Saturday, June 22, 2013

မြန်မာနိုင်ငံတွင်ဖြစ်ပွားသည့် လူကုန်ကူးမှုအများစုမှာ တရုတ်နိုင်ငံသို့ ဦးတည်နေသည့် အမှုများဖြစ်သည်ဟုဆို

မြန်မာနိုင်ငံတွင်ဖြစ်ပွားသည့် လူကုန်ကူးမှုအများဆုံးသည် တရုတ်နိုင်ငံသို့ဦးတည်နေသည့် အမှုများဖြစ်သည် ဟု မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်း ၂၀၁၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာအရသိရသည်။

မျိုးစောင့် ဥပဒေနှင့် စပ်လျဉ်း၍ သီတဂူဆရာတော်ဘုရားကြီးမှ ဇွန် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ရန်ရှိ

အင်းစိန်-ရွာမ ပရိယတ္တိစာသင် တိုက်ကြီး၌ ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် သံဃာတော် များဆွေးနွေးညှိ နှိုင်းပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်Óာဏိဿရ တက်ရောက်တော်မူမည်ဖြစ်ကြောင်း သိရှိ ရသည်။

နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းကျေးရွာ၌ အရပ်ရှစ်ပေလေးလက်မရှိ လူတစ်ဦးကို ထူးခြားအံ့ဘွယ်တွေ့ ရ


 မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူငယ်တစ်ဦးကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့်စကား တဆင့်ကြားမိရာမှ အဖြစ်အပျက် အကြောင်းစုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေးအတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲ ပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဘရာဇီး ဆန္ဒပြပွဲ လူတစ်သန်းကျော် ပူးပေါင်း

Photo: ဘရာဇီး ဆန္ဒပြပွဲ လူတစ်သန်းကျော် ပူးပေါင်း
Saturday, June 22, 2013

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေး ညံ့ဖျင်းမှုနှင့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အသုံးစရိတ် အလွန် မြင့်မားမှုတို့ကို ကန့်ကွက် ဆန္ဒပြပွဲများ ဘရာဇီးနိုင်ငံ၏ မြို့တော်ကြီးများတွင် ဖြစ်ပွားလျက်ရှိရာ ပူးပေါင်း ပါဝင်လာသူများဖြင့် အင်အား ပိုမိုကောင်းလာလျက် ရှိကာ ဆန္ဒပြသူ တစ်သန်းကျော်သွားပြီ ဖြစ်ကြောင်း Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။

နှစ်ပေါင်း ၂၀ အတွင်း ဘရာဇီးသမ္မတ ဒီလ်မာရော့စ်ဆက်ဖ် အစိုးရသည် အကြီးမားဆုံး လူထုဖိအားနှင့် ရင်ဆိုင်ရလျက် ရှိကာ ယခင်စီစဉ်ထားသော လာမည့်သီတင်းပတ် ဂျပန်သို့သွားမည့် နိုင်ငံတော် ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ဘရာဇီးနိုင်ငံသည် လူဦးရေ ၁၉၄ သန်းရှိပြီး ပြီးခဲ့သည့် ရက်များက သယ်ယူ ပို့ဆောင်စရိတ်ကို မြှင့်လိုက်ရာမှ စတင်သော သပိတ်မှောက် ဆန္ဒပြပွဲများတွင် ပါဝင်သော လူဦးရေ ၁ ဒသမ ၂ သန်းအထိ ရှိလာသည်။

ဘရာဇီးနိုင်ငံ မြို့တော် ရီယိုဒီဂျနေရိုး မြို့တော်ခန်းမရှေ့ လူအုပ်သည်ပင်လျှင် အင်အား သုံးသိန်းခန့် ရှိပြီး ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများသုံးကာ လူစုခွဲခဲ့သည်။
ဆန္ဒပြ လူအုပ်ထဲမှ အချို့က SBT ရုပ်သံလွှင့်ဌာန၏ ကားကို မီးတင်ရှိုခဲ့သည် ဟုလည်း Aljazeera က ရေးသား ဖော်ပြထားသည်။

ဘရာဇီလီယာ မြို့တော်တွင်လည်း နိုင်ငံခြားရေး ဝန်ကြီးရုံးကို ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားနေပြီး မီးလောင်နေသော အရာဝတ္ထုများဖြင့် ပစ်ပေါက်နေသည့် ဆန္ဒပြ လူအုပ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပိတ်ဆို့ ထားခဲ့ကြရကြောင်း ယင်းသတင်းက ဆိုသည်။

မြို့တော် ဆာအိုပိုလိုတွင်လည်း လူအင်အား တစ်သိန်းတစ်သောင်းက လက်ဝဲယိမ်း အစိုးရကို လူမှုဖူလုံရေး ကဏ္ဍများ၌ ပြည်သူ့ဘဏ္ဍာများ ပိုမိုသုံးစွဲပေးပါရန် ဖိအားပေးလျက် ရှိသည်။

ဘရာဇီးသည် ကမ္ဘာ့ သတ္တမမြောက် အကြီးဆုံး စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး အကျင့်ပျက် လာဘ်စားမှုများ ရပ်တန့်သွားစေရန် ပြည်သူက ဖိအားပေး ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ကွန်ဖယ်ဒရေးရှင်း ဖလားနှင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ သုံးစွဲခြင်းက အစိုးရအပေါ် မကျေနပ်ချက်များကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်ပြီး ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

၎င်းတို့ တောင်းဆိုထားသည့် အချက်များမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် ဘတ်ဂျက် ပိုမိုသုံးစွဲပေးရန်နှင့် ပြည်သူ့ ဝန်ဆောင်မှု အရာရှိများ၏ လုပ်ခလစာများကို လျှော့ချရန် ဖြစ်သည်။

The Voice Weekly


ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေး ညံ့ဖျင်းမှုနှင့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အသုံး

မူလတန်းအဆင့်တွင် လူ့အခွင့်အရေးသင်ရိုးပြဋ္ဌာန်းရန် ညှိနှိုင်းမည်..

အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ကျောင်းသင်ရိုးမာတိကာတွင် ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းနှင့်သက်ဆိုင်သည့် တွဲဖက်သင်ရိုးညွှန်းတမ်းများ ပြဋ္ဌာန်းရန် ပညာရေး ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကြားညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း ကော် မရှင်ဥက္ကဋ္ဌ ကပြောသည်။

မီးခိုးမြူဆိုင်းသည့် ကိစ္စ စင်ကာပူ၏ တုံ့ပြန်ပုံ ကလေးဆန်ကြောင်း အင်ဒိုနီးရှားဝေဖန်

မီးခိုးမြူဆိုင်းသည့် ကိစ္စ စင်ကာပူ၏ တုံ့ပြန်ပုံ ကလေးဆန်ကြောင်း အင်ဒိုနီးရှားဝေဖန်

ဂျာကာတာ၊ ဇွန် ၂၁

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတွင် တောမီး လောင်ကျွမ်းခြင်းကြောင့် စင်ကာပူနိုင်ငံတွင် မီးခိုးမြူများ အလွန်အမင်း ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ စင်ကာပူအစိုးရ၏ တုံ့ပြန်ပုံမှာ ကလေးဆန်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြစ်တင် ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှား တောမီးကြောင့် စင်ကာပူ တစ်နိုင်ငံလုံးတွင် မီးခိုးမြူများဖြင့် လွှမ်းခြုံ ထားသကဲ့သို့ ဖြစ်နေပြီး လေထု ညစ်ညမ်းမှုမှာလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အင်ဒိုနီးရှား တောမီးပြဿနာကို တိကျသော တုံ့ပြန်မှု ပြုလုပ်ရန် စင်ကာပူ အစိုးရက အင်ဒိုနီးရှား အစိုးရကို ဖိအားပေးလျက်ရှိရာ ယခု တောမီးလောင်ကျွမ်းသော ဆူမတြားတွင် စိုက်ပျိုးရေး လုပ်ကိုင်နေသော စင်ကာပူ ကုမ္ပဏီများတွင်လည်း တာဝန်ရှိကြောင်း အင်ဒိုနီးရှားက ပြန်လည် တုံ့ပြန်ခဲ့သည်။

“စင်ကာပူ အနေနဲ့ အခုလို ပူညံပူညံနဲ့ ကလေးလိုမျိုး လုပ်နေဖို့ မသင့်ပါဘူး။ ဒီကိစ္စ ဆိုတာမျိုးက အင်ဒိုနီးရှား အနေနဲ့လည်း ဖြစ်စေချင်တာမှ မဟုတ်တာ။ ဒါက သဘာဝ တရားတစ်ခုပါ”ဟု အင်ဒိုနီးရှား People’s Welfare ဝန်ကြီး Agung Laksono က သတင်းထောက်များကို ပြောကြားသည်။

ထို့ပြင် ယခုကိစ္စနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံမှ ငွေကြေး ထောက်ပံ့ကြေးများ ပေးရာတွင် ငွေပမာဏ နည်းပါးပါက လက်ခံမည် မဟုတ်ဟုလည်း ၎င်းကပြောကြားသည်။

“စင်ကာပူကပေးတဲ့ ထောက်ပံ့ငွေက ဒေါ်လာ ငါးသိန်း၊ တစ်သန်း လောက်နဲ့ကတော့ ကျွန်တော်တို့ မလိုပါဘူး။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်နဲ့ပဲ သုံးစွဲသွားမှာပါ” ဟု ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံကျင်းပသော အရေးပေါ် အစည်းအဝေးတွင် အင်ဒိုနီးရှား ဝန်ကြီး Agung Laksono က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ယင်းအစည်းအဝေးသို့ စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ၏ အမှုဆောင် အရာရှိချုပ်လည်း တက်ရောက်သည်။

အင်ဒိုနီးရှား တောမီးကြောင့် စင်ကာပူနိုင်ငံတွင် စံချိန်တင် မီးခိုးမြူများ ဆိုင်းလျက်ရှိပြီး လေထုညစ်ညမ်းမှု ညွှန်ကိန်း ၃၇၁ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

လေထုညစ်ညမ်းမှု ညွှန်ကိန်း ၃၀၀ အထက်ကို အန္တရာယ်ရှိ အဆင့်ဟု သတ်မှတ်ထားပြီး၊ ၄၀၀ နှင့်အထက် ဖြစ်ပါက နာမကျန်း ဖြစ်နေသူများနှင့် သက်ကြီးရွယ်အိုများ အတွက် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အဆင့်ဟု သတ်မှတ်ထားသည်။

“အခုပြဿနာရဲ့ အရင်းအမြစ်ကို အင်ဒိုနီးရှား အနေနဲ့ လျင်လျင်မြန်မြန်နှင့် တိတိကျကျ ကိုင်တွယ် ဖြေရှင်းဖို့ လိုပါတယ်” ဟု စင်ကာပူ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ရေးရာ ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှန်က ပြောကြားသည်။

စင်ကာပူရှိ စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် ဖွင့်လှစ်ထားသော ဆေးဆိုင်များတွင် နှာခေါင်းစည်း မျက်နှာဖုံးများ ကုန်လျက်ရှိပြီး ဝယ်ယူသူများကို နောက်တစ်ရက် ပစ္စည်းသစ် ရောက်ချိန်တွင် ပြန်လာရန်သာ ပြောကြားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

နေ့စဉ် နံနက်တိုင်း လေ့ကျင့်ခန်း ပြုလုပ်သူများဖြင့် ပြည့်နှက်နေသော ပန်းခြံများတွင် လူပြတ်လျက် ရှိပြီး ရုံးသမား၊ အလုပ်သမားများမှာမူ လုပ်ငန်းခွင်သို့ သွားရောက်ဆဲပင် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတွင် တောမီး လောင်ကျွမ်းခြင်းကြောင့် စင်ကာပူနိုင်ငံတွင် မီးခိုးမြူများ အလွန်အမင်း ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ စင်ကာပူအစိုးရ၏ တုံ့ပြန်ပုံမှာ ကလေးဆန်ကြောင်း

(အပါယ်သို့ ကျရောက်ပုံ)

(အပါယ်သို့ ကျရောက်ပုံ)

အပါယ်သို့ကျရောက်ပုံကိုအခြေခံဗုဒ္ဓသာသနာဝင်အားလုံးသိပြီးသားဖြစ်သည်။ဤနေရာတွင်ကုသိုလ်၊အကုသိုလ်များကိုနားလည်ရန်လိုအပ်သည်။ယနေ့လူသားအားလုံး နေ့စဉ်သွားလာလှုပ်ရှားနေသည့်အခါကုသိုလ်လုပ်လျှင်လုပ်သည်။ကုသိုလ်မဖြစ်သည့်အချန်မှာအကုသိုလ် ဖြစ်ပါသည်။ကုသိုလ်မလုပ်နိုင်သောပုဂ္ဂိုလ်သည်အကုသိုလ်လုပ်မှာ သေချာလှပါသည်။ ကုသိုလ် အကုသိုလ်မဖြစ်လျှင် "ဘ၀င်စိတ်" ဖြစ်မည်။ ၄င်းမှာ အိပ်ပျော်နေချိန် ဖြစ်သောစိတ် ဖြစ်သည်။

ထိုကဲ့သို့ပင် ဒုစရိုက်၊ သုစရိုက်ကိုလည်း အားလုံးနားလည်ထားသင့်သည်။ ဒုဆိုသည်မှာ မကောင်းသော၊ အပြစ်နှင့်တစ်ကွဖြစ်သော၊ အပါယ်(၄)ပါးကို ကျရောက်နိုင်သော လို့အဓိပ္ပါယ်ရပါသည်။ စရိုက်ဆိုသည်မှာ အကျင့်ဖြစ်သည်။ ဒုစရိုက်ဆိုသည်မှာ မကောင်းသော၊ အပါယ်(၄)ပါးသို့ ကျရောက်နိုင်သော၊ အပြစ်ကိုဖြစ်စေသော အကျင့်ဖြစ်သည်။ သုစရိုက်မှာဒုစရိုက်၏ဆန့်ကျင်ဘက်ဖြစ်သည်။ ကောင်းမြတ်သောအကျင့်ဖြစ်သည်။ ဒုစရိုက်ဆယ်ပါး ရှိရာ အုပ်စုအနေနှင့် (၃)အုပ်စုရှိသည်။ ကာယဒုစရိုက်(၃)ပါး၊ ၀စီဒုစရိုက်(၄)ပါး၊ မနော ဒုစရိုက်(၃)ပါးဖြစ်ပြီး ပထမအုပ်စုကာယဒုစရိုက်မှာ သတ်ခြင်း၊ ခိုးခြင်း၊ ဖောက်ပြန်ခြင်း။ ဒုတိယအုပ်စု ၀စီဒုစရိုက်မှာ လိမ်ခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစကားပြောခြင်း၊ အချည်းနှီးသိမ်ဖျင်းသော စကားပြောခြင်း ဖြစ်ပြီး၊ တတိယ အုပ်စု မနောဒုစရိုက်မှာ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဠိ တို့ဖြစ်သည်။

အဘိဇ္ဈာမှာသူတစ်ပါးပစ္စည်းကိုမတရားလိုချင်ခြင်း၊ဗျာပါဒမှာသူတစ်ပါးကို နှိပ်စက်ညှင်းဆဲ သတ်ဖြတ်လိုခြင်း၊ မိစ္ဆာဒဠိမှာ အယူမှား၊အမှတ်မှားခြင်းတို့ ဖြစ်သည်။ မနောဒုစရိုက်သုံးမျိုးတွင် အဆိုးဆုံးသည် မိစ္ဆာဒိဠိဖြစ်သည်။ မိစ္ဆာဒိဠိကြောင့်သာလျှင် အပေါ်က ဒုစရိုက်ကိုးမျိုးကို ကျူးလွန်ခြင်းဖြစ်သည်။
မိစ္ဆာဒိဠိ ကြောက်စရာကောင်းပုံကို ဘုရားရှင် ဆုံးမတော်မူသည်မှာ"ဦးခေါင်းမီးလောင်၊ ရင်ဝလှံစူးလျှင် ခဏထား၍ရသည်။ မိစ္ဆာဒိဌိကို အရင်ဆုံးပယ် သတ်နိုင်အောင် ကျင့်ကြံကြပါရန်" တိုက်တွန်းတော်မူသည်။ "ဦးခေါင်းမီးလောင်၊ ရင်ဝလှံစူးလျှင် တစ်ဘ၀ပဲသေပြီး မိစ္ဆာဒိဌိနှင့်ဆိုလျှင် တစ်သံသရာလုံး အိုလို့မဆုံး သေလို့ မဆုံး ဖြစ်နေမည်" လို့ ဆုံးမတော်မူခဲ့သည်။

ဒုစရိုက်မှာ အခြေခံအားဖြင့် ဆယ်ပါးဖြစ်ပြီး ပွားလိုက်လျှင် လေးဆယ်ရသည်။ အုပ်စုအားဖြင့် (၄)အုပ်စု ဖြစ်သည်။ ပထမအုပ်စုကဆယ်ပါးလုံးကိုယ်တိုင်ကျူးလွန်ခြင်း။ ဒုတိယအုပ်စုကတစ်ပါးသောပုဂ္ဂိုလ်ကို စေခိုင်းခြင်းဖြင့် ကျူးလွန်ခြင်း၊ တတိယအုပ်စုကတစ်ပါးသောပုဂ္ဂိုလ်ကိုသွယ်ဝိုက် သောနည်းဖြင့်ကျူးလွန်ရန်အားပေးခြင်း၊စတုတ္ထအုပ်စုမှာတစ်ပါးသူကကျူးလွန်နေချိန်မှာစိတ်ထဲမှဝမ်း မြောက်ခြင်းဖြစ်သည်။ ဒုစရိုက် လေးဆယ်ရှိသလို၊ ပြောင်းပြန်ပြန်၍ သုစရိုက်ဆယ်ပါးပွားလျှင်လည်း အပွားလေးဆယ် ရပါသည်။ ဒုစရိုက်ဆယ်ပါး၊ အပွားလေးဆယ်ကို ကျူးလွန်သော ပုဂ္ဂိုလ်များအားလုံး အပါယ်ကျမှာ ဖြစ်ပါသည်။

အပါယ်(၄)ပါးတွင် ပြိတ္တာ၊ငရဲ၊တိရစ္ဆာန်၊အသူရကာယ်သည်အကျိုးတရားလေးပါးဖြစ်ပြီး အကြောင်းတရားလည်း လေးပါးရှိပါသည်။ လောဘကြောင့်ပြိတ္တာဖြစ်သည်။ ဒေါသကြောင့်ငရဲရောက်သည်။ မောဟ ကြောင့်တိရစ္ဆာန်ဖြစ်ပြီး၊မာနကြောင့်အသူရကာယ်ဖြစ်သည်။ ထိုအကြောင်းတရားတွေ လုပ်နေသမျှကာလပတ်လုံး အပါယ်ဘေးက လွတ်မည်မဟုတ်။ ထိုအကြောင်းတရားများကို ပတ်သက်ဖို့ ဒါန၊ သီလ၊ သမထလောက်နှင့်မဖြစ်နိုင်ပေ။ ထိုသုံးမျိုးကို လုပ်နေသမျှ ကံအကျိုးပေးကိုရပြီး ကံလမ်းသာလျှင် ဖြစ်သည်။ဝိပဿနာ ဘာဝနာကတော့ ဉာဏ်လမ်းဖြစ်ပြီး လုပ်သလောက် တက်ပါ သည်။ ယနေ့ ဗုဒ္ဓဘာသာဝင် အများစုသည် ဒါန၊ သီလ၊ သမထ ဘာဝနာကို လုပ်ကြပါသည်။

သို့သော် ၀ိပဿနာ ဘာဝနာမှာ အလှမ်းဝေးနေတာကို တွေ့ရပါသောကြောင့် ယနေ့ ၀ိပဿနာကို အလေးအနက်ဟောခြင်းဖြစ်ပါသည်။ မြေကြီးကနေ တာဝတိံသာအထိ ပုံပြီး လှူ၊ သီလကို ကြိုက်သလောက် ထိန်း၊ သမထကိုလည်း မြေလျှိုး၊ မိုးပျံ ကြိုက်သလောက်ကျင့်၊ ဒါတွေလုပ်လို့ အပါယ်က လွတ်ပါတယ်လို့ ပြောလျှင် မှားပါသည်။

သူ့အကျိုးပေးရှိသလောက် အကျိုးပေးရနိုင်ပေမယ့် အပါယ်လွတ်ရန်မသေချာပါ။ ဒါန၊ သီလ၊ သမထ သုံးမျိုးမှာ ဘုရားမပွင့်သည့် သာသနာပမှာ လည်းရှိသည်။ ဘာသာခြားများလည်း လုပ်နိုင်ပါသည်။ မလုပ်နိုင်သောအကျင့်မှာဝိပဿနာပင်ဖြစ်သည်။ဒါန၊သီလ၊သမထမှာအခြေခံမျှသာဖြစ်ပြီး အတန်းအနေနှင့်ပြောလျှင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမျှသာဖြစ်သည်။ တက္ကသိုလ်မရောက်ပေ။ ဘွဲ့ယူနိုင်ဖို့အလှမ်းဝေးပါသည်။ထိုသုံးမျိုး အခြေခံပြီး ၀ိပဿနာကို လုပ်မှသာ အပါယ်လွတ်မည်ဖြစ်သည်။ ကံအကျိုးပေးရှိသလောက် လူ၊ နတ်၊ ဗြဟ္မာချမ်းသာကိုရရှိမှာဖြစ်ပြီး၊ကုန်ပြီဆိုသည် နှင့်ပြန်ဆင်းပြီးအပါယ်ရောက်မှာဖြစ်သည်။ တကယ်တမ်း မှာ အပါယ်တံခါးမပိတ်ပါ။ဝိပဿနာ ဘာဝနာကို ပွားများပါက အကျိုးပေးပြန်မကျဘဲ လုပ်လေတက်လေဖြစ်ပြီး အပေါ်သို့သာ တိုးတက်နေပါသည်။ ဥပမာ..ဒါန၊ သီလ၊ သမထသည် ပိုက်ဆံချမ်းသာခြင်းနှင့်တူသည်။ ပိုက်ဆံကုန်လျှင်ဆင်းရဲသားပြန် ဖြစ်သလိုဒါန၊သီလ၊သမထအကျိုးပေးကုန်လျှင်လည်း အပါယ်ပြန်ဆင်းသည်။ ၀ိပဿနာဘာဝနာမှာ သင်ကြားတတ်မြောက်ထားသည့် ပညာနှင့်တူသည်။ ဘယ်လောက်သုံးသုံး မကုန်နိုင်ပေ။

ထို့ကြောင့်လည်း ၀ိပဿနာမလုပ်သေးလျှင် အပါယ်သို့ ကျရောက်နိုင်သေးကြောင်း ထင်ရှားလွန်းလှသဖြင့် သတ္တ၀ါအားလုံးတို့အား ၀ိပဿနာ ဘာဝနာ အကျင့်ကို အမြန်ဆုံး ကျင့်ကြရန် တိုက်တွန်းခြင်းဖြစ်ပါသည်။


Ashin Mu Nain Da
အပါယ်သို့ကျရောက်ပုံကိုအခြေခံဗုဒ္ဓသာသနာဝင်အားလုံးသိပြီးသားဖြစ်သည်။ဤနေရာတွင်ကုသို၊အကုသိုလ်

ခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ အမျိုးသမီး မြစ်ထဲကျ သေဆုံးမှု တာဝန်ကျ ရဲများကို ခုံရုံးဖွဲ့စစ်

ရွှေ ၃၀ ကျပ်သား ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးခံရသူ အမျိုးသမီးတစ်ဦး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်အတွင်း ပြုတ်ကျ သေဆုံးမှုကြောင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များကို အကျယ်ချုပ်ဖြင့် ဖမ်းဆီးကာ စုံစမ်းရေး ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

တရုတ်ပြည်က အဖေနဲ့ သားတို့ရဲ့ ဒေါသဖြင့် ကားချင်း တိုက်ပြီး ဖြေရှင်းပုံ

တရုတ်ပြည်က အဖေနဲ့ သားတို့ရဲ့ ဒေါသဖြင့် ကားချင်း တိုက်ပြီး ဖြေရှင်းပုံ
Saturday, June 22, 2013

တရုတ် မီဒီယာတခုမှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြသွားတဲ့ မိုက်မိုက်ကမ်းကမ်း ကားတိုက်မှုတခုပါ။ 
ထူးဆန်းတာက ဖခင်နဲ့ သား ဖြစ်သူတို့က ဒေါသတွေကို မြို့ထဲက မီးပွိုင့် အနီး ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ကားချင်း တိုက်ကြတဲ့ အဖြစ်ပါ။
သူတို့ ကိုယ်စီ မောင်းလာတဲ့ အကောင်းစား ဇိမ်ခံကား မာစီးဒီး ကားနဲ့ ဘီအမ်ဒဗလျူ ကားတွေလည်း ဖြစ်ပါတယ်။

အဖေ ဖြစ်သူ မောင်းလာတဲ့ မာစီးဒီး ကား နဲ့ သားဖြစ်သူရဲ့ ဘီအမ်ဒဗလျူ ကားတို့တိုက်တဲ့ ဖြစ်စဉ်ဟာ သတင်းရဲ့ အဆိုအရ အိမ်က မိသားစု အမျက်ဒေါသကို လမ်းပေါ် ထိ သယ်လာပြီး လမ်းလယ်ခေါင် မီးပွိုင့် တခုမှာ အဖေဖြစ်သူက သားဖြစ်သူ ကားကို မိုက်မိုက်ကန်းကန်း လိုက်တိုက်လိုက်တဲ့ ဖြစ်စဉ်ပါ။ 

ဒါကို CCTV က မှတ်တမ်းတင်ထားတာဖြစ်ပြီး တရုတ်မီဒီယာတခုက ယမန်နေ့က တင်ပြလာခဲ့တာပါ

ဗီဒီယို ကြည့်ရန်လင့်>> http://www.youtube.com/watch?v=ZIRmWzd3A1Q&feature=player_embedded

ဧရာဝတီ
တရုတ် မီဒီယာတခုမှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြသွားတဲ့ မိုက်မိုက်ကမ်းကမ်း ကားတိုက်မှုတခုပါ။
ထူးဆန်းတာက ဖခင်နဲ့ သား ဖြစ်သူတို့က ဒေါသတွေကို မြို့ထဲက မီးပွိုင့် အနီး ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ကားချင်း တိုက်ကြတဲ့ အဖြစ်ပါ။

အမေရိကန် သမ္မတ အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက်များ လျှို့ဝှက် တီထွင်ခဲ့သူအား ဖမ်းဆီး

Photo: အမေရိကန် သမ္မတ အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက်များ လျှို့ဝှက် တီထွင်ခဲ့သူအား ဖမ်းဆီး 
Saturday, June 22, 2013

အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက် များလျှို့ဝှက် တီထွင်ခဲ့သည့် အမေရိကန် နိုင်ငံသား တစ်ဦးကို FBI အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ 

နယူးယောက်မြို့မှ အသက် ၄၉ နှစ် အရွယ်ရှိ ဂလန်ဒန် စကော့တ် ခရောဖို့ဒ်ဆိုသူ အမျိုးသား တစ်ဦးသည်
X-Ray ရောင်ခြည်သုံး လက်နက် များ တီထွင်မှုကို ရှစ်လကြာ အချိန်ယူခဲ့ရပြီး ၄င်းလက်နက်များသည် သေစေနိုင်သော ဓာတ်ရောင်ခြည်များကို ထုတ်လွှတ်နိုင်ပြီး အဝေးမှ လှမ်း၍ ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်နိုင်ကြောင်း FBI အဖွဲ့က ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ လက်နက်များ တီထွင်မှုတွင် နယူးယောက်မြို့ အသက် ၅၄ နှစ်အရွယ်ရှိ အဲရစ်ဂျေ ဖိတ်ဆိုသူ အမျိုးသား တစ်ဦးလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး ၄င်းတို့နှစ်ဦးကို ဇွန် ၁၈ ရက်က ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း FBI အဖွဲ့က ပြောကြားထားသည်။

မြ၀တီ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက် များလျှို့ဝှက် တီထွင်ခဲ့သည့် အမေရိကန် နိုင်ငံသား တစ်ဦးကို FBI အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

မီးခိုးမြူတားဆီးနိုင်အောင် အင်ဒိုနီးရှားတောမီးငြိမ်းသတ်

မီးခိုးမြူတားဆီးနိုင်အောင် အင်ဒိုနီးရှားတောမီးငြိမ်းသတ် 
Saturday, June 22, 2013

စင်္ကာပူနိုင်ငံမှာ စံတင်လောက်အောင် မီးခိုးမြူတွေ ဖုံးလွှမ်းစေတဲ့ တောင်ယာ သစ်တောမီးတွေ ငြိမ်းသွားစေဖို့ အင်ဒိုနီးရှား အစိုးရက ရဟတ်ယာဉ်တွေ သုံးပြီး မီးငြိမ်းသတ်ပေးနေပါတယ်။

ငြိမ်းလို့ မနိုင်အောင်ဖြစ်နေတဲ့ မီးကို ရဟတ်ယာဉ်နဲ့ ရေဖြန်းငြိမ်းသတ်ပေးနေသလို မကြာခင်ရက်တွေအတွင်းမှာလည်း သဘာဝမဟုတ်တဲ့ မိုးအတု ရွာသွန်းအောင် တိမ်တိုက်တွေဖန်တီးပေးပြီး မီးငြိမ်းဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

စင်္ကာပူနိုင်ငံရဲ့ လေထုညစ်ညမ်းမှု အညွှန်းကိန်းဟာ သောကြာနေ့ နေ့လည်မှာ  ၄၀၀ အထိ တိုးသွားပြီး  ဆိုးဝါးတဲ့ နောက်ထပ် စံချိန်သစ် တင်လိုက်ပြီ ဖြစ်ပါတယ်။  ဒါဟာ မြို့နေလူထုအတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာ အတော်ဆိုးဝါးတဲ့အန္တရာယ်ရှိတဲ့ အဆင့်ဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း လေထုညစ်ညမ်းမှု အခြေအနေ အတော်ဆိုးတဲ့ဒဏ်ကို ခံနေကြရတာပါ။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong  က တနင်္လာနေ့ ကစပြီး စင်္ကာပူနိုင်ငံတဝှမ်း လွှမ်းခြုံနေတဲ့  မီးခိုးမြူတွေဟာ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလ  ခြောက်သွေ့ရာသီလောက်ကျမှ ကင်းရှင်းမယ့် အနေအထား ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
စင်္ကာပူ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဌာနက အကြီးအကဲ Andrew Tan ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စိုက်ပျိုးရေး ကုမ္ပဏီတွေကို ဈေးသက်သာတဲ့ တောင်ယာ မီးရှို့တဲ့စံနစ်မသုံးအောင် အစိုးရက သေသေချာချာ လုပ်ဆောင်ဖို့လိုတယ်လို့ တောင်းဆိုခဲ့ပါတယ်။ 

VOA Burmese
မီးခိုးငွေ့များဖုံးလွှမ်းနေသော စင်္ကာပူနိုင်ငံက မနက်ခင်းနေထွက်လာချိန်။
မီးခိုးငွေ့များဖုံးလွှမ်းနေသော စင်္ကာပူနိုင်ငံက မနက်ခင်းနေထွက်လာချိန်။
စင်္ကာပူနိုင်ငံမှာ စံတင်လောက်အောင် မီးခိုးမြူတွေ ဖုံးလွှမ်းစေတဲ့ တောင်ယာ သစ်တောမီးတွေ ငြိမ်းသွားစေဖို့ အင်ဒိုနီးရှား အစိုးရက ရဟတ်ယာဉ်တွေ သုံးပြီး မီးငြိမ်းသတ်ပေးနေပါတယ်။

နာမည်ကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူ၏ပုံကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် ဖော်ပြထားမှုအား သံဃာတော်များ၊ ဂျာနယ်လစ်များနှင့် ပြည်သူအများ လက်မခံ

6.21.10
ဇူလိုင်လတွင် ထွက်ရှိမည့် Time Magazine ၏ မျက်နှာဖုံး၌ ဦးဝီရသူ၏ ပုံအား ဖော်ပြကာ The Face of Buddhist Terror ဟု စာတမ်းရေးထိုး ထားပါသည်။ ထိုဖော်ပြချက်များအား ဖေစ့်ဘွတ်သုံးသူ အလွှာ အသီးသီးက အမြင်အမျိုးမျိုးဖြင့် ဝေဖန်မှုများလည်း ရှိနေခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အကြိုအစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးအချို့ တက်ရောက်ခဲ့သည်ဟု သတင်းထွက်ပေါ်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အကြိုအစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးအချို့ တက်ရောက်ခဲ့သည်ဟု သတင်းထွက်ပေါ်
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အကြို အစည်းအဝေးကို ဇွန် ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အကြိုအစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အကြိုအစည်းအဝေး ကျင်းပနေချိန်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့မှ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးအချို့ တက်ရောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့အတူ သတင်းထောက်များကိုလည်း ၀င်ရောက် သတင်းရယူခွင့် မပြုခဲ့ဘဲ ဇွန် ၂၂ ရက် နှင့် ၂၃ ရက်များတွင် ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးများကိုလည်း သတင်းရယူခွင့်ပြုရန် ညွှန်ကြားထားခြင်း မရှိသေးကြောင်း ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဗဟိုကော်မတီ အကြိုအစည်းအဝေးကို နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ''ကျွန်တော်တို့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေကို ကျွန်တော်တို့ အနေနဲ့ ပြောခွင့်မရှိပါဘူး။ ပါတီပြန်ကြားရေး တာဝန်ခံ ရှိပါတယ်။ သူတို့ကနေ ထုတ်ပြန်ဖို့ လိုတာရှိရင် ထုတ်ပြန်ပါလိမ့်မယ်။ နောက်ရက်တွေမှာ ဆက်လက် ကျင်းပမယ့် ပါတီအစည်းအဝေး တွေကိုလည်း သတင်းရယူခွင့် ပြုဖို့မရှိပါဘူး။ အစည်းအဝေးတွေ အားလုံးပြီးတဲ့နောက်မှာ လိုအပ်ရင် သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိပါတယ်'' ဟု ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုဆိုင်ရာ သဘောထားများ၊ လာမည့် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုမည့် ဥပဒေကြမ်း ၁၃ ခုနှင့် ပတ်သက်သည့် သဘောထားများ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်မည့် သူများကို အဆိုပြုမည့် အစီအစဉ်များ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် တစ်ဦးက ဆွေးနွေးပွဲ မတိုင်မီ ပြောကြားသည်။

http://www.news-eleven.com/politics/20300
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အကြို အစည်းအဝေးကို ဇွန် ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံလူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား စောင့်ကြည့်အဆင့် (၂) အဖြစ် သတ်မှတ်ထား

အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား စောင့်ကြည့် အဆင့်(၂) အဖြစ် သတ်မှတ် ထားကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟို အဖွဲ့ခေါင်းဆောင် ရဲမှူးကြီး ၀င်းနိုင်ထွန်း က ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်လို၍ နိုင်ငံရေး ကစားကွက်ရွှေ့ခြင်း မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း ပြောကြား

6.21.3
နေပြည်တော်တွင် ဇွန် ၁၀ ရက်က သမ္မတဦးသိန်းစိန်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS\SSA) ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့အား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်အဖွဲ့နှင့် အရေးတယူ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းမှာ '၀' အဖွဲ့ကို ချုပ်ကိုင်

မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေများဖြင့် ရောက် ရှိနေ သူ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အနက် ပြစ်ဒဏ် သက်တမ်း စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသူ ၁၇၅ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း မလေးရှား နိုင်ငံ သို့ ရောက်

NLD နှင့် ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ပြန်လာလျှင် ဗဟိုကော်မတီသို့ ရှင်းရမည်ဟု မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းတွင် ဖော်ပြထား

NLD နှင့် ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ပြန်လာလျင် ဗဟိုကော်မတီသို့ ရှင်း ရမည်ဟု မြန်မာသံတော်ဆင့် အပတ်စဉ် သတင်း အတွဲ ၂၊ အမှတ် (၁၅)တွင် ဖော်ပြထားသည်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၆ တွင် ဖော်ပြထား

6.21.4
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့သော မောင်တောမြို့နယ်တွင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ်
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် သန်း ၁၈၀ ကျော် ကူညီမည်

6.21.5
ဗြိတိန်ဖွံ့ဖြိုးရေး ၀န်ကြီးနှင့်အဖွဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီအတွက် ရှင်းလင်းစဉ်
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အပါ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမေရိကန်အစိုးရ အနေဖြင့် အကောင်းဆုံး အထောက်အပံ့ ပေးသွားမည်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အမေရိကန် အစိုးရအနေဖြင့် အကောင်းဆုံး အထောက် အပံ့ ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး နိုင်ငံရေးအရာရှိ Eviu Welstu-Wain က ပြော ကြားသည်။

မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများတွင် လူ ၄၅၀၀ ကျော် ခိုလှုံနေရဆဲဖြစ်

6.21.7
မိထ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းတစ်ခုအတွင်း ခိုလှုံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)
မိထ္ထီလာမြို့တွင် မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူပေါင်း ၉၀၀၀ ကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေခဲ့ရာမှ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ

မြန်မာပြည်တောင်ပိုင်း ကျွန်းများတွင် သဘာဝဦးစားပေး ခရီးသွားလုပ်ငန်း များကိုသာ လုပ်ကိုင်သင့်ကြောင်း လေ့လာသူများ သုံးသပ်

6.21.8
ပလောကာကျမ်းကျွန်းကမ်းခြေတွင် လာရောက်ရေကစားနေသူများ(ဓာတ်ပုံ-ဇော်မိုးဦး(မြိတ်))
မြန်မာနိုင်ငံ တောင်ဘက်ပိုင်းရှိ ကျွန်းများမှာ သဘာဝအတိုင်း တည်ရှိနေသေးသည့် အတွက် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှုများပြားလာနေပြီး ခရီးသွား လုပ်ငန်းများကို ဖော်ဆောင်ပါက သဘာဝကို

မလေးရှား အကြမ်းဖက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများနှင့် အခက်အခဲကြုံတွေ့နေသူ ၃၀၀ ကျော် ဇွန် ၂၂ ရက်(ယနေ့)မှ စတင်ပြီး ဇွန် နောက်ဆုံးပတ်အထိ ဆက်တိုက်ရောက်ရှိမည်

မလေးရှား အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနှင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ အပါအ၀င် မလေးရှား၌ အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသား အလုပ်သမား ၃၀၀ ကျော်သည် ဇွန်

မလေးရှားရောက် မြန်မာအလုပ်သမားများ အတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်လျှောက်လွှာများ လက်ခံ

မလေးရှားရောက် မြန်မာအလုပ်သမားများအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီး ဌာနမှ ဇွန် ၁၈ ရက်မှ စ၍ အလုပ်လျှောက်လွှာများ လက်ခံလျက် ရှိကြောင်း အဆိုပါ ၀န်ကြီးဌာနမှ သိရသည်။

ဇွန် ၂၁ ရက် ပြင်ပငွေလဲနှုန်း ကျပ် ၉၉၀ ၀န်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့

6.21.12
ယခုရက်ပိုင်းအတွင်း မြင့်တက်လာသော နိုင်ငံခြားငွေ လဲနှုန်းသည် ဇွန် ၂၁ ရက် နံနက်ပိုင်း ပြင်ပငွေ လဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ ၀န်းကျင်အထိ ဈေးနှုန်း မြင့်တက်လာခဲ့သော်လည်း

၂၀၁၃ ခုနှစ် UNESCO ၏ ကမ္ဘာ့မှတ်ပုံတင်စာရင်းတွင် ကုသိုလ်တော်ဘုရားမှ ကျောက်စာများ ရွေးချယ်ခံရ

မန္တလေးတောင်ခြေရှိ ကုသိုလ်တော် ဘုရားမှ ကျောက်စာများ အပါအ၀င် ကမ္ဘာ့အမွေအနှစ် အချို့ကို ယခုနှစ်အတွက် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) ၏ ကမ္ဘာ့