Thursday, June 20, 2013

တာချီလိတ်မြို့တွင် အအေးဆိုင် ထိုင်နေသူနှစ်ဦး သေနတ်ပစ်ခံရ

မြန်မာ၊ ထိုင်း ၊ လာအို သုံးနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ရွှေ တြိဂံဒေသ တာချီလိတ်မြို့ ပါလျှံနှင့် တောကော့ ရပ်ကွက်ကြား စိန်ပန်းနီနီ အအေးဆိုင်တွင် ဇွန်လ ၁၈

ဖက်ဒရယ် ဆိုသည်မှာ ခွဲထွက်ရန် မဟုတ် ပေါင်းစည်း နေထိုင်၍ အာဏာကို ခွဲဝေ သုံးစွဲရန်ဖြစ် အမေရိကန် ပြည်ထောင်စု ပင်လျှင် တစ်ခုတည်းသော အမေရိကန် တပ်မတော် သာရှိ

"... အပါယ်ကျတတ်သော အလှူ ၁၀ ပါး ..."

"... အပါယ်ကျတတ်သော အလှူ ၁၀ ပါး ..."
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။

၃။ ဣတ္ထိဒါန - မိန်းမအလှူ။

၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။

၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။

၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။

၇။ ၀ိသဒါန - အဆိပ်အလှူ။

၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။

၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ တို့ဖြစ်ပါတယ်။

(၁) - သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲ တွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး
ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း' မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး"
အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သောမကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။အဲဒီအလှူဒါနသည်
ကုသိုလ်မရသည့်အပြင်အပ္ပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၂) - သရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။

အဲဒီအလှူကိုလည်းယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့ သော်လည်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး
သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်းအပြစ်ကင်းသည်ဟုထင်မှတ်ပြီးဒါနပြုကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။တကယ်တော့
အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ ဒါန အကုသိုလ်ဖြစ်တဲ့ဒါနအပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ဒါကြော င့်ထိုထိုသောဒါနကိုလည်း အားလုံးသော
ဒကာ ဒကာမများမပေးလှူမိဖို့တိုက်တွန်းအပ်ပါတယ်။

(၃) - ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက
အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါန ကိုပြောလိုခြင်းဖြစ်ပါတယ်။အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း
ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကိုမပေးလှူမိဖို့ တိုက်တွန်းပါတယ်။

(၄) - ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလားတို့ကိုပေးလှူတဲ့အလှူဒါ နပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

(၅) စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ ဆိုတာကမိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ
စိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ ။ပြက္ခဒိန်များ။ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတ ယ်။ ထိုထိုအလှူသည်လည်း
အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့တိုက်တွန်းပါတယ်။

(၆) သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက်ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ်အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက်
သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

(၇) ၀ိသဒါန - အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့်သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၈) သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာကတစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။

(၉) ကုက္ကုရ သူကရ ဒါန -ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအားအသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအား
သတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

(၁၀)တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ)ထို့ပြင် ရောင်းတ
ဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့ (ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ)ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ်
ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပ္ပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး
ပြုလုပ်ခဲ့မိရင်လည်းနောင်တတွေ စိတ်မချမ်းသာမှုတွေမဖြစ်ကြပဲ ။နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးတိုက်တွန်းလိုပါတယ်။ ထိုထိုသို့
သော အလှူများကသည်ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်မရသည့် အပြင် အပ္ပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူး
ရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကိုအားထုတ်ကြပြီးသီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်း
သာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေဟုဆန္ဒပြု ဆုတောင်းလိုက်ရပါသည် ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။

လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊  အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောက်ျားတစ်ဦးအနေနဲ့  မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

"ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သေကြေဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာသံရုံးတွေက ထိထိရောက်ရောက် တာဝန်ယူကူညီဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေကို နိုင်ငံသူနိုင်ငံသားတွေကို ဘယ်မှာပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ်သမားတွေတင်မကဘူး၊ နိုင်ငံခြားကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်"

တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သမ္မတအဖြစ် ဝင်ရောက်အရွှေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ အခုလိုပွင့်ပွင့်လင်းလင်း ပြောဆိုတာကို နှစ်သက်ကြောင်း ဖြေကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောက်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ

သရုပ်ဆောင် မင်းအုပ်စိုးအမှု အမိန့်ချရန် ဇူလိုင် ၃ ရက်သို့ ရွှေ့ဆိုင်း

သရုပ်ဆောင် မင်းအုပ်စိုးအမှု အမိန့်ချရန် ဇူလိုင် ၃ ရက်သို့ ရွှေ့ဆိုင်း
Thursday, June 20, 2013

ဗဟန်းမြို့နယ် တရားရုံးတွင် အမှုရင် ဆိုင်လျက်ရှိသော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ဇွန်လ ၁၉ ရက် နေ့တွင် တရားရုံးက အမိန့်ချမှတ်ရန် သတ်မှတ်ထားသော်လည်း ဇူလိုင်လ ၃ ရက်နေ့ တွင် ရက်ရွှေ့ဆိုင်းခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ဇွန်လ ၁၉ ရက်နေ့တွင် မင်းအုပ်စိုးက တရားရုံးထံ ခွင့်တိုင်ကြားသဖြင့် ဇူလိုင်လ ၃ ရက်နေ့သို့ ရက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်း မြို့နယ် တရားရုံး၏ စာရေးတစ်ဦးက ပြောကြားသည်။

တာမွေမြို့နယ် ရဲစခန်း၊ ဒုရဲအုပ် အောင်ကျော်ထွန်းက တရားလို ပြုလုပ်၍ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ တရားမဝင် ယာဉ်များ တွေ့ရှိမှု၊ မူးယစ် ရမ်းကားမှုများဖြင့် ဗဟန်းမြို့နယ် တရားရုံးက မေလ ၃၁ ရက်နေ့က ချိန်းဆိုခဲ့သော်လည်း မင်းအုပ်စိုးက ခွင့်တိုင်ကြားသဖြင့် ဇွန်လ ၅ ရက်နေ့သို့ လည်းကောင်း၊ ယင်းနေ့တွင် ထပ်မံ၍ ဇွန်လ ၁၉ ရက်နေ့သို့ ထပ်မံ ချိန်းဆိုရာမှ ဒုတိယ အကြိမ်မြောက် ခွင့်တိုင်ကြားသဖြင့် ဇူလိုင် လ ၃ ရက်နေ့သို့ ထပ်မံ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

တရားလိုပြု တိုင်ကြားသည့် ဒုရဲအုပ် အောင်ကျော်ထွန်း တာဝန်ကျ စခန်းဖြစ်သည့် တာမွေမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံသို့ ဆက်သွယ် မေးမြန်းရာ တရားလိုသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ တာဝန်ကျနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းတာဝန်ကျ အရာရှိက ပြောကြားသည်။

ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေတွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂) ရပ်ကွက် ဖိုးစိန်လမ်း Holiday စားသောက်ဆိုင် ရှေ့ရှိ အမှိုက်ပုံကို မီးရှို့ ခြင်း၊ လာရောက် ဖြေရှင်းသော ရဲအရာရှိများကို ဆဲဆိုခြင်း၊ အများပြည်သူ စိတ်အနှောင့် အယှက် ဖြစ်စေရန် ပုဆိုးချွတ်ကာ ယာဉ်ကြော ပိတ်ဆို့အောင် ပြုလုပ်ခြင်း၊ တာဝန်ထမ်း ဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို လက်သီးဖြင့် ထိုးခြင်းတို့ ပြုလုပ်ပြီး ရဲတပ်ဖွဲ့ဝင်ပိုင် ယာဉ်အမှတ် ၇ခ/၁၇၂၄ ဟိုင်းလတ် အပြာရောင် မော်တော်ယာဉ်၏ ဘေးမှန်ကို လက်သီးဖြင့် ထိုးခွဲခဲ့ခြင်းတို့အတွက် ဗဟန်း ရဲတပ်ဖွဲ့ စခန်းက (ပ) ၇၆/၁၂ ပုဒ်မ - ပပက ၆(၁)၊ (ပ) ၇၇/၁၂ ပုဒ်မ-၂၉၄/၃၅၃ ၊ (ပ) ၇၈/၂၀၁၂ ပုဒ်မ - ၄၃၆ ဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။

The Voice Weekly
ဗဟန်းမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်လျက်ရှိသော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို

နယ်စပ်မှ ဝင်ရောက်လာသည့် ကြက်အသည်း အမြစ်များကြောင့် ပြည်တွင်း ကြက်မွေးမြူသူများ ထိခိုက်နိုင်


ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော  မွေးမြူရေးကြက်များမှ အသည်းအမြစ် ကလီစာ များကို ဈေးကွက်အတွင်း၌  ဈေးလျှော့ ရောင်းချနေမှုများ ရှိ၍ အဆိုပါ ရောင်းချမှုသည် ပြည်တွင်း၌

ကိုးတန်းအောင်ရုံဖြင့် နာမည်ကြီးဆေးရုံဆေးခန်းများတွင် အလုပ်အကိုင် ရရှိနိုင်မည်..

အခြေခံပညာ န၀မတန်းအောင်ရုံဖြင့် နာမည်ကြီး ဆေးရုံဆေးခန်းများတွင် အလုပ်အကိုင် ရရှိနိုင် ရန် နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးတွင် သင်တန်းများဖွင့်လှစ်ပေးပြီး အလုပ်အကိုင်များ စီမံဆောင် ရွက်ပေးနေကြောင်း သိရသည်။

ကလေးငယ် ၁၁ ဦးကို အဓမ္မပြုကျင့်သူ သေဒဏ်အမိန့်ချ

ကလေးငယ် ၁၁ ဦးကို အဓမ္မပြုကျင့်သူ သေဒဏ်အမိန့်ချ
Thursday, June 20, 2013

တရုတ်နိုင်ငံမှာ အသက်အပြည့်သေးတဲ့ ကလေးမလေး ဆယ့်တစ်ဦးကို မုဒိမ်းကျင့် အစိုးရ၀န် ထမ်းတဦးကို သေဒဏ်အမိန့်ချခံလိုက်ရတယ်လို့ သိရပါတယ်။

ဆယ်ကျော်သက်အရွယ် ကလေးမလေးတွေကို မုဒိမ်းကျင့်မှုကြောင့် တရုတ်နိုင်ငံ ဟင်နန်ပြည်နယ်က အဆင့်မြင့် အစိုးရအရာရှိ တဦးဖြစ်တဲ့ လီရှင်ကောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကလေးတွေကို အဓမ္မပြုကျင့်မှုတွေ ပိုများလာ တဲ့အတွက် သူ့ကို အခုလိုမျိုး သေဒဏ်ချမှတ် လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အတွင်းက ကျောင်းအုပ်ဆရာတဦးကို ကလေးမလေး ခြောက်ဦးကို မုဒိမ်းပြုကျင့်ခဲ့တဲ့အတွက်ဖမ်းဆီး ခဲ့ပြီး အန်ဟွီးပြည်နယ်က ကျောင်းအုပ်ဆရာတဦးကိုလည်း ကလေးမလေး ၁၁ယောက်ကို အဓ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အခုလို ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့ အမှုတွေနဲ့ ဖမ်းဆီးမှုတွေထွက်ပေါ်လာပြီးနောက် ဗဟိုတရားရုံးက ပြင်းထန်တဲ့ အပြစ်ပေးမှုတွေချမှတ်ခဲ့ရတာဖြစ်လို့ ဆိုပါတယ်။

radioaustralia
တရုတ်နိုင်ငံမှာ အသက်အပြည့်သေးတဲ့ ကလေးမလေး ဆယ့်တစ်ဦးကို မုဒိမ်းကျင့် အစိုးရ၀န် ထမ်း တဦး ကို သေဒဏ်အမိန့်ချခံလိုက်ရတယ်လို့ သိရပါတယ်။

လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးမှာ မြန်မာအခြေအနေ တိုးတက်

ဗွေဆော်ဦး ၅ပွဲကြောင့် လှိုင်းထန်သွားနိုင်တဲ့ မိုရက်စ်ရဲ့အနာဂတ်

ဗွေဆော်ဦး ၅ပွဲကြောင့် လှိုင်းထန်သွားနိုင်တဲ့ မိုရက်စ်ရဲ့အနာဂတ်
Thursday, June 20, 2013

၂၀၁၃-၁၄ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများကို ထုတ်ပြန်ခဲ့ရာတွင် အဖွင့်ပွဲ ၅ပွဲ၌ ချဲလ်ဆီး၊ လီဗာပူး၊မန်စီးတီးတို့နှင့်တွေ့ဆုံရမည့် မန်ယူအသင်း၏ ပွဲစဉ်များကြောင့် နည်းပြ မိုရက်စ်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ မန်ယူမှာ သြဂုတ်လ ၁၇ရက်နေ့တွင် အဖွင့်ပွဲစဉ်အဖြစ် Capital one cup လက်ရှိချန်ပီယံ ဆွမ်ဆီးနှင့် အဝေးကွင်းပွဲစဉ် ရင်ဆိုင်ရမည်ဖြစ်ပြီး ဒုတိယပွဲစဉ်တွင် မော်ရင်ဟို၏ ချဲလ်ဆီးအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

ထို့နောက် လီဗာပူးနှင့် အဝေးကွင်း၊ ခရစ္စတယ်ပဲလေ့စ်နှင့် အိမ်ကွင်း၊ မန်စီးတီးနှင့် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် နည်းပြသစ် မိုရက်စ်အတွက် ယင်းကာလမှာ အခက်ခဲဆုံး အခိုက်အတန့် ဖြစ်လာနိုင်ပြီး နိုဝင်ဘာလအတွင်း၌ လန်ဒန်ကလပ်များနှင့် တွေ့ဆုံနေကာ ဧပြီ ၁၉ရက်နေ့တွင် အသင်းဟောင်း အဲဗာတန်နှင့် ဂွတ်ဒီဆင်ပါ့ခ်ပွဲစဉ် ရှိနေကြောင်း သိရသည်။

၂၀၁၃-၁၄ရာသီ မန်ယူ၏ပွဲစဉ်များ

AUGUST

Aug 17: Swansea City (a)

Aug 24: Chelsea (h)

Aug 31: Liverpool (a)

SEPTEMBER

Sep 14: Crystal Palace (h)
Sep 21: Manchester City (a)
Sep 28: West Bromwich Albion (h)

OCTOBER

Oct 5: Sunderland (a)
Oct 19: Southampton (h)
Oct 26: Stoke City (h)

NOVEMBER

Nov 2: Fulham (a)
Nov 9: Arsenal (h)
Nov 23: Cardiff City (a)
Nov 30: Tottenham Hotspur (a)

DECEMBER

Dec 3: Everton (h)
Dec 7: Newcastle United (h)
Dec 14: Aston Villa (a)
Dec 21: West Ham United (h)
Dec 26: Hull City (a)
Dec 28: Norwich City (a)

JANUARY

Jan 1: Tottenham Hotspur (h)
Jan 11: Swansea City (h)
Jan 18: Chelsea (a)
Jan 28: Cardiff City (h)

FEBRUARY

Feb 1: Stoke City (a)
Feb 8: Fulham (h)
Feb 12: Arsenal (a)
Feb 22: Crystal Palace (a)

MARCH

Mar 1: Manchester City (h)
Mar 8: West Bromwich Albion (a)
Mar 15: Liverpool (h)
Mar 22: West Ham United (a)
Mar 29: Aston Villa (h)

APRIL

Apr 5: Newcastle United (a)
Apr 12: Hull City (h)
Apr 19: Everton (a)
Apr 26: Norwich City (h)

MAY

May 3: Sunderland (h)
May 11: Southampton (a)

ရိုးရာလေး
၂၀၁၃-၁၄ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားများကို ထုတ်ပြန်ခဲ့ရာတွင် အဖွင့်ပွဲ ၅ပွဲ၌ ချဲလ်ဆီး၊ လီဗာပူး

ကမ္ဘာ့မြို့တော်များ (ဆစ်ဒနီ) သြစတြေးလျ

ဆစ်ဒနီမြို့သည် သြစတြေးလျ နိုင်ငံ နယူးဆောက်ဝေး ပြည်နယ်တွင် တည်ရှိပြီး နိုင်ငံ၏ လူဦးရေ အများ

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ငါးခု

၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ၁ဝဝ ရဲ့ စာရင်းကို မကြာမီက ထုတ်ပြန်လိုက် ပါသည်။

နေ့စဉ်မိုးလေ၀သသတင်း၊ (၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

နျူကလီးယား လျှော့ချရေး ဘာလင် မိန့်ခွန်းမှာ အိုဘားမား တိုက်တွန်း

နျူကလီးယား လျှော့ချရေး ဘာလင် မိန့်ခွန်းမှာ အိုဘားမား တိုက်တွန်း

ဗွီအိုအေ (မြန်မာပိုင်း)  19.06.2013

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဂျာမဏီနိုင်ငံ ဘာလင်မြို့က သမိုင်းဝင် Brandanburg Gate မှာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ကမ္ဘာတလွှား နျူကလီးယားလက်နက် ကင်းမဲ့ရေးလုပ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။  
 
နျူကလီးယား လက်နက် ပိုင်ဆိုင်မှု ၃ ပုံ ၁ ပုံ လျော့ချရေးအတွက် လုပ်ဆောင်သွားမှာဖြစ်သလို စစ်အေးခေတ်တုန်းက နျူကလီးယား ရန်သူတွေအဖြစ် ရပ်တည်ခဲ့ကြတဲ့ အနေအထားထက် ကျော်လွန်ပြီး ရပ်တည်ကြဖို့ ရုရှားနိုင်ငံနဲ့ ဆွေးနွေးသွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
 
အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် သေချာအောင် လုပ်ဆောင်တာနဲ့ ခိုင်မာပြီး ဗျူဟာမြောက်တဲ့ ကာကွယ်ရေးစနစ်ကို ထိန်းသိမ်းထားတဲ့ တချိန်ထဲမှာပဲ နျူကလီးယား လက်နက်တွေကို လျှော့ချလို့ ရနိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
 
သမ္မတ အိုဘားမားရဲ့ အဆိုပြုချက်အရ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့အကြား ရရှိထားတဲ့ New START လို့ ခေါ်တဲ့ သဘောတူညီချက်ပါ သတ်မှတ်ချက်တွေထက် နျူကလီးယားထိပ်ဖူး ၃ ပုံ ၁ ပုံ လျှော့ချကြမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အဲဒီ သဘောတူညီချက်အရ အမေရိကန်နဲ့ ရုရှားတို့ ပိုင်ဆိုင်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယား ထိပ်ဖူး အရေအတွက်ကို ၂၀၁၈ ခုနှစ် မတိုင်ခင် ၃ ပုံ ၁ ပုံလျော့ချကြရမှာ ဖြစ်ပါတယ်။
 
ရုရှားအစိုးရအနေနဲ့ သူတို့ရဲ့ မဟာဗျူဟာမြောက် ကာကွယ်ရေးစနစ်ကို အနှောက်ယှက်ခံမှာ မဟုတ်သလို ရုရှားရဲ့ နျူကလီးယား တပ်အင်အား ထိရောက်မှု လျော့ကျစေမယ့်ကိစ္စကို ခွင့်ပြုမှာဟုတ်ဘူးလို့ သမ္မတ အိုဘားမား ဘာလင်မြို့မှာ စကားမပြောခင်လေးမှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောဆိုခဲ့ပါတယ်။
 
သမ္မတ အိုဘားမားရဲ့ ဒီမိန့်ခွန်းဟာ ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း John F. Kennedy ဒီ Brandenburg Gate မှာပဲ “ကျနော်ဟာ ဘာလင်မြို့သားဖြစ်တယ်” လို့ သမိုင်းဝင်မိန့်ခွန်း ပြောကြားပြီး နှစ်ပေါင်း ၅၀ လောက်အကြာမှာ ပြောကြားတာလည်း ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလည်း အမေရိကန်သမ္မတ Ronald Reagan က အဲဒီအချိန်တုန်းက ဆိုဗီယက်ခေါင်းဆောင် Mikhail Gorvachev အနေနဲ့ “ဘာလင် တံတိုင်းကြီးကို ဖြိုချပေးပါ” လို့  တောင်းဆိုတဲ့ သမိုင်းဝင် မိန့်ခွန်းကို ပြောကြားခဲ့ပါသေးတယ်။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဂျာမဏီနိုင်ငံ ဘာလင်မြို့က သမိုင်းဝင် Brandanburg Gate မှာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ကမ္ဘာတလွှား နျူကလီးယားလက်နက်

တာလီဘန် အမေရိကန် ဆွေးနွေးပွဲ အာဖဂန်တက်ဖို့ ငြင်းဆို

တာလီဘန် အမေရိကန် ဆွေးနွေးပွဲ အာဖဂန်တက်ဖို့ ငြင်းဆို

ဗွီအိုအေ (မြန်မာပိုင်း)  19.06.2013

အာဖဂန်အစိုးရက ကာတာနိုင်ငံမှာကျင်းပမယ့် တာလီဘန်နဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က ပြောဆိုလိုက်ပါတယ်။ ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အာဖဂန်က ဦးဆောင်နိုင်မှသာ ပါဝင်တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
အမေရိကန် ပြည်ထောင်စုက တာလီဘန်နဲ့ ဆွေးနွေးရေး အဆိုပြုထားတဲ့အပေါ် အာဖဂန်က အမေရိကန်နဲ့ ၂ နိုင်ငံ လုံခြုံရေးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေတာကြောင့် စေ့စပ်ဆွေးနွေးဖို့ ဆိုင်းငံ့လိုက်ပါတယ်။
 
အမေရိကန်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေနဲ့ လုပ်ရပ်တွေအကြား ကွဲလွဲနေတယ်လို့ အာဖဂန်အမျိုးသား လုံခြုံရေးကောင်စီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်တာပါ။
 
ဂျာမဏီနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားကတော့ အာဖဂန်အစိုးရရဲ့ တုံ့ပြန်ချက်ကို သူ မအံ့သြဘူးလို့ ဆိုပါတယ်။ အာဖဂန်အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ စိန်ခေါ်အကဲစမ်းမှုတွေ ရှိနေပေမဲ့လို့ ရှေ့ဆက် လုပ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတ အိုဘားမား က ပြောပါတယ်။
 
ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး လုပ်ငန်းစဉ် ချမှတ်နိုင်ရေး တွန်းအားပေးတဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက တာလီဘန်တွေနဲ့ ဒီသီတင်းပတ်နှောင်းပိုင်မှာ တရားဝင် စေ့စပ်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။
 
ကာတာနိုင်ငံ ဒိုဟာမြို့မှာ တာလီဘန်တွေက တရားဝင်ရုံး ဖွင့်လှစ်ခဲ့ပြီးနောက် အမေရိကန်က ဆွေးနွေးမယ့် အစီအစဉ်ကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ အမေရိကန်က အခုလို အာဖဂန်ပြင်ပမှာ စစ်သွေးကြွတွေနဲ့ တရားဝင်တွေ့ဖို့ ဆုံးဖြတ် စီစဉ်တာဟာ အာဖဂန်အစိုးရရဲ့ အခန်းကဏ္ဍကို သေးသိမ်အောင် လုပ်လိုက်တာပဲလို့ အာဖဂန်အစိုးရက ရှုမြင်ပါတယ်။ တာလီဘန်တွေကလည်း ဟာမစ် ခါဇိုင်းအစိုးရနဲ့ စကားမပြောလိုဘူးလို့ ဆိုပါတယ်။
 
ဒိုဟာရောက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့က အာဖဂန် အကြပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာလိုတယ်လို့ ပြောပါတယ်။
စေ့စပ်ဆွေးနွေးကြတဲ့အခါ အမေရိကန်တို့အနေနဲ့ အာဖဂန် ပြည်သူလူထုအကျိုးကို စဉ်းစားပြီး သူတို့ရဲ့ ရိုးသားမှုကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
အာဖဂန်အစိုးရက ကာတာနိုင်ငံမှာကျင်းပမယ့် တာလီဘန်နဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား လိုလား

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား လိုလား

မြောက်ကိုရီးယားရဲ့ နျူကလီယား ညှိနှိုင်းရေးမှူး Kim Kye Gwan (ညာ) တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်လာချိန် လက်ဝှေ့ယမ်း နှုတ်ဆက်နေစဉ် (၁၈ ဇွန် ၂၀၁၃)

ဗွီအိုအေ (မြန်မာပိုင်း)  20.06.2013

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယား လက်နက်ဖျက်သိမ်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်ပြီးတော့ ဆွေးနွေးဖို့ မြောက် ကိုရီးယား အာဏာပိုင်တွေက ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါ တယ်။ ၆ နိုင်ငံဆွေးနွေးပွဲဟာ အချိန်အတော်ကြာကတည်းက ရပ်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားညှိနှိုင်းရေးမှူး ကင် ကြေး ဂွမ် (Kim Kye Gwan) က တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဇန် ယေးရှီ (Zhang Yesui) နဲ့ ဘေဂျင်းမြို့မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာ ဖြစ် ပါတယ်။
 
ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားလက်နက် ဖျက်သိမ်ရေး အောင်မြင်ဖို့ အတွက် လုပ်ဆောင်နေကြတဲ့ သက်ဆိုင်ရာ နိုင်ငံအားလုံးနဲ့ ဆွေးနွေးဖို့ အတွက် မြောက်ကိုရီးယားနိုင်ငံက ဆန္ဒရှိတယ်လို့ မစ္စတာ ကင် ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
 
အဲ့ဒီမှာ မြောက်ကိုရီးယားအနေနဲ့ ၂၀၀၉ ခုနှစ်ကတည်းက ထွက်ခဲ့တဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်စနိုင်လာနိုင်ချေ ရှိတယ်ဆိုပြီးတော့ မစ္စတာ ကင် က အတိအလင်း ပြောကြားခဲ့တယ်လို့ ဆိုထားပါတယ်။
 
တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ ရုရှား၊ တရုတ်နိုင်ငံတို့ပါ ပါဝင်တဲ့ ဒီ ၆ နိုင်ငံဆွေးနွေးပွဲမှာ မစ္စတာ ကင် ဟာ မြောက်ကိုရီးယားအစိုးရကို ကိုယ်စားပြု ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီယား ညှိနှိုင်းရေးမှူး Kim Kye Gwan (ညာ) တရုတ်နိုင်ငံ ဘေဂျင်း မြို့ ကို ရောက်လာချိန် လက်ဝှေ့ယမ်း နှုတ်ဆက်နေစဉ် (၁၈ ဇွန် ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယား လက်နက်ဖျက်သိမ်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်ပြီးတော့ ဆွေးနွေးဖို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ဆန္ဒရှိတယ်လို့

မလေးရှား မြန်မာသံရုံးရဲ့ ထိရောက်တဲ့ အကူအညီရဖို့ သမ္မတထံ တောင်းဆို

ရဲစခန်းများအား ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်မှ အဖွဲ့တစ်ခု ဖွဲ့စည်းထား

policechecking-june20
နေပြည်တော်တွင် ကျင်းပခဲ့သည့် World Economic Forum တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများအား ရှောင်တစ်ခင် စစ်ဆေးမှုများ ပြုလုပ်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်မှ

တရုတ်မှ ဟန်းဆက်များကို ကားအစီးလိုက်ဖြင့် မှောင်ခိုတင်သွင်းနေပြီး တစ်လကျော် ကာလအတွင်း ကျပ်သိန်း ၃၂၀၀ ဖိုး ဖမ်းမိ

muse-june20
မြန်မာ-တရုတ် အဓိက နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်း အား တွေ့ရစဉ်
တရုတ်နိုင်ငံမှ ဟန်းဆက်များကို ကားအစီးလိုက်ဖြင့်ပင် မှောင်ခိုတင်သွင်းလျက် ရှိနေပြီး တရုတ်-မြန်မာ

ရဲဘော်ရဲဘက်အားလုံး အပြန်အလှန် သစ္စာထားမှု၊ လေးစားမှု၊ နားလည်မှုများနှင့် ပန်းတိုင်ရောက်သည်အထိ လျှောက်သွားစေလိုသည်ဟု (၆၈)နှစ်ပြည့် မွေးနေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsubirthday-june20
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား (၆၈)နှစ်ပြည့် မွေးနေ့တွင် ပါတီဝင်များ၊ ထောက်ခံသူ များနှင့် အတူ တွေ့ရစဉ် (Photo:AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့၊

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ် ၈၂၄ လုံးရှိလာ

hoanganhgialai-june20
ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ဟိုတယ်စီမံကိန်း (ဓာတ်ပုံ -ဝေယံဖြိုးဦး)
မြန်မာ တစ်နိုင်ငံလုံးတွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ထုတ်ပေးထားသည့်

စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများအား ရာခိုင်နှုန်းပြည့် သို့မဟုတ် ဖက်စပ်အနေဖြင့် ၀င်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းထား

naturaloil-june20
ကမ်းလွန်လုပ်ကွက် တစ်ခုအား တွေ့ရစဉ် (Photo-Myanmar Oil and Gas Industry Family Facebook)
မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်း စသည့်စွမ်းအင် တူးဖော်ရှာဖွေခြင်း လုပ်ငန်း

မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက်ခံရမှု မလေးရှား သံအမတ်နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ ဆွေးနွေး

မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ

မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများ မီးရှို့ဖျက်ဆီးခဲ့သည့် မောရ၀တီကျောင်း အပါအ၀င် စာသင်ကျောင်း သုံးကျောင်းအား ပြန်လည်တည်ဆောက်မည်

maungtaw-june20
မီးရှို့ဖျက်ဆီးခံရသော စာသင်ကျောင်းအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)
မောရ၀တီ အ.မ.က ကျောင်းအား အင်ဒိုနီးရှားမှ လှူဒါန်းသည့်ငွေဖြင့် တည်ဆောက်တော့ မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ "မောင်တောမှာက မီးရှို့ဖျက်ဆီးခံခဲ့

မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်သည့် 'လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်' ဆုချီးမြှင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆုချီးမြှင့်

chance-june20
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က 'မတ် ၁၃ ဆု' ရရှိသည့် ကိုစွမ်းသူရထွန်းကို ဆုချီးမြှင့်စဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် "လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်

ရန်ကုန်မြို့တော်တွင် ပျမ်းမျှနှစ်စဉ် လူဦးရေ ၂ ဒသမ ၅၈ ရာခိုင်နှုန်း တိုးနေပြီး လာမည့် ၂၀၄၀ တွင် လူဦးရေ ၁၁ ဒသမ ၇၃ သန်းအထိ ရှိလာနိုင်မည်ဟု တွက်ချက်ထား

လက်ရှိလူဦးရေ ခြောက်သန်းနီးပါး နေထိုင်သော ရန်ကုန်မြို့တော်တွင် ပျမ်းမျှနှစ်စဉ် လူဦးရေ ၂ ဒသမ

မြန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွင် သံရုံးမှ ပါဝင်ပတ်သက်သည် ဆိုပါက ရာထူးမှ ထွက်ပေးသည်အထိ တာဝန်ခံနိုင်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား

utinlatt-june20
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ် မလေးရှားရောက် မြန်မာနိုင်ငံ သား များနှင့် တွေ့ဆုံနေစဉ်
မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုများတွင် သံရုံးမှ

ရွှေဂုံတိုင် ခုံးကျော်တံတားကို နိုဝင်ဘာနှင့် ဘုရင့်နောင် ခုံးကျော်တံတားကို ဒီဇင်ဘာအတွင်း အပြီးတည်ဆောက် သွားမည်

shwegontain-june20
ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်အား ဇွန် ၁၈ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားကို နိုဝင်ဘာနှင့်