Thursday, June 27, 2013

အာရှအလယ်ပိုင်းမျိုးရင်း အန္တရာယ်ပင်

အာရှအလယ်ပိုင်းမျိုးရင်း အန္တရာယ်ပင်
( The Hot News )

တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆို ရလျှင် “၀က်သိုးကြီးပင်”ဟု အဓိပ္ပာယ်ရသောGiant Hogweed  ပင်သည် အမြင်အား ဖြင့် အန္တရာယ်မပေးနိုင်သော အပင်ဟု ထင်ရသော်လည်း အလွန် အန္တရာယ်များသောအပင်ဖြစ် သည်။
ထိုအပင်၏ ပုံသဏ္ဌာန်မှာ အန်းဘုရင်မ၏ ဇာပန်းထည်ကို အကြီးချဲ့ထားသောပုံမျိုးဖြစ်ပြီး ၎င်းအားထိမိပါက မီးလောင်ဖု များထခြင်း၊ အပူလောင်ခြင်းနှင့် မျက်စေ့ကွယ်ခြင်းများဖြစ်ပွားနိုင် သည်။
အာဏာပိုင်များကလည်း ထိုအပင်၏ အန္တရာယ်အား လူ အများကိုသတိပေးထားသည်။ ထိုအပင်များ၏ မူရင်းဒေသမှာ အာရှအလယ်ပိုင်းမှဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု အရှေ့ မြောက်ပိုင်း၊ အနောက်အလယ် ပိုင်းနှင့် ပစိဖိတ်ဒေသအနောက် မြောက်ပိုင်းတို့သို့ လျင်မြန်စွာပျံ့ နှံ့နေသည်။
ထိုအပင်၏ အစေးသည် ရေကဲ့သို့ ကြည်လင်နေသော် လည်း အဆိပ်ဓာတ်ပါဝင်နေပြီး အရေပြားအား ခရမ်းလွန်ရောင် ခြည်ထိခိုက်ခံစားလွယ်သည်။ ထို အပင်သည် ပေ ၂၀ ခန့်ထိမြင့် မားနိုင်ပြီး ၎င်း၏ အခေါင်းပါ သော ရိုးတံကို မှုတ်ပြောင်းအဖြစ် သော်လည်းကောင်း၊ မှန်ပြောင်း အဖြစ်သော်လည်းကောင်း ဆော့ ကစားသည့် ကလေးသူငယ်များ အား မျက်စေ့အလင်းကွယ်သည် အထိ အန္တရာယ်ပေးနိုင်သည်။
ပင်စည်အမြင့်တွင် အဆုတ် လိုက်ပွင့်သောအဖြူရောင်ပန်းများ ကြောင့် လူသိများသည့် ထိုအပင် နှင့်ထိမိလျှင် ထိမိသောနေရာ အား ဆေးကြောပြီး နေရောင် ခြည်နှင့်မထိတွေ့စေရေးအတွက် ဖုံးအုပ်ထားရန်လိုအပ်သည်။ အာဏာပိုင်များက ထိုအပင်များ အား တွေ့ရှိသူများအား သက်ဆိုင် ရာဒေသခံအာဏာပိုင်များထံသို့ သတင်းပေးပို့ရန်လည်း နှိုး ဆော်ထားသည်။

ဥက္ကာအောင်

http://www.hotnewsweekly.com/archives/22517
တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆိုရလျှင် “၀က်သိုးကြီးပင်”ဟု အဓိပ္ပာယ်ရသောGiant Hogweed ပင်သည် အမြင်အား ဖြင့် အန္တရာယ်မပေးနိုင်သော အပင်ဟု ထင်ရသော်လည်း အလွန် အန္တရာယ် များသောအပင်ဖြစ် သည်။

မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲဖြစ်၊ တစ်ဦးသေ

မုံရွာမြို့၊ သလ္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်း သမီးအမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ် ကျောင်းသား လူငယ်များ ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း မုံရွာရဲစခန်းက မှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

မန်းတွင် သက်တမ်းကျော် လေလံကားများ မှတ်ပုံတင်ခွင့် မရှိတော့

အစိုးရလေလံတင်ရောင်းချထားသော ကားများကို တင်ဒါအောင်ပြီး နှစ် နှစ်အတွင်း ပိုင်ရှင်ကမှတ်ပုံတင်ရန် သတ်မှတ်ထားရာ ယင်းကာလအတွင်း မှတ်ပုံမတင်ဖြစ်ပါက လိုင်စင်မဲ့ကား ဖြစ်သွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရ




မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်းရပါတယ်။

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်
Thursday, June 27, 2013

ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

El Pais ၏အဆိုအရ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အသင်း၏ ရာသီအကြို ခြေစမ်းပွဲစဉ်များ မတိုင်မီ အပြောင်းအရွေ့ ဖြစ်မြောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ မကြာသေးမီက အနားယူသွားပြီ ဖြစ်သည့် နည်းပြ ဖာဂူဆန်သလည်း စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရေးအတွက် ဆွေးနွေးမှုများ အောင်မြင်မည်ကို ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

စီရော်နယ်ဒိုကို ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က မြင့်မားသော လုပ်ခနှုန်းထားဖြင့် နှစ်ရှည် စာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက ပယ်ချခဲ့သည်။ ပီရက်ဇ်သည် တစ်နှစ်လုပ်ခပေါင်(၁၂)သန်းဖြင့် နောက်ဆုံး အကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက (၁၇)သန်းအထိ အလိုရှိနေကြောင်း သိရသည်။ စီရော်နယ်ဒိုက ပယ်ချလိုက်ပြီး နောက်ပိုင်း ပီရက်ဇ်ကမူ အရာရာတိုင်းတွင် အကန့်အသတ် ရှိကြောင်း တုန့်ပြန် ပြောကြား လိုက်သောကြောင့် စီရော်နယ်ဒို အနေဖြင့် ပိုမိုစိတ်ပျက်သွားကြောင်း သိရသည်။

football-cafe.com
ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေ ချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိမ်းရှောင်

ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်တွင် ချောင်းကြီးကျေးရွာနင့် ကျည်တောက်ပေါက် ကျေးရွာ တွင် ဖြစ်ပွား

နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာမှ အရေးယူခံရ

နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာမှ အရေးယူခံရ
Thursday, June 27, 2013
ဇော်မျိုးဦး (မြစ်မခ)

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရာ၌   နိုင်ငံတော်အလံကို မှားယွင်းစွာလွှင့်ထူခဲ့သဖြင့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။ 

ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပခဲ့ရာ၌ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ချိန်တွင် အလံမှာ မြေပေါ်သို့ ပြုတ်ကျခြင်း၊ ဇောက်ထိုးဖြစ်နေ ခြင်းများကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးမင်းလှဦးသည် နိုင်ငံတော်အလံအား လွှင့်တင်ရာတွင် အလံတိုင်၏ တစ်ဝက်ခန့်အရောက်တွင် နိုင်ငံတော်အလံမှာ မြေကြီးပေါ်သို့ ပြန်လည်ပြုတ် ကျ ခဲ့ကြောင်းနှင့် အလံကိုပြုတ်ကျစေခဲ့သူ ဦးမင်းလှဦးအား ဦးစိန်သန်းဆိုသူမှ ၀င်ရောက်ကူညီ၍ ထပ်မံလွှင့်ထူခဲ့ရာ ၌လည်း  နိုင်ငံတော်အလံမှာ ဇောက်ထိုးဖြစ်နေခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလေးအမြတ်ထားရသော အလံတော်ကို နမော်နမဲ့လွှင့်တင်ခဲ့မှုကို ဆူးကလပ်ကျေးရွာ ရွာသူရွာသား (၅၀)ဦးခန့်မှ ကွမ်းခြံကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံသို့ တိုင်ကြားစာ ရေး သား၍ ပေးပို့ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ဆေးခဲ့သည်။

နိုင်ငံတော်အလံအား လွှင့်ထူရာ၌ မြေပေါ်သို့ ပြုတ်ကျအောင်လွှင့်ထူခြင်း ၊ ဇောက်ထိုးလွှင့်ထူခြင်းတို့   ပေါ်ပေါက်ခဲ့ သောကြောင့် ဦးစိန်သန်းနှင့် ဦးမင်းလှဦးတို့အား နိုင်ငံတော်အလံနှင့် ပတ်သက်သော ဥပဒေပုဒ်မ-၁၆ ဖြင့် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းတွင် ဇွန်လ ၂၆ ရက်နေ့က အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ဖြစ်ပွားမှုမှာ ပြီးခဲ့သည့်ဇန်န၀ါရီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော်လည်း ဇွန်လ(၂၆)ရက်နေ့မှသာ အရေးယူ ဆောင်ရွက်မှုပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

http://myitmakhamediagroup.com/detail.php?newid=4994
  ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား

“ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

Photo: “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် #Pepsi #MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။
 
"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။
 
ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော #Watch #TV #show #Dynamo: #Magician #Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။ 

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

DYNAMO
#PlanetMyanmar
လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo) တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi ၏ ကြော်ငြာ

ခွန်းဆင့်နေခြည်လည်း facebook အဟက်ခံရပြန်

Photo: ခွန်းဆင့်နေခြည်လည်း facebook အဟက်ခံရပြန်
Thursday, June 27, 2013

သရုပ်ဆောင်၊ တေးဆို၊ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် ခွန်းဆင့်နေခြည်လည်း ၁၀ နှစ်တာ အသုံးပြုခဲ့တဲ့ သူ့ရဲ့ facebook  အဟက်ခံလိုက်ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်နေ့မှာ ခွန်းဆင့်နေခြည်ရဲ့ အကောင့် အဟက်ခံလိုက်ရပြီး facebook စာမျက်နှာတွေပေါ်ကနေ ကိုယ်ရေး ကိုယ်တာ ထိခိုက်စေမယ့် စာတွေ ရေးတင်ရုံသာ မကဘဲ Aroma ဓာတ်ပုံတိုက်နဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်တို့ရဲ့ ပြဿနာတွေ ကိုလည်း ခွန်းဆင့်နေခြည်ရဲ့ facebook စာမျက်နှာတွေကတဆင့် Share ထားတာ တွေ့ရပါတယ်။ Aroma ကို မကျေနပ်တဲ့ တစုံတဦးက အနုပညာရှင်တွေကို အသုံးချ နေတယ်လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

“အစ်မ အကောင့်က ၂၅ ရက် မနက်ပိုင်းအထိ သုံးလို့ရသေးတယ်။ နေ့လယ် ၁၂ နာရီလောက်ကျတော့ သုံးမရတော့ဘူး။ ၁၁ နာရီ ၄၅ လောက်က ဟက်သွားတယ်။ အစ်မ သူငယ်ချင်းက အဲဒီအချိန်တွေ ကြည့်ပေးတာပေါ့နော်။ Aroma ဓာတ်ပုံတိုက်ကို မကျေနပ်တဲ့ လူတွေက ရေးတာပေါ့။ သူတို့တတွေက အနုပညာရှင်တွေကို ဓားစာခံလုပ်ပြီး အထင်အမြင် လွဲမှားစေအောင် လုပ်တာပေါ့။ အခုဟာက မကျေနပ်လည်း သူ့ကို Personal တိုက်ခိုက်ပေါ့။ ကြားလူတွေ ခံရတာတော့ မကောင်းဘူးပေါ့။ ပထမ မခင်ဇာခြည် ခံရတယ်။ အခုအစ်မ ခံရတယ်။ အစ်မလည်း ဒီအကောင့်ကို သုံးလာတာ ၁၀ နှစ်လောက်ကို ရှိပြီ၊ အခု အကောင့်အသစ် ဖွင့်ရတော့မယ်” လို့ ခွန်းဆင့်နေခြည်က ဧရာဝတီကို ပြောပြပါတယ်။

Aroma Zulu ဓာတ်ပုံ စတူဒီယိုနဲ့ ဓာတ်ပုံရိုက်ဖူးသူတွေ၊ လက်ရှိမှာ လက်တွဲ အလုပ်လုပ်နေတဲ့ သူတွေကို အဓိက ပစ်မှတ်ထားပြီး facebook အကောင့်တွေကို ဟက်နေတယ်လို့ ထင်ရကြောင်းလည်း ခွန်းဆင့်နေခြည်က ဆိုပါတယ်။

“ဒီလိုမျိုး Aroma Zulu ဖက်ရှင်ကို မကျေနပ်တာနဲ့ ကိုယ်တွေကို ခုတုံးလုပ်ခံရတာပေါ့။ သူတို့ကို ပြောချင်တာကို ကြားထဲက အစ်မတို့ကို ဓားစာခံလုပ် ပြောတာ။ အစ်မတို့က ကြားချောင် ခံနေရတယ်။ အစ်မတို့က မဟုတ်တန်းတရား ရေးခံရပြီး သိက္ခာကျတယ်၊ ဗုဒ္ဓဘာသာ မြန်မာတဦးအနေနဲ့ အဲဒီလို လုပ်ဖို့ မကောင်းဘူးလို့ ထင်ပါတယ်။ လုပ်တဲ့သူက ဘာလူမျိုးလည်း မသိပါဘူး၊ ဘယ်သူလဲ ဆိုတာလည်း မသိတော့ ပြောလို့ကလည်း မရသေးပါဘူး။ အစ်မကတော့ အဲဒီကိစ္စတွေ ဖြေရှင်းနေရတာနဲ့ အိပ်ရေးပျက်ပြီး ရှုတင်တောင် နောက်ကျတယ်” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

သရုပ်ဆောင် အဆိုတော် ခွန်းဆင့်နေခြည်ဟာ ကျောက်ဆူး ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး တည်ထောင်ထားပြီး တကိုယ်တော် စီးရီး ၃ ခွေလည်း ထွက်ထားသူ ဖြစ်ပါတယ်။ လက်ရှိ အနုပညာ လှုပ်ရှားမှုအနေနဲ့ စိန်ဌေးရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးက ရိုက်ပြီး ဒါရိုက်တာ သွန်း၊ မင်းသားက ကောင်းပြည့်နဲ့ ဂမ္ဘီရ ဇာတ်ကား တကား ရိုက်နေတယ်၊ ဇွန်လကုန်မှာလည်း အမေရိကန် နိုင်ငံကို ၂ လကြာ ဖျော်ဖြေရေး သွားမှာဖြစ်ပြီး သူ့ကိုပရိသတ် လက်ခံခဲ့တဲ့ မိုင်တိုင် ၇၆ ဇာတ်ကားကို DVDအနေနဲ့ တော်ဝင် စင်တာမှာ ရုံတင်ပြသဖို့ လုပ်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ facebook အကောင့်လည်း အဟက်ခံထားရတယ်လို့ သိရပြီး နောက်ထပ် ဘယ် အနုပညာရှင် တွေရဲ့ facebook တွေ အဟက်ခံရဦးမလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။ အနုပညာရှင်တွေလည်း ကိုယ့်ရဲ့ Password တွေကို လုံခြုံစွာ ထိန်းသိမ်းဖို့လည်း ခွန်းဆင့်နေခြည်က အကြုံပြုလိုတယ်လို့ ဧရာဝတီကနေ တဆင့် ပြောလိုက်ပါတယ်။

ဧရာဝတီ
ခွန်းဆင့်နေခြည် (ဓာတ်ပုံ – ခွန်းဆင့်နေခြည် facebook မှ)
သရုပ်ဆောင်၊ တေးဆို၊ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် ခွန်းဆင့်နေခြည်လည်း ၁၀ နှစ်တာ အသုံးပြုခဲ့တဲ့ သူ့ရဲ့ facebook အဟက်ခံလိုက်ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟုသတင်းထွက်ပေါ်ကြောင်း ရေးသား ဖော်ပြခဲ့သည့် Unity ဂျာနယ် ပြန်တောင်းပန်

ဂျူဗင်တပ်စ်တိုက်စစ်မှူးအဖြစ် မြင်တွေ့ရမည့် တီဗက်ဇ်

Photo
အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ် မန်ချက်စတာစီးတီး၏ တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်သည် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ကြေး ပေါင်စတာလင် ၁၀ သန်းဖြင့် ရောက်ရှိသွားပြီဖြစ်သည်။

သမ္မတ အိုဘားမား အာဖရိက ၃ နိုင်ငံ ခရီးစဉ်စတင်

Photo: သမ္မတ အိုဘားမား အာဖရိက ၃ နိုင်ငံ ခရီးစဉ်စတင် 
Thursday, June 27, 2013

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အာဖရိကခရီးစဉ် ပထမတထောက်ဖြစ်တဲ့ ဆီနီဂေါနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။
 
ဆီနီဂေါနိုင်ငံမြို့တော် Dakar ကို ကြာသပတေးနေ့မှာ ဆိုက်ရောက်ပြီးတဲ့နောက် သမ္မတ အိုဘားမားဟာ ဆီနီဂေါသမ္မတ Macky Sall နဲ့ တွေ့ဆုံတဲ့အပြင် ဒေသတွင်း တရားရေးအရာရှိတွေနဲ့ ဥပဒေစိုးမိုးရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
 
AIDS ရော ကူးစက်ပြန့်ပွားမှုနှုန်း လျော့ကျလာပြီး အဂတိလိုက်စားမှုလည်း တဖြည်းဖြည်းနဲ့ နည်းလာနေပြီ ဖြစ်တဲ့အတွက် အာဖရိကတိုက်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အချိန်ကောင်းကို ရောက်နေပြီလို့ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်မစခင် အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Michael Froman က သုံးသပ်ပြောဆိုပါတယ်။
 
ဒါပေမဲ့ အာဖရိကတိုက်က ဖွံ့ဖြိုးမှုနှုန်းဟာ နှေးကွေးနေသေးတယ်လို့ Froman က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း မကြာခင် ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုးတက် ပြောင်းလဲမှုတွေဘက်မှာ ရှိချင်ပါတယ်လို့ သူက ပြောပါတယ်။
 
သမ္မတ အိုဘားမားဟာ ဆီနီဂေါနိုင်ငံကနေ တောင်အာဖရိကနိုင်ငံကိုသွားပြီး သမ္မတဟောင်း Nelson Mandela နှစ်ပေါင်း ၂၀ နီးပါးလောက် ထိန်းသိမ်းခံခဲ့ရတဲ့ Robben ကျွန်းကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ 

VOA Burmese
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အာဖရိကခရီးစဉ် ပထမ တထောက်ဖြစ်တဲ့ ဆီနီဂေါနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှုနဲ့ ဒီမိုကရေစီအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။

မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ

Photo: မြန်မာ့ရွှေဈေး နဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျ
Thursday, June 27, 2013

ကမ္ဘာ့ရွှေဈေး တောက်လျှောက် ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေး တက်ရာ ကနေ အခု ရက်ပိုင်း အတွင်းမှာ တော့ တဖြည်းဖြည်း ကျဆင်း လာနေ ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ရွှေတကျပ်သား ကျပ် ၇ သိန်း အထက်မှာ ရှိပေမယ့် အခု ရက်ပိုင်းမှာ ကျပ် ၆၉၀,၀၀၀ ကျော် သာ ရှိပါတော့တယ်။

မြန်မာ့ရွှေဈေး ဟာ ကမ္ဘာ့ ရွှေဈေး အတိုင်း အတက် အကျ မဖြစ်ရခြင်း အကြောင်းက ကမ္ဘာ့ ရွှေဈေး ကို ဒေါ်လာဈေး ထည့်တွက်ပြီးမှ မြန်မာကျပ်ငွေ အရ ရွှေဈေး ကို တွက်တဲ့ အတွက် ကမ္ဘာ့ ရွှေဈေး ကျပေမယ့် ငွေလဲနှုန်း မကျရင် မြန်မာ့ ရွှေဈေး မကျတဲ့ အကြောင်း ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန် ဒေါ်လာဈေး တက်ရင် မြန်မာ့ရွှေဈေး ဟာလည်း ငွေလဲနှုန်း ကို အမီပြုနေလို့ ရွှေဈေး မကျပုံ ကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံ မှာ ရွှေဈေး ဟာ ဈေးကစားတဲ့ အသွင် မဆောင်ဘဲ ရာသီ နဲ့ အချိန်အခါလိုက် ပြောင်းလဲ တတ်ပုံ၊ သိရပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်၊ မိုးတွင်း ကာလ ဆိုရင် ရွှေဈေး အေးနေ တတ်သလို စပါးပေါ်ချိန်၊ ပွင့်လင်းရာသီ၊ ငွေပေါ်ချိန်၊ ကထိန် စတဲ့ ပွဲလမ်း သဘင် ရှိချိန် ဆိုရင် မြန်မာနိုင်ငံမှာ ရွှေဈေးတက်လေ့ ရှိပုံ ကို ရွှေဆိုင် ပိုင်ရှင် တယောက် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC Burmese
ရွှေဈေး အတက်အကျ ဒေါ်လာဈေးနဲ့ ဆိုင်
ကမ္ဘာ့ရွှေဈေး တောက်လျှောက်ကျဆင်း နေပေမယ့် မြန်မာနိုင်ငံမှာ ရွှေဈေးတက်ရာကနေ အခုရက်ပိုင်း အတွင်းမှာ တော့တဖြည်းဖြည်း ကျဆင်း လာနေပါတယ်။

စိတ်ကြွဆေးပြားသုံးစွဲ၍ မိဘအိမ်ကို မီးရှို့ ဖျက်ဆီးခြင်း

Photo: စိတ်ကြွဆေးပြားသုံးစွဲ၍ မိဘအိမ်ကို မီးရှို့ ဖျက်ဆီးခြင်း

27.6.2013

၂၄-၆-၂၀၁၃ တနလာင်္နေ့၊ နံနက် (၁၀း၀၀) ခန့်မှာ ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့  ၊ ကျင်သီကျေးရွာအုပ်စု၊ ကျင်သီကျေးရွာ တွင် သားဖြစ်သူ စိုင်းအိုက်စိုင်းသည် ၄င်းဇနီးနှင့် ရန်ဖြစ်ရမှ ဖခင်(ဦးစံအွတ်)ဖြစ်သူက သွားရောက် ဖြန်ဖြေရာ အဖေ ဖြစ်သူ အား ရန်ပြန်လုပ်ပြီး အိမ်ကိုမီးရှို့ မယ်ဟုပြောဆိုပြီး နေလည် (၁၁း၀၀) ခွဲခန့်တွင် ဦးစံအွတ် နေထိုင်သော နှစ်ထပ်အိမ် သို့ သွားရောက် မီးရှို့ ခဲ့ ကြောင်း သိရပါသည်။

အဆိုပါ ကျင်သီရွာတွင် ရေအလွန်ရှားပါးသဖြင့် အချိန်မီ မီးမငြိမ်းသတ်နိုင်ပဲ အိမ်ပြာကျခဲ့ပါသည်။

စိုင်းအိုက်စိုင်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူဖြစ်ပြီး စိတ်ကြွဆေးပြားများ သုံးစွဲ၍ မကြာခဏ ၄င်း၏ဇနီးနှင့် အမြဲရန် ဖြစ်တတ် ကြောင်း အိမ်နီးနားချင်း တွေက Myanmar News Now ကို ပြောပါသည်။

အဆိုပါ ကျေးရွာနှင့် အနီးပတ်ဝန်ကျင် ကျေးရွာများ တွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများ အလွန်များပြားကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ဖြစ်စဉ်မျိုး ထပ်မံပေါ်ပေါက်မှာကို ရွာသားအချို့က စိုးရိမ်နေကြပါတယ်..." မူးယစ်ဆေးဝါးရောင်းတဲ့သူတွေက အရမ်းများလာတယ် သုံးစွဲသူတွေလည်း ပိုမိုများလာတယ် ရွာထဲထိတောင်လာရောင်းတဲ့သူတွေရှိတယ်..ရွာမှာက ယောက်ကျားအများစု မနက်ဆိုတောင်ယာသွားကြပြီ၊ ရွာမှာကျန်ခဲ့တာက မိန်းမ၊ အဖွားကြီး၊ ကလေးတွေပဲရှိတာ ဒါမျိုးနောက်တစ်ခါဖြစ်ရင် ရွာကုန်သွားနိုင်တယ်ဗျာ.." လို့ရွာသားတစ်ဦးက ပြောပြပါတယ်။

အဓိကတော့ မူးယစ်ဆေးသုံးစွဲသူ များလာပြီး၊ ရောင်းတဲ့သူတွေက အတင့်ရဲလာတာကြောင့် မူးယစ် ရမ်းကားမှုတွေ ဖြစ်လာတာလို့  ဒေသခံ ရွာသားတွေက Myanmar News Now ကို ပြောပါတယ်။

Myanmar News Now
၂၄-၆-၂၀၁၃ တနလာင်္နေ့၊ နံနက် (၁၀း၀၀) ခန့်မှာ ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့  ၊ ကျင်သီကျေးရွာအုပ်စု၊ ကျင်သီကျေးရွာ တွင် သားဖြစ်သူ စိုင်းအိုက်စိုင်းသည် ၄င်းဇနီးနှင့် ရန်ဖြစ်ရမှ ဖခင်(ဦးစံအွတ်)ဖြစ်သူက

အရက် စွဲခြင်းကြောင့် အာဟာရ ပြတ်လပ်မှု အကြောင်း သိကောင်းစရာ

ရဲထွဋ် (စိတ်ပညာ)
နေ့စဉ် ကမ္ဘာပေါ်ရှိ ဆင်းရဲချမ်းသာ နိုင်ငံကြီးငယ်၊ နေရာဒေသ မရွေးမှ လူတွေအတွက် ကောင်းကျိုးထက်

ဒေါ်လာလေးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှု ရန်ကုန်တွင် ပြုလုပ်

tobaccoyg-june27
ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးနေမှုအား ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရဲကို)
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည့် ဇွန်

နှစ်လခွဲအတွင်း နိုင်ငံ့ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် အထိရှိ၊ သွင်းကုန်ပမာဏမှာ ပို့ကုန်ပမာဏထက် ဒေါ်လာတစ်ဘီလျံနီးပါး ပိုများနေ

muse-june27
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် စစ်ဆေးရေး စခန်းအား တွေ့ရစဉ်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဧပြီ ၁ ရက်မှ ဇွန် ၁၄ ရက်အထိ နှစ်လခွဲ ကာလအတွင်း မြန်မာနိုင်ငံ၏

အပြုသဘောဆောင်သည့် ဆန္ဒပြ တောင်းဆိုမှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ပေးရမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား

အပြုသဘောဆောင်သည့် ဆန္ဒပြ တောင်းဆိုမှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ပေးရမည်ဟု

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

dawsu-june27
ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေး

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင် ဘဲ နိုင်ငံရေး

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံပွဲ ရန်ကုန်မြို့၌ ယနေ့ကျင်းပမည်

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက်

ငွေလဲနှုန်း နှုန်းရှင်စနစ် သတ်မှတ်ပြီး ၁၄ လအတွင်း ပြင်ပငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၀၀၀ ၀န်းကျင် စံချိန်တင်မြင့်တက်

ငွေလဲနှုန်းကို နှုန်းရှင်စနစ် သတ်မှတ်ပြီး ၁၄ လကာလအတွင်း ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ

မြန်မာပြည်တွင် ဗုဒ္ဓဘာသာ အစွန်းရောက် လှုပ်ရှားမှုတစ်ခု ရှိနေကြောင်း ပြသသည့် သတင်းပေးပို့ချက်တစ်ခု ဖြစ်သည်ဟု Time Magazine ပြောကြား

တိုင်းမ်မဂ္ဂဇင်း ထုတ်ဝေသည့် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Daniel Kile က ဧရာဝတီသတင်းဌာန

တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ ၅၅၀၀ ကျော်ရှိ

returnfrommalay-june27
မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများကို ကွာလာလမ်ပူ လေဆိပ်၌ ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -နေထွန်းနိုင်)
၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၂၅ ရက်အထိ တစ်လတာ ကာလအတွင်း မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ

Father Land ဆောက်လုပ်ရေး ကုမ္ပဏီက အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေအား အမှုနှစ်ခုဖြင့် တရားစွဲ

ဇွန်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသော အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ ၏ ကြေညာ