွေ့ဆုံမှုသည် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တဖွဲ့ချင်းအလိုက် ပြည်ထောင်စု အဆင့်သဘောရှိပြီး ထိုမှ တဆင့် တနိုင်ငံလုံး အတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအဆင့် ဆွေးနွေးရန် ရှိကြောင်း၊ ထို့နောက် ငြိမ်ချမ်းရေး ဆိုင်ရာ မူဘောင်များ ချမှတ်၍ ငြိမ်းချမ်းရေး တည်ဆောက်မှု ကဏ္ဍများ ဆက်လက် လုပ်ဆောင်သွားရန် ကိစ္စ စသည့် လမ်းပြမြေပုံအား သမ္မတကလည်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း အပါအ၀င် ပြည်ထောင်စု ၀န်ကြီး ၄ ဦးလည်း တက်ရောက်ခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ တွေ့ဆုံခဲ့ကြရာ တိုက်ပွဲများလျှော့ချရေးနှင့် ၂ ဖက်တပ်နေရာ ချထားရေး၊ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် IDP ကိစ္စ၊ ပဋိပက္ခ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး စသည်တို့ကို ဆွေးနွေးကြောင်း သူက ဆက် ပြော သည်။

“ဒေသတွင်းက လူတွေရဲ့စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နောက်ပြီးတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာရေးပေါ့၊ အဲဒါတွေ သူတို့ ဆွေးနွေးပါတယ်”ဟု သူက ဆိုသသည်။

RCSS/SSA-S ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုတွေ့ဆုံမှု၌ ယခင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ လိုအပ်ချက်များ အပါအ၀င် မူးယစ်ဆေးဝါး ကိစ္စများလည်း ဆွေးနွေးကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

အစိုးရ ၀န်ကြီးများနှင့် ဆွေးနွေးရာတွင်လည်း လုပ်ငန်း အကောင်အထည်ဖော်ရေး ဆိုင်ရာများဖြစ်ကြောင်း သူက ဆက်ပြော သည်။

ဆွေးနွေးပွဲပြီးနောက် RCSS/SSA-S ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က သမ္မတ ဦးသိန်းစိန်အား ဗုဒ္ဓ ရုပ်ပွားတော် တဆူနှင့် ရှမ်း ရိုးရာ ၀တ်စုံတစုံကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ယနေ့ နေ့လယ် ၁ နာရီခန့်က ဒု ဗိုလ်ချုပ် ယွက်စစ် ကလည်း သတင်းစာ ရှင်းလင်းပွဲကျင်းပ၍ ပဋိပက္ခ စောင့်ကြည့်ရေး ကော် မတီ ဖွဲ့စည်းရေးအပါအ၀င် ဒေသဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများ စသည့် ဆွေးနွေးပွဲ၌ သဘောတူခဲ့ သည်များကို သတင်းထောက်များသို့ ရှင်းလင်း ပြောဆိုသည်။

“ကျနော်တို့ အရင်တုန်းက အမြင်မှားခဲ့ကြတာတွေ၊ ယုံမှားသံသယတွေ ထားခဲ့ကြတာတွေ အပြန်အလှန် နားလည်မှု ရရှိအောင် ယုံကြည်မှု ရရှိအောင်ဆိုပြီးတော့ ကျနော်တို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ကြပါတယ်”ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်း ဘာသာဖြင့် ပြောကြားသည်ကို ဘာသာပြန်ကတဆင့် ပြန်လည် ဖြေကြားသည်။

မကြာသေးခင်က ရှမ်းပြည် တပ်မတော် တောင်ပိုင်းနယ်မြေတခုတွင် စစ်ပွဲများဖြစ်ပွားခဲ့ရခြင်းအတွက် စိတ်မကောင်းကြောင်း၊ ငြိမ်းချမ်းရေး ကြီးကြပ်သည့် အဖွဲ့မရှိပါက အပြန်အလှန် အမြင်မှားမှုမျိုးရှိနိုင်ပြီး လက်နက်သုံး၊ အင်အားသုံး၍ ဖြေရှင်း နေကြ မည်ဆိုပါက ငြိမ်းချမ်းရေးကို ပျက်ပြားစေမည်ဟုလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသွားသည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ ရုံးခန်း၌ သမ္မတရုံး ၀န်ကြီးများအပါအ၀င် ပြည်ထဲရေး၊ စွမ်းအင်၊ လျှပ်စစ်၊ စီးပွား/ကူးသန်း၊ မီးရထား၊ သစ်တော၊ လ.၀.က၊ လယ်ယာနှင့် ဆည်မြောင်း စ သည့် ၀န်ကြီးဌာနများ၏ အစိုးရ ပြည်ထောင်စု ၀န်ကြီး ၁၂ ဦး၊ သတ္တုတွင်း၊ ပြန်ကြားရေး စသည့် ၀န်ကြီးဌာနများမှ ဒု ၀န်ကြီး ၄ ဦးတို့နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးကြသည်။

RCSS/SSA-S ခေါင်းဆောင်နှင့် အဖွဲ့သည် မနက်ဖြန်တွင်လည်း နေပြည်တော်၌ ဆက်လက်ဆွေးနွေးရန် အစီအစဉ်များရှိကြောင်း ဦးလှမောင်ရွှေက ပြောသည်။

အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို လွန်ခဲ့သည့် နှစ် ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက် ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြသည်။

RCSS/SSA-S ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် အဖွဲ့သည် နေပြည်တော်သို့ ယမန်နေ့ ညနေ ၅ နာရီ ကျော်က ရောက်လာခဲ့ပြီး ၃ ရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့သည် ရန်ကုန်တွင် ၄ ရက်၊ မန္တလေးတွင် ၂ ရက်၊ တောင်ကြီးမြို့တို့တွင် နေထိုင် သွားရန် အစီအစဉ်များရှိပြီး ရှမ်း နိုင်ငံရေးပါတီများ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံသွားရန် ရှိသည်။

ဧရာဝတီ
သမ္မတ ဦးသိန်းစိန် နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ယနေ့ နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ – Ye Htut / Facebook)
သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA-S)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်တို့ ယနေ့ နေပြည်တော်တွင်တွေ့ဆုံ၍ ပဋိပက္ခ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေး သဘောတူကြ ကြောင်း သိရသည်။

တာချီလိတ် SNLD ရုံးဖွင့်ပွဲတွင် ခွန်ထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး ယွက်ဆစ် တွေ့ဆုံ

Photo: တာချီလိတ် SNLD ရုံးဖွင့်ပွဲတွင် ခွန်ထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး ယွက်ဆစ် တွေ့ဆုံ
Monday, June 10, 2013

ယမန်နေ့က တာချီလိတ်မှာ ကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက0x081ကဋ0x081ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် တို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

တာချီလိတ်မှာ တွေ့ရတဲ့ SNLD ခေါင်းဆောင်များနဲ့ RCSS/SSA ခေါင်းဆောင် များတာချီလိတ်မှာ တွေ့ရတဲ့ SNLD ခေါင်းဆောင် များနဲ့ RCSS/SSA ခေါင်းဆောင်များတာချီလိတ်မြိုန့ယ် ရုံးဖွင့်လှစ်ရန်အတွက် ရောက်ရှိနေတဲ့ ခွန်ထွန်းဦးနဲ့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ သွားရောက်ရန် တာချီလိတ်ကိုရောက်ရှိနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ဟာတာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ အခုလို တွေ့ဆုံဖြစ် ခဲ့ကြတာပါ။

သူတို့နှစ်ယောက် အခုလို ပထမဆုံးအကြိမ် တွေ့ဆုံကြတာကိုလူထုကိုယ်တိုင်
တွေ့ရလို့ အရမ်းအားတက်မိပါတယ်လို့ ရုံးဖွင့်ပွဲကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

တာချီလိတ်ရုံးဖွင့်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်၊ ဗဟိုစည်းရုံးရေးမှူး စိုင်းခမ်းပိုင်ဖ တို့ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးချုပ် စိုင်းလူး တို့ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကော့လီ မီဒီယာ
ယမန်နေ့က တာချီလိတ်မှာ ကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်တင်ရုံး ဖွင့်ပွဲ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက0x081ကဋ0x081ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အင်းလေးဟိုတယ်ဇုန် တရားစွဲခံထားရသူများကို ဖမ်းဝရမ်းထုတ် ဖမ်းဆီး

 အင်းလေးဟိုတယ်ဇုန် စီမံကိန်းကို ကန့်ကွက်မှုကြောင့် တရားစွဲခံထားရသူ ခုနစ်ဦးသည် ကလောမြို့နယ် တရားရုံး ချိန်းရက်များသို့ လာရောက်ခြင်း မရှိသည့်အတွက် ဇွန်လ ၉ ရက်နေ့ နံနက် ၂ နာရီ မှစတင်ကာ ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီးလျက်ရှိကြောင်း ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှူး ကြီးမြင့်က The Voice သို့ ပြောကြား သည်။

အလွန်ကြောက်စရာကောင်းသည့် ခြင်ဆေးခွေအန္ထရာယ်

Photo: အလွန်ကြောက်စရာကောင်းသည့် ခြင်ဆေးခွေအန္ထရာယ်
Monday, June 10, 2013

ခြင်ဆေးခွေသည် နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူ လမ်းကြောင်း ကင်ဆာများဖြစ်ပွားစေနိုင်သည်။

ခြင်ဆေးခွေတွင် ဓါတုပိုးသတ်ဆေးများ၌ အပြင်းထန်ဆုံး သတ်မှတ် ထားသော S.2ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်ဆိုးဆေးနှင့် ဓါတုအမွှေးအကြိုင်တို့ ပါဝင်သည်။ အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene(ဘန်ဇိုင်း) ကာစိဒိုဂျင်တစ်မျိုးလည်း ပါဝင်ပြီး အာရုဏ်ကြောမှစ၍ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေနိုင်သည်။

ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓါတ်သည် စီးကရက်ပေါင်း၅၁လိပ် ဖွာရှိုက်သည်နှင့် ညီမျှသည်။ ခြင်ဆေးခွေ တစ်ခွေမှ
ထွက်လာသော အဆိပ်ဓါတ်သည် စီးကရက်အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်သော အဆိပ်မှုန့်အမာဏနှင့် ညီမျှသည်။

Zin Yaw News
ခြင်ဆေးခွေသည် နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်း ကင်ဆာများဖြစ် ပွားစေနိုင်သည်။

အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်အဖွဲ့များဖွဲ့ရန် လူမှုအဖွဲ့အစည်း ၂၈ ဖွဲ့ တိုက်တွန်း

ဆယ်ကျော်သက်များအတွက် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေသော Facebook

Photo: ဆယ်ကျော်သက်များအတွက် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး
 ဖြစ်လာစေသော Facebook
Monday, June 10, 2013

အင်တာနက်လူမှုကွန်ယက် တစ်ခုဖြစ်သော Facebookသည် ဆယ်ကျော်သက် အသုံးပြုသူအ များစုကို လူမှုရေးရှုပ်ထွေးမှုများနှင့် ဝန်ထုပ်ဝန်ပိုး (burden) ဖြစ်လာစေ ကြောင်း သိရှိရသည်။ လေ့လာမှုကို
အသက်၁၂နှစ်မှ ၁၇နှစ်အရွယ်ရှိ Facebookအသုံးပြုသူများကို လေ့လာခဲ့ပြီး Pew Research Center for children သည် ကလေးများ Facebook အသုံးပြုချိန်များလာလျှင်အောင် မြင်မှုအပေါ် စူးစိုက်ကြိုး ပမ်းမှုနည်း
ပါးလာပြီးလေ့ကျင့်ခန်း များ၊ သင်ခန်းစာများအပေါ် အာရုံစူး စိုက်မှုနည်းပါး
လာကြောင်း သက်သေ ပြနိုင်ခဲ့သည်။

လေ့လာမှုတွင် ဖော်ပြထားချက် အရ Facebook သည် အခြားလူမှု ကွန်ယက်များဖြစ်သော တွစ်တာ (twitter)၊ My Spaceနှင့် ဓာတ်ပုံမျှ
 ဝေသည့်ကွန်ယက် Instragram တို့ နှင့် မတူသောအချက်မှာလူမှုရေး အချက်အလက်များကို မျှဝေရာတွင် လွယ်ကူမှုရှိခြင်း၊ ကိုယ်ပိုင်ခံစားချက် များကို အခြားသူအလွယ်တကူ သိရှိ နိုင်ခြင်းတို့ပင်ဖြစ်သည်။ 

ထို့ကြောင့် လူမှုရေးဆိုင်ရာစော်ကားမှုများ၊ စိတ်မလုံခြုံမှုများ၊ အွန်လိုင်း
လိင်ဖျော် ဖြေခြင်း၊ ကျူးလွန်ခြင်းများကို ဆယ်ကျော်သက်များခံစား
ရစေနိုင် ကြောင်း Pew Research Center for children က ထုတ်ပြန်
ထားသည်။

ဖေ့ဘွတ်သည် ဆယ်ကျော်သက် များ ပြင်ပတွင်မဟုတ်ဘဲ အွန်လိုင်း တွင်စေ့စပ်ခြင်း (engagement)များ တိုးပွားစေပြီး အဆိုပါစေ့စပ်မှုကို သူ ငယ်ချင်းများနှင့် နီးစပ်ရာအွန်လိုင်းအသိုင်းအဝိုင်းသာသိရှိပြီး မိဘများ မသိရှိနိုင်ကြောင်း၊ ပြင်ပတွင် ချိန်းဆိုတွေ့ဆုံမှုများ၊လက်မထပ်ဘဲ အတူ နေထိုင်ခြင်းများလည်း အရေအတွက် မြင့်တက်လာကြောင်း Huffington Post သတင်းစာတွင် ဖော်ပြထား သည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ
လုံခြုံမှုသည် ဆယ်ကျော်သက်များ ဖေ့ဘွတ် အသုံးပြုခြင်းတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်လာပြီး ယင်းတို့ ဘယ်နေရာတွင်
ရှိနေ ကြောင်း၊ မည်သူနှင့်ရှိကြောင်း၊ တစ် ယောက်တည်းသာရှိကြောင်း၊ 
အီးမေးလ်နှင့်ဖုန်းနံပတ်များ စသည် တို့ကိုမျှဝေခြင်း၊ ဖော်ပြထားခြင်းသည် သူငယ်ချင်းများကို သိရှိစေသည်သာ မက လူမှုရေးအကြမ်းဖက်ခံရမှုများ လည်း ရှိလာနိုင်သည်။

လေ့လာမှုတွင်ပါဝင်သောဆယ် ကျော်သက်များ၏ ၁၇%သည် သူ စိမ်းများ၏မိတ်ဆက်ခြင်း၊ လူမှုရေးဆိုင်ရာစော်ကားမှုပြုခြင်းတို့ကို ခံစား ရသည်ဟု ဖြေဆိုခဲ့ကြပြီး ၅၇%က သူတို့ကိုပျော်ရွှင်စေသည်ဟု ဖြေ
ဆိုကြကာ ၃၆%ကမူ လူမှုရေး ကွန်ယက်က မိတ်ဆွေများတိုးစေ ကြောင်း
ပြောကြားခဲ့သည်။

သက်ကို
ref: ANI
Health Updates Journal
အင်တာနက်လူမှုကွန်ယက် တစ်ခုဖြစ်သော Facebookသည် ဆယ်ကျော်သက် အသုံးပြုသူအ များစုကို လူမှုရေးရှုပ်ထွေးမှုများနှင့် ဝန်ထုပ်ဝန်ပိုး (burden) ဖြစ်လာစေကြောင်း သိရှိရသည်။ လေ့လာမှုကို အသက် ၁၂နှစ်မှ ၁၇နှစ်အရွယ်ရှိ Facebookအသုံးပြုသူများကို လေ့လာခဲ့ပြီး Pew Research Center for children သည် ကလေးများ Facebook အသုံးပြုချိန်များလာလျှင်အောင် မြင်မှုအပေါ် စူးစိုက်ကြိုး ပမ်းမှုနည်း ပါးလာပြီးလေ့ ကျင့်ခန်းများ၊ သင်ခန်းစာများအပေါ် အာရုံစူး စိုက်မှုနည်းပါးလာကြောင်း သက်သေ ပြနိုင်ခဲ့ သည်။

ဆိုင်ကယ်ဖြင့် ဈေး လိုက်လံ ရောင်းချသူ တစ်ဦး အား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်

Photo: ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်
ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်း
နှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်
Monday, June 10, 2013

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်
ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်း
နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်းချပေးသွားမည် ဖြစ်
ကြောင်းသတင်း ရရှိသည်။ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေး
သွားမည်ဟုလည်း သိရသည်။

ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန်
 နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့များကို ခေါ်ယူကာ စနစ်တကျ ဖွဲ့စည်း
သွားမည်ဖြစ်ကြောင်း သိရသည်။ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်း
ဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး လူတစ်ဦး (သို့မဟုတ်) ကုမ္ပဏီတစ်ခု (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုအနေဖြင့် အများဆုံး ၀ယ်ယူနိုင်မည့် ရှယ်ယာပမာဏမှာ ကျပ်သိန်းတစ်သောင်း ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀၀ ဖိုး ရှယ်ယာဝယ်ယူသူ အနေဖြင့် ဒါရိုက်တာ အဖွဲ့ဝင်
 ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွင် BOD အဖွဲ့ဝင်များကို မဲပေးစနစ်ဖြင့်
 ရွေးချယ်သွားမည်ဟု သိရသည်။

ရတနာပုံ တယ်လီပို့ အနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးနောက်
တွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၊ ဂြိုဟ်တု
ဆက်သွယ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် ရတနာပုံ တယ်လီပို့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေါ်လာ ၅၀၀ ဘီလျံခန့် တန်ဖိုးရှိကြောင်း သိရသည်။

ဖုန်းအော်ပရေတာ ကုမ္ပဏီ တစ်ခုအနေဖြင့် အပြိုင်လုပ်ကိုင်နေသော အခြားအော်ပရေတာ ကုမ္ပဏီတစ်ခုတွင် ရှယ်ယာပါဝင် နေခြင်းမျိုးမှာ မဖြစ်နိုင်ကြောင်း၊ ရတနာပုံ တယ်လီပို့မှာ အများပိုင် ကုမ္ပဏီ တစ်ခုအနေဖြင့်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန်လ ၁ ရက်က ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု ကိစ္စရပ်များ ဆောင်ရွက်ရန် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီလေးခု ရှိမည်ဖြစ်ပြီး လက်ရှိတွင်
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့မှာ လုပ်ကိုင်
ခွင့်ရ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအဖြစ် တည်ရှိနေကာ သီးခြားပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

eleven media group
ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလအကြာ တွင် ရှယ်ယာ တစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်းချပေး သွားမည် ဖြစ်ကြောင်းသတင်း ရရှိသည်။ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေးသွားမည်ဟုလည်း သိရသည်။

ဦးနှောက်၏ လူသိနည်းသေးသော အချက်များ

Photo: ဦးနှောက်၏ လူသိနည်းသေးသော အချက်များ
Monday, June 10, 2013

- Google ကဲ့သို့ အင်တာနက် ရှာ ဖွေရေးကိရိယာများကြောင့် သင်္ချာ တွက်ရာ၌ဖြစ်စေ၊ မှတ်သား ရာ၌ဖြစ် စေ ဦးနှောက်ကိုအသုံးမပြုကြတော့ဘဲ အင်တာနက်မှအဖြေများကို အဆင် သင့်ရယူလာကြ သည့်အတွက်

ဦးနှောက် ချည့်နဲ့စေသည်ဟု ကိုလံဘီယာ သုတေသီများက ဆိုသည်။
- ကလေးဘဝက နှစ်ခြိုက်ခဲ့သည့်သီချင်းကို လူကြီးဘဝတွင်ပြန်နား
ထောင်ရလျှင် ပျော်ရွှင်မှုခံစားရလေ့ရှိသည်။

- ဦးနှောက်၏ frontopolar cortex အစိတ်အပိုင်းသည် ဦးနှောက်၏ အရှေ့ဘက်အကျဆုံး အစိတ်အပိုင်း ဖြစ်ပြီး ဆဋ္ဌမအာရုံဟုခေါ်သည့် အနာဂတ်ကို ကြိုတင်သိမြင်နိုင် စွမ်းရှိသည်။

- တေးဂီတနားဆင်ခြင်းဖြင့် အကျပ်အတည်းများကိုကျော်လွှားနိုင်ရန်၊ အာရုံစူးစိုက်နိုင်ရန်၊ မှတ်Óဏ်ကောင်း စေရန် ဦးနှောက်အား အထောက်အပံ့ ဖြစ်စေသည်။

- အမျိုးသမီးများတွင် စိတ်ခံစားမှု ဆိုင်ရာပြဿနာများအဖြစ်များပြီး အမျိုးသားများတွင် အာရုံစူးစိုက်မှု လျော့ကျသည့် ပြဿနာနှင့်ဘာသာ စကား သုံးစွဲမှုချွတ်ယွင်းသည့်ပြဿနာ အဖြစ်များသည်။

-လက်ကိုင်ဖုန်းဓါတ်ရောင်ခြည်ကြောင့် ဦးနှောက်ကင်ဆာဖြစ်စေသည်ဟု
ငြင်းခုံနေကြဆဲဖြစ်သော်လည်း ဖုန်းအင်တာနာနှင့် အနီးဆုံး ထိတွေ့
ရသည့် ဦးနှောက်အစိတ် အပိုင်းသည် ကျန် အပိုင်းများထက်

လှုပ်ရှားမှုပိုများပြားသည်ကိုတွေ့ရသည်။
-စိတ်ကျရောဂါဖြစ်ပွားမှုနှင့် ဆက် နွယ်သည့် amygdala နှင့် hippo campus အစိတ်အပိုင်းတို့သည် ကိုယ်တိုင်ရယ်မောလျှင်ဖြစ်စေ၊ ရယ် သံကြားရလျှင်ဖြစ်စေ စိတ်ကျစေသည့် လုပ်ငန်းဆောင်တာများ နှေး
ကွေးလာစေသည်။

ဇော်ကို
Source:RD
Health Updates Journal
Google ကဲ့သို့ အင်တာနက် ရှာဖွေရေးကိရိယာများကြောင့် သင်္ချာတွက်ရာ၌ဖြစ်စေ၊ မှတ်သား ရာ၌ဖြစ်စေ ဦးနှောက်ကိုအသုံးမပြုကြတော့ဘဲ အင်တာနက်မှအဖြေများကို အဆင်သင့်ရယူလာကြသည့်အတွက် ဦးနှောက် ချည့်နဲ့စေသည်ဟု ကိုလံဘီယာ သုတေသီများက ဆိုသည်။

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ အထိမ်းအမှတ်ပွဲ ကျင်းပ

kachinpeace-june10

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ ပူးပေါင်း၍ စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် နှစ်ဖက်စစ်သား များ၊ ဒေသခံပြည်သူများအတွက် ရည်စူးပြီး လွမ်းသူပန်းခွေချခြင်းနှင့် အထိမ်းအမှတ် လမ်းလျှောက် ဆုတောင်းခြင်း များကို ဇွန် ၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် စတင်ပြုလုပ်ခဲ့သည်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဖုန်းစာချုပ် မရရှိသဖြင့် အရစ်ကျ စနစ်ဖြင့် ဖုန်းဝယ်ယူထားသူများ အခက်ကြုံ

ကျေးလက် ဒေသများတွင် အရစ်ကျ စနစ်ဖြင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ၀ယ်ယူထားသူများ အနေဖြင့် ဖုန်းစာချုပ် မရရှိမှုကြောင့် အခက်အခဲ ကြုံတွေ့ရကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်လည်း ယင်းကိစ္စအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး၌ ပထမ လေးလပတ်အတွင်း လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ် တစ်ရာကျော်ရှိ

crabindustiral-june10
ဇန်န၀ါရီလ အတွင်းက အောင်မိုးခိုင် ကဏန်းပျော့စက်ရုံတွင် ၀ိုင်ယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာတစ်နိုင်ငံလုံး၌ ပထမလေးလပတ်အတွင်း လျှပ်စစ်ကြောင့် မီးလောင်မှု ၁၂၇ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများက ဖော်ပြထားသည်။

ဗဟိုဘဏ် အတိုးနှုန်းအား လက်ရှိအစိုးရ လက်ထက်တွင် တတိယ အကြိမ်မြောက် လျှော့ချရန် ဆွေးနွေး

အစိုးရသစ် လက်ထက်တွင် ဘဏ်တိုးနှုန်းများအား တတိယ အကြိမ်မြောက် အဖြစ် ဆက်လက်လျှော့ချ ရန် ဆွေးနွေးမှု များ ပြုလုပ်နေပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်း လျှော့ချနိုင် ရန် ဆွေးနွေးနေကြောင်း ပြည်သူ့လွှတ်တော် အမတ်များထံက သိရှိရပါသည်။

မြန်မာ အပါအ၀င် ဒေသတွင်း နိုင်ငံများ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်း များပြားနေပြီး အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက်ရှိ

totekowe-june10
ရန်ကင်းကလေး ဆေးရုံကြီး ဆေးကုသဆောင် (၂)တွင် တက်ရောက် ကုသနေသည့် သွေးလွန်တုပ်ကွေး လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

မြန်မာ အပါအ၀င် ဒေသတွင်း နိုင်ငံများ၌ လက်ရှိသွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားနေပြီး အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက်ရှိကြောင်းရန်ကုန်အထွေထွေ ရောဂါကု ဆေး ရုံ သစ်ကြီး ဆေး ကုသဆောင်မှ ဒေါက်တာဇော်သန်းထွန်း ၏ ပြောကြား ချက် အရ သိရသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်ပါ အကြံပြုချက်များအား အစီရင်ခံစာ ထွက်ရှိပြီး သုံးလခန့် ကြာသည်အထိ အကောင်အထည် ဖော်နိုင်မှု မရှိသေး

latpantaung-june10

မေလအတွင်းက လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း ထွန်ယက်မှုနှင့် ပတ်သက်ပြီး တောင်သူများနှင့် တာဝန်ရှိသူများအကြား တင်းမာမှု ဖြစ်ပွားစဉ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းဖြစ်ပွားခဲ့သည့် ပြဿနာများအတွက်လက်ပံတောင်းတောင်   ကြေးနီ သတ္ထု တူးဖော်ရေး စုံစမ်း စစ်ဆေးရေး ကော်မရှင် အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပြီးနောက် ကော်မရှင် အကြံပြုချက်များအား မတ် ၁၁ ရက်က တရားဝင် ထုတ်ပြန်ခဲ့သော်လည်း သုံးလခန့်ကြာသည့်အထိ ကော်မရှင်၏အကြံပြုချက်များအား အကောင်အထည် ဖော်နိုင်မှု မရှိသေးကြောင်း လက်ပံတောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ သတင်းရရှိ သည်။

မလေးရှားနိုင်ငံ၌ အသတ်ခံရသည့် မြန်မာလူမျိုး ခြောက်ဦးထိ ရှိနေပြီဖြစ်ပြီး မလေးရှား ဆေးရုံများတွင် အတွင်းလူနာအဖြစ် ၁၂ ဦး ကုသထားရ

အကြမ်းဖက် သတ်ဖြတ်မှုများ လက်ရှိအချိန်အထိ ဖြစ်ပွားနေသော မလေးရှားနိုင်ငံတွင် ဇွန် ၈ ရက် အထိ သေဆုံးသူ မြန်မာလူမျိုး ခြောက်ဦး ရှိသွားပြီဖြစ်ပြီး မလေးရှားရှိ ဆေးရုံများတွင် အတွင်းလူနာ ၁၂ ဦး အထိ တင်ပို့ကုသထားရကြောင်း မလေးရှားနိုင်ငံ၊ ကပုန်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်း က ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားသည့် မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်ကော်မတီ နှစ်ရပ်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဆွေးနွေး

medialaw-june10
အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ဆွေးနွေးနေစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသည့် မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး လွှတ်တော်ကော် မတီ နှစ်ရပ်နှင့် မြန် မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့ ဇွန် ၉ ရက် နံနက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ်၊ ရှစ်မိုင်ရှိ ဟိုတယ်ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်မြို့တွင် လူထုတွေ့ဆုံပွဲ ပြု လုပ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်း အပါအ၀င် နိုင်ငံတွင်း ပြဿနာများသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ပြောကြား

dawsutopol-june10
ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားနေရခြင်းတို့ အပါအ၀င် နိုင်ငံတွင်း ဖြစ်ပွားနေ သည့် ပြဿနာများ၏ အဓိက အကြောင်းအရင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ရသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား သည်။