Wednesday, June 26, 2013

ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချောက်အတွင်းကျ

Photo: ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချောက်အတွင်းကျ
Wednesday, June 26, 2013

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာချီလိတ်-မိုင်းဆတ် လမ်းမကြီး ဖက်ယိတောင်ကုန်း အဆင်းတွင် ဆွမ်းစားပြန်လာသော သံဃာ ငါးပါးနှင့် လူတစ်ဦး လိုက်ပါလာသည့် ယာဉ်သည် ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က အရှိန်လွန်ကာ ပေ၂၀၀ကျော် အနက်ရှိ ချောက်အတွင်း ပြုတ်ကျ ခဲ့ရာ ရွှေတောင်တန်း ပရဟိတကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ပျံလွန်တော်မူခဲ့ကြောင်း သွားရောက် ကယ်ဆယ်ခဲ့သည့် ရွှေတာ ချီ ခရီးသွားလုပ်ငန်းမှ ကော်မတီဝင် ဦးကျော်မြင့်က ပြောကြားသည်။

ယာဉ်မောင်း မောင်းနှင်လာသည့် နီညိုရောင် Surf ယာဉ်ကို ကျောင်းထိုင် ဆရာတော် ဦးဥာဏဓဇက ဖယ်ခိုင်းကာ ကိုယ်တိုင် မောင်းနှင်ရာမှ ခဏအကြာတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ကျခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းနှင့် ယာဉ်ပေါ် လိုက်ပါလာသူ သံဃာများ၏ ပြောကြားချက်ကို ကိုးကား၍ သွားရောက် ကယ်တင်ခဲ့သည့် မေတ္တာရှင် သာရေးနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုဆန်းက ပြောကြားသည်။

“ဘုန်းကြီးက ချောက်ထဲမှာ ကားနဲ့ ကျောက်တုံးကြား ပိနေတာကို မနည်း ဆွဲထုတ်ရတယ်။ ယာဉ် တစ်စီးကို တောင်စောင်းနားမှာကပ်ပြီး ပေ ၂၀၀ အနက်ထဲကို ကြိုးတွေနဲ့ ဆင်းဆယ်ရတာ” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အဆိုပါ သံဃာများသည် ရေပူစမ်းရွာမှ ဆွမ်းစားအပြန်တွင် ကား ချောက် ထဲကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ရွှေတောင်တန်း ပရဟိတကျောင်း တိုက် ကျောင်းထိုင်ဆရာတော် ဦးဥာဏဓဇ ၊ ဦးခေမာဝိဒ ၊ ဦးနန္ဒာသီရိ ၊ ဦးခေမာသီရိနှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏ သာမိနှင့် ယာဉ်မောင်း ဦးမောင်ညွန့်တို့ စီးနင်းလာခဲ့ရာ သက်တော် ၄၅ နှစ် အရွယ် ရွှေတောင်တန်း ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ရဟန်းလေးပါး ပွန်းပဲ့ဒဏ်ရာနှင့် ယာဉ်မောင်းသူက လက်ကျိုးခဲ့ကာ လူနာ များ မစိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

“ဆရာတော် ပျံလွန်တော်မူသွားတယ်ဆိုတော့ နှမြောဖို့ ကောင်းတယ်။ ဆရာတော်ကို မှီနေတဲ့ ကလေးတွေ အများကြီးပဲ” ဟု ဆရာတော်၏ ရုပ်ကလာပ်ကို လာရောက် ဖူးမြော်သူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ရွှေတောင်တန်း ပရဟိတ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ကလေးများကို ကျောင်းသို့ ခေါ် ယူကာ လိမ္မာရေးခြား ရှိရေးနှင့် အတတ်ပညာများကို ဆရာတော်ကိုယ်တိုင် သင်ကြားပေးလျက်ရှိပြီး၊ အခြားမြို့များသို့ ကျောင်းသားများကို ပညာသင် စေလွှတ်ခြင်းများလည်းရှိကြောင်း တာချီလိတ် မြို့ခံတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ချောက်ထဲကျမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ကျ ရဲအရာရှိက ၎င်းအနေနှင့် မသိ ရှိကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာချီလိတ်-မိုင်းဆတ် လမ်းမကြီး ဖက်ယိတောင်ကုန်း အဆင်းတွင် ဆွမ်းစားပြန်လာသော သံဃာ ငါးပါးနှင့် လူတစ်ဦး လိုက်ပါလာသည့် ယာဉ်သည် ဇွန်လ ၂၅

မှိုစားပြီးနောက် ၂နှစ်သမီး အပါအ၀င် မိသားစုတစုလုံးနီးပါး သေဆုံး

တောင်ယာမှအပြန် ကျွဲချေးမှိုကောက်ပြီး မိသားစုနဲ့အတူ အိမ်မှာချက်ပြုတ်စားသောက်ခဲ့လို့ မိခင်နဲ့အတူ သားသမီး လေးဦးသေဆုံးသွားခဲ့ရတယ်လို့ သေဆုံးသူမိသားစုများကို ပြုစုကုသပေးခဲ့တဲ့ သားဖွား ဆရာမ က ပြောပါတယ်။

တရုတ်နိုင်ငံတွင် မုန်တိုင်းကြောင့် မွေးမြူရေးခြံစည်းရိုး ပျက်စီး၊ မိကျောင်း ၁၀၀ ကျော် လွတ်မြောက်သွားခဲ့

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျို့မြို့တွင်းရှိ မွေးမြူရေး ခြံတစ်ခြံမှ မိကျောင်းများ မကြာသေးမီက လွတ်မြောက်သွားရာ တွေ့ရှိဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် ဒေသခံများ ထိတ်လန့် ပူပန်နေကြကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ ဒေသတွင်း သတင်းများတွင် မုန်တိုင်းကြောင့် မွေးမြူရေး ခြံစည်းရိုး

ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ တရားမဝင်နည်းဖြင့် ကြီးပွားနေသူများအား ဖော်ထုတ်အရေးယူမည်

တရားမဝင်သည့် နည်းလမ်းအသုံးပြုကာ ငွေကြေးရရှိ စုဆောင်းထားကြသူများကို ငွေကြေး စုံစမ်း ထောက်လှမ်းရေးရဲတပ်ဖွဲ့က အရေးယူသွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။ ဇွန်လ ၁၅ ရက်နေ့မှ စကာ ဒုတိယရဲချုပ် ဦးစီးသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ကလေးနှင့်

ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် (အဝိုင်း) များ စိစစ်

တရားဝင်ယာဉ် မှန်/မမှန် စစ်ဆေးခြင်းများကို (၁၁-၆-၂ဝ၁၃) အင်္ဂါနေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့၌ ရှောင်တခင် စစ်ဆေးခဲ့ရာ ၂၃-၆-၂ဝ၁၃ နေ့အထိ Saloon သုံးစီး၊ Station Wagon လေးစီး၊ Light Truck တစ်စီး စုစုပေါင်း ရှစ်စီးကို တရားဝင်ယာဉ် မဟုတ်ကြောင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါသည်။ 

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တစ်နှစ် လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ မြန်မာနိုင်ငံ အတွက် ရရှိမည်

petroleumandnaturalgas-june26
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ ရရှိမည်ဖြစ်ကြောင်း CNPC မှ ရရှိသော သတင်းများ အရ သိရှိရသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမည်ပြောင်းမည်

နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ တွင်ခေါ်ဝေါ်သည့် အမည်အတိုင်း ဖြစ်စေရန် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် အမည်ပြောင်းလဲရန် နိုင်ငံတော်သမ္မတက ဇွန်လ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာသည်။

ဘာကြောင့်အမျိုးသမီးတွေ လည်စလုတ်မရှိရတာလဲ

Photo: ဘာကြောင့်အမျိုးသမီးတွေ လည်စလုတ်မရှိရတာလဲ
Wednesday, June 26, 2013

လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့ အသီးဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းကာ အမျိုးသားတွေရဲ့ လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ လည်စလုတ်ဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာ မသိသာလို့ဘဲ ဖြစ်ပါတယ်။ လည်စလုတ် အရွယ်အစားဟာ လူပျိုဖော်၊ အပျိုဖော် မဝင်ခင် အချိန်အထိ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ရောက်တဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်းတွေ များလာတာကြောင့် ယောက်ျားလေးတွေမှာ သိသာထင်ရှားစွာ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာ လည်စလုတ်ကြီးတွေ ကြီးနေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးပေါ် ဆေးပညာနည်းတွေ၊ ခေတ်ပေါ် ပလတ်စတစ် ဆာဂျရီနည်းတွေနဲ့ ပြုပြင်လို့ ရနေပြီမို့ ပူစရာ မလိုတော့ပါဘူး။ လည်စလုတ်အရွယ် သေးငယ်အောင် လေပြွန်ရိတ်နည်း (Trachea Shave) လို့ ခေါ်တဲ့ ခွဲစိတ်ပြုပြင်နည်းတွေ ရှိပါတယ်။ နာမည်က မုတ်ဆိတ်ရိတ်သလို လွယ်ကူပုံ ပေါက်နေပေမယ့် မုတ်ဆိတ်ရိတ်သလို လမ်းဘေး ဆံသဆိုင်မှာ လုပ်လို့တော့ မရပါဘူး။ ခွဲစိတ်ခန်းထဲမှာ သေချာလုပ်ရမှာပါ။ လည်ချောင်းမှာ အနည်းငယ် ခွဲပြီးတော့မှ ထင်ရှားနေတဲ့ အရိုးနုကို ဖြတ်ပစ်ရတာပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းဟာ အမျိုးသားကနေ အမျိုးသမီးဘဝ ပြောင်းချင်သူတွေ အကြား အလုပ်အများဆုံး ခွဲစိတ် ပြုပြင်နည်း တစ်ခုပဲ ဖြစ်ပါတယ်။

(ဗဟုသုတအနေဖြင့် ဝေမျှပေးလိုက်ပါသည်။)

Ref: Good Health
todaymyanmar
လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက် ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့အသီးဖြစ်တဲ့ ပန်းသီးကိုစားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့အဖြစ်အပျက်ကိုရည်ညွှန်းကာ အမျိုး သားတွေရဲ့လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ

Photo: လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
Wednesday, June 26, 2013

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကပဲ အာကာသ သိပ္ပံပညာရှင်တွေဟာ လူတွေ အသက်ရှင် နေထိုင်လို့ ရနိုင်မယ့် တစ်နည်းဆိုရလျှင် လူတွေ အသက် ရှင် နေ ထိုင် နိုင်အောင် ထောက်ပံ့ ပေးနိုင်မယ့် ကမ္ဘာနှင့် အလား တူသော ဂြိုလ်သုံးလုံးအား တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ဂြိုလ်မှာ Gliese 667Cအမည်ရှိ ဂြိုလ်ဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၂၂နှစ် အကွာအဝေး တွင် တည်ရှိကြောင်း သိရပါတယ်။ Gliese 667Cမှာ အရံဂြိုလ် ၆ ဂြိုလ်ခန့် ၀န်းရံ လည်ပတ်လျက်ရှိသော ဂြိုလ်တစ်ခု ဖြစ်ပြီး Gliese 667Cအပါအ၀င် အရံဂြိုလ် နှစ်လုံးတို့မှာ လူသားများ အသက်ရှင်နေထိုင်နိုင်လောက်သော ပတ်ဝန်းကျင်နှင့် ရာသီဥတုများရှိနိုင်ကြောင်း ဆိုပါတယ်။

ထို့အပြင် ရေများပါ တည်ရှိနေနိုင်ပြီး ထူးခြားချက် တစ်ခုအဖြစ် နေအဖွဲ့ အစည်း သုံးခု၏ အလယ်တွင် တည်ရှိသောကြောင့် နေ့အခါများတွင်
နေသုံးစင်းအား တွေ့မြင်ရနိုင်မည့် ဂြိုလ်ဖြစ်လာလိမ့်မည်ဟု သုံး သပ်ပြော ဆိုနေပါတယ်။ အဆိုပါ ဂြိုလ်များ၏ မြေထု သိပ်သည်းဆမှာ ကမ္ဘာဂြိုလ် အနီးရှိ နပ်ပဂျွန်းဂြိုလ်၏ မြေထု သိပ်သည်းဆများထက် ပိုမို ပွယောင်းကြောင်း၊ ဂြိုလ်၏ လှည့်ပတ်လမ်းကြောင်းမှာလည်း တည်ငြိမ်စွာဖြင့် ပုံမှန်လမ်းကြောင်း အတိုင်းသာ လည်ပတ်လျက်ရှိကြောင်း၊ အမြဲတမ်း လပြည့်ညများ မြင်တွေ့နိုင်မယ့် ဂြိုလ်ဖြစ်ကြောင်းတို့ကိုပါ သိရှိရပါတယ်။

www.businessinsider.com
Myanmar ICT
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကပဲ အာကာသ သိပ္ပံပညာရှင်တွေဟာ လူတွေ အသက်ရှင် နေထိုင်လို့ ရနိုင်မယ့် တစ်နည်းဆိုရလျှင် လူတွေ အသက် ရှင် နေ ထိုင် နိုင်အောင် ထောက်ပံ့ ပေးနိုင်မယ့် ကမ္ဘာနှင့် အလား တူသော ဂြိုလ်သုံးလုံးအား တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ဂြိုလ်မှာ Gliese 667Cအမည်ရှိ ဂြိုလ်ဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၂၂နှစ် အကွာအဝေး တွင် တည်ရှိကြောင်း သိရပါတယ်။ Gliese 667Cမှာ အရံဂြိုလ် ၆ ဂြိုလ်ခန့် ၀န်းရံ လည်ပတ်လျက်ရှိသော ဂြိုလ်တစ်ခု ဖြစ်ပြီး Gliese 667Cအပါအ၀င် အရံဂြိုလ် နှစ်လုံးတို့မှာ လူသားများ အသက်ရှင်နေထိုင်နိုင်လောက်သော ပတ်ဝန်းကျင်နှင့် ရာသီဥတုများရှိနိုင်ကြောင်း ဆိုပါတယ်။

ငွေစက္ကူအတုထိန်းချုပ်ရန် အထူးစစ်ဆင်ရေး တစ်ရပ်လိုအပ်နေ



Photo: ငွေစက္ကူအတုထိန်းချုပ်ရန် အထူးစစ်ဆင်ရေး တစ်ရပ်လိုအပ်နေ
Wednesday, June 26, 2013

ငွေစက္ကူအတုများ ပြည်တွင်း၌ ပျံ့နှံ့လာမှုကို တားဆီးရန်နိုင်ငံတော်အစိုးရနေဖြင့် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည်။

ငွေစက္ကူအတုများ ပြည်တွင်း၌ ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်းသွားပြီး စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲများကြုံတွေ့လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးကောင်စီဝင် စီမံခန့်ခွဲရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

“ဘယ်ကလာတယ်ဆိုတာကို အကြောင်းအရင်းရှာပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့အရေးကြီးတယ်” ဟု စီးပွားရေးပညာရှင်ဦးလှမောင်ကလည်း ပြောသည်။

ငါးထောင်တန်အတုနှင့် သက်ဆိုင်သောသတင်းများ ယခုနှစ် နှစ်ပိုင်းအတွင်း ပိုအတွေ့များလာသည်။ ကျပ်ငါးထောင်တန်၊ တစ်သောင်းကျပ်တန်အတုများကို ပြုလုပ်ရာတွင် ပုံသဏ္ဍာန်မျိုးစုံနှင့် ပြုလုပ်ကြပြီး ရောင်စုံမိတ္တူကူးစက်ဖြင့် ပြုလုပ်ပါက သိသာထင်ရှားစွာ ခွဲခြားနိုင်သည်။ သို့သော် အဆင့်မြင့်စက်ကြီးများဖြင့် ထုတ်လုပ်ထားပါက ငွေစက္ကူအစစ်အတုခွဲခြားသည့်ဌာနမှ ကျွမ်းကျင်သူများကသာ သိနိုင်ကြောင်း မှုခင်းစုံစမ်းရေးဌာန (CID) မှ အငြိမ်းစားရဲမှူးတစ်ဦးက ရှင်းပြသည်။

“ထိုင်းနိုင်ငံက ၀င်လာတဲ့ ငါးထောင်တန်အတုတွေကိုတော့ ခဏခဏ ဖမ်းမိတယ်။ ဟိုအရင်တုန်းကလည်း တော်တော်များများ မိဖူးတယ်” ဟု နေပြည်တော်မှ မှုခင်းစုံစမ်းရေးဌာနအောက်ရှိ ငွေအတုစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံနယ်စပ်မှ ၀င်လာသော ငါးထောင်တန်ငွေအတုများကို နယ်စပ်များနှင့် မြို့ပေါ်တွင် မကြာခဏဖမ်းမိပြီး ရန်ကုန်မြို့ပေါ်တွင် ငါးထောင်တန်အတု ရွက်ရေအများဆုံးတစ်ရာဝန်းကျင်အထိ ဖမ်းမိဖူးကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

ထိုင်းနိုင်ငံနယ်စပ်၌သာမက တရုတ်နိုင်ငံနယ်စပ်မှလည်း ငါးထောင်တန်အတုဝင်ရောက်မှုများ ရှိခဲ့သည်။ ယခုနှစ်ဧပြီ ၂၈ ရက်တွင် ဖားကန့်မှ ကျောက်စိမ်းများဝယ်ယူရန် ငါးထောင်ကျပ်တန်အတု ၉၇၇ ရွက်(၄၈သိန်းကျော်)နှင့် ဧပြီ ၁၂ ရက်က အရွက်ရေခြောက်ထောင်(သိန်း၃၀၀)ကျပ်နှင့် တစ်သောင်းကျပ်တန် ၁၀၆၅ ရွက် (၁၀၆ သိန်းကျော်)တို့ကို မြစ်ကြီးနားမြို့တွင် ဖမ်းဆီးမိခဲ့သည်။

ထို့အပြင် ဖားကန့်မြို့နယ်နေသူတစ်ဦးက ငါးထောင်ကျပ်တန် အရွက် ၈၀၀ ကို ပခုက္ကူဘဏ်ခွဲသို့ လွှဲရာတွင် ငါးထောင်တန်အတု အရွက် ၅၀(တန်ဖိုးနှစ်သိန်းခွဲကျပ်) ကို ဘဏ်မန်နေဂျာနှင့်ပူးပေါင်းစစ်ဆေးတွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထားဝယ်မြို့နယ်၊ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း မေ ၂၁ ရက်က မြန်မာငွေစက္ကူအတု ကျပ်တစ်ထောင်တန်အရွက်တစ်ရာနှင့် ငါးရာကျပ်တန် ၁၉၄ ရွက်တို့ ကို စစ်ဆေးတွေ့ရပြီး ထိုင်းနိုင်ငံသားနှင့် ထိုင်းနိုင်ငံသူနှစ်ဦးကို ထားဝယ်မြို့မရဲစခန်းတွင်(ပ)၁၈၂ /၂၀၁၃ ပြစ်မှုပုဒ်မ ၄၈၉(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

၎င်းငွေအတုများနှင့် ဆက်စပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အင်းစိန်မြို့နယ်တို့တွင် ငွေစက္ကူတုများဖမ်းဆီးမိခဲ့သည်။မှော်ဘီမြို့နယ်တွင် နွားအရောင်းအ၀ယ်ပြုလုပ်ရာ၌ ငါးထောင်ကျပ်တန်အတုများပါဝင်လာခြင်း၊ အင်းစိန်မြို့နယ်တွင်သစ် ၀ယ်ယူရာ၌လည်း ငွေစက္ကူအတုများပါဝင်လာခြင်းဖြစ်သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကားပွဲစားခပေးရာမှ အတုများပါဝင်လာခြင်းဖြစ်ပြီး အရေးယူဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ငွေစက္ကူအတုဖမ်းမိရင် မီးခိုးကြွက်လျှောက်လိုက်ဖို့လိုတယ်။ ဒါ ကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုပဲ” ဟု ဦးလှမောင်ကဆိုသည်။

အစိုးရက ဖမ်းဆီးရမိပါက မူရင်းဒေသကို မဖြစ်မနေဖော်ထုတ် အရေးယူရန်လိုအပ်ကြောင်း ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ပြောကြားသည်။

“ဒါက ဘယ်မှာလုပ်တယ်ဆိုတာ နိုင်ငံတော်အနေနဲ့ လေ့လာစစ်ဆေးရမယ်။ ဟိုဘက်နိုင်ငံမှာ လုပ်တယ်ဆိုရင်လည်း နှစ်နိုင်ငံ စကားပြောသင့်ပြောရမယ်” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ငွေအတုအစစ်ခွဲခြားရန် ခွဲခြားနည်းများကို နိုင်ငံတော်ဗဟိုဘဏ်မှလည်း မကြာခဏထုတ်ပြန်ပေးသင့်ကြောင်း စီးပွားရေးပညာရှင်များကဆိုသည်။ ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတုများတွေ့ရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍အရေးယူမှုများရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“တစ်ရွက်တလေပါလာရင်တော့ သုံးမရအောင် ထက်ပိုင်းဖြဲပြီး စာရင်းနဲ့တကွပြန်ပေးမယ်။ ဆယ်ရွက် ၁၅ ရွက်ပါလာပြီဆိုရင်တော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အရေးယူမှုတွေ ရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ငွေစက္ကူအတုများနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အရာရှိနှစ်ဦးပါဝင်ပတ်သက်မှုများရှိသည့်အတွက် တစ်ဦးကို စစ်ဆေးအရေးယူနေကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားဖူးသည်။ ၎င်းအရာရှိနှစ်ဦးမှာ တရုတ်နိုင်ငံရှိ ငွေအတုထုတ်လုပ်သည့်လုပ်ငန်းတွင် ရှယ်ယာဝင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

“စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ မကြာခင်မှာအရေးယူမှုတွေ လုပ်ပါမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်ကငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး မေ ၃၀ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့တွင် ငါးထောင်ကျပ်တန်အတု အရွက်တစ်ရာကို ကျပ်ငါးသောင်းကျပ်နှင့်ရောင်းချမှုများရှိကြောင်း မူဆယ်မြို့မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ယင်းကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လုပ်ငန်းရှင်များမှာ ကားခရှင်းရာမှာပင် ငွေအတုအစစ်ခွဲခြားသည့်စက်များ အသုံးပြုနေရကြောင်း ၎င်းကဆိုသည်။

ပြည်သူနှင့်တိုက်ရိုက်ထိတွေ့နေသည့် အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေစက္ကူအတု အနည်းငယ်တွေ့ရှိပါက တစ်ဝက်ဖြဲ၍ယူပြီးတစ်ဝက်ကိုပြန်ပေးခြင်း၊ ငွေစက္ကူကို သုံးမရေအောင် အပေါက်များဖောက်ခြင်းတို့ပြုလုပ်ပြီး ပိုင်ရှင်အားပြန်ပေးသည်။ ထို့ကြောင့် မိမိထံတွင် ငါးထောင်တန်အတုရောက်နေပါက အစားထိုး ပြန်ရနိုင်ရန်မရှိပေ။ ထို့ကြောင့် ကံဆိုးသူထံ ငါးထောင်တန်များများ ရောက်နေမည်ဖြစ်ပြီး လတ်တလောတွင် ပြည်သူများအတွက် ငွေစက္ကူအတုနှင့် ပတ်သက်၍အကာအကွယ်မှ မရှိသေးပေ။ မိမိဘာသာအတုပါမလာအောင် ခွဲခြားစိစစ်ဖို့သာရှိသည်။

“ငွေစက္ကူကို ဗဟိုဘဏ်က ထုတ်တာဆိုတော့ အတုတွေကို ထိန်းချုပ်ဖို့ကို ဗဟိုဘဏ်က ဆောင်ရွက်ပေးရမယ်။ ကျွန်တော်တို့ ငွေတုစစ်ဆေးတဲ့ဌာနကတော့ ငွေတုတွေ့တယ်ဆိုရင် ဟုတ်၊ မဟုတ် စစ်ဆေးပြီး စနစ်တကျခွဲခြားဆုံးဖြတ်ပေးရတာ” ဟု နေပြည်တော်ငွေတု စစ်ဆေးရေးဌာနမှတာဝန်ရှိသူက ပြောကြားသည်။

ငွေတုများနှင့် ပတ်သက်၍ ဘဏ်များမှ ဖြေရှင်းဆောင်ရွက်နေသည့် နည်းလမ်းများဖြစ်သည့် ဆုတ်ဖြဲပြီး ပြည်သူကို တန်ဖိုးထပ်မံ ပေးလျော်စေခြင်းမှာ နစ်နာမှုများစွာရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ၏ လူမှုရေးဝက်ဘ်ဆိုက်တွင် ပုံနှင့်တကွဖော်ပြထားသည်။

“ဒါက ဗဟိုဘဏ်ရော သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ ပေါင်းလုပ်ဖို့လိုတယ်။ စက်တွေရှိပေမယ့် အခြေခံလူထု နားလည်ဖို့မလွယ်ဘူး” ဟု ကမ္ဘောဇဘဏ်ဒုတိယ ဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကဆိုသည်။

ငွေသားများစွာနှင့် အရောင်းအ၀ယ်ပြုလုပ်နေသည့် ရွှေဆိုင်များတွင်လည်း ငွေစက္ကူတုများပါလာမည်ကို စိုးရိမ်၍ ငွေစက္ကူအတု
တစ်ရွက်၊ ငွေစက္ကူအစစ်တစ်ရွက်ကို ခွဲခြားဖော်ပြထားပြီး ရေတွက်စစ်ဆေးနေရကြောင်း အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရေးသားသူ- ပြည်သိမ်း၊ သန်းဌေး

7Day News Journal
ငွေစက္ကူအတုများ ပြည်တွင်း၌ ပျံ့နှံ့လာမှုကို တားဆီးရန်နိုင်ငံတော်အစိုးရနေဖြင့် စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားသည်။

ဆရာတော် ဦးဝီရသူအား TIME မဂ္ဂဇင်းက အခြေအမြစ်မရှိ စွပ်စွဲတိုက်ခိုက်မှုကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကြေငြာချက်ထုတ်ပြန်။

Coral Arakan News

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိ 
Wednesday, June 26, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး

General Of The Army Sergey K.SHOIGU ၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ဇွန် ၂၃ ရက်တွင် ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၅ဝ မိနစ်တွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊  မော်စကိုမြို့ရှိ  Shere-metovo  လေဆိပ်သို့ ရောက်ရှိသည်။

လေဆိပ်တွင်   ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော်မှ Deputy Chief of General Staff, General Postnikov (AM)၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ် ကြီး ဦးတင်ယု၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး နေဝင်းနှင့် တာဝန် ရှိသူများ၊ သံရုံး မိသားစုများက ကြိုဆို နှုတ်ဆက်ကြပြီး သံရုံး မိသားစုဝင် အမျိုးသမီးငယ် တစ်ဦးက ပန်းစည်းဆက် ကြိုဆိုသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တ တည်းခိုမည့် မော်စကိုမြို့၊ Metropol ဟိုတယ်သို့ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ ကြပြီး ညအိပ် ရပ်နားခဲ့ကြောင်း သတင်း ရရှိသည်။ 

မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး

ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေးရွာ တစ်ခုမှ ပြန်ပေးဆွဲခံရ

ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေးရွာ တစ်ခုမှ ပြန်ပေးဆွဲခံရ
Wednesday, June 26, 2013

ရှစ်လသား အရွယ် ကလေးငယ် တစ်ဦးကို မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကျေးရွာ တစ်ခုကနေ လွန်ခဲ့တဲ့ တနင်္လာနေ့ ညနေက  ပြန်ပေးဆွဲသွားတယ်လို့ သိရပါတယ်။

အဲဒီသတင်းကို ဘင်္ဂလာဒေခ်ျ့ကနေ အင်္ဂလိပ်လို ထုတ်ဝေတဲ့ New Age သတင်းစာမှာ  ဒေသ သတင်းဌာန တစ်ခု ဖြစ်တဲ့ Bangladesh Sangbad Sangtha ကိုးကားပြီး ဒီကနေ့ ဖေါ်ပြရာမှာ ပြန်ပေးဆွဲသွားခဲ့တဲ့သူဟာ  သူတို့အခေါ်  (ရိုဟင်ဂျာ) သစ်ခုတ်သမား တစ်ဦးဖြစ်တယ်လို့ ဖေါ်ပြ ပါတယ်။

အဲဒီ ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ရဲ့ နာမည်က ဘီဒရိုဂျွိင် တရိပူရ (ဘ) ဟာတိရန် ထရိပူရရဲ့ သားဖြစ်တယ်လို့ ဖေါ်ပြပါတယ်။ သူတို့ နေထိုင်တဲ့ ကျေးရွာဟာ မြန်မာနဲ့ နယ်စပ်ချင်း ထိနေတဲ့ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် ရုံမော်မြို့နယ် အာဒီကာပါရာ ( Adikapara) ကျေးရွာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုံမော်မြို့နယ် ဥက္ကဌ ဦးအောင်ထွီးစိန်(မာရမာ) က အဲဒီ ရှစ်လ ကလေးငယ်ကို ပြန်ပေးဆွဲသွားသူဟာ (ရိုဟင်ဂျာ) သစ်ခုတ် သမား တစ်ဦးဖြစ်ကြောင်း ပြောဆိုပြီး ရုံမော် ရဲစခန်းကို တိုင်ကြားလိုက်တဲ့ အကြောင်း သတင်းစာမှာ ဖေါ်ပြပါတယ်။

သူက ရုံမော်ရဲစခန်းကို လိုအပ်တာတွေကို အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တယ်လို့ သတင်းစာမှာ ဆက်လက် ဖေါ်ပြထားပါတယ်။

တခြား သီးခြား ဖြစ်စဉ် တစ်ခုမှာတော့ အဲဒီဘင်ဒရိုဘင် ခရိုင်အတွင်းမှာဘဲ သူတို့ အခေါ် (ရိုဟင်ဂျာ) ဓါးပြသုံးဦးကို ဖမ်းဆီးလိုက်တယ်ဆိုပြီး “ 3 Rohingya robbers held in Bandarban” ဆိုတဲ့ ခေါင်းစဉ်နဲ့ဘဲ New Age သတင်းစာမှာဘဲ ဖေါ်ပြပါတယ်။

ဓါးပြမူနဲ့ စွပ်စွဲ ဖမ်းဆီးခံရတဲ့သူ (၃) ဦးကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အမ်း အဘာဒူရ်ဂါနီ၊ အမ်း ရော်ဖိကွီနဲ့ အမ်းချာကာတို့ ဖြစ်တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။

သူတို့ကို ဘင်ဒရိုဘင် ခရိုင် ရာဂ်ျဘီလာ Rajbila အုပ်စု အတွင်းမှာ အင်္ဂါနေ့ နံနက် အစောပိုင်းမှာ ဓါးပြ တိုက်နေစဉ် Chemichhang ရွာက ရွာသားတွေ အကူအညီနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

သူတို့ကို ကနဦး စစ်ဆေးစဉ်မှာ ဓါးပြတိုက်မူကို ကျူးလွန်ခဲ့တယ်လို့ ၀န်ခံတဲ့ အကြောင်း ဘင်ဒရိုဘင် ခရိုင် တာဝန်ကျ ရဲအရာရှိ အာမီယာ ဟူစိန်က ပြောဆိုတယ်လို့ ဆိုပါတယ်။

ရာဂ်ျဘီလာ အုပ်စု ဥက္ကဌ ခိုင်သိန်းစိန် (မာရမာ) ပြောတာကတော့ လူပေါင်း ၃၀ ခန့် ရှိတဲ့ (ရိုဟင်ဂျာ) ဓါးပြ အုပ် စု တစ်စုဟာ လွန်ခဲ့တဲ့ နှစ်လ အတွင်းကစပြီး သူတို့  ဒေသရဲ့ နေရာ အများအပြားမှာ ဓါးပြမူတွေကို တစ်ခုပြီး တစ်ခု ကျူးလွန်ခဲ့ကြတယ်လို့ ပြောဆိုတဲ့ အကြောင်း ဒီကနေ့ထုတ် New Age သတင်းမှာ ဖေါ်ပြထားပါတယ်။

narinjara
စစ်တကောင်းတောင်တန်းနယ်မှ ရုံမော်မြို့ကလေး (ဓါတ်ပုံ- အင်တာနက်)
ရှစ်လသား အရွယ် ကလေးငယ် တစ်ဦးကို မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကျေးရွာ တစ်ခုကနေ လွန်ခဲ့တဲ့ တနင်္လာနေ့ ညနေက ပြန်ပေးဆွဲသွားတယ်လို့ သိရပါ တယ်။

ပဋိပက္ခများထပ်မံ မဖြစ်အောင် စီမံချက်များ ရေးဆွဲထားသည်ဟုဆို

Photo: ပဋိပက္ခများထပ်မံ မဖြစ်အောင် စီမံချက်များ ရေးဆွဲထားသည်ဟုဆို
Wednesday, June 26, 2013

မြန်မာနိုင်ငံအတွင်း ဘာသာမတူသည့် လူအုပ်စုနှစ်ခုကြား ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခများကဲ့သို့ အလားတူဖြစ်စဉ်များ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြောဆိုလိုက်သည်။

ယင်းသို့ ဒုဝန်ကြီးက ပြောဆိုလိုက်ခြင်း မှာ ဇွန် ၂၅ တွင် စတင်ကျင်းပသည့် ပြည်သူ့လွှတ်တော်၏ သတ္တမပုံမှန် အစည်းအဝေးတွင်ဖြစ်ပြီး ပဋိပက္ခများ နောင်တွင် ထပ်မံဖြစ်ပေါ်ပါက ဟန့်တားရန်နှင့် အရေးယူဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေကြမ်းရေးဆွဲပြီး အတည် ပြုပြဌာန်းရန် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်ပြီး အမရပူရမြို့နယ်မှ လွှတ်တ်ေအမတ် ဦးသိန်းထွန်းဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ''လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရေးအတွက် တရားဥပဒေစိုးမိုး ရေးမှာ အဓိကတာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ငန်းအစီအမံ
စီမံချက်များအား ရေးဆွဲထားရှိပြီး စနစ်တကျ ထိန်းသိမ်းတားဆီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောဆိုခဲ့သည်။

သို့သော် မည်ကဲ့သို့ စီမံရေးဆွဲထားပြီး မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို အသေးစိတ်ရှင်းလင်း ပြောဆို ခဲ့ခြင်းမရှိဘဲ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန်မှာ လက်ရှိတည်ဆဲဥပဒေများနှင့် လုံလောက်မှု ရှိသောကြောင့် နောက်ထပ်ဥပဒေအသစ် တစ်ခုပြဌာန်းရန် လိုအပ်မှုမရှိကြောင်းလည်း ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၆၄ တွင် ''နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာ သနာကို အလွဲသုံးစားမပြုရ၊ ထို့ပြင်
လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း။ တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာစေရန် အကြောင်းရှိသော အပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်'' ဟု ပါရှိသည်။

ယင်းကဲ့သို့ ဥပဒေသစ် ပြဌာန်းရန်အတွက် လို၊ မလို သုံးသပ်ရန်မှာ အစိုးရ၏ လုပ်ဆောင်ပုံ၊ ကိုင်တွယ်ဖြေရှင်းပုံတို့ကိုပွင့်ပွင့်လင်းလင်းသိရန် လိုအပ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် လွှတ်တော် ခေတ္တ နားချိန်တွင် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက် ဖျက် ဆီးမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဖွဲ့ဝင် ၁ဝ ဦးပါသည့်
အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကို မတ်လ ၃ဝ ရက်တွင် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။

ကော်မတီတွင်ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဌ အဖြစ်ဆောင်ရွက်ရပြီး ကော်မတီ၏ တာဝန်မှာ အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် ပြည်နယ်အစိုးရများနှင့်ချိတ်ဆက်၍ အလျင်အမြန် နှိမ်နင်းနိုင်ရေး စီမံပေးရန်၊ လှုံ့ဆော်သူများကို ဖမ်းဆီးထိန်းသိမ်းရန်၊ ဥပဒေအရ အရေးယူနိုင်ရန်နှင့် အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်ရန်တို့ ဖြစ်သည်။

Mizzima News
မြန်မာနိုင်ငံအတွင်း ဘာသာမတူသည့် လူအုပ်စုနှစ်ခုကြား ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခများကဲ့သို့ အလား တူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီးဖြစ်ကြောင်း ပြည် ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြောဆိုလိုက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး General Of The Army Sergey K.SHOIGU နှင့် တွေ့ဆုံ ဆွေးနွေး

နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၆၅ နှစ်နှင့် နှစ်နိုင်ငံ စစ်သံ ထားရှိမှု ၄ဝ နှစ်ပြည့် ကာလတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် လာရောက်ခဲ့သည့် အတွက် သမိုင်း မှတ်တမ်းတစ် ခုဖြစ်၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံစွာ ရှင်သန် နေထိုင်ရေး အတွက် မြန်မာ့ တပ်မတော်ကို ခေတ်မီ တပ်မတော် အဖြစ် တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက် သွားမည် . . .

ဖျက်သင့်သည့် ဥပဒေများကို ဆက်လက် ကျင့်သုံးနေပါက ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နိုင်ဟုဆို

Photo: ဖျက်သင့်သည့် ဥပဒေများကို ဆက်လက် ကျင့်သုံးနေပါက ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နိုင်ဟုဆို
Wednesday, June 26, 2013

ခေတ်နှင့် မလျော်ညီသည့် ဥပဒေများ၊ မူလပြဌာန်းထားသည့် ရည်ရွယ်ချက်နှင့် ကွဲလွဲကာ ကျင့်သုံးနေသည့် ဥပဒေများကို ဆက်လက် အသုံးပြုနေပါက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်သောကြောင့် ၎င်းတို့ကို ဖျက်သင့်ကြောင်း ရှေ့နေများနှင့် လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။

“ဒီအတိုင်းဆို တိုင်းပြည် ဘယ်လိုမှ ရှေ့ရောက်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အရှေ့ကိုသွားမယ့် ကိစ္စကို နောက်ပြန် ဆွဲသလို ဖြစ်မယ်။ မလိုအပ်တော့တဲ့၊ ပြဌာန်းချက်နဲ့ လွဲနေတဲ့ ဥပဒေတွေကို ဖျက်ပြီး အများအကျိုးအတွက် ရေးဆွဲထားတဲ့၊ အသုံးပြုသင့်သေးတဲ့ ဥပဒေတွေကို ထားသင့်ရင် ဆက်ထားရမယ်” ဟု ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးကိုနီက ဆိုသည်။

ဖျက်သင့်သည့် ဥပဒေရှိသကဲ့သို့ မဖျက်သင့်ဘဲ ပြင်ဆင် အသုံးပြုသင့်သည့် ဥပဒေများလည်း ရှိကြောင်း၊ ၎င်းတို့ကို ပြင်၍ အသုံးပြုသင့်ကြောင်း၊ ထို့အပြင် ပြောင်းလဲသွားသည့် ခေတ်စနစ် များအရ အသစ်ရေးဆွဲသင့်သည့် ဥပဒေကို ရေးဆွဲ သင့်ကြောင်း၊ ယခုမူ ထိုသို့ မဟုတ်သောကြောင့် တိုင်းပြည်အတွက် အနှောင့်အယှက် တခုကဲ့သို့ ဖြစ်နေကြောင်း ရှေ့နေများက ပြောသည်။

“ပြင်ပြီးသုံးနေတဲ့ ဥပဒေတွေက သက်သေခံဥပဒေ၊ တရားမ ကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ။ ဒီဥပဒေတွေက အရမ်း ကောင်းတယ်။ ပြင်ပြီး သုံးနေတုန်းပဲ။ လိုရင် ခေတ်သစ်နဲ့ မညီရင် ပြင်ရုံပဲရှိတယ်။ ဒီထက် ကောင်းတဲ့ ဥပဒေတခုနဲ့ အစားထိုးရေးလို့ မရအောင် စနစ်တကျနဲ့ အင်္ဂလိပ်တွေ ရေးဆွဲပေးထားတဲ့ ဥပဒေတွေ” ဟု ရှေ့နေ ဦးကိုနီက ဆိုသည်။

ပြင်ဆင်၍ မရတော့သည့် အင်္ဂလိပ်အစိုးရက ပြဌာန်းခဲ့သော ဥပဒေများမှာ တရားမဝင် အသင်းအဖွဲ့များ ဥပဒေ၊ အသရေ ဖျက်မှု ဥပဒေပုဒ်မ ၅၀၀၊ မြန်မာအစိုးရ၏ လျှို့ဝှက် ဥပဒေ၊ မြို့ရွာ၊ ကျေးလက် ဥပဒေတို့ဖြစ်ပြီး ဒီမိုကရေစီခေတ်က ပြဌာန်း ခဲ့သည့် ဥပဒေများတွင် အရေးပေါ် စီမံမှုဥပဒေ၊ ဆိုရှယ်လစ်ခေတ်တွင် ပြဌာန်းခဲ့သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် အက်ဥပဒေများအပြင် တပ်မတော်အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်သည့် ဥပဒေ၊ ကွန်ပျူတာ နည်းပညာဖွံ့ဖြိုးရေး ဥပဒေနှင့် ကြိုးမဲ့ ကြေးနန်း အက်ဥပဒေတို့ ဖြစ်ကြောင်း သိရသည်။

“၁၉၅၀ ပြည့်နှစ်က ဆွဲခဲ့တဲ့ အရေးပေါ် စီမံမှုဥပဒေဆိုရင် ရောင်စုံသူပုန်တွေ ထလို့ ပြဌာန်းခဲ့တယ်။ ရောင်စုံသူပုန် ပြီးတာ ကြာပြီ ဖြစ်ပေမယ့် ဒီဥပဒေကို မဖျက်ဘဲ ပြည်သူတွေကို ဒီဥပဒေနဲ့ နှိပ်ကွပ်ခဲ့တယ်။ နောက်တခုက ဥပဒေ ပုဒ်မ ၆ အသင်းအပင်း ဖွဲ့စည်းခြင်းဥပဒေ။ ဒီဥပဒေဟာ ၁၉၈၈ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အဖွဲ့အစည်း တွေရဲ့ အနှောင့်အယှက်က ကာကွယ်ဖို့ ပြဌာန်းခဲ့တဲ့ ဥပဒေ၊ တက်လာတဲ့ အစိုးရတွေက အရပ်ဘက် လူ့အဖွဲ့အစည်းတွေ မပေါ်လာဖို့၊ အရပ်ဘက် အဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖို့ ဒီနေ့အထိ သုံးနေတယ်” ဟု အလုပ်သမားများအတွက် ဆောင်ရွက် ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

အထက်ပါ ဥပဒေများကို မဖျက်ခြင်းသည် ဒီမိုကရေစီ စနစ်ကို လက်မခံနိုင်သေးဟု ပြောသည်နှင့် အတူတူပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက အဆိုပါ ဥပဒေများအား လုံးဝ ပယ်ဖျက်ရမည် ဖြစ်ကြောင်း သူက ဆိုသည်။

ဖျက်သိမ်းသင့်သည့် ဥပဒေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် အဆိုပြုထားခြင်းများ ရှိသော်လည်း မအောင်မြင်သည်က များကြောင်း၊ အဆိုပါ ဖျက်သိမ်းခွင့် မရသော ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆက်လက် အဆိုပြုထားကြောင်း၊ ထိုသို့သော မလိုအပ်သည့် ဥပဒေများကို ဖျက်သိမ်းရန် လွှတ်တော် ကိုယ်စားလှယ်များကိုသာ အားကိုးမနေသင့်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းများ ကလည်း ကြိုးပမ်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။

“လွှတ်တော်မှာ ဖျက်ပေးဖို့ တင်တဲ့ ဥပဒေတွေ တော်တော်များနေပြီ။ မအောင်မြင်သေးဘူး။ တင်တာတွေထဲက တခုဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀၊ အသရေ ဖျက်မှုပေါ့။ ဒါကို ကျနော်တို့ဆီမှာက ရာဇဝတ်မှုလို့ သတ်မှတ်တယ်။ တခြားနိုင်ငံ တွေမှာ ဒီပြစ်မှုက တရားမမှု။ ဒီပြစ်မှုအရ နစ်နာသူက လျော်ကြေးလိုချင်လို့ပဲ တရားစွဲလို့ရတယ်။ ထောင်ချ ပေးပါလို့ တရားစွဲလို့မရဘူး” သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။

မြန်မာ ပြည်တွင် ပုဒ်မ ၅၀၀ အပြင် တခြားပယ်ဖျက်ရမည့် ဥပဒေ များစွာ ရှိနေကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သတိမထားမိခြင်းများ ရှိနိုင်ပြီး ပြည်သူများက ဖျက်သင့်သည်ဟု ယူဆသည့် ဥပဒေကို နီးစပ်သည့် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ် များကို ပြောပြသင့်ကြောင်း သူက ဆိုသည်။

ဥပဒေနှင့် ပတ်သက်သည့် လွဲချော်မှုများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ဖြစ်ပြီး ၎င်းက မမှန်သဖြင့် ယခင်က မှားယွင်းနေသည့် ဥပဒေများကို ပြင်ဆင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ဥပဒေကို လက်တွေ့ ကျင့်သုံးသူများမှာ ပြဌာန်းချက်များ အတိုင်း မဟုတ်ဘဲ အမိန့်နှင့် မိမိတို့ ကြိုက်သလို ကျင့်သုံးနေကြခြင်း၊ ဥပဒေကို လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို သုံးနေခြင်းများ အပြင် အာဏာရှိသူများကလည်း ဥပဒေကို ဝင်ရောက်စွက်ဖက်ခြင်းများ ရှိနေသဖြင့် ဥပဒေ၏ အခြေခံ သဘောတရားမှာ ပျက်ယွင်းနေခြင်း ဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးဇော်ထွန်းက ဆိုသည်။

“ဥပဒေနဲ့ ပြည်သူကို ကာကွယ်မလား၊ ဖိနှိပ်မလား ဒါပဲရှိတာ။ ဒီမိုကရေစီ စနစ်မှာ ဥပဒေနဲ့ဆိုင်တဲ့ လွှတ်တော်က အဓိက။ လွှတ်တော်က ပြည်သူတွေရဲ့အသံနဲ့ သဘောထားကို နားထောင်ဖို့ လိုတယ်။ ပြည်သူကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ၊ ရည်ရွယ်ချက်အတိုင်း အဓိပ္ပာယ်ဖွင့်ပြီး တရားမျှတစွာ စီရင်နိုင်ဖို့၊ မှန်ကန်စွာ အုပ်ချုပ်နိုင်ဖို့ ဒီလိုအခြေအနေတွေ ဖန်တီး ပေါ်ပေါက် လာနိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပန်းရမှာပေါ့” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလသို့ သွားနေခြင်းဖြစ်သောကြောင့် ခေတ်မမီတော့သည့်၊ ခေတ်နှင့် မညီသည့်၊ ဒီမိုကရေစီ ကျင့်စင်များနှင့် မညီသည့် ဥပဒေများ အားလုံးကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရန် မိမိအပါအဝင် တခြား လွှတ်တော် ကိုယ်စားလှယ်များကလည်း ကြိုးစားနေကြောင်း ၎င်းက ဆက်ပြောသည်။

ဖျက်သိမ်းသင့်သည့် ဥပဒေများကို စဉ်းစားရာတွင် ၎င်းသည် အများအကျိုးအတွက် ဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အစိုးရအနေဖြင့် ၎င်းတို့ အာဏာတည်မြဲရန် ပြုလုပ်ထားသည့် ဥပဒေ ဟုတ်၊ မဟုတ်၊ အခြေအနေ အကြောင်းကြောင်းကြောင့် ရေးဆွဲထားသည့် ဥပဒေ ဟုတ်၊ မဟုတ် စသည်တို့ကို စဉ်းစား၍ ဖျက်သင့်သည့် ဥပဒေများကို ဖျက်မည်ဆိုပါက အချိန်တို အတွင်း လွယ်ကူစွာ ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း ရှေ့နေများက အကြံပြုကြသည်။

မြန်မာနိုင်ငံရှိ ဥပဒေများတွင် ကိုလိုနီခေတ်က အင်္ဂလိပ် အစိုးရ ပြဌာန်းထားသည့် ဥပဒေများ၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၄၈ နှင့် ၁၉၆၂ ခုနှစ်အကြား ဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီ အစိုးရက ပြဌာန်းထားသည့် ဥပဒေများ၊ ၁၉၆၂ နှင့် ၁၉၇၄ ခုနှစ်အကြား အာဏာရှင်များ ပြဌာန်းထားသည့် ဥပဒေများ၊ ၁၉၇၄ မှ ၁၉၈၈ ခုနှစ် တပါတီ ဆိုရှယ်လစ် အာဏာရှင်များက ပြဌာန်းခဲ့သည့် ဥပဒေများနှင့် ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ် တပ်မတော် အစိုးရ အုပ်ချုပ်စဉ်ကာလ များတွင် ပြဌာန်းခဲ့သည့် ဥပဒေများ ရှိကာ ၎င်းတို့အနက် ဖျက်သိမ်းခဲ့သည့် ဥပဒေများ ရှိဖူးသော်လည်း ယခုတိုင် ဆက်လက် အသုံးပြုနေဆဲ ဥပဒေများလည်း ရှိကြောင်း သိရသည်။

ဧရာဝတီ


ခေတ်နှင့် မလျော်ညီသည့် ဥပဒေများ၊ မူလပြဌာန်းထားသည့် ရည်ရွယ်ချက်နှင့် ကွဲလွဲကာ ကျင့်သုံးနေ

မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ

မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ 
Wednesday, June 26, 2013

သြစတြေးလျနိုင်ငံက မြန်မာ နိုင်ငံကို ထောက်ကူပေးနေတဲ့ထောက်ပံ့ကြေး တွေဟာ အရင်က ကုလသမဂ္ဂ ကနေ တဆင့် ပံ့ပိုးခဲ့တာဖြစ်ပြီး အခု အခါမှာ မြန်မာ အစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid  လို့ခေါ်တဲ့ ထောက်ပံ့ရေးအေဂျင်စီက အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က ABC ကို ပြောပြခဲ့ပါတယ်။

ရှေ့လထဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး  Bob Carr က မြန်မာ နိုင်ငံကို လာရောက်ဖို့ရှိတဲ့ အတွက် မြန်မာနဲ့ သြစတြေးလျ ၂ နိုင်ငံ အ စိုး ရ ကြား မှာ ဆွေးနွှေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အဓိက အားဖြင့် ပညာရေးမှာကဏ္ဍ ထောက်ပံ့သွားမှာ ဖြစ်ပြီး - ပြီးခဲ့ နှစ်က နိုင်ငံခြားရေးဝန်ကြီး  Bob Carr က မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က ကျောင်းဆရာ ဆရာမတွေ အဖို့ သင်တန်းတွေ၊ ကျောင်းတက် နှုန်းပိုပြီး ကောင်းလာအောင် ကျောင်းတွေမှာ နေ့လည်စာကျွေးတဲ့ အစီ အစဉ်တွေကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီလိုထောက်ပံ့ကြေးတွေကို အခု အချိန် အထိ NGO အဖွဲ့ တွေနဲ့သာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျကို ပညာတော်သင် ပိုမို တိုးချဲ့ခေါ်ယူတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂နှစ်က စတင်ခဲ့ပါတယ်။

Peter Baxter က သြစတြေးလျ နိုင်ငံအနေနဲ့ ပံ့ပိုးပေး နေတာတွေဟာ လိုအပ်တဲ့ နေရာတွေ ကို ရောက်မရောက် ထိ ရောက်မှု ရှိ မရှိ ဆို တာတွေ ကို လဲ ကွင်းဆင်းလေ့လာမှု တွေ ကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံကိုထောက်ပံ့နေတဲ့ သြစတြေးလျ ထောက်ပံ့ကြေးဟာ ဒီ နှစ်မှာ ဒေါ်လာ သန်းပေါင်း ၆၄.၂ သန်း ဖြစ်ပြီး ၂၀၁၃-၁၄ခု နှစ်မှာ ဒေါ်လာ ၈၂.၈ သန်း အထိ ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး  Bob Carr ကတော့ မြန်မာ နိုင်ငံ အဖို့ထောက်ပံ့ကြေးတွေဟာ ပြည်တွင်း က တိုင်းရင်းသားလူမျိုးစု ငယ်တွေ နဲ့ အစိုးရ ကြား ဖြစ်နေတဲ့ ပဋိပက္ခတွေ ကြောင့် ထိခိုက် နိုင်တယ်လို့ လဲ ပြောသွားပါတယ်။

 ABC Radio Australia
မြန်မာကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးဖို့ စီစဉ်နေပုံ (Credit: AFP)
သြစတြေးလျနိုင်ငံက မြန်မာ နိုင်ငံကို ထောက်ကူပေးနေတဲ့ထောက်ပံ့ကြေး တွေဟာ အရင်ကကုလ သမဂ္ဂ ကနေတဆင့် ပံ့ပိုးခဲ့တာဖြစ်ပြီး အခုအခါမှာ မြန်မာအစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီဆိုတဲ့

CDMA ဖုန်းတွေကို Internet Setting ချိန်နည်း

ပညာတတ်အများဆုံးနိုင်ငံများ

ပညာတတ်အများဆုံးနိုင်ငံများ
Wednesday, June 26, 2013

ဒီကနေ့ခေတ်မှာ ပညာရေးကဏ္ဍကို ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားဆောင်ရွက်လာကြပါပြီ.... ၂၀၁၂ နှစ်ကုန်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (Organization for Economic Cooperation and Development) က အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၉ နိုင်ငံတို့ရဲ့ စာတတ်မြောက်မှု အခြေအနေတွေကို တွက်ချက်ထုတ်ဖော်ထားခဲ့ပါတယ်... ဒီအထဲကမှ ပညာတတ် အများဆုံးနိုင်ငံ ၁၀ နိုင်ငံကို စာတတ်မြောက်သူဦးရေ ရာခိုင်နှုန်းတွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်...

၁) ကနေဒါ >>> 51 %
၂) အစ္စရေး >>> 46 %
၃) ဂျပန် >>> 45 %
၎) အမေရိကန် >>> 42 %
၅) နယူးဇီလန် >>> 41 %
၆) တောင်ကိုရီးယား >>> 40 %
၇) ယူနိုက်တက်ကင်းဒမ်း(ယူကေ) >>> 38 %
၈) ဖင်လန် >>> 38 %
၉) ၾသစေၾတးလ် >>> 38 %
၁၀) အိုင်ယာလန် >>> 37 %

Ref: 247wallst.com
နှိုင်းရင့်နွေ
ဒီကနေ့ခေတ်မှာ ပညာရေးကဏ္ဍကို ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားဆောင်ရွက်လာကြပါပြီ.... ၂၀၁၂ နှစ်ကုန်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (Organization for Economic

“ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ လိင်ကိစ္စဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ”

“ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ လိင်ကိစ္စဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ”

အီတလီ #Italy နိုင်ငံမှ တရားရုံး တစ်ခုသည် အသက်မပြည့်သည့် မိန်းကလေး တစ်ဦးကို အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့ကြောင်း ပြစ်မှုထင်ရှားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီကို #Berlusconi ထောင်ဒဏ် (၇)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။ 

အီတလီ၏ အကြွယ်ဝဆုံး စာရင်းဝင် ဘီလျံနာ သူဌေးကြီး တစ်ဦးဖြစ်ပြီး နာမည်ကျော် အေစီမီလန် ဘောလုံးအသင်း၏ ပိုင်ရှင်လည်းဖြစ်သော ဘာလူစကိုနီအား တနင်္လာနေ့က အဆိုပါ ပြစ်ဒဏ် စီရင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဘာလူစကိုနီသည် လတ်တလောတွင် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည့်တိုင် ထောင်ဒဏ်ကိုမူ ချက်ချင်း အကျုံးဝင် ကျခံရဦးမည် မဟုတ်ဟုလည်း သိရသည်။
အီတလီ #Italy နိုင်ငံမှတရားရုံးတစ်ခုသည် အသက်မပြည့်သည့် မိန်းကလေးတစ်ဦးကို အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့ကြောင်း ပြစ်မှုထင်ရှားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို

ဖုန်းစာတို့ပို့ခြင်း ဆက်စပ်ဆိုးကျိုးများ

ဖုန်းစာတို့ပို့ခြင်း ဆက်စပ်ဆိုးကျိုးများ
Wednesday, June 26, 2013

Text Message ကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆို ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အချိန်တိုင်း Text Message ( မိုဘိုင်း စာတို) ပို့ခြင်း ဟာ အင်မတန် ခေတ်စားနေလို့ ဖြစ်ပါတယ်။

ရထားစီးရင်း၊ ကားစီးရင်း၊ ဘတ်စ်ကား၊ ရထားစောင့်ရင်း၊ လမ်းလျှောက်ရင်း Text Message ရိုက်တဲ့ အလေ့အထက အင်မတန် လွမ်းမိုးနေပြီ ဖြစ် ပါတယ်။ ဖုန်း ဆက်သွယ်ရေး လိုင်းမှ Messge အပြင် အခြား Messaging Service ပေးတဲ့ App များဖြစ်တဲ့ What's Up, G Talk, Facebook, imo, Viber နဲ့ အခြားအခြားသော Application များ နိုင်ငံတကာ မှာ ခေတ်စားပါတယ်။ အနီးစပ်ဆုံးအနေနဲ့ စင်္ကာပူလို နိုင်ငံမှာတောင် အသက် ၈ နှစ်သားအရွယ် ကလေးကအစ What's Up App သုံးပြီး Virtual Communication တစ်ခုကို ဖန်တီးနေကြပြီ ဖြစ်ပါတယ်။

ကောင်းကျိုးကတော့ ဆက်သွယ်ရေးစနစ်ကို ပိုမိုမြန်ဆန်စေပြီး Online Social Communication skill ကိုမြင့်တက်စေပါတယ်။

ဆိုးကျိုးကတော့ -

Physical မှာကြည့်ရင် မျက်နှာပြင်သေး ဖုန်း၊ Tablet များကြောင့် အမြင်အာရုံကို ထိခိုက်စေခြင်း၊ ခေါင်းငုံ့ကြည့်ရသည့် အချိန် ကြာမြင့်မှုကြောင့် လည်ပင်နှင့် ကျောရိုး ကိုက်ခဲခြင်း၊ နားကျင်ခြင်း တို့ ဖြစ်စေပါတယ်။ ဒါ့အပြင် အခြားသော အာရုံကျောများကိုလည်း ထိခိုက်ပါသေးတယ်။ ပုံမှန်အားဖြင့် အချိန်ခဏအတွင်း လုပ်ရပ်က ဘာမှမဖြစ်ပေမယ့် အမြဲတမ်းလုပ်တဲ့အမူအကျင့်ကြောင့် သိသိသာသာ ခံစားရလာမှာပါ။

Mental အပိုင်းအရ ကြည့်ရင် အပြင်လောက လူမှုဆက်ဆံရေးမှာ သိသိသာသာ ညံ့ဖျင်း သွားပါတယ်။ အွန်လိုင်းနဲ့ ဖုန်းတွင်းပို့ Message များအပေါ် အာရုံစူးစိုက်သူများက အခြားအပေါ် အာရုံစူးစိုက်မှုနည်းပါးလာပြီး အလုပ်ပါ ထိခိုက်လာစေပါတယ်။ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်သလို ခံစားရခြင်း၊ တွေဝေခြင်း၊ အကြောင်းမဲ့ စိတ်ဆိုး၊ စိတ်ညစ်ခြင်းတို့လည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

အထက်ပါ နှစ်ချက် ပေါင်းစပ်မှုအနေနဲ့ကတော့ အာရုံက ဖုန်းပေါ်မှာ စူးစိုက်နေတဲ့အတွက် အပြင်မှာ မဖြစ်သင့်တဲ့ အက်ဆီးဒန့်တွေ ဖြစ်ပေါ် စေပါတယ်။

ဒါကြောင့် နိုင်ငံတကာ Public Place နဲ့ စည်ကား သွားလာ လမ်းကြောင်းတွေမှာ Text Messaging ပြုလုပ်ခြင်းကို တားမြစ်ခြင်း အရေးယူမှုများ တဖြည်းဖြည်း ပြုလုပ်လာနေပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)
Text Message ကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆို ယနေ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အချိန်တိုင်း Text Message ( မိုဘိုင်း စာတို) ပို့ခြင်း ဟာ အင်မတန် ခေတ် စားနေလို့ ဖြစ်ပါတယ်။

ကမ္ဘာကျော် Grand Canyon ချောက်ကမ်းပါးအား ကြိုးတန်းပေါ်တွင် အောင်မြင်စွာ လမ်းလျှောက် ပြနိုင်ခဲ့သည့် နစ်ဝေါ လန်ဒါ

နစ်ဝေါလန်ဒါ အမည်ရှိ ကျွမ်းဘား ကစားသမား တစ်ဦးသည် ဇွန် ၂၃ ရက်က အမေရိကန် ပြည်ထောင် စုရှိ  နာမည်ကျော် Grand Canyon ချောက်အပေါ်မှ အန္တရာယ်ကင်းရှင်းရေး အထောက်အကူပြု ပစ္စည်းများ မပါဘဲ ကြိုးတန်းပေါ်တွင် အောင်မြင်စွာ လမ်းလျှောက် ပြနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်(၁) ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁ ၂)၊ အမှတ်(၁) နှင့် စပ်လျဉ်း၍ ကြေညာ

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်(၁) ရက်နေ့ ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁ ၂)၊ အမှတ်(၁) နှင့် စပ်လျဉ်း၍ ကြေညာ

စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေးများ၏ သုံးပုံတစ်ပုံမှာ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေ

littledevelopment-june26
ချင်းပြည်နယ် မင်းတပ်မြို့ တစ်နေရာတွင် ကလေးငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်နေသော မြန်မာနိုင်ငံ စားနပ်ရိက္ခာ မလုံလောက် မှု မြင့်မားနေခြင်းကြောင့် ငါးနှစ်အောက်ကလေးငယ်များ၏ သုံးပုံတစ်ပုံမှာ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု

လူကုန်ကူးခံရမှုများတွင် ၈၅ ရာခိုင်နှုန်းသည် အမျိုးသမီးငယ်များဖြစ်ကြောင်း တွေ့ရှိရ

လူကုန်ကူး ခံရမှုများတွင် ၈၅ ရာခိုင်နှုန်းသည် အမျိုးသမီးငယ်များဖြစ်ကြောင်း တွေ့ရှိရသဖြင့် အမျိုးသမီး များ လူကုန်ကူးမခံရရေးကို ဦးစားပေး ဆောင်ရွက်ရန် အထူးလိုအပ်လျက်  ရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။

အဆိပ်သင့်လူနာ ၁၀၀၀ လျှင် လူဦးရေ ၃၀ ကျော် သေဆုံးနေပြီး ပိုးသတ်ဆေး အဆိပ်သင့်ခြင်းကြောင့် သေဆုံးသူ အများဆုံးဖြစ်

Yangonhospital-june26
အဆိပ်သင့်လူနာများ တက်ရောက်ကုသလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီးရှိ အထွေထွေရော ဂါကု ဆေးရုံကြီး (အင်းစိန်)ကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
ပြည်သူ့ဆေးရုံများတွင် ကုသမှု လာရောက်ခံယူသည့် လတ်တလော အဆိပ်သင့်လူနာ ၁၀၀၀ လျှင်

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

preuts-june26
သမ္မတဦးသိန်းစိန် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် အမှာစကား ပြောကြားစဉ်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သမ္မတဦးသိန်းစိန်က ဇွန်၂၅ ရက်တွင် နေပြည်တော်၊ သမ္မတအိမ်တော်

The Face of Buddhist Terror ဆောင်းပါးပါ တိုင်းမ်မဂ္ဂဇင်းကို အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ပိတ်ပင်

The Face of Buddhist Terror ဆောင်းပါးပါဝင်သော ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ကို ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော် မတီက ဇွန် ၂၅ ရက် နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တိုင်းပြည်အတွက် လိုအပ်ပါက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဖြစ်နိုင်ခြေရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu-june26
မီဒီယာများ၏ မေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
တိုင်းပြည်အတွက် လိုအပ်ပါက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဖြစ်နိုင်ခြေရှိကြောင်း အမျိုးသားဒီမိုကရေစီ

ပြင်ပငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ နီးပါးအထိ ပြန်လည်မြင့်တက်လာ

ဇွန် ၂၅ ရက် ပြင်ပနိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၉၈၈ ကျပ် ၀န်းကျင် အထိ ပြန်လည်မြင့်တက်လာကြောင်း ငွေကြေးဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu2-june26
ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

လွှတ်တော် အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်

perliment-june26
ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ခန်းမမြင်ကွင်းကို ဇွန် ၂၅ ရက်က တွေ့ရ စဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း