Friday, June 14, 2013

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှမ်းလက်နက်ကိုင်ခေါင်းဆောင်နဲ့ ပါတီတွေ ဆွေးနွေး

Photo: ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှမ်းလက်နက်ကိုင်ခေါင်းဆောင်နဲ့ ပါတီတွေ ဆွေးနွေး
Friday, June 14 , 2013

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့၊ မတရားအသင်း ဥပဒေတွေ ဖျက်သိမ်းဖို့ ဆိုတဲ့ အချက်တွေ ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေဟာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့မနက် ပိုင်း က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေ ဖော်ဆောင်ပြီးရင်၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်လို့လည်း ရနိုင်ပါတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးရွက်စစ်က အခမ်းအနားမှာ စကားပြန်ကတဆင့် အခုလို ပြောပါတယ်။

"၂ဝဝ၈ အခြေခံဥပဒေကို မပြောင်းလဲပဲ ငြိမ်းချမ်းရေးဖော်ဆောင်မှု မရဘူးလားလို့ မဆိုလိုပါဘူး၊ ဖော်ဆောင်လို့ရပါတယ်၊ ကျနော်တို့ တစုတစည်းထဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လုပ်ဆောင်ပြီးတော့ လိုအပ်တဲ့အပိုင်း အခြေခံဥပေဒကို တဖြေးဖြေးပြုပြင်ပြောင်းလဲသွားဖို့ဖြစ် ပါတယ်၊ နိုင်ငံအကျိုးကိုကြည့်ပြီးတော့ သမ္မတကြီး ဦးသိန်းစိန်ကလည်း ဒီ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုလားချက်ရှိပါတယ်"

ဒီအခမ်းအနားမှာ SSA က ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တို့ဟာ တိုင်းရင်းသားတွေ အဓိကတောင်းဆိုနေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်ထောင်စုကိစ္စတွေကို အပြန်အလှန် ဆွေးနွေး ခဲ့ကြပါတယ်။ ရှေ့ဆက်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုတွေကိုလည်း ဆက်လက်ပြုလုပ်ဦးမှာ ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်စစ် က ပြောပါတယ်။
RFA Burmese
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့၊ မတရားအသင်း ဥပဒေတွေ ဖျက်သိမ်းဖို့ ဆိုတဲ့ အချက်တွေ ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေဟာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့မနက် ပိုင်း က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

Photo: နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန် လည်ပြုပြင် မည်
Friday, June 14 , 2013

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု အများဆုံးနေရာ များတွင် တစ်ခုအပါအဝင် ဖြစ်သော မန္တလေးမြို့တော်ရှိ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်ရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။

ဆွေးမြည့်နေသော တိုင်များ၊ တံတား ကြမ်းခင်းများကို အစားထိုး လဲလှယ် ပြုပြင်သွားမည်ဖြစ်ပြီး အဆိုပါပြုပြင်မည့် ကုန်ကျစရိတ်များကို တွက်ချက်နေပြီ ဖြစ်ကာ တွက်ချက်ပြီးပါက စတင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

အဆိုပါ ဦးပိန်တံတားသည် တောင်သမန်အင်း ပေါ်တွင် ဆောက်လုပ် ထားသဖြင့် ရေစီးရေလာ ကောင်းမွန်ရန် ဆောင်ရွက်ပေး သင့်ကြောင်း၊ တိုင်များ လဲလှယ် ရာတွင်လည်း ရေဆိုးများကြောင့် မြေကြီးထဲ မြှုပ်နေပြီး ပျက်စီးနေသော တိုင်များရှိသဖြင့် သေချာစိစစ် လဲလှယ်သင့်ကြောင်း၊ ဦးပိန် တံတား အနီး ဈေးဆိုင်များမှာ တံတားနှင့် နီးကပ်နေခြင်းကြောင့် ပျက်စီးမှုများစွာ ရှိနိုင်ကြောင်း မန္တလေးမြို့တော်အခြေစိုက် စိမ်းရောင်စို Activities မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

ယင်းအပြင် အဆိုပါ တံတားပေါ်တွင် ဆိုင်ကယ်၊ စက်ဘီးဖြတ်သန်းမှုများကို အနီးရှိ ဘုန်းကြီးကျောင်းမှ သံယာတော် များက ဝိုင်းဝန်းတားမြစ်ကြသော် လည်း ဆက်လက် လုပ်ဆောင်နေ ကြသောကြောင့် အဆိုပါပျက်စီးစေသည့် အကြောင်းများကို သက်ဆိုင်ရာ အာဏာပိုင်များက ပေါင်း စည်းကာ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းကဆိုသည်။

ဦးပိန်တံတားကို ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၄၉ ခုနှစ် ခန့်တွင် အစ္စလာမ်ဘာသာဝင် မြို့ဝန်စာရေး ဦးပိန်က အမရပူရမြို့ တောင်သမန်ရွာတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းတံတား သည် အရှည် ၃၉၇၆ ပေ ခန့်ရှည်လျားပြီး တိုင် ၉၈၄ တိုင်ခန့်ရှိသည်။
The Voice Weekly
ပြည်တွင်းပြည်ပ ခရီးသွားများလာရောက်လည်ပတ်မှု အများဆုံးနေရာများတွင် တစ်ခုအပါအဝင် ဖြစ်သော မန္တလေးမြို့တော် ရှိ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်ရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။

အရိုက်ခံခဲ့ရ သည်ဆိုသည့် အမျိုး သမီးက ပြင်ဦးလွင် NLD များကို အမှုဖွင့်

Photo: အရိုက်ခံခဲ့ရသည်ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD များကို အမှုဖွင့်
Friday, June 14 , 2013

ပြင်ဦးလွင်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း NLD လုံခြုံရေးများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံတင်လိုက်ရသည် ဆိုသည့် အမျိုး သမီးက ပြင်ဦးလွင် NLD လုံခြုံရေးများကို အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

NLD လုံခြုံရေးများ ရိုက်နှက်သဖြင့် ဆေးရုံတက်ခဲ့ရသည့် မခိုင်ဝတ်ရည်သန္တာမောင်သည် ယနေ့ ဆေးရုံက ပြဆင်း လာပြီ ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ “ကျမ ဒီနေ့ ဆေးရုံက ဆင်းဆင်း ချင်း ၀က်ဝံရဲစခန်းသွားပြီး အမှုဖွင့်ထားပါတယ်။ စခန်းက စစ်ချက်ယူနေပါပြီ” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။

မခိုင်ဝတ်ရည်သန္တာမောင်သည် ဒဏ်ရာများရရှိ ခဲ့သောကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ၃ ရက်အကြာ တက်ရောက် ကုသ ခံခဲ့ရကြောင်း၊ ဇွန်လ ၁၀ ရက်နေ့က ဆေးရုံတက်ခဲ့ရပြီး ၁၃ ရက်နေ့တွင် ပြန်လည် ဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးရုံ ရှိ တာဝန်ကျ ဆရာဝန်များက ဆေးရုံ တပတ် တက်ခိုင်းသော်လည်း ၎င်းသားငယ်၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် ဆေးရုံတွင် ၃ ရက်သာ နေပြီး အိမ်တွင် ဆက်လက် ကုသလျှက် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဦးလွင် ခရီးစဉ်အတွင်း ဇွန်လ ၁၀ ရက်နေ့က ပြင်ဦးလွင်မြို့တွင် နားခိုသည့် တော်ဝင်နှင်းဆီခြံ မှ ဒေါ်အောင်ဆန်းစုကြည် အပြန် ယာဉ်တန်း ရှေ့သို့ သွားရောက်ကာ အိတ်ဖွင့်ပေးစာ ပေးပို့သော မခိုင်ဝတ်ရည်သန္တာမောင်ကို NLD လုံခြုံရေးအဖွဲ့က ဟန့်တား ရိုက်နှက်ခဲ့ခြင်းကြောင့် ဆေးရုံတင်ခဲ့ရကြောင်း ကာယကံရှင် အမျိုးသမီးက ပြောသည်။

“ကျမက ၉ ရက်နေ့က မေးခွန်းငါးခု မေးဖို့အတွက် ထပြီး လက်ချောင်း ထောင်တာကိုလည်း သူတို့က မမြင်အောင် ကွယ်ထားတယ်။ အဲဒါနဲ့ နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည် ပြန်တဲ့ ယာဉ်တန်းပေါ်မှာ ကျမ ပြောချင်တဲ့ စကားတွေနဲ့ စာရွက် စာတန်းတွေကို ပေးဖို့ လုပ်တဲ့အခါ ဒီမြို့ခံ NLD အဖွဲ့က လူတွေက ကျမကို အုပ်စုလိုက် ဆွဲထိုးတော့တာပဲ။ မိန်းမ တယောက်က လူပုံအလယ်မှာ ကျမအင်္ကျီကို ဆွဲချွတ်တယ်။ ကျမ အင်္ကျီတခြမ်း ပြဲစုတ်ကုန်ပါတယ်။ ယာဉ်တန်းပေါ်မှာ ပါတဲ့ လူတွေက အဲဒီလို မလုပ်ဖို့ အော်ပေမယ့် ဘယ်သူမှ တားလို့ မရဘူး။ ကျမ တော်တော် ရှက်မိပါတယ်” ဟု ရိုက်နှက်ခံရသူ ပြင်ဦးလွင်မြို့မှ မခိုင်ဝတ်ရည်သန္တာမောင်က ရှင်းပြသည်။

မခိုင်ဝတ်ရည်သန္တာမောင်သည် ၎င်း၏အခက်ခဲများကို စာရေးထားပြီး ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်သို့ လာစဉ် ကိုယ်တိုင် လက်ထဲသို့ ထည့်ချင်သောကြောင့် ယာဉ်တန်းရှေ့သို့ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “သူ့ကို အားကိုး လို့လေ။ အဲဒါကို ပြင်ဦးလွင် NLD အဖွဲ့တွေက ကျမလက်ထဲက စာကို မပေးဖို့ အတင်း တားဆီးကြတယ်။ ကျမကလည်း အတင်းရအောင် ပေး တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားမှာ မပေးလိုက်နိုင်တဲ့ အတွက် နောက်က မန္တလေးတိုင်းရုံး ကားပေါ်ကို ထည့်ပေးလိုက်တယ်။ ဒါကို ဒီကလူတွေက အဲဒီကားပေါ်က လူတွေကို အဲဒီစာယူမသွားနဲ့၊ ပြန်ချခဲ့ လို့ အော်တဲ့အတွက် စာကို ပြန်ချခဲ့တယ်။ ဒါနဲ့ ကျမလည်း အဲဒီစာကို ရအောင် ပြန်သွားကောက်တော့ ကျမရဲ့ လက်တွေကို ပြင်ဦးလွင် NLD က လူတွေက တက်နင်းတယ်၊ လက်တွေကျိုးမတတ် ကျမ အနင်းခံလိုက်ရတယ်။ ကျမကို အဲဒီလို စာပေးရပါ့မလားဆိုပြီး တယောက်က ကျမဗိုက်ကို အရင်စပြီး ထိုးတယ်။ ကျန်တဲ့လူ ၃ ယောက်က ကျမကို ၀ိုင်းချုပ် ပေးထားတယ်။ ကျမ ဘယ်လိုပဲ အော်ပြီး အကူညီတောင်းတောင်း ကူညီတဲ့သူ မရှိခဲ့ပါဘူး” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ရှင်းပြသည်။
မခိုင်ဝတ်ရည်သန္တာမောင် အရိုက်အနှက်ခံနေရသည်ကို ဒေါ်အောင်ဆန်း စုကြည် သိမသွားကြောင်း၊ ယခု လက်ရှိ အချိန်တွင် သိ၊ မသိကိုလည်း မပြောနိုင်သေးကြောင်း မခိုင်ဝတ်ရည်သန္တာမောင်၏ အဆိုအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မန္တလေး NLD တိုင်းရုံးသို့ တိုင်စာများ မရောက်ရှိသေးကြောင်း၊ တိုင်စာ ရောက်ရှိပါက အခြေနေများကို စုံစမ်းပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး NLD တိုင်းရုံးမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော် အဲဒီနေ့က မြင်လိုက်တာက ဆိုးရွားတဲ့ အခြေအနေတော့ မဟုတ်ဘူး။ အဲဒီ ကောင်မလေးက စာကို ယာဉ်တန်း ထဲမှာပါတဲ့ လုံခြုံရေးကားပေါ်ကို တင်လိုက်တာ။ ကျနော်တို့ စည်းကမ်းချက် အရ လုံခြုံရေးကားပေါ်ကို လက်ဆောင်၊ စာနဲ့ တခြား ပစ္စည်းတွေ လက်ခံလို့ မရဘူးလို့ သတ်မှတ်ထားတယ်။ အဲဒါနဲ့ ကလေးတွေက အဲဒီစာကို ပြန်ချခဲ့လိုက်ပါတယ်။ ကောင်မလေး ကလည်း အဲဒီစာကို ပြန်ကောက်လိုက်တာ မြင်လိုက်တယ်။ အဲဒီအချိန်မှာ နည်းနည်းလေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားတာတော့ သိတယ်။ ကျန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ကျနော်တို့ သေချာ စုံစမ်းရပါအုံးမယ်” ဟု ၎င်းက ဆိုသည်။

NLD မှ ပြင်ဦးလွင်မြို့နယ် အလုပ်အမှုဆောင် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟနှင့် မခိုင်ဝတ်ရည်သန္တာမောင်သည် ပြင်ဦးလွင် တရားရုံးတွင် ကလေးဖခင်အဖြစ် ဖွင့်ဟပြောကြားစေချင်သည့် အမှု ရင်ဆိုင်နေကြရပြီး အမျိုးသမီးဖြစ်သူ၏ ပြောကြားချက်အရ နှစ်ဦး သဘောတူ ချစ်သူ ရည်းစားဖြစ်ခဲ့ကာ အတူနေချိန်တွင် ကလေး ရရှိခဲ့ပြီး တာဝန်မယူခဲ့ကြောင်း၊ အမျိုးသမီးရေးရာသို့ တိုင်တန်းသည့် အချိန်တွင် ကလေး စရိတ်အဖြစ် တလလျှင် ကျပ် ၄ သိန်း ထောက်ပံ့ရန် သဘောတူခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအမှု ရင်ဆိုင်ရခြင်းသည် ကလေး မှတ်ပုံတင် လုပ်ဆောင်ရန် အတွက် ဦးကျော်သီဟ၏ မှတ်ပုံတင် နံပါတ် တောင်းဆိုရာ မပေးဘဲ ငြင်းကွယ်သည်ကို မခံနိုင်သည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

“တကယ်တော့ ကျမမှာ သားတဦးပဲ ရှိတာပါ။ သားက အခုတော့ ၇ တန်းပါ။ ကလေး ကျန်းမာရေး အခြေအနေ မကောင်းတဲ့အတွက် ကျောင်း ၂ နှစ်ဆက် နားခဲ့ရတယ်။ ကျမက ဦးကျော်သီဟကို ကလေးအဖေအဖြစ် တာဝန်ယူ ခိုင်းတာ မဟုတ်ပါဘူး။ လက်ရှိ ကလေး မှတ်ပုံတင် လုပ်ဖို့အတွက် ဖခင်မှတ်ပုံတင် လိုလာလို့ ကျမ သူ့ဆီမှာ မှတ်ပုံတင် နံပါတ် တောင်းတာပါ။ ဒါကို သူက မပေးတဲ့အတွက် ကျမ သားရဲ့ ဘ၀ရှေ့ရေးကို ငဲ့ကွက်ဖို့ တောင်းဆိုတာပါ။ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ဆီ စာတင်ဖို့ ကြိုးစားတဲ့အတွက် ကျမကို အခုလို သူတို့တွေက လုပ်ကြတာပါ” ဟု မခိုင်ဝတ်ရည်သန္တာမောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဦးကျော်သီဟကို ဆက်သွယ်မေးမြန်းရာ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်သို့ လာစဉ် ကြိုဆိုရေး၊ ဧည့်ခံရေးနှင့် ပြန်ကြားရေး စသည့် တာဝန်များ ယူထားရကြောင်း၊ ဟောပြောပွဲ မစမီကတည်းက ယာဉ်တန်းရှေ့မှ ကြိုပိတ်မည် ဆိုသည့် သတင်းများ ရခဲ့သဖြင့် ဂရုစိုက်ခဲ့ကြောင်း၊ မခိုင်ဝတ်ရည်သန္တာမောင်ကို ရိုက်နှက်ခြင်း လုံးဝ မပြုခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့၍ မခိုင်ဝတ်ရည်သန္တာမောင်နှင့် အမှုဖြစ်နေသည့် ကိစ္စကို ဖြေကြားခြင်း မရှိခဲ့ပေ။

“သူက ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းလာတာကို အတင်းပိတ်ပြီး စာရွက်တွေ ပေးပါတယ်။ ဒီတွက် ကျနော်တို့က တားဆီးတာလောက်ပဲ ရှိတာပါ။ သူ့ကို ရိုက်နှက်တာတွေ၊ ကိုယ်ထိလက်ရောက် လုပ်တာတွေ တခုမှ မရှိခဲ့ပါဘူး။ မျက်မြင်သက်သေလည်း မရှိဘဲ အရမ်းပြောနေကြတာပါ။ တကယ်လို့ အဲဒီလိုလုပ်တာကို ခိုင်လုံတဲ့ သက်သေ ရှိတယ်ဆိုရင် ရဲစခန်းမှာ သွားပြီး အမှုဖွင့်ဖို့ ပြောထားပါတယ်” ဦးကျော်သီဟက ဧရာဝတီသို့ ပြောသည်။

ယခုအမှုနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၆ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၅၄ နှင့် ၃၂၃ (ရိုက်နှက်မှု) တို့ဖြင့် အမှုဖွင့်ထားပြီး တိုင်ကြားသူ မခိုင်ဝတ်ရည်သန္တာမောင်ကို ယနေ့နံနက်တွင် စတင် စစ်ဆေးလျှက် ရှိနေကြောင်း ၀က်ဝံရဲစခန်းမှ တာဝန်ကျသူတဦးက ပြောဆိုခဲ့သည်။

Irrawaddy 
 ပြင်ဦးလွင်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း NLD လုံခြုံရေးများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံတင်လိုက်ရသည် ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD လုံခြုံရေးများကို အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

"မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှကြေညာချက်တစ်ခုထုတ်ပြန်"

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် အဖွဲ့ ရောက်ရှိခဲ့ခြင်းနှင့် ပတ်သက်၍ မလေးရှားနိုင်ငံခြားရေး ၀န်ကြီးဌာနမှကြေညာချက်တစ်ခုကို ယနေ့ထုတ်ပြန်လိုက်သည်။

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

Photo: စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်
Friday, June 14 , 2013

မြန်မာ့ တပ်မတော်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိ ၃၀ ခန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရေကြောင်းနှင့် လေကြောင်း ရဲအရာရှိများအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သိရသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ရာထူးခန့်ချုပ်က တပ်မတော် (ရေ) မှ ဗိုလ်မှူးအဆင့် ၁၁ ဦးကို ရဲမှူးရာထူးများနှင့် ဗိုလ်ကြီး အဆင့် ၃ ဦးကို ရေကြောင်း ရဲတပ်ဖွဲ့၏ ဒု ရဲမှူးများအဖြစ် ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန် မီဒီယာဂရု(ပ်) ၏ အင်တာနက် စာမျက်နှာတွင် ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

အလားတူ တပ်မတော် (ကြည်း) မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိ ၁၄ ဦးအား ရဲမှူးများအဖြစ် ခန့်အပ်လိုက်ပြီး တခြား ဗိုလ်မှူး ၃ ဦးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ပေးလိုက်ကြောင်း၊ တပ်မတော် (လေ) မှ ဗိုလ်မှူးတဦးကိုမူ လေကြောင်း ရဲတပ်ဖွဲ့၏ ရဲမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

စစ်တပ်မှ အရာရှိများကို ရဲမှူးများအဖြစ် တာဝန်ပေးလိုက်ခြင်းသည် ရဲအရာရှိများ၏ တက်လမ်းနှင့် လုပ်ပိုင်ခွင့်များကို ကန့်သတ်လိုသည့်အတွက်ဟု ယူဆကြောင်း၊ စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလာသည့် တပ်မတော် အရာရှိဟောင်း တချို့သည် လုပ်ငန်းကျွမ်းကျင်မှု မရှိဘဲ အမိန့်အတိုင်းသာ လုပ်ဆောင်တတ်ကြောင်း ရဲအုပ်တဦးက ဧရာဝတီကို ပြောသည်။

“စစ်တပ်က ပြောင်းလာတဲ့အတွက် ရဲလုပ်ငန်းကို ဘယ်လိုလုပ်ပြီး ကျွမ်းမလဲ။ ဒါပေမယ့် သူတို့က အမိန့်နဲ့ အုပ်ချုပ်ခဲ့တာဆိုတော့ လက်နက်ကိုင် ရဲတပ်ဖွဲ့လိုဟာမျိုးကျတော့ သူတို့က ပိုသာတယ်။ ဆက်ဆံရေးကတော့ ရာထူး အဆင့်အလိုက် ဆက်ဆံတဲ့ သဘောပဲတွေ့ရတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

သို့သော် လက်ရှိအချိန်တွင် ခေတ်ပြောင်းနေပြီ ဖြစ်သည့်အတွက် အထက် အောက် အမိန့်ပေးပုံစံ မဟုတ်ဘဲ ကျွမ်းကျင်သူ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ဆက်ပြောသည်။

စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလဲ တာဝန်ပေး ခန့်အပ်သူများအား ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့များ၌ အစားထိုး ခန့်အပ်သွားမည်ဟု သိရသည်။

စစ်တပ်အရာရှိများအား ရဲတပ်ဖွဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြင့် ရဲရင့်သည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ တပ်မတော် (ရေ) မှ အရာရှိများကို ရေကြောင်း ရဲတပ်ဖွဲ့၌ တာဝန်ပေးအပ်ခြင်းသည် သင့်လျော်သည့် လုပ်ရပ်တခု ဖြစ်ကြောင်း ဒု ဗိုလ်မှူးကြီးဟောင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးလှဆွေက ဧရာဝတီကို ပြောသည်။

“ရဲတွေက ရေကြောင်းဆိုင်ရာတွေ ကျွမ်းကျင်မှု မရှိဘူး။ ပင်လယ်ပြင်ကို စိုးမိုးနိုင်တဲ့ ရဲအရာရှိ မရှိဘူး။ ဒါကြောင့် စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာပါ။ ပိုပြီး အစွမ်းထက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာတာပေါ့လေ” ဟု ဦးလှဆွေက ဆိုသည်။

မြန်မာ့ ပင်လယ်ပြင် ကမ်းရိုးတန်းတလျှောက် ကာကွယ်စောင့်ရှောက်ရန် ခေတ်မီ ကမ်းခြေစောင့် သဘောင်္တချို့ ၀ယ်ထားကြောင်း၊ ထပ်မံဝယ်ယူရန် လိုအပ်သေးကြောင်း၊ ထို့အတူ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သည့် ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ လိုအပ်နေကြောင်း၊ ထို့ကြောင့် တပ်မတော် (ရေ) မှ အရာရှိများကို ပြောင်းလဲ တာဝန်ပေးအပ်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်လည်းဖြစ်သူ ဦးလှဆွေက ပြောသည်။

၎င်းက “ကျနော်တို့ ပင်လယ်ပြင်ကြီးက လက်ရှိမှာ လုံခြုံမှု လုံးဝ မရှိဘူး။ ငါးခိုးဖမ်းတဲ့ လှေတွေလည်း ရှိတယ်။ ပြီးရင် ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူတွေ အဆမတန် ပွားများနေတာဟာလည်း လုံခြုံမှု မရှိလို့ပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။ ထိုအဖွဲ့အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်အောက်တွင် ထားရှိမည်ဖြစ်ပြီး ရေကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်သည် နေပြည်တော်တွင် ရုံးစိုက်ကြောင်း သိရသည်။

လက်ရှိတွင် မော်လမြိုင်၊ စစ်တွေနှင့် ပုသိမ်တို့တွင် ရဲကြောင်း ရဲဌာနရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ဦးလှဆွေထံမှ သိရသည်။

ကျောက်ဖြူ၊ ရန်ကုန်နှင့် ထားဝယ် ဆိပ်ကမ်းတို့တွင်လည်း ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့တချို့ရှိပြီး သံတွဲ၊ မြိတ်၊ မန္တလေး၊ ၀မ်ပေါင် (မဲခေါင်) စသည့် နေရာများတွင် ထိုတပ်ဖွဲ့များကို ဖြန့်ကြက် ချထားပေးသွားမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရေကြောင်း ရဲတပ်ဖွဲ့သည် ပင်လယ်ဓားပြများ ကာကွယ်တားဆီးရေး၊ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ လုံခြုံရေး၊ ရေပြင်ပိုင်နက်မှတဆင့် လူ၊ လက်နက်မှောင်ခိုများ တားဆီးနှိမ်းနင်းရေး သဘာဝ ဘေးအန္တရာယ် ဒုက္ခသည်များ ကယ်ဆယ်ရေး စသည့် တာဝန်များကို ထမ်းဆောင်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ လေကြောင်း ရဲတပ်ဖွဲ့သည်လည်း လေယာဉ်ပြန်ပေးဆွဲခြင်းကဲ့သို့သော ရာဇဝတ်မှုများ၊ အစိုးရ ခေါင်းဆောင်များအွက် လေယာဉ်လုံခြုံရေး ဆေင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး၊ လူ၊ လက်နက် မှောင်ခိုမှုများကို တားဆီးခြင်း စသည့် တာဝန်များကို ထမ်းဆောင်မည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ တပ်ဖွဲ့ဝင် ဦးရေ စုစုပေါင်း ၈ သောင်းမှ ၁ သိန်း ၀န်းကျင်ရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

စစ်တပ် အရာရှိများအား ရဲတပ်ဖွဲ့သို့ ရွှေ့ပြောင်း တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲချုပ်ရုံးထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ဧရာဝတီ
ရေကြောင်း ရဲတပ်ဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့)
ရေကြောင်း ရဲတပ်ဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့)
မြန်မာ့တပ်မတော်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်အရာရှိ ၃၀ ခန့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရေကြောင်း   နှင့် လေကြောင်း ရဲအရာရှိများအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သိရသည်။

နှစ်လမ်းမောင်းဖြင့် အဆင်ပြေ နေပြီဖြစ်သည့် သိမ်ကြီးဈေး ရှေ့ရှိ ရွှေတိဂုံ ဘုရားလမ်း

Photo: နှစ်လမ်းမောင်းဖြင့် အဆင်ပြေ နေပြီဖြစ်သည့် သိမ်ကြီးဈေး ရှေ့ရှိ ရွှေတိဂုံ ဘုရားလမ်း 
Friday, June 14 , 2013

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် သိမ်ကြီးဈေး (စီ)ရုံနှင့် (ဒီ)ရုံ အကြားတွင် ရှိသော ရွှေတိဂုံ ဘုရားလမ်းသည် တစ်လမ်းမောင်း စနစ်မှ နှစ်လမ်းမောင်း စနစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သော လမ်းဖြစ်ပြီး ယခုအခါ မော်တော်ယာဉ် များသည် အဆိုပါ နှစ်လမ်းမောင်း စနစ်ဖြင့် အသားကျ သွားလာနေပြီ ဖြစ်သည်။ ထို့ပြင် တစ်လမ်းမောင်း ဖြစ်သော

အနော် ရထာလမ်း၊ မဟာ ဗန္ဓုလ လမ်းနှင့် ကုန်သည် လမ်းတို့လောက် ဆိုးဆိုးရွားရွား ယာဉ်ကြော ကျပ်ခြင်း၊ ပိတ်ဆို့ခြင်းတို့ မရှိဘဲ ကားများ အဆင်ပြေစွာ ဖြတ်သန်း သွားလာ လျက်ရှိသည်ကို တွေ့ရသည်။

ဈေးရုံနှစ်ရုံ စလုံး၏ မျက်နှာစာတွင် ရှိသော လမ်းဖြစ်၍ ဈေးကားများ အ၀င်အထွက် ရှိသော်လည်း လိုင်းကား မှတ်တိုင်များ မရှိသည့် အတွက် ကားများ အလွန်အမင်း ပိတ်ဆို့မှု မရှိခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားခဲ့သည်။ ““ဒီလမ်းကို တစ်လမ်းမောင်း ကနေ နှစ်လမ်းမောင်း စလုပ်လိုက် တုန်းက အဆင်ပြေပါ့ မလား ယာဉ်ကြောတွေ များအရမ်း ကျပ်သွား မလားလို့ ထင်မိတယ်။ ဒါပေမဲ့ ဈေးကားတွေကြောင့် လမ်းပိတ်တယ် ဆိုတာက ခဏပဲလေ။ ကားမှတ်တိုင် တွေမှာ လိုင်းကားတွေ ပိတ်နေသလို အကြာကြီး ပိတ်နေတာမှ မဟုတ်တာ။ ကားပါကင် ထိုးတဲ့နေရာ အ၀င်အထွက် လုပ်တဲ့အချိန် ကလေးပဲ ခဏ ပိတ်သွားတာ။ ပြီးတော့ ဒီလမ်းမှာက ကားမှတ်တိုင် တွေလည်း မထားတော့ ထင်သလောက် ကားလမ်းက မပိတ်တော့ဘူး”” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

မြ၀တီ
ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် သိမ်ကြီးဈေး (စီ)ရုံနှင့် (ဒီ)ရုံ အကြားတွင် ရှိသော ရွှေတိဂုံ ဘုရားလမ်းသည် တစ်လမ်းမောင်း စနစ်မှ နှစ်လမ်းမောင်း စနစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သော လမ်းဖြစ်ပြီး ယခုအခါ မော်တော်ယာဉ် များသည် အဆိုပါ နှစ်လမ်းမောင်း စနစ်ဖြင့် အသားကျ သွားလာနေပြီ ဖြစ်သည်။ ထို့ပြင် တစ်လမ်းမောင်း ဖြစ်သော အနော် ရထာလမ်း၊ မဟာ ဗန္ဓုလ လမ်းနှင့် ကုန်သည် လမ်းတို့လောက် ဆိုးဆိုးရွားရွား ယာဉ်ကြော ကျပ်ခြင်း၊ ပိတ်ဆို့ခြင်းတို့မရှိဘဲ ကားများအဆင်ပြေစွာ ဖြတ်သန်း သွားလာလျက်ရှိသည် ကို တွေ့ရသည်။

အိပ်ဆောင် LED Projector

Photo: အိပ်ဆောင် LED Projector
Friday, June 14 , 2013

aHappyDeal.com ကနေထပ်မံ မိတ်ဆက်ပြသပေးလိုက်တဲ့ ပစ္စည်းကတော့ အိပ်ဆောင် LED Projector ငယ်လေးပါ၊

ရုပ်ရှင်ကြည့်သလို ရသပေးစွမ်းနိုင်မှာဖြစ်သလို ခရီးသွားမယ်ဆိုရင်လည်း
အိပ်ဆောင်အဖြစ် သယ်ယူအဆင်ပြေ လွယ်ကူစေမှာပါ၊ထို့အပြင် USB,SD Card တို့ကိုပါထည့်သွင်းအသုံးပြုလို့ရသလို အခြား Satellite လိုင်းများနှင့်
လည်းချိတ်ဆက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်၊

ရုပ်ထွက်ကောင်းမွန်စေဖို့အတွက် Resolution WXGA(800x480p)
ကိုအသုံးပြုထားပြီး 120%(NTSC) ကိုအသုံးပြုထားပါတယ်၊Input,Output အနေနဲ့ USB,SD card,Audio out,AV in,Mini VGA,HDMI,CATV,DVB-T တို့ကိုထည့်သွင်းပေးထားပါတယ်

Ref:Techblog
Khun Nay(stuff myanmar)
aHappyDeal.com ကနေထပ်မံ မိတ်ဆက်ပြသပေးလိုက်တဲ့ ပစ္စည်းကတော့ အိပ်ဆောင် LED Projector ငယ်လေးပါ၊

ကြည့်မြင်တိုင် မြို့နယ်တွင် ဆက်သွယ်ရေး (၅) ဝန်ထမ်း အဆောက်အအုံ ပြိုကျ

Photo: ကြည့်မြင်တိုင် မြို့နယ်တွင် ဆက်သွယ်ရေး (၅) ဝန်ထမ်း အဆောက်အအုံ ပြိုကျ 
Friday, June 14 , 2013

ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ယနေ့ ညနေ ၄ နာရီခွဲတွင် အိုးဘိုရပ်ကွက်ရှိ ဆက်သွယ်ရေး နှင့် စာတိုက်ရုံး အဆောက်အအုံရှိ ဆက်သွယ်ရေး (၅) ဝန်ထမ်းနေအိမ် နှစ်ထပ် အုတ်ညှပ် အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် တင်ပြထားပြီး ဖြစ်၍ နေထိုင်သည့် ဝန်ထမ်းများအား ယာယီ ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်သဖြင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာ နေရာသို့ ကြည့်မြင်တိုင်မြို့နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ (ယာ/အုံ) ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးသန်းထက်အောင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ လာရောက်၍ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ယနေ့ ညနေ ၄ နာရီခွဲတွင် အိုးဘိုရပ်ကွက်ရှိ ဆက်သွယ်ရေး နှင့် စာတိုက်ရုံး အဆောက်အအုံရှိ ဆက်သွယ်ရေး (၅) ဝန်ထမ်းနေအိမ် နှစ်ထပ် အုတ်ညှပ် အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက်ပေါင်း ၄၀ အတွင်း နိုင်ငံသား လုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော် ထပ်မံမြှုပ်နှံ

Photo: ရက်ပေါင်း ၄၀ အတွင်း နိုင်ငံသား လုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော် ထပ်မံမြှုပ်နှံ
Friday, June 14 , 2013

၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ရက်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှာ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော်ပမာဏအထိ ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသား လုပ်ငန်းရှင်များမှ လုပ်ငန်းကိုးခုတွင် ထပ်မံမြှုပ်နှံခြင်းဖြစ်ပြီး အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍနှစ်ခုတွင် မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ရက်ပေါင်း ၄၀ တွင်း ကျပ်သန်းပေါင်း ၁၉၄၈၉ ဒသမ ၁၉ မြှုပ်နှံပြီး အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ကျပ်သန်းပေါင်း ၁၀၄၁၉၅ ကျော် အထိ မြှုပ်နှံခြင်းဖြစ်သည်။

နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ယခုလပိုင်းများအတွင်း BOT စနစ်ဖြင့် ဆိပ်ခံတံတား တည်ဆောက်ကာ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးသည့် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အဓိက မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
ယခု နောက်ပိုင်းတွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံ များအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက် သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း...

ထိုသို့ မြှုပ်နှံလာသည့်အတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တိုင်းရင်းသား လုပ်ငန်းရှင်များ မြှုပ်နှံထားသည့် ပမာဏ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် အထိ ဆိုပါက ကျပ်သန်းပေါင်း ၃၀၀၀၀၀၀ နီးပါး (ကျပ်ဘီလျံ ၃၀၀၀ နီးပါးအထိ) ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြှုပ်နှံရာတွင် ယခင်က လျှပ်စစ်စွမ်းအား ကဏ္ဍတွင် အဓိက မြှုပ်နှံသော်လည်း ယခု နောက်ပိုင်း တွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံများအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက်သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံရခြင်း အဓိက အကြောင်း ရင်းမှာ စီမံကိန်းအတွက် တည်ဆောက်ရာတွင် လိုအပ်သည့် ကုန်ကြမ်း များအား အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ တင်သွင်းခွင့် ရရှိသကဲ့သို့ လုပ်ငန်းစတင်သည်မှ ငါးနှစ်အထိ အခွန်ကင်းလွတ်ခွင့်များ ရရှိသည့် အတွက် မြှုပ်နှံကြခြင်း ဖြစ်သည်။

EMG
၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ရက်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ မှာ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော်ပမာဏအထိ ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

“ဆီးရီးယားတော်လှန်ရေးတပ်ဖွဲကို အမေရိကန်က လက်နက်ထောက်ပံ့မည်”

Photo: “ဆီးရီးယားတော်လှန်ရေးတပ်ဖွဲကို အမေရိကန်က လက်နက်ထောက်ပံ့မည်”
Friday, June 14 , 2013

အမေရိကန် အစိုးရအနေဖြင့် ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး တော်လှန်ရေး တပ်ဖွဲ့များကို လက်နက် တပ်ဆင်ပေးရေး သဘောတူရန် လမ်းဖွင့်ပေး လိုက်ပြီ ဖြစ်သည်။

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ် အနေဖြင့် ဆန့်ကျင်ရေး အင်အားစုများကို နှိမ်နင်းသည့် ပြည်တွင်းစစ်အတွင်း ဓာတုလက်နက်များ သုံးစွဲခဲ့ကြောင်း အမေရိကန်က စွပ်စွဲခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ကို လက်နက် တိုက်ရိုက် ထောက်ပံ့မှုများ ပြုလုပ်သွားရန် အလေးသာ သွားခဲ့သည်။

အနည်းဆုံး ဥရောပနိုင်ငံ နှစ်ခုကလည်း ဂျော်ဒန်မှတစ်ဆင့် တော်လှန်ရေး တပ်များကို လက်နက် တပ်ဆင်ပေးရေး ကူညီသွားဖွယ် ရှိနေသည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကမူ အသေးစိတ် အချက်အလက် များကို ပြောဆို ရန် ငြင်းဆန်သွား သည်။
Planet.com.mm
အမေရိကန် အစိုးရအနေဖြင့် ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များကို လက်နက် တပ်ဆင်ပေးရေး သဘောတူရန် လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်သည်။

မြန်မာ များကို ပြန်ပို့မည်ဟု မလေး ရှားပြော

မလေးရှားတွင် မြန်မာနိုင်ငံသားလေးဦး အသတ်ခံရပြီးနောက် မလေးရှားအစိုးရက မြန်မာနိုင်ငံ သား ထောင်ပေါင်း များစွာကို မြန်မာနိုင်ငံ သို့ပြန်ပို့ တော့ မည်ဟု ပြောသည်။

မျက်လုံးအတွင်းမှာ ကြိုးတစ်ချောင်းကဲ့သို့ ထင်ရသော ကပ်ပါးကောင်

Photo: မျက်လုံးအတွင်းမှာ ကြိုးတစ်ချောင်းကဲ့သို့ ထင်ရသော ကပ်ပါးကောင်
Friday, June 14 , 2013

အဘယ်ကြောင့် ဆိုသော ဒီရောဂါဟာ မျက်လုံးအတွင်း ကြိုးတစ်ချောင်း ဝင်နေသော ပုံသဏ္ဍန်နှင့် တူသောကြောင့် ဖြစ်ပါတယ်။

မကြာသေးခင်က အမျိုးသမီး တစ်ယောက်၏ မျက်လုံးမှာ တွေ့ရှိခဲ့တာပါ။
အဲဒီအမျိုးသမီး၏ မျက်လုံးကို ထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
ထို့နောက် သူမ၏ မျက်လုံးမှာ ကြိုးတစ်ချောင်း ဝင်နေသကဲ့သို့ ထင်ရသော ကပ်ပါးကောင်ကို တွေ့ရှိခဲ့ပါတယ်။

ဒီရောဂါဟာ လူတစ်ယောက်ကနေ တစ်ယောက်ကူးစက် နိုင်သောရော
ဂါဖြစ်ပါတယ်။ ဒီရောဂါဟာ မျက်လုံးအတွင်း ပြင်းထန်သော ကိုက်ခဲမှုကို
ဖြစ်စေလို့ တတ်ကျွမ်းသူတွေက ဆိုပါတယ်။

ဒီရောဂါဟာ အာရှတိုက်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ ရောဂါကူးစက် ခံရလျှင်
မျက်လုံးကန်းသွား နိုင်ပါတယ်။ မျက်ကပ်မှန်ကို အချိန်အတော်ကြာ ဝတ်ဆင်သော သူများလည်း ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
ဒီရောဂါကို ကာကွယ်ဖို့ ဆရာဝန်များ ကြိုးစားလျက် ရှိပါတယ်။

Ref - Anuksa
Kyaw Lin Naing (MM Social Sky)
အဘယ်ကြောင့် ဆိုသော ဒီရောဂါဟာ မျက်လုံးအတွင်း ကြိုးတစ်ချောင်း ဝင်နေသော ပုံသဏ္ဍန်နှင့် တူသောကြောင့် ဖြစ်ပါတယ်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဇူလိုင်လဆန်းတွင် စတင်ပေးပို့မည်ဖြစ်ပြီး ခန့်မှန်းချိန်ထက် တစ်လကျော်နောက်ကျ

6.13.4

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်း တစ်နေရာအား တွေ့ရစဉ်
ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချ မည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့များကို ဇူလိုင်လဆန်းတွင် စတင်ပေးပို့မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနရုံး အဖွဲ့မှူး ဦးဌေးအောင်က ပြောကြားသည်။

တရုတ်မှ နိုင်ငံတော် စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများကို အွန်လိုင်းတွင် ပြုလုပ်မည်

Photo: တရုတ်မှ နိုင်ငံတော် စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုများကို အွန်လိုင်းတွင် ပြုလုပ်မည်

ဇွန်လ ၁၄ ရက် ၂၀၁၃

အွန်လိုင်း တိုက်ခိုက်မှုများ၊ Hack ခံရမှုများ မကြာခဏ ခံရလေ့ရှိသည့် တရုတ်နိုင်ငံမှ စစ်ဆင်ရေး လေ့ကျင့်မှု များကို အွန်လိုင်းတွင်ပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံအခြေစိုက် စင်ဟွာသ တင်းဌာန၏ သတင်းထုတ်ပြန် ချက်များ အရ တရုတ်နိုင်ငံ စစ်တပ်မှ လာမည့်လတွင် စစ်ဆင်ရေး တိုးတက်မှုများရရှိလာ စေရန်ရည်ရွယ်၍ အွန်လိုင်း စစ်ဆင်ရေး ဂိမ်းပြိုင်ပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့နောက် ၎င်းတို့မှ ထပ်မံ၍ တရုတ် နိုင်ငံစစ်တပ်မှ ယခုလို ပြုလုပ်ခြင်းမှာ သမိုင်းတလျှောက် ပထမဆုံး အကြိမ် ဖြစ်ပြီး ဒီဂျစ်တယ်စစ် ဆင်ရေးနှင့် လက်တွေ့ စစ် ဆင်ရေးများကို ပူးပေါင်း လုပ် ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ စစ်တပ်၏ တာဝန်ရှိ သူတစ်ဦးမှ ယခုလေ့ကျင့်မှုများတွင် Bejing Military Area မှ ပူးပေါင်းပါ ဝင်မည် ဖြစ်ပြီး နိုင်ငံအတွင်းရှိ စစ်ရေး အကယ်ဒမီ ၈ ခုမှလည်း ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှာ အွန်လိုင်းတိုက်ခိုက်မှုများ (Hack) ခြင်း များအတွက် အမေရိကန်နိုင်ငံ Pentagon စစ်ဌာနချုပ်၏ သတိပေးခြင်းကို ခံထားရသည်။ အမေရိကန်နိုင်ငံ ကာ ကွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ် ပြန်ချက်များအရ တရုတ်နိုင်ငံသားများဟု ယူဆရသည့် ဟက်ကာ များမှာ အမေရိ ကန်နိုင်ငံ၏ လက်နက်စနစ်ကို ခိုးယူခဲ့ ကြောင်း တွေ့ရှိရပြီး ထိုကဲ့သို့ ခိုးယူခဲ့ခြင်း မှာလည်း တရုတ်နိုင်ငံ၏ လက်နက်တည် ဆောက်ရေး စနစ်မြင့်မားရန်ပင်ဖြစ်နိုင် ကြောင်း အတိအလင်း သတင်းထုတ်ပြန် ထားခဲ့သည်။

Ref & Credit: Smart Pro Journal
အွန်လိုင်း တိုက်ခိုက်မှုများ၊ Hack ခံရမှုများ မကြာခဏခံရလေ့ရှိသည့် တရုတ်နိုင်ငံမှ စစ်ဆင်ရေး လေ့ ကျင့်မှုများကို အွန်လိုင်းတွင်ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံအခြေစိုက် စင်ဟွာသ တင်းဌာန၏ သတင်းထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံစစ်တပ်မှ လာမည့်လတွင် စစ်ဆင်ရေး တိုးတက် မှုများရရှိလာ စေရန်ရည်ရွယ်၍ အွန်လိုင်းစစ်ဆင်ရေးဂိမ်းပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ 

14.6.2013 မှ 20.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
ယခု အချိန်နှင့် ယခင်အချိန်က လုပ်ရပ်များအဆင်ပြေ အောင်မြင်မှု့တို့ကြားလာရလိမ့်မည်။ ချစ်သူ ထံမှ ကောင်းသတင်းကြားရမည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရမည်။ ရန်သူ ၏ တောင်းပန်မှုရမည်။ အခက် အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသော အရာများရှင်းနိုင်မည်။ သင်တန်းသွား ရတတ်သည်။ ကျန်းမာရေး အနည်းငယ်ချူချာ နိုင်သည်။
 
အကျိုးပေးဂဏန်း - ၀ ၊ ၁ ၊ ၂။
အထူးဟော - ကံကောင်းမည်။
ယတြာ - အောင်သပြေ (၉) ညွန့် မွေးနေ့မှာ လှူလိုက်ပါ။
 

လူမှောင်ခိုကုန်ကူးသူထဲမှာ ထိုင်းရေတပ်ပါဝင်လို့ စွပ်စွဲချက်ထပ်ပေါ်လာ

Photo: လူမှောင်ခိုကုန်ကူးသူထဲမှာ ထိုင်းရေတပ်ပါဝင်လို့ စွပ်စွဲချက်ထပ်ပေါ်လာ
Friday, June 14 , 2013

မြန်မာနိုင်ငံအနောက်ဖက်ခြမ်းကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင်
တွေကို လူမှောင်ခိုကုန်ကူးပြီး ပို့ဆောင်တဲ့အထဲမှာ ထိုင်းရေတပ်က ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက် အသစ်တခုထွက်ပေါ်လာပါတယ်။

မလေးရှားမှာရောက်ရှိလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက ထိုင်းရေတပ်က သူတို့ဖမ်းမိခဲ့ပြီးတော့  ရိုက်နှက်ပြီး လူမှောင်ခိုကုန်ကူးသူတွေရဲ့ လက်ထဲ
ရောင်းစားခဲ့တယ်လို့ အေဘီစီ သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း  ထိုင်းနိုင်ငံ ဖူးကက်ဒေသအနီးမှာ ရောက်
ရှိလာတဲ့ ခိုလုံခွင့်တောင်းခံသူ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့လှေကို ထိုင်းရေတပ်ကဖမ်းမိခဲ့ပြီး ပစ်ခတ်ခဲ့တဲ့တွက် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့
တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အေဘီစီသတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံ ကမ်းခြေကိုရေကူးလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ ဖမ်းမိခဲ့တဲ့ သူတွေကို လူမှောင်ခိုကုန်ကူးသူတွေရဲ့ လက်ထဲရောင်းစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထိုင်းရေတပ်ဖက်က ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အလားတူပဲ လူမှောင်ခို ကုန်ကူးသူတွေထံကို ရောင်းစားခံရတဲ့ ရိုဟင်ဂျာ မွတ်စလင် အမျိုးသားတွေကိုလည်း အေဘီစီ သတင်းဌာနကနေ ထပ်မံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။

လူမှောင်ခိုကုန်ကူးသူတွေလက်ထဲ ရောင်းစားခံရတဲ့ ရိုဟင်ဂျာမွတ်စလင်
လူမျိုး တဦးက ထိုင်းရေတပ်က သူ့ကိုတညလုံးရိုက်နက်ခဲ့ပြီး မနက်ပိုင်းမှာ ထိုင်းလူမျိုးတွေထံ အပ်နှံခဲ့တဲ့အကြောင်း၊ ပြီးတော့ လူမှောင်ခိုကုန်ကူး
သူတွေရဲ့လက်ထဲမှာ လွဲအပ်ခဲ့ချိန်မှာလည်း ဆယ်နှစ်ကြိမ်လောက် ထပ်ပြီး
ရိုက်နှက်ခံရပြန်တဲ့အကြောင်းကို မကြာသေးခင်ကမှ မလေးရှားနိုင်ငံထဲ အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာမွတ်စလင် အမျိုးသားနှစ်ဦးက အေဘီစီ သတင်းဌာနကိုပြောပြခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို ငြင်းဆိုနေပေမယ့် ခိုလုံခွင့်တောင်းခံ
သူတွေရဲ့ စွပ်စွဲချက်ဟာ မှန်ကန်နေမယ်ဆိုရင်တော့ ထိုင်းရေတပ်ဟာ လူမှောင်ခိုကုန်ကူးသူတွေနဲ့ ပါဝင်ပတ်သက်နေလိမ့်မယ် ဆိုတာကို အတည်ပြုလို့ရမှာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေကလည်း
 မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေကို ကာကွယ်ပေးဖို့အတွက် အာဏာပိုင်တွေကို တောင်းဆိုလိုက်သလို အကြမ်းဖက်မှုတွေကိုလည်း ရှုပ်ချခဲ့ပါတယ်။

ABC Radio Australia
မြန်မာနိုင်ငံအနောက်ဖက်ခြမ်းကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို လူမှောင်ခိုကုန်ကူးပြီး ပို့ဆောင်တဲ့အထဲမှာ ထိုင်းရေတပ်က ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက် အသစ်တခုထွက်ပေါ်လာပါတယ်။

ဆီးရီးယားစစ်ကြောင့် သေဆုံးသူ ၉၃၀၀၀ ရှိ


Photo: ဆီးရီးယားစစ်ကြောင့် သေဆုံးသူ ၉၃၀၀၀ ရှိ
Friday, June 14 , 2013

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Navi Pillay ရဲ့အဆိုအရ ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၉၃၀၀၀ 
သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ် အယောက်ပေါင်း ၆၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဆီး ရီး ယား ပြည်တွင်း စစ်ကြောင့် ပြည်သူ အယောက်ပေါင်း ၃၀၀၀၀ သေဆုံးရပြီးလို့ ကုလသမဂ္ဂက ပြောပြီး နောက် ၅ လအကြာမှာပဲ တစ် သိန်း နီး ပါး သေ ဆုံး ရကြောင်း ပြောဆိုလိုက်တာ
 ဖြစ်ပါတယ်။

ဒီလို သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆီးရီးယားအစိုးရနဲ့ ဆီးရီးယားသူပုန်တွေ
 နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

အစိုးရတပ်တွေက မြို့ပြဒေသတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ 
လေယာဉ်ကို အသုံးပြုပြီး တိုက်ခိုက်တာတွေနဲ့ ဗုံးကျဲတာတွေ နေ့နေ့ ညညလုပ်သလို အတိုက်အခံသူပုန်တွေကလည်း ပြည်သူတွေ နေထိုင်တဲ့ 
ဒေသမှာ ပစ်ခတ်မှုတွေ လုက်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြည်တွင်းစစ်ကြောင့် သေဆုံးသူတွေ များပြားနေချိန်မှာပဲ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် Damascus မြို့မှာ ရှိတဲ့ နိုင်ငံတကာ လေဆိပ်ကို ဆီးရီးယား
သူပုန်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရက
 ပြောပါတယ်။

ဒီလို ပစ်ခတ်မှုကြောင့် လေယာဉ်တချို့ မဆင်းသက်နိုင်တာတွေ၊ တချို့ အချိန်မှီ မပျံသန်းနိုင်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ လေယာဉ်တွေကို အသုံးမပြုနိုင်အောင် သူပုန်
အဖွဲ့တွေ ကြိုးစားနေတဲ့ လအနည်းငယ်ကြာသွားပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio Australia
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Navi Pillay ရဲ့အဆိုအရ ဆီးရီးယားနိုင်ငံမှာ ဖြစ်နေ တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၉၃၀၀၀ သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ကလေးငယ် အယောက်ပေါင်း ၆၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်မည်"

Photo: "၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်မည်"
Friday, June 14 , 2013

မြန်မာနိုင်ငံက လွှတ်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအ၀င် မြန်မာပြည်သူတွေ အတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေ မှန်သမျှကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် ၀ုဒရိုး ၀ီလဆင် စင်တာ(Woodrow Wilson Center) မှာ မနေ့ညနေက ကျင်းပတဲ့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့အမြင် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံ အရ ကန့်သတ်ချက်တွေက စိုးရိမ်စိတ်တွေရှိတယ်ဆိုတာ သိပါတယ်။ကျွန်တော်တို့ လွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့အတွက် ကော်မတီ၊ကော်မရှင်တစ်ရပ်ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ဖို့ ဥပဒေအရပြဌာန်းထားတဲ့ အခွင့်အရေးရှိပါတယ်။ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တစ်ခြားဥပဒေနည်းတူ တည်ဆဲဥပဒေတစ်ရပ်သာ ဖြစ်ပါတယ်။ကျွန်တော်တို့ လွှတ်တော်သည် ဥပဒေတွေကို ပြဌာန်းပေးဖို့ တာဝန်ရှိပါတယ်။'

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတရဲ့ အရည်အချင်း၊ အမျိုးသမီးအခွင့်အရေး၊ ရိုဟင်ဂျာအရေး၊ နိုင်ငံသားအခွင့်အရေး၊ လယ်ယာမြေသိမ်းဆည်းခံရမှု၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ စတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ မေးမြန်းချက်တွေကိုလည်း သူရဦးရွှေမန်းက ဖြေကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ NDI အမျိုးသားဒီမိုကရက်တစ် အင်စတီကျုနဲ့ ၀ုဒရိုး ၀ီလဆင် စင်တာ- မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနတို့ ပူးတွဲကျင်းပခဲ့တာ ဖြစ်ပြီး၊ အမေရိကန်အစိုးရဌာနဆိုင်ရာအရာရှိတွေ၊ ပုဂ္ဂလိက အန်ဂျီအိုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအ၀င် မြန်မာ့အရေးစိတ်ဝင်စားသူတွေ (၁၀၀) ကျော်လောက်တက်ရောက်ခဲ့ပါတယ်။

RFA
မြန်မာနိုင်ငံက လွှတ်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအ၀င် မြန်မာပြည်သူတွေ အတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေ မှန်သမျှကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

လုပ်ငန်းခွင်ဝင် ကလေးတွေ စာသင်နိုင်ဖို့ ရွေ့လျားစာသင်ခန်းတွေ လုပ်မည်.

အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်ဝင်နေတဲ့ ကလေးတွေအတွက် ရွေ့လျားစာသင်ခန်း (mobile classroom)တွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြန်ကြားရေးတာဝန်ခံ ဒေါ်ဆွေဇင်ထိုက် ထံက သိရပါတယ်။

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ အမူ တရားလို သက်သေ သုံးဦးကို စစ်ဆေး

Photo: မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ အမူ တရားလို သက်သေ သုံးဦးကို စစ်ဆေး
Friday, June 14 , 2013

တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြ သဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲခံရသူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ တရားရုံးမှ စစ်ဆေးရာ တရားလို သက်သေ သုံးဦးကို စစ်ဆေးခဲ့သည်။

ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေ၀င်းက အစိုးရ အရာရှိ (၃) ဦးကို စစ်ဆေးခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။

“ ကျွန်တော်တို့ ၁၀ ယောက် ရုံးကို ၁၁ နာရီခွဲမှာ ရုံးကိုရောက်တဲ့အကြောင်းကို အကြောင်းကြား ပါတယ်။ မြို့နယ် တရားသူကြီး ဦးနေ၀င်းက ကျွန်တော်တို့ကို ခေါ်ပါတယ်။ ပထမ စစ်တာက မြို့နယ်အလုပ်သမားဦးစီးမှူး ဦးရွှေသန်း၊ ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစံရွှေထွန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးနေ၀င်း (ဒုဦးစီး) တို့ကို စစ်ဆေးပါတယ်။”

စစ်ဆေးရာတွင် တရားခံ ၁၀ ဦးဖက်မှ ရှေ့နေ့ ဦးထိန်းလင်းမှ လိုက်ပါ ဆောင်ရွက်ပေးပြီး အစိုးရ တရားလိုဖက်မှ ရှေ့နေအဖြစ် ဒေါ်လှနုဖြူက ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

သူတို့ကို စစ်ဆေးသည့် အခြေအနေနှင့် ပတ်သက်၍ ဦးထွန်းကြည်က ယခုကဲ့ ပြောသည်။

“ ဟုတ်ကဲ့၊ မြို့နယ်အလုပ်သမား ဦးစီးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးကို စစ်ဆေးပါတယ်။ သူတို့ကို စစ်ဆေးတဲ့ အခါ မဒေးကျွန်းကို မိမိဆန္ဒထုတ်ဖေါ်ခွင့်ပေးတဲ့ ဧပြီလ၁၈ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာန ဆိုင်ရာအကြီးအကဲတွေက မဒေးကျွန်း ဒေသခံတွေနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ သူတို့တွေက လက်မခံတဲ့အတွက် ဆန္ဒပြပွဲဖြစ်သွားတယ်။ အဲဒီဆန္ဒပြမှုနဲ့ ဖြစ်သွားတာနဲ့ ပတ်သက်ပြီး သူတို့ကို စစ်ဆေးပါ တယ်။ ကျွန်တော်တို့ကိုလဲ ဆန္ဒပြတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်း တာတချို့တော့ မနေ့က ရှိခဲ့ပါတယ်” ဟု ဆိုသည်။

ယနေ့တွင် တရားလိုသက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေသေးသော တရားလိုသက်သေ ၁၂ ဦးကို ယခုလ ဇွန်လ ၂၄ ရက်နေ့တွင် ထပ်မံ စစ်ဆေး သွားမည်ဟု သိရသည်။

ဆန္ဒပြသဖြင့် တရားစွဲခံရသူများမှာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်းရွာမှ ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာမှ ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦးထွန်းကြည်တို့ ဖြစ်ကြသည်။

၎င်းတို့ ၁၀ ဦးကို ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းရှိ တရုတ်ကုမ္ပဏီ CNPC အား ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ မေလ ၆ ရက်နေ့က တရားလို လုပ်ကာ တရားစွဲ ဆိုခြင်းဖြစ်သည်။ှ

narinjara
တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲ ခံရသူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ တရားရုံးမှ စစ်ဆေးရာ တရားလိုသက်သေ သုံးဦးကို စစ်ဆေး ခဲ့သည်။

နှုတ်ခမ်း ကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပ ဆရာဝန်များ အခမဲ့ ခွဲစိတ်ပေး မည်

Photo: နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပဆရာဝန်များ အခမဲ့ ခွဲစိတ်ပေးမည်
Friday, 14 June 2013 

နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်းဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော
 မြန်မာ ဘရူဝါရီကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ခွဲစိတ် ကုသမည့် ကလေးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှဖြစ်ပြီး ခွဲစိတ် ကုသပေးမည့် ကာလကို ဇွန်လ ၁၇ ရက်မှ ၂၁ ရက်နေ့ထိ သတ်မှတ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"အရင်နှစ်တုန်းက အာရှဘက်က ဆရာဝန်တွေ များတယ်။ ဒီနှစ်မှာတော့ ဥရောပနဲ့ အမေရိကားက ဆရာဝန်တွေ များတယ်" ဟု မြန်မာဘရူဝါရီ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးလှထွန်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာခေါင်ကွဲ ဝေဒနာရှင်များထက် နှုတ်ခမ်းကွဲ ဝေဒနာရှင် များက ပိုများကြောင်း၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များသည် မျိုးရိုး လိုက်ခြင်း၊ မိခင်လောင်းများ ကိုယ်ဝန်နုစဉ် ဆေးဝါး အပြင်းများ သုံးစွဲခြင်းနှင့် အလုပ်ကြမ်း လုပ်ခြင်းတို့ကြောင့် ဖြစ်ပွားကြကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးက ရှင်းပြသည်။

ပြည်တွင်းမှ ခွဲစိတ်ကုသမည့် ဆရာဝန် ၁၀ ဦးသည် ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန်ကြီးများဖြစ်ကြောင်း၊ ယခုတတိယ အကြိမ်မြောက် ပြု လုပ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသပေးသည့် အစီအစဉ် ကို မြန်မာဘရူဝါရီ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ F&N စားသောက်ကုန် ကုမ္ပဏီ တို့က ပံ့ပိုး ပေးထားကြောင်း သတင်း ထုတ်ပြန်ထားသည်။

The Voice Weekly
နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်း ဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော မြန်မာ ဘရူဝါရီကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဂျပန်တွင် တစ်နာရီ မိုင် ၃၂၀ ရထား ပြေးဆွဲမည်

Photo: ဂျပန်တွင် တစ်နာရီ မိုင် ၃၂၀ ရထား ပြေးဆွဲမည်
Friday, 14 June 2013

အခုတော့ မဟုတ်သေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့ လာမယ့် ၈ နှစ်အတွင်း
 ဖြစ်ပေါ်လာအောင် ကြိုးစားဖန်တီးနေပြီ ဖြစ်ပါတယ်။

တစ်နာရီ မိုင် ၃၂၀ ဆိုတော့ လက်ရှိ တရုတ်ပြည်မှာ ပြေးဆွဲနေတဲ့ တစ်နာရီ ၂၆၈ မိုင် ရထားထက် အများကြီးမြန်ပါတယ်။ ကြောက်စရာလည်း ကောင်း
မှာပါ။ လေခုခံမှုကို ဖြိုခွင်းပြီး ခရီးထွက်မယ့် ရထးအတွက် လမ်းပါ အသစ်ဆောက်ပေးရမှာပါ။ ပြေးတဲ့အခါ ရထားလမ်းနဲ့တောင် မထိပါဘူး။ မထိသထိ နဲ့ ရေပေါ်ပေါ်သလို ငြိမ့်ပြီး လိုရာခရီးရောက်မှာပါ။ ဒီတော့ ဘေး အကာအရံ၊ လုံခြုံရေးစနစ်က အင်မတန် အရေးကြီးသွားပါတယ်။

ပထမဆုံး စမ်းသပ်ချက်အနေနဲ့က အောင်မြင်ပြီးသွားပြီ ဖြစ်ပါတယ်။ ယင်း စမ်းသပ်ချက်ကို ရထား တစ်တွဲနဲ့လုပ်သွားတာပါ။ နေက်ဆိုရင် ပုံမှန်ပြေး
ဆွဲနေတဲ့ သံလိုက် ရထား အတွဲများကဲ့သို့ အရှည်ဆောက်မှာ ဖြစ်ပါတယ်။ တိုကျိုနဲ့အိုဆာကာကြား ပြေးဆွဲမှာပါ။ ယင်း ရထားဟာ ကမ္ဘာ့ အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
ColayAutomobile
ColayOnline:Automobile
အခုတော့ မဟုတ်သေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့ လာမယ့် ၈ နှစ်အတွင်း ဖြစ်ပေါ်လာအောင် ကြိုးစား ဖန်တီးနေပြီ ဖြစ်ပါတယ်။

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရပြော

မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရပြော 
Friday, June 14 , 2013 

မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ပြင်မှာ မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် တစ်ဖွဲ့နဲတစ်ဖွဲ့ကြား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရက မြန်မာနိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ သ တင်း ပတ် နှစ်ပတ် အတွင်း မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခက အနည်းဆုံး ၇ ကြိမ်ရှိခဲ့ပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

 သေဆုံးသူတွေက မွတ်စလင်လူမျိုးတွေ မဟုတ်ဘူးဆိုတာကိုလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက အတည်ပြု ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကို မလေးရှားနိုင်ငံအထိ သယ်ဆောင် လာကြတာဖြစ်တယ်လို့  မြန်မာနိုင်ငံက ဒုဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ မလေးရှားပြည်ထဲရေးရာ ဝန်ကြီးက ပြောပါတယ်။ အဲဒီမတိုင်ခင် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို မြန်မာနိုင်ငံထဲမှာပဲ ထားရှိဖို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။

မလေးရှားနိုင်ငံ အစိုးရနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်ကလည်း မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဘာသာရေးပဋိပက္ခကြောင့်ဖြစ်တာမဟုတ်ပဲ မြန်မာနိုင်ငံက လူဆိုးဂိုဏ်းတွေအကြား ဖြစ်ခဲ့တဲ့ ပြဿနာဖြစ်တယ်လို့ ပြောကြောင်း ကျိုဒိုးသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို အခြေအနေကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာဝန်ကြီးက မလေးရှားဝန်ကြီးကို တောင်းဆိုထားပြီး မြန်မာနိုင်ငံသားတချို့ ပြည်တော်ပြန်ဖို့ ဆန္ဒရှိတဲ့အတွက် အမြန်ဆုံးပြန်နိုင်အောင် စီစဉ်ပေးနိုင်မယ်လို့လည်း ဦးဇင်ယော်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မလေးရှားအစိုးရက ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ခဲ့ပြီး တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား နှစ်သိန်းခွဲကျော်ရှိပြီး အဲဒီထဲက တစ်ဝက်လောက်ဟာ တရားမဝင်နေထိုင်သူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ကိုးသောင်းကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ သုံးသောင်းကျော်က ချင်းလူမျိုး၊ သုံးသောင်းနီးပါးက ရိုဟင်ဂျာတွေဖြစ်ကြပြီး တစ်သောင်းကျော်ကတော့ မြန်မာမွတ်စလင်တွေ ဖြစ်ပါတယ်။

အဲဒါ့အပြင် ရခိုင်ဒုက္ခသည်တွေက ခုနှစ်ထောင်ကျော်ရှိပြီး မွန်လူမျိုးက ၃၄၀၀ ကျော်နဲ့ တခြားလူမျိုး အနည်းငယ်စီ ပါဝင်တယ်လို့လည်း သိရပါတယ်။

radioaustralia.net
ပဋိပက္ခကြောင် မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။
မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ပြင်မှာ မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် တစ်ဖွဲ့နဲတစ်ဖွဲ့ကြား တိုက်ခိုက်မှုတွေရပ်တန့်ဖို့ မလေးရှား အစိုးရ က မြန်မာနိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။

ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့

ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့
Friday, June 14 , 2013 

ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇) ကျောင်းရှေ့တွင် ယနေ့ (၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်၌ ဆိုင်ကယ်လေးစီးက''စာသင်ကျောင်းအား မီးရှို့နေပြီ'' ဟု အော်ဟစ် ထွက်ပြေးသွားရာမှ ကျောင်းသားမိဘများမှာ သက်ဆိုင်ရာ ကျောင်းများရှေ့တွင် ကလေးငယ်များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်းကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ဖြစ်ပေါ်ခဲ့ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ကျောင်းများရှေ့တွင် စုရုံးရောက်ရှိနေသော ကျောင်းသား မိဘများအား မည်သည့်ပြဿနာမှ ဖြစ်ပွားခြင်း မရှိကြောင်း၊ ကျောင်းများအားလုံးမှာ အေးချမ်းစွာ စာသင်ကြားလျက်ရှိကြောင်း ဖြေရှင်းပြီး အားလုံးလူစုခွဲရန်၊ သင်ကြားရေးအား အနှောင့်အယှက် မပြုရန် ရှင်းလင်းပြောကြားခဲ့သည့် အတွက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။

''ပြဿနာဖြစ်အောင် ဖန်တီးတဲ့ လှုံ့ဆော်မှုတွေပါ။ အမှတ်(၃)ရပ်ကွက်မှာ ရှိတဲ့ အ.မ.က (၁၇)ကျောင်းရှေ့မှာ ဆိုင်ကယ်လေးစီးကနေ စာသင်ကျောင်းတွေကို မီးရှို့နေပြီလို့ အော်ပြေးသွားတဲ့အတွက် လူစုလူဝေး ဖြစ်သွားတာပါ။ အခြေအနေကို အေးအေးဆေးဆေးဖြစ်အောင် ထိန်းသိမ်းနိုင်ပါပြီ။ လက်ရှိတော့ စာသင်ကျောင်းတွေရှေ့မှာ ရဲလုံခြုံရေးတွေ ချထားပါတယ်'' ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြို့ခံများကြားတွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ ပေါ်ပေါက်ရန်အတွက် လှုံ့ဆော်ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း၊ ထိုကဲ့သို့''စာသင်ကျောင်းတွေကို မီးရှို့နေပြီ'' ဟု လှုံ့ဆော်အပြီး မြို့ထဲရှိ လမ်းများပေါ်တွင် အရက်သောက်သုံး ထားသည်ဟု ယူဆရသော သူများမှာ တုတ်၊ ဓားများဖြင့် သွားလာနေသည်ကို တွေ့မြင်ရပြီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ထိန်းသိမ်းနေကြောင်း သိရသည်။

ယခုကိစ္စ မဖြစ်ပွားမီ ဇွန် ၁၂ ရက်ညကလည်း သီရိဂေဟာလမ်းရှိ အိမ်တစ်အိမ် အတွင်းသို့ အမျိုးသမီးတစ်ဦး ထူးထူးခြားခြား ၀င်ရောက်ခဲ့သည်ဟု သိရသည်။ ''မနေ့ည ၁၂ နာရီလောက် ကျွန်မတို့ အိမ်တံခါးကို အတင်းတွန်းဖွင့်ပြီး အိမ်ထဲကို အမျိုးသမီးတစ်ဦး ၀င်လာတယ်။ ဘာလို့ အိမ်ထဲကို ၀င်တာလဲ၊ ဘာလုပ်တာလဲ မေးတော့ ကျွန်မတို့ကို ပြူးပြူးကြီး ပြန်ကြည့်တယ်။ မေးတာကို ပြန်ဖြေတာလည်း ကျွန်မတို့မသိတဲ့ စကားတွေနဲ့ ပြန်ဖြေတယ်။ ကုလားဘာသာစကား ဖြစ်မယ်ထင်တယ်။ အိမ်ထဲကနေသူကို အတင်း ထွက်ခိုင်းလိုက်ရတယ်။ နောက်တစ်ခါ ပြန်လာတော့ လူကြီးတွေကနေ ဘာလာလုပ်ပြန်တာလဲ။ သွားဆိုပြီး နှင်ထုတ်လိုက်မှ ထွက်သွားတယ်။ တခြားနေရာက ဖြစ်မယ်ထင်တယ်'' ဟု အဆိုပါ အမျိုးသမီးက ပြောကြားခဲ့သည်။

EMG

ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်းရှေ့တွင် လူစုလူဝေး မဖြစ်ပေါ်ရန် ရှင်းလင်းနေသည်ကို တွေ့ရစဉ်
ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်းရှေ့တွင် လူစုလူဝေး မဖြစ်ပေါ်ရန် ရှင်းလင်းနေသည်ကို တွေ့ရစဉ်
ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇) ကျောင်းရှေ့တွင် ယနေ့ (၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်၌ ဆိုင်ကယ်လေးစီးက''စာသင်ကျောင်းအား မီးရှို့နေပြီ'' ဟု အော်ဟစ် ထွက်ပြေး သွားရာမှ ကျောင်းသားမိဘများမှာ သက်ဆိုင်ရာ ကျောင်းများရှေ့တွင် ကလေးငယ် များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်းကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန် ဒီမိုကရေစီ အတွေ့အကြုံရယူဖို့ သူရဦးရွှေမန်း မျှော်လင့်

အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ ဆိုင်ရာ စနစ်တွေ ကို လေ့လာသင်ယူပြီးတော့ မြန်မာနိုင်ငံရဲ့ အဲ့ဒီ့စနစ်တွေကို အားဖြည့်သွားဖို့ ရည်ရွယ်ချက်နဲ့

ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှု အဆုံးသတ်ဖို့ ဥရောပ ပါလီမန်တောင်းဆို

ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှု အဆုံးသတ်ဖို့ ဥရောပ ပါလီမန်တောင်းဆို 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေကို ဆန့်ကျင်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့  ဥရောပသမဂ္ဂက လွှတ်တော်အမတ်တွေက ပန်ကြားလိုက်ပါတယ်။  ကြာသပတေးနေ့ Brussels မှာကျင်းပတဲ့ MEP လို့ခေါ်တဲ့ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောဆိုလိုက်တာပါ။

ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက ဒီအကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့ မြန်မာအစိုးရကိုရော လူမှု အသိုင်းအဝိုင်းတခုလုံး ကိုပါ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လုံခြုံရေး တာဝန်ယူထားသူတွေကပါ ဒီအကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးပေးဖို့လည်း  ဥရောပသမဂ္ဂအမတ်တွေက ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာအတွက် ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက အသိအမှတ်ပြုတာနဲ့ တချိန်ထဲမှာပဲ  ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေအတွက်  အဖြေရှာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဥပရောသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ ပါတ်သက်ပြီး  လေးစားလိုက်နာမှု ရှိမရှိ ဥရောပကော်မရှင်ကနေ အနီးကပ်စောင့်ကြည့်ဖို့လည်း  တိုက်တွန်းခဲ့ပါတယ်။   ဥရောပနိုင်ငံများ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအဖွဲ့က  Jaroslav Paska က -

ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ တချိန်ထဲမှာပဲ  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ မရှိစေဖို့ ဖိအားတွေ ပေးသင့်တယ်လို့ မစ္စတာ ပါစကာကပြောသွားတာပါ။

ဥရောပသမဂ္ဂလွှတ်တော်အမတ်များအဖွဲ့ရဲ့ အစည်းအဝေး ကနေ  မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီရေး ပြောင်းလဲမှုတွေနဲ့ ပါတ်သက်ပြီး အီးယူက အနီးကပ် စောင့်ကြည့်သလို  လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက်လည်း အီးယူက စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

http://burmese.voanews.com/content/article/1681542.html
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေကို ဆန့်ကျင်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ချက်ချင်း ရပ်ဆိုင်း ဖို့ ဥရောပသမဂ္ဂက လွှတ်တော်အမတ်တွေက ပန်ကြားလိုက်ပါတယ်။ ကြာသပတေးနေ့ Brussels မှာကျင်းပတဲ့ MEP လို့ခေါ်တဲ့ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောဆို လိုက်တာပါ။

မန္တလေးတွင် ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားသူများအား ထောင်ဒဏ် အမိန့်ချ

မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ရက်ပေါင်း ၄၀ အတွင်း နိုင်ငံသား လုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော် ထပ်မံမြှုပ်နှံ

၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ရက်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင် များမှာ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော်ပမာဏအထိ ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှုအလားအလာတွေမြင့်မား


Photo: လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှုအလားအလာတွေမြင့်မား လာပါတယ်။
၁၃-၆-၂၀၁၃ ရက်၊
ည(၁၀း၅၆) နာရီ

လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှုအလားအလာတွေမြင့်မား လာပါတယ်။ ၁၃-၆-၂၀၁၃ ရက်၊ ည(၁၀း၅၆) နာရီ (၁၃-၆-၂၀၁၃)ရက် ညနေ(၃)နာရီခွဲအချိန်အထိ လွန်ခဲ့တဲ့ ရက်သတ္တတစ်ပတ်အတွင်း မိုးရေချိန် (၈ လက်မ မှ ၁၂ လက်မအထိ) မိုးရွာသွန်းခဲ့တဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသတွေဖြစ်ပါတယ်။ 

အဲဒီဒေသတွေမှာ နေ့စဉ် (၂၄)နာရီအတွင်း မိုးရေချိန် ပျမ်းမျှ (၁)လက်မခွဲလောက်ရနေပါတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ရေလွှမ်းနိုင်တဲ့ အလားအလာတွေ (Flood Potentials) မြင့်မားလာနေပါတယ်။ 

ဒါပေမယ့် ကံကောင်းနိုင်တဲ့အချက်ကတော့ မနက်ဖန်အတွက် ခန့်မှန်းချက်မှာ မြစ်ဝကျွန်းပေါ်မှာ မိုးအားအနည်းငယ်လျော့သွားနိုင်တယ်လို့ ခန့်မှန်းရတာ ဘဲဖြစ်ပါတယ်။ 

ဒါပေမယ့် ကံမကောင်းနှိုင်တာကတော့ US NOAA ရဲ့ ရက်သတ္တတစ်ပတ်ခန့်မှန်းချက်အဖြစ် ဇွန်လ (၁၂-၁၈)ရက်အတွက် ခန့်မှန်းထားချက်မှာတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးရွာသွန်းမှုဟာ ရွာသွန်းမြဲထက်ပိုမယ်လို့ ခန့်မှန်းထားတဲ့အတွက်ဖြစ်ပါတယ်။ ဒီတစ်ပတ်လုံး မိုးရွာသွန်းမှုရဲ့အခြေအနေကို စောင့်ကြည့်ဖို့လိုပါတယ်။

 ဒေါက်တာထွန်းလွင်
http://www.facebook.com/tunlwin48/posts/662195983794977
 လွန်ခဲ့တဲ့ ရက်တစ်ပတ်အတွင်း ရက်ဆက်မိုးကောင်းခဲ့လို့ မြစ်ဝကျွန်းပေါ်ဒေသတွေ မှာ ရေလွှမ်းနှိုင်မှု အလားအလာတွေမြင့်မား လာပါတယ်။