Thursday, July 4, 2013

ဆေးခြောက်မှုနဲ့ အဖမ်းခံရတဲ့ ရဲတိုက်ကို ဆာတိုရီ လက်တွဲမဖြုတ်

Photo: ဆေးခြောက်မှုနဲ့ အဖမ်းခံရတဲ့ ရဲတိုက်ကို ဆာတိုရီ လက်တွဲမဖြုတ်
နဒီထိုက်| July 4, 2013 |

ဆေးခြောက် တကျပ်သား လက်ဝယ် တွေ့ရှိမှုနဲ့ ဒီနေ့ပဲ အမှုဖွင့်အရေးယူ ခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်ကို စင်တင်ပေးခဲ့သူလို့ ဆိုနိုင်တဲ့ ဆာတိုရီ ရုပ်ရှင် ထုတ်လုပ်ရေးက ရဲတိုက်နဲ့ ဆက်ပြီး လက်တွဲသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ရဲတိုက်ဟာ ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ရိုက်လက်စ ဗီဒီယို တကား ကျန်ရှိနေသေးတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုမျိုးဇော်က ဧရာဝတီကို ပြောပါတယ်။

“လက်ရှိတော့ ရဲတိုက်နဲ့ ရိုက်လက်စ တကား ကျန်နေပါတယ်။ စာချုပ်ကတော့ အရင် စချုပ်ကတည်းက ဘယ်နှနှစ် ဘယ်နှကား ဆိုပြီး မချုပ်ခဲ့ပါဘူး။ သူက တခြားတိုက်တွေနဲ့လည်း ရိုက်လို့ရပါတယ်။ လွတ်လွတ်လပ်လပ် ချုပ်ခဲ့တာပါ။ သူနဲ့ လက်တွဲခဲ့တာ ၂၀၀၆ ခုနှစ် ကတည်းက စခဲ့တာပါ။ ဆက်လက်မတွဲတော့ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ လက်ရှိကတော့ တကား ကျန်နေပါတယ်” လို့ ကိုမျိုးဇော်က ဆက်ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို ဆေးခြောက် တကျပ်သား လက်ဝယ်တွေ့ရှိမှုနဲ့ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု ပုဒ်မ ၁၅/ ၁၆ (ဂ)၊ မူးယစ်ပုဒ်မ (ပ နံပါတ်) ၄/ ၂၀၁၃ နဲ့ အမှုဖွင့် အရေးယူထားပြီး ပဲခူးတိုင်း တရားရုံးကို ဆက်လက် တင်ပြ ထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ အမှုဖွင့် အရေးယူထားပြီး ပဲခူးတိုင်း တရားရုံးကို ဆက်လက် တင်ပြထားပါတယ်” လို့ ကျောက်တံခါး ရဲစခန်းက တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့ မနက် ၃ နာရီအချိန်လောက်က သရုပ်ဆောင်ရဲတိုက်ကို ကျောက်တံခါးမြို့ ဒဂုန်မန်းလမ်း လက်ချမီး လက်ဖက်ရည်ဆိုင်မှာ မသင်္ကာဖွယ် တွေ့ရှိကြောင်း၊ ကျောက်တံခါး ရဲတပ်ဖွဲ့(လှည့်ကင်းအဖွဲ့) ကို ပြည်သူတဦးက သတင်းပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ လှည့်ကင်းအဖွဲ့က ရဲအုပ်တဦးနဲ့ သက်သေတွေက သွားရောက်ရှာဖွေ စစ်ဆေးတဲ့ အခါမှာ ကိုရဲတိုက်ရဲ့ ကျောပိုးအိတ် ထဲမှာ မူးယစ်ဆေးဝါး ဆေးခြောက် တကျပ်သားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိပါတယ်” လို့ ကျောက်တံခါး ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

ရဲတိုက်ဟာ ကျောက်တံခါးမြို့ကို အဖော်မပါတဦးတည်း ရောက်ရှိလာပုံရပြီး အနီရောင် ဆိုင်ကယ်တစီးကို ကိုယ်တိုင် မောင်းနှင်လာတယ်လို့ ကျောက်တံခါး ရဲစခန်းရဲ့ အဆိုအရ သိရပါတယ်။

“မူးယစ်ဆေးဝါး ပုဒ်မက ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ကျနိုင်ပါတယ်။ ၁၆ (ဂ) လက်ဝယ်တွေ့ရှိမှုကတော့ ထောင်ဒဏ် များပါတယ်။ ဒါကတော့ တရားသူကြီးရဲ့ အဆုံးအဖြတ်နဲ့ စီရင်ချက်ချမှာပါ။ ကျနော်တို့ကတော့ စီရင်ပိုင်ခွင့် မရှိဘူး။ တရားစွဲပြီးတော့ တရားရုံးကို တင်ပေးလိုက်မှာပါ” လို့ ကျောက်တံခါး တရားရုံးက တာဝန်ရှိသူ တဦးက ဖြေပါတယ်။

တရားရုံးကတော့ သူ့ကို တွေ့ရှိခဲ့တဲ့ ဒေသအရ ပဲခူးတိုင်း ကျောက်တံတား တရားရုံးမှာ စတင် စစ်ဆေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ရဲတိုက် အမှုနဲ့ ပတ်သက်ပြီး သူ့ကို ဆာတိုရီရုပ်ရှင်နဲ့ ဗီဒီယို ရိုက်ကူးထုတ်လုပ် ဖြန့်ချိရေး ကလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။

“သူက လက်ဝယ်တွေ့ရှိတာပဲ ရှိသေးတယ်။ သုံးမသုံး မသိတော့ သူ့ကို မတရားပြောမိသလို ဖြစ်မှာလည်း စိုးပါတယ်။ ဒါပေမယ့် အနုပညာ သမားတယောက် မူးယစ်ဆေးကြောင့် ဒီလိုဖြစ်ရတာတော့ ဝမ်းနည်းမိပါတယ်။ ရဲတိုက်လို တော်တဲ့ အနုပညာ သမားတဦး အနေနဲ့ရော ကျနော်တို့ရဲ့ မင်းသားတဦး အနေနဲ့ပါ စိတ်မကောင်း အရမ်းဖြစ်ရပါတယ်” လို့ ကိုမျိုးဇော်က ဧရာဝတီကို ပြောပါတယ်။

ရဲတိုက်ရဲ့ ဖခင်ဖြစ်သူကတော့ ပဲခူးတိုင်းကို ရဲတိုက် အမှုကိစ္စနဲ့ သွားနေရပြီး သူ့ကိစ္စနဲ့ ပတ်သက်လို့ ရှုပ်ထွေးနေတာကြောင့် ဖုန်း လက်ခံစကား ပြောနိုင်ခြင်း မရှိပါဘူး။ ရဲတိုက်ရဲ့ လက်ကိုင်ဖုန်းကလည်း ပိတ်ထားတဲ့အတွက် ရဲတိုက်ဘက်က သတင်းတွေကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။

အနုပညာသမား ဘုန်းသျှံဟာလည်း ဆေးပြားတွေ လက်ဝယ်ဖမ်းဆီးရမိ ထားတာ မကြာသေးဘူးလို့ အနုပညာ အသိုင်းအဝန်းက သိရပါတယ်။

ရိုက်ကွင်းမန်နေဂျာ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာတဦးက “အနုပညာသမားတွေ ဒီလိုဖြစ်တာ စိတ်မကောင်းဘူး။ ဒါပေမယ့် တခုတော့ရှိတယ်၊ ဒီလို ဖမ်းဆီး ပြလိုက်တော့လည်း ကျန်တဲ့ အနုပညာသမားတွေပါ သင်ခန်းစာ ရနိုင်တယ်။ အနုပညာ လောကမှာ ဒီလိုတွေ မမြင်မကြားချင် တော့ဘူးဗျာ” လို့ ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ဟာ မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရန်ကုန်က စိန့်မေရီ ကသီဒြယ် ဘုရားကျောင်း ဝန်းအတွင်း တကိုယ်တော် ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး လောလောလတ်လတ် အမှုရင်ဆိုင်ထားရပါတယ်။

ရဲတိုက်ဟာ လူမှုရေးလုပ်ငန်းတွေ အားတက်သရော လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရဲတိုက်ဖောင်ဒေးရှင်းကို ထူထောင်ပြီး သဘာဝဘေးဒဏ် ခံရတဲ့ ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။

စိန့်မေရီ ကသီဒြယ် ဘုရားကျောင်းဝင်းအတွင်း ရဲတိုက် တကိုယ်တော် ဆန္ဒပြခဲ့စဉ်က (ဓာတ်ပုံ – စိန့်မေရီ ကသီဒြယ်)

အေးချမ်းမွန် Credit To >ဧရာဝတီ < Thank
Re-post By ACM 4-7-2013
ဆေးခြောက် တကျပ်သားလက်ဝယ် တွေ့ရှိမှုနဲ့ ဒီနေ့ပဲ အမှုဖွင့်အရေးယူ ခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်ကို စင်တင်ပေးခဲ့သူလို့ ဆိုနိုင်တဲ့ ဆာတိုရီ ရုပ်ရှင် ထုတ်လုပ်ရေးက ရဲတိုက်နဲ့ ဆက်ပြီး လက်တွဲ သွားမယ်လို့ သိရပါတယ်။

ဖျားနာသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များထွက်ပြီး သေဆုံး

အမျိုးသမီးတစ်ဦးသည် ဖျားနာနေသဖြင့် ဆေးသောက်ရာ ပါးစပ်မှ အမြှုပ်များ ထွက်လာ ပြီး သေဆုံး ခဲ့မှုတစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်း သတင်း ထုတ်ပြန်သည်။

လာမည့်နှစ်ပေါင်း နှစ်ဘီလီယံတွင် ကမ္ဘာမြေ၌ သက်ရှိများ ပျောက်ကွယ်နိုင်

လာမည့်နှစ်ပေါင်း နှစ်ဘီလီယံကာလတွင် ကမ္ဘာပေးရှိ အပင်နှင့် သက်ရှိသတ္တ၀ါ မျိုးစိတ်များ အလုံးစုံ ပျက်သုဉ်းမည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း စကော့တလန် သုတေသီများက ခန့်မှန်းချက် တစ်ခုကို ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်တင်ပြခဲ့ကြသည်။ လေထုလွှာအတွင်း ကာဗွန်

ဓာတ်ပုံ သတင်းထောက်နှင့် ရွှေတိဂုံစေတီတော် လုံခြုံရေး အဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား



Photo: ဓာတ်ပုံ သတင်းထောက်နှင့် ရွှေတိဂုံစေတီတော် လုံခြုံရေး အဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား

Thursday, July 04, 2013

ရွှေတိဂုံ စေတီတော်သို့ လာရောက် ဖူးမြော်သော ထိုင်း ဘုရင့်သမီးတော်ဖြစ်သူ သီရိဒုံကို ဓာတ်ပုံ သတင်းထောက် တစ်ဦးက သတင်းဓာတ်ပုံ ရိုက်ကူးရန် နေရာယူ...နေစဉ် ဘုရား လုံခြုံရေး အဖွဲ့ဝင် များက ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခဲ့၍ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက နှစ်ဦး နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကိုယ်ထိ လက်ရောက် ကျူးလွန်ခံရသူ ဥရောပ သတင်းဓာတ်ပုံဌာန (EPA) မှ ဓာတ်ပုံ သတင်းထောက် ဦးလင်းဘိုဘိုက ဆိုသည်။

ထိုင်း ဘုရင့်သမီးတော်ဖြစ်သူ သီရိဒုံက အဆိုပါ ညနေတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်စဉ် သတင်း ဓာတ်ပုံ ရိုက်ကူးရန်အတွက် သီရိဒုံနှင့် ဆန့်ကျင်ဘက် အရပ်သို့ ပြေး၍ ဓာတ်ပုံ ရိုက်ကူးရန်အတွက် နေရာယူစဉ် ဘုရားလုံခြုံရေး အဖွဲ့ဝင် တစ်ဦးက နောက် မှ ကျောပြင်ကို လက်ဖြင့် တွန်းလိုက်သောကြောင့် ရင်ပြင်တော်ပေါ်ရှိ မိုးရေများဖြင့် ချော၍ ချော်လဲကာ ခုနစ်ပေ၊ ရှစ်ပေခန့် လွင့်စင်သွားပြီး ၎င်းကိုင်ဆောင်သည့် Canon EOS 1D Mark III ကင်မရာတွင် တပ်ဆင် ထားသည့် ကာလတန်ဖိုး ကျပ် ၁၀ သိန်းကျော်ရှိသည့် မှန်ဘီလူး ထက်ပိုင်း ကျိုးခဲ့ကာ ၎င်း၏ ဒူးနှင့် ဘယ်လက် ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက အဆိုပါ ရှင်းလင်းပွဲတွင် ထပ်မံ ပြောကြားသည်။

ယင်းဖြစ်စဉ်ကြောင့် ဦးလင်းဘိုဘို အနီးသို့ အင်ပါယာ သတင်းဌာနမှ သတင်းထောက် တစ်ဦးက သွားရောက်စဉ် အဆိုပါ လက်ဖြင့် တွန်းခဲ့သူက ထီးဖြင့် ၎င်းကို ချိန်ရွယ်ခဲ့ကြောင်း အင်ပါယာ သတင်းဌာနမှ သတင်းထောက်ဖြစ်သူ ဦးဝဏ္ဏက အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

“ကျွန်တော်နဲ့ ကိုလင်းဘိုဘို နေရာယူထားမိတာက နေကျတဲ့ ဘက်ခြမ်း ဖြစ်နေတော့ ဓာတ်ပုံက ကောင်းကောင်းမရဘူး၊ ဒါကြောင့် နေကွယ်ဘက်ခြမ်းကို သူက ပြေးသွားတယ်။ ကျွန်တော်လည်း သူ့ ရှုထောင့်ကနေ ရိုက်ဖို့ ပြေးသွားတာ လုံခြုံရေးတွေ တားမြစ်ခြင်း ခံရတယ်။ သူ့ကို ဘုရားလုံခြုံရေး အဖွဲ့က တွန်းတာ မြင်လိုက်တယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းနောက် ဦးလင်းဘိုဘိုမှာ အဆိုပါ ဖြစ်စဉ်အတွက် တာဝန်ရှိသူကို လာရောက် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထူးခြားသည်မှာ အခြား လုံခြုံရေးနှင့် ဂေါပကလူကြီးက ၎င်းဘာသာ ချော်လဲသည်ဟု သုံးနှုန်း ခဲ့ကြောင်း၊ ဘုရား ဂေါပကလူကြီးက ကျေနပ်မှုမရှိပါက ရဲစခန်းသို့ သွားရောက် ဖြေရှင်းနိုင်မည်လားဟု သတင်းထောက် အချို့၏ ရှေ့ တွင် ပြောဆို၍ တောင်ဘက်မုခ် ဂေါပကရုံး အနီးသို့ ခေါ်ဆောင် သွားကြောင်း၊ ထိုနေရာသို့ အရောက်တွင် ၎င်းဘာသာ ချော်လဲခြင်း ဖြစ် ၍ ဂေါပကအနေဖြင့် ရဲစခန်းသို့ လိုက်ရန်မလိုကြောင်း ပြန်လည် ပြောကြား ခဲ့သဖြင့် ဘုရားလူကြီး တစ်ဦးအနေနှင့် ရင်ပြင်တော်ပေါ်တွင် ယခုကဲ့သို့ ပြောင်ပြောင် တင်းတင်း လိမ်ညာခြင်း မပြုသင့်ဟု သတင်းထောက်များ၏ ရှေ့တွင် ပြောဆိုခဲ့ရာ ယူနီဖောင်းဝတ် လုံခြုံရေး အဖွဲ့ဝင်များက ၎င်းကို ဝိုင်းဝန်း ထိုးကြိတ်မည့် အနေအထားများ တွေ့ရပြီး လုံခြုံရေး အဖွဲ့ဝင် အမျိုးသမီးများကို ၎င်းတို့ အနီးတွင် နေရာယူစေ ခဲ့ကြောင်း ဦးလင်းဘိုဘိုက ဆိုသည်။

အဆိုပါ တောင်ဘက်မုခ်အနီးတွင် သတင်းထောက်များနှင့် ဂေါပက အဖွဲ့ဝင်များ အချင်း ဖြစ်ပွားနေသည်ကို ဓာတ်ပုံရိုက်မိသူ ပေါ်ပြူလာ ဂျာနယ်မှ သတင်းထောက် ဦးအောင်နိုင်စိုးကို ထပ်မံ ဓာတ်ပုံ ရိုက်ကူးခြင်း ပြုပါက အဆိုပါ ကင်မရာကို ရိုက်ခွဲမည်ဟု ဘုရား လုံခြုံရေး အဖွဲ့ဝင်များက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဦးအောင်နိုင်စိုးက သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မိမိမှာ ပစ္စည်းနှင့် ခန္ဓာကိုယ် ထိခိုက်ခြင်းထက် သတင်းထောက်မှန်းသိသိနှင့် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းအပေါ် ကျေနပ်နိုင်ခြင်း မရှိသည့်အတွက် ယနေ့ နေ့စွဲဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာ ပို့ပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိအနေနှင့် စာနယ်ဇင်း ကောင်စီ၏ ညှိနှိုင်းမှုဖြင့် လုံခြုံရေးအဖွဲ့ ဘက်က မှားပါသည်ဟု ဝန်ခံလျှင် တရားရုံးသို့ တိုင်ကြားခြင်း မပြုဘဲ ကျေအေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ဖြစ်ရပ်မှန်မှာ အပေါ်အဝေးဆီမှ ဓာတ်ပုံရိုက်ရန် နေရာယူလို၍ တားထားသည့် သူများကြားမှ ဆန္ဒစော၍ ထွက်ပြေးခဲ့သဖြင့် ချော်လဲ ခဲ့ခြင်း ဖြစ်ကြောင်း၊ အင်္ဂါထောင့်တွင် လုံခြုံရေး ရယူနေသည်ကို ပျက်စီးစေရန်၊ ဆူပူစေရန် ဝတ္တရား နှောင့်ယှက်ခြင်းဖြစ်ကြောင်း ရွှေတိဂုံ စေတီတော်မှ ဂေါပက အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မျက်မြင် သက်သေဖြစ်သူ ဦးဝဏ္ဏနှင့်အတူ ဒဂုံ ရဲတပ်ဖွဲ့စခန်းတွင် ဖြစ်စဉ်ကို ပြောကြား၍ အမှု တိုင်ကြားခဲ့ရာ အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူများက ရဲအရေးပိုင်သည့်အမှု မဟုတ်သဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားရန် ပြောကြားခဲ့ကြောင်း ဦးလင်းဘိုဘိုကပင် ထပ်မံ ပြောကြားသည်။

နိုင်ငံတော်သမ္မတ အကြံပေး ရုံးခန်းတွင်း သတင်းဝင်ယူဖူးကြောင်း လက်မှတ်ရေးထိုးပြီး သတင်း ရယူနေစဉ် လုံခြုံရေး အဖွဲ့ဝင်များက ခုံပေါ်ထိုင်နေသည့် ၎င်းကို ချိုင်းမှ ကိုင်မြှောက်ကာ အခန်းတွင်းမှ ထွက်ခိုင်းခဲ့ဖူးကြောင်း သမဂ္ဂ သတင်းဂျာနယ်မှ သတင်းထောက် ချုပ်ဖြစ်သူ ဒေါ်ရွှေမှုန်က ဆိုသည်။

စင်ကာပူနိုင်ငံ သမ္မတဖြစ်သူ ရွှေတိဂုံစေတီပေါ်သို့ လာရောက် လည်ပတ်စဉ် က သတင်းထောက်များကို ဓာတ်ပုံ ရိုက်ကူးခွင့် မပြုခဲ့ဘဲ လုံခြုံရေး အဖွဲ့ဝင် ၄၀ ကျော်ခန့်က ဝိုင်းဝန်း၍ တားဆီး ပိတ်ပင်ခြင်း ခံခဲ့ရဖူးကြောင်း The Voice မှ ဓာတ်ပုံ သတင်းထောက်ဖြစ်သူ ဦးရဲပြည့်ဇာနည်က ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် ရွှေတိဂုံစေတီ လာရောက်ခဲ့စဉ်က အမျိုးသမီး သတင်းထောက် အချို့၏ ရင်ဘတ်ကို တွန်းခြင်း၊ ရုပ်သံ သတင်းထောက်ကို တံတောင်နှင့် တွတ်ခြင်းများ ရွှေတိဂုံ လုံခြုံရေးအဖွဲ့က ပြုလုပ်ခဲ့ဖူးကြောင်း ဦးလင်းဘိုဘိုက ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ တိုင်ကြားစာ လက်ခံ ရရှိထားသော်လည်း အစည်းအဝေး မပြုလုပ်ရသေး၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် သက်ဆိုင်ရာက လုံခြုံရေးကို အကြောင်းပြ၍ ယင်းကဲ့သို့ ကြမ်းတမ်းစွာ မဆက်ဆံသင့်ဘဲ ဒီမိုကရေစီ နိုင်ငံတွင် သတင်းထောက်များ၏ သတင်း ရယူခြင်းကို မပိတ်ပင် သင့်ကြောင်း၊ လုံခြုံရေးအရ အခက်အခဲရှိပါက သတင်းထောက်များ ကို ကောင်းမွန်စွာ ပြောဆိုပါကလည်း နားလည် သဘောပေါက်နိုင်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
The Voice Weekly
ရွှေတိဂုံ စေတီတော်သို့ လာရောက်ဖူးမြော်သော ထိုင်းဘုရင့်သမီးတော်ဖြစ်သူ သီရိဒုံကိုဓာတ်ပုံ သတင်းထောက်တစ်ဦးက သတင်းဓာတ်ပုံ ရိုက်ကူးရန် နေရာယူ...နေစဉ် ဘုရား လုံခြုံရေး အဖွဲ့ဝင်

အစ္စလာမ် အခြေခံ ဘာသာရေးကျောင်းအတွင်း သံဃာတော်တွေ ကိုပင့်ဖိတ်ဆွမ်းကပ်

Photo: အစ္စလာမ် အခြေခံ ဘာသာရေးကျောင်းအတွင်း သံဃာတော်တွေ ကိုပင့်ဖိတ်ဆွမ်းကပ်

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အဖွဲ့ က မြောက်ဥက္ကလာပမြို့နယ် ခတ္တာလမ်း ရှိ အောင်ဝလ် ဂျာမေစ္စ န္ဒီ ဗလီ ဘုရားဝတ်ပြု ကျောင်း အတွင်း ပထမဆုံး အကြိမ် စိန်ပန်း ပရိယတ္တိစာသင်တိုက် သံယာတော် များနဲ့ တခြား ပင့် သယာတော်များကို ပင့်ဖိတ်ပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ် " 

ဒါပထမဆုံးအကြိမ်ပါပဲ။ကျွန်တော့အသက်၆၀ကျော်ပါပြီတစ်ခါမှမတွေ့ ဖူးဘူး"လို့ မြောက်ဥက္ကလာပမြို့ နယ်(၁)ရပ်ကွက်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင် ဦးဘဒင်ကပြောပါတယ်။

 Author/ photo ရွှေဇင်
Kymudra
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး အဖွဲ့က မြောက်ဥက္ကလာပမြို့နယ် ခတ္တာလမ်း

ကျောက်တံခါး ရဲစခန်းမှာသရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် နဲ့ အတူဖမ်းမိ

Photo: ကျောက်တံခါး ရဲစခန်းမှာသရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် နဲ့ အတူဖမ်းမိ

ရန်ကုန်။ဇူလိုင်၊၎

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မှာ သရုပ်ဆောင် ရဲတိုက်ကို ယမန်နေ့ညက ဆေးခြောက်တွေနဲ့ဖမ်းစီးရမိတယ်လို့ ကျောက်တံခါး မြို့နယ် မှုးရုံးက သိရပါတယ်။

Author- မိုးစက်

Posted From Kumudra

နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု

Photo: နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု

Thursday, July 04, 2013

ဇွန်လ ၃ ရက်တွင် ကျရောက်သည့် မြန် မာအမျိုးသမီးများနေ့ အခမ်းအနားကို တောင် ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မစ္စအင်တာနက် ဆုရှင် နန်းခင်ဇေယျာကို ရှမ်းပြည်နယ်အစိုး ရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ထူးချွန်အမျိုးသမီးအဖြစ် နန်းခင်ဇေယျာကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေကလည်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်လည်း တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရ၏ ဂုဏ်ပြုခြင်းခံရသူ နန်းခင်ဇေယျာက တောင်ကြီးမြို့ မိဘမဲ့အမျိုးသမီး သင်တန်းကျောင်း သို့ သွားရောက် မည်ဟုလည်းဆိုသည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရကာ မိဘမဲ့ အမျိုးသမီးသင်တန်းကျောင်းသို့ ရောက်ရှိ နေသည့် မသက်ထားခင်ကိုလည်း တွေ့ဆုံမည်ဟု ဆိုသည်။

''အဓိကကတော့ သူ့ကို အားပေးချင်တယ်။ အပြစ်မဲ့တဲ့ ကလေးငယ်လေးကို စိတ်ဓာတ်ခွန်အားတွေ တက်လာအောင် အားပေးသွားမယ်။ ဒီလို ရိုက်ခံခဲ့တာ ကြားသိရ ရချင်းကတည်းက စိတ်ထဲမှာလုံးဝမကောင်းပါဘူး'' ဟု သူကဆိုသည်။

မသက်ထားခင်သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၅ တွင် နေထိုင်သည့် အသက် ၇ နှစ် အရွယ် မိဘမဲ့ ဖြစ်သည်။ ဇွန်လအတွင်းက အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံခဲ့ရခြင်းကြောင့် တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့အမျိုးသမီးသင်တန်းကျောင်းသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။

Mizzima Burmese
ဇွန်လ ၃ ရက်တွင် ကျရောက်သည့် မြန် မာအမျိုးသမီးများနေ့ အခမ်းအနားကို တောင် ကြီးမြို့ တွင် ပြု လုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် မစ္စအင်တာနက် ဆုရှင် နန်းခင်ဇေယျာကို ရှမ်းပြည်နယ် အစိုး ရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဖခင်အရင်းဖြစ်သူက သမီးနှစ်ဦးအား သားမယားပြုကျင့်

ဖခင်အရင်းဖြစ်သူမှ သမီးနှစ်ဦးအား သားမယားအဖြစ်ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း မန်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

HIV ကုသဖို့ နည်းလမ်းသစ် တွေ့

Photo: HIV ကုသဖို့ နည်းလမ်းသစ် တွေ့

အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက် ခံထား ရတဲ့ အမျိုးသား နှစ်ဦးမှာ သွေးကင်ဆာ ဖြစ်တဲ့ အတွက် ရိုးတွင်း ခြင်ဆီ အစားထိုး ကုသ ခဲ့ရာ ကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ် မတွေ့ရ တော့ဘူးလို့ ဆရာဝန် တွေက ပြောပါတယ်။

အဲဒီ အတွက် သူတို့ကို HIV ကုသမှု ပေး နေတာကို ရပ်နားထား ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

ဒါပေမယ့်လို့ အခုလို ရိုးတွင်း ခြင်ဆီ အစားထိုး တာကို HIV ဗိုင်းရပ်စ် အတွက် ကုထုံး တခု လိုတော့ ပြောဖို့ရာ အရမ်း စောလွန်း သေးတယ် လို့ ဘရစ်ဂမ် နဲ့ အမျိုးသမီး ဆေးရုံ က ဆရာဝန် တွေက ပြောပါတယ်။ အကြောင်း ကတော့ HIV ပိုးဟာ အချိန် မရွေး ပြန်ပေါ် လာနိုင်တာ ကြောင့်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦး မတိုင်ခင် အရင် လူနာ တဦး ကိုတော့ ရိုးတွင်း ခြင်ဆီ အစားထိုး ကုသပြီး နောက် ဒါဟာ AIDS ကူသမှု ဆိုပြီး ဖေါ်ပြ ပြောဆို ခဲ့ဖူး ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ သူကို အစားထိုး လိုက်တဲ့ ရိုးတွင်း ခြင်ဆီဟာ HIV ပိုးကို ခံနိုင်ရည် ရှိတဲ့ လူ ကနေ ဒါန ပြုထားတဲ့ ရိုးတွင်း ခြင်ဆီ ဖြစ်လို့ ပါတယ်။

ဒါပေမယ့် အခု အမျိုးသား နှစ်ဦး ကိုတော့ ရိုးရိုး သာမန် အလှူရှင် တွေဆီက ရိုးတွင်း ခြင်ဆီ နဲ့သာ ကုသ ခဲ့တာ ဖြစ်တယ် ဆိုပြီး နိုင်ငံ တကာ AIDS ကျွမ်းကျင် သူများ ဖွဲ့စည်း ထားတဲ့ IAS ညီလာခံမှာ ဖေါ်ပြ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကုသမှု ပြုခဲ့ ပြီးနောက် လူနာ တဦးမှာ HIV ပိုး မတွေ့တာ ၂ နှစ်ရှိ သွားပြီ ဖြစ်ပြီး နောက်တဦး ကတော့ ၄ နှစ်ကြာ ပြီ ဖြစ်တယ်လို့ ပြောပါ တယ်။

BBC News
အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမျိုးသားနှစ်ဦးမှာ သွေး ကင်ဆာ ဖြစ် တဲ့အတွက် ရိုးတွင်း ခြင်ဆီအစားထိုး ကုသခဲ့ရာကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ် မတွေ့ရ တော့ ဘူးလို့ ဆရာဝန် တွေက ပြောပါတယ်။

ဓာတ်အားလိုင်း တာဝါတိုင်ပေါ် တက်၍ သံချောင်းများ ခိုးသူဖမ်းမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မန်တဲကျေးရွာအုပ်စု ခါလိန်ကျေးရွာအနောက် တစ်မိုင်အကွာ ရှိ ရွှေလီ၊ မန်ဆန် ရွှေစာရံ မဟာဓာတ်အားလိုင်းတာဝါတိုင်အမှတ်(၁၃၄) အမြင့် ၇၂ ပေပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီက အမည်မသိ လူတစ်ဦး တက်ရောက်ပြီး တာဝါတိုင်တွင် တပ်ဆင်ထားသော သံချောင်းများ  ခိုးဖြုတ်ယူနေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက တာဝါတိုင်ပေါ်သို့  တက်နေသည့်သူအား အောက်သို့ဆင်းစေခဲ့သည်။

မြန်မာ့ကျောက်စိမ်း ဈေးကွက်ကို တရုတ်ကုန်သည်အချို့ စနစ်တကျ ဖျက်ဆီးနေဟု ပြည်တွင်းကုန်သည်များ သုံးသပ်

merchants-july4
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အကြိမ် (၅၀)မြောက် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာပြပွဲသို့ လာရောက် ကြသော နိုင်ငံခြားသား ရတနာကုန်သည်များအား တွေ့ရစဉ်
မြန်မာ့ကျောက်စိမ်း ဈေးကွက်ကို တရုတ်ကုန်သည်အချို့ စနစ်တကျ ဖျက်ဆီးနေဟု အကြိမ်

လွှတ်တော်တွင် တင်သွင်းထားသော တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းသည် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ အကျိုးစီးပွားကိုသာ ကာကွယ်ထားသော မူကြမ်းဖြစ်ကြောင်း ၈၈ အဖွဲ့ ထုတ်ပြန်

farminglaw-july4
တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ကန့်ကွက်ကြောင်း ကိုထွန်းမြင့်အောင်က ရှင်းလင်းပြောကြားနေစဉ်
လွှတ်တော်တွင် လက်ရှိတင်သွင်းထားသော တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ

ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် UWSA တို့ တင်းမာမှု ဖြစ်ပေါ်နေ

wa2-july4
၂၀၁၃ ခုနှစ်၊ မတ် ၂၇ ရက်က (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကို နေပြည်တော်တွင် ကျင်းပခဲ့စဉ် (Photo:AFP)
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၌ တပ်မတော်နှင့် ၀ပြည်သွေးစည်း

သစ်ပင်မီးရှို့ပြီး ရဲကားကို လက်သီးဖြင့် ထိုးခဲ့သူ သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းတရားရုံးမှ ထောင်ဒဏ်သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်းချမှတ်

minoaksoe-july4
ပြစ်ဒဏ်ချမှတ်ခြင်း ခံရသော သရုပ်ဆောင် မင်းအုပ်စိုးအား တရားရုံးမှ အထွက်တွင် တွေ့ရစဉ်
သရုပ်ဆောင်/ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းမြို့နယ် တရားရုံးမှ ဇူလိုင်လ ၃ ရက်တွင် ပြစ်ဒဏ်ချ မှတ်ခဲ့သည်။