Tuesday, June 18, 2013

မူလတန်းကျောင်းထွက်လက်မှတ် ကျပ်တစ်သောင်းပေးရ

မူလတန်းကျောင်းထွက်လက်မှတ် ကျပ်တစ်သောင်းပေးရ 
( The Hot News )

မူလတန်းကျောင်းသားလေး (၁) ဦး ကျောင်းပြောင်းလို၍ ကျောင်းထွက်လက်မှတ် ထုတ်ယူ ရာတွင် ငွေကျပ် ၁၀၀၀၀ိ-(တစ် သောင်းကျပ်) ပေးဆောင်ရ ကြောင်း ကျောင်းသားမိဘဖြစ်သူ ဦးအောင်မျိုးလွင်က ပြောပြ၍ သိရှိရသည်။
ဖြစ်စဉ်မှာ ဘိုကလေးမြို့ နယ်၊ ကွင်းဘုံးကြီးကျေးရွာအုပ်စု ဗန္ဓုလကျေးရွာနေ ဦးအောင်မျိုး လွင်၏သား မောင်ထွန်းနေလင်း ပထမတန်း (အောင်) သည် မကွေးတိုင်းသို့ ပြောင်းရွှေ့နေထိုင် သောကြောင့် ကျောင်းပြောင်း၊ ကျောင်းထွက်လက်မှတ် ထုတ်ယူ ရာတွင် ဗန္ဓုလကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းအုပ် ကြီး ဒေါ်ဥမ္မာစန်းက ငွေကျပ် ၁၀၀၀၀ိ တောင်းယူခဲ့ကြောင်းကျောင်းသား မိဘ ဦးအောင်မျိုးလွင်ကပြော ကြား၍ သိရှိရသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာ စန်းက ပြောကြားရာတွင် မြို့နယ် အတွင်း ၊ တိုင်းအတွင်း ကျောင်း ပြောင်းခြင်းမဟုတ်ဘဲ တိုင်းကျော် ကျောင်းပြောင်း ကျောင်းထွက် လက်မှတ် ဖြစ်ခြင်းကြောင့် ၎င်း၏ လက်မှတ်နှင့်တကွ မြို့နယ်ပညာ ရေးမှူး၏ လက်မှတ်ပါ ပါရှိရမည် ဖြစ်၍ မိမိတာဝန်ကျရာ ဗန္ဓုလ ကျေးရွာမှ ဘိုကလေးမြို့ပညာ ရေးမှူးရုံးသို့ (၂) ခေါက်သွားရ၍ အသွားအပြန်ခရီးစရိတ်အဖြစ် ကျောင်းသားမိဘက အကုန်ကျခံ ရမည်ဖြစ်၍ ၎င်းတို့ထံမှ ခရီး စရိတ်အဖြစ်သာ ယူခြင်းဖြစ် ကြောင်းပြောကြား၍သိရှိရသည်။

အရိန္ဒမာ(ဘိုကလေး) 

http://www.hotnewsweekly.com/archives/22156
မူလတန်းကျောင်းသားလေး (၁) ဦး ကျောင်းပြောင်းလို၍ ကျောင်းထွက်လက်မှတ် ထုတ်ယူ ရာတွင် ငွေ ကျပ် ၁၀၀၀၀ိ-(တစ် သောင်းကျပ်) ပေးဆောင်ရ ကြောင်း ကျောင်းသားမိဘဖြစ်သူ ဦးအောင်မျိုးလွင် က ပြောပြ၍ သိရှိရသည်။

ဖားနှင့်မှိုချက်စား၍ လူနှင့်ခွေးများသေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ဖ ကျေးရွာအုပ်စု၌ လွယ် တိုင်းရင်းသား များ နေထိုင် သည့် ဝမ်ခမ်း မိုင်ရွာတွင် တောင်ယာလုပ်ကိုင်ရာ မှ တွေ့ရှိသော မှိုများကို ဖားနှင့် ရောနှော ချက်ပြုတ် စားသောက်ရာမှ ကလေးနှစ်ဦး အပါအဝင် လူငါးဦးနှင့် ခွေးလေးကောင် သေဆုံးသွားကြောင်း အဆိုပါ ကျေးရွာခံများထံမှ သိရသည်။

အဓမ္မပြုကျင့်မှုများ မကြာခဏဖြစ်ဟုဆိုကာ ဆန္ဒပြ


protest
အမျိုးသမီးနှင့် ကလေးငယ်များကို အဓမ္မပြုကျင့်မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် ရန်ကုန်တိုင်း ဒလမြို့ ကမာကသွယ်ရပ်ကွက်တွင် ပြည်သူ ၄၅ ဦးက ဇွန် ၁၇ ရက် နံနက်က ဆန္ဒပြခဲ့သည်။

လာမည့် လွှတ်တော်အစည်းအဝေးတွင် တောင်သူလယ်သမား ၂၀၀ ခန့် သွားရောက်လေ့လာမည်

တောင်သူလယ်သမားများ ဗဟုသုတ ကြွယ်ဝစေရန်အတွက် ၂၆-၆-၂၀၁၃ ရက်တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ တောင်သူလယ်သမား ၂၀၀ ခန့် သွားရောက် လေ့လာ မည်ဖြစ်ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌဦးကျော်စွာစိုးက ၁၄-၆-၂၀၁၃

မလေးရှားရှိ တရားမဝင် မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

အကြမ်းဖက်မှုများကြောင့် လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှားနိုင်ငံတွင် တရား မဝင် မြန်မာ လုပ်သား နှစ်သိန်းခန့်ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အထောက်အထားများ

မလေးရှားမှ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာအလုပ်သမားများကို ADMA မီဒီယာ ကုမ္ပဏီက အလုပ်ရှာဖွေပေးမည်

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများကိုADMA မီဒီယာကုမ္ပဏီက အလုပ်အကိုင်ရှာဖွေပေးမည်ဟု ကုမ္ပဏီ၏ဒုဥက္ကဌ ဦးဝေမင်းမောင်က ပြောသည်။ အဆိုပါ ကုမ္ပဏီက

ထွန်တုံးတိုက်ပွဲများ မလုပ်စေချင်သေးကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့...

ထွန်တုံးတိုက်ပွဲများ မလုပ်စေချင်သေးကြောင်း မအူပင်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့...

***********************************************
(18.5.2013, Tuesday)

ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေခြင်းသည် ဥပဒေမဲ့ဖြေရှင်းနည်းဖြစ်သည့်
အတွက်မလုပ်စေချင်ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးစိန်ဝင်းက မအူပင်မြို့၊တိုးရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် တောင်သူလယ်သမားများ 
တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ထွန်တုံးတိုက်ပွဲများဖြစ်ပ်ါနေခြင်း
သည် တရားဥပဒေနည်းလမ်းမကျ၍ တရားဥပဒေမဲ့ လယ်ယာမြေများ သိမ်းဆည်းခြင်းနှင့်သိမ်းဆည်းစဉ်ကထင်သာမြင်သာပွင့်လင်းမြင်သာမှု
မရှိခြင်းများကြောင့် ဖြစ်ကြောင်းသိရသည်။ထိုကဲ့သို့ ကိစ္စများကိုလွှတ်တော်
ထဲတွင် ဖြေရှင်းနေသလို တောင်သူလယ်သမားများလည်း ပူးပေါင်းညှိနှိုင်း 
ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ “ထွန်တုံး တိုက်ပွဲတွေကို မထောက်ခံသလို ကန့်လည်းမကန့်ကွက်ပါဘူး။ကိုယ့်ဆီ ကလုယူတာကိုမကြိုက်ရင် သူ့ဆီကကိုယ့်ပစ္စည်းပြန်ယူရာမှာလည်းအတင်း အဓမ္မမလုပ်သင့်ဘူး။ဖြေရှင်းဖို့ အဆင့်တွေ အများကြီးရှိပါတယ်။ထွန်တုံး တိုက်ပွဲဆိုတာနောက်ဆုံးအဆင့်ပါ။ အလွယ်ကူဆုံးနဲ့နှစ်ဦးနှစ်ဖက်ထိခိုက် မှုမရှိတဲ့နည်းလမ်းကိုဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ဦးစိန်ဝင်းကပြောကြား ခဲ့သည်။၎င်းအနေနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ကိုသာထောက်ခံကြောင်း၊ လွှတ်တော်နှင့် ဌာနဆိုင်ရာအားလုံးတွင် ပါတာဝန်ရှိ၍ ပဋိပက္ခဖြစ်စေ 
သောဖြေရှင်းနည်းကိုမလိုလားသည့်အတွက် နှစ်ဖက်ဖြေရှင်းလျှင်ထွန်တုံး တိုက်ပွဲလုပ်စရာမလိုကြောင်းနှင့်ဥပဒေဘောင်ထဲရောက်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို မအူပင်မြို့နယ်ရှိ 
တောင်သူလယ်သမား(၂၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေခြင်းသည် ဥပဒေမဲ့ဖြေရှင်းနည်းဖြစ်သည့်အတွက်မလုပ်စေချင်ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ဝင်းက မအူပင်မြို့၊တိုးရွှေဝါခန်းမ၌ ကျင်းပပြု လုပ်သော လွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် တောင်သူလယ်သမားများတွေ့ ဆုံဆွေးနွေး

မမျှော်မှန်း နိုင်သော အန္တရာယ် များကြောင့် မလေးရှားမှ မြန်မာ အလုပ် သမားများ ထပ်မံ ရောက်ရှိ

မလေးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မမျှော်မှန်း နိုင်သော အန္တရာယ်များ ကျရောက် နိုင်သဖြင့် မြန်မာ နိုင်ငံသို့ ပြန်လာလိုသော မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား

ရန်ကုန်မြို့တွင် စိတ်ဝေဒနာသည် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးချင်းက အဓမ္မပြုကျင့်

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိ၊ ချင်းမိုင်မှ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်

Photo: မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိ၊ 
ချင်းမိုင်မှ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် 
ညှိနှိုင်းဆောင်ရွက်ပေးမည်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော်၊ ဇွန် ၁၈

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် Forum for East Asia-Latin America Cooperation Meeting  သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက် ရှိစဉ် (၁၃-၆-၂၀၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း၊ ချင်းမိုင်တိရိစ္ဆာန်ရုံအား ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း(၂၀၀)ကျော် ရှိခဲ့သောကြောင့် ဖြစ်ကြောင်း  ကမ်းလှမ်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က-

(၁) မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ 

(၂) ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူ တော်အား အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန် အတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ 

(၃) ဆင်ဖြူတော် လေ့လာရေးခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အထောက် အကူ ပြုစေနိုင်ကြောင်း

 ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
----------------------------------------------------------------------
[Read More : http://www.president-office.gov.mm/zg/issues/foreign-policy/id-3731]
မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ငှားရမ်းမည့် အစီအစဉ်မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည် သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ပေး သွား မည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာ့ငွေဈေး(18.6.2013 10:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 950(~) Ks 960(~)

၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဗြိတိန်ခရီးစ ..

မကြာသေးခင်က အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ် ၈ ဦးဟာ ဇွန်လ ၁၇
ရက်နေ့ ညနေပိုင်းက ဘန်ကောက်လေဆိပ်ကနေ ဗြိတိန်နိုင်ငံကို ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

အပြစ်မဲ့ ပြည်သူ တစ်ဦးအား သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ နမ့်တောင်းကျေးရွာ၊ ရပ်ကွက် (၁)နေ ဦးစံထွန်း (၄ဝ)နှစ်အား ဇွန် ၁၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ၎င်း၏ နေအိမ်ရှေ့ တွင် သောင်းကျန်းသူ

စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း

Photo: စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း 
ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းပြီးချိန်မှာ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းထံက လိုင်စင်မဲ့ကားအစီးရေ ၂ဝ ကျော်ကို သိမ်းဆည်းရမိပြီး၊ တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှဝင်းရဲ့ကားပေါ်က အိန္ဒိယနိုင်ငံက တင်သွင်းတဲ့ တရားမဝင်ဆေးဝါးတချို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ကလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ တမူးခရိုင်ရဲတပ်ဖွဲ့မှူးတို့အပြင် ရဲအရာရှိတချို့ကို နေပြည်တော်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကလေးနဲ့ တမူးဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ လက်နက်မှောင်ခိုမှုတွေနဲ့ တရားမဝင် ကုန်ပစ္စည်းတင်သွင်းတာတွေ များပြားတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေကတော့ ဒီလိုဥပဒေမဲ့လုပ်ဆောင်နေတဲ့ ရဲစခန်းတွေကို ဆက်လက်အရေးယူဖို့ရှိတယ်လို့ ဆိုပါတယ်။

RFA News
စစ်ကိုင်းတိုင်းက ရဲစခန်းတွေကို နေပြည်တော် ရဲဌာနချုပ်က ဝင်ရောက်စီးနင်း ဇွန်လ ၁၆ ရက် မနေ့ညက

နိုင်/ကျဉ်း ၇၀ စာရင်း အစိုးရဘက်က တင်ပြ

နိုင်/ကျဉ်း ၇၀ စာရင်း အစိုးရဘက်က တင်ပြ
Tuesday, June 18, 2013

အစိုးရအရာရှိကြီးတွေနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား များစိစစ်ရေး ကော်မတီအစည်းအဝေးကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြရာမှာ အစိုးရ ဘက်က နိုင်ငံရေး အရ ဖမ်းဆီးထားတယ် ဆိုတဲ့ လူ ၇၀ စာရင်းကို တင်ပြလာပါတယ်။

အဲဒီလူတွေကို လွှတ်ပေးဖို့ ကိစ္စတွေ ဘယ်တော့ လောက်မှာ ဖြစ်လာနိုင် မလဲ ဆိုတာကို အဲဒီ ကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့က ကိုရဲအောင် ကို ဆက်သွယ် မေးကြည့်တော့ ကော်မတီ အတွင်းရေးမှူး ရုံးကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး နဲ့ လူပုဂ္ဂိုလ် တဦချင်းစီကနေ နိုင်ငံရေး အကျဉ်းသား ဖြစ်လောက်တယ် ဆိုတဲ့ စာရင်း တွေကို တင်ပြထားတာ ရှိပြီး အရေအတွက် အားဖြင့် ၂၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလူစာရင်းကိုလည်း အတွင်းရေးမှူးကနေ ကော်မတီဝင် တွေကို ချပြထားတယ်လို့ ပြောပါတယ်။

ဒီတခေါက် အစည်းအဝေး မှာတော့ သမ္မတရုံး ဘက်က သူတို့ နိုင်ငံရေး အကျဉ်းသားလို့ တွေ့ထားတဲ့ လူ ၇၀ စာရင်းကို ပေးလာပြီး စိစစ် ပေးဖို့ နဲ့၊ အားလုံး သဘောတူရင် သမ္မတဆီကို တင်ပြမယ်လို့ ပြောကြားလာတဲ့ အကြောင်း ပြောပါတယ်။

အစည်းအဝေးက ၂ နာရီပဲ ကြာပြီး တခြား အကြောင်းအရာတွေကို ဆွေးနွေးနေရ တဲ့အတွက် လူ ၇၀ စာရင်းကို သေချာ မကြည့်ရသေးလို့ အစည်းအဝေး အပြီးမှာ လူစာရင်းကို ပေးပို့ ပေးဖို့ ပြောထားကြောင်းနဲ့ စိစစ်ပြီး ပြန်လည် ပို့ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

အဲဒီ လူ ၇၀ ဘယ်တော့လောက် ပြန်လွတ် လာမလဲ ဆိုတာကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်ကြောင်းနဲ့ သမ္မတ အနေနဲ့လည်း အမြန်ဆုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

နောက်ကျန်နေသေးတဲ့ လူတွေကိုလည်း ဆက်ပြီး လွှတ်ပေး သွားဖို့ အတွက် အားလုံးကို အမြန်ဆုံး စိစစ်ပြီး တင်ပြနိုင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီမှာ ရှိတဲ့ တာဝန်ရှိသူ တွေနဲ့လည်း ဆက်သွယ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

BBC Burmese
အစိုးရအရာရှိကြီးတွေနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား များ စိစစ်ရေး ကော်မတီအစည်းအဝေးကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြရာမှာ အစိုးရ ဘက်က နိုင်ငံရေး အရ

ရခိုင်ပဋိပက္ခ တနှစ်ကြာ အခြေအနေထုတ်ပြန်

ရခိုင်ပဋိပက္ခ တနှစ်ကြာ အခြေအနေထုတ်ပြန်
Tuesday, June 18, 2013

ရခိုင်ပြည်နယ် မှာ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား ခဲ့တာ တနှစ် ရှိခဲ့ပေမယ့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ လူပေါင်း တသိန်းခွဲ ခန့်ဟာ သူတို့ရဲ့ ဘဝ တွေ ပုံမှန် ပြန်ရောက်ရေး အနေအထား က မျှော်လင့်ချက် နည်းပါးနေဆဲ လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ OCHA ရဲ့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

လူပေါင်း ၁၆၇ ယောက် သေဆုံးပြီး အိုးအိမ် တသောင်းကျော် ပျက်စီး ဆုံးရှုံး ခဲ့ရတဲ့ ရခိုင် အဓိကရုန်း ကြောင့် ကယ်ဆယ်ရေး စခန်းမှာ နေထိုင်ဆဲ သူတွေ အတွက် အမိုးအကာ၊ အစားအသောက်တွေ နဲ့ ကျန်းမာရေး အထောက်အကူတွေ ကို ကဏ္ဍ အမျိုးမျိုး ကနေ ပေးခဲ့ကြလို့ အခြေအနေ တချို့ တိုးတက်ပေမယ့် ယာယီသာ ဖြစ်ကြောင်း စစ်တွေ မှ OCHA ဌာန အကြီးအကဲ ဘာဘရာမင်ဇီ က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် တင်းမာမှု တွေ လည်း မြင့်မားနေသေးလို့ အစိုးရ အနေနဲ့ ပြေလည်အောင် ဖြေရှင်းမယ် လို့ မျှော်လင့်ကြောင်း၊ OCHA ဘက်ကလည်း အခြေအနေ ပုံမှန်ရောက်အောင် ကြိုးစားပေးနေကြောင်း ဆိုပါတယ်။ အထူးသဖြင့် အခုလို မုတ်သုန်ရာသီမှာ နေစရာ အမိုးအကာ ရှိဖို့ အရေးကြီးကြောင်း၊ လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာရေး မှာလည်း အကန့်အသတ် တွေ မြင်နေ ရကြောင်း၊ လူ အများစု မှာလည်း အလုပ်လုပ်ခွင့်၊ ကျန်းမာရေး အခြေအနေ နဲ့ ပညာသင်ခွင့် တွေ ပါ ဆုံးရှုံးနေပုံ တွေ စစ်တွေ မှ OCHA ဌာန အကြီးအကဲ ဘာဘရာမင်ဇီ က ထောက်ပြ ပြောဆို သွားပြတယ်။

BBC Burmese
ရခိုင်ပြည်နယ် မှာ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား ခဲ့တာ တနှစ် ရှိခဲ့ပေမယ့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ လူပေါင်း တသိန်းခွဲ ခန့်ဟာ သူတို့ရဲ့ ဘဝ တွေ ပုံမှန် ပြန်ရောက်ရေး အနေအထား က မျှော်လင့်ချက် နည်းပါးနေဆဲ လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ OCHA ရဲ့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

ကုလားတန်စီမံကိန်း ပတ်ဝန်းကျင်ရေးရာ စိုးရိမ်မှုတိုး

ကုလားတန်စီမံကိန်း ပတ်ဝန်းကျင်ရေးရာ စိုးရိမ်မှုတိုး 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှုနဲ့  ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး မြန်မာနိုင်ငံကို ဖြတ်ပြီး ကားလမ်းဖောက်လုပ်မယ့် အိန္ဒိယ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ တခုအပေါ် ပြစ်တင်ဝေဖန်နေကြပါတယ်။ ကုလားတန် စီမံကိန်းကနေ  ဖွံ့ဖြိုးမှုနည်းပြီး  လမ်းပန်းဆက်သွယ်မှု ခက်ခဲလှတဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ဒေသနဲ့ အိန္ဒိယ ၂ နိုင်ငံတို့အကြား ကုန်သွယ်မှု အထောက်အကူ ဖြစ်လိမ့်မယ်ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။
 
ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့  ဇီဝဗေဒပညာရှင်တွေကတော့ ဒီစီမံကိန်း အကောင်အထည် ဖော်တဲ့အခါမှာ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်း တိရစ္ဆာန်တွေအပေါ် ဘေးအန္တရာယ် ကျရောက်မယ့်အပေါ် ၂ နိုင်ငံ တာဝန်ရှိသူတွေက လျစ်လျူရှုထားတယ်ဆိုပြီး သတိပေးပြောဆိုနေတာပါ။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် Daniel Scherf ပေးပို့ထားတဲ့အတိုင်း ကိုအောင်အောင် က အပြည့်အစုံ တင်ပြထားပါတယ်။
 
ကုလားတန် စီမံကိန်းဟာ ၂၀၁၅ ခုနှစ်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ စီမံကိန်းမှာ ပါဝင်တဲ့  အဝေးပြေးကားလမ်းတခု ဆက်သွယ်ဖောက်လုပ် ပြီးစီးနေမှာဖြစ်ပြီး အိန္ဒိယ အရှေ့မြောက်ဘက်က မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်ဘက်က ချင်းပြည်နယ်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်က ရေနက်ဆိပ်ကမ်း ဆီ သွယ်တန်းထားတဲ့ ကုန်းတွင်းရေကြောင်းလမ်းတခုလည်း  အကောင်အထည်
ဖော်နိုင်မှာ ဖြစ်ပါတယ်။
 
ဒီသယ်ယူပို့ဆောင်ရေး စီမံကိန်း ပြီးဆုံးတဲ့အချိန်မှာ ဝေးလံတဲ့ လူသူ အရောက်အပေါက်နဲတဲ့ အရပ်တွေကြား  တနေရာနဲ့ တနေရာ လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်မှာဖြစ်ပြီး လယ်သမားတွေ ၀င်ငွေတိုးလာတာ၊ အလုပ်အကိုင် ပေါ်များလာတာနဲ့ စားသောက်ကုန် ဈေးနှုန်း ကျဆင်းလာတာတွေ ဖြစ်လာနိုင်ပါတယ်။
 
ဒါပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ တာဝန်ရှိသူတွေဟာ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး လူအများသိအောင် ချပြတာမျိုး မရှိတဲ့အပြင် ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် ဘေးအန္တရာယ် ကျရောက်မှာကိုလည်း လျစ်လျူရှုထားတယ်ဆိုပြီး ပြောပါတယ်။
 
စီမံကိန်းမှာ ပါဝင်တဲ့ ရခိုင်ပြည်နယ်တွင်းက ရေနက်စီမံကိန်း ဆောက်လုပ် ရာမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ နေရာတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီးတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်က ကတိပေးထားသလို  ဒီထိခိုက်ပျက်စီးမှုတွေကို အကာအကွယ်ပေးဖို့  ပျက်ကွက်ခဲ့ပါတယ်။
 
ဒေသတွင်း တက်ကြွလှုပ်ရှားသူ အများအပြား ပါဝင်တဲ့ ကုလားတန် လှုပ်ရှားမှုအဖွဲ့ကတော့ အခုလို ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် စုံစမ်းစစ်ဆေးတဲ့အချိန်ထိ ဒီစီမံကိန်းကို ရပ်ထားဖို့  တောင်းဆိုနေတာပါ။  
 
Arakan River Network က တွမ်းဇော် ကတော့ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်း
ထောက်များ အသင်းမှာ အခုလို ပြောဆိုပါတယ်။
 
“ကျန်းမာရေး၊ လူမှုရေး သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ အစီရင်ခံစာ တစောင်တလေကိုမှ ခုချိန်ထိ မတွေ့ရပါဘူး။ ဒါကြောင့် စီမံကိန်း ဒေသအတွင်း နေထိုင်ကြသူတွေရဲ့ ဘ၀အတွက် စိုးရိမ်ပါတယ်။”
 
အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော် မူဝါဒအရ  အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ရေး ပိုကောင်းမွန်လာဖို့အတွက် ဒီစီမံကိန်းတခုလုံးအပေါ် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂၁၄ သန်း  အိန္ဒိယအစိုးရက ငွေကြေး မ တည်ထားတာပါ။ ဒါပေမဲ့ မီဇိုရမ်ကနေ မြန်မာနိုင်ငံ ချင်းပြည်နယ်ထိ ဖောက်လုပ်ထားတဲ့ ၉၉ ကီလိုမီတာ အရှည်ရှိတဲ့ အဝေးပြေးလမ်းမ ဖောက်လုပ်မှုနဲ့ပတ်သတ်တဲ့ အစီရင်ခံစာတစောင်ပဲ ထုတ်ပြန်ထားတာပါ။
 
၂၀၁၁ ခုနှစ် သဘာဝ တောရိုင်းတိရစ္ဆာန်တွေအပေါ် ဘေးအန္တရာယ် ကျရောက်တာနဲ့ပတ်သတ်တဲ့ အစီရင်ခံစာကို ရေးသားသူလည်းဖြစ် ဇီဝဗေဒ ပညာရှင်တဦးလည်းဖြစ်တဲ့ ကက်ရှ်မီယာ ကကတိုင် က မြန်မာပြည်ကို သွယ်တန်း ဖောက်လုပ်ထားထားတဲ့ အဝေးပြေးလမ်းမဟာ သဘာဝ ဘေးမဲ့တော ကို ဖြတ်သန်းသွားပြီး အိန္ဒိယ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တော ၀န်ကြီးဌာနကလည်း  ဒီကိစ္စကို လျစ်လျူရှုထားကြောင်း ပြောပါတယ်။ 
 
“အိန္ဒိယ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးဌာနကို Fax လည်း ပို့ပါတယ်။ စာလည်းရေးပါတယ်။ ဒါပေမဲ့ ဒီအစီရင်ခံစာကို ဘယ်သူမှ အသိအမှတ် မပြုပါဘူး။ နောက်ထပ်လည်း ဒီဝန်ကြီးဋ္ဌာနကနေ ဘယ်လို အချက်အလက်မှလည်း မရပါဘူး။ နောက်ဆုံး ကုလားတန် အစီရင်ခံစာကို ဖတ်ရတဲ့အခါမှာတော့  ဒီအစီရင်ခံစာကို စုံစမ်းစစ်ဆေးတဲ့ ကော်မတီက ကန့်ကွက်တာမရှိဘဲ အတည်ပြုခဲ့ပါတယ်။ ဒါဟာ လုံးဝ မှားပါတယ်။”
 
မီဇိုရမ်ဘက်မှာ ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမရဲ့ တ၀က်ဟာ ဖောက်လုပ် ပြီးစီးနေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တကယ်လို့ ဒီလမ်းဖောက်လုပ်မှု ပြီးစီးတဲ့အခါမှာတော့ ဘေးမဲ့တောထဲက သဘာဝတောရိုင်း တိရစ္ဆာန်တွေသာမဟုတ်ဘဲ ဘေးမဲ့တောအပြင်ဘက်က သဘာဝတောရိုင်း တိရိစ္ဆာန်တွေအတွက်လည်း အန္တရာယ်ကျရောက်နိုင်တဲ့အကြောင်း ကကတိုင် က ပြောပါတယ်။
 
“ဒီအစီရင်ခံစာထဲမှာ ကြိုတင်မျှော်မှန်းထားတဲ့ ကြောက်စရာအကောင်းဆုံး ကိစ္စကတော့ ဒီလမ်းဟာ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားတဲ့ လမ်းဖြစ်လာမှာကိုပါဘဲ။ ကျားကောင်ရေ လျော့နည်းလာတဲ့ကိစ္စကို ထောက်ပြ ထားပြီးပါပြီ။ နယ်စပ်တလျှောက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု အများအပြားလည်း ရှိနေတာပါ။”
 
မီဇိုရမ်ပြည်နယ်မှာ နေသူတွေကို သူတို့ပိုင်မြေ သိမ်းယူပြီးတဲ့အခါမှာ လုံလုံလောက်လောက် လျော်ကြေးပေးတာမျိုး မရှိသလို  မြန်မာနိုင်ငံဘက်က သိမ်းယူမှုတွေအတွက်လည်း စိုးရိမ်မိတယ်လို့  ကုလားတန် လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။ ကုလားတန် စီမံကိန်းအတွက် လုံခြုံမှုနဲ့ မြေနေရာကို မြန်မာဘက်က စီစဉ်ပေးရတာလည်း ဖြစ်ပါတယ်။
 
ဒါပေမဲ့ စီမံကိန်း ပြီးစီးဖို့  ၂ နှစ်တာကာလမှာပဲ ဒေသခံ ချင်းလူမျိုးတွေ အနေနဲ့ သူတို့  ဒေသအတွင်း အိန္ဒိယနိုင်ငံဘက်ကို အဝေးပြေးလမ်းမ ဖောက် လုပ်မယ့်အကြောင်းကို မသိကြသေးပါဘူး။  မြန်မာအာဏာပိုင်တွေအနေနဲ့လည်း သတ်မှတ်ရက်အတိုင်း ပြီးစီးနိုင်ဖို့  မြေသိမ်းယူမှုတွေ ရှိနေတာကို အထူး စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။ 

http://burmese.voanews.com/content/kaladan-project/1683442.html
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှုနဲ့  ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုပြီး မြန်မာနိုင်ငံကို ဖြတ်ပြီး ကားလမ်းဖောက်လုပ်မယ့် အိန္ဒိယ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ တခု

အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေး အတုယူဖို့ အိုဘားမား တိုက်တွန်း

အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေး အတုယူဖို့ အိုဘားမား တိုက်တွန်း 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

အိုင်ယာလန်မြောက်ပိုင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ ကမ္ဘာတလွှား ပဋိပက္ခတွေကြားမှာ နေထိုင်နေကြသူတွေအတွက် ငြိမ်းချမ်းရေးလမ်းစဉ် ပုံကြမ်း ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။
 
ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပါမယ့် အချက်အလက်တွေကို ခေါင်းဆောင်တွေက ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေး ကံကြမ္မာကိုတော့ ပြည်သူလူထုကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ တနင်္လာနေ့က Belfast မြို့က လူငယ်တွေကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောဆိုသွားတာပါ။
 
တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပြုလုပ်မယ့် G – 8 စက်မှု ထိပ်သီး ၈ နိုင်ငံရဲ့ ထိပ်သီးညီလာခံ တက်ဖို့အတွက် သမ္မတ အိုဘားမားဟာ ၀ါရှင်တန်ကနေ Belfast မြို့ကို တနင်္လာနေ့ မနက်မှာ ရောက်လာတာပါ။ ဒီထိပ်သီး စည်းဝေးပွဲအတွင်း ဆီးရီးယားသူပုန်တွေကို အမေရိကန်တို့က စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုတဲ့ ကိစ္စက ဦးစားပေးအဖြစ် ပါဝင်နိုင်ပါတယ်။ ထိပ်သီးစည်းဝေးပွဲအတွင်း ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိနေပါတယ်။
 
သမ္မတ အိုဘားမားဟာ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) နဲ့ တနင်္လာနေ့ အစောပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။
 
သမ္မတ အိုဘားမား ဟာ တနင်္လာနေ့မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံပြီး ဆီးရီးယားအရေးကိစ္စကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ် (Bashar al-Assad) ကို အစဉ်တစိုက် ထောက်ခံအားပေးလာတဲ့ နိုင်ငံဖြစ်ပါတယ်။ 

http://burmese.voanews.com/content/g8-summit/1683348.html
အိုင်ယာလန်မြောက်ပိုင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ ကမ္ဘာတလွှား ပဋိပက္ခတွေကြား မှာ နေထိုင်နေကြ သူတွေအတွက် ငြိမ်းချမ်းရေးလမ်းစဉ် ပုံကြမ်း ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

အပ်ငွေနှင့် ချေးငွေအကြား ကွာဟချက် ငါးရာခိုင်နှုန်းအထိ ရှိနေခြင်းအပေါ် ဝေဖန်နေကြ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်တိုးနှုန်းအား ၁၀ ရာခိုင်နှုန်းသာ သတ်မှတ်ထားသော်လည်း ပုဂ္ဂလိက ဘဏ်များ အချင်းချင်း ညှိနှိုင်း၍ အပ်ငွေနှင့် ချေးငွေအကြား ၅ ရာခိုင်နှုန်းအထိ ကွာဟနေခြင်း ဝေဖန်မှုများ ရှိနေကြောင်း သိရှိရပါသည်။

ငြိမ်းချမ်းရေးဆိုင်ရာ ဥပဒေများ ပြဌာန်းရန် ဦးရွှေမန်းကို တောင်းဆို

ငြိမ်းချမ်းရေးဆိုင်ရာ ဥပဒေများ ပြဌာန်းရန် ဦးရွှေမန်းကို တောင်းဆို
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

နိုင်ငံတ၀န်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဥပဒေများ ပြဋ္ဌာန်းရေးအတွက် အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအား ဆန်ဖရန် စစ္စကိုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ၌ တိုက်တွန်း တောင်းဆိုကြောင်း သတင်းရရှိသည်။

“ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေးသာမက ပြည်လုံးကျွတ် ထာဝရ ငြိမ်း ချမ်းရေးကို တည်ဆောက်ဖို့အတွက် လွှတ်တော်ကနေပြီးတော့ ဥပဒေတွေ ရေးဆွဲပေးပါဆိုပြီး နံပတ် ၁ အနေနဲ့ ဆွေးနွေးတယ်”ဟု မြန်မာကျောင်းသားများအစည်းအရုံး ဆန်ဖရန်စ္စကို ဘေး ဧရိယာမှ ဦးကိုကိုလေး က ဧရာဝတီ ကို ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ၌ စစ်ဖြစ်နေရာ ဒေသတိုင်းတွင် အားလုံး ရပ်စဲပြီး တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက် လာနိုင်ရေးအတွက် ဥပဒေပြုပေးရန်လည်း ဆွေးနွေးပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ရန် ဥပဒေတရပ် ပြဋ္ဌာန်းရေးအတွက် ဦးသိန်းစိန်အစိုးရကို တိုက်တွန်း ရန် နှင့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေး စသည်တို့ကိုလည်း ဆွေးနွေး တိုက်တွန်းကြောင်း သိရသည်။

အမေရိကန်ရောက် မြန်မာ အသိုင်းအ၀ိုင်းနှင့် သူရ ဦးရွှေမန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲကို ဇွန်လ ၁၆ ရက်နေ့က ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် ပြုလုပ်ခဲ့ရာ အဖွဲ့ ၄ ဖွဲ့နှင့် စိတ်ပါဝင်စားသူများက စုပေါင်း စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သူရ ဦးရွှေမန်းက တိုင်းပြည်ကို သာယာဝပြောစေ၍ အစိုးရ အဆက်ဆက်က စေတနာထား လုပ်ဆောင်ခဲ့သော်လည်း ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်၌ နောက်ဆုံးတွင် ကျန်နေခဲ့၍ ဒီမိုကရေစီ ကျင့်သုံးမှသာ တိုးတက်မည်ကို ယုံကြည်လာပြီး ဖော်ဆောင်လာနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ဒါကြောင့် ဒီမိုကရေစီ ကျင့်သုံးဖို့ လိုတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ အစိုးရက ဆုံးဖြတ်ချက်ချပြီးတော့ ဒီမိုကရေစီ ဖော်ဆောင် ရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်”ဟု ဦးကိုကိုလေးက ဆိုသည်။

သူရ ဦးရွှေမန်းသည် အမေရိကန် ခရီးစဉ် အစပိုင်းတွင်လည်း ဗီအိုအေနှင့် မေးမြန်းခန်းတွင် သမ္မတ ဖြစ်လိုကြောင်း ပြောဆို ခဲ့ပြီး သမ္မတ တာဝန်ယူရန် ရာခိုင်နှုန်းပြည့် အသင့်ရှိကြောင်းလည်း ယမန်နေ့က တွေ့ဆုံပွဲတွင် ဆွေးနွေး မေးမြန်းသူတဦး ဖြစ် သည့် ဒေါက်တာ ကျော်တင့် ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်ကလည်း သမ္မတဖြစ်လိုကြောင်း မကြာခင်က ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြား ထားခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ကန့်သတ်ချက်များ ရှိနေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သူရ ဦးရွှေမန်းက ဖွဲ့စည်းပုံပြင်ဆင်ရန် ရှိကြောင်းလည်း အမေရိကန် နိုင်ငံရေးလောကမှ ပုဂ္ဂိုလ် များနှင့် ၀ုဒ်ရိုးလ် ၀ီလ်ဆင် စင်တာ (Woodrow Wilson Center)တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်ချက်တွေက စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာ သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ် ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်”ဟု သူရ ဦးရွှေမန်းက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်နိုင်ခွင့် အခွင့်အရေးများရှိကြောင်း၊ လွှတ်တော်က နိုင်ငံနှင့် နိုင်ငံသားများ အကျိုးရှိ စေ မည့် ဥပဒေများ ပြုရေး၊ ပြင်ဆင် ဖြည့်စွက် အစားထိုးမှု တာဝန်သည် လွှတ်တော်များ၏ တာဝန်ဖြစ်ကြောင်း ဦးရွှေမန်းက ပြော သည်။

“ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လေ့လာသုံးသပ်ပြီးတော့ တယောက် တည်း အကျိုးစီးပွားမက ကျန်တဲ့ အများအကျိုးစီးပွားအရ ဥပဒေများကို ပြန်လည်လေ့လာသုံးသပ်ပြီး ပြင်ဆင် စရာရှိတာ ပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာပယ်ဖျက်ဖို့၊ အစားထိုးစရာရှိတာ အစားထိုးဖို့၊ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ တချို့ကိစ္စတွေက လွှတ်တော်တွင်းမှာ ဆောင်ရွက်ရတာရှိသလို၊ တချို့ကိစ္စတွေ ကျတော့ ပြည်သူများအထိအတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်”ဟုလည်း သူရ ဦးရွှေမန်းက ဆိုသည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်သူ ဆက်လက် ထောက်ခံပါက သမ္မတ တာဝန် ဆက်လက်ထမ်းဆောင်မည်ဟု ပြောဆို လာသော ဦးသိန်းစိန်နှင့် အနည်းငယ် ဝေးကွာလာသည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု နောက်ပိုင်း သူရ ဦးရွှေမန်းနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။

သမ္မတ တာဝန်ထမ်းဆောင်လိုကြောင်း ပြောဆိုလာပြီးနောက်တွင် သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ဆက်ဆံရေး မည်သို့ဖြစ်မည်ဆိုသည်က မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လူထု ထောက်ခံမှု အားကောင်းသော NLD ပါတီတို့သည် အဓိက ယှဉ်ပြိုင်ရနိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။

သို့သော် သူရ ဦးရွှေမန်းက ၀ါရှင်တန်မှာ အေပီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် တိုင်းပြည် အကျိုးအတွက် လိုအပ်လာပါက ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့သည် ညွှန့်ပေါင်းဖွဲ့စည်းရေး အတွက်လည်း အဆင် သင့် ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သေးသည်။

ထို့အပြင် မကြာသေးခင်က ပဋိပက္ခများ ဖြစ်ပွားခဲ့ရမှု၊ ၉၆၉ လှုပ်ရှားမှု စသည်တို့နှင့်ပတ်သက်၍ မေးမြန်းသူတဦးကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကိုးကွယ်သည့် အယူဝါဒအပေါ် ခွဲခြားမှု မပြုရဟု ဖော်ပြထားကြောင်း၊ နိုင်ငံသားများ၏ အခွင့် အရေးကို ပြည့်ဝစွာ ပေးအပ်ထားကြောင်းတို့ကို သူရ ဦးရွှေမန်းက ပြန်လည် ဖြေကြား ခဲ့သည်။

ဥပဒေကိုဆန့်ကျင်ပြီး ကျူးလွန်ဆောင်ရွက်လျှင် ဥပဒေက ပြန်လည်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် တရားဥပဒေ စိုးမိုးရေး အားနည်းမှု ရှိနေကြောင်းလည်း သူရ ဦးရွှေမန်းက ၀န်ခံပြောသကဲ့သို့ ၉၆၉ အဖွဲ့ အစည်းများကိုလည်း ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

“၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ ပြီးတဲ့အခါမှာ သွေးခွဲစကားတွေ ဆောင်ရွက်နေတာကိုလည်း ဖော်ထုတ် အရေးယူ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟုလည်း သူရ ဦးရွှေမန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အငြင်းပွားဖွယ်ဖြစ်နေသည့် ကလေး ၂ ဦး အမိန့်ထုတ်ပြန်မှုနှင့်ပတ်သက်၍လည်း လွှတ်တော်သို့ အဆိုပါ ကိစ္စ တင်ပြထားခြင်းမရှိသကဲ့သို့ လွှတ်တော်မှလည်း ဥပဒေအဖြစ် ပြဋ္ဌာန်းထားခြင်း မရှိကြောင်းလည်း ဦးရွှေမန်း က ပြောဆိုသည်။

သူရ ဦးရွှေမန်းနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ဂူဂဲ အင်တာနက် ကုမ္ပဏီ၊ G.E ကုမ္ပဏီ စသည့် အမေရိ ကန် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အမေရိကန် လွှတ်တော်နှင့် နိုင်ငံရေး လောကမှ ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့်လည်း ဇွန်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာ့ပြုပြင်ပြောင်းလဲမှုကို မစ္စတာ ဘန်ကီမွန်းက ချီးမွမ်းပြောဆိုခဲ့ပြီး မကြာခင်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် တိုင်းရင်းသား အရေးကိစ္စများတွင် လိုအပ်ချက်များကိုလည်း ထောက်ပြပြောဆိုခဲ့ကြောင်း သိရသည်။

သူရ ဦးရွှေမန်းက အမေရိကန်ပြည်ထောင်စုမှ ဒီမိုကရေစီ အတွေ့အကြုံများကို နမူနာယူရန်မျှော်လင့်ထားပြီး နိုင်ငံကို ဖက် ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်သွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။

http://burma.irrawaddy.org/archives/42350
နိုင်ငံတ၀န်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဥပဒေများ ပြဋ္ဌာန်းရေးအတွက် အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအား ဆန်ဖရန် စစ္စကိုရှိ မြန်မာ မိသားစု များနှင့် တွေ့ဆုံပွဲ၌ တိုက်တွန်း တောင်းဆိုကြောင်း သတင်းရရှိသည်။

၂၀၁၅-၂၀၁၆ တွင် မိုဘိုင်းဖုန်းလိုင်း အင်အား ၁၄ သန်းထိ တိုးချဲ့မည်


Photo: ၂၀၁၅-၂၀၁၆ တွင် မိုဘိုင်းဖုန်းလိုင်း အင်အား ၁၄ သန်းထိ တိုးချဲ့မည်
Tuesday, June 18, 2013

ကုမ္ပဏီများဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲ မှုများကြောင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကိုင်ဆောင်မည့် လူဦးရေမှာ ၂၀၁၅-၂၀၁၆တွင် ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင်လည်း မိုဘိုင်းဖုန်းလိုင်း အင်အားကို ၁၄ သန်းအထိ တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကိုင်ဆောင် အသုံးပြုသည့် ဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာသော်လည်း မြန်မာနိုင်ငံရှိ လူဦးရေအတွက်နှင့် တိုင်းတာပါက မိုဘိုင်းဖုန်း ကိုင်ဆောင်သည့် အရေအတွက် အလွန်နည်းပါးကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကုမ္ပဏီများ ဖွဲ့စည်းပြီးနောက် မိုဘိုင်းဖုန်းလိုင်း အင်အားကို နှစ်အလိုက် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၁၃-၁၄ တွင် ဖုန်းလိုင်း လေးသန်း၊ ၂၀၁၄-၁၅ တွင် ဖုန်းလိုင်း ငါးသန်းနှင့် ၂၀၁၅-၁၆ တွင် ဖုန်းလိုင်း ငါးသန်းကို တပ်ဆင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။

''မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ''ဆက်သွယ်ရေး ကဏ္ဍမှာလည်း ပြုပြင်ဆောင်ရွက်မှုတွေ အများကြီး လုပ်နေပါတယ်။ နောက်ပြီးတော့ ပြည်ပဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍဟာ အများကြီး ပြောင်းလဲလာမှာပါ''ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ၂၀၁၂-၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃- ၁၄ တွင် ၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ တွင် ရာခိုင်နှုန်း ၅၀ နှင့် ၂၀၁၅-၁၆ တွင် ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ခန်မှန်းချက်များအရ သိရသည်။

မိုဘိုင်းဖုန်းများကို အဆင့်ဆင့် လျော့ချပြီး ရောင်းချပေးသော်လည်း မြန်မာနိုင်ငံတွင် လူတိုင်း မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group
သင်္ဃန်းကျွန်းမြို့နယ် ဇ တောင်ရပ်ကွက်တွင် ကျပ် ၁၅၀၀ ဖုန်းများ မဲနှိုက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-စောရည်နန္ဒာ)

သင်္ဃန်းကျွန်းမြို့နယ် ဇ တောင်ရပ်ကွက်တွင် ကျပ် ၁၅၀၀ ဖုန်းများ မဲနှိုက်နေသည် ကို တွေ့ရ စဉ်(ဓာတ်ပုံ-စောရည်နန္ဒာ)
ကုမ္ပဏီများဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲ မှုများကြောင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကိုင်ဆောင်မည့်

သိမ်ဖြူယာဉ်မောင်းသင် ကွင်းကို စည်ပင်မှ ရွှေတောင်ကုမ္ပဏီသို့ ဈေးဝယ်စင်တာ အပါအ၀င် အဆောက်အအုံများ ဆောက်လုပ်ရန် လွှဲပြောင်းခြင်း ရပ်ဆိုင်းရန် တောင်းဆို

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူကွင်း အတွင်းရှိ အငှားယာဉ်မောင်း သင်တန်းကွင်း အား ဈေးဝယ်စင်တာ၊ ရုံးခန်းနှင့် အဆောက်အအုံများ ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်

ရွှေတိဂုံဘုရားပေါ်တွင် ပန်းကြဲခဲ့သည့် အစ္စလာမ် ဘာသာဝင် အမျိုးသမီးအား ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံမှ အတည်ပြု

ရွှေတိဂုံဘုရားပေါ်တွင် ပန်းကြဲခဲ့သည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအား ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေးဆေးရုံ (ရန်ကုန်)မှ Medical Board မှ ဇွန် ၁၇ ရက်နေ့တွင်

မလေးရှား၌ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦး အပါအ၀င် မြန်မာအလုပ်သမား ၂၅ ဦး ထပ်မံရောက်ရှိလာ

6.17.11
မလေးရှား၌ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ ကိုထွန်းမော်သိန်း ပြန်လည်ရောက်ရှိလာစဉ်
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံ ဆလာရန်းဒေသမှ ဒဏ်ရာရရှိသူ တစ်ဦး

စီမံကိန်း သတင်းများကြောင့် မြိတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်း အဆမတန် မြင့်တက်

မြိတ်မြို့တွင် စီမံကိန်း သတင်းများကြောင့် အိမ်ခြံမြေ ဈေးများမှာ အဆမတန် မြင့်တက်လာနေ ပြီး ဈေးကောင်းပေး ၀ယ်ယူနေမှုများလည်း ရှိနေကြောင်း သိရသည်။

တည်ဆောက်ဆဲ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အချို့ ယခုနှစ်အတွင်း ပြီးစီးမည်

6.17.13
ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် တည်ဆောက်လျက်ရှိသော Shangri-La စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ-အောင်မြတ်ကို)
ရန်ကုန်မြို့၌ တည်ဆောက်လျက်ရှိသော ကြယ်ငါးပွင့် အဆင့်ရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု