Thursday, July 11, 2013

ရန်ကုန်မြို့တော် သယ်ယူ ပို့ဆောင်ရေးနှင့် လုံခြုံရေး အတွက် အဆင့်မြင့် ကင်မရာများ တပ်ဆင်ကာ စတင်ဆောင်ရွက်

ရန်ကုန်မြို့တော် သယ်ယူ ပို့ဆောင်ရေးနှင့် လုံခြုံရေး အတွက် အဆင့်မြင့် ကင်မရာများ တပ်ဆင်ကာ စတင်ဆောင်ရွက်
ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးအတွက် အထောက်အကူပြုစေမည့် အဆင့်မြင့် ကင်မရာစီစီတီဗွီများတပ်ဆင်ကာ ရန်ကုန်မြို့လယ်ဧရိယာကို  လွှမ်းခြုံကြည့်ရှုသည့် အစီအစဉ်ကို ယခု လမှစတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရိုဟင်ဂျာ တရားဝင်လက်ခံရေး မြန်မာအစိုးရကို အင်ဒိုနီးရှား ဖိအားပေး


Photo: ရိုဟင်ဂျာ တရားဝင်လက်ခံရေး မြန်မာအစိုးရကို အင်ဒိုနီးရှား ဖိအားပေး
Thursday, 11 July 2013

မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တရားဝင် အသိအမှတ်ပြုဖို့အတွက် အင်ဒိုနီးရှားအစိုးရက မြန်မာအစိုးရကို ဖိအားပေးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားပြည်ပမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေတဲ့ ရိုဟင်ဂျာ အရေအတွက်က တိုးလာနေတဲ့အချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ (Marty Natalegawa) က မြန်မာအစိုးရကို ပြည်တွင်းမှာ မတူကွဲပြားတဲ့ လူမှု အသိုင်းအ၀ိုင်း နှစ် ရပ်ကြားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ဗွီ
အိုအေ သတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။
 
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖော်ဆောင်သွားဖို့ လိုအပ်တဲ့ အကြောင်းနဲ့ တချိန်တည်းမှာပဲ ပြည်တွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ တရားဝင် ရပိုင်ခွင့်တွေကိုလည်း အသိအမှတ်ပြုရ မှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
 
လွန်ခဲ့တဲ့နှစ်က မြန်မာနိုင်ငံတ၀ှမ်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေကြောင့် လူ ၂၀၀ ကျော် သေ ဆုံး ခဲ့ရပြီး လူပေါင်း သောင်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီအထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သောင်းနဲ့ချီ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မြန် မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈ သိန်းလောက်ရှိတယ်ဆိုတဲ့ ရိုဟင်ဂျာ အများစု ကို မြန်မာအစိုးရက နိုင်ငံသား ခံယူခွင့် မပြုပါဘူး။
 
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါ က တင်းမာ မှုတွေ လျော့ ပါးရေးအတွက် ပထမဦးဆုံး ခြေလှမ်းအဖြစ် ရိုဟင် ဂျာတွေကို မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြုမယ်ဆိုတဲ့အတွက် အင်ဒိုနီးရှားအနေနဲ့ အားတက်မိတဲ့အကြောင်း ဘန်ကောက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
 
“ဒီနေရာမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူနိုင်ရေးကိစ္စ ရှိနေပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော ပတ်သက်နေပါ တယ်။ မြန်မာအစိုးရက ဒီကိစ္စကို အခြေခံကျကျ ကိုင်တွယ်ဖြေရှင်းပေး မယ်ဆိုလို့ ကျနော်တို့ အားတက်မိပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ တရားဝင် အသိအမှတ်ပြု ခံရပြီး အခြားကျန် နိုင်ငံသားတွေနဲ့အတူ ဥပဒေအရ အခွင့်အရေးတွေကို ရရှိစေမှာဖြစ်ပါတယ်။”
 
မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံသားတွေဖြစ်ကြတဲ့ တိုင်းရင်းသားအုပ်စုတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးဆိုတာကို ကာလကြာရှည် ခံယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က တရားမ၀င် ရောက်လာကြတဲ့ ဘင်္ဂါလီတွေ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
 
မစ္စတာ နာတလီ ဂါဝါ က မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာ
ဝင်တွေနဲ့ လူနည်းစု မူဆလင်တွေအကြား တဘက်နဲ့တဘက် ယုံကြည်မှု မရှိကြတာ တွေ့ရပြီး၊ အဲ့ဒီကတဆင့် သွေးထွက်သံယိုမှုတွေ ဖြစ် ပွားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့လည်း ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းက ဒီမိုကရေစီ စတင်ဖော်ဆောင်ရာမှာ အလားတူ အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ ဖြေရှင်းယူခဲ့ ရတာဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
 
ဒါကြောင့်လည်း လူမှုအသိုင်းအ၀ိုင်းတွေကို ပြန်လည်တည်ဆောက် ရာမှာ မြန်မာအာဏာပိုင်တွေကို အင်ဒိုနီးရှားရဲ့ အတွေ့အကြုံ မျှဝေပေး
ဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။
 
“ဖြေရှင်းရမယ့် ကိစ္စရပ် ရှိနေတယ်ဆိုတာကို ကျနော်တို့ သိထားပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ် မှုတွေရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကို သီးခြားခွဲထားလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရကို ကျနော်တို့ အရင်က ပြောထားပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ ဒါတွေကို တပြိုင်တည်း ဖော်ဆောင်သွားရမှာပါ။ အချိန်ပိုင်းခြားထားလို့ မရပါဘူး။ တချိန်တည်းမှာ လူမှုအသိုင်းအ၀ိုင်းတွေအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ကိစ္စနဲ့ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လိုပါတယ်။”
 
ရိုဟင်ဂျာ ထောင်ပေါင်းများစွာတို့ဟာ ပြည်ပမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့အတွက် လှေတွေနဲ့ အန္တရာယ်ကြီးလှတဲ့ ပင်လယ်ခရီးလမ်းကနေ ထွက်ပြေးကြရာမှာ ဘယ်နှစ်ဦး သေဆုံးခဲ့ကြတယ်ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ အင်ဒိုနီးရှားအနေနဲ့ ဒီနှစ်အတွင်း ဒေသန္တရ ညီလာခံတရပ် ကျင်းပပြီး ဒေသတွင်းမှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေအတွက် လျော့ပါးရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa (၃၀ ဇွန် ၂၀၀၁၃)
VOA

မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တရားဝင်အသိအမှတ်ပြုဖို့အတွက် အင်ဒိုနီးရှား အစိုးရက မြန်မာအစိုးရကို ဖိအားပေးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံနဲ့ တခြားပြည်ပမှာ နိုင်ငံရေး

၂၀၀၂ မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်း၊ ငလျင်နှင့် ရေကြီးမှုဒဏ်ကြောင့် လူဦးရေ သုံးသန်းကျော် ထိခိုက်ခဲ့


naturaldanger-july11
မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေကြီးခဲ့ပြီး တာချီလိတ်မြို့ပေါ်တွင် ရေကြီးနေသည်ကို ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆူလဏီး)
၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း၊ ငလျင်နှင့် ရေကြီးမှုဒဏ်ကြောင့် လူဦးရေ ၃ သန်းကျော် ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး (UNOCHA) မှ သိရသည်။

ယခုနှစ် မိုးရာသီတွင် မြစ်ကမ်းပါးပြိုကျမှုများ ပိုမိုများပြားလာ

border-july11
ယခုနှစ် မိုးဦးကာလတွင် ဒလမြို့နယ်၌ ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း၌ မြေပြိုကျမှုများ များပြားလာပြီး ၂၀၁၂ ခုနှစ် မေလ အတွင်း တွင် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်အတွင်း တွင်  မြစ်ကမ်းပြိုကျ မှုများ ဖြစ်ပွားခဲ့ကြောင်း

ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်ရေ ရှစ်ပေမှ ၁၀ ပေခန့် မြင့်တက်နိုင်

irrawaddy-july11
ဧရာဝတီမြစ် ကမ်းဘေးရှိ ဂေါဝိန်ဆိပ်ကမ်းအား ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ယခုလလယ်ပိုင်းအတွင်း ဧရာဝတီမြစ်တွင် မြစ်ရေခုနစ်ပေမှ ကိုးပေခန့်နှင့် ချင်းတွင်းမြစ်တွင် မြစ်ရေ

အခြားဘာသာများကို မထိခိုက်စေဘဲ ဗုဒ္ဓဘာသာအပေါ် ဘာသာဝင်များ ယုံကြည်ချက် ခိုင်မာစေရန် သံဃာတော်များက ဓမ္မ၀ိနယနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ဟု မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် နာယက ဆရာတော်ကြီးများ မိန့်ကြား

defensebuddha-july11
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးနှင့် ပတ်သက်၍ နာယက ဆရာတော်ကြီးများထံမှ သြ၀ါဒ ခံယူပွဲ ကျင်းပစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအတွက် အခြားဘာသာများကို မထိခိုက်စေဘဲ ဗုဒ္ဓဘာသာ

တရားဝင် ခွင့်ပြုချက် မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြား လာပါက အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူမည်

တရားဝင်ခွင့်ပြုချက်မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြားလာပါက အသေး စားငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ရိုဟင်ဂျာများကို ပါကစ္စတန် လေ့ကျင့်ပေးနေကြောင်း အိန္ဒိယ စွပ်စွဲ

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက် နောက်ခံပေးထားသည့် အကြမ်းဖက် အဖွဲ့များဖြစ်ကြသော Harkat-ul-Jihad (HuJI) နှင့် Lashkar-e-Toiba (LeT) တို့က မြန်မာနိုင်ငံ မှ မူဆလင် ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက် လှမ်းရေး အေဂျင်စီများက စွပ်စွဲ လိုက်သည်။

သံဃာအယောင်ဆောင်ကာ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို ခေါ်ဆောင်ခဲ့သူ မွတ်စလင် လင်မယားနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်မြို့သို့ သံဃာအယောင်ဆောင်ကာ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ပြီး ၎င်းတို့အား ခေါ်ဆောင်ခဲ့သူ မွတ်စလင် လင်မယားနှစ်ဦး ကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သီပေါမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တရုတ်အမျိုးသား ဇနီးအဖြစ် ရောင်းစားခဲ့သော လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး ရမိ

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ ရပ်ကွက်တစ်ခုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးအား

ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ် သတ်မှတ်ကာ လုံခြုံရေးအင်အား များ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်အေးထံမှ သိရသည်။