Friday, June 28, 2013

ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ်မူ အတွင်း လူ (၂) ဦးသေဆုံး


ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ်မူ အတွင်း လူ (၂) ဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည် စခန်းတွင် မတည်ငြိမ်မူ ဖြစ်ပွားသဖြင့် စစ်တပ်က ပစ်ခတ်၍ လူ (၂) ဦး သေဆုံးသွားကြောင်း ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

refugeeဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူသိသလောက် ရှင်းပြရာ ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းတွင် အစိုးရမှ တည်ဆောက်ပေးသော အိမ်ယာ အစီအစဉ်ကို လက်ခံသူများနှင့် လက်မခံသူများဟူ၍  အုပ်စု (၂) စုကွဲနေကြောင်း၊ အုပ်စု တစ်ခုက အစိုးရက စီစဉ် တည်ဆောက်ပေးသော အိမ်ယာများတွင် နေထိုင်နေကြောင်း၊ ယမန်နေ့က မိုးရွာသဖြင့် အိမ်များ မိုးယိုရာ  အိမ်ကို ပြုပြင်နိုင်ရန်အတွက် လိုအပ်သော ၀ါးများ၊ ဓနိများကို သယ်ယူရန် သွားစဉ် အစိုးရ၏ အိမ်ယာ ဆောက်လုပ်ပေးမူ အစီအစဉ်ကို လက်မခံသော အုပ်စုက တုတ်ဓါးများ တိုက်ခိုက်ရန် ကြိုးပမ်းသဖြင့် အနီးအနားရှိ တပ်စခန်းသို့ ၀င်ပြေးကြကြောင်း၊ စစ်တပ်မှ ဟန့်တားသော်လည်း မရကြောင်း၊ နောက်ပိုင်းတွင် လူအုပ်ဖြင့် စစ်သားများကိုပါ ရန်ရှာလာသဖြင့် စစ်တပ်က ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မူကြောင်း တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ နောက်ပိုင်းမှ သေဆုံးသွားခဲ့ကြောင်း ပြောကြားသည်။

ယခုအခါ သေဆုံးသူများ၏ အလောင်းများမှာ  ပေါက်တောမြို့နယ် ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

ပေါက်တောရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သေဆုံးသူ တစ်ဦး၏ အလောင်းသာ ပေါက်တော ဆေးရုံသို့ ရောက်ရှိပြီး ယခုအခါ အလောင်းကို သက်ဆိုင်ရာ ဒုက္ခသည် စခန်းရှိရာသို့ ပြန်လည် ယူဆောင်သွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

သေဆုံးသူ ဘယ်နှစ်ဦးရှိသည်ကို မိမိတို့ အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ရဲတာဝန်ရှိသူများမှ သွားရောက် စစ်ဆေးနေတုန်း ဖြစ်ကြောင်း၊ ပိုမိုသိလိုပါက ပြည်နယ် အဆင့်တာဝန်ရှိသူများကိုသာ ဆက်သွယ်မေးမြန်းပါဟု ဆိုကာ ဖုံးချသွားခဲ့သည်။

ပြည်နယ်အဆင့် တာဝန်ရှိသူ ဦးဝင်းမြိုင်ထံ ဆက်သွယ်သော်လည်း လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုံးမှာ စက်ပိတ်ထားပါတယ်ဟု ပြန်လည် ဖြေကြားသဖြင့်  အသေးစိတ် အချက်အလက်များကို မေးမြန်းနိုင်ခြင်း မရရှိခဲ့ပါ။

နိရဉ္စရာသတင်းဌာန
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည် စခန်းတွင် မတည်ငြိမ်မူ ဖြစ်ပွားသဖြင့် စစ်တပ်က ပစ်ခတ်၍ လူ (၂) ဦး သေဆုံးသွားကြောင်း ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်


တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်
Published on June 27, 2013 by ဒီဗွီဘီ   ·   No Comments

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူအများစုဟာ ဒေသခံဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာလူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်။”

ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲက နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း တင်ဒါစိစစ်ရေးအဖွဲ့က ဒီနေ့ ကြေညာလိုက်တာပါ။

ဥရောပ မြောက်ပိုင်း၊ အရှေ့နဲ့ အလယ်ပိုင်းအပါအ၀င် အာရှဒေသ ဆက်သွယ်ရေး ဈေးကွက်ကြီး ၅ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ တယ်လီနော်ကုမ္ပဏီဟာ ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံခွင့် လိုင်စင်ရရှိရင် ၁ နှစ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

၂၀၁၂ ခုနှစ်အထိ တယ်လီနော် မိုဘိုင်းအသုံးပြုသူကမ္ဘာမှာ ၁၄၈ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွက် လုပ်ငန်း မတည်ငွေ နော်ဝေခရိုနာ ၁၀၂ ဘီလီယံ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံထားပြီး ၀န်ထမ်း ၃ သောင်းကျော် ရှိပါတယ်။

အခုလို ဆက်သွယ်ရေးတင်ဒါ အောင်မြင်သွားတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းနဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တယ်လီနော်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ဟာ မြန်မာပြည်သူတွေအတွက် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အတွေ့အကြုံ၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူမှုရှိရှိနဲ့ အသုံးချပြီး အကောင်အထည်ဖော်သွားဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။ အခုလက်ရှိမှာ လိုင်စင်လုပ်ငန်းရဲ့ နောက်ဆုံး အပြီးသတ်လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်” လို့ တယ်လီနော် ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Fredrik Baksaas က ကြေညာချက်မှာ ပြောဆိုပါတယ်။

ကာတာအခြေစိုက် အိုရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အင်ဒိုဆက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ မြန်မာ့လူဦးရေ ၉၀ ရာခိုင်နှုန်းအထိ 3G တယ်လီဖုန်း သုံးစွဲခွင့်ရအောင် ပြုလုပ်မယ်လို့ ပြောဆိုထားပြီး တာဝါတိုင်ပေါင်း ၁ သောင်းကိုလည်း တည်ဆောက်သွားမယ်လို့  ပြောထားပါတယ်။

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီစာရင်းထဲမှာ အရန်ကုမ္ပဏီတွေအဖြစ် ပြင်သစ်အခြေစိုက် အော်ရိမ်းကုမ္ပဏီနဲ့ ဂျပန်အခြေစိုက် မာရူဘီနီ ကုမ္ပဏီကို ရွေးချယ်ထားပါတယ်။ 

DVB (မြန်မာပိုင်း)
မြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ စိန့်ပီတာ စဘတ်မြို့သို့ရောက်ရှိ

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း
ဆရာခင်ဗျ...ကျွန်တော်တို့ရွာတွေမှာ ခုတလောအဆိပ်သောက်မှု ပိုများလာပါတယ်။ တမင်တကာ သောက် သုံး မှု ရှိသလို တချို့ကလေးငယ်များက တော့ မှားယွင်း သောက်သုံး ကြတာပါ။

ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရ နော်ဝေနှင့် ကာတာကုမ္ပဏီ လာမည့်နှစ်ဆန်းတွင် ဝန်ဆောင်မှုစမည်

Photo: ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရ နော်ဝေနှင့် ကာတာကုမ္ပဏီ လာမည့်နှစ်ဆန်းတွင် ဝန်ဆောင်မှုစမည်
Friday, June 28, 2013

အာရှတိုက်တွင် နောက်ဆုံး ကျန်ရှိနေသည့် အကြီးဆုံး ဆက်သွယ်ရေး ဈေးကွက်ကြီးအဖြစ် နိုင်ငံတကာ အိုင်တီ ကုမ္ပဏီများက သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့် လက်ကျန်နှစ်နေရာကို ရရှိသွားသော နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့မှာ လာမည့် နှစ်ဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းဈေးကွက်တွင် ဖုန်းဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ ရရှိသွားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာအပြီး နာရီပိုင်းအကြာတွင် ယင်းကုမ္ပဏီများက အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မည်သည့် ကုမ္ပဏီများနှင့်မျှ ပူးပေါင်းထားခြင်း မရှိသေးသော ယင်းကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် မေလ နောက်ပိုင်းတွင် ဖုန်းလိုင်ကတ်များ စတင်ရောင်းချပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်သည်။

ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်ခံရသူများ မလုပ်ပါက အစားထိုးအနေနှင့် ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်း ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ် လိုက်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ ယခုလာမည့် လွှတ်တော်တွင် အတည်ပြုပြီးမှသာ အဆိုပါ ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများကို လိုင်စင်များ တရားဝင် ချပေးမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးလို ဖြစ်ခဲ့တာ။ အခုခေတ်ပြောင်းချိန် ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူ စားစတမ်း ဖြစ်သွားပြီ။ ဘယ်သူဘယ်လောက် လုပ်နိုင် မလဲဆိုတာက စကားပြောသွားလိမ့်မယ်” ဟု Programmer တစ်ဦးဖြစ်သူ ဦးရဲဝင်းအောင်က မှတ်ချက်ပေးသည်။

ယခုကဲ့သို့ ကြေညာခဲ့ခြင်းသည် အစိုးရအပေါ် ပြည်တွင်းပြည်ပမှ ယုံကြည်မှု ပိုမို ရရှိစေနိုင်ကြောင်း၊ လုပ်ကိုင်ခွင့် ရရှိနေသော ကုမ္ပဏီများသည်လည်း သင့်တော်သည်ဟု ထင်မြင်မိကြောင်း ပြည်တွင်း နည်းပညာ ကုမ္ပဏီတစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက မှတ်ချက်ပေးသည်။

နော်ဝေ အစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော TELENOL ကုမ္ပဏီက မြန်မာနိုင်ငံတွင် လူတိုင်း မိုဘိုင်းလ်ဖုန်း၊ လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရမည်ဟု ဆက်သွယ်ရေးလိုင်စင် မရရှိမီက ကတိပေးထားသည်။

အဆိုပါ ကုမ္ပဏီသည် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆားဘီးယားအစရှိသော နိုင်ငံများတွင် ဝန်ဆောင်မှု ပေးနေပြီး ယင်းဝန်ဆောင်မှုကို သုံးစွဲသူ အရေအတွက် ၂၁၄ သန်းရှိပြီး ကမ္ဘာပေါ်တွင် ကိုးခုမြောက် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။

အဆိုပါ ကုမ္ပဏီအနေနှင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီ ဖြစ်စေရန် HSPA နှင့် LTE နည်းပညာများကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ငါးနှစ်အတွင်း မိုဘိုင်းလ် ကွန်ရက်ကို တစ်နိုင်ငံလုံး ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် မတ်လ ကျော်လွန်ပါက စတင်ဖြန့်ဖြူး ရောင်းချနိုင်မည် ဖြစ်ကြောင်း TELENOL က တင်ဒါအောင်မြင်ပြီး နာရီပိုင်းအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထို့အပြင် ကုမ္ပဏီ၏ အမည်ကိုလည်း မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် တစ်သားတည်း ဖြစ်စေရန် မြန်မာနိုင်ငံနှင့် လိုက်ဖက်သော အမည်တစ်ခုလည်း ပေးသွားမည်ဟု ယင်းကုမ္ပဏီထံမှ သိရသည်။

အခြားလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခု ဖြစ်သည့် ကာတာ၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား အစရှိသော နိုင်ငံများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော Ooredoo ကုမ္ပဏီသည် အသုံးပြုသူ ၉၁ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေပြီး မြန်မာနိုင်ငံတွင် မည်သည့် ဝန်ဆောင်မှုများ ပေးအပ်သွားမည်ကိုမူ မသိရှိရသေးပေ။

ယင်းကုမ္ပဏီမှာ အခြားယှဉ်ပြိုင်ဘက် ကုမ္ပဏီများကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားထားခြင်း မရှိသော်လည်း ဇွန်လ ၂၇ ရက်နေ့ ဆက်သွယ်ရေး လိုင်စင်ရရှိကြောင်း ထုတ်ပြန်အပြီး နာရီပိုင်း အကြာတွင် Ooredoo ၏ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“Ooredoo အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံ ဒေသတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာမှာပါ။ Ooredoo ဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးပြုရ လွယ်ကူအောင်၊ အသုံးပြုသူတွေ အဆင်ပြေအောင်၊ လူသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးမှာဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က ပြောကြားသည်။

ယခုလိုင်စင် ရရှိသော ပြည်ပကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ Myanmar Telecom၊ ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီတို့ အနေနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းလိုင်း သုံးဆယ့်ကိုးသန်း ငါးသိန်းကို ချထားပေးရမည် ဖြစ်ရာ၊ ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်းတို့ကို ပြည့်မီအောင် တပ်ဆင်ပေးရမည် ဖြစ်သည်။

The Voice Weekly
အာရှတိုက်တွင် နောက်ဆုံး ကျန်ရှိနေသည့် အကြီးဆုံး ဆက်သွယ်ရေး ဈေးကွက်ကြီးအဖြစ် နိုင်ငံတကာ အိုင်တီ ကုမ္ပဏီများက သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့် လက်ကျန်နှစ်နေရာကို ရရှိသွားသော နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့မှာ လာမည့် နှစ်ဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းဈေးကွက်တွင် ဖုန်းဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။

မွန်ပြည်နယ်၏ ပထမဆုံး ပုဂ္ဂလိကကျောင်း ကျောင်းဝင်ကြေး တစ်နှစ်လျှင် ရှစ်သိန်းရှိနေ

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကကျောင်း တစ်ကျောင်း ပထမဆုံးဖွင့်ခွင့် ရရှိခဲ့ပြီး၊လက်ရှိတွင် ကျောင်းသားကျောင်းသူ စုစု ပေါင်း ၇ဝ ကျော် တက်ရောက် ပညာသင်ကြားနေ ပြီ ဖြစ်သည်။

ကလေး အလုပ်သမား ကိစ္စဟာ စိန်ခေါ်မှု တစ်ရပ် ဖြစ်နေဆဲ

Photo: ကလေးအလုပ်သမားကိစ္စဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲ
Friday, June 28, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေးး စီးပွားရေး ပြောင်းလဲ ပွင့်လင်းလာနေပေမယ့် ကလေးအလုပ်သမားကိစ္စဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေဆဲပဲလို့ ပြင်သစ်သတင်းဌာန တစ်ခုက ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( ILO ) ရဲ့ ညွှန်းကိန်းတွေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အလုပ်ခိုင်းစေခံရမှု အခြေအနေမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန် နိုင်ငံတွေနဲ့အတူ အဆိုးရွားဆုံးနိုင်ငံများစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

အသက် (၁၅)နှစ်အောက် ကလေးတွေကို အလုပ်မခိုင်းရ၊ (၁၅) နှစ် နဲ့ (၁၈) နှစ်ကြားကလေးတွေကို (၄) နာရီသာ အလုပ်လုပ်ခွင့်ပြုရမယ်လို့ ဥပဒေပြဌာန်းထားပေမယ့် ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ အသက်မ၀င်ဘဲ ဖြစ်နေတယ်လို့ France 24 သတင်း က ဆိုပါတယ်။

မြန်မာနိုင်ငံလူဦးရေ ရဲ့သုံးပုံတစ်ပုံ နီးပါးဟာ (၁၅) နှစ်အောက်ကလေးတွေဖြစ်ပြီး၊ ကျောင်းမနေနိုင်ဘဲ စားဝတ် နေရေးအတွက် အလုပ်လုပ်ခိုင်းခံနေရတာ၊ စစ်တပ်ထဲ ဆွဲသွင်းခံနေကြရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေဟာ အဲဒီကလေးတွေ ဆီမရောက်သေးဘူးလို့လည်းဖော်ပြပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ ထူပြောရာ လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကာရာအိုကေဘားတွေ အနှိပ်ခန်း တွေမှာ အလုပ်လုပ်နေကြတဲ့ ကလေးငယ်တွေကို မမြင်ချင်အဆုံး တွေ့နေရတယ်လို့ ရေးသားပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ နိုင်ငံရေးး စီးပွားရေး ပြောင်းလဲ ပွင့်လင်းလာနေပေမယ့် ကလေးအလုပ်သမားကိစ္စဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေဆဲပဲလို့ ပြင်သစ်သတင်းဌာန တစ်ခုက ဖော်ပြပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသား များနှင့် တွေ့ဆုံသြဝါဒ စကား ပြောကြား၊ ရင်ပြင် နီသို့ ကြည့်ရှု

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသား များနှင့် တွေ့ဆုံသြဝါဒ စကား ပြောကြား၊ ရင်ပြင် နီသို့ ကြည့်ရှု
Friday, June 28, 2013


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်၂၅ရက် ၊ ဒေသ စံတော်ချိန် ညနေ ၆နာရီ ၄၅မိနစ်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသားများနှင့် တွေ့ ဆုံသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သံရုံး မိသားစု ဝင်များနှင့် တပ်မတော်မှ ပညာတော်သင် သင်တန်း သားများက ခရီး ဦးကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် သံအမတ်ကြီးနှင့် စစ်သံမှူး ဦးစီး၍ သံရုံး အမှုထမ်းများ ၊ မိသားစုများ ၊ သင်တန်းသားများမှ သံရုံးခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗုဒ္ဓဘာသာ ထုံတမ်း အစဉ်အလာ အရ ကန်တော့ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သြဝါဒ စကား ပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ခိုင်မြဲစေရေး၊ ဆက်ဆံရေး ပိုမိုတိုးမြှင့် နိုင်ရေးအတွက် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ ဒီမိုကရေစီ နိုင်ငံအဖြစ် မကူးပြောင်းမီ တပ်မတော် အစိုးရ နိုင်ငံတော် တာဝန်ယူစဉ် ကာလ အခက်အခဲ ၊ အကြပ်အတည်းများ ရှိလာချိန်တွင် ရုရှားနိုင်ငံသည် မိမိနိုင်ငံ ဘက်တွင် ရပ်တည် ပေးခဲ့ကြောင်း ၊ ရုရှား တပ်မတော်မှလည်း မြန်မာ့ တပ်မတော်အတွက် အကူအညီ များစွာ ပေးခဲ့ကြောင်း၊ အတတ်ပညာသည် သုံးစွဲ တတ်ပါ က၊ သုံးစွဲ နိုင်ပါက တစ်သက်လုံး မကုန်ခမ်း နိုင်အောင် သုံးစွဲနိုင်မည် ဖြစ်၍ တပ်မတော်၏ အနာဂတ် မျိုးဆက်များ ဖြစ်သော တပ်မတော်သား ပညာတော် သင်များမှ ကြိုးစားသင်ယူ ဆည်းပူးသွားရန် လိုကြောင်း၊

သင်ကြားတတ်မြောက် လာသည့် ဘာသာရပ် များကိုလည်း လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန် လိုကြောင်း၊ တပ်မတော်မှ ဒီမိုကရေစီ လမ်းကြောင်းကို ခင်းပေးခဲ့သည့်အပြင် လမ်းကြောင်း တည်တံ့ ခိုင်မြဲအောင်ပါ ဆက်လက် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အခြေခံရရှိပြီး ဒီမိုကရေစီစနစ်ကို ဥပဒေ စည်းကမ်းများ နှင့်အညီ ဆက်လက်အကောင် အထည်ဖော် ဆောင် ရွက်သွား ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက် ရန် တာဝန်ရှိပြီး တိုင်းရင်းသား ပြည်သူလူထု၏ အသက် အိုးအိမ်ကို ကာကွယ် သွားရန်လည်း တာဝန်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် တက်ရောက် ပညာသင်ကြား နေကြသော ပညာတော် သင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ၎င်းနောက် မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် များအတွက် အနွေးထည်၊ အစားအသောက်၊ ရွှေဖီဦး တီးမစ်ထုပ်များ ပေးအပ်ပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး နှင့်ဇနီးတို့ ဂုဏ်ပြုကြိုဆို ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက် သည်။

ညစာစားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သံရုံး မိသားစုဝင်များ၊ ပညာတော်သင် များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ပြီး သံရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ဒေသစံတော်ချိန် ညနေ ၉ နာရီ ၁၅ မိနစ်တွင် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ ရင်ပြင်နီသို့ ဒေသ စံတော်ချိန် ညနေ ၉ နာရီ ၃ဝ မိနစ်တွင် ရောက်ရှိသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ရင်ပြင်နီ တစ်လျောက်ရှိ လီနင် အထိမ်းအမှတ်ဂူ၊ အညတရ စစ်သည် ဗိမာန်နှင့် အခြား အဆောက်အဦများအား လှည့်လည်ကြည့်ရှုပြီး ဟိုတယ်သို့ ပြန်လည် ရောက်ရှိ ညအိပ် ရပ်နား ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်

အမှန်တကယ် ဆင်းရဲချို့တဲ့သူများကို စိစစ်၍ အခမဲ့ ဆေးကုသမှု ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို အမျိုးသားလွှတ်တော် က မှတ်တမ်းတင်ရန် ဆုံးဖြတ်

Photo: အမှန်တကယ် ဆင်းရဲချို့တဲ့သူများကို စိစစ်၍ အခမဲ့ ဆေးကုသမှု ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို အမျိုးသားလွှတ်တော် က မှတ်တမ်းတင်ရန် ဆုံးဖြတ်
Friday, June 28, 2013

မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ၌ ကျန်းမာရေး စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေး အစီအမံတစ်ခု အနေဖြင့် အမှန်တကယ် ဆင်းရဲချို့တဲ့သူများအား စိစစ်၍ အခမဲ့ဆေးကုသမှု (Free Medical Service) ပေးနိုင်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇွန် ၂၆ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုအား ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ဒေါက်တာဌေးဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် အများစုမှ ဆွေးနွေးရာတွင် ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ ဆေးရုံများတွင် ဆရာဝန်များ မရှိခြင်း၊ ဆေးဝါးပစ္စည်း မလုံလောက်ခြင်း၊ ဆေးပစ္စည်း ရှိသော်လည်း အများပြည်သူသို့ မထုတ်ပေးခြင်း စသည့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို ကိုးကား၍ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲသား ပြည်သူအများစုတွင် ရာခိုင်နှုန်း ၇၀ မှာ ကျေးလက်တောင်ပေါ်နေ ပြည်သူများ ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူများအတွက် အခမဲ့ ဆေးဝါးကုသမှု လုပ်ဆောင်မည် ဆိုပါက ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ တောင်ပေါ်မကျန် ဖွင့်လှစ်ထားခဲ့သည့် ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ တိုက်နယ်ဆေးရုံများတွင် အခြေခံ ဆေးဝါးပစ္စည်းများ အပြည့်အစုံပေးရန် လိုကြောင်း၊ တိုက်နယ်ဆေးရုံများ၏ ဆေးခွဲတမ်းများကို ဆေးရုံကြီးကြပ်မှု ကော်မတီများမှ ဖွင့်ဖောက် စစ်ဆေးကာ တာဝန်ရှိ ဆေးရုံဆရာဝန်ထံ အပ်နှင်းရန် လိုကြောင်းနှင့် ကျန်းမာရေးဌာန၊ ဌာနခွဲများသို့ ခွဲဝေပေးလိုက်သော ဆေးဝါးများကိုလည်း ဆင်းရဲသား ပြည်သူများအတွက် အကျိုးရှိရှိ အသုံးပြုစေရန် ကြပ်မတ်ပေးအပ်ရန် လိုကြောင်း စသည်ဖြင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးသောင်းက ဆွေးနွေးခဲ့သည်။

ထိုသို့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးက ၀န်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများဖြင့် ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုတင်သွင်းမှုအား ပြန်လည်စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုရှင်ဖြစ်သူ ဒေါက်တာဌေးဝင်းက ''အခု ကျန်းမာရေး ဒုတိယ၀န်ကြီး ဆွေးနွေးချက်အရ ဒီလိုဆင်းရဲတဲ့ ပြည်သူတွေကို အခမဲ့ကုသပေးနေပြီ ဆိုတဲ့အကြောင်း သိရှိရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း အခြားနိုင်ငံတွေ မလုပ်နိုင်တဲ့ ကိုယ့်နိုင်ငံက ဆင်းရဲနွမ်းပါး ပြည်သူများကို အခမဲ့ ဆေးကုသမှု ပေးနိုင်တယ်ဆိုတာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တောင်းဆိုချင်တာက ကျွန်တော်ကျန်းမာရေး ၀န်ထမ်းလုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ၁၉၉၀ ၀န်းကျင်လောက်က စရိတ်မျှပေး ကျန်းမာရေး စနစ်ကို ကျန်းမာရေး ၀န်ကြီးဌာနက ဆောင်ရွက်ခဲ့ပါတယ်။ စရိတ်မျှပေး ကျန်းမာရေးစနစ်သည် ပိုက်ဆံတတ်နိုင်သူတွေကို ငွေကြေးပေးပြီး ဈေးပေါပေါနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် အခမဲ့ ကုသပေးဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီဆေးကုသ ပေးမှုသည် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် မဟုတ်ဘဲ ပိုက်ဆံရှိတဲ့သူတွေ အတွက်ပဲ တဖြည်းဖြည်း ဖြစ်သွားတဲ့အတွက် ဒါမျိုးဖြစ်မှာတော့ အင်မတန်စိုးရိမ်ပါတယ်'' ဟု ပြောကြားသည်။

ထို့နောက် လွှတ်တော်က ယင်းအဆိုအား မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

EMG
ကျင်းပလျက်ရှိသော အမျိုးသားလွှတ်တော်အား ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)


မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ၌ ကျန်းမာရေး စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ သကဲ့သို့ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေး အစီအမံတစ်ခု အနေဖြင့် အမှန်တကယ် ဆင်းရဲချို့တဲ့

အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

Photo: အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး

28.6.2013

အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုး လိုက် ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို့ သမ္မတ Barack Obama ၂၀၁၂ ခုနှစ်မှာ ကတိပြုထားချက်ကို တရားဝင်ဖြစ်စေတဲ့ သဘောတူချက်ကို အမေရိကန်သံအမတ်ကြီး Dereck Mitchell နဲ့ အမျိုးသား စီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှုဦးစီးဌာနဝန်ကြီး ဦးဆက်အောင်တို့ နေပြည်တော်မှာလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာလုပ်နေတဲ့   ပြုပြင်ပြောင်းလဲမှုတွေကို ၂ နိုင်ငံလုံးက ဆက်ပြီး အားပေးသွားမယ်ဆိုတာကို အခုသဘောတူမှုက အာ မခံလိုက်တာပဲလို့ သံအမတ်ကြီး Mitchell ကပြောပါတယ်။

ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ရှိသလို ရေရှည်ခံတဲ့ တိုးတက်မှုနဲ့ အလုံးစုံတိုးတက်မှုအတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကပြောတဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ကိုးကားဖော်ပြထားပါ တယ်၊ ဒီကနေ့ အမေရိကန်နဲ့ မြန်မာအစိုးရတို့ အပြန်အလှန် သဘောတူခဲ့တဲ့ သဘောတူချက်ထဲမှာ အစိုးရ ၂ ခုကြား ပူးပေါင်းကူညီမှုနဲ့ ပါတ်သက်တဲ့ အသေးစိတ်လမ်းညွှန်ချက်တွေကို အသေးစိတ်ဖော်ပြ ထားပါတယ်။

အထူးသဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ စားရေရက္ခာဖူလုံရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီ USAID က ကူညီထောက်ပံ့မှုပေးမဲ့ကိစ္စတွေကို အသေးစိတ် သဘောတူခဲ့ကြတာဖြစ် ပါတယ်

VOA
အမေရိကန်နဲ့ မြန်မာကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ကြဖို့ ၂ ဘက် သဘောတူ လက်မှတ်ထိုး လိုက် ပါတယ်။ လာမယ့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့မယ်လို

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ
Friday, June 28, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်း အတွင်းမှာ ယခင်က ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပိုမိုများပြားလာတယ်။ ဓာတုဗေဒနည်း စနစ်များနဲ့ ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးရမိမှု ပိုမိုများပြားလာတာကို တွေ့ရတယ်'' ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် သယ်ဆောင်ခြင်းများ၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် သုံးစွဲနေမှုများကို တားဆီးနှိမ်နင်း ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ မူးယစ်(အထူး)အဖွဲ့များနှင့် အကောက်ခွန် ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ သွားရောက်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများတွင်လည်း ရန်ကုန်မြို့မှ တစ်ဆင့် ပို့ဆောင်ခြင်းများလည်း ရှိကြောင်း သိရသည်။

''မူးယစ်ဆေးဝါးတွေကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဆိပ်ကမ်းတို့မှ ဖမ်းဆီးရမိတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး အမှုတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ် ရရှိအောင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အမှုများကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ပြီးပြတ်နိုင်ရေး ကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

EMG
မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းဝင်း၌ မူးယစ်ဆေးဝါးများကို မဖျက်ဆီးမီ တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး

“ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု


Photo: “ ဝ ”တပ်ဖွဲ့၏ ရဟတ်ယာဉ်များမြင်တွေ့ရကြောင်း လွတ်လပ်သော သတင်းများက အတည်ပြု 

IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့
 UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame’s Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။

နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။ 

Posted From Dawnmanhon

IHS Jame’s Defence Weekly မှ 25 Jun 2013 ရက်စွဲပါ “ Independent report confirm UWSA helicopter sighting “ သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

အမျိုးသမီးများ ဒုတိယ ရဲအုပ်လောင်း လျှောက်ထားနိုင်

Photo: အမျိုးသမီးများ ဒုတိယ ရဲအုပ်လောင်း လျှောက်ထားနိုင်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမျိုးသမီး ဒုတိယ ရဲအုပ်လောင်း များကို နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြင်ပမှ အရပ်သူများ လျှောက်ထားနိုင်ကြောင်း စတင် ခေါ်ယူခဲ့သည်။

ယခင် အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီး၊ စုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးတို့မှ ဘွဲ့ရအသက်ပြည့်မီသူ အမျိုးသမီးများအား ဒုတိယ ရဲအုပ် ခန့်ထားခဲ့ရာမှ အစိုးရသစ် လက်ထက်တွင် အသက်မွေးဝမ်းကျောင်း ဘွဲ့ရသူများနှင့် နိုင်ငံခြား ဘာသာဘွဲ့ တစ်ခုခု ရရှိထားသူ အမျိုးသမီးများကို စတင် ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ဘာသာစကား ကျွမ်းကျင်သူ ခေတ်ပညာတတ်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ ဝင်လာပါက နိုင်ငံခြားသား များနှင့် ပတ်သက်သည့် အမှုအခင်းများကို ပိုမို ထိရောက်စွာ ကိုင်တွယ် နိုင်မည် ဖြစ်ကြောင်း၊

 နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ရင်ပေါင်တန်း နိုင်မည် ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီး တစ်ဦးက ပြောကြားသည်။ ဒုတိယ ရဲအုပ်လောင်း တစ်ဦး၏ အခြေခံ လစာနှုန်းမှာ ငွေကျပ် ၈၅ဝဝဝ ဖြစ်ပြီး နှစ်တိုး နှုန်းထား မှာ ငွေကျပ် ၁ဝဝဝ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အမျိုးသမီး ဒုတိယ ရဲအုပ်လောင်း များကို နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်

ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု

ရွှေဆိုင်နှစ်ဆိုင် စကားများရန်ဖြစ်ရာမှ ရွှေဆိုင်အတွင်းသို့ လူအုပ်စုလိုက်ဝင်ရောက် လုယက်မှုတစ်ခု သာကေတ မြို့နယ် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၃-၁၄ ပညာသင်နှစ်၌ ကိုယ်ပိုင်ကျောင်း ၉၄ ကျောင်း အသစ်ထပ်မံ ဖွင့်လှစ်ခွင့်ပြု

၂၀၁၃-၁၄ ပညာသင်နှစ်၌ ကိုယ်ပိုင်ကျောင်း ၉၄ ကျောင်း အသစ်ထပ်မံ ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ပညာရေး

တပ်အဆောက်အအုံ ဆောက်လုပ်မည့် မြေမှလွဲ၍ သက်သာချောင်ချိရေးအတွက် သိမ်းထားသည့် လယ်ယာမြေများ ပြန်ပေးမည်

တပ်မတော်မှ သိမ်းယူထားသည့် လယ်ယာမြေများအနက် တပ်အဆောက်အအုံ ဆောက်လုပ်မည့် မြေမှလွဲ၍

အမျိုးစောင့်ဥပဒေသည် ဦးဝီရသူ ရေးဆွဲခြင်းမဟုတ်

အမျိုးစောင့်ဥပဒေသည် ဦးဝီရသူ ရေးဆွဲခြင်းမဟုတ်
Friday, June 28, 2013

အမျိုးစောင့်ဥပဒေသည် အများထင်နေသကဲ့သို့ ဦးဝီရသူရေးဆွဲခြင်းမဟုတ်ဘဲ နိုင်ငံတ၀န်းရှိ ဆရာတော်ကြီးများ၏ သြ၀ါဒစီစဉ်ဦးဆောင်မှုဖြင့် ဥပေဒေပညာရှင်များ ပူးပေါင်းရေးဆွဲထားကြောင်း ယနေ့ အင်းစိန်အောင်ဆန်းတောရတပ်ဦးကျောင်း၌ပြုလုပ်သော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာသော ဆရာတော်များက မိန့်ကြားခဲ့သည်။

ယင်းဥပဒေအား လွှတ်တော်တင်သည့်အခါတွင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို သိလိုကြောင်း အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသော မော်လမြိုင်ဆရာတော်ဘုရားကြီးက မိန့်သည်။

" ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကိုစောင့်ရှောက်တဲ့ဥပဒေ လို၊ မလို ဆုံးဖြတ်ရမှာပဲ။

ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊ မဲပေးမယ့်သူတွေ၊ ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာ ရှိတယ်ဆိုတာ သူတို့သိစေရမယ်" ဟု မော်လမြိုင်ဆရာတော်ဘုရားကြီးက ထောက်ခံဆွေးနွေးမှုတွင် ထည့်သွင်းမိန့်ကြားသွားသည်။

 Popular Myanmar News Journal
အမျိုးစောင့်ဥပဒေသည် အများထင်နေသကဲ့သို့ ဦးဝီရသူရေးဆွဲခြင်းမဟုတ်ဘဲ နိုင်ငံတ၀န်းရှိ ဆရာတော်ကြီး

နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေ သည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး

Photo: နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေ
သည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး
ဖြစ်ပေါ်ခဲ့

28.6.2013

နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်
ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာ
ကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် လုံခြုံရေးချမှတ်
ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်
သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသားမိဘများ စိတ်ပူပန်
စေပြီး မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစုလူဝေး ဖြစ်ပေါ်
စေခဲ့ကာ အေလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှလာရောက်
လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အေလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် အဋ္ဌမတန်း ကျောင်းသူနှစ်ဦး ရန်ဖြစ်
ရာတွင် ကျောင်းအုပ်ကြီးမှ နှစ်ဦးစလုံးအား ကျောင်းပြောင်းခိုင်းခဲ့ကြောင်း သိရသည်။

ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ်လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲဒါကြောင့် ဘေး
ကကောလာဟလ တွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ ကလေး
နှစ်ယောက်ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို
ခေါ်ပြီး...

ထိုသို့ ကျောင်းပြောင်းခိုင်းခဲ့သည့် ကျောင်းသူနှစ်ဦး အနက်မှ ငှက်ပျောတော
ကျေးရွာနေ ကျောင်းသူအား အေလာမြို့ အ.လ.က(ခွဲ)တွင် ကျောင်းပြန်
အပ်ရာ အဆိုပါကျောင်းမှ လက်မခံသဖြင့် ကျောင်းသားမိဘနှင့် ကျေးရွာသူ
ကျေးရွာသား အယောက် ၄၀ ကျော်မှ အမှတ်(၅) အ.ထ.က ကျောင်း သို့ လာရောက်၍ ၎င်း၏သမီးအား ကျောင်းတွင် လက်ခံပေးရန် ပြောဆိုရာမှ အနီးနားဝန်းကျင်ရှိ ကျေးရွာများမှ ကောလာဟလ သတင်းများကြောင့် အထိတ်တလန့် ဖြစ်စေကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး ကျောင်းသို့ စုပြုံရောက်ရှိလာကြောင်း သိရသည်။

''ကျွန်တော်တို့လည်း ကျောင်းနားမှာ သာကပ်နေတာ ဘာဖြစ်တယ်မှန်း မသိလိုက်ဘူး။ လူစုလူဝေးနဲ့ ရောက်လာတော့မှ စုံစမ်းကြည့်လိုက်တော့
ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ်လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲဒါကြောင့် ဘေး
ကကောလာဟလ တွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ ကလေးနှစ်
ယောက်ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို
ခေါ်ပြီးညှိနှိုင်းရမှာပါ''ဟု အေလာမြို့ ဒေသ ခံကျောင်းသားမိဘတစ်ဦးက
ပြောသည်။

အေလာမြို့ကျောင်းများတွင် ဖြစ်ပွားခဲ့ သော ဘာသာရေး အဓိကရုဏ်း ဖြစ်
စေနိုင်သော လှုံ့ဆော်မှု ကောလာဟလများကြောင့်ပျဉ်းမနားမြို့ပေါ်ရှိ
ကျောင်းများရှေ့တွင်လည်း ကျောင်းသားမိဘများ စုရုံးရောက်ရှိ လာကြ
သဖြင့် နယ်မြေခံ အာဏာပိုင်များမှ လုံခြုံရေးချ၍ ထိန်းသိမ်းဆောင်ရွက်
နေကြောင်း သိရသည်။

eleven media group
နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် လုံခြုံရေးချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

လူကုန်ကူးခံရသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အားနည်း


Photo: လူကုန်ကူးခံရသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အားနည်း

28.6.2013

ပြည်တွင်းကယ်တင်ခံရသည့် လူကုန်ကူးခံရသူများ၊ ပြည်ပမှ လွှဲပြောင်းပေးသည့် လူကုန်ကူးခံရသူများ နှစ်စဉ်ရာနှင့်ချီ၍ ရှိသော်လည်း ၎င်းတို့အတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမှာ အလွန်အားနည်းသေးကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားချက်အရ သိရသည်။

လူကုန်ကူး ခံရသူများအတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေ ခွဲဝေချမှတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များမှ လှူဒါန်းငွေများ၊ ပြည်ပအဖွဲ့အစည်းများမှ လှူဒါန်းငွေများဖြင့် ရန်ပုံငွေထူထောင်ပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

ထိုသို့အားနည်းချက်များ ရှိနေသော်လည်း ၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ထူးခြားသည့်နှစ် ဖြစ်ခဲ့ကြောင်း၊ အမေရိကန် အစိုးရ၏ နှစ်စဉ်ထုတ်ပြန်သည့် ၂၀၁၂ ခု နှစ်လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ပြီး TIER-3 (အရေးယူ ပိတ်ဆို့ထားသည့်အဆင့်) TIER-2(စောင့်ကြည့်)အဆင့်သို့ မြှင့်တင်ပေးခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များ၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ လူကုန်ကူးမှုဆိုင်ရာ ရန်ပုံငွေတွင် နိုင်ငံတော်ဘဏ္ဍာ ထည့်ဝင်နိုင်ရေး နိုင်ငံတော် အစိုးရသို့ တင်ပြသွားရန် စသည့်အချက်များကိုလည်း ၂၀၁၃ ခုနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု ၁၂၀ ကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံပေါင်း ၃၂၅ ဦးကို အရေးယူခဲ့ကြောင်းနှင့် လူကုန်ကူးခံရသူ ၂၅၈ ဦးရှိခဲ့ကြောင်း သိရသည်။

Eleven
ပြည်တွင်းကယ်တင်ခံရသည့် လူကုန်ကူးခံရသူများ၊ ပြည်ပမှ လွှဲပြောင်းပေးသည့် လူကုန်ကူးခံရ သူများ နှစ်

ဈေးကွက်ရှိ ငရုတ်သီးမှုန့်များတွင် ကင်ဆာဖြစ်စေနိုင်သော ဇီဝအဆိပ် စစ်ဆေးတွေ့ရှိ

6.27.12
ဈေးကွက်အတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်များအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဈေးများ၌ ရောင်းချနေသည့် ငရုတ်သီးမှုန့်များကို စမ်းသပ်စစ်ဆေးခဲ့ရာ

ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေ၏ လိုအပ်ချက်ကို နည်းဥပဒေ၌ ဖြည့်စွက်မည်

6.27.13
ဘီယာဆိုင်၌ ဆေးလိပ်သောက်သုံးနေသော လူငယ်တစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေသည့် အချက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေး မပြေ မလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များ က သေနတ်

အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်း၌ ပြုလုပ်သည့် သြ၀ါဒခံယူပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် အတည်ပြုကြောင်း ကြေညာချက်ထုတ်ပြန်

6.27.21
မီဒီယာတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မ

လယ်ယာမြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်း အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ဖော်ထုတ်အရေးယူရန် လယ်/ဆည်ဒုဝန်ကြီး ပြောကြား

6.27.22
လွှတ်တော်အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများ အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများရှိ လယ်မြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်း

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း သီတဂူဆရာတော် တိုက်တွန်း

6.27.16
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော်မှ သြ၀ါဒစကား မိန့်ကြားစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့်