Sunday, June 16, 2013

ဗြိတိန်သူ အမျိုးသမီးငယ်လေးများအပေါ် မူဆလင်လူငယ်တစ်စုမှ တိုက်ခိုက်ခဲ့အပြီး ဗြိတိန်နိုင်ငံအတွင်း တင်းမာမှုများတိုးလာ

Photo: ဗြိတိန်သူ အမျိုးသမီးငယ်လေးများအပေါ် မူဆလင်လူငယ်တစ်စုမှ တိုက်ခိုက်ခဲ့အပြီး ဗြိတိန်နိုင်ငံအတွင်း တင်းမာမှုများတိုးလာ

အက်ရှ်တွန်အင်ဒါလင်းမြို့တွင် မူဆလင်လူငယ်ဂိုဏ်းတစ်ခုမှ ဗြိတိန်သူမိန်းကလေးများအပေါ် အကြမ်းဖက်တိုက်ခိုက်နေ သည့် ဗီဒီယိုဖိုင် ယခုအပတ်အစောပိုင်းက ထွက်ပေါ်လာခဲ့။

ဗြိတိန်-ပါကစ္စတန်နွယ်ဖွားလူငယ်တစ်စုဟုဖော်ပြထားသည့် ဂိုဏ်းတစ်ခုက ဗြိတိန်သူအမျိုးသမီးလေးများအား ဘက်စ်ကား မှတ်တိုင်တစ်ခုတွင် တိုက်ခိုက်ခဲ့သည်ကိုပြသသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမြောက်ပိုင်းရှိ အက်ရှ်တွန်အန်ဒါလင်းမြို့တွင် တင်းမာမှုများ အလွန် အမင်းကြီးထွားလာခဲ့သည်။

မန်ချက်စတာမြို့နှင့်အလှမ်းမကွာသည့် ထိုမြို့လေးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုကြောင့် လာမည့်တနင်္ဂနွေနေ့ တွင် မြို့တွင်း လူထုစည်းဝေးပွဲ သို့မဟုတ် လှည့်လည်ဆန္ဒပြပွဲများ ကျင်းပရန် နိုးဆော်သည့် လူစုလူဝေးများ ပေါ်ပေါက် လာခဲ့ပြီး အင်္ဂလန်မြေ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီး(EDL) မှလည်း အက်ရှ်တွန်အန်ဒါလင်းမြို့တွင် အသင်းခွဲတစ် ခုကို အလျင်အမြန်ဖွဲ့စည်းခဲ့သည်။

ထိုဗီဒီယိုဖိုင်ကို YouTube လိုင်းမှ ဖယ်ထုတ်ပြီးဖြစ်သော်လည်း LiveLeak လိုင်းပေါ်တွင် ကြည့်ရှုနိုင်သေးပြီး လွန်ခဲ့သည့်ည ကဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ၊ အက်ရှ်တွန်အင်ဒါလင်းမြို့တွင်ဖြစ် ပွားခဲ့သည့် ထိုဗီဒီယိုထဲတွင် မူဆလင်လူငယ်တစ်စုက ဗြိတိန်ကလေးတစ်စုအား တိုက်ခိုက်မှုကိုဖော်ပြထားခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်အစမှာပင် မူဆလင်လူငယ်များထဲမှ တစ်ယောက်က ဗြိတိန်သူအမျိုးသမီးလေး၏ မျက်နှာအား လက်သီးဖြင့် ထိုး နှက်တိုက်ခိုက်နေမှုကို ပြသထားသည်။

ထိုသို့သောဖြစ်ရပ်များမှာ ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ လမ်းများပေါ်တွင် ပုံမှန်ဖြစ်ပွားနေ ကျမျိုးဖြစ်လာကြောင်း သိရှိရသည်။

အဆိုပါ လွန်ခဲ့သောညတိုက်ခိုက်မှုဖြစ်အပြီး ဖမ်းဆီးထိန်းသိမ်းမှုသတင်းများ ထွက်ပေါ်လာခဲ့ပြီး တိမ်းဆိုဒ်ရဲဌာနမှ ဒေသ ဆိုင်ရာ ရဲဌာနများအနေဖြင့် ဗီဒီယိုဖိုင်ထဲမှရရှိသည့် သတင်းအချက်များစွာအပေါ်အခြေခံ၍ စုံစမ်းစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သော်လည်း အသံလွှင့်အစီအစဉ်ပြောကြားသူသို့ ဤအချက်နှင့်ပတ်သက်၍ နောက်ထပ် အတည်ပြုချက် မပေးသေးကြောင်းသိရှိရသည်။

စုံစမ်းစစ်ဆေးပြီးချိန်အထိ နောက်ဆက်တွဲဖော်ပြချက်မရရှိသေးပါကြောင်း အသံလွှင့်အစီအစဉ်တင်ဆက်သူမှ ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်ညက အက်ရှ်တွန်မြို့လယ်တွင် လူစုလူဝေးများ စုရုံးခဲ့ပြီး နောက် အများပြည်သူဆိုင်ရာအက်ဥပဒေချိုးဖောက်မှုဖြင့် လူလေးဦးအား ဖမ်းဆီးခဲ့ရကြောင်း ရဲဘက်ဆိုင်ရာမှဖော်ပြသည်။

ဒေသဆိုင်ရာအဏာပိုင်အဖွဲ့များမှ ပြစ်တင်ရှုံ့ချခဲ့သည့် အဆိုပါတိုက်ခိုက်မှုနောက်ဆက်တွဲအဖြစ် အခြားတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သတင်းများတွင်ဖော်ပြထားသည်။

အက်ရှ်တန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုများ နှင့်ပတ်သက်ပြီး ကောလာဟလများပြန့်နှံ့လျက်ရှိပြီး အဓိကရုဏ်းများထပ်မံဖြစ်ပွားခြင်းမရှိပဲ မမှန်သတင်းများ သာဖြစ် ကြောင်း တိမ်းဆိုဒ်ကောင်စီက လွန်ခဲ့သောညက ကြေငြာခဲ့သည်။

ရဲဌာနမှ မိဘများနှင့်အုပ်ထိန်းသူများအား ခလေးသူငယ်များကို အဆိုပါဒေသအတွင်း မသွားလာစေပဲ ထိန်းသိမ်းထားရန် သတင်းထုတ်ပြန်ထားသည်ဆိုသည့် သတင်းစကားများထွက်ပေါ်လျှက်ရှိပြီး သတင်းအတည်ပြုချက်ကား မရရှိပေ။

အကြမ်းဖက်တန်ပြန်နှိမ်နင်းရေးကျွမ်းကျင်သူ၊ သတင်းဆောင်းပါးအယ်ဒီတာဖြစ်သူ ဂတ်ဖာဟက်ဆင်က -

ဒါဟာ အချိန်ပိုတွေအများကြီးရှိနေကြတဲ့ လူငယ်ဂိုဏ်းအဖွဲ့အချင်းချင်းဖြစ်တဲ့ ရန်ပွဲလေးလောက်ပါပဲ၊ ဒါပေမဲ့ အစွန်းရောက် တဲ့ လက္ခဏာတော့ တွေ့ရပါတယ်။

သို့ပေမဲ့လည်း အခြားတဖက်က ဘာသာရေးသွေးထိုးလှုံ့ဆော်ပေးတာမျိုး အလားသ ဏ္ဍာန်တော့ မတွေ့ရပါဘူး၊ ဒီလိုကိစ္စတွေမှာ ဘာသာရေးအပေါ်အလွန်အကျွံဝေဖန်မယ်၊

သာမန်ရာဇ၀တ်မှုလေးကို နိုင်ငံ ရေး စကားပြောဆိုလာမယ်ဆိုရင်တော့ စိုးရိမ်စရာဘက်ကို ရောက်ရှိသွားမှာပါ၊ ဗြိတိန်နေ မူဆလင်လူမှုအဖွဲ့အစည်းတွေ အပေါ် နောက်ထပ် အဆိုးမြင်ပြုမူပြောဆိုမှုတွေ အလွန်အမင်း တိုးပွားကျင့်သုံးလာတဲ့ဘက်ဆီကို ရောက်သွားမှာပါဟု ပြောဆိုသွားခဲ့သည်။

ကရစ်ကတ်ဘောလုံးရိုက်တံများကိုင်ဆောင်ထားပြီး လူငယ်တစ်ဦးက မိန်းကလေးတစ်ဦးအား ပြေးကန်နေသည့်မြင်ကွင်း အပါအ၀င် ထိုတိုက်ခိုက်မှုရန်ပွဲမှာ တနင်္လာနေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။

[Original]
http://www.thecommentator.com/article/3766/tensions_high_in_british_town_after_muslim_youths_attack_white_girls

Posted From Myanmar Online News
အက်ရှ်တွန်အင်ဒါလင်းမြို့တွင် မူဆလင်လူငယ်ဂိုဏ်းတစ်ခုမှ ဗြိတိန်သူမိန်းကလေးများအပေါ် အကြမ်းဖက် တိုက်ခိုက်နေ သည့် ဗီဒီယိုဖိုင် ယခုအပတ်အစောပိုင်းက ထွက်ပေါ်လာခဲ့။

"ဆိုလာ စနစ်သုံး ဖောက် ထွင်းမြင်နိုင် တဲ့ ဂဏန်းပေါင်း စက်"

Photo: "ဆိုလာစနစ်သုံး ဖောက်ထွင်းမြင်နိုင်တဲ့ ဂဏန်းပေါင်းစက်"
Sunday, June 16, 2013

အွန်လိုင်း ရှော့ပင်းဆိုက် တစ်ခုမှာ ရောင်းချနေတဲ့ ဂဏန်းပေါင်းစက် ဖြစ်ပါတယ်။

အလွယ်တကူ သယ်သွားလို့ ရကာ နေရောင်ခြည်ခံ ပြီး Touch Screen စနစ်နဲ့  အသုံးပြုနိုင်မယ့် စက်ဖြစ်ပါတယ်။ စွမ်းအင်ချွေတာမှု အနေဖြင့် သဘာဝ စွမ်းအင်ကိုသာ အသုံးပြုထားပြီး ပတ်ဝန်းကျင်နဲ့ လည်း သဟဇာတ ဖြစ်အောင် ဖန်းတီးထားပါတယ်။

ပေါးပါးပြီး ပါးလွာ မှုလည်း ရှိပါတယ်။ ကျောင်းသုံး ၊ အိမ်သုံး ၊ ရုံးသုံး အဆင်ပြေ ပါလိမ့်မယ် ။ မိမိ မိတ်ဆွေတွေထဲက စီးပွားရေးသမား ၊ စာရင်းကိုင်သမား တို့ ကို လက်ဆောင်ပေးချင်တယ်ဆိုရင်လည်း မျက်နှာပန်းလှပါတယ်။

ဈေးနှုန်းကလည်း သင့်ပါတယ် ။ USD $3 ၀န်းကျင် နဲ့ ကြေငြာထားပြီး ရောင်စုံလည်း ရနိုင်ပါတယ်တဲ့ ။ လောလောဆယ် အနေနဲ့  အွန်လိုင်းရှော့ပင်းဆိုက် ebayမှာ ရောင်းချနေတာကို တွေ့ ရပါတယ်။

ဖန်စီဆန်ဆန် စက်ပစ္စည်းများကို နှစ်သက်တယ်ဆိုရင်တော့
ဒီ ဂဏန်းပေါင်းစက် က မိတ်ဆွေများအတွက် အဆင်ပြေပါလိမ့်မယ်။

Ref;ebay

Freddy ( Stuff Myanmar)
အွန်လိုင်း ရှော့ပင်းဆိုက် တစ်ခုမှာ ရောင်းချနေတဲ့ ဂဏန်းပေါင်းစက် ဖြစ်ပါတယ်။

မြန်မာ မင်းသမီးများထဲတွင် ပထမဆုံး ရင်သားခွဲစိတ်ပြုပြင်မှုကို နန်းဆုရတီစိုးမှ စတင်ပြုလုပ်

Photo: မြန်မာမင်းသမီးများထဲတွင် ပထမဆုံး ရင်သားခွဲစိတ်ပြုပြင်မှုကို နန်းဆုရတီစိုးမှ စတင်ပြုလုပ်
Sunday, June 16, 2013

မြန်မာမင်းသမီးတစ်ဦးဖြစ်သော နန်းဆုရတီစိုးသည်
ဂျပန်နိုင်ငံတွင် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယခင်က နန်းဆုရတီစိုးမှာ ရင်သားကြီးမားခြင်း မရှိပဲ ယခုကဲ့သို့ ခွဲစိတ်ပြုပြင်လိုက်သော အခါမှ ကမ္ဘာ့အဆင့်မီ ခန္ဓာကိုယ်ဖြစ်သွားခဲ့ကြောင်း ပရိသတ်များက ဆိုသည်။

သူ့ကြည့်ရတာ ဆီလီကွန်ထည့်လိုက်တယ်နဲ့ တူတယ်။ ချက်ချင်းကြီးကို ထွားတက်လာတာဟု နန်းဆုရတီစိုးအား မိတ်ကပ်ပြုပြင်ပေးခဲ့ဖူးသူ အလှဖန်တီးရှင်တစ်ဦးမှ ပြောကြားသည်။

ကမ္ဘာကျော်မင်းသမီးများကြားတွင် ယင်းကဲ့သို့ ရင်သားလှပစေရန် ခွဲစိတ်ပြုပြင်မှုမှာ မဆန်းပြားတော့သော်လည်း ယခုကဲ့သို့ မြန်မာမင်းသမီး တစ်ဦး၏ ရင်သားပြုပြင်မှုမှာမူ ပထမဆုံးအကြိမ်ဖြစ်၍ ကြားသိရသူများအဖို့ အထူးအဆန်း သတင်းတစ်ခုသဖွယ် ဖြစ်လျက်ရှိသည်။

Credit : စိုးမိုး
Myanmar News
မြန်မာမင်းသမီးတစ်ဦးဖြစ်သော နန်းဆုရတီစိုးသည် ဂျပန်နိုင်ငံတွင် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဂီတအနု ပညာရှင်များ အသင်းက ရုပ်ရှင် မင်းသားများ အသင်းကို အနိုင်ကစား

ဂီတအနု ပညာရှင်များ အသင်းက ရုပ်ရှင် မင်းသားများ အသင်းကို အနိုင်ကစား

မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်း အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် မသန်စွမ်း သူများ အတွက် ရန်ပုံငွေ ဘောလုံးပွဲကို ယမန်နေ့ ညနေ ၅ နာရီမှ စတင်၍ ရန်ကုန်မြို့
အောင်ဆန်း အားကစား ကွင်း၌ ရုပ်ရှင် မင်းသားများ အသင်းနှင့် ဂီတအနု ပညာရှင်များ အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ ဂီတအနု ပညာရှင်များ အသင်းက ရုပ်ရှင် မင်းသားများ အသင်းကို ၅ ဂိုး၂ ဂိုးဖြင့် အနိုင် ရရှိသွားကြောင်း သိရသည်။

ရုပ်ရှင် မင်းသားများ အသင်းတွင် မြင့်မြတ်၊ ထွန်းထွန်း၊ တင်မောင်ဆန်းမင်းဝင်း၊ ၀ိုင်း၊ ကိုပေါက်၊ ကောင်းခန့်၊ လင်းမောင်၊ မင်းသွေး၊ ၀င်းထွန်းထွန်း၊ ဖိုးချစ်၊ ကျော်ဇောလင်း၊ အောင် ရဲလင်း၊ မိုးယံဇွန်၊ သူထူးစံ၊ လူမင်း၊ ရာဇာနေ၀င်း၊ နေမင်း၊ ကျော်ကျော်ဗို၊ ဇာနည်၊ နေတိုး၊ နေဒွေးနှင့် စူးရှတို့ ပါဝင်ပြီး တစ်ဖက် ဂီတ အသင်းတွင် တူးတူး၊ အလင်္ကာ၊လင်းလင်း၊ R ဇာနည်၊ စောဖိုးခွား၊ ဆောင်းဦးလှိုင်၊ မျိုးကြီး၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ နန္ဒစိုင်း၊ ဆိုတေး၊ မိုးကျော်သူ၊ လွှမ်းပိုင်၊ နေ၀င်း၊ ဖြိုးလေး၊ ကျော်ထွဋ်ဆွေ၊

Read more >>http://bit.ly/13PNDql

မြ၀တီ
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မသန်စွမ်းသူများအတွက် ရန်ပုံငွေ ဘောလုံးပွဲကို ယမန်နေ့ ညနေ ၅ နာရီမှ စတင်၍ ရန်ကုန်မြို့အောင်ဆန်း အားကစား ကွင်း၌  ရုပ်ရှင်

ဇွန် ၂၇ ရက်ကို ဂီတနေ့အဖြစ် သတ်မှတ်သွားမည်

ဂီတနှင့် ပတ်သက်၍ ဂီတ အစည်း အရုံးမှ တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ပြီး ဇွန် ၂၇ ရက်ကို ဂီတနေ့

American Idol သီချင်းဆို ပြိုင်ပွဲက နာမည် အကြီးဆုံး ဒိုင်မာရီယမ် ကာရေး

American Idol သီချင်းဆို ပြိုင်ပွဲက နာမည် အကြီးဆုံး ဒိုင်မာရီယမ် ကာရေး

၁၉၆ဝ  ပြည့်နှစ် ဝန်းကျင်က နာမည်ကြီးခဲ့တဲ့ "Paint Your Wagon" ရုပ်ရှင် ဇာတ်ကားထဲက  အောင်မြင်တဲ့ ဇာတ်ဝင်သီချင်း "They call the wind Marian" ဆိုတဲ့သီချင်းထဲက မီဂါစတား မာရီယမ် ကာရေး ထွက်ပေါ် လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့ပါ့မလဲ။

မြစ်ဆုံစီမံကိန်း အပြီးသတ် ရပ်ဆိုင်းရန် တရုတ် ကုမ္ပဏီအား တိုက်တွန်း

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်တန့်ရန်အတွက် မေတ္တာရပ်ခံတိုက်တွန်းခဲ့ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ တရားဝင်ဖိတ်ကြားချက်အရ ခြောက်ရက်ကြာ လေ့လာရေး ခရီးမှ ပြန်လည်ရောက်ရှိ လာသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေး က ပြောကြားသည်။

အင်းစိန်မြို့နယ်၌ နေအိမ်လေးလုံး မီးလောင်မှု ဖြစ်ပွား

အင်းစိန်မြို့နယ်၌ နေအိမ်လေးလုံး မီးလောင်မှု ဖြစ်ပွား
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် ဓမ္မာရုံလမ်းသွယ်(၁)တွင် ယနေ့ ညနေ ၄ နာရီ ၅၅ မိနစ်က နေအိမ် လေးလုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက် ၉၅ နှစ် အရွယ် အဘွားအို တစ်ဦး မီးလောင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒိုင်နာလိုင်းကား ဂက်စ်ပိုက်ပေါက်၍ မီးလောင်မှုဖြစ်

Photo: ဒိုင်နာလိုင်းကား ဂက်စ်ပိုက်ပေါက်၍ မီးလောင်မှုဖြစ်
Sunday, June 16, 2013

၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် ယာဉ်မောင်း မြင့်စိုး၊ ၃၈နှစ်၊ (ဘ)ဦးခင်ဦး၊ လှိုင်သာယာမြို့နယ်နေ သူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည် သီရိမင်္ဂလာဈေးဘက်မှ လှိုင်သာယာမြို့နယ် ဘက်သို့ မောင်းနှင်လာစဉ် ကပရ၀န်းရှေ့ အရောက်တွင် ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်မှုဖြစ်ပွါးခဲ့ရာ လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးသတ်ယာဉ်(၂)စီး ဖြင့်ရောက်ရှိ ငြိမ်းသတ်ခဲ့၍ ၀၅၃၀ အချိန် မီးငြိမ်းသွားခဲ့ ပါသည်။ မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ခန်းမီးလောင်ပျက်စီးခဲ့ရာ တန်ဖိုး(၁)သိန်းကျပ် ခန့် ဆုံးရှုံးခဲ့ပြီး၊ ယာဉ်၏နောက်ခန်းတွင်စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် မင်္ဂလာဒုံနေ ဒေါ်ညိုညိုထွေး၊၄၇နှစ်၊ (ဘ)ဦးတင်ညွန့်သည်ယာဉ်ပေါ်မှ ဆင်းပြေးစဉ်ပြုတ်ကျခဲ့၍ ၀ဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသလျက်ရှိသောကြောင့် ယာဉ်မောင်း မြင့်စိုးအား ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၁၄၀/၂၀၁၃ ပုဒ်မ-၂၈၅/၃၃၇ ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police
ဒိုင်နာလိုင်းကား ဂက်စ်ပိုက်ပေါက်၍ မီးလောင်မှုဖြစ် ၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် ယာဉ်မောင်း မြင့်စိုး၊ ၃၈နှစ်၊ (ဘ)ဦးခင်ဦး၊ လှိုင်သာယာမြို့နယ်နေ သူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊

အမေရိကန်အိမ်ဖြူတော် ကျဆုံးခြင်း သို့မဟုတ် White House Down ရုပ်ရှင်

Photo: အမေရိကန်အိမ်ဖြူတော် ကျဆုံးခြင်း သို့မဟုတ် White House Down ရုပ်ရှင်

အမေရိကန် အိမ်ဖြူတော် အပြင်မှာ တကယ် ကျဆုံးမဆုံးတော့ မသိဘူး။ White House Down ရုပ်ရှင်ထဲမှာတော့ ဖွတ်ဖွတ်ကြေသွားတဲ့ အမေရိကန် အိမ်ဖြူတော် ကို မြင်တွေ့ရမှာပါ။

အမေရိကန်ဒေါ်လာ သန်း ၁၅၀ အကုန်ကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်လေ။ Paramilitary လို့ခေါ်တဲ့ အစိုးရလက်အောက်က မဟုတ်သော အမေရိကန် စစ်တပ်တစ်ခုရဲ့  ပုန်ကန်မှုအကြောင်းလေးပါ။ အာဏာသိမ်းဖို့ အတွက် အိမ်ဖြူတောကို ထိုးစစ်ဆင်တယ်။ သမ္မတရဲ့  Air Force One လေယာဉ်ကို ပစ်ချတယ်။ သမ္မတကို သတ်ဖို့ ကြိုးစားပါတယ်။

Secret Agent မှ အပယ်ခံတဲ့ အမေရိကန် သာမန် ရဲ တစ်ယောက် ဖြစ်တဲ့ John Cale မှ သူရဲကောင်း လုပ်မယ့် ရပ်ရှင်လေးပါ။ သူ့နေရာမှာ ယခု နောက်ပိုင်း ဇာတ်ကား အထွက်များလာတဲ့ Channing Tatum အမည်ရ မင်းသားက ပါဝင်ပါမယ်။ G.I.Joe ထဲကလို Battle အက်ရှင်ကောင်းကောင်းနဲ့ Channing က သရုပ်ဆောင်ထားပါတယ်။ 

တမူထူးခြားတဲ့ အမေရိကန် နိုင်ငံရေး အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင် ကြည့်ရှု လို သူများအတွက် Columbia Pictures မှ ဇွန်၂၈ ရက်နေ့မှာ ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကြောင်း သိရပါတယ်။

-
ရုပ်ရှင် အမြည်းကြည့်ရှုရန် - 

http://youtu.be/4AXbiCdmXgw

International news for myanmar
အမေရိကန် အိမ်ဖြူတော် အပြင်မှာ တကယ် ကျဆုံးမဆုံးတော့မသိဘူး။ White House Down ရုပ်ရှင်ထဲ မှာတော့ ဖွတ်ဖွတ်ကြေသွားတဲ့ အမေရိကန်အိမ်ဖြူတော်ကို မြင်တွေ့ရမှာပါ။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပ ရင်းနှီး မြှုပ်နှံ သူများနှင့် ပူးပေါင်းဆောင် ရွက်ရန် မြန်မာကုမ္ပဏီ ၁၄၀ ကျော် မှတ်ပုံ တင်ထား

Photo: ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာကုမ္ပဏီ ၁၄၀ ကျော် မှတ်ပုံတင်ထား

ဇွန်လ ၁၆ ရက် ၂၀၁၃

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီများမှာ ဇွန် ၁၂ ရက်အထိ ၁၄၀ ကျော် ရှိပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာထိပ်တန်း စီးပွားရေး လုပ်ငန်းများဖြစ်သော ရွှေတောင်၊ ဧဒင်နှင့် IGE ကုမ္ပဏီတို့ အပါအ၀င် မြန်မာကုမ္ပဏီ ၁၄၀ ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘောဇ၊ အေ၀မ်း၊ ပတ္တမြားနဂါး၊ တာမိုးညဲချမ်းသာ အစရှိသည့် ကုမ္ပဏီများလည်း မှတ်ပုံတင်ပြီးဖြစ်ကာ ဇွန် ၁၂ ရက်အထိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၁၄၅ ခုရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်တွင်းလုပ်ကွက် ၁၈ ကွက်ကို တင်ဒါခေါ်ယူခဲ့ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများ လျှောက်ထားခဲ့ကြောင်း သိရပါသည်။ ကမ်းလွန်လုပ်ကွက် များကိုလည်း တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၁၈ ကွက်ကို ပထမအကြိမ် ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၃၇ ခု အဆိုပြု တင်ပြခဲ့ပြီး ထိုကုမ္ပဏီများအနက် ရှစ်ခုကို လုပ်ကွက် ၁၀ ကွက်တွင် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းကာ လုပ်ကိုင်ခွင့် ပြုခဲ့ပြီးဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အကျိုးအမြတ် ပိုမိုရရှိစေရန် ကုန်းတွင်း၊ ကမ်းဝေး ရှာဖွေရေးပိုင်းကို အားစိုက်ဆောင်ရွက်ရန် ပြင်ဆင်နေပြီး ကမ်းလွန်ရေနံ ရှာဖွေရေး လုပ်ငန်းကို အသွင်ပြောင်း ဖွဲ့စည်းရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် တူးဖော်ထုတ်လုပ် ရောင်းချနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း နှစ်ခုရှိပြီး ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ ဖြစ်သည်။

ထို့ပြင် ယခုနှစ်အတွင်း ဇောတိကနှင့် ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Eleven
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်ရန် အတွက် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီများမှာ ဇွန် ၁၂ ရက်အထိ ၁၄၀ ကျော် ရှိပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပပို့ကုန် တင်ပို့မှု ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့ကျ

Photo: ၂၀၁၃-၁၄ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပပို့ကုန် တင်ပို့မှု ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့ကျ

ဇွန်လ ၁၆ ရက် ၂၀၁၃

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ၊ မေ နှစ်လတာ ကာလအတွင်း နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ပြည်ပပို့ကုန် တင်ပို့မှုမှ ရရှိငွေ ပမာဏမှာ ယခင်ဘဏ္ဍာနှစ် နှစ်လတာ ကာလတင်ပို့မှုထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့နည်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ပြည်ပပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၂ ဒသမ ၆၆၆ သန်း ရရှိခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၈၆ ဒသမ ၃၁၅ သန်း ရရှိခဲ့သဖြင့် ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ ၁၈၃ သန်းကျော် လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော အစရှိသည့် ကုန်ပစ္စည်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း သတ္တုတွင်းထွက်၊ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှ ၀င်ငွေလျော့နည်း ရရှိခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းထွက် တင်ပို့မှု တစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် လျော့နည်းခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့ခြင်းမှလည်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် လျော့နည်းရရှိခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှု လျော့နည်းရခြင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ အသားနှင့် အသားထွက်ကုန် တင်သွင်းမှုကို ပိတ်ပင်ထားခြင်းကြောင့် တရားဝင် တင်ပို့မှုမှာ လျော့နည်းနေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ရရှိငွေ လျော့ကျနေသော်လည်း သွင်းကုန်တင်သွင်းမှု အပိုင်းတွင်မူ ယခင်ဘဏ္ဍာနှစ် နှစ်လတာကာလ တင်သွင်းမှုထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော် ပိုမိုခဲ့ကြောင်း သိရသည်။ ယခု ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လတာကာလ ပြည်ပမှ အမေရိကန်ဒေါ်လာ ၃၁၁ ဒသမ ၆၉၄ သန်းကျော်ဖိုး တင်သွင်းခဲ့ပြီး ယခင်နှစ် နှစ်လတာကာလက အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၃၉၀ သန်းဖိုးသာ တင်သွင်းခဲ့သဖြင့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်ဖိုး ပိုမိုတင်သွင်းခဲ့သည်။

Eleven
၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ၊ မေ နှစ်လတာ ကာလအတွင်း နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ပြည်ပ ပို့ကုန် တင်ပို့မှုမှ ရရှိငွေပမာဏမှာ ယခင်ဘဏ္ဍာနှစ် နှစ်လတာ ကာလတင်ပို့မှုထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့နည်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံ ယခုနှစ်အတွင်း ထပ်မံတိုးချဲ့မည်

Photo: မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံ ယခုနှစ်အတွင်း ထပ်မံတိုးချဲ့မည်

ဇွန်လ ၁၆ ရက် ၂၀၁၃

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံကို ယခုနှစ်အတွင်း ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း Coca-Cola နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်နေသည့် Pinya Manufacturing Co Ltd Commercial Director ဦးအောင်ဝင်းက ပြောကြားသည်။

"လက်ရှိစက်ရုံရဲ့ ကုန်ထုတ်လုပ်မှုလိုင်းက နည်းနေတယ်။ ကုန်ပစ္စည်း တစ်မျိုးထုတ်ရင် တစ်မျိုးနားထားရတယ်။ ဒါကြောင့် စက်ရုံကို တိုးချဲ့သွားမှာပါ။ လိုင်းဘယ်နှလိုင်း ချဲ့မယ်ဆိုတာတော့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်" ဟု ဦးအောင်ဝင်းက ရှင်းပြသည်။

နာမည်ကျော် အချိုရည် ထုတ်လုပ်သည့် အမေရိကန် ကုမ္ပဏီ Coca-Cola မှ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း နှစ်သောင်းကျော် ဖန်တီးပေးသွားမည် ဖြစ်ကြောင်း Coca-Cola ၏ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု စတင်သည့် ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Coca-Cola စက်ရုံဖွင့်လှစ်ခြင်းသည် Coca-Cola မှ မြန်မာနိုင်ငံတွင် နောက်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထဲမှ အစီအစဉ်တစ်ခုဖြစ်ပြီး နောက်ငါးနှစ်အတွင်း Coca-Cola နှင့် ဆက်နွှယ်သည့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၂၀၀၀ ကျော် ရှိလာမည်ဟု Coca-Cola က ခန့်မှန်းထားသည်။

Coca-Cola ၏ မြန်မာနိုင်ငံရှိ စက်ရုံမှ မြန်မာစာနှင့် ရိုက်နှိပ်ထားသော Coca-Cola နှင့် Sprite ပလတ်စတစ်ပုလင်း၊ ဖန်ပုလင်းနှင့် အလူမီနီယမ် သံဘူးတို့ကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေပြီ ဖြစ်သည်။

Coca-Cola ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး သောက်သုံးကုန် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး Diet Coke, Fanta, Sprite, Coca-cola Zero, Vitaminwater, Powerade, Minute Maid, Simply, Georgia, Del Valle အစရှိသည့် ထုတ်ကုန်များ ထုတ်လုပ်ကြောင်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် Coca-Cola သည် Sparkling သောက်ကုန်များ၊ အသင့်သောက် ကော်ဖီနှင့် အချိုရည်များကို ထုတ်လုပ်ကြောင်း သိရသည်။

ကိုကာကိုလာနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအချိုရည် လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်အချိုရည် ပုလင်းနှင့်ဘူး ထုတ်လုပ်ရောင်းချမှု ပမာဏ သန်းရာဂဏန်းရှိကြောင်း အချိုရည်ဈေးကွက် အတွင်းမှ သိရသည်။

Eleven
မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံကို ယခုနှစ်အတွင်း ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း Coca-Cola နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်နေသည့် Pinya Manufacturing Co Ltd Commercial Director ဦးအောင်ဝင်းက ပြောကြားသည်။

ပီနန်းမြို့၏ အခြေအနေ တည်ငြိမ်နေသော်လည်း သိန်းချီရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစု အောက်လမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်ရန် ဆန္ဒရှိနေ

myanmarworkerinmalaysia-june16
                         မလေးရှားနိုင်ငံ ပီနန်းမြို့ တစ်နေရာအား ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်
မလေးရှားနိုင်ငံ ပီနန်းမြို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး အကြမ်းဖက်ခံရမှုများ မရှိသော်လည်း

မြန်မာ့လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရရှိ

ယခုနှစ် ဧပြီ၊ မေနှစ်လအတွင်း မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း

နှစ်ဖက်တပ်များ ချထားရေး အပါအ၀င် လာမည့် ဆွေးနွေးပွဲများအတွက် အစိုးရနှင့် ကေအင်န်ယူတို့ ရန်ကုန်မြို့၌ ဆွေးနွေး


knumpc-june16
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား ဇွန် ၁၅ ရက် ဆွေးနွေးပွဲအပြီး MPC ၌ တွေ့ရစဉ်  (ဓာတ်ပုံ-ထက်ရှိုင်း)
လာမည့် ဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့်

ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နှင့် မူးယစ်ဆေးဝါး ကိစ္စများ တွေ့ဆုံဆွေးနွေး

rcssssa-june16
RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်(၀ဲ)၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဗိုလ်မှူးကြီး စိုင်းမိန်းတို့အား တွေ့ရစဉ်
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး

ပဲခူးမြို့၊ အမှတ် (၁) ရဲစခန်းပိုင် လယ်မြေအား တာဝန်ကျစ ခန်းမှူးတစ်ဦး လွှဲပြောင်းရောင်းချမှု ဖြစ်ပွား

ပဲခူးမြို့၊ အမှတ် (၁) ရဲစခန်းပိုင် ၀န်ထမ်းသက်သာ လယ်မြေခုနစ်ဧကအား တစ်ဧကလျှင် ကျပ် ၃၅

မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရ ကမ်းလှမ်း

whiteelephant-june16
                            နေပြည်တော်ရှိ ဆင်ဖြူတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)
မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှ ဆင်ဖြူတော်

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လူသတ်ဓားပြတိုက်မှုနှင့် ပတ်သက်၍ လက်ရှိဖမ်းဆီးထားသူ လေးဦးမှာ မသင်္ကာသူအဖြစ် စစ်ဆေးဆဲ အဆင့်သာဖြစ်

သထုံမြို့နယ်တွင် ရာဇာမင်း ခရီးသည်တင်ယာဉ်အား လူသတ်ဓားပြတိုက်မှုနှင့် ပတ်သက်၍ လက်ရှိဖမ်းဆီး

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတားကျိုးကျသဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများ ခေတ္တပြတ်တောက်

kalaygangaw-june16
ကလေး-ဂန့်ဂေါ လမ်းပေါ်ရှိ သာစည်ကျေးရွာအနီးမှ သံပေါင်ဘေလီ တံတားအမှတ် ၁။ ၈၁ ကျိုးကျနေမှုအား ဇွန် ၁၅ ရက် နံနက်က တွေ့ရစဉ်
မိုးရာသီ အတွင်းတွင် အသုံးပြုသော အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတား တစ်စင်းသည် ဇွန် ၁၅ ရက်နံနက် ၀၀း၁၅ ခန့်တွင် ကျိုးကျခဲ့သဖြင့် ဆက်သွယ်ရေး လမ်းကြောင်း များ ခေတ္တပြတ်တောက်ခဲ့ရကြောင်း သိရှိရသည်။

အီးယူမှ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် ပထမဆုံး ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲ စတင်၊ တရုတ်ကုန်သည် အများဆုံး တက်ရောက်နေ


emeraldshowroom-june16
        ကျောက်မျက်ပွဲ ကျင်းပရာ ခန်းမအတွင်း ၀င်ရောက်ရန် စောင့်ဆိုင်းနေသည့် တရုတ်ကုန်သည်များ
အီးယူမှ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အကြိမ် (၅၀)မြောက် ရွှေ

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၁၆၇ ဦး ပြန်လည်ရောက်ရှိလာ၊ အသက်အန္တရာယ် စိုးရိမ်ရ၍ အများစုက မလေးရှားသို့ ပြန်မသွားလိုကြ

frommalay-june16
MAI လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ တစ်ဦးအား မိခင်ဖြစ်သူမှ ကြိုဆိုနေသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
မလေးရှားနိုင်ငံ ဆလာရန်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြန်မာအလုပ်သမား ၁၆၇ ဦး