Wednesday, June 19, 2013

မြန်မာ့စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ရှိနိုင်ဟုဆို

Photo: မြန်မာ့စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ရှိနိုင်ဟုဆို

၁၉-၆-၂၀၁၃

ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ညီလာခံမှာ မြန်မာ့စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရှိနိုင်တဲ့
အကြောင်း ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ပါရမီစွမ်းအင်ကုမ္ပဏီ ရေနံ
ရှာဖွေရေးဘူမိဗေဒအရာရှိ ဦးကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

ညီလာခံကို ဇွန် ၁၇ ရက်နှင့် ၁၈ ရက်နေ့တွေက ရန်ကုန်မြို့မှာပြုလုပ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း စွမ်းအင်ကုမ္ပဏီကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဖိုရမ်မှာ ကုန်းတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ အလားအလာနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးခဲ့တဲ့အချက်အလက်တွေကိုတော့ ဖိုရမ်ကြီးကြပ်သူတွေရဲ့ ခွင့်ပြုချက်ရမှ ပြောလို့ရမယ်လို့ ဦးကျော်စိုးက ဆိုပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမျိုးကို မကြာ မကြာလုပ်ပေးခြင်းဖြင့် အချက်အလက်တွေ
နဲ့ပတ်သက်ပြီး အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့်သိနိုင်မှာဖြစ်လို့ လုပ်ရကိုင်
ရတဲ့နေရာမှာ ပိုပြီးအဆင်ပြေစေတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကုန်းတွင်းလုပ်ကွက် ၁၈ ခု
အတွက် လုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းနှင့်ပြည်ပက စွမ်းအင်ရှာဖွေရေး
ကုမဏီတွေကို ဖိတ်ခေါ်ထားတယ်လို့ ဦးကျော်စိုးက ပြောပါတယ်။

“ဒီလုပ်ကွက် ၁၈ ခုအတွက် လျှောက်လွှာတင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီ အရေအတွက်က ၅၉ခု ရှိပါတယ်။ ဒါပေမယ့် သူတို့ ဒီအတိုင်းတော့ ယူလို့မရဘူးလေ။ ပြီးတော့ ပြည်တွင်းက ကုမ္ပဏီတွေနဲ့ ပေါင်းပြီးတော့
လျှောက်လွှာတင်ရမှာ။ ကျနော် အကြမ်းဖျင်းသိရတာကတော့ ပြည်တွင်း
ကုမ္ပဏီက ၁၀၀ ကျော်လောက်ရှိပါတယ်။ ဒါပေမယ့် ပေးမှာက ၁၈ ခုပဲ
ရှိတော့ တချို့ လျှောက်ချင်မှလည်း လျှောက်မှာဖြစ်ပါတယ်။”

ကုန်းတွင်းလုပ်ကွက်တွေအတွက် လျှောက်လွှာတင်သွင်းမှုကို စက်တင်ဘာလအထိ လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပေမယ့် စိစစ်ရွေးချယ်ရမယ့် process တွေကြောင့် လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်မှ သိရမယ်လို့ ဆိုပါတယ်။

ဒီလုပ်ကွက်တွေနဲ့ပတ်သက်လို့ တင်ဒါရွေးချယ်မှုနဲ့စပ်လျဉ်းပြီး ဦးကျော်စိုးက “လုပ်ကွက် ၁၈ ခုအတွက်စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်ပါတယ်။
မကြာခင် ပြည်ပက စွမ်းအင်ရှာဖွေရေးကုမဏီတွေနှင့်လက်တွဲပြီးတော့
လျှောက်လွှာတွေတင်ရတော့မှာဖြစ်ပါတယ်။ တင်တဲ့အခါ စွမ်းအင်ဝန်ကြီး
ဌာနအနေနဲ့ တင်တဲ့လျှောက်လွှာတွေအပေါ် bonusေ*တွဘာတွေ ကြည့်ပြီးတော့ ဘယ်လုပ်ကွက်ကို ဘယ်သူ့ကိုချပေးမယ်ဆိုတာ ပြန်ရွေး
မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

DVB
ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ညီလာခံ မှာ မြန်မာ့ စွမ်းအင် ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရှိနိုင်တဲ့ အကြောင်း ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ပါရမီစွမ်းအင် ကုမ္ပဏီ ရေနံရှာဖွေရေးဘူမိဗေဒအရာရှိ ဦးကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာကို ကမ္ဘာသိအောင် ဘယ်လိုကြေညာမလဲ

မြန်မာနိုင်ငံသို့လာရောက်လေ့လာလိုကြသည့် နိင်ငံခြားသားလေ့လာသူတိုးတက်များပြားလာသည်နှင့်အမျှ  နိုင်ငံခြားသားများ ဖြတ်သန်းသွားလာရာ ဒေသရှိ ဒေသခံများ၏ နေ့စဉ်ဝင်ငွေမှာ တိုးမြှင့်နိုင်ဖွယ် ရှိနေ သည်။

ILO မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသေးသော တားမြစ်ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်းပေး

မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊

တိုင်းရင်းသားပေါင်းစုံ ပါသည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပေးနိုင်မှ အပစ်ရပ်ရေး KIO သဘောတူမည်

မြစ်ကြီးနား ဆွေးနွေးပွဲတွင် ကချင် ဗိုလ်ချုပ်ဂွမ်မော်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်အတူ စကားလက်ဆုံကြနေသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး (ဓာတ်ပုံ- မေခ / ဧရာဝတီ)

တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို အစိုးရက ကျင်းပပေးနိုင်မှသာ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်က လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က လိုင်ဇာမြို့၌ ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

မြို့ကြီးသုံးမြို့ရှိ မူလတန်းကျောင်းများတွင် နေ့စဉ် နွားနို့တိုက်ကျွေးမည်

Photo: မြို့ကြီးသုံးမြို့ရှိ မူလတန်းကျောင်းများတွင် နေ့စဉ် နွားနို့တိုက်ကျွေးမည်

၁၉-၆-၂၀၁၃

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ မူလတန်းကျောင်းများ တွင် နေ့ စဉ် ကျောင်းတွင်း အာဟာရ နို့တိုက်ကျွေးရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၁၈ ရက်က ကြေညာလိုက် သည်။ ကလေးများ၏ ကြီးထွားမှု၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် နွားနို့တိုက်ကျွေးမှုကို အဆိုပါ တိုင်းဒေသကြီး သုံးခုရှိ စာသင်ကျောင်း ၂၀၅ ကျောင်းမှ မူလတန်း ကျောင်းသား လေးသောင်း ငါးထောင်ကို ဆွီဒင်နိုင်ငံတွင် အခြေစိုက်သော TETRA LAVAL လုပ်ငန်းစုက အမေရိကန်ဒေါ်လာ ရှစ်သန်းတန်ဖိုးရှိသော နွားနို့များ တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ထုတ်ပြန်သည်။ 

“ကျောင်းအချို့မှာ စတင်လုပ်နေပေမယ့် ဒီလကုန်နောက်ဆုံး ထားပြီး ကျောင်းအားလုံးမှာ နေ့စဉ် တိုက်ကျွေးနိုင်တော့မှာပါ” ဟု TETRA LAVAL မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ ထို့အပြင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်က ကျောင်းသူ၊ ကျောင်းသား နှစ်ထောင်ကိုလည်း ထိုင်းနိုင်ငံ အခြေစိုက် စီပီကုမ္ပဏီက နို့ဘူးနှစ်သိန်းခွဲ တိုက်ကျွေး မည်ဖြစ်သည်။ ယူနီဆက်နှင့် ကျန်းမာရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြုလုပ် ထားသည့် စစ်တမ်းအရ မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေး သွေးအား နည်းမှု နှုန်းသည် ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး အရပ်ပုသည့်နှုန်းသည် ၂၈ ရာခိုင်နှုန်းအထိ ရှိနေသည်။ မြန်မာနိုင်ငံတွင် မူလတန်း ကျောင်း သား၊ ကျောင်းသူပေါင်း ကိုး သန်း ခန့်ရှိပြီး ယင်းပမာဏ အတွက် နို့တိုက်ကျွေး ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ဒေါ်လာသန်း ၁၆၀၀ ခန့် ကုန်ကျမည်ဖြစ်၍ အဘက်ဘက် က ဖြည့်စည်းရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က နေပြည်တော်၌ ပြောကြားသည်။ ကလေးများ နွားနို့တိုက်ကျွေးမှုသည် ကြီးထွားနှုန်း မြင့်မားစေသည့် အကြောင်းရင်းတစ်ခုဖြစ်သည် ဟု ဆေးပညာရှင်များက ပြောကြားထားကြောင်း ၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်နေ့ထုတ် 7 day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

7Day News Journal
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ မူလတန်းကျောင်းများ တွင် နေ့ စဉ် ကျောင်းတွင်း အာဟာရ နို့ တိုက်ကျွေးရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန် ၁၈ ရက်က ကြေညာ လိုက် သည်။ ကလေးများ၏ ကြီးထွားမှု၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် နွားနို့တိုက်ကျွေးမှုကို အဆိုပါ တိုင်းဒေသကြီး သုံးခုရှိ စာသင်ကျောင်း ၂၀၅ ကျောင်းမှ မူလတန်း ကျောင်းသား လေးသောင်း ငါးထောင်ကို ဆွီဒင်နိုင်ငံတွင် အခြေစိုက်သော TETRA LAVAL လုပ်ငန်းစုက အမေရိကန်ဒေါ်လာ ရှစ်သန်းတန်ဖိုးရှိသော နွားနို့များ တိုက်ကျွေး သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ထုတ်ပြန်သည်။

မန္တလေး တွင် ကျောက်စိမ်းဈေး ကွက်ကြီး တခု အမြန် တည်ဆောက်တော့ မည်ဟု ဆို

Photo: မန္တလေးတွင် ကျောက်စိမ်းဈေးကွက်ကြီးတခု အမြန် တည်ဆောက်တော့မည်ဟု ဆို
စနေလင်း| June 19, 2013

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသထားစဉ် 
(ဓာတ်ပုံ – စနေလင်း/ ဧရာဝတီ)

မန္တလေးမြို့တွင် ကျောက်စိမ်းဈေးကွက်နှင့် အချောထည် စက်ရုံများကို တစုတစည်းတည်း ထားရှိမည့် ကျောက်စိမ်း ဈေးကွက်ကြီး တခုကို လာမည့် ၃ လအတွင်း အပြီးတည်ဆောက်နိုင်ဖွယ် ရှိသည်ဟု  မြန်မာနိုင်ငံ ကျောက်မျက်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ ဈေးကွက်အတွက် လိုအပ်သော နည်းပညာပိုင်း ဆိုင်ရာများကို တရုတ်နိုင်ငံမှ ပညာရှင်များက လာရောက်သင်တန်း ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းလှအောင် က ဧရာဝတီသို့ ပြောသည်။

“ဈေးကွက်နဲ့ စက်ရုံကို ဆောက်နေတာ တော်တော်လေး ပြီးနေပါပြီ။ နောက်ထပ် ၂ လ၊ ၃ လလောက်ဆို ဖွင့်လို့ ရပါပြီ။ အဲဒီလို စက်ရုံတရုံ ဖြစ်ဖို့ အဓိကလိုတာက နည်းပညာပိုင်းပဲ။ မြန်မာနိုင်ငံက ကျောက်စိမ်းထွက်ပြီး အရိုင်းတုံး လိုက်ပို့ နေရတဲ့အတွက် စက်ရုံသာ ပြီးသွားရင် တော်တော်လေး ဈေးကွက် တွင်ကျယ်သွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ ကျောက်စိမ်း အများအပြား ထွက်ရှိသော်လည်း ဈေးကွက်က တရုတ်နိုင်ငံ အပေါ်၌သာ မှီခိုနေရကြောင်း၊ တရုတ် နိုင်ငံသားများ၏ ယဉ်ကျေးမှု ဓလေ့အရ ကျောက်စိမ်းကို နှစ်ခြိုက် ၀ယ်ယူတတ်ကြသည့် အတွက် ထိုသို့ ဖြစ်နေရကြောင်း ရွှေရတု ကျောက်မျက်ပြပွဲသို့ လာရောက်သော မန္တလေးမြို့မှ ကျောက်ကုန်သည် တဦးက ပြောသည်။

သို့သော်လည်း ဈေးကွက်နေရာကို မန္တလေးမြို့နှင့် မိုင် ၄၀ နီးပါးဝေးသော နေရာတွင် တည်ဆောက်နေသည့် အတွက် ပြီးစီးသွားလျှင်လည်း မန္တလေးမြို့ခံ ကျောက်ကုန် သည်များက နေရာသစ်ကို မသွားလိုကြဟု ကျောက်လုပ်ငန်းရှင် တချို့က ဧရာဝတီသို့ ပြောသည်။

“ဘယ် ကျောက်သမားတွေကမှ သွားမှာ မဟုတ်ဘူး။ အရင် မန္တလေးက ကျောက်တန်းမှာပဲ လုပ်ကြဖို့ရှိတယ်။ တနေ့ကို ဒီလောက် ခရီးအကွာအဝေး သွားပြီး ဈေးကွက် လုပ်ကြဖို့က အဆင်ပြေမှာ မဟုတ်ဘူး။ ကျောက်တန်းမှာဆိုတာ ရောင်းဝယ် ကြတဲ့သူတွေတင်မကဘူး၊ အလုပ်သမားတွေလည်း အများကြီးရှိတယ်” ဟု မန္တလေးမြို့မှ အမည်မဖော်လိုသော ကျောက်ကုန်သည် တဦးက ဆိုသည်။

မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးထွန်းလှအောင် ကမူ ကျောက်စိမ်း ဈေးကွက်နှင့် အချောထည် စက်ရုံများ တည်ဆောက်မည် ဆိုလျှင် ထုထည်ကြီးမားသည့် အတွက် နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိရန် လိုအပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် ကျောက်စိမ်း ဈေးကွက်နှင့် အချောထည်စက်ရုံများ တည်ထောင်ပြီး ကုန်ချောအဖြစ် ရောင်းချမည် ဆိုလျှင် ကျောက်ဈေးကွက်အတွင်းရှိ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း တရုတ် နှင့် ဟောင်ကောင် ဈေးကွက်များသို့ ကျောက်စိမ်း တင်ပို့နေသော မန္တလေးအခြေစိုက် အမည်မဖော်လိုသူ ကျောက်ကုန်သည် တဦးက ဧရာဝတီသို့ ပြောပြသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းအချောထည် လုပ်ငန်းနည်းပညာသည် အလွန် အဆင့်နိမ့်ကျနေသဖြင့် ပြည်ပ ကျောက် အချောထည် လုပ်ငန်းရှင်များ လာရောက် လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာမှ စည်းမျဉ်း ဥပဒေများ ပြဌာန်း သတ်မှတ် ပေးရန် လိုအပ်နေသကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်များ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန်လည်း အခွင့်အလမ်းများ ဖော်ဆောင် ပေးသင့်သည်ဟု ၎င်းက ဆိုသည်။

“အစိုးရအနေနဲ့ တကယ် လုပ်မယ်ဆိုရင် ရပါတယ်။ ဒါပေမယ့် ၀ုန်းဒိုင်းကြီးလည်း ပြောင်းလဲ ပေးလိုက်လို့မရဘူး။ အားလုံးသာ လွတ်လပ်ခွင့် ပေးလိုက်ရင် ပြည်တွင်းသမားတွေ ဘာမှ လုပ်လို့မရဘူး။ ဒီအတိုင်း ဆက်သွားနေရင်လည်း တရုတ် ကျောက် အချောထည် လုပ်ငန်းရှင်တွေက လာမှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီအခြေအနေကို ကိုယ့်အတွက် အဆင်ပြေမယ့် နည်းလမ်း တွေ ဖော်ဖို့လိုတယ်။ ကျောက်သမားတိုင်း သိပါတယ်။ အခုက ဘာတွေ ဖြစ်နေတယ်ဆိုတာ” ဟု သူက ဆက်ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံ ရွှေလီ ကျောက်ဈေးကွက်သို့ ၀င်ရောက်နေသော မှောင်ခိုကျောက်များနှင့် ပက်သက်ပြီး နိုင်ငံ တော်အတွက် အကျိုးရှိလာစေမည့် နည်းဥပဒေများ ပြဌာန်း အတည်ပြုပေးရန်လည်း လိုအပ်ကြောင်း ရန်ကုန်ကျောက်စိမ်း ကုန်သည်တဦးက ဆိုသည်။

ရွှေလီဈေးကွက်အတွင်းသို့ ၀င်ရောက်နေသော ကျောက်စိမ်းများတွင် မှောင်ခိုလိုင်းနှင့် တရားဝင် လိုင်းများမှ ၀င်ရောက်မှု ခြင်းက ပမာဏ အတူတူ ဖြစ်သည်ဟု ၎င်းက ပြောသည်။

နေပြည်တော် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသထားစဉ်
(ဓာတ်ပုံ – စနေလင်း/ ဧရာဝတီ)
မန္တလေးမြို့တွင် ကျောက်စိမ်းဈေးကွက်နှင့် အချောထည် စက်ရုံများကို တစုတစည်းတည်း ထားရှိ မည့် ကျောက်စိမ်း ဈေးကွက်ကြီး တခုကို လာမည့် ၃ လအတွင်း အပြီးတည်ဆောက်နိုင်ဖွယ် ရှိသည် ဟု မြန်မာနိုင်ငံ ကျောက် မျက်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ကော့မှူး ဖွံ့ဖြိုးရေး အစီ အစဉ် ဇေကမ္ဘာ ဦးခင်ရွှေ ငွေကြေးပံ့ပိုးမည်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး ဖွံ့ဖြိုးရေး အစီအစဉ် ဇေကမ္ဘာ ဦးခင်ရွှေ ငွေကြေးပံ့ပိုးမည်
Wednesday, 19 June 2013 

ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ စီစဉ်မှုကို အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက
 ငွေ ကြေးဖြင့် ဖြည့်ဆည်းပေးသွားရန် ရှိ ကြောင်း သိရသည်။

ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ ရှေ့လမ်းသည် ဆေးရုံကား အဝင်အထွက် သွားလာ၍မကောင်းသောကြောင့် ကတ္တရာလမ်းခင်းခြင်းကို ဦးခင်ရွှေက
 ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကော့မှူးမြို့ နယ်အတွင်း ဆေး ရုံနှင့်
 ကျောင်းများမှ အခြားသော လိုအပ်ချက်များကိုလည်း ငွေကြေး ပိုင်းတွင် အကူအညီပေးရန် ဦး ခင်ရွှေအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
 ပြောကြားထားသည်။

''စီစဉ်စရာ ရှိတာကို ကျွန်မ စီစဉ် မယ်။ ပိုက်ဆံကုန်စရာရှိရင် ဦးခင်ရွှေ က ပေးလိမ့်မယ်။ အဆင်ကိုပြေနေတာ ပဲ။ ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် လုပ်နေတာပါ။ ဒါအားနာနေလို့ မဖြစ်ပါ ဘူး။ လိုအပ်ချက်တွေကို တတ်နိုင်သ လောက် ဖြည့်ဆည်းရမှာပါ'' ဟု ဒေါ် အောင်ဆန်းစုကြည် က ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း များအား
 တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဇွန်လ ၁၆ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင် ဆန်းစုကြည်သည် ၄င်း၏ မဲဆန္ဒနယ်မြေ အတွင်းရှိ ကော့မှူးမြို့နယ်
 ပြည်သူ့ဆေး ရုံနှင့် အခြေခံပညာအထက် တန်းကျောင်း သို့ ဦးခင်ရွှေနှင့်အတူ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများနှင့်
 တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်တွင် ကော့မှူးမြို့နယ်ရှိကျေး ရွာများ၌ ကျန်းမာရေးအရ လိုအပ်နေသော ဆရာဝန်၊ သူနာပြုဦးရေနှင့် ဆေးရုံဝန် ထမ်းအိမ်ရာများကို လိုအပ်သလို ကူညီ ဖြည့်ဆည်းပေးသွားမည်ဟု ဒေါ်အောင် ဆန်းစုကြည် က ပြောကြားခဲ့သည်။

ယင်းအပြင် ကော့မှူးမြို့နယ်ရှိ ကလေးငယ်များမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားနည်းနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယင်းကို ဦးခင်ရွှေက ဒေါ်အောင် ဆန်းစုကြည်အား''အစ်မအနေနဲ့ ဖြစ်နိုင် လို့ရှိရင် ယူနီဆက်ကို ကျန်တာပေးမယ့် အစား နို့မှုန့်ပေးစေချင် တယ်လို့ ပြော ပေးစေချင်တယ်။ မူလတန်းကလေးတွေ အာဟာရကျွေး လို့ရအောင်ပါ'' ဟု ပြော ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားေ ပးမည်ဟု ပြောဆိုခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း သို့ သွားရောက်စဉ်တွင်လည်း စာသင် ကျောင်းများ၌ လိုအပ်နေသော လျှပ်စစ် မီးအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကစားကွင်းများ အသုံးမပြု နိုင်သည့် အခက်အခဲ၊ ကျောင်းသားတိုင်း ကျောင်းမတက်နိုင်သည့် အခက်အခဲနှင့် စာသင်ချိန်နည်းပါးခြင်း အခက်အခဲများ ကို ကျောင်းဆရာ၊ ဆရာမများက တင် ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ကူ ညီဖြေရှင်းပေးမည်ဟု ကတိပေးပြော ကြားသွားခဲ့သည်။

Popular Myanmar News Journal
ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ စီစဉ်မှုကို အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ငွေ ကြေးဖြင့် ဖြည့်ဆည်းပေးသွားရန် ရှိ ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် ဖမ်းဆီးထားသောစက်မှုဇုံထုတ်ဂျစ်ကားများ ပြန်လွှတ်ပေး

Photo: ဒေသဖွံ့ဖြိုးရေးအတွက် ဖမ်းဆီးထားသော စက်မှုဇုံထုတ်ဂျစ်ကားများ ပြန် လွှတ်ပေး

၁၉-၆-၂၀၁၃

ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့် ကားများထဲမှ ကလေးမြို့ စက်မှုဇုံထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေတွင် ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။

“၂၀၀၈ ခုနှစ် မူဝါဒအသစ် မချမှတ်ခင် ကလေးမြို့ စက်မှုဇုံက (၅၂)စီး ထုတ်ပြီးခဲ့ပါပြီ။ မူဝါဒအသစ်မှာ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီ (MIDC)က အင်ဂျင်ကိုတင်သွင်းတပ်ဆင်မှ လိုင်စင်ရတယ်။ အဲဒီ MIDC ကအင်ဂျင်တွေက (၄၈)သိန်းလောက် ပေးရပြီး နိုးမရတာ မအောင်တာ များတယ်။ အပြင်အင်ဂျင်က (၂၅)သိန်း ၀န်းကျင်ပဲ ရှိပြီး ကောင်း တယ်။ ဒါကြောင့်လည်း လိုင်စင်ရတဲ့ ကားဖြစ်ဖို့ အခက်အခဲတွေ ဖြစ်ကုန် တာပါ။ ဒေသန္တရ အတွက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ အင်ဂျင်တပ်ဆင်ခွင့်နှင့် လိုင်စင်လုပ်ခွင့်ရရင်တော့ ဒေသဖွံ့ဖြိုးရေးအတွက် အစစ်အမှန် ဖြစ်ပါလိမ့်မယ်။ အခုလို မိုးရာသီမှာ ချင်းတောင်ပေါ် လမ်းတွေကို ကျွန်တော်တို့ စက်မှုဇုံထုတ်တဲ့ ဒီကားတွေပဲ အဆင်ပြေတာပါ။

အခု ကားတွေကလည်း ချင်းတောင်ပေါ် ပြေးဆွဲနေတဲ့ ကားတွေပါ။ အခုလို အဖမ်းအဆီးတွေဖြစ်တော့ ချင်းတောင်ပေါ်ကိုပို့မယ့်ကုန်တေ မပို့နိုင်တော့ဘူး။ တန်ဆာခနှင့် ခရီးသည်တင်ခတွေကလည်း အခုဆို နှစ်ဆလောက် တက်ကုန်တယ်။ ကြာရင်တော့ ချင်းတောင်မှာ ရိက္ခာတောင်ပြတ်နိုင်တယ်”ဟု စက်မှုဇုံ ကော်မတီအဖွဲ့ဝင် ဦးဆန်းမင်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဧပြီလ(၁၈)ရက်တွင် ပြောင်းလဲခဲ့ သောမူဝါဒအရ တရားဝင်တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားခဲ့ခြင်း မရှိခြင်းကြောင့် လိုင်စင်ရရှိရေး ခက်ခဲခဲ့သော ကားများဖြစ်ကြောင်း၊ ကလေးစက်မှုဇုံထုတ်ကားများ ဖြစ်သော်လည်း မော်တော်ယာဉ် နည်းဥပဒေအရ အထောက်အထား မရှိဘဲ လမ်းမကြီးများပေါ် တွင် မောင်းနှင် ကုန်တင်သွားလာခြင်း၊ ခရီးသည်တင်ဆောင်ခြင်းများရှိ၍ အပြစ်ရှိကြောင်းကို ရိုးသားစွာ ၀န်ခံခဲ့ကြောင်း၊ ပြန်လွှတ်ပေး သည့် မော်တော်ယာဉ် ရှစ်စီးတွင် လေးစီးမှာ တရားဝင် တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားကြောင်း၊ စက်မှုဇုံဖွံ့ဖြိုးတိုး တက်ရေး ကော်မတီမှ အတည်ပြုထားသော ပုံစံ(Drawing)နှင့်အညီ ထုတ်လုပ်ထားသော မော်တော်ယာဉ်များ ဖြစ်ကြောင်းနှင့် လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသောချင်းတောင်ဒေသ၊ နာဂတောင်တန်းဒေသ၊ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန် ဒေသများတွင် အဓိကထား အသုံးပြုနေ ရသော မော်တော်ယာဉ်များဖြစ်၍ ပြန်လွှတ်ပေးရန် စက်မှုဇုံကော်မတီမှ
ဒုရဲချုပ်ထံ အသနားခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်
ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့်ကားများထဲမှ ကလေးမြို့စက်မှုဇုံ ထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေ တွင် ပြန် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။

ဒိုးအ်ရီ ၏ ဇနီးကို သတ်သည့် တရားခံကို ဖမ်းမိပြီ

Photo: ဒိုးအ်ရီ ၏ ဇနီးကို သတ်သည့် တရားခံကို ဖမ်းမိပြီ

၁၉-၆-၂၀၁၃

ရခိုင်တေးသံရှင် ဒိုးအ်ရီ (Doeree) ၏ ဇနီးကို ဇွန်လ (၁၇) ရက်နေ့ ညနေ ခြောက်နာရီ ခန့်က ထိုးသတ်သွားသူ တရားခံအား အခင်းဖြစ်ပြီး (၂၆)နာရီအကြာ ယမန်နေ့ ညနေ ရှစ်နာရီခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းရှိ ဒုက္ခသည်များအိမ်ယာအသစ်တွင် ဖမ်းဆီးရမိခဲ့သည်။

တရားခံ ကိုမောင်တုတ် က ဒိုးအ်ရီ ၏ ဇနီး မဥမ္မာထွန်းအား ထိုးသတ်ရာတွင် အသုံးပြုခဲ့သည့် အသွားကိုးလက်မရှိ ကတ်ကြေး နှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်သည် ဟု ဆိုသည်။ ထိုကတ်ကြေးမှာ ကိုက်ဖြတ်ရန် အတွက် မဟုတ်ဘဲ လက်နက်အဖြစ်အသုံးပြုနိုင်အောင် ချွန်ထက်အောင် သွေး ထားသော ကတ်ကြေးဖြစ်သည် ဟု ဆိုသည်။

တမြန်နေ့က (ကို) ဒိုးအ်ရီတို့မိသားစု နှင့် တရားခံမိသားစုတို့ ကတောက် ကဆ ဖြစ်ကြရာမှ တရားခံကိုမောင်တုတ် (၃၂-နှစ်ခန့်) က (ကို) ဒိုးအ်ရီတို့မိသားစု အိမ်ဝင်းခြံများအား လာရောက် နင်းခြေဖျက် ဆီး သည် အထိဖြစ်ပွားခဲ့သဖြင့် (ကို) ဒိုးအ်ရီတို့ ဇနီးမောင်နှံက ရဲစခန်းသို့သွားရောက် တိုင်တမ်းခဲ့ကြ သည့်နောက်၊ အိမ်နီးနားချင်းများဖြစ်ကြသည့် တရားခံ၏ မိသားစုဝင်အများစုတို့ အလျှိုလျှိုပျောက်သွားကြပြီး တရားခံ ကိုမောင်တုတ် တစ်ယောက်သာလျှင် အိမ်ပေါ်တွင် ကျန်ခဲ့သည် ဟု ဆိုသည်။

“အဲသည်အိမ်ပေါ်က မိန်းမနှစ်ယောက်၊ တစ်ယောက်က သူ့မိန်းမပဲ၊ အဲသည် နှစ်ယောက်နဲ့ အဲသည်ကောင်နဲ့ တိုးတိုး တိုးတိုး တိုင်ပင်ပြီး သူတို့အိမ်သားတွေ အိမ်ကနေထွက်သွားကြတယ်။ နောက်ဆုံး အိမ်ရှေ့ တံခါးမကြီးကို ပိတ်တာက သူပဲ။ သူက အကြံနဲ့ကျန်ခဲ့တာ” ဟု ဒိုးအ်ရီ က ဆိုသည်။

ရန်လိုရိုင်းပြနေသည့် (တရားခံ) အိမ်နီနားချင်းများ၏ ရန်မှ အကာအကွယ်ပေးပါရန် အခင်းဖြစ်သည့်နေ့က နှစ်ကြိမ်တောင် ဖုန်းဆက်တိုင်တန်းခဲ့သော်လည်း ဟုတ်ကဲ့ပါ၊ လာပါတော့မယ်၊ ယူနီဖောင်းလဲနေလို့ပါ ဟု ၄င်းအား ရဲစခန်းက အကြောင်းပြန်သည် ဟု ဒိုးအ်ရီ က ဆိုသည်။

မိမိအိမ်မှ အိမ်သူအိမ်သားများကို ကြိုတင်ရှင်းလင်းထားသည့် တရားခံ ကိုမောင်တုတ်သည် ညနေ ခြောက်နာရီကျော်ခန့်တွင် အသတ်ခံရသူ မဥမ္မာထွန်း နေအိမ်မှ ဆင်းလာသည်ကို မြင်သည်နှင့် (သုံးအိမ်ခန့်အကွာရှိ) မိမိအိမ်ပေါ် ၀ရန်တာပေါ်က ထိုင်ချောင်းနေရာမှနေ လမ်းပေါ်သို့ ကမန်းကတန်း ပြေးဆင်းသွားပြီး မဥမ္မာထွန်း သတိ မထားအောင် ကျောပြုကာ လမ်းပေါ်ဦးစွာ ရောက်အောင် နေရာယူ ထားခဲ့သည် ဟု မျက်မြင်တစ်ဦးက ဆိုသည်။

ယင်းမျက်မြင်၏ အဆိုအရ နောက်ဆုံးဖြစ်စဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

“မောင်တုတ်ဟာ သူကွယ်ပြီး နေနေတဲ့နေရာကို ဥမ္မာထွန်း က ကျော်သွားတယ်ဆိုတာနဲ့ လှစ်ကနဲ သူ့နေရာကနေထွက်လိုက်ပြီး ဥမ္မာထွန်း ဆံပင်ကိုစုဆွဲပြီး ခေါင်းကို လှန်လိုက်တယ်။ ပြီးတော့ ရင်ချင်းအပ် မျက်နှာချင်းဆိုင် ဖြစ်နေတဲ့ ဥမ္မာထွန်းရဲ့ ရင်ညွန့်ထဲကို (ကတ်ကြေးနဲ့) ထိုးထည့်ပစ်လိုက်တယ်။ အဲဒီတစ်ချက် နဲ့တင် ဥမ္မာထွန်း ခွေကနဲ အိကျသွားတာပဲ။ လဲသွားတဲ့ ဥမ္မာထွန်းကို ခွစီးပြီးတော့ သုံးလေးချက် လား လေးငါးခြောက်ချက်လား အပေါ်ကနေ ထပ်ထိုးတယ်” ဟု အဆိုပါ မျက်မြင်ပုဂ္ဂိုလ်က ဆိုသည်။ ထိုသူမှာ ဖြစ်စဉ်ကို အိမ်အပေါ်ထပ်မှ လှမ်းကြည့်မိလျက်သားဖြစ်နေသည့် အိမ်နီနားချင်း တစ်ဦးဖြစ်သည်။

ဥမ္မာထွန်း၏ နောက်ဆုံးအော်သံကို ဒိုးအ်ရီ မကြားလိုက်။ သို့မဟုတ် ဥမ္မာထွန်းမှာ အော်ဖို့ အချိန်ပင် မရလိုက် ဟု ယူဆရသည်။

“ကျွန်တော် ကြားလိုက်တာက အလန့်တကြားနဲ့ အော်လိုက်တဲ့ (အနီးအနား ၀န်းကျင်က) ယောင်္ကျားတွေရဲ့ အလန့်တကြား အော်သံ တွေပဲ။ ကျွန်တော် အိမ်ကနေ ပြေးဆင်းသွားတာနဲ့ ဥမ္မာထွန်းဆီကို ရောက်သွားတာ မိနစ်ပိုင်းတောင်မကြာဘူး။ ဘယ်လိုမှ မကာကွယ်နိုင်လိုက်ဘူး။ လမ်းပေါ်မှာ လဲကျနေတဲ့ ကျွန်တော့် ဇနီးကိုပဲ တွေ့ရတော့တယ်။ ဟိုကောင်က တစ်ခါတည်း တန်းပြေးသွားပြီ” ဟု ဒိုးအ်ရီက ပြောကြားသည်။

အခင်းဖြစ်ပြီး ဆယ်မိနစ်ခန့်အကြာတွင် အသတ်ခံရသူ၏ ၇-တန်းကျောင်းသား သားကြီးဖြစ်သူမှာ ကျူရှင်မှ ပြန်လာပြီး ထိုလမ်းအတိုင်းဝင်လာသည်ဖြစ်ရာ ထိုကလေးမှာ သေဘေးမှ သီသီကလေး လွတ်သွားခြင်းပင် ဖြစ်သည် ဟု အိမ်နီးနားချင်းများက ဆိုကြသည်။

တရားခံအား ဒုက္ခသည်အိမ်ယာစခန်းတွင် ဖမ်းမိသည့်အချိန်တွင် တရားခံ၏ ဇနီးနှင့် သမီးတို့အား စစ်တွေ အထက (၃) ရှေ့လမ်း ချတောပါရာ လမ်းကြားအိမ်တစ်အိမ်သို့ (တရားခံက) တင်ကြို ရွှေ့ပြောင်း ထားပြီးဖြစ်နေသည် ဟု ဆိုသည်။

တရားခံ မောင်တုတ်မှာ ယခင်ကလည်း စစ်တွေမြို့ ကျောင်းတက် လမ်းရပ်ကွက် တစ်နေရာတွင် ကလးတစ်ဦးထံမှ ဆွဲကြိုးဖြတ်ပြေး သဖြင့် ပြစ်မှုကျခံရဖူးသည် ဟု ဆိုသည်။

နာမည်ကြီး ရခိုင်တေးသံရှင် ဒိုးအ်ရီမှာ ပရိုဖက်ရှင်နယ် တက်တူးထိုးပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ စစ်တွေမြို့ သင်္ကြန်အတွင်း ဒိုးအ်ရီ ၏ တေးသံဖြင့်သာ လွှမ်းမိုးနေခဲ့သည်။

အခင်းဖြစ်ပွားရာ စစ်တွေမြို့ မိဇရပ်ကွက် ကုလားချောင်းအပိုင်းမှာ အစဉ်အလာကပင် ဇက်ရဲလက်ရဲသမားများ ပေါများရာနေရာဖြစ်သည်။

သေဆုံးသူ မဥမ္မာထွန်း၏ ရုပ်ကလပ်အား စစ်တွေ ဆေးရုံကြီး ရင်ခွဲရုံမှ ယနေ့နေ့လယ်တွင် အာကျိတ်တော်ကုန်း သို့ပို့ဆောင်၍ မြေမြှုပ် သင်္ဂြိုလ်မည် ဟု သိရသည်။

သေဆုံးသူ မဥမ္မာထွန်းတွင် ခင်ပွန်း (ကို)ဒိုးအ်ရီ အပြင် ခုနစ်တန်းအရွယ် သားတစ်ယောက်၊ ခြောက်တန်းအရွယ် သားတစ်ယောက် နှင့် သူငယ်တန်းအရွယ် သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။

ဓါတ်ပုံရည်ညွှန်းစာသား - ယမန်နေ့ ညတစ်နာရီ ၀န်းကျင်က တေးသံရှင် ကို ဒိုးအ်ရီ တစ်ယောက် သွားလေသူ ဇနီး၏ အလောင်းနံဘေးတွင် အသုဘစောင့်ရင်း အိပ်ပျော်နေစဉ်။

ဓါတ်ပုံ- နိုင်စိုး။
Rakhine News Group
ယမန်နေ့ ညတစ်နာရီ ၀န်းကျင်က တေးသံရှင် ကို ဒိုးအ်ရီ တစ်ယောက် သွားလေသူ ဇနီး၏ အလောင်းနံဘေးတွင် အသုဘစောင့်ရင်း အိပ်ပျော်နေစဉ်။
ရခိုင်တေးသံရှင် ဒိုးအ်ရီ (Doeree) ၏ ဇနီးကို ဇွန်လ (၁၇) ရက်နေ့ ညနေ ခြောက်နာရီ ခန့်က ထိုးသတ် သွားသူ တရားခံအား အခင်းဖြစ်ပြီး (၂၆)နာရီအကြာ ယမန်နေ့ ညနေ ရှစ်နာရီခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းရှိ ဒုက္ခသည်များအိမ်ယာအသစ်တွင် ဖမ်းဆီးရမိခဲ့သည်။

ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြောကြား..

Photo: ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ကပြောကြား..
၁၉-၆-၂၀၁၃

လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ
ဆန်တင်ပို့မှုကိုမြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO)
ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ထားကြောင်းကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဦးချစ်ခိုင်ကပြောသည်။ လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန်း
့မြင့်တက်နေပြီး ပြည်ပတွင်လည်းဈေးမရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက်
အနေအထား ထိန်းညှိပေးရန်အတွက် ဆန်တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့်
နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိပြည်တွင်း ဆန်ဈေးကွက်
သည် ပြည်ပတင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ်
(၁၅၅၀၀)ခန့်ရှိ ပြီးပြည်တွင်း(၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ
(၄၃၀)ခန့်ရှိကြောင်း သိရသည်။ 

MAPCO ကဆန်တင်ပို့မှုကိုပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။လက်ရှိဆန်ဈေး
သည် နှစ်လအတွင်းကျမည့် အနေအထားမရှိကြောင်း ဆက်လက်မြင့်တက်
ဖို့သာရှိနေပြီးပြန်လည်တင်ပို့လျှင် စပါးပေါ်ချိန်မှသာ ဖြစ်နိုင်ကြောင်း
သိရသည်။ဆန်ဈေးနှစ်လခန့် စောတက်ရသောအကြောင်းကဆန်ကြမ်း
များကို ကားဖြင့် သာမကဧရာဝတီမြစ်ကြောင်းအတိုင်းမန္တလေးသို့
အလုံးအရင်းဆန်တက်ပြီး တရုတ်နယ်စပ်ကိုတင်ပို့ခြင်းကလည်းအချက်
တစ်ချက် အဖြစ်ပါဝင်ကြောင်း၊တစ်ရက်ကိုဆန်အိတ်(၃၀၀၀၀)၊
(၄၀၀၀၀)ကြားတင်ပို့ခဲ့ကြောင်း ဘုရင့်နောင်ပွဲရုံ၊ပိတောက်လမ်းရှိ
ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။ ပြီးခဲ့သော
ဘဏ္ဍာနှစ်အတွင်းဆန်တင်ပို့မှုသည် (၄၆)နှစ်အတွင်းအမြင့်ဆုံးဖြစ်ပြီး
တန်ချိန်(၁ဒသမ၆)သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

The SkyNet TV Browser
လက်ရှိပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေသော အနေအထားအရပြည်ပ ဆန်တင်ပို့မှုကိုမြန်မာ့ လယ်ယာ စီးပွား အများပိုင်ကော်ပိုရေးရှင်း(MAPCO) ကုမ္ပဏီအနေဖြင့် ယာယီဆိုင်းငံ့ ထားကြောင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။ လတ်တလောပြည်တွင်းတွင် ဆန်ကြမ်းဈေးနှုန်း မြင့်တက်နေ ပြီး ပြည်ပ တွင် လည်းဈေးမရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက် အနေအထား ထိန်းညှိပေးရန်အတွက် ဆန်တင်ပို့ခြင်းကိုကုမ္ပဏီအနေဖြင့် နှစ်လခန့်ဆိုင်းငံ့ထားကြောင်း သိရသည်။လက်ရှိပြည်တွင်း ဆန်ဈေးကွက် သည် ပြည်ပ တင်ပို့သော(၂၅)မှတ်ဆန်ပေါင်(၁၁၀)၊တစ်အိတ်ကိုငွေကျပ် (၁၅၅၀၀) ခန့်ရှိ ပြီးပြည် တွင်း (၂၅)မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ (၄၃၀)ခန့်ရှိကြောင်း သိရသည်။

အိန္ဒိယ စစ်တပ် ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဟု ဆို

Photo: အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဟု ဆို

၁၉-၆-၂၀၁၃

အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်၏ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။ အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန သုတေသန ဌာန Defence Research and Development Organisation (DRDO) က စစ်တပ်တွင်စစ်သားအဖြစ် အသုံးပြုနိုင်မည့် စက်ရုပ် စစ်သားများအား ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး ယင်းစက်ရုပ် စစ်သားများသည် မှတ်ဥာဏ် မြင့်မားသည့်အတွက် ရန်သူ့ အခြေအနေများအား မိခင် တပ်ရင်းသို့ ပြန်လည် သတင်းပို့နိုင်မည် ဟုသိရသည်။

လတ်တလော အခြေအနေတွင် လူသား စစ်သားများကို ကူညီပေးရန်အတွက် တီထွင်ထားခြင်းဖြစ်ပြီး လက်တွေ့တိုက်ပွဲ အတွေ့အကြုံများနှင့် လိုအပ်ချက်များကို ဖြည့်တင်းကာ နောက်ပိုင်းတွင် လူသား စစ်သားများရှေ့မှ ဦးဆောင်သွားမည့် ကွန်မန်ဒို တပ်သားများကဲ့သို့ လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း DRDO ဥက္ကဋ္ဌ Avinash Chander က ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်များအား တည်ငြိမ်အေးချမ်းမှု မရှိသော အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ရှိ ဂျမ်မူးနှင့် ကတ်ရှ်မီးယား ဒေသ နယ်စပ် ထိန်းချုပ်ရေး မျဉ်းတွင် တပ်ဖြန့် ချသွားမည် ဟုလည်းသိရသည်။

( သက်ဖြိုးကျော်)
By: Guide Magazine
အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်၏ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန သုတေသန ဌာန Defence Research and Development Organisation (DRDO) က စစ်တပ်တွင်စစ်သားအဖြစ် အသုံးပြုနိုင်မည့် စက်ရုပ် စစ်သားများအား ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး ယင်းစက်ရုပ် စစ်သားများသည် မှတ်ဥာဏ် မြင့်မားသည့်အတွက် ရန်သူ့ အခြေအနေများအား မိခင် တပ်ရင်းသို့ ပြန်လည် သတင်းပို့နိုင်မည် ဟုသိရသည်။

ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း တစ်နေ့ ပျမ်းမျှ ၁၁ ဦး တိမ်းပါးနေ

Photo: ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း တစ်နေ့ ပျမ်းမျှ ၁၁ ဦး တိမ်းပါးနေ

၂ဝ၁၃ ခုနှစ် ငါးလတာ ကာလအ တွင်း ယာဉ်မတော်တဆမှုကြောင့် တစ် နေ့လျှင် ၁၁ ဦးခန့် ပျမ်းမျှသေဆုံး နေရ ပြီး ပြီးခဲ့သည့် မေလတစ် လတည်းကပင် ထိခိုက်ဒဏ်ရာရသူ နေ့စဉ် ၆၆ ဦးရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။

လမ်းဖြတ်ကူးသူ၏ ပေါ့ဆမှုနှင့် လမ်းအသုံးပြုသူ၏ အားနည်းမှု တို့ ကြောင့် နေ့စဉ် ယာဉ်တိမ်းမှောက်နှင့် ယာဉ်တိုက်မှုတို့အမြဲ မပြတ်ဖြစ်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ကျော်ထွေး က ပြောသည်။

''အသိပညာပေးတာလည်း လုပ် နေတာပဲ။ ဒါက ပြည်သူတစ်ဦး ချင်းစီရဲ့ ခံယူချက်နဲ့ သက်ဆိုင်သွားမယ်။ စည်း ကမ်းနဲ့ညီညွတ်ရင် လမ်းဖြတ်ကူးသူရော၊ ယာဉ်မောင်း၊ ယာဉ်စီးသူရော ဘာအန္တ ရာယ်မှ မရှိနိုင်ဘူး။ အခုဟာက ယာဉ် စည်းကမ်း၊ လမ်စည်းကမ်း
တွေကို အ များစုက မလိုက်နာကြဘူးဖြစ်နေတယ်'' ဟု ရဲမှူးကြီးက ပြောသည်။

ပြီးခဲ့သည့် မေလတစ်လ အတွင်း မှာပင် ယာဉ်မတော်တဆမှုကြောင့် ၂၈၇ ဦးသေဆုံးပြီး၊ ၁၈၃၆ ဦး ဒဏ်ရာ ရရှိကာ သိန်းပေါင်း ၁၂ဝဝ ကျော် ဆုံး ရှုံးခဲ့ရသည်။

ထိုဖြစ်စဉ်၌မန္တလေးတိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၄၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၄ ဦး နှင့် ရှမ်းပြည်နယ်တွင် ၃ဝ ဦးရှိခဲ့ပြီး နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင်လည်း သေဆုံးခဲ့သည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ ဧပြီလအ ထိ လေးလတာအတွင်း၌ တစ်နိုင်ငံလုံး တွင် ယာဉ်တိုက်မှုကြောင့် ၁၃၇၅ ဦး သေဆုံးခဲ့ပြီးဖြစ်ရာ ရာဇဝတ်အမှုကြီး ဖြစ်စဉ်ထက်သေဆုံးခဲ့ရမှု ပိုများခဲ့သည်။

ယာဉ်ထိန်းရဲမှူးကြီးက ''ယာဉ် ထိန်း တစ်ဖွဲ့တည်းမရဘူး။ အားလုံးပါ ဝင်မှရမှာ။ တစ်ဦးကို ပညာပေးပြီးရင် အဲ့ဒီတစ်ဦးက ဆက်ပြီး သူ့မိသားစု၊ သူ့ အသိုင်းအဝိုင်းဆီ ဆက်သွားမှရမှာ။ အ ခု ဒီမေလကတော့အရင် လကထက် စာ ရင် နည်းသွားတယ်''ဟု ပြောသည်။

ယာဉ်ထိန်းရဲက မေလတစ်လ တည်းမှာပင် ယာဉ်တိုက်မှု ၁၁ဝ၇ မှု ကို တရားရုံးသို့ တင်ပြခဲ့သည်။ ထို့အပြင် ထိရောက်သော ငွေဒဏ်တို့ ဖြင့် အရေး ယူမှုရှိခဲ့သည်။ ရန်ကုန်တစ်ခုတည်း တွင်ပင် လစဉ်ပျမ်းမျှ ကျပ်သိန်း ၉ဝဝ နှင့် ၁ဝဝဝ ကျော်နီးပါးရှိခဲ့သည် ဟု လည်း သိရသည်။

ယာဉ်ထိန်းရဲအနေနှင့် အသိပညာ ပေးမှုကို ယခင်ကထက် ပိုတိုးသွားမည့် အပြင် လက်ကမ်းစာစောင်များ ဝေငှ ခြင်း၊ ကျောင်းများကို လိုက်လံပညာ ပေးခြင်းများကို ဆောင်ရွက်မည်ဟု ယာဉ်ထိန်းရဲမှူးကြီးက ဆိုသည်။

မင်းသုအောင်

Popular Myanmar News
၂ဝ၁၃ ခုနှစ် ငါးလတာ ကာလအ တွင်း ယာဉ်မတော်တဆမှုကြောင့် တစ် နေ့လျှင် ၁၁ ဦးခန့် ပျမ်းမျှသေ

သွေးသွင်းသူ လူနာလေးဦး HIV ပိုး ကူးစက် ခံခဲ့ရခြင်းကြောင့် တာဝန်ရှိသူများ အလုပ်ဖြုတ်ခံရ


အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟာတီမြို့ရှိ သွေးလှူဘဏ် တစ်ခုမှ သွေးများကို သွင်းမိ ရာမှ သွေး

မြန်မာ အလုပ်သမားတွေကို မလေးရှားနိုင်ငံမှာမပို့ဖို့ အစိုးရညွှန်ကြား

မြန်မာ အလုပ်သမားတွေကို မလေးရှားနိုင်ငံမှာမပို့ဖို့ အစိုးရညွှန်ကြား
Wednesday, June 19, 2013

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတချို့တိုက်ခိုက်ခံခဲ့ရပြီးနောက်
မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံကို မပို့ဖို့ မြန်မာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ တပတ်က ညွန်ကြားထားပါတယ်။

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ကြားနေအဖြစ် ဆောင်ရွက်ပေးတဲ့ အလုပ်သမား အေဂျင်စီတွေကို ညွန်ကြားထားတာဖြစ်ကြောင်း မြန်မာသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီလို ညွန်ကြားချက်တွေက ယာယီသာဖြစ်မယ်လို့ ယူဆပြီး အခြေအနေ ငြိမ်သက်လာတဲ့အခါ ပြန်လည်ပို့ဆောင်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား အယောက်ပေါင်း ၃၀၀၀၀၀ လောက်ရှိပြီး အဲဒီထဲမှာ တရားဝင်တဲ့သူရော တရားမဝင်တဲ့ သူတွေပါ ပါဝင်ပါတယ်။ အဲ့ဒါ့အပြင် မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ မြန်မာဒုက္ခသည် အယောက်ပေါင်း တစ်သိန်းနီးပါးလည်းရှိနေပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံက စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ တခြားကုန်ထုတ်လုပ်ငန်းတွေမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိကြောင်းလည်း သိရပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် လူ ၆ ယောက်လောက်သေဆုံးခဲ့ရပြီး လုံခြုံရေးအတွက် စိုးရိမ်လို့ မြန်မာနိုင်ငံကို ပြန်လာကြသူတွေလည်း ရာကျော်ရှိသွားပြီ ဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် မလေးရှားအစိုးရက မြန်မာနိုင်ငံသား အယောက် ၁၀၀၀ လောက်ကို ဖမ်းဆီး မေးမြန်းပြီးနောက် အယောက် ၂၀၀ လောက်ကိုတော့ ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲက အယောက် ၅၀ ကိုတော့ ဒုက္ခသည်ကဒ်ပြားအတု ကိုင်ဆောင်မှုနဲ့ တရားစွဲဆိုထားကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် တရားစွဲခံရတဲ့ မြန်မာတွေက သူတို့ ကိုင်ဆောင်ထားတဲ့ ကဒ်ပြားတွေဟာ စစ်မှန်ကြောင်း ထွက်ဆိုကြတဲ့အတွက် ဇူလိုင်လ တစ်ရက်နေ့မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူတို့ကို ပြစ်မှုထင်ရှားတွေ့ရှိမယ်ဆိုရင် မလေးရှားရင်းဂစ် တစ်သောင်း၊ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ကြိမ်ဒဏ် ၆ ချက် ချမှတ် ခံရဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

တဆက်ထဲမှာပဲ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို တခြားနိုင်ငံသားတွေနည်းတူ စောင့်ရှောက်ခံရဖို့အတွက် တောင်းဆိုတဲ့အနေနဲ့ မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က မြန်မာနိုင်ငံရှိ မလေးရှားသံရုံးမှာ ဆန္ဒပြဖို့ ခွင့်တောင်းပေမယ့် ခွင့်ပြုချက်မရတဲ့အကြောင်း ဒီကိစ္စကို ဖြေရှင်းဖို့ မြန်မာဝန်ကြီးတချို့ မလေးရှားနိုင်ငံကို သွားရောက်ပြီဆိုတဲ့အကြောင်း အာဏာပိုင်တွေက အကြောင်းကြားခဲ့တယ်လို့ မိဇ္ဈမ သတင်းမှာ ဖော်ပြထားပါတယ်။

radioaustralia
မလေးရှားရဲတွေဖမ်းဆီးခံရတဲ့မြန်မာအလုပ်သမားများ
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတချို့တိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာအလုပ်သမားတွေကို မလေးရှားနိုင်ငံကို မပို့ဖို့ မြန်မာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့

ပြန်ပေးဆွဲငွေတောင်းမှု မလိုက်လျောဖို့ G-8 သဘောတူ

ပြန်ပေးဆွဲငွေတောင်းမှု မလိုက်လျောဖို့ G-8 သဘောတူ

G-8 အစည်းအဝေးတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးနေသော အမေရိကန် သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (ဂျွန်လ၊ ၁၇၊ ၂၀၁၃။)

ဗွီအိုအေ (မြန်မာဌာန)  18.06.2013

G-8 စက်မှုထိပ်သီးနိုင်ငံ ၈ နိုင်ငံခေါင်းဆောင်တွေဟာ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲ ငွေညှစ်တဲ့ကိစ္စတွေကို မလိုက်လျောကြဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဒါပေမဲ့ နှစ်နှစ်ကြာဖြစ်ပွားနေတဲ့ ဆီးရီးယားပဋိပက္ခ ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတဲ့ကိစ္စ သဘောတူညီမှုရဖို့အတွက်ကိုတော့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။

မြောက်ပိုင်းအိုင်ယာလန်မှာ ၂ ရက်ကြာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်ဖို့ နီးကပ်လာချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ ဆန္ဒဖြစ်တဲ့ ပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ ကိစ္စကို မလိုက်လျောဖို့ဆိုတဲ့ သဘောတူညီချက် ရရှိသွားခဲ့ပါတယ်။

အထူးသဖြင့် အနောက်နိုင်ငံ ရေနံကုမ္ပဏီတွေ လုပ်ငန်း လုပ်ကိုင်နေကြ တဲ့ နိုင်ဂျီးရီးယားနဲ့ အနောက် အာဖရိကဒေသတွေ မှာ ပြန်ပေးဆွဲမှုတွေ တိုးများလာနေပါတယ်။ နိုင်ငံအနှံ့မှာလုပ်ကိုင်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေအနေနဲ့ သူတို့နိုင်ငံအတွင်းမှာ အခွန်အတုတ်ပေးစရာရှိတာတွေကို ရှောင်နေ တဲ့ ဖြစ်ရပ်တွေကို တားဆီးသွားဖို့ G-8 နိုင်ငံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ ဆီးရီးယားခေါင်းဆောင် သမ္မတ ဘက်ရှာအယ်လ် အာဆတ်ဒ် ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူ သူပုန်တွေအကြား စစ်ပွဲတွေဖြစ်ပွားနေ တာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမယ်ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးရာ မှာတော့ G-8 ခေါင်းဆောင်တွေ အကြား ခက်ခဲမှုတွေရှိနေပါတယ်။

တခြားခေါင်းဆောင်တွေနဲ့ ရုရှားသမ္မတ ဗလာတီဒီမီယာ ပူတင်တို့ ကြားမှာ သဘောကွဲလွဲမှုတွေ ဖြစ်နေတာပါ။

ဆီးရီးယားအစိုးရကို လက်နက်တွေပေးပို့နေတဲ့ မစ္စတာပူတင်နဲ့ သူပုန်တွေကို လက်နက်တပ်ဆင်ပေးမယ်ဆိုပြီး သဘောတူထားတဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားတို့ တနင်္လာနေ့တုံးက ၂ နာရီကြာ ဆွေးနွေးခဲ့ကြပါ တယ်။ ဆွေးနွေးရာမှာ ဆီးရီးယားက ပဋိပက္ခတွေ အဆုံးသပ်ရမယ် ဆိုတာလောက်ပဲ သဘောတူညီမှု ရခဲ့ကြပါတယ်။
G-8 အစည်းအဝေးတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးနေသော အမေရိကန် သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ပူတင်

အာဆီယံ ၁၀ နိုင်ငံကို တစ်မိနစ် ကျပ် ၅၀ ဖြင့် ၁၅၀၀ တန်ဖုန်းအသုံးပြု၍ ခေါ်ဆိုခွင့်ရပြီ

အာဆီယံ ၁၀ နိုင်ငံကို တစ်မိနစ် ကျပ် ၅၀ ဖြင့် ၁၅၀၀ တန်ဖုန်းအသုံးပြု၍ ခေါ်ဆိုခွင့်ရပြီ

ကျပ်၁၅၀၀ တန်ဖုန်းဖြင့် အာဆီယံ၁ဝနိုင်ငံ ကို ပြည်တွင်းခေါ်ဆိုခနှုန်းဖြင့် ခေါ်ဆို ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သိရ သည်။ ကျပ် ၁၅၀၀ တန် CDMA 800MHz ဖုန်းတွင်MEC Tel ငွေဖြည့်ကတ်ဖြည့် သွင်းကာ တစ်မိနစ်ကျပ်၅ဝဖြင့် အာဆီယံ၁ဝနိုင်ငံသို့ ခေါ်ဆိုခွင့် ပြုထားပြီး ကျပ် ၁၅ဝဝတန်ဆင်းမ် ကတ်တစ်မျိုးတည်းသာ ပြောဆို နိုင်မည်ဖြစ်ကြောင်း သိရသည်။

”ကျပ် ၁၅ဝဝ တန်ကတ်တွေ နဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်ဆို ခွင့်ပြုထားပါတယ်။ အဓိကက တော့ ဆီးဂိမ်းပွဲတော်မှာ ဆက် သွယ်ပြောဆိုရ အဆင်ပြေလွယ် ကူအောင် လို့ပါ။ ဖုန်းခေါ်ဆိုခကို လဲ ပြည်တွင်းမှာ ခေါ်ဆိုခနှုန်းပဲ သတ်မှတ်ထားပါတယ်။ ဆီးဂိမ်း ပြီးရင်တော့ ဘယ်လိုလာမလဲဆို တာ မဆုံးဖြတ် ရသေး ပါဘူး”ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အာဆီယံ၁ဝ နိုင်ငံသို့ ခေါ် ဆိုနိုင်ရန်အတွက် ခေါ်ဆိုလိုသည့် ဖုန်းနံပါတ်ရှေ့တွင် သက်ဆိုင်ရာ နိုင်ငံ၏ ကုတ်နံပါတ်ထည့်သွင်း ခေါ်ဆိုရမည်ဖြစ်ကြောင်း သိရ သည်။ ”ငွေဖြည့် ကတ် ကိုလဲ ပြည် ပခေါ်ဆိုဖို့ သတ်မှတ်ထားတဲ့ အက်ဖ်အီးစီငွေဖြည့်ကတ် သီးသန့် ဝယ်ဖို့မလိုပါဘူး။MEC ကျပ် ၅ဝဝဝတန်၊ ကျပ် ၁ဝဝဝဝ တန် ငွေ ဖြည့် ကတ်ပဲ ထည့်ပြီး ခေါ်ဆိုနိုင် ပါတယ်”ဟု ယင်းက ထပ်မံပြော သည်။

ယခင်က ပြည်ပနိုင်ငံများ သို့ ဖုန်းခေါ်ဆိုခွင့်ကို ဂျီအက်စ် အမ်အမျိုးအစားကိုသာ ခေါ်ဆို ခွင့်ပြုမည်ဟု သတ်မှတ်ထား သော်လည်း ယခုအခါ စီဒီအမ် အေ 800MHz ကိုသာ ခေါ်ဆိုခွင့် ပြုခြင်းဖြစ်ပြီး ဆီးဂိမ်းပွဲတော် ကျင်းပပြီးစီးပါက ယင်းစနစ်ပြန် လည်ပိတ်မည်ဖြစ်ကြောင်း လူကြီး မင်း မိုဘိုင်းဖုန်းအရောင်းဆိုင် မှ အထွေထွေ မန်နေဂျာ မဇာ ခြည်က ပြောသည်။

ယင်းက ”စီဒီအမ်အေကတ်က လူတိုင်းကိုင်နိုင်ကြသေးတာ မဟုတ်ဘူး။ ကိုင်နိုင်တဲ့အရေ အတွက်ကလဲ နည်းသေးတယ်။ ဂျီအက်စ်အမ်ကသာ အများစုကိုင် ကြတာ။ ဂျီအက်စ်အမ်ဖုန်းကိုလဲ အာဆီယံခေါ်ဆိုတဲ့စနစ် ခွင့်ပြု ပေးရင် ပိုထိရောက်နိုင်တာပေါ့။ ကျပ် ၁၅ဝဝတန်ဖုန်းတွေကိုလဲ ဆီးဂိမ်းပြီးရင် ဒီစနစ် ပြန်ပိတ် မယ် ကြားတယ်”ဟု ပြောသည်။

အဆိုပါဖုန်းခေါ်ဆိုမှုကို ဆီးဂိမ်းပွဲတော်ကာလ ပြီးစီးသည် အထိသာ ခေါ်ဆိုခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ စီဒီအမ်အေ 800MHz ဖုန်းဆင်းမ်ကတ်များကို ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့် တစ်လလျှင်ကတ်ရေ သုံးသိန်းခွဲ ရောင်းချလျက်ရှိပြီး ယင်းဖုန်းကတ်များကို ဧပြီ ၂၀ ရက်မှ စတင်၍ ရောင်းချခဲ့ကာ လက်ရှိပြင်ပမှောင်ခိုဈေးကွက် တွင် ကျပ်ရဝဝဝဝခန့်ပေါက်ဈေး ရှိနေကြောင်း သိရသည်။

ဖူးပွင့်သော်
ကျပ်၁၅၀၀ တန်ဖုန်းဖြင့် အာဆီယံ၁ဝနိုင်ငံ ကို ပြည်တွင်းခေါ်ဆိုခနှုန်းဖြင့် ခေါ်ဆို ခွင့်ကို ခွင့်ပြုလိုက် ပြီဖြစ် ကြောင်း သိရ သည်။ ကျပ် ၁၅၀၀ တန် CDMA 800MHz ဖုန်းတွင်MEC Tel ငွေဖြည့်ကတ်ဖြည့်

နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၃ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

အမေရိကန်အစိုးရ အာဖဂန်တာလီဘန်တို့နဲ့ တိုက်ရိုက် ဆွေးနွေးမည်

အမေရိကန်အစိုးရ အာဖဂန်တာလီဘန်တို့နဲ့ တိုက်ရိုက် ဆွေးနွေးမည်

အာဖဂန်အခြေစိုက် တာလီဘန်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem (ဘယ်) 
(၁၈ ဇွန် ၂၀၁၃)

ဗွီအိုအေ (မြန်မာပိုင်း)  19.06.2013

အာဖဂန်နိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဘောင်တစ်ခု ချမှတ်နိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ တာလီဘန်တို့နဲ့ တရားဝင် ညှိနှိုင်းဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်ထားပါတယ်။
 
ဆွေးနွေးပွဲကို ကာတာနိုင်ငံ Doha မြို့တော်မှာ ကြာသပတေးနေ့ကျရင် စတင်ကျင်းပမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ပဏာမပြောဆိုမှု ဖြစ်တယ်လို့ အာဏာပိုင်တွေပြောတဲ့ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အိမ်ဖြူတော် အဆင့်မြင့်အရာရှိတွေက တာလီဘန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ 
 
အိုင်ယာလန်မြောက်ပိုင်းမှာ ကျင်းပနေတဲ့ G8 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောတော့ ဒီဆွေးနွေးပွဲဟာ ပထမဆုံး အစောပိုင်း ခြေလှမ်းဖြစ်တယ်။ လမ်းတလျှောက် ခလုတ်ကသင်း အများကြီး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သတိပေးသွားပါတယ်။
 
Doha ဆွေးနွေးပွဲရဲ့ အစောပိုင်းပြောဆိုမှုတွေမှာ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ အစိုးရ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြသပတေးနေ့ ဆွေးနွေးပွဲတွေကနေ တာလီဘန်နဲ့ သမ္မတ ခါဇိုင်း ထူထောင်ပေးထားတဲ့ ငြိမ်းချမ်းရေးကောင်စီကြား ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေဖို့ ခန့်မှန်းထားတယ်လို့ အရာရှိတွေက ပြောပါတယ်။
အာဖဂန်အခြေစိုက် တာလီဘန်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem (ဘယ်)
အာဖဂန်နိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဘောင်တစ်ခု ချမှတ်နိုင်ဖို့

ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို ခုတုံးလုပ်ကာ နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌဆို

Photo: ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို ခုတုံးလုပ်ကာ နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌဆို

19.6.2013

ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းမှာ ခုတုံးလုပ် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဇွန် ၁၈ ရက်က မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းတွင် ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။

အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းမှာ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး အမှန်ပပျောက်ေ လေိုသည့် ရည်ရွယ်ချက်သာ ဖြစ်ကြောင်းနှင့် ထာဝငြိမ်းချမ်ရေးအတွက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် လက်တွဲဆောင်ရွက်၍ရသော အရာများမှစ၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် မည်သည့်အကြောင်းများကြောင့် ထိရောက်မှု မရှိပါသနည်းဟူသော မေးခွန်းကို "တပ်မတော်ပိုင်း ခေါင်းဆောင်တွေက ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်လိုတဲ့ ရည်မှန်းချက်ကို အမြင်သဘောထား ကွဲလွဲနေလို့ပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြန်လည်ဖြေကြားသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများတွင် လာဘ်စားမှုများနှင့် ပတ်သက်၍ "ကျွန်တော်တို့မှာ သက်သေမရှိလို့ မပြောနိုင်ပါဘူး" ဟု ပြန်လည်ဖြေကြားသည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး စိုက်ပျိုးရန် ထောက်ပံ့မှုများ မရှိသဖြင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်များပြား လာသည်ဟု မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်မွန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

RCSS/SSA အဖွဲ့ အနေဖြင့် လက်ရှိတွင် နိုင်ငံရေးပါတီ ဖွဲ့မည်မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ထွက်ပေါ်လာသော ရလဒ်များအပေါ် မူတည်ကာ ပါတီဖွဲ့စည်းရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

RCSS/SSA အဖွဲ့အနေဖြင့် သမ္မတနှင့် တွေ့ဆုံအပြီး အပြန်တွင် မန္တလေးရှိ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသား ၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

EMG
ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းမှာ ခုတုံးလုပ် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ဟု RCSS/SSA ဥက္ကဋ္ဌ